← Chapters

ရွေးချယ်မှု

Vol. 34 Ch. 467

ရွေးချယ်မှု

Vol. 34 Ch. 467

ယနေ့ ဉာဏ်အလင်းပွင့်ကျောင်းတော်အတွင်း ပါရမီအကောင်းဆုံး ဆရာများက အစည်းအဝေး ကျင်းပနေကြသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က ချိုးကျင့်သည် သူတို့၏ ကောင်းကင်ရွေးချယ်ခံ၏ အလောင်းကို သယ်ကာ သူ မည်မျှသေဆုံးသွားခဲ့သည့် ဇာတ်ကြောင်းနှင့်အတူ ရောက်ရှိလာသည်။

ထို့ကြောင့် ကျောင်းအုပ် စုန့်လီက ရှုရှစ်အား ယာယီပြန်လွှတ်ပြီး အခြေအနေ မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဆွေးနွေးလိုက်ကြသည်။

“ ငါတို့ ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ”

လွန်ခဲ့သည့်နှစ်ထောင်ပိုင်းခန့်က ကျောင်းတော်သည် တာအိုအခွင့်အလမ်းဂိုဏ်းက သူတို့၏ ဂုဏ်သတင်းကို ဖျက်ဆီးခဲ့သည့်အတွက် ချီကံကောင်းမှုအမြောက်အများ ဆုံးရှုံးခဲ့ရသည်။ သူတို့သည် ဤအခြေအနေကို ကာမိဖို့ အားများစွာ စိုက်ထုတ်ခဲ့ရပြီး ယနေ့တွင် ပြန်လည်အားဖြည့်နေဆဲသာ ဖြစ်၏။

ထို့အပြင် လွန်ခဲ့သည့် နှစ်ထောင်ပိုင်းခန့်က သူတို့သည် မဟာကမ္ဘာနှင့် အလယ်အလတ်ကမ္ဘာများအား အုပ်စိုးကာ ကျောင်းတော်သဘောတရားအား ဖြန့်ဝေပြီး ချီကံကောင်းမှုအား စုစည်းခဲ့သည်။

နောက်ဆုံးတွင် လွန်ခဲ့သည့်မိနစ်ပိုင်းခန့်က ကျောင်းတော်သည် တာအိုဘိုးဘေးအသစ် သုံးယောက်ကို မွေးဖွားခဲ့ပြီး ထိုလူများ၏ ကံကောင်းမှုကို သူတို့နှင့် ဆက်နွယ်ကာ အားဖြည့်ဖို့ ကြံရွယ်ထားခဲ့ကြသည်။

သူတို့က အောင်မြင်သွားကြပြီး ကျောင်းတော်သည် ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးပွဲအတွင်း ချီကံကောင်းမှု၏ ၈၀ ရာခိုင်နှုန်းကို ပြန်လည်ရရှိလာပြီဖြစ်၏။ သူတို့က နှစ်ထောင်ပိုင်းခန့် ထပ်မံစောင့်ဆိုင်းလိုက်ပါက ထိုအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်လာသည်။

တစ်ခုတည်းသော ခြွင်းချက်က သူတို့သည် ခေတ်တစ်ခု၏ စိတ်ဝိညာဉ်ကို ပြန်လည်မယူဆောင်နိုင်ခြင်းသာ ဖြစ်၏။ သို့သော်လည်း သူတို့၏ အစီအစဉ်အရ သူတို့၏ အဓိကပြိုင်ဘက်လိုမျိုး ဒုတိယထာဝရဧကရာဇ်ကိုသာ ပြုစုပျိုးထောင်နိုင်လျှင် ထိုအရာက အရေးမပါတော့ပေ။

ကံဆိုးစွာဖြင့် သူတို့သည် သူတို့ ပျော်ရွှင်နေသည်မှာ ငါးမိနစ်ခန့်ပင် မကြာလိုက်ရဘဲ သူတို့၏ ကောင်းကင်ရွေးချယ်ခံ သေဆုံးသွားကြောင်း သတင်းရရှိလိုက်ရသည်။

“ သူမဆီက အမွေအနှစ်မျိုးစေ့ကို ယူပြီး‌တော့ တခြားတစ်ယောက်ဆီမှာ ဆက်ခံလိုက်တာက အကောင်းဆုံးပဲ” ဆရာတစ်ယောက်က ပြောလိုက်သည်။

“ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး” ချိုးကျင့်ကပြောလိုက်သည် “ လင်းဖန်က ရှုရှစ်တစ်ယောက်တည်း စုပ်ယူနိုင်အောင် လုပ်ထားခဲ့တယ်။ တကယ်လို့ ငါတို့သာ လုပ်မယ်ဆိုရင် အဲဒီမျိုးစေ့ရဲ့ ၈၀ရာခိုင်နှုန်းကျော်က ပျောက်ကွယ်သွားလိမ့်မယ်”

“ အထွတ်အထိပ်ဆရာ ပြောစရာများရှိသေးလား” စုန့်လီက မေးလိုက်သည်။

“ သူမက ငါတို့ကို အမွေအနှစ်အကြောင်း ပြောထားတယ်ဆိုတော့ ငါတို့ရဲ့ ကာကွယ်မှုနဲ့ အရင်းအမြစ်ကသာ သူမကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်တယ်ဆိုတာကို နားလည်နေလို့ပဲ။ အဲဒါကြောင့် ငါတို့က လင်းဖန်နေရာအစားထိုးပြီး သူမကို အစစ်အမှန်တပည့် ဖြစ်အောင် လုပ်ရမယ်”

“ ပြဿနာက သူမက တာအိုသက်သေပြပြီးတဲ့နောက်မှာ ငါတို့အပေါ် ကျေးဇူးတင်မှာလားဆိုတာပဲ။ တကယ်လို့ သူမက ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ မဟာဧကရာဇ် ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”

အခန်းက တစ်ဖန် ငြိမ်သက်သွားပြန်သည်။ ဆရာအများစုက ထိုကုန်သွယ်ရေးအဖွဲ့အစည်းကို မည်မျှတားဆီးရမည်ကို အတွေးများစွာ ရှိထားကြသည်။ သူတို့သည် ကျောင်းတော်ကို ဝင်ခိုင်းဖို့ အတင်းအကြပ် ဖိအားပေးနိုင်သလို ထိုရလဒ်ကို ကာကွယ်ဖို့ရာအတွက်လည်း တင်းကြပ်သည့် စာချုပ်များ ချုပ်ဆိုနိုင်သည်။

တစ်ခုတည်းသော ပြဿနာက ရှုရှစ်သည် ဤမျိုးဆက်အတွင်း တာအိုသက်သေပြခဲ့လျှင် သူမသည် ထာဝရဧကရာဇ်ဖြစ်ဖို့ရာ အခွင့်အလမ်းများ၏။ သူတို့အားလုံးက ထာဝရဧကရာဇ်တစ်ယောက်၏ ရန်သူဖြစ်ရခြင်း အကျိုးဆက်ကို နားလည်ထားကြသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် သူမတာအို သက်သေပြတာနဲ့ ငါတို့အပေါ် ကံကြွေးတော့ ရှိနေမှာပဲ။ အထူးသဖြင့် လင်းဖန်ရဲ့ မိသားစုကိုပေါ့။ အဲဒါကြောင့် ငါတို့သာ သူ့မိသားစုကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ်ဆိုရင် အဲဒီပြဿနာကို ရှောင်ရှားနိုင်တယ်” ကျောင်းအုပ်က ပြောလိုက်သည်။

တခြားဆရာများက ထိုအရာကို တွေးပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ရှုရှစ်အား အစည်းအဝေးခန်းမအတွင်းသို့ ခေါ်လိုက်သည်။

“ အရင်ဆုံး သူ့ကို အချိန်မီ မကယ်တင်နိုင်တဲ့အတွက် တောင်းပန်ချင်တယ်။ ငါတို့အားလုံးက လင်းဖန် ကြီးပြင်းလာတာကို ကြည့်ခဲ့ရတာဆိုတော့ သူက ငါတို့အတွက် သားလိုပဲ” စုန့်လီက သက်ပြင်းချကာ ပြောလိုက်သည်။

ရှုရှစ်က အံကြိတ်လိုက်ပြီးနောက် ဖြစ်ရပ်နှင့် စုယာ၏ ရက်စက်မှုအကြောင်းကို ပြန်လည်တွေးတောလိုက်မိသည်။ သူမ တာအိုသက်သေပြပြီး ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် စုယာကို ကိုယ်တိုင်သတ်ဖြတ်ပြီးသည်နှင့် ယင်စန္ဒာနန်းဆောင်ကို အပြီးတိုင် ဖျက်ဆီးပစ်မည်ဟု ဆုံးဖြတ်ထားသည်။

စုန့်လီက သူမ၏ မျက်နှာထားမှ တဆင့် ကျောင်းတော်အပေါ် အမုန်းတရားရှိနေလားဟု ရှာဖွေကြည့်လိုက်သည်။ သို့သော်လည်း မည်သည့်အရာမှ မတွေ့ရပေ။ သူမသည် အငြိုးတရား မထားသည်လား သို့မဟုတ် ဖုံးကွယ်ထားရမှာ ကျွမ်းကျင်သည်လား မပြောတတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူက ပြုံးလိုက်ရင်း “ အခု မင်းက သူ့အမွေအနှစ်ကို လက်ခံရရှိပြီးသွားပြီဆိုတော့ မင်းဆီမှာ အစီအစဉ်ရှိသေးလား”

“ မရှိပါဘူး” သူမက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်သည်။

“ ဒီလိုဆိုရင် သူ့ဆီက အားလုံးအမွေဆက်ခံလိုက်တာ ဘယ်လိုလဲ။ ဒီကျောင်းတော်ရဲ့ အနာဂတ်ကျောင်းအုပ်အဖြစ် သူ့လမ်းစဉ်ကိုပါ ဆက်လက်လျှောက်လှမ်းပေါ့”

ရှုရှစ်က အနည်းငယ် အံ့အားသင့်မိသွားသည်။ သူမအနေဖြင့် ကျောင်းတော်သည် သူတို့၏ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ရာ ဖိတ်ခေါ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း သူမ၏ နောက်ခံကြောင့် အပြည့်အဝ ယုံကြည်မည်မဟုတ်ဟု ထင်ထားခဲ့သည်။

သူတို့က သူမအား အစစ်အမှန် တပည့်ရာထူးကို ပေးလာလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

“ ကျွန်မ လိုလားပါတယ်” သူမက ခိုင်ခိုင်မာမာ ပြောလိုက်သည်။ သူမ၏ ယောက်ျားက ကျောင်းတော်ကို ကမ္ဘာတွင် အားအကောင်းဆုံးအင်အားစု ဖြစ်အောင် လုပ်လိုသည်မှာ သိထားသည်။

သူတို့ကျောင်းသား မဟုတ်ပါက သူသည် အလွှာနိမ့်တွင် အမှိုက်လိုတွေးနေရင်း ဆိုးဆိုးရွားရွားဘဝတွင် နေထိုင်ခဲ့ရလောက်သည်။

“ ကောင်းတယ်။ လင်းဖန်ကို မမြှုပ်ခင် မင်း လိုတာ ရှိသေးလား”

“ ကျွန်မ အဖေနဲ့ စကားပြောချင်တယ်”

“ ပြဿနာမရှိဘူး။ မင်း စိတ်ကြိုက်လုပ်နိုင်တယ်….”

စုန့်လီက ခေတ္တမျှရပ်တန့်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူက ရှုရှစ်အား ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်လိုက်သည် “ ဘိုးဘေးတစ်ယောက်က မင်းကို တွေ့ချင်နေတယ်”

အားလုံးက နားမလည်ဖြစ်သွားကြသော်လည်း ဘယ်သူမှ ဘာမှမပြောကြပေ။ ထို့ကြောင့် စုန့်လီက ရှုရှစ်အား ဂိုဏ်း၏ တာအိုဘိုးဘေး တစ်ယောက်အနေဖြင့် တွေ့ဆုံဖို့ ခေါ်သွားလိုက်သည်။

ရှုရှစ်က သိပ်မကြာခင် သူမ၏ ခါးလောက်ရှိသည့် ကလေးကို တွေ့လိုက်ရ၍ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ရှေးဟောင်းအငွေ့အသက်များကြောင့် သူသည် ဘိုးဘေးဖြစ်ကြောင်း သိလိုက်၏။

“ ငါ့သွင်ပြင်ကြောင့် အံ့ဩသွားတာလား” ကလေးက တည်ငြိမ်ရင့်ကျက်ဟန်ဖြင့် ပြောလိုက်သည်။

“ မဟုတ်ပါဘူး” သူမက အလျင်အမြန် ပြန်ဖြေလိုက်၏။

“ ဒါက တည်ထောင်သူရဲ့ ကျင့်စဉ်ကို သုံးပြီးတော့ ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံဖြစ်လာတဲ့ တန်ကြေးပဲ။ နောက်နှစ်သန်းထောင်ချီအတွင်းမှာ ငါ ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်” ကလေးက ပုံမှန်အတိုင်း ပြောလိုက်သည်။

“ အဲလိုလား” ရှုရှစ်က သူမ၏ အံ့အားသင့်မှုကို ဖုံးကွယ်ဖို့ကြိုးစားရင်း ပြန်ဖြေလိုက်သည်။ လင်းဖန်က ဆန့်ကျင် ကောင်းကင်ရွေးချယ်ခံများအကြောင်း တစ်ခါက ပြောပြခဲ့ဖူးသော်လည်း သူမဘဝတွင် တစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားမိပေ။

ဒါက ဧကရာဇ်မျိုးနွယ်ရဲ့ အစွမ်းလား။ ငါက ကျောင်းတော်ကို ပြန်လာခဲ့တာ မှန်ကန်တဲ့ရွေးချယ်ချက်ကို ချခဲ့တာပဲ…

“ လင်းဖန် ဘယ်လိုသေသွားလဲ သိလား” အမြဲပြောင်းလဲတာအိုဆရာက မေးလိုက်သည်။

“ အဲဒါက အဲဒီ ခွေး…စုယာကြောင့်ပါ”

ကျွန်မကြောင့်ရောပေါ့…

သူမက စဉ်းစားလိုက်သည်။

“ သူမကြောင့်ပဲဖြစ်ဖြစ် မင်းကြောင့်ပဲ ဖြစ်ဖြစ် မင်းတို့အားလုံးက ကောင်းကင်တာအိုရဲ့ နယ်ရုပ်တွေပဲ”

“ ဘာကိုပြောချင်တာလဲ”

အမြဲပြောင်းလဲတာအိုဆရာက တားမြစ်ခံစစ်ဆေးမှုအကြောင်းကို ရှင်းပြလိုက်သည်။

“ ကျွန်မကို ဘာလို့ အခုမှပြောပြနေတာလဲ။ ပြီးတော့ ကျွန်မရဲ့ ယောက်ျားကို ဘာလို့ ကြိုတင်မပြောပြခဲ့ရတာလဲ” ရှုရှစ်က အော်လုမတတ် မေးလိုက်သည်။ ကံကောင်းစွာဖြင့် သူမက သူမနေရာသူ အမှတ်ရသည့်အတွက် ထိန်းချုပ်လိုက်သည်။

“ ထာဝရအဆင့် တည်ရှိမှုတွေက တားမြစ်ခံစစ်ဆေးမှုမှာ ဝင်ပါခဲ့ရင် စစ်ဆေးမှုရဲ့ ခက်ခဲနှုန်းက အဆရာချီ မဟုတ်ရင်တောင် ဒါဇင်ချီ မြင့်တက်သွားနိုင်တယ်။ အထူးသဖြင့် အထွတ်အထိပ်တားမြစ်ခံတွေနဲ့ ပတ်သက်လာရင်ပေါ့။ ပြီးတော့ လင်းဖန်ရဲ့ သတ်ဖြတ်ရေးစစ်ဆေးမှုက အတွေ့အကြုံတွေအရ ဒီအရာကို အောင်မြင်နိုင်ချေမြင့်တယ်လို့ ငါ့ကို ကောက်ချက်ချခဲ့ကြတယ်။ ကံဆိုးတာကတော့ ငါတို့တွေ မှားယွင်းသွားခဲ့တာပဲ။”

“ အဲဒါဆိုတော့ ကျွန်မကို မဟာတာအို သုံးထောင်လုံးကျင့်ကြံတဲ့ သူ့လမ်းစဉ်ကို စွန့်ပယ်ခိုင်းနေတာလား”

“ ဟုတ်တယ်။ ဒီတစ်ကြိမ် ငါတို့တွေ မစွန့်စားတော့ဘူး။ အဲဒါကြောင့် မင်းကို တားမြစ်ခံတာအိုတချို့နဲ့ လျှို့ဝှက်အထွတ်အထိပ် တာအိုတချို့ကိုပဲ ကျင့်ကြံဖို့ အကြံပြုချင်တယ်။ အဲ့ထက်လည်းမပိုဘူး။ အဲ့ထက်လည်း မနည်းဘူး”

ရှုရှစ်က အံကြိတ်လိုက်သည်။ သူမက ရွေးချယ်စရာရှိဟန်ပေါ်သော်လည်း ရွေးချယ်စရာ မရှိခဲ့ပေ။ သူမက တားမြစ်ခံစစ်ဆေးမှုအကြောင်း သိလိုက်သည်နှင့် ရွေးချယ်စရာ မရှိတော့ပေ။

“ မင်း ဒေါသထွက်နေတာကို သိတယ်။ မင်းက မင်းယောက်ျားရဲ့ လမ်းစဉ်နဲ့ ရည်မှန်းချက်ကိုတောင် အမွေဆက်ခံချင်တယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ သူ ကျရှုံးခဲ့တဲ့စစ်ဆေးမှုကို မင်း အောင်မြင်မယ်လို့ ထင်လား”

ရှုရှစ်က လက်သီးဆုပ်လိုက်ပြီးနောက် ပြန်ဖြေလျှော့လိုက်သည်။

“ အဲဒါဆို ဝမ်ဝေ့ကရော သူကလည်း အထွတ်အထိပ် တားမြစ်ခံပဲလား”

“ ဟုတ်တယ်။ သူက အခု စစ်ဆေးမှုကို ကျော်ဖြတ်နေတုန်းပဲ။ သူ အသက်ရှင်မလား၊ သေမလားကတော့ သူ့အပေါ်မှာပဲ မူတည်တယ်”

ရှုရှစ်က အတွေးမြောသွားသည်။ သူမက နာရီပိုင်းကြာ စကားမပြောဘဲ မတ်တပ်ရပ်နေလေ၏။ ထိုဖြစ်စဉ်တစ်ခုအတွင်း အမြဲပြောင်းလဲတာအိုဆရာက စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေသည်။

“ ကောင်းပြီ။ ဘိုးဘေးရဲ့ အကြံပြုချက်ကို သဘောတူတယ်”

သူမက ၉၉ ရာခိုင်နှုန်းကျော်သေဆုံးမှုဖြင့် ဘာမှလုပ်နိုင်မည် မဟုတ်ပေ။ သူမက တာအိုသက်သေပြကာ သူမ၏ ယောက်ျားကို အသက်ပြန်သွင်းမည့် နည်းလမ်းကို ရှာဖွေရမည်။

“ မင်း နားလည်တယ်ဆိုတော့ ဝမ်းသာတယ်။ တကယ်လို့ မင်း လိုတာ တစ်ခုခုရှိရင် ကျောင်းတော်ဆီ တုံ့ဆိုင်းမနေဘဲ တောင်းဆိုလိုက်”

“ ကျွန်မ လိုချင်တာ တစ်ခု ရှိတယ်။ ကျွန်မ ယောက်ျားက သူ့ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာကို ပြီးမြောက်စေဖို့ ဟွင်သွမ်းရုပ်ခန္ဓာနှစ်ခု ထပ်လိုတယ်လို့ ပြောခဲ့တယ်။ ကျွန်မအတွက် ရှာပေးဖို့ လိုတယ်”

“ မင်း အဲဒါနဲ့ ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုဘူး။ လင်းဖန်က ငါတို့ကို ပြောထားပြီးသားဆိုတော့ နောက်ထပ်ကမ္ဘာအသိုက်အဝန်းတစ်ခုမှာ တစ်ယောက်ကို ရှာတွေ့ထားပြီးသား။ ငါတို့ရဲ့ ဧကရာဇ်တစ်ပိုင်းအဆင့်က သူ့ကို ဖမ်းခေါ်လာနေပြီ”

ရှုရှစ်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ အဆောင်ဆီ ပြန်သွားလိုက်သည်။ နောက်ရက်အနည်းငယ်ကြာပြီးသည့်နောက်တွင် သူမက ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ခပ်ဝဝ လူလတ်အရွယ် အမျိုးသားတစ်ဦးနှင့် တွေ့ဆုံလိုက်၏။ သူက လက်ချောင်းတွင် လက်စွပ်များစွာရှိပြီး အဝတ်များတွင်လည်း အဖိုးတန် ကျောက်စိမ်းများစွာကို ချိတ်ဆွဲထားလေသည်။

“ အဖေ လတ်တလော အခြေအနေကတော့ အဲ့လိုပဲ”

ရှုကွမ်းက မျက်မှောင်ကြုတ်က စဉ်းစားလိုက်သည်။

“ သမီး မင်းဘာသာမင်း စည်းပိတ်ဖို့ တွေးဖူးလား”

“ ကျွန်မက ဘာလို့ အဲ့လိုလုပ်ရမှာလဲ”

“ ဒီမျိုးဆက်က မကောင်းဆိုဝါးတွေနဲ့ ပြည့်နေတာ။ သိပ်မကြာခင် ထပ်မံ ပေါ်ထွက်လာလိမ့်မယ်။ မင်းရဲ့ပါရမီနဲ့ နောက်မျိုးဆက်မှာ နိုးထလာတာနဲ့ တာအိုသက်သေပြဖို့ ပိုလွယ်ကူလိမ့်မယ်” ရှုကွမ်းက ပြောလိုက်သည်။

“ အဲလိုမဖြစ်နိုင်ဘူး။ ဒီမျိုးဆက်က ထာဝရဧကရာဇ်ရဲ့ ကံကြမ္မာရှိနေတယ်။ တာအိုကို သက်သေပြဖို့ အကောင်းဆုံးအချိန်ပဲ”

“ မင်းက ကံကြမ္မာ မရှိရင်တောင် ဓားဧကရီလိုမျိုး ထာဝရဧကရာဇ် ဖြစ်လာနိုင်ပါသေးတယ်”

“ အဲဒါကို မပြောနဲ့တော့။ ကျွန်မ မစောင့်နိုင်ဘူး။ ကျွန်မ ယောက်ျားကလည်း မစောင့်နိုင်ဘူး။ ကျွန်မ ဒီမျိုးဆက်မှာ ထာဝရဧကရာဇ်ဖြစ်လာပြီး သူ့ကို အသက်ပြန်ရှင်နိုင်မဲ့ နည်းလမ်းကို ရှာရမယ်”

ရှုကွမ်းက သက်ပြင်းချလိုက်ပြီးနောက် “ မင်း သဘောအတိုင်းပါပဲ”

သို့သော် သူက တခြားတစ်မျိုးကို စဉ်းစားနေလေ၏။

ကျစ် လင်းဖန် … သူ မသေခင် သူ့ကို အသက်ပြန်သွင်းပေးအောင် ငါ့သမီးရဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးသွားခဲ့သေးတယ်ပေါ့။ ဒီဟာကို သူမဘာသာသူမ အားကောင်းအောင်လုပ်ဖို့ သဘောပေါက်သွားအောင် နည်းလမ်းရှာရမယ်။

ရှုကွမ်း၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားသော်လည်း ထိုခေါင်းစဉ်နှင့် ပတ်သက်ပြီး ဘာမှမပြောခဲ့ပေ။ သူက သူ့သမီးနှင့် စကားစမြည်ပြောပြီးနောက် ထွက်လာလိုက်၏။

ရှုရှစ်အတွက်မူ သူမက လင်းဖန်အား တရားဝင်မြှုပ်နှံလိုက်ပြီးနောက် သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့သည်။ ထိုအရာက အမွေအနှစ်မျိုးစေ့မှ စွမ်းအားအကုန်စုပ်ယူနိုင်ဖို့ အချိန်တချို့ ကြာမြင့်လိမ့်မည်။

၁၂ နှစ်ကြာမြင့်ပြီးသည့်နောက်တွင် သူမက တစ်စုံတစ်ခု ခံစားမိ၍ မျက်လုံးဖွင့်လာသည်။

“ အဲဆိုတော့ နင်က ကိုယ့်ဘာသာကို စည်းပိတ်လိုက်တယ်ပေါ့။ ဒါကို ပြီးသွားပြီလို့ ထင်မနေနဲ့။ တစ်ရက်ကျရင် နင်တို့ဂိုဏ်းတစ်ခုလုံး ငါ့ရဲ့ အမျက်ဒေါသကို ခံစားရစေရမယ်”

ထိုစကားများ ရေရွတ်ပြီးသည့်နောက် သူမက ပြန်လည်ကျင့်ကြံလိုက်ပြီး အားကောင်းလာရေးကိုသာ အာရုံစိုက်ထားလိုက်သည်။ ဤမျိုးဆက်အတွင်း တာအိုသက်သေပြဖို့ မည်သူမှ သူမကို တားဆီးနိုင်မည် မဟုတ်ပေ။

***

All Chapters