သတင်း
Vol. 34 Ch. 469
ဝမ်ဝေ့က လက်ထဲမှ ကုဗတုံးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။
ဒါက အကြွင်းမဲ့အဆင့် ပင်ကိုရတနာပဲ…
ပင်ကိုရတနာတွင် အဆင့် ၆ မျိုးရှိထားပြီး အဆင့်နိမ့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်၊ ထူးကဲအဆင့်၊ အထွတ်အထိပ်အဆင့်နှင့် အကြွင်းမဲ့အဆင့်တို့ ဖြစ်ကြသည်။ အဆင့်နိမ့်က ထာဝရအရှင်အဆင့် စွမ်းအားကို တုံ့ပြန်ပြီး အလယ်အလတ်အဆင့်ကမူ တာအိုဘိုးဘေး၊ အဆင့်မြင့်မှ ထူးကဲအဆင့်အထိက တတိယတန်းစား ဧကရာဇ်မှ ပထမတန်းစား ဧကရာဇ်တို့ဖြင့် ကိုက်ညီပြီး အကြွင်းမဲ့အဆင့်ကမူ ထာဝရဧကရာဇ်အဆင့်အတွက် ဖြစ်၏။
သူ့ နဂိုအစီအစဉ်က ဖန်းလီကျွမ်း၏ ကိုယ်ပျောက်အဆောင်ကို အသုံးပြုကာ သူ အရိပ်သတ်ဖြတ်သူဗိမာန်မှ ယူထားသည့် အဆင့်မြင့် ပင်ကိုရတနာဖြင့် ပေါင်းစပ်ပြီး ကောင်းကင်တာအိုဆီမှ ပုန်းအောင်းဖို့ ဖြစ်၏။
သို့သော်လည်း ဤလျှို့ဝှက်ဆန်းကြယ် သူစိမ်းက သူ့အား အမြင့်ဆုံးအဆင့် ပင်ကိုရတနာကို ဌားလာလေသည်။ ကုဗတုံးကို ခဏကြာ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့စိတ်ဝိညာဉ်စွမ်းအားကို ထည့်၍ သန့်စင်ဖို့ လုပ်လိုက်သည်။ ထင်ထားသည့်အတိုင်း ထိုပစ္စည်းတွင် ပိုင်ရှင် ရှိပြီးသား ဖြစ်၏။ ထိုနောက်ကွယ်ကြိုးကိုင်သူက သူ့အား ငှားရုံမျှဖြစ်သည့်အတွက် သူ့အနေဖြင့် အပြည့်အဝ မသန့်စင်နိုင်ပေ။
သူက စိတ်ထဲမထားသလို ထိုရတနာကို အတင်းအကြပ် ယူဖို့လည်း မကြိုးစားပေ။ သူ့လက်ရှိအခြေအနေအရ သူ့အပြုအမူအားလုံးကို သတိထားဖို့ လိုအပ်၏။ ကုဗတုံးကို ယာယီ သန့်စင်ပြီးသည့်နောက်တွင် သူက ထိုကုဗတုံးကို မမြင်ကွယ်ရာ ကုဗတုံးဟုခေါ်ဆိုပြီး အဓိကရည်ရွယ်ချက်က ပုန်းအောင်းဖို့ ဖြစ်ကြောင်း သိလိုက်ရသည်။
ကောင်းကင်တာအိုမှ ပုန်းအောင်းဖို့၊ ကံကြမ္မာမှ ပုန်းအောင်းဖို့၊ အမည်မသိ သို့မဟုတ် အဓိပ္ပါယ်မဖွင့်ဆိုနိုင်သည့် သက်ရှိများဆီမှ ပုန်းအောင်းဖို့၊ မိုးမြေမှ အရာအားလုံးဆီမှ ပုန်းအောင်းဖို့…
သူ့ မူလအဆီအနှစ်ကို အထဲသို့ ထည့်သွင်းပြီးသည့်နောက်တွင် ဝမ်ဝေ့ဝန်းကျင်တွင် မမြင်ရသည့်အလွှာတစ်ခု ပေါ်ထွက်လာပြီး သူ့အား ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ဝိညာဉ်အရပါ မတည်ရှိလုနီးပါး ဖြစ်သွားစေသည်။
ဒါက အဲဒီလူငယ်လေး ထူးဆန်းနေရတဲ့ အကြောင်းလား…
သူက ထိုကုဗတုံးကို အာရုံစိုက်ထားလိုက်သည်။ ထိုကာကွယ်ရေးအလွှာက သူ့နားတွင် ရှိနေသရွေ့ စိတ်သက်သာရာရမိ၏။
သူက ဤသည်မှာ တကယ့်အစစ်အမှန်လား သို့မဟုတ် စိတ်ခံစားချက်လား မပြောတတ်ပေ။
နောက်ဆုံးတွင် သူက ဝမ်ကျူအား ကြည့်ကာ ပြောလိုက်၏ “ တစ်ခုခု ရှိလို့လား”
သူမက တုံ့ဆိုင်းနေပြီးနောက် “ လီကျွင်းနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလို့ပါ။ ဒါပေမဲ့ သူ ကိုယ်တိုင်ပြောပြရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်”
“ အရေးကြီးလို့လား”
“ အဲ့လိုတော့ မဟုတ်ပါဘူး”
“ ဒီလိုဆိုရင် သူ့ကို နောက်ရက်အနည်းငယ်မှ လာတွေ့ဖို့ ပြောလိုက်။ အခုတော့ လုပ်စရာရှိသေးတယ်”
ဝမ်ကျူက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်သွားလေသည်။ သူမက ပေးရမည့် သတင်းအချက်အလက်မြောက်များစွာ ရှိနေသော်လည်း သခင်လေးသည် ယခုအခိုက်အတန့် အရေးထားသည့်အရာများရှိနေ၍ သူမအနေနှင့် ဘာမှထပ်မပြောတော့ပေ။
ဝမ်ဝေ့က နောက်ထပ် တွက်ချက်ချဖို့ သီးသန့်ပြန်လည်ကျင့်ကြံလိုက်သည်။ ထိုကုဗတုံးသည် သူ့အား ကောင်းကင်တာအိုဆီမှ ထာဝရဖုံးကွယ်ထားကာ စစ်ဆေးမှုကို အောင်မြင်စေမည်လား သို့မဟုတ် အနည်းဆုံး သူ့တွင် ရှိသည့်အချိန်ကို ဆွဲဆန့်နိုင်မည်လားဟု သိချင်မိသည်။
အဖြေကမူ အဆိုးဘက်မှ ဖြစ်၏။
ထို့ကြောင့် သူက သူ့ဘာသာသူ သက်ပြင်းချလိုက်ပြီး စစ်ဆေးမှုအကြောင်း သတင်းအချက်အလက်များအား ပြန်လည်စုစည်းလိုက်သည်။ သူက အသေးစိတ်အချက်အလက် လွတ်သွားသည်လားဟု ပြန်လည်စစ်ဆေးကြည့်မိသည်။
ကျန့်ဝူရွှမ်းနှင့် လင်းဖန်တို့၏ စစ်ဆေးမှုကို ပြန်သုံးသပ်ပြီးသည့်နောက်တွင် သူက သူတို့စစ်ဆေးမှု အလျင်အမြန် ကျရှုံးသွားသည့် အဓိက အကြောင်းအရင်းတစ်ချက်မှာ သူတို့နာမည်ကို ကောင်းကင်တာအိုကာကွယ်ရေး စာအုပ်တွင် ရေးထိုးခဲ့၍ ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
ထိုပစ္စည်းဖြင့် ကောင်းကင်တာအိုသည် သူတို့၏ အကျင့်စရိုက်၊ တွေးခေါ်ပုံ၊ ဓလေ့နှင့် အတွေးများအကြောင်းကို ပိုမိုစုစည်းနိုင်လေသည်။ ယခု ကာကွယ်ရေးအချိန် အဆုံးသတ်သွားပြီးသည့်နောက် ပြောင်းလဲလာလျှင်ပင် ကောင်းကင်တာအိုက သူတို့အဆုံးသတ် သေချာစေဖို့အတွက် သူတို့တိုးတက်နိုင်လာပုံ သို့မဟုတ် သူတို့၏ ဆင့်ကဲပြောင်းလာပုံကို အမျိုးမျိုး ကောက်ချက်ချနိုင်သည်။
သူ့အတွက်မူ သူက ထိုကံကြမ္မာမှ လွတ်မြောက်ခဲ့သော်လည်း အခြေအနေက ပိုကောင်းသည်ဟု မထင်မိပေ။ တိထျန်းသည် တိုက်ပွဲအတွင်း သူ့သတင်းအချက်အလက်များအား စုစည်းကာ ကောင်းကင်တာအိုဆီ အကြောင်းကြားလိုက်သည်ဟု ယုံကြည်ထား၏။ ထိုအရာက စာအုပ်ပေါ်တွင် ရေးထားသလောက် အသေးစိတ်ကျမည် မဟုတ်သော်လည်း ကောင်းကင်တာအိုမှ စစ်ဆေးမှုတွင် သူ အသက်မရှင်အောင် သေချာဖို့ လုပ်ဆောင်ထားလိမ့်မည်။
ဒီစာအုပ်နဲ့ ဖန်တီးသူက အတော်လေးကို သံသယဖြစ်ဖို့ ကောင်းတယ်။ ဒါက တားမြစ်ခံတွေကို စောင့်ကြည့်ဖို့ ပစ္စည်းကောင်းနဲ့ သူတို့ရဲ့ခက်ခဲမှုကို တိုးမြှင့်စေနိုင်မဲ့ အရာပဲ။ ဧကရာဇ်ခုံက ဒီစာအုပ်ကို ဖန်တီးတုန်းက ကောင်းကင်တာအိုနဲ့ အပေးအယူ လုပ်ခဲ့တာများလား။ အဲဒါကြောင့် သူက ထာဝရဧကရာဇ် ဖြစ်လာတာလား…
ဝမ်ဝေ့က ထိုသို့မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ထိုစာအုပ်၏ ရည်ရွယ်ချက်က ကောင်းကင်ရွေးချယ်ခံများအား မသေနိုင်စွမ်း အချိန်အတိုင်းအတာတစ်ခုမျှ ပေးထားသောကြောင့် သူတို့သည် အကျိုးဆက်ကို စိုးရိမ်စရာ မလိုဘဲ အားကောင်းလာပြီး ဘာမဆိုဖြစ်နိုင်ကြသည်။
သို့သော်လည်း ရှုပ်ထွေးလှသည့် ကျင့်ကြံရေးလောကအတွင်း မည်သည့်အရာကမှ အပေါ်ယံမျှ မြင်တွေ့ရခြင်း မဟုတ်ပေ။ ဝမ်ဝေ့က သံသယလွန်ကဲလာမိသည်။
လူတချို့က စာအုပ်တွင် ပြဿနာတစ်ခုခုရှိနေပါက တွေ့ပြီးသွားလောက်လေပြီ။ နမူနာအားဖြင့် ကောင်းကင်ဝါးမျိုရေး ဧကရာဇ်သည် တစ်စုံတစ်ခုတွေ့ရှိပါက ကျောင်းတော်အား ပြန်လည်ပေးဆပ်ခိုင်းလိမ့်မည်။
ဧကရာဇ်ခုံက သူ့ မကောင်းမှုတွေကို ဖုံးကွယ်ထားနိုင်မဲ့ နည်းလမ်းရှိနေတာလား။ အဲဒါကြောင့် ကောင်းကင်ဝါးမျိုရေးဧကရာဇ်တောင်မှ ဘာမှသတိမပြုမိတာလား…
ဧကရာဇ်ခုံက ကမ္ဘာတစ်ခုလုံးတွင် အကောင်းမြင်သည့် ပုံရိပ် ရှိထားကာ ပညာရှိဟုပင် ခေါ်ဆိုခံရသော်လည်း ဝမ်ဝေ့ကမူ မဟာဧကရာဇ်များသည် လူကောင်းဟု မထင်မိပေ။
သူက ကျင့်ကြံသူတိုင်းသည် ကောင်းနေခြင်း၊ သို့မဟုတ် ဖြောင့်မတ်ခြင်း ရှိနေလိမ့်မည်ဟု မထင်မိပေ။ သူ့ဂိုဏ်းမှ နာမည်ကျော်စောသည့် ဧကရာဇ်များပင် သူတို့၏ ကျင့်ကြံရေး ခရီးစဉ်တစ်လျှောက် ထိုသို့အရာမျိုး မလုပ်မိဘဲ နေလိမ့်မည်ဟု မထင်ပေ။
ဧကရာဇ်ပလ္လင်သည် တခြားသူများ၏ အရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ထိုပလ္လင်ပေါ်တွင် ထိုင်နေသူတိုင်းက သွေးစွန်းနေသည့်လက် ရှိကြသည်။
ဝမ်ဝေ့က ထိုအရာအားလုံးကို တွေးမိပြီး စစ်ဆေးမှုကိုသာ အာရုံစိုက်ထားလိုက်သည်။
သူ့အလိုလိုသိစိတ်က သူသည် ဟွင်သွမ်းရုပ်ခန္ဓာကို အချိန်မီရှာဖွေနိုင်မည်မဟုတ်ကြောင်း ပြောပြနေသော်လည်း သူက လက်လျှော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက အခွင့်အရေးကို တိုးမြှင့်နိုင်မည့် နည်းလမ်းကို ရှာဖွေဖို့ ကြိုးစားလိုက်၏။
ထို့ကြောင့် သူက ကုသိုလ်ကို လိုအပ်လာသည်။ ယခင် အတုယောင် ပင်ကိုဆေးလုံးမှ ရရှိထားသော ကုသိုလ်များက မလုံလောက်ပေ။ ကံကောင်းသည်က သူသည် ကုသိုလ်ရရှိနိုင်မည့် လျှို့ဝှက်နယ်မြေတစ်ခုကို သိထားသည်။
သူတောင်းစားအိုကြီးက သူ့စိတ်အတွင်း အဖိုးတန်သည့် သတင်းအချက်အလက် မြောက်များစွာ ရှိနေလေသည်။
သို့သော်လည်း သူက လီကျွင်းနှင့် တွေ့ဆုံဖို့ ထွက်သွားလိုက်၏။
လီကျွင်း၏ ကျင့်ကြံရေးတောင်ပေါ်သို့ ပျံသန်းလာပြီးနောက် ထိုသူသည် စံအိမ်ခေါင်မိုးပေါ်တွင် လဲလျောင်းနေရင်း ကောင်းကင်အား ငေးငေးမောမော ကြည့်နေသည်ကို မြင်လိုက်ရသည်။
“ အစေခံတွေ ပြောတာကတော့ မင်း ဒီလိုဖြစ်နေတာ ကြာပြီဆို” ဝမ်ဝေ့က လက်ဟန်ပြကာ မေးလိုက်သည်။ သို့သော်လည်း လီကျွင်းက သတိမပြုမိသောကြောင့် လေထဲတွင် စာရေးပြလိုက်သည်။
လီကျွင်းက မတုံ့ပြန်ဘဲ တည်ရှိနေသည်ကို မြင်သည့်အခါ ဝမ်ဝေ့က သူ့လက်ချောင်းကို အသာချိုးလိုက်ပြီး အာရုံရအောင် ကြိုးစားလိုက်သည်။
“ အစ်ကိုကြီး ဒီရောက်လာပြီပဲ” လီကျွင်းက သူ့အား ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။
ဝမ်ဝေ့က လီကျွင်း ပစ်ပေးသည့် ဘူးသီးခြောက်ခွံအား ဖမ်းကာ ထိုလူအား သေချာလေ့လာလိုက်သည်။ သူ့ရုပ်ပိုင်းဆိုင်ရာအတွင်း နဖူးပေါ်ရှိ အနီရောင်အမှတ်အသားမှအပ ဘာမှပြောင်းလဲခြင်း မရှိပေ။ ထိုအနီရောင်အမှတ်အသားက သူ့ဆံပင်အနီနှင့် မျက်ဆံနှင့် ဆင်တူသည့် လှံတစ်ချောင်းကို ကိုယ်စားပြုနေ၏။
သူက သူ့အရှိန်အဝါကို ထိန်းချုပ်ထားသောကြောင့် သာမန်လူနှင့်သာ တူနေသည်။
“ မင်း အရင်ကထက် ပိုခန့်လာတာပဲ။ မင်းရဲ့ ဆွဲဆောင်မှုကို အမျိုးသမီးတွေ ခံနိုင်ရည်ရှိမယ် မထင်ဘူး”
“ ဟုတ်တယ်။ အစ်ကိုကြီးထက် မသာရင်တောင် အစ်ကိုကြီးလောက်တော့ ချောနေပြီလို့ ပြောလို့ရတယ်” လီကျွင်းက ပြောလိုက်သည်။
“ ကောင်းပြီ။ အခု မင်းက အတော်လေးကို ယုံကြည်ချက်လွန်ကဲတာ မကောင်းဘူး”
“ ကျွန်တော်က အစ်ကိုကြီးရာထူးကို ရှုံးနိမ့်လိုက်ရတာက ကလေးတုန်းက တိုက်ပွဲကြောင့်ပဲ။ အခု အသက်ကြီးလာပြီ”
“ မင်း တိုက်ချင်တယ်ဆိုလည်း ငါက မင်းနဲ့အတူတူ ဆော့ပေးရတာပေါ့”
လီကျွင်း၏ နှုတ်ခမ်းက တွန့်ချိုးသွားပြီး “ အဲလိုတွေ လုပ်နေစရာ မလိုပါဘူး။ ဝါစဉ်ကြီးတာကို လေးစားပေးရင် ရပြီ”
“ ငါ ကြားတာတော့ အကြောင်းပြချက်တွေချည်းပဲ”
လီကျွင်းက ရယ်မောလိုက်ပြီး ဝမ်ဝေ့ကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။ ပထမဆုံးအကြိမ်ဖြင့် သူသည် စိတ်လွတ်ကိုယ်လွတ် ပူပန်မှုကင်းသွားခြင်း ဖြစ်၏။
“ မင်း ပြောစရာရှိတယ်ဆိုတဲ့ သတင်းကဘာလဲ”
“ ကျွန်တော် အဖေတစ်ယောက် ဖြစ်တော့မယ်” လီကျွင်းက ကောင်းကင်ကို မော့ကြည့်ရင်း သေရည်သောက်ကာ ပြောလိုက်သည် “ ယန်းလီလင်းက ကိုယ်ဝန်ရှိနေပြီလား”
“ မဟုတ်ဘူး စုအိုက်”
“ ကောင်းပြီ။ ဘယ်သူပဲဖြစ်ဖြစ် ဂုဏ်ပြုရမှာပေါ့။ ဟုတ်တယ်မလား”
“ အဟုတ်ပဲ”
“ ဒါပေမဲ့ မင်းက အဲ့လောက်ကြီး စိတ်မလှုပ်ရှားဘူးလို့ ဘာလို့ ထင်နေမိပါလိမ့်”
“ ကျွန်တော် စိတ်လှုပ်ရှားပါတယ်။ ဒါပေမဲ့ အစ်ကိုကြီးလိုမျိုး စောစောစီးစီး ကလေးယူဖို့ မစီစဉ်ထားဘူး။ အရှင်းဆုံးပြောရရင် ကျွန်တော် ဘယ်လို ခံစားတုံ့ပြန်ရမယ်ဆိုတာတောင် မသိဘူး”
ဝမ်ဝေ့က စဉ်းစားလိုက်ပြီး “ မင်း ဒီသတင်းကို ပထမဆုံးအကြိမ် ကြားတုန်းက ပထမဆုံးအတွေးက ဘယ်လိုလဲ”
“ ဒီကလေးကို ဘာမှမဖြစ်အောင် ကာကွယ်ပေးဖို့” လီကျွင်းက ခံစားချက်မရှိ ပြန်ဖြေလိုက်သည်။
“ အဲဒါဆိုရင် မင်း လုပ်ဖို့လိုတာပဲ လုပ်လိုက်ပေါ့။ မင်း ဘဝတစ်လျှောက်လုံး အဲဒီအလိုလိုသိစိတ်နောက်ပဲ လိုက်ရင် မင်းအဖေကောင်းဖြစ်လာမှာပါ”
“ ဟုတ်တယ်။ ကျွန်တော့်မိသားစုနဲ့ ချစ်ရသူတွေကို ကာကွယ်ဖို့…” လီကျွင်းက ရေရွတ်လိုက်သည်။ ထိုစကားများ ပြောပြီးသည်နှင့် ဝမ်ဝေ့ဝန်းကျင်တွင် စံအိမ်မှ အသင်္ချေသင်္ကေတများစွာ ပေါ်ထွက်လာလေ၏။
သူက တုံ့ပြန်ဖို့အချိန်မရှိသလို ရှောင်ရှားဖို့ အချိန်မရှိလိုက်ပေ။ သူ့အလိုလိုသိစိတ်က ထိုအစီအရင်သည် သူ့အား ပိတ်လှောင်ထားကြောင်း ပြောပြနေ၏။
***