← Chapters

ထျန်းချီအိမ်တော်

Vol. 28 Ch. 387

ထျန်းချီအိမ်တော်

Vol. 28 Ch. 387

မိုထျန်းချန်လား ...

ထိုနာမည်ကို ကြားသည့်အခါ မိုဝူကျီက မြောက်ဘက်ပိုင်း ချင်စီရင်စုကို အမှတ်ရမိလိုက်သည်။

သူ ကမ္ဘာမြေမှ ကျန်းရှင်းကို  ဘာကြောင့် ရောက်လာတာလဲ။ မိုထျန်းချန်ကြောင့် မဟုတ်ပေဘူးလား။

မိုထျန်းချန်မှာ မြောက်ဘက်ပိုင်း ချင်စီရင်စု ဖြစ်ပြီး မြောက်ဘက်ပိုင်း ချင်စီရင်စုမှ ယောင်ကျိုးကို ရောက်လာပြီးနောက် ပျောက်ကွယ် သွားသည့်အတွက် မိုဂေါင်ယွမ်က ယောင်ကျိုးသို့ ထွက်လာရခြင်း ဖြစ်သည်။ ထို့နောက် မိုဂေါင်ယွမ်နှင့် သူ့မိသားစုတို့မှာ ယောင်ကျိုးမှ အသက်ရှင်လျက် ထွက်မသွားနိုင်ဘဲ   မိုဝူကျီအဖြစ် ပြန်လည် မွေးဖွားလာခြင်း ဖြစ်သည်။

သူက မိုထျန်းချန်ကို တစ်ခါမျှ မမြင်ဖူးသည့်အပြင် သူကိုယ်တိုင်က ပြန်လည်မွေးဖွားလာသူ ဖြစ်သောကြောင့် မိုထျန်းချန်နှင့် ပတ်သက်နေသည်ဟု မခံစားမိပေ။ သူက မိုမျိုးနွယ်စုကို အရိုက်အရာ ပြန်လည် ရယူပေးခဲ့ပြီးနောက်တွင် မိုထျန်းချန် ပျောက်ကွယ်သွားမှုကို မစုံစမ်းမိတော့ပေ။ မိုဝူကျီအတွက် သူနှင့် မိုထျန်းချန် ဆက်ဆံရေးမှာ ယန်အာလောက်ပင် မနက်ရှိုင်းလှချေ။

သူက မိုထျန်းချန် သတင်းကို ဤနေရာတွင် ကြားရလိမ့်မည်ဟု တစ်ခါမျှ တွေးမထားပေ။

အမည်အားဖြင့်သာ သူ့အဖိုး ဖြစ်နေခြင်း ဖြစ်ကာ  ယုတ္တိမရှိလှသော်လည်း မိုထျန်းချန်နှင့် အမှန်ပင် သွေးသားတော်စပ်မှု ရှိနေသည်။

“ထျန်းချီအိမ်တော်သခင်က တခြား ဘာပြောခဲ့သေးလဲ” အကယ်၍ သူက မိုထျန်းချန် သတင်းများ မသိရလျှင် ဆက်တိုက် လျစ်လျူရှုနေ၍ ရသော်လည်း ကြားသောအခါ မသိချင်ယောင်ဆောင်နေ၍ မဖြစ်ပေ။

“လေ့ကျင့်မှု ပြီးဆုံးလို့ ထွက်လာရင်တော့ သူမ အားရင်  တစ်ခေါက်လာတွေ့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဒီစကားက ဒီအတိုင်း ပြောခဲ့တာဆိုပေမဲ့  သူမ ဆိုလိုချင်တာက ကြယ်တာရာသခင်ကိုယ်တိုင် သူတို့ထျန်းချီအိမ်တော်ဆီ လာခိုင်းတာ ဖြစ်ဖို့ များတယ်” ချီဟော်အာက ပြန်ဖြေလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ဆက်မတွေးတော့ပေ။ ယန်ဟွေ့မင်က အိမ်တော်သခင် တစ်ယောက် ဖြစ်နေပြီး ထျန်းချီအိမ်တော်မှာ အတော်လေး အာဏာရှိသည်ဟုပင် ဆိုလို့ရ၏။ ယခင်အကြိမ်များမှာ သူက သူမနှင့် တွေ့ဖို့ရာ စိတ်ထဲမရှိသည့်အတွက် သူမအနေနှင့် ဒေါသအနည်းငယ် ထွက်တာ ဖြစ်သင့်ပေသည်။

တခြားအရာဆိုပါက မိုဝူကျီက လွတ်ထားလိုက်မည် ဖြစ်သည်။ သို့သော် သူ့အဖိုး ပါဝင်နေသည့် ကိစ္စဖြစ်၍ သူက အလိုမရှိလျှင်ပင် ထိုနေရာကို တစ်ခေါက်တော့ သွားရမည် ဖြစ်သည်။

“ခန်းမသခင်စု ... ကျုပ် မရှိတုန်း ကြယ်တာရာသခင်အဖြစ် ယာယီတာဝန်ယူပေးပါ” မိုဝူကျီက ထျန်းချီအိမ်တော်ကို သွားပြီးသည်နှင့် အာကာသထဲ ထွက်ဖို့ရာ ကြံစည်နေလေသည်။ ကြယ်တာရာ ဘုရင်တောင်မှ အထောက်အပံ့များမှာ သူ့ကျင့်ကြံဆင့် တိုးတက်လာအောင် မကူညီပေးနိုင်တော့ချေ။ သူ အာကာသထဲ ရောက်သည်နှင့် သူက ဘယ်အချိန် ပြန်ရောက်လာမည် ကိုတော့ မသိပေ။

“ဟုတ်ကဲ့ပါ ...  ကြယ်တာရာသခင် ...” စုရွှမ်က မိုဝူကျီကို အတိုင်းအတာတစ်ခုအထိ နားလည်နေပြီ ဖြစ်၍ ဤကြယ်တာရာသခင်မှာ အရာအားလုံး ထူးချွန်သော်လည်း သူက ချည်နှောင်ခံထားရခြင်းကို သဘောမတွေ့ပေ။

***

ထျန်းချီအိမ်တော်၏ မူလဇာစ်မြစ်မှာ အတော်လေး ထူးခြားသည့်နေရာတွင် တည်ရှိနေသည်။

ထျန်းချီအိမ်တော်ကို တောင်ပေါ်တွင် တည်ထားခြင်း ဖြစ်ပြီး တောင်အပြင်ဘက်တွင် တောင်တန်းမရှိဘဲ အင်မတန် ကြီးမားလှသည့် ရေကန်ကြီးသာ ရှိ၏။ ထိုရေကန်မှာ ကြီးမားရုံသာမက ဝိညာဉ်စွမ်းအားများလည်း ပေါကြွယ်ဝပေသည်။ တစ်လျှောက်လုံး မြူများ ဖုံးလွှမ်းနေပြီး ပဟေဠိဆန်သည့် သွင်ပြင်ကို ပေးစွမ်းသည်။

အကြောင်းမှာ ဤနေရာကား ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝသည့်အတွက် ထိုရေကန်ကို ထျန်းချီဟု အမည်ပေးထားခြင်း ဖြစ်သည်။ အိမ်တော်မှာ ထိုရေကန်အလယ်တွင် တည်ဆောက် ထားသောကြောင့် ထျန်းချီအိမ်တော်ဟု ခေါ်ဆိုရာ၏။

ထျန်းချီအပြင်ဘက်မှ ထျန်းချီတစ်လျှောက်ကို ဖြတ်သန်း တည်ဆောက်ထားသော တံတားများနှင့်အတူ ထျန်းချီအိမ်တော်မှာ တောင်ပေါ်တွင် မားမားမတ်မတ် တည်ရှိနေသည်။

ထိုစဉ် အိမ်တော်သခင်ယန်ဟွေ့မင်နှင့် အခြားထျန်းချီအိမ်တော်မှ အဆင့်မြင့် ပါရမီရှင်များမှာ အိမ်တော်ခန်းမ၌ စုစည်းနေကြသည်။  အကြောင်းမှာ သူတို့က ကိုးမိုမြို့သတင်းအကြောင်း ကြားသိထား၍ ဖြစ်သည်။ ကျိုးပျက်ဂိုဏ်းချုပ် ကျုးချူ၊ အာကာသ ဝံပုလွေဘုရင်ကြီး၏ အကြီးဆုံးသား ကန်ကြွယ်နှင့်အတူ ကူနို့မှ ထိပ်သီးလောက အင်မော်တယ်အဆင့် တစ်ယောက်တို့ လက်ချက်ကြောင့်ဟု ဆိုကြသည်။

“အိမ်တော်သခင် ... ကျိုးပျက်ဂိုဏ်းချုပ် ကျူးချူ၊ ကန်ကြွယ်နဲ့ ကူနို့ပါရမီရှင်တွေက ကိုးမိုမြို့ကို ဖျက်ဆီးဖို့ ပူးပေါင်းခဲ့ကြတာ။ သူတို့က ဒီလောက်လေးနဲ့တင် ရပ်သွားမှာ မဟုတ်ဘူး။ အဲဒါကြောင့် ကျမတို့တွေ အရင်ဆုံး အစီအစဉ်ချထားသင့်တယ် ...” ထပြောလိုက်သူမှာ လောကအင်မော်တယ်အဆင့် ၁ ဖြစ်သည့် ထျန်းချီအိမ်တော်၏ အကြီးအကဲချူပ် ချန်ယုပင်း ဖြစ်သည်။

ထျန်းချီအိမ်တော်၏ အင်အားကြီးနေသည့် အဓိက အကြောင်းအရင်းမှာ တိုက်ခိုက်စွမ်းကြောင့် မဟုတ်ပေ။ သူတို့၏ ဆက်နွယ်မှုများကြောင့်သာ ဖြစ်၏။ ထို့ကြောင့် လောကအင်မော်တယ်အဆင့် ၁ မှာ ထျန်းချီအိမ်တော်တွင် ထိပ်သီးတည်ရှိမှုမျိုး ဖြစ်နေခြင်း ဖြစ်သည်။ သူတို့အားလုံးထဲ၌ ထိုအဆင့်ထိ ရောက်လာသူ နှစ်ဦးမှာ အိမ်တော်သခင် ယန်ဟွေ့မင်နှင့် အကြီးအကဲ ချန်ယုပင်းသာ ဖြစ်လေ၏။

ချန်ယုပင်းက ဘာမှ ထူးထူးခြားခြား ပြန်မပြောသော်လည်း အားလုံးက သူမ ဆိုလိုရင်းကို  နားလည်လိုက်ကြသည်။ နယ်ခြားမြေကမ္ဘာ အင်မော်တယ်များက ကျန်းမိုကို ဝင်ရောက်လာပြီ ဖြစ်ကာ သူတို့ရောက်ရောက်ချင်း ကိုးမိုမြို့ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်၏။ သူတို့က ကျန်းရှင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်ဖို့ရာ  ကြံစည်ထားလိမ့်မည်။ ထျန်းချီအိမ်တော်အနေနှင့် ကျန်းရှင်းတွင် ဆက်နေနေလျှင် တူညီသော ကပ်ဘေးကို ခံစားရပေလိမ့်မည်။

“အားလုံးရဲ့ အမြင်ကရော  ...” ယန်ဟွေ့မင်က အားလုံးကို ဝေ့ကြည့်ကာ မေးလိုက်သည်။

ထျန်းချီအိမ်တော်မှာ အခြားဂိုဏ်းများနှင့် ခြားနားလှသည်။ သူတို့ကျန်းရှင်းက ထွက်သွားသည့် အခိုက်အတန့်လေး၌ သူတို့ခြေကုပ်ရာနှင့် အနေအထားအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။ သူတို့ကြိုးစားပမ်းစား တည်ဆောက်ထားရသော ဆက်ဆံရေး အားလုံးမှာလည်း ဖျက်ဆီးခံရလိမ့်မည်။ ထို့ကြောင့် ယန်ဟွေ့မင်က ချန်ယုပင်းသည် သူတို့ ကျန်းရှင်းမှ ထွက်သွားဖို့ အကြုံပြုနေသော်လည်း အကြံကောင်း မဟုတ်ကြောင်း ခံစားမိနေခြင်း ဖြစ်သည်။

နောက်ထပ် အကြီးအကဲက ရှေ့ထွက်လာကာ  “ကန်ကြွယ်သာ ကျန်းရှင်းကို ရောက်လာပြီဆိုရင် ကျမတို့မှာ တခြားရွေးစရာ မရှိတော့ဘူး။ စိုးရိမ်တာ တစ်ခုက ကျမတို့တွေ ထွက်သွားလို့ ရပါ့မလားလို့ ...”

လူအုပ်ကြီးမှာ တိတ်ဆိတ်သွားလေ၏။ မည်သူမျှ ထိုအတွေးမှာ ယုတ္တိမရှိမှန်း မတွေးမိကြပေ။ နယ်ခြား မြေကမ္ဘာ အင်မော်တယ်များက ကျန်းရှင်းကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားမှတော့ သူတို့က လောကခန်းမနှင့် စူးရှလေမြို့ ထိန်းချုပ်ဖို့ မကြိုးစားကြပေဘူးလား။ အချိန်တစ်ခုအထိသာ လိုအပ်ပေလိမ့်မည်။ ထိုအချိန်ရောက်လာပါက ကြယ်တာရာ ဘုရင်တောင်လည်း မြေကမ္ဘာအင်မော်တယ်များ လက်အောက်တွင် ကျဆုံးသွားလိမ့်မည်။

ကျန်းရှင်းတွင် မြေကမ္ဘာအင်မော်တယ်အချို့ ရှိမှန်း သိကြသော်လည်း ယခင် ကြယ်တာရာသခင်ချီထုံမှာ မြေကမ္ဘာအင်မော်တယ်အဆင့် ရောက်သွားမှန်း မည်သူမျှ မသိကြပေ။ သူက မြေကမ္ဘာအင်မော်တယ်အဆင့် ရောက်သွားသော်လည်း ကူနို့ကြယ်တာရာမှ မြေကမ္ဘာအင်မော်တယ် လက်ချက်ကြောင့် သေဆုံးခဲ့ရသည်။

အချိန်အတော်ကြာသည့်အထိ မည်သူမျှ အသေးစိတ် ဖြေရှင်းနည်းကို ထုတ်မပြောနိုင်ကြပေ။

အနီရောင် သတင်းဓားပျံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားလေသည်။ ယန်ဟွေ့မင်က ထိုဓားပျံကို လက်ခံလိုက်ပြီး စိတ်စွမ်းအား ပို့လိုက်သည်။ ထို့နောက် သူမက စိတ်လှုပ်ရှားစွာ တုန်တုန်ယင်ယင်ဖြင့်

“သတင်းပါလာတယ်။ ကိုးမိုမြို့ အမြစ်ဖြတ် သုတ်သင်ခံရလိုက်တာက  ကြယ်တာရာဘုရင်တောင် ကြယ်တာရာသခင် မိုဝူကျီရဲ့ ဒေါသကို သွားစသလို ဖြစ်လာပြီးတော့  ဟူဗာနဲ့ ကန်ကြွယ်ကို သတ်လိုက်ပြီ။ သူက အခု ကျိုးပျက်ဂိုဏ်း ကျူးချူနောက်ကို လိုက်နေတယ်တဲ့ ...”

“ဒီသတင်းက အမှန်ပဲလား” အကြီးအကဲများ အားလုံးမှာ မတ်တတ်ရပ်လိုက်ပြီး ယန်ဟွေ့မင် လက်ထဲမှ ဓားပျံကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ယန်ဟွေ့မင်က စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ခေါင်းညိတ်ပြလိုက်ပြီး

“အမှန်ပဲ ...  ဒီသတင်းက စူးရှလေမြိုမှာ ရှိနေတဲ့  ထျန်းချီအိမ်တော်ရဲ့ တပည့်တစ်ယောက်က ပေးတာဆိုတော့ စိတ်ချရတယ်။ ကြယ်တာရာသခင်မိုက ဟူဗာအလောင်းကို ပစ်လွှတ်လိုက်ပြီးတော့ ကန်ကြွယ်နဲ့ ရင်ဆိုင်ခဲ့တာကို စူးရှလေမြို့က လူအားလုံး မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရတာ ... အဲဒီတော့ အမှား မဖြစ်နိုင်ဘူး ...”

“အားကောင်းလိုက်တာ ...” အားလုံးက တညီတညွတ်တည်း ရေရွတ်လိုက်မိသည်။ ကန်ကြွယ်မှာ အဆင့် ၉ သားရဲဖြစ်၍ မြေကမ္ဘာ အင်မော်တယ်အဆင့်နှင့် တူညီပေသည်။

အကယ်၍ မိုဝူကျီက အမှန်တကယ် သတ်ဖြတ်ခဲ့တာဆိုလျှင် သူက ဘယ်လောက်တောင် အားကောင်းနေတာလဲ ...

ယန်ဟွေ့မင်က တည်ငြိမ်လာကာ အသံကိုနိမ့်၍ ဆက်ပြောလိုက်သည်  “စူးရှလေမြို့က အတော်လေး ပျက်စီးသွားတယ်။ ကန်ကြွယ်က စူးရှလေမြို့ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးပြီးသွားပြီ။ စူးရှလေမြို့ရဲ့ တာဝန်ခံခေါင်းဆောင် စုယွီနဲ့ ကြယ်တာရာ ဘုရင်တောင်က ခန်းမသခင်ယန်ကျဲတို့က သေတဲ့အထိ တိုက်ဖို့ ပြင်ပြီးသွားကြပြီတဲ့။

အဲဒီအချိန်မှာ ကြယ်တာရာသခင်မို ရောက်လာတာ ... အဲဒီနောက်ကျတော့ အားလုံးရှေ့မှာ ကြယ်တာရာသခင်မိုက ကန်ကြွယ်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တိုက်ခဲ့တာတဲ့။ သူက လျှပ်စီးဓားကို သုံးပြီး  ကန်ကြွယ်ကို သတ်ခဲ့တယ် ...”

တုန်လှုပ်မှု၊ ပျော်ရွှင်မှုများ ရောပြွန်းနေသည့်အတွက် ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြန်သည်။ အားလုံးနီးပါးက အောင်ပွဲခံနေကြသည်။ ကြယ်တာရာဘုရင်တောင်မှ ကြယ်တာရာသခင်မှာ အားကောင်းလွန်းသည့်အတွက် ပျော်ရွှင်နေကြသည်။ မဟုတ်လျှင် သူတို့ထျန်းချီအိမ်တော် ဆိုမထားနှင့် ကျန်းရှင်းတစ်ခုလုံးမှာ ထိုကပ်ဘေးမှ ကျော်လွှားနိုင်မည် မဟုတ်ပေ။

ပထမဆုံး အသိပြန်ဝင်လာသူမှာ ချန်ယုပင်း ဖြစ်ပြီး သူမက စိတ်ခံစားချက် မထိန်းနိုင်တော့ဘဲ ပြောလိုက်တော့သည်

“အိမ်တော်သခင် ... အရင်သွားရောက်တွေ့ဆုံတဲ့ အခေါက်တွေတုန်းက ကြယ်တာရာသခင်မိုနဲ့ တွေ့ဆုံခွင့် ရခဲ့လား”

အားလုံးက အကြီးအကဲချန်ယုပင်း စကားနောက်မှ အဓိပ္ပာယ်ကို နားလည်ကြသည်။ ထျန်းချီအိမ်တော်အနေနှင့် ကြယ်တာရာဘုရင်တောင် ကြယ်တာရာသခင်မိုနှင့် ဆက်ဆံရေးကောင်းတစ်ခု သေချာပေါက် တည်ဆောက်ရမည်။

ယန်ဟွေ့မင်က ကျွမ်းရှီယွဲ့ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်ကာ ပြောလိုက်သည်

“ကျမ ကြယ်တာရာ ဘုရင်တောင်ကို ထပ်သွားချင်တယ်”

အရင်တုန်းက သူမက ကြယ်တာရာဘုရင်တောင်ကို ထပ်မသွားရောက်တော့ဘူးဟု ပြောခဲ့မိသည်။ ထျန်းချီအိမ်တော်အနေနှင့် သိက္ခာတရားတော့ ရှိသေးလေသည်။ အကယ်၍ သူတို့က ကြယ်တာရာသခင်နှင့် စကားပြောခွင့် မရလျှင် ထျန်းချီအိမ်တော် မျက်နှာကို ဘယ်လိုထားရမည်နည်း။ သို့သော်လည်း မိုဝူကျီက အတော်လေး အားကောင်းပေသည်။ သူက အဆင့် ၉ သားရဲကို သတ်နိုင်လေ၏။ သူက ကြောက်စရာ ကောင်းလောက်အောင် အားကောင်း၏။ ထိုသို့သော ပါရမီရှင်မျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ဂုဏ်သိက္ခာ လက်ကိုင်ထား၍ ဘာထူးမည်နည်း။

“အိမ်တော်သခင် ကြယ်တာရာ ဘုရင်တောင်ကို နောက်တစ်ခါ သွားမဲ့ ကိစ္စကို  သဘောတူတယ် ... ကျမတို့တွေ ကြယ်တာရာသခင်မိုနဲ့ မတွေ့မချင်း ဆက်တိုက် သွားနေသင့်တယ်” ချန်ယုပင်းက ဦးဆုံး သဘောတူလိုက်သူ ဖြစ်၏။

ထိုစဉ် အစေခံလေးက အလောတကြီး ဝင်ရောက်လာသည်။ အားလုံးက ထိုအစေခံလေးကို ကြည့်လိုက်သည့်အခါ သူမက ဦးညွှတ်၍ ပြောလိုက်သည်

“ကြယ်တာရာဘုရင်တောင်ရဲ့ ကြယ်တာရာသခင် ရောက်လာပါတယ် ...”

“အာ ...”

“ဘာ ...”

အားလုံးက ကြယ်တာရာသခင်မိုနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ဖို့ အကြိတ်အနယ် ဆွေးနွေးနေကြပြီး သူတို့က ကြယ်တာရာသခင်မိုနှင့် ထျန်းချီအိမ်တော်ကြားမှ လက်ထပ်ပွဲအကြောင်းပင် ပြောနေကြသေးသည်။ ထို့နောက် ကြယ်တာရာသခင်က ရုတ်တရက်ကြီး ရောက်လာလေသည်။

ဘယ်လို တိုက်ဆိုင်မှုမျိုးပါလိမ့် ... ထျန်းချီအိမ်တော်၏ အင်အား စတင်ကြီးထွားမှု စလာတာများလား ...

“မြန်မြန် ကြယ်တာရာသခင်ကို ကြိုဆိုကြ ...”

ယန်ဟွေ့မင် စကားအဆုံးတွင် သူမက ဆက်ပြောလိုက်သည်  “ခဏလေး နေဦး ... ကျမကိုယ်တိုင် ထွက်ကြိုမယ် ...”

မည်သူကမျှ ယန်ဟွေ့မင် စကားတွင်  ပြဿနာရှိသည်ကု မတွေးကြချေ။

ယခု ကြယ်တာရာသခင်မို ... ကန်ကြွယ်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့သူ ... ရောက်လာတာကို အရေးကြီးဆုံး ကိစ္စရပ်အဖြစ် သတ်မှတ်သင့်သည် မဟုတ်ပါလော။

ထျန်းချီအိမ်တော်သခင် ကိုယ်တိုင်က သွားရောက်ကြိုဆိုမည် ဖြစ်သောကြောင့် အကြီးအကဲများနှင့် ကာကွယ်သူများလည်း လိုက်ပါသွားကြတော့သည်။

“ရှီယွဲ့ ... ဆရာ နောက်လိုက်ခဲ့ ...” ယန်ဟွေ့မင်က ခြေနှစ်လှမ်း လှမ်းပြီးနောက် သူမတပည့် ကျွမ်းရှီယွဲ့ကို ရုတ်တရက် အမှတ်ရမိလိုက်၍ အလောတကြီး ခေါ်လိုက်သည်။

ကျွမ်းရှီယွဲ့ မျက်နှာမှာ နီရဲနေပြီး နှလုံးခုန်လည်း မြန်နေပေသည်။ သူမက သူမဆရာစကားကို မြေဝယ်မကျ နားထောင်ခဲ့ပြီး  ကြယ်တာရာသခင်မို၏ ပြောင်မြောက်လှသည့် အရည်အချင်းများကို ကြားသိရသော်လည်း တစ်ခါမျှ မမြင်တွေ့ဖူးသေးပေ။

လူသားအဆင့်ဇယား၊ မြေကမ္ဘာအဆင့်ဇယားတို့တွင့် အဆင့် ၁ ချိတ်ဆွဲထားပြီး လောကအဆင့်ဇယားတွင် အဆင့် ၂ ရထားသေးသည်။ ယန်မျိုးနွယ်စုနှင့် ရှားမျိုးနွယ်စုတို့နှင့် ရန်ငြိုးရန်စ ရှိခဲ့ပြီး ခန်းမသခင်ဝူရှန်းနှင့်လည်း ရန်စရှိခဲသည့်အပြင် ကျန်းရှင်းမှ ကျင့်ကြံသူအများအပြား၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသေးသည်။ သို့သော် ယခုတွင် သူက ကြယ်တာရာဘုရင်တောင်၏ ကြယ်တာရာသခင်ပင် ဖြစ်နေလေပြီ။

အကယ်၍ သူသာ သူမကို မျက်နှာသာပေးလျှင် ကြယ်တာရာသခင်မိုကဲ့သို့ လူစားမျိုးသည် သူမ တစ်ဘဝလုံး အတူတူ ကုန်ဆုံးသွားချင်သည့်သူ ဖြစ်၏။

သူမတွင် ရွေးချယ်စရာ မရှိသော်လည်း ကျွမ်းရှီယွဲ့က သူမလူကို အနည်းငယ် ခန့်ညားပြီး စွမ်းဆောင်ရည် ကောင်းဖို့ရာ မျှော်လင့်မိသည်။ မိုဝူကျီက ငယ်ငယ်ရွယ်ရွယ်ဖြင့် ကြယ်တာရာသခင် ဖြစ်လာပြီ ဖြစ်ကာ အဆင့်ဇယားများတွင်လည်း ထိပ်သီးနေရာ ယူထားနိုင်လေသည်။ သူက သေချာပေါက် စွမ်းဆောင်ရည်ကောင်းသူသာ ဖြစ်၏။  သူမက သူ့သွင်ပြင်ကို မသိသေးရုံသာ ကျန်ရှိတော့သည်။ သူမက တွေးမိသောကြောင့် မျက်နှာပင် ပူလွန်း၍  အခိုးအငွေ့များထွက်နေလေပြီ။

သူမ နှလုံးခုန်သံမှာလည်း စည်းချက်မမှန်တော့ပေ။ မည်သည့် မိန်းကလေးက ရုပ်ဆိုးဆိုးလူကြီးနှင့် ညတိုင်း အိပ်စက်ချင်မည်နည်း။ ကျန်းရှင်းရဲ့ နံပါတ်တစ် အလှလေး ကျွှမ်းရှီယွဲ့ဆို ပိုတောင် ဆိုးသေးလေ၏။

***

မိုဝူကျီက ထျန်းချီအိမ်တော် အပြင်ဘက်တွင် လက်နောက်ပစ်ထားကာ မတ်တတ်ရပ်နေလေသည်။ မြူများ ဝန်းရံနေသည့် ထျန်းချီရေကန်ကို ကြည့်ရှုခံစားနေသည်။ သူက ထျန်းချီအိမ်တော်ကို ထိုသို့မျိုး နေရာရွေးတတ်သည့်အတွက် ချီးကျူးလိုက်သေးသည်။ ဤနေရာမှာ အမှန်ပင် နိဗ္ဗာန်ဘုံအလား ဖြစ်ကာ အသက်ရှင်ဖို့ရာလည်း သင့်တော်သလို ကျင့်ကြံဖို့ရာလည်း သင့်တော်ပေသည်။

***

All Chapters