← Chapters

ဆွေးနွေးမှု

Vol. 34 Ch. 470

ဆွေးနွေးမှု

Vol. 34 Ch. 470

“ ဒါက ဘာလဲ” ဝမ်ဝေ့က တည်ငြိမ်သည့် အမူအရာဖြင့် ရေးသားပြလိုက်သည်။

“ ကယ်လိုက်တာ” လီကျွင်းက တူညီသည့်လေသံဖြင့် ပြန်ဖြေလေ၏။

“ မင်းက ငါ့ကို သတိလျှော့ချအောင် ညာခဲ့တာလား”

လီကျွင်းက ခေါင်းခါကာ “ ကျွန်တော် မညာဘူး။ စုအိုက်က တကယ် ကိုယ်ဝန်လွယ်ထားရတာ … သိပ်မကြာခင် အစ်ကိုကြီးက ခေါင်းကိုင်ဖခင် ဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့က သူ့ဘေးပတ်လည်မှ အစီအရင်ကို ကြည့်လိုက်သည်။ သူ ပထမဆုံးအကြိမ် သတိထားမိသည်က သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည့် အဆင့်တစ်ခု ဖြစ်နေ၏။ ဆိုလိုသည်မှာ ထိုအရာက မသေမျိုးအဆင့် ဖြစ်ပေသည်။

ထို့နောက် သူက အက္ခရာများကို လေ့လာသုံးသပ်လိုက်စဉ် သူတို့၏ အနေအထားနှင့် စီစဉ်ပုံအပေါ် မူတည်ပြီး သက်ရောက်မှုကို တွက်ချက်လိုက်၏။ ထိုအခါ သူ့အမူအရာက ပျက်ယွင်းသွားသည်။

“ မင်း ရူးနေလား။ ဒီစစ်ဆေးမှုမှာ ငါ့ကိုယ်စားဝင်ပြီးတော့ သေပေးချင်နေတာလား”

“ အဲဒါက အစ်ကိုကြီးကို ကယ်တင်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“ ဒီအစီအရင်ကို ဘယ်သူပေးတာလဲ” ဝမ်ဝေ့က ဒေါသတကြီးဖြင့် ရေးသားလိုက်သည်။

“ မင်းရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဒီဟာကို ခင်းကျင်းနိုင်ဖို့ မပြောနဲ့ ဖန်တီးနိုင်မှာ မဟုတ်ဘူး”

လီကျွင်းက တိတ်ဆိတ်နေပြီး ဘာမှပြန်မပြောပေ။

“ အဲ့ဒါ ဝူဟုန်မလား”

ဝမ်ဝေ့က အမှန်တရားကို ခန့်မှန်းမိလိုက်သည်။ ကောင်းကင်တာအိုက သူမအား မပိတ်ဆို့ခင် သူမက တခြားလူများဆီ စမ်းသပ်ချက် သို့မဟုတ် ကပ်ဘေးကို လွှဲပြောင်းပေးနိုင်သည့် မဟာဧကရာဇ်၏ လျှို့ဝှက်နယ်မြေဆီ သွားရောက်ရှာဖွေခဲ့၏။

ထို့ကြောင့် သူမက ထိုနည်းလမ်းကို တွေ့လာပြီး လီကျွင်းအား သူ့ကိုယ်စား စတေးခံနိုင်ဖို့အတွက် တိတ်တဆိတ် ပေးထားခဲ့ခြင်း ဖြစ်နိုင်သည်။ ဝမ်ဝေ့က ထိုအရာကို တွေးမိပြီး ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။

ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။

“ လီကျွင်း တုံးအအ အရာတွေ မလုပ်နဲ့။ တကယ်လို့ ဒီအစီအရင်က စမ်းသပ်ချက်ကို လွှဲပြောင်းပေးနိုင်တယ်ဆိုရင်တောင် ငါတို့တခြားသူကို ရွေးလို့ရတယ်။ တခြားမိစ္ဆာကျင့်ကြံသူ ဒါမှမဟုတ်ဘူးဆိုရင် ငါ့ရန်သူ တစ်ယောက်ယောက်ကိုပေါ့။ မင်း ဖြစ်နေစရာ မလိုပါဘူး”

“ အဲလိုဖြစ်နိုင်ရင် ကျွန်တော် စမ်းကြည့်ပြီးလောက်ပြီပေါ့”

“ မင်းဘာကိုပြောချင်တာလဲ”

“ တားမြစ်ခံစစ်ဆေးမှုက ကံစစ်ဆေးမှုပဲ။ ဒီအစီအရင် အလုပ်ဖြစ်ဖို့အတွက် အစ်ကိုကြီးအတွက် အဓိပ္ပာယ်ရှိပြီးတော့ နက်နဲတဲ့ ကံကြိုးမျှင် ရှိနေတဲ့သူကပဲ  အသုံးဝင်မှာ။ ကံဆိုးတာက ဒီအချက်အလက်နဲ့ ကိုက်တာ လူလေးယောက်ပဲ ရှိတယ်။ အဲဒါကြောင့် ကျွန်တော်က ဝင်လိုက်တာ”

ဝမ်ဝေ့က ဆိုလိုရင်းအား နားလည်သွားကာ ထိုလူလေးယောက်သည် သူ့အမေ၊ အဖေ၊ အဘိုးနှင့် လီကျွင်းတို့ ဖြစ်ကြလေသည်။ အထူးသဖြင့် သူက မိသားစုဟု သတ်မှတ်ထားပြီး သူ့စိတ်ထဲတွင် နေရာအပြည့်အဝ ယူထားကြသူများလည်း ဖြစ်ပေသည်။

သူက သူ့မိသားစုသည် ထိုအစီအရင်အကြောင်း သိကာ လီကျွင်းအား ဖန်တီးနိုင်ဖို့ ကူညီခဲ့သည်ဟု ခန့်မှန်းမိလိုက်၏။

“ ငါက ဒီဟာကို ပြောချင်နေတာ ကြာလှပြီ။ မင်း တစ်ဘဝလုံးကို ငါ့အတွက်ပဲ နေပေးလို့မရဘူး” ဝမ်ဝေ့က ရုတ်တရက် ဖျောင်းဖျလိုသည့်အလား စာရေးပြလိုက်သည်။

“ မင်းရဲ့ သစ္စာရှိမှုကို နားလည်တယ်။ ငါ့ကို ကာကွယ်တာက မင်းဘဝရဲ့ ရည်မှန်းချက်လို့ ခံယူထားတာကိုလည်း သိတယ်။ မင်းငယ်ငယ်တုန်းက အနိုင်ကျင့်ခံခဲ့ရတုန်းက ငါ ဂရုစိုက်ပေးခဲ့တာကို မင်းက အကြွေးတင်နေတယ်လို့ ခံစားနေရရုံပဲ။ ဒါပေမဲ့ မင်းတစ်ဘဝလုံးကို ငါ့အတွက်ပဲ ကုန်ဆုံးနေလို့ မရဘူး။ အထူးသဖြင့် မင်းက အခု အဖေ ဖြစ်တော့မှာလေကွာ”

လီကျွင်းက သူ့ဘဝအကြောင်း ပြန်လည်တွေးတောလာမိသည်။

“ အစ်ကိုကြီး ပြောတာ မှန်နိုင်ပါတယ်”

သူက အံ့ဖွယ်ခန္ဓာကိုယ်အဆင့် ဝင်ရောက်စဉ်အခါက သူ့ ကံကြမ္မာကောင်း မီးတောက်အတွင်း ထည့်သွင်းရမည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များက ပလ္လင်တိုက်ပွဲတွင် သူ့အစ်ကိုကြီးကို အောင်မြင်ဖို့ရန် ကာကွယ်ပေးဖို့အတွက်သာ ဖြစ်၏။

“ ဒါပေမဲ့ အရမ်းနောက်ကျသွားပြီ”

“ အရမ်းနောက်မကျသေးပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ဒီတစ်ခါ ငါ တောင်းဆိုပါတယ်။ ငါ့ကြောင့် မလုပ်ဘဲ မင်း တစ်ကိုယ်ကောင်းဆန်ဆန် နေလိုက်ပါ။ မင်းရဲ့ မိသားစုကိုလည်း တွေးကြည့်ဦး။ မင်းရဲ့အနာဂတ် သားသမီးကိုလည်း တွေးကြည့်ဦး။ ဒီကမ္ဘာမှာ သူတို့အဖေကို မသိဘဲနဲ့ ကြီးပြင်းလာရင် ဘယ်လောက်တောင် ဆိုးဝါးလိုက်မလဲ”

“ စစ်ဆေးမှုကရော ဘယ်လိုလုပ်မလဲ”

“ ငါ အဆင်ပြေမှာပါ။ အမြဲတမ်း ငါက အသက်ရှင်ဖို့ နည်းလမ်းရှာနိုင်တာပဲလေ”

လီကျွင်းက စိုက်ကြည့်လိုက်သည်။

“ အစ်ကိုကြီးရဲ့ အဲ့လိုဘက်အခြမ်းကို မုန်းတယ်။ အစ်ကိုကြီးက နီးကပ်တဲ့သူတွေအပေါ်မှာ မှီခိုတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျ အမှန်မဟုတ်ဘူး။ အမှန်တကယ် အန္တရာယ်များလာတဲ့ ကိစ္စတွေမှာ ဝန်ထုပ်ဝန်ပိုးကို ကိုယ်တစ်ယောက်တည်းပဲ သယ်ပိုးထားတဲ့လူမျိုး”

သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာ၏ တိုက်ပွဲကို အကြိမ်ကြိမ်အလှန်လှန် သုံးသပ်ခဲ့ပြီးသား ဖြစ်၏။ သူက ကိစ္စများစွာကို ကောက်ချက်ချနိုင်ခဲ့သည်။

ပထမဦးစွာ ဝမ်ဝေ့သည် သူ၊ ယန်းလီလင်းနှင့် ထျဲ့ကန်တို့ကို ကမ္ဘာ့အပြင် ပို့ဆောင်သည့်အချိန်ခဏအတွင်း သူ့ကိုယ်သူ ကယ်တင်နိုင်လေသည်။ ကံဆိုးသည်က သူ့အစ်ကိုကြီးသည် အလိုလိုသိစိတ်ဖြင့် သူတို့အား အရင်ကယ်တင်ခဲ့၏။

ဒုတိယအနေဖြင့် လီကျွင်းသည် ဝမ်ဝေ့က တိထျန်းကို သူ့ဘာသာသူ တိုက်ခိုက်ဖို့ ဝန်ထုပ်ဝန်ပိုးထမ်းစရာ မလိုကြောင်း သဘောပေါက်မိသည်။ သူက သူတို့၏ စွမ်းအားကို အသုံးပြုနိုင်လေသည်။ ယခု သူတို့သုံးယောက်က တိုက်ပွဲအတွင်း အသုံးမဝင်သော်လည်း သူ့အစ်ကိုကြီးသည် အစီအရင်ဆရာ တစ်ယောက်ဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူက သူတို့သုံးယောက်၏ စွမ်းအားကို ငှားယူနိုင်မည့်  အစီအရင်တစ်ခုကို ခင်းကျင်းနိုင်လိမ့်မည်။

သူတို့က မည်မျှအားနည်းစေကာမူ တစ်ယောက်တည်း တိုက်ခိုက်သည်ထက် သုံးယောက်က ပို၍ကောင်းလေသည်။ စိတ်ဝိညာဉ်အမှုန်ကို ကမ္ဘာ့အပြင်ဘက်ထဲ ထုတ်ကာ သူ့ကိုယ်သူ ကယ်တင်လိုက်ခြင်းက ဝမ်ဝေ့သည် သူတို့အဖွဲ့အတွင်း တိုက်ခိုက်နိုင်စွမ်း မရှိသည့် ယန်းလီလင်းကိုသာ အပြင်ပို့ဆောင်ပေးလျှင် အဆင်ပြေပြီဖြစ်၏။

သူတို့၏ ဘေးကင်းမှုအတွက်ကိုမူ ဝမ်ဝေ့က သူတို့အား သူ့အံ့ဖွယ်ပင်လယ်ထဲ ထားနိုင်ပေသည်။ အကြောင်းမှာ သူ့သိုလှောင်လက်စွပ်အတွင်း အသက်ဓာတ်ကို ထည့်သွင်းထားနိုင်သည့် နည်းလမ်းမျိုးရှိနေ၍ ဖြစ်သည်။

ဝမ်ဝေ့က ဤကမ္ဘာတွင် တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သည့် သူ့ညီငယ်ဖြစ်သူအား ကြည့်ကာ “ ဖက်တီးလေး ဒါက ငါ့အတွက် တစ်ကိုယ်ကောင်းဆန်ရမဲ့အချိန် မဟုတ်ဘူး”

“ ကျွန်တော့်ခံစားချက်တွေကို လိုက်ပြီး ပြောနေဖို့မလိုပါဘူး” လီကျွင်းက ပြန်ဖြေလိုက်သည် “ ကျွန်တော့်ကလေးနဲ့ မိသားစုက အဆင်ပြေမယ်ဆိုတာ သိတယ်”

“ မင်းက ဘယ်လိုလုပ် သေချာနေရတာလဲ”

“ အစ်ကိုကြီးက သူတို့ကို စောင့်ရှောက်ပေးမှာပဲလေ” သူက တည်ငြိမ်စွာ ပြောလိုက်သည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ဆက်ပြောလိုက်၏ “ အဲလိုဆိုတော့ မင်းက ငါ့တစ်ဘဝလုံးကို နောင်တနဲ့ နေစေချင်တာလား”

လီကျွင်းက ကောင်းကင်အား မော့ကြည့်ကာ “ ကျွန်တော့်ဘဝမှာ တစ်စုံတစ်ခုအတွက် တစ်ခါမှ မတောင်းဆိုဖူးဘူး။ အဲဒါကြောင့် ဒီတစ်ခါ တစ်ကိုယ်ကောင်းဆန်ပါရစေ”

“ မင်းရဲ့ အပြုအမူက ငါ့သေခြင်းတရားကို ဖြစ်စေမယ်ဆိုတာကိုကော တွေးမိလား”

“ အစ်ကိုကြီးက ဘာကိုပြောချင်တာလဲ”

“ မင်း အစီအရင်က ငါ့သေခြင်းတရားကို ခဏလေးပဲ ရပ်တန့်ထားနိုင်တာဆိုရင် ဘယ်လိုလုပ်မလဲ။ နှစ်များစွာ ကြာပြီးတဲ့နောက်မှာ မင်းရဲ့ကလေး မွေးဖွားလာပြီးတော့ သူ့အဖေ ပျောက်ကွယ်သွားရတဲ့ အကြောင်းအရင်းကို သိသွားခဲ့ရင် သူတို့က ငါ့ကို မုန်းတီးပြီးတော့ ငါ့သေခြင်းတရားအထိ ကြံစည်ကြလိမ့်မယ်။ မင်း ပြောတယ်လေ။ ဒါက ကံစစ်ဆေးမှုဆို”

လီကျွင်းက ထိုအရာကို ကြားပြီးနောက် နောက်အနည်းငယ် ဆုတ်လိုက်သည် “ မဟုတ်ဘူး။ ဒါ မဖြစ်နိုင်ဘူး။ အဆောင်က အလုပ်ဖြစ်မယ်လို့ ပြောထားတယ်”

ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ရေးသားလိုက်သည် “ ကောင်းကင်တာအိုက ဝူဟုန်ကိုတောင် တွက်ချက်ပြီးတော့ သူမကိုတောင် စည်းပိတ်ထားနိုင်တာ။ သူမရဲ့ တခြားနည်းလမ်းကိုတော့ မတွေးမိဘူးလို့ ထင်နေတာလား”

လီကျွင်းက မည်သို့ပြန်ဖြေရမှန်း မသိတော့ပေ။ သူ အဆောင်ရရှိထားသည့် သတင်းအချက်အလက်နှင့် သူလေ့လာချက်များအရ ဤသည်က ဖြစ်နိုင်ချေရှိကြောင်း နားလည်ထား၏။ ထိုသို့ဆိုလျှင် သူ့စတေးမှုက အလကားဖြစ်သွားရုံသာမက သူသည် ကောင်းသည်ထက် ဆိုးသည့်အရာများသာ ပိုမိုဖြစ်စေလိမ့်မည်။

“ အခု မင်း နားလည်သွားပြီလား။ အခု အဲဒါကြောင့် ဒီအစီအရင်ကို ရပ်လိုက်တော့”

“ အဲဒါဆိုတော့ အစ်ကိုကြီးရဲ့ စစ်ဆေးမှုက ဘယ်လိုလုပ်မှာလဲ”

“ ငါ အောင်မြင်မဲ့ နည်းလမ်းတချို့ကို ရှာတွေ့ထားပြီးပြီ။ တစ်ခုကတော့ အာမခံတယ်။ ဒါပေမဲ့ အနည်းငယ် ရှုပ်ထွေးမှုတချို့တော့ ရှိနေတုန်းပဲ”

လီကျွင်းက စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ အစီအရင်အား ရုတ်သိမ်းလိုက်သည်။

ဝမ်ဝေ့က သူ့အနားပြန်လာကာ ပုခုံးကို ပုတ်ပေးလိုက်၏။

“ အခုကစပြီးတော့ တစ်ခုခုလုပ်မယ်ဆိုရင်  မင်း မိသားစုကို အရင်တွေးရမယ်။ မဆင်မခြင် မလုပ်နဲ့။ ပြီးတော့ ငါ့အတွက်ဆိုပြီးတော့ မင်းကိုယ်မင်း စတေးဖို့လည်း မလုပ်နဲ့”

“ ကျွန်တော် ကြိုးစားပါမယ်” လီကျွင်းက သက်ပြင်းချကာ ပြောလိုက်သည် “ ဒါပေမဲ့ ဒီစစ်ဆေးမှုမှာ ကူညီပေးနိုင်တာတွေများ ရှိမလား”

ဝမ်ဝေ့က ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ “ ရှိနိုင်တယ်”

ထို့နောက် သူက တာဝန်တစ်ခု ပေးအပ်လာသည်။ သူက လီကျွင်း ပျံသန်းသွားသည်ကို ကြည့်နေရင်း ကိစ္စများစွာကို တွေးမိသွားသည်။

သူက သေနိုင်ချေရှိမှုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူက ပြန်လည်ဝင်စားခြင်း စက်ဝန်းသို့ မဝင်ရောက်ခင် သို့မဟုတ် သူ့ဝိညာဉ် ပျက်သုဉ်းမသွားခင် တိထျန်းအပေါ် ကျိန်စာတိုက်ဖို့အထိ ပြင်ဆင်ထားခဲ့သည်။ ထိုအရာအားလုံးက လီကျွင်းက ဂိုဏ်း၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာပြီး တာအိုကို သက်သေပြနိုင်ဖို့ရာအတွက်သာ ဖြစ်သည်။

ထိုကျိန်စာက အသုံးဝင်ပါ့မလား မသိသော်လည်း သူက လီကျွင်းအား အခွင့်အရေးတစ်ခု ပေးလိုခဲ့သည်။ ထို့အပြင် သူက တိထျန်းအား အနိုင်ယူနိုင်မည့် နည်းလမ်းများအား ရေးသားသည့် မှတ်စုကို ချန်ထားခဲ့ပြီး ထိုအရာအားလုံးက အသုံးမဝင်ပါက သူ့ကိုယ်သူ စည်းပိတ်ထားဖို့ရာအထိ သတိပေးထားခဲ့သည်။

ဒီအဖြစ်အပျက်တွေက သူ့အမြင်အပေါ် မပြောင်းလဲသွားစေဖို့ပဲ မျှော်လင့်ရမှာပဲ။ ဒါပေမဲ့ သူက ချက်ချင်းတော့ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး…

ထို့နောက် သူက ဝမ်မျိုးနွယ်၏ တောင်သို့ ပျံသန်းသွားလိုက်စဉ် သူ့ဖခင်က ငိုနေသည့် အမေဖြစ်သူအား ထွေးပွေ့ထားလေသည်။ သူ့ဖခင်အနီးတွင်လည်း မှုန်မှိုင်းသည့် လေထုမျိုး ရှိနေ၏။

“ ဘာမှတုံးတုံးအအ အရာတွေ မလုပ်နဲ့။ ဒါက ကိုယ်ပွားတစ်ခုပဲ” ဝမ်ဝေ့က ရေးသားလိုက်သည်။

“ ဘာ ဘယ်လို … ” ယုယန်က သူမဘာသာသူမ အကောင်းဆုံးထိန်းချုပ်ကာ မေးလိုက်သည်။

ဝမ်ဝေ့အနေဖြင့် ဝမ်ကျူသည် အရေးကြီးသည့် သတင်းရှိကြောင်း ပြောကတည်းက သံသယစိတ်ရှိနေခဲ့၏။ ထို့ကြောင့် သူက ကိုယ်ပွားကိုသာ စေလွှတ်ခဲ့သည်။

“ မင်းရဲ့ တကယ့်ခန္ဓာကိုယ်က ဘယ်မှာလဲ”

“ ကျွန်တော် ပြောပြမယ်လို့ ထင်နေတာလား” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ ထိုအစီအရင်က အလုပ်ဖြစ်ဖို့အတွက် သူတို့နှင့် နီးကပ်သည့် တစ်စုံတစ်ယောက်ကို လိုအပ်ပေသည်။ သူက သူ့မိသားစုဝင်များသည် အသုံးပြုဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ အထူးသဖြင့် သူ့အဘိုး ဖြစ်၏။

ထိုလူအိုကြီးက သူသည် ယခင်မျိုးဆက်ဟောင်းမှ လူတစ်ယောက်ဖြစ်၍ ကြာကြာအသက်ရှင်သန်ခဲ့ပြီဟူသော အကြောင်းပြချက်ကို သုံးကာ သူ့သေခြင်းတရားက ကိစ္စမရှိကြောင်း ဆိုလိမ့်မည်။ ကံကောင်းစွာဖြင့် သူ့တာအိုနှလုံးသားကို အခြေကျဖို့အတွက် သီးသန့်ကျင့်ကြံနေဆဲသာ ဖြစ်၏။

“ အခုကစပြီးတော့ အမေတို့ အဖေတို့ကို ကိုယ်ပွားနဲ့ပဲ ဆက်ဆံတော့မယ်။ တကယ့်ခန္ဓာကိုယ်က တစ်ခုခုလိုအပ်လာရင် သူက ဒီကနေပြန်ပြောလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကို မရှာပါနဲ့”

ထိုစကားများ ရေးသားပြီးသည့်နောက် သူ့တောင်ပေါ်သို့ ပျံသန်းသွားသည်။

ဝမ်ဝေ့က အမှန်တကယ် ဒေါသထွက်မိနေ၏။ ပို၍အရေးကြီးသည်က သူ့ဇနီးကို ဖြစ်သည်။ သူတို့၏ အပြုအမူ၊ သဘောထားတို့က အကျိုးအကြောင်းသင့်နေသော်လည်း သူက လက်မခံနိုင်ပေ။

သူက သူ့အဘွားကို ဆုံးရှုံးခဲ့ပြီးသားဖြစ်ရာ တစ်ယောက်ယောက်ကိုသာ ထပ်မံဆုံးရှုံးရပါက မည်သို့တုံ့ပြန်ရမှန်း မသိတော့ပေ။ အထူးသဖြင့် သူ့ကြောင့် ဆုံးရှုံးသွားရသည့်အခါမျိုးတွင် ဖြစ်၏။

ကိုယ်ပွားက ဂိုဏ်းအတွင်း ပြန်လည်စောင့်ဆိုင်းနေစဉ် တကယ့်ခန္ဓာကိုယ်က ကုသိုလ်ရရှိဖို့ လျှို့ဝှက်နယ်မြေဆီ ဦးတည်ထွက်သွားသည်။

***

All Chapters