စစ်အုပ်ချုပ်သူနှင့် တိုက်ပွဲရူး အပြိုင်
Vol. 34 Ch. 472
စွင်းကျောင်းလုံက ကျိန်စာကို ခံစားမိလိုက်သည့်အတွက် မျက်နှာအား ထိတွေ့လိုက်သည်။ သူ့အသက်ဓာတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်နေပြီး သူ့အား အားနည်းအောင် ပြုလုပ်နေလေ၏။ သူက သာမန်နည်းလမ်းများသည် ထိုပြဿနာကို မဖြေရှင်းနိုင်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ဤတိုက်ပွဲအား အလေးအနက် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။
သူ့လက်ထဲရှိ လူသားကံကြမ္မာဓားက လေထဲတွင် မြောလွင့်လာပြီး သူ့ချပ်ဝတ်နှင့် ပေါင်းစပ်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို လက်သည်းငါးခု ရွှေရောင်နဂါးက လက်သည်းကိုးခုအဖြစ် ပြောင်းလဲသွားသည်။
စွင်းကျောင်းလုံ၏ အရှိန်အဝါက ချက်ချင်းဆိုသလို မြင့်တက်လာ၏။ သို့သော် ဤသည်က အဆုံးသတ် မဟုတ်ပေ။ အဝေးတစ်နေရာမှ ရောင်စုံနဂါးတစ်ကောင် ပေါ်ထွက်လာပြီး သူနှင့် ပေါင်းစပ်သွားပြီး သူ့အရှိန်အဝါအား ပိုမိုးတိုးမြင့်လာစေသည်။
တိုင်းပြည်၏ ချီကံကောင်းမှု ကောင်းချီးပဲ…
လီကျွင်းက ထိုအရာကို ကြည့်နေရင်း တွေးလိုက်မိသည်။ ဂိုဏ်းများအပေါ် တိုင်းပြည်၏ အားသာချက်တစ်ခုမှာ သူတို့သည် ချီကံကောင်းမှုကို အသုံးပြု၍ သူတို့၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်နိုင်ကြသည်။
ယှဉ်ကြည့်လိုက်လျှင် ဂိုဏ်း၏ ချီကံကောင်းမှုသည် သူတို့၏ တပည့်များနှင့် အကြီးအကဲများကို ကံအပြောင်းအလဲ အခွင့်အရေးများ တွေ့စေပြီး ကျင့်ကြံနှုန်းနှင့် နားလည်နိုင်စွမ်းကို မြန်ဆန်စေဖို့ ပိုမိုအလေးထားသည်။
ဂိုဏ်းချုပ်က ချီကံကောင်းမှုဖြင့် စွမ်းအားကို တိုးမြှင့်နိုင်သော်လည်း ထိုတိုးမြှင့်မှုက တိုင်းပြည်များနှင့် မယှဉ်နိုင်ပေ။
မိုးမြေက မျှခြေကို အလေးထားလေသည်။ တိုင်းပြည်တွင် အရေးသာချက်ရှိသည်မှာ သူတို့က ချီကံကောင်းမှု၏ အရင်းအမြစ်ဖြစ်သည့် လူများစွာကို ဂရုစိုက်ပေးရ၍ ဖြစ်သည်။
ထိုစဉ် ဂိုဏ်းများကမူ တိုင်းပြည်များနှင့် ယှဉ်လိုက်လျှင် လူအနည်းငယ်သာ ရှိ၍ သူတို့၏ ချီကံကောင်းမှုသည် ဂုဏ်သတင်းကျော်ကြားခြင်း သို့မဟုတ် အမြင်ကောင်း ရှိခြင်းတို့မှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။
ကြည့်ရတာ အလေးအနက် ထားရတော့မဲ့ပုံပဲ…
လီကျွင်းက တွေးလိုက်မိသည်။
တိုက်ပွဲဆန္ဒချပ်ဝတ်
သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် အနီမှိုင်းမှိုင်း ချပ်ဝတ်တစ်ခုပေါ်ထွက်လာပြီး သူ့အရှိန်အဝါနှင့် တိုက်ပွဲစွမ်းရည်များအား တိုးမြှင့်ပေးထားသည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ကီလိုထောင်ချီ ကောင်းကင်တစ်ခုလုံးက အနီရောင် ပြောင်းလဲသွားသည်။
ကောင်းကင်ကိုယ်တိုင်ကပင် သွေးထွက်နေသည့်အလား ဖြစ်၏။ အသက်တစ်ရှိုက်စာအတွင်း စွင်းကျောင်းလုံက အကြောက်တရားကို ခံစားမိလိုက်သည်။ သူက အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရ၏။
သူသည် ကံကောင်းမှုစွမ်းအားဖြင့် ကျိန်စာစွမ်းအားကို ထိခိုက်မှု မရှိသည့် အဆင့်အထိ လျှော့ချနိုင်ခဲ့သည်။ ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိဘဲ သူ့ရန်သူအား ထိုးခွင်းလိုက်သည်။
နဂါးပြာလက်သီး
နဂါးပြာတစ်ကောင်သည် လီကျွင်းဆီ အလင်းနှုန်းထက်မြန်သည့် အရှိန်ဖြင့် ပြေးဝင်လာသည်။ တစ်ဖက်လူနှင့် မီတာဒါဇင်ချီ ကွာဝေးနေသော်လည်း တိုက်ခိုက်မှုကို လေ့လာဖို့ အချိန်ရှိလေသည်။
သူက စစ်အုပ်ချုပ်ရေးကို တာအိုအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာပဲ။ ပြီးတော့ အုပ်ချုပ်သူတစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ပေါင်းစပ်တာပဲ…
သူက သွေးနီရောင် နဂါးတစ်ကောင်ကို ဖန်တီးဖို့ လှံဖြင့် ထိုးခွင်းလိုက်သည်။ ထိုအရာက စွင်းကျောင်းလုံ၏ စွမ်းအားကို ကျော်လွန်သွား၏။ ထို့အပြင် ထိုလူက လီကျွင်းအား တိုက်ခိုက်ဖို့ ဒုတိယနဂါးတစ်ကောင် ထပ်မံဖန်တီးလိုက်ပြန်သည်။
ကံဆိုးစွာဖြင့် ထိုအနီရောင်နဂါးက ထိပ်တိုက်တွေ့မှုဖြင့် ပေါက်ကွဲထွက်သွားသည်နှင့် ကြယ်တာရာ ပေါက်ကွဲသွားသလိုမျိုး အလင်းစူးစူးများ ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က စွင်းကျောင်းလုံ၏ မြင်ကွင်းကို တားဆီးထားရုံသာမက အံ့ဖွယ်အသိစိတ်ပါ တားဆီးထားလေ၏။
ထို့ကြောင့် လီကျွင်းက တစ်ဖက်လူအနားတွင် ချက်ချင်းပေါ်ထွက်လာပြီး လှံသန်းချီဖြင့် ထိုးစိုက်လိုက်သည်။ ပထမတစ်ချက်တွင် သူက ထိုချပ်ဝတ်သည် ထူးကဲသည့် ကာကွယ်ရေးစွမ်းအား ရှိထားကြောင်း သဘောပေါက်မိလိုက်၏။ အထူးသဖြင့် ကံကောင်းဖို့ ကောင်းချီးပေးခံထားရသည့်အခါတွင် ဖြစ်၏။
ဒုတိယထိုးစိုက်မှုတွင် လီကျွင်းက ကံကောင်းမှုကို သတ်ဖြတ်သည့် နည်းစနစ်ကို ထုတ်သုံးခဲ့သည်။ ထို့ကြောင့် စစ်ချပ်ဝတ်၏ စွမ်းအားကို ယာယီလျော့ကျစေခဲ့သည်။ တတိယထိုးချက်မှ အစပြု၍ သူက မူလအဆီအနှစ်၊ ဝိညာဉ်၊ ခွန်အား၊ အင်အားနှင့် သတ်ဖြတ်ရေးဆန္ဒတို့ကို အာရုံစိုက်ထားလိုက်သည်။
ဝုန်း…
စွင်းကျောင်းလုံက လွင့်ထွက်သွားပြီး သွေးဖြင့် ရေချိုးထားသလို ဖြစ်သွားသည်။ သူ့ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများဆက်တိုက်စီးကျနေလေ၏။ သူ့ချပ်ဝတ်နှင့် ခေါင်းဆောင်းတွင်မူ အပေါက်များ၊ အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။
ထိုလှံ ထိုးစိုက်ထားသည့် နေရာတိုင်းတွင် သွေးနီရောင် သင်္ကေတ ပေါ်ထွက်လာ၏။ တချို့သော နေရာများတွင် ခရမ်းရောင် ပြောင်းလဲသွားပြီး အဆိပ်တချို့ သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေကြောင်း ပြသနေသည်။
ထူးဆန်းသည်က စွင်းကျောင်းလုံသည် ပြုံးနေဆဲဖြစ်၏။ သူသည် မတ်တပ်ရပ်ကာ မြေပြင်ပေါ်မှ ဝိညာဉ်ဆေးဝါးကို တူးယူရင်း မျိုချလိုက်သည်။
လီကျွင်းက ထိုဆေးဝါးကို သတိပြုမိပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။
ရွှေရောင်ဂျင်းသည် ရင့်မှည့်လာဖို့အတွက် နှစ်ကိုးသန်း အချိန်ယူခဲ့ရသည့် ရှားပါးသည့် ကုသရေး ဝိညာဉ်ဆေးပင်တစ်မျိုး ဖြစ်၏။ ထိုအရာထဲတွင် အဆိပ်ဖြေ စွမ်းရည်နှင့်အတူ ကျိန်စာဖယ်ရှားသည့် စွမ်းရည်လည်း ပါဝင်နေသည်။ အစိတ်အပိုင်းတစ်ခုတည်းဖြင့် အစစ်အမှန်အုပ်ချုပ်သူကို သေမင်းခံတွင်းဝမှ ပြန်လည်အသက်ရှင်အောင် ပြုလုပ်နိုင်သည်။
ကံကောင်းမှုစွမ်းအားလား … သူက တိုက်ပွဲကွင်းပြင်ကို ရွေးချယ်ချင်တဲ့ အကြောင်းအရင်လား…
လီကျွင်းက သူ့ပုခုံးပေါ်မှ လှံအား လှုပ်ရှားပြီးနောက် မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်သည်။ ထို့နောက် ကျန်ရှိနေသည့် တောအုပ်တစ်ခုလုံးက ချက်ချင်းဆိုသလို မီးခိုးရောင် သန်းသွားကာ မြေကြီးကလည်း မရဏချီဖြင့် ပြည့်နှက်သွားလေသည်။ ထိတွေ့မိသည့် အရာအားလုံးက ချက်ချင်းဆိုသလို သေဆုံးသွားကြ၏။
မြေကြီးမှ အသင်္ချေ အရာများစွာ စတင်ပေါ်ထွက်လာကြသည်။ လီကျွင်းက ဝိညာဉ်၊ တစ္ဆေ၊ သရဲ သို့မဟုတ် ဖုတ်ကောင်များကဲ့သို့သော အရာများကို ဖွဲ့စည်းဖို့ မရွေးချယ်ခဲ့ပေ။
ပတ်ဝန်းကျင်က ထိုသို့သော သတ္တဝါများအတွက် အသင့်တော်ဆုံးဖြစ်နေသော်လည်း…
သူ့အနေဖြင့် အိမ်ရှေ့စံတစ်ယောက်ဖြစ်သည့် စွင်းကျောင်းလုံသည် မဟာဝူတိုင်းပြည်၏ ကံကောင်းမှု ကာကွယ်ရေးနှင့် အုပ်ချုပ်သူ တော်ဝင်မိသားစုများနှင့် ရင်ဆိုင်သည့်အခါ ယင်သတ္တဝါများက အားနည်းကြောင်း သိထားသည်။
ထို့ကြောင့် သူက မရဏချီဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ခြောက်ခြားဖွယ် လက်နက်များကိုသာ ပုံဖော်ခဲ့ပြီး စွင်းကျောင်းလုံကို ဖျက်ဆီးဖို့ ပြင်လိုက်သည်။ ထိုလူက ပထမပိုင်း ရှောင်ရှားဖို့ နောက်ကျွမ်းထိုးလိုက်၏။ သို့သော်လည်း လက်နက်များစွာက သူ့အား တိုက်ခိုက်နေ၍ ကောင်းကင်သို့ ပျံသန်းလိုက်သည်။
ဝိညာဉ်ဆေးပင်ဖြင့် သူ့ဒဏ်ရာများက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်လာပြီး လှုပ်ရှားဖို့ရာအတွက် အခက်အခဲ မရှိတော့ပေ။ ကံဆိုးသည်မှာ ထိုအချက်က တိုက်ပွဲအတွင်း အရေးမကြီးပေ။ သူ ကောင်းကင်သို့ ပျံသန်းသွားသည်နှင့် လက်နက်များစွာက ဝိုင်းတိုက်ဖို့ ချက်ချင်းဆိုသလို ပေါ်ထွက်လာကြ၏။
ဆန္ဒသဏ္ဌာန်ပြ လက်နက်တွေလား…
စွင်းကျောင်းလုံက ကောင်းကင်မှ ထိုအနီရောင်လက်နက်များကို ကြည့်ရင်း တွေးလိုက်မိသည်။ သူက တစ်ဖက်လူသည် သူ့အား လက်ရှိအခြေအနေသို့ ရောက်အောင် ပိုင်နက်တစ်ပိုင်းစွမ်းရည်ကို ထုတ်သုံးကြောင်း သဘောပေါက်သွားသည်။
စွင်းကျောင်းလုံက လက်နက်ထောင်ချီကို ရှောင်ရှားပြီးသည့်နောက်တွင် သူသည် ထိုသို့ ဆက်လုပ်နေ၍ မဖြစ်ကြောင်းသဘောပေါက်ကာ နည်းဗျူဟာကို ပြောင်းလဲခဲ့သည်။
ယင်ယန်ဧကရာဇ်လက်သီး
ထိုစဉ် တစ်ကောင်အနက် တစ်ကောင်အဖြူဖြစ်သည့် ပုံရိပ်ယောင်နဂါးနှစ်ကောင်က သူ့ဘေးနားတွင် ဒိုင်းကာသဖွယ်ပေါ်ထွက်လာပြီး လက်နက်များအား တားဆီးထားသည်။ ထို့အပြင် စက်ဝိုင်းဒိုင်းကာက အလယ်ဗဟိုယူကာ တိုက်ခိုက်လာသည့် လက်နက်များအား တားဆီးပေးခြင်း၊ ဖျက်ဆီးပေးခြင်း ပြုလုပ်ပေးထား၏။
ကံဆိုးသည်က ထိုအချိန်ဆွဲမှုက စက္ကန့်ပိုင်းမျှသာ ကြာမြင့်ခဲ့သည်။ အကြောင်းမှာ မရဏချီလက်နက်များနှင့် ဆန္ဒလက်နက်အားလုံးက တစ်နေရာထဲသို့ စုစည်းကာ ဒိုင်းကာကို ဖျက်ဆီးပစ်ခဲ့ကြသည်။
တစ်စက္ကန့်ပိုင်းလေးအတွင်း သူတို့က ဒိုင်းကာ၏ အရွယ်အစားက စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်ကို ကာပေးနိုင်ရုံမျှလောက်အထိ လျှော့ကျသွားသည်။
ဝုန်း
ဒိုင်းကာက နဂါးဒေါသအော်သံနှင့် ပေါက်ကွဲထွက်သွားသည်။ ထို့နောက်တွင် လက်နက်ရာချီက စွင်းကျောင်းလုံအား ထိုးစိုက်ကာ အသားတုတ်ထိုးအဖြစ် ပြောင်းလဲပစ်လိုက်သည်။
လီကျွင်းက တစ်ဖက်လူ ထွက်ပြေးပျံသန်းသွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ ဆင်းသက်တော့မည့်နေရာအား ကြည့်လိုက်၏။ သူက လှံတစ်ချက်အဝှေ့တွင် အဝေးတစ်နေရာရှိ မြေပြင်က သွေးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
ထိုပင်လယ်မှ သွေးနီရောင် ဆူးချွန်များစွာလည်း ကောင်းကင်သို့ ပေါ်ထွက်လာကြ၏။ မီတာဒါဇင်ချီ ကြီးထွားပြီးသည့်နောက်တွင် သူတို့က လေဟာနယ်ကို ထိုးဖောက်ကာ ကောင်းကင်တွင် အက်ကြောင်းများကို ဖန်တီးခဲ့သည်။
ကျစ်…
စွင်းကျောင်းလုံက သွေးပင်လယ်အတွင်း ကျရောက်ပြီး သူ့ချပ်ဝတ်အား မစွန်းထင်ခင် ကျိန်ဆဲလိုက်သည်။
“ ဒါက မင်းကံကောင်းမှုရဲ့ စွမ်းအားလား” လီကျွင်းက တစ်ဖက်လူရှေ့တွင် ပျံသန်းရင်း ပြောလိုက်သည်။ တိုက်ပွဲအတွင်း သူက မူမမှန်မှုတချို့ကို သတိထားမိခဲ့သည်။ စွင်းကျောင်းလုံ သေလုနီးပါးဖြစ်နေသည့်အခါမျိုးတွင် သူ့ခန္ဓာကိုယ်က သူ့ကို ကယ်တင်ဖို့ အလိုလို တုံ့ပြန်လာလိမ့်မည်။
အတိအကျဆိုရလျှင် ထိုအရာက အသက်ရှင်သန်ဖို့ ပြီးပြည့်စုံသော နည်းလမ်းအဖြစ် ဆောင်ရွက်လိုက်ခြင်းသာ ဖြစ်၏။ ဤသည်က သူ့တိုက်ပွဲအလိုလိုသိစိတ်ကြောင့် မဟုတ်ဘဲ ကံကောင်းမှု စွမ်းအားကြောင့်သာ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က သူ့အသက်ရှင်မှုကို သေချာစေဖို့ မမျှော်လင့်ထားသည့် နည်းလမ်း သို့မဟုတ် ကံကောင်းသည့် နည်းလမ်းဖြင့် ဆောင်ရွက်လိမ့်မည်။
ထို့အပြင် သူ့ဝန်းကျင်တွင် ကံကောင်းမှုစက်ကွင်း ရှိနေပြီး သူ့အား ကာကွယ်ပေးထား၏။ နောက်ဆုံးတိုက်ကွက်တွင် လီကျွင်းက ထိုလူ၏ နှလုံးသားကို ဖျက်ဆီးလိုခဲ့သည်။ သို့သော်လည်း သူ့ဓားများက တစ်ခုခုမှားယွင်းသွားကာ နှလုံးသားမှ လမ်းကြောင်းသွေဖယ်သွားသည်။ သူ၏ ထိန်းချုပ်နိုင်စွမ်းနှင့် တိုက်ပွဲအတွေ့အကြုံဖြင့် လီကျွင်းသည် ထိုသို့သော အမှားမျိုးမလုပ်နိုင်ကြောင်း သိထားသည်။
ထို့ကြောင့် ကံကောင်းမှုစွမ်းအားက သူ့အား ကာကွယ်ဖို့ အလိုလိုအသက်ဝင်လာခြင်းသာ ဖြစ်လိမ့်မည်။ အရာအားလုံးအပြင် ပတ်ဝန်းကျင်ကလည်း စွင်းကျောင်းလုံကို အလေးပေးနေလေ၏။
လီကျွင်းက ထိုနေရာရှိ ဝိညာဉ်ဆေးပင်အများစုသည် သူ့အား ဤတိုက်ပွဲအတွင်း ကူညီပေးဖို့ ရှိနေကြောင်း နားလည်လိုက်သည်။
ထို့ကြောင့် သူက ထိုသို့ ဖြစ်ပျက်ခြင်းမှ ကာကွယ်ဖို့ မြေကြီးအား ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ထိုအရာက ဖြုန်းတီးသလို ဖြစ်သွားသော်လည်း သက်ရောက်မှုအရှိဆုံး နည်းလမ်း ဖြစ်၏။ ကံဆိုးသည်က ကံကောင်းမှုစွမ်းအားက အကျိုးအကြောင်း မဆီလျော်ပေ။
လီကျွင်းက စွင်းကျောင်းလုံသည် သူ့ နောက်ဆုံးတိုက်ကွက်အပြီးတွင် လျှို့ဝှက်နယ်မြေတစ်ခုသို့ ဦးတည်နေကြောင်း သတိထားမိလိုက်သည်။ အတိအကျဆိုရလျှင် အထဲရှိ တစ်စုံတစ်ခုက သူ့အား လွတ်မြောက်စေခြင်း သို့မဟုတ် တိုက်ပွဲမှ အနိုင်ရရှိစေခြင်း ဖြစ်လိမ့်မည် ဖြစ်သောကြောင့် သူက အဝင်ဝတွင် တားဆီးလိုက်သည်။
“ ဒီတိုက်ပွဲက အတော်လေးကို စိတ်ပျက်ဖို့ ကောင်းတာပဲ” လီကျွင်းက ပြောလိုက်သည်။
“ အုပ်ချုပ်ရေးတာအိုက ပဲ့တင်ထပ်မှု စည်းမျဉ်းကို အသုံးပြုထားတော့ တိုက်ခိုက်ရေးမှာ အကောင်းဆုံးတာအို ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းက ခန့်မှန်းရလွယ်ကူတယ်။ မင်းရဲ့ လှုပ်ရှားပုံ၊ မူလအဆီအနှစ်အသုံးပြုပုံနဲ့ ဝိညာဉ်စွမ်းအားထိန်းချုပ်မှုမှာ ဟာကွက်တွေ အများကြီးပဲ။ မင်းက ဒီနေ့အထိ အသက်ရှင်နေတာ ကံကြမ္မာသားတော် အစွမ်းကြောင့်ပဲ။ မင်းဆီမှာ ဆိုးဆိုးရွားရွား အလိုလိုသိစိတ်နဲ့ တုံ့ပြန်နိုင်စွမ်း ရှိတယ်။ ဒီနည်းနဲ့ဆိုရင် မင်း တုံ့ပြန်နိုင်တဲ့ နည်းလမ်းက တကယ့်ကို သာမန်ပဲ။ မင်းစိတ်ထဲမှာ ရှိနေတဲ့ မောက်မာမှုကလည်း ဘာမှမကူညီပေးနိုင်ဘူး။
မင်းဆီမှာ တစ်ခုတည်းသောအရာက ချီကံကောင်းမှုအပေါ် နားလည်နိုင်စွမ်းနဲ့ အဲဒီကံကောင်းမှု ကောင်းချီးကို အလားအလာအပြည့်ရအောင် ဘယ်လိုထုတ်သုံးရမလဲဆိုတာရယ် ပြီးတော့ မင်းက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စိတ်တည်ငြိမ်အောင် ထိန်းနိုင်တယ်ဆိုတာရယ်ပဲ။ အနှစ်ချုပ် ပြောရရင်တော့ မင်းရဲ့ တိုက်ပွဲအလိုလိုသိစိတ်က ဆိုးရွားလွန်းတယ်”
စွင်းကျောင်းလုံက ထိုစကားများ ကြားမိပြီးနောက် အရှက်ခွဲခံရသလို ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အံကြိတ်လိုက်ပြီး ထရပ်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း လီကျွင်းက သူ့အား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေလေ၏။
အကယ်၍ ယခင် သူသာဖြစ်ပါက သူသည် စွင်းကျောင်းလုံကို အလွယ်တကူ အနိုင်ပိုင်းနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ ထိုလူက ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ တစ်ယောက်ဖြစ်နေသေးသည် မဟုတ်ပါလော။ ထို့ကြောင့် သူ့စွမ်းအားက မြင်ရသလောက် အားမနည်းပေ။
သို့သော်လည်း လီကျွင်းက ယခုမူ ဂိုဏ်း၏ လျှို့ဝှက်စစ်ဆေးမှုများတွင် ရှင်သန်ပြီး လူအသစ် ဖြစ်လာလေပြီ။ လီကျွင်းက ယခင်နှစ်ထောင်ပိုင်းအတွင်း တွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို ပြန်လည်စဉ်းစားမိသွားသည်။
စစ်ဆေးမှုက တဲ့တိုးဖြစ်ကာ သူသည် သူတော်စင်အလောင်းများစွာဖြင့် တိုက်ပွဲရင်ဆိုင်ခဲ့ရသည်။ သူက နှစ်ခုသာလုပ်ဖို့ လိုအပ်ပြီး သူတို့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော သတ်ဖြတ်ရေးအငွေ့အသက်များကို ခုခံဖို့ ဖြစ်ကာ ဒုတိယအချက်က သူတို့၏ အငြိုးတရား၏ ဆန္ဒသဏ္ဌာန်ပြအမှုကို တိုက်ခိုက်ဖို့ ဖြစ်သည်။ ထိုအလောင်းများတွင် သူတို့ အသက်ရှင်စဉ်က အရည်အချင်းများနှင့် မှတ်ဉာဏ်များ ပါဝင်နေသည်။
ပထမဦးစွာ လီကျွင်းက ထိုစစ်ဆေးမှုမှတဆင့် ကိစ္စများသည် မရိုးရှင်းကြောင်း သဘောပေါက်ခဲ့သည်။ သူတော်စင်၏ အလောင်းများကို ဖြတ်ကျော်ပြီးသည့်နောက်တွင် သူက အစစ်အမှန်အုပ်ချုပ်သူ အပိုင်းသို့ ရောက်ရှိသွားသည်။
သူတို့၏ သတ်ဖြတ်သည့် အရှိန်အဝါကို ခုခံပြီးသည့်နောက်တွင် သူက အစစ်အမှန် အုပ်ချုပ်သူအလောင်း မြောက်များစွာဖြင့် တိုက်ခိုက်ခံရပြီး တစ်ယောက်ချင်းစီအား အနိုင်ပိုင်းခဲ့ရသည်။ ထို့နောက် သူက ဧကရာဇ်တစ်ပိုင်းအပိုင်းသို့ ရောက်ရှိသွားသည်။ ထိုအပိုင်းတွင် သူက ၅ယောက်ကို အနိုင်ယူဖို့ လိုအပ်လေသည်။ ထိုအပိုင်းတွင် လီကျွင်းက အကြိမ်များစွာ လက်လျှော့လိုခဲ့၏။ သူတို့ထုတ်လွှတ်သည့် သတ်ဖြတ်ရေးအငွေ့အသက်က သူ့စိတ်ဆန္ဒအနေဖြင့် ခုခံဖို့အတွက် စွမ်းအားကြီးလွန်းနေသည်။
သို့သော်လည်း သူက ကောင်းကင်ဘုံဗိမာန်ကမ္ဘာအတွင်း မည်မျှအင်အားမဲ့ကာ အကူအညီ မဖြစ်ကြောင်း စဉ်းစားမိသည့်အခါ အံကြိတ်ပြီး သူ့အသက်ကို စတေးပြီး တိုက်ခိုက်ခဲ့သည်။ သူက တိုက်ပွဲအတွင်း ဆင့်ကဲပြောင်းလဲလာကာ သူ့ကန့်သတ်ချက်အား ကျော်လွန်ခဲ့သည်။
အဆုံးသတ်တွင် သူက စစ်ဆေးမှုနှင့် အားထုတ်မှုများစွာ ကြုံတွေ့ပြီးသည့်နောက် အောင်မြင်သွားတော့သည်။
နောက်အဆင့်ကမူ မသေမျိုးအဆင့်များဖြင့် ဖြစ်၏။ လီကျွင်းက သူ့ကိုယ်သူ ထာဝရအရှင်အလောင်းများ၏ တိုက်ပွဲအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက ထိုခန္ဓာကိုယ်များမှ ထုတ်လွှတ်နေသည့် သတ်ဖြတ်ရေးဆန္ဒကို ခုခံရ၏။ ဤသည်က လီကျွင်း ရင်ဆိုင်ဖူးသည့်အထဲ အခက်ဆုံး စိန်ခေါ်မှု ဖြစ်ပေသည်။ ထို့နောက် မျှော်နန်းဆောင်အတွင်း လေ့ကျင့်ခဲ့သည့် အရာများက အသုံးဝင်လာသည်။
သူက အံကြိတ်ကာ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ထဲ ထိုမသေမျိုးအဆင့်၏ စိတ်ဆန္ဒများ ကျူးလွန်သည်ကို တောင့်ခံထားပြီး သူ့တိုက်ပွဲစိတ်ဆန္ဒနှင့် သတ်ဖြတ်ရေးဆန္ဒကို အဆင့်မြင့်သည့်အထိ လေ့ကျင့်ပေးခဲ့သည်။
သူ အောင်မြင်သွားသည်နှင့် နောက်အဆင့်ကမူ ထာဝရအရှင်များ၏ ဆန္ဒသဏ္ဌာန်ပြ တိုက်ပွဲဖြစ်၏။ ကံကောင်းသည်က သူသည် တစ်ဖက်လူကို အနိုင်ပိုင်းဖို့ မလိုအပ်ခဲ့ပေ။ ထိုအစား သဏ္ဌာန်ပြမှုသည် သူနှင့် အဆင့်အတူတူသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူက နည်းစနစ်များ၊ ကျင့်စဉ်များနှင့် တိုက်ပွဲအလိုလိုသိစိတ်များဖြင့် တစ်ဖက်လူအား အနိုင်ပိုင်းခဲ့သည်။
ထို့အပြင် လီကျွင်းက ထိုဆန္ဒသဏ္ဌာန်ပြများသည် သူ့အား တိုက်ပွဲတစ်လျှောက် သင်ပေးခဲ့ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူက ထိုဗဟုသုတများစွာကို တတ်နိုင်သလောက် မြန်မြန်စုပ်ယူလိုက်သည်။ နှစ်ရာချီစမ်းသပ်မှုနှင့် အမှားများ လုပ်ဆောင်ပြီးသည့်အပြီးတွင် သူက တာအိုဘိုးဘေးအဆင့်သို့ သွားရောက်စိန်ခေါ်လိုက်သည်။
လီကျွင်းက အောင်မြင်သွား၏။ သို့သော် ထိုဖြစ်စဉ်အတွင်း သူက သက်တမ်းကို အလွန်အကျွံသုံးကာ အခြေခံအုတ်မြစ် ပျက်စီးလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူက အသက်ရှင်သန်ခဲ့၏။ ထို့နောက် သူက ဤစစ်ဆေးမှု၏ ဆိုးရွားမှုအကြောင်းကို နားလည်သွားသည်။
နောက်ဆုံးအဆင့်တွင် တတိယတန်းစား ဧကရာဇ်အလောင်းများဖြင့် တိုက်ပွဲကို မြင်ခဲ့၏။ ကံဆိုးသည်က သူသည် စက္ကန့်ပိုင်းမျှသာ ခုခံနိုင်လိုက်ပြီး သတိမေ့သွားကာ စစ်ဆေးမှုအပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။
လီကျွင်းက သူ့ဘိုးဘေး တိုက်ပွဲရူးဧကရာဇ်သည် ထိုမဟာဧကရာဇ်များအား သတ်ဖြတ်ခဲ့သည်လား သို့မဟုတ် သတ်ဖြတ်ကွင်းပြင်ကို တွေ့ခဲ့၍ တိုက်ပွဲမျှော်နန်းစင်အဖြစ် ပြောင်းလဲခဲ့သည်လားဟု စစ်ဆေးကြည့်မိနေသည်။ အရိုးသားဆုံးပြောရလျှင် သူက ထိုလူနှင့် ပတ်သက်၍ များစွာ သင်ယူခဲ့ရ၏။ သူ မြင်ခဲ့ရသည့် တချို့သော အလောင်းများကမူ မိစ္ဆာမျိုးနွယ်မှ ဖြစ်သည်။
သမိုင်းကြောင်းမှတ်တမ်းများအရ တိုက်ပွဲရူးဧကရာဇ်သည် ရှေးဟောင်းဧကရာဇ် ခေတ်ကာလ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ကျရှုံးပြီးသည့်နောက်တွင် မိစ္ဆာခေတ်ကာလအတွင်းမှာ ပြန်လည်နိုးထလာသည်ဟု ပြောထားကြသည်။
သူက တာအိုသက်သေပြပြီး ဂိုဏ်း၏ ၅ ယောက်မြောက် ဧကရာဇ်ဖြစ်လာပြီးသည့်နောက် သူက အဆုံးမဲ့လေဟာနယ်အတွင်း ထွက်မသွားခင် မိစ္ဆာနတ်ဘုရားသုံးပါးကို သတ်ခဲ့သည်ဟု မှတ်တမ်းများ ရှိခဲ့သည်။
ထို့ကြောင့် လီကျွင်းက သူ့ဘိုးဘေးသည် မိစ္ဆာမျိုးနွယ်များ အတင်းအကြပ် သိမ်းပိုက်ထားသည့် တခြားသောကောင်းကင်အလိုဆန္ဒမှ မဟာဧကရာဇ်များစွာကို သတ်ဖြတ်ခဲ့သည်ဟု ကောက်ချက်ချလိုက်သည်။ သူ့မွေးရပ်မြေမှ မိစ္ဆာနတ်ဘုရားကို အာရုံမစိုက်သည့်အကြောင်းအရင်းကိုမူ လီကျွင်းက မသိပေ။
ဤသည်က သူ့ကောက်ချက်ချမှုသာဖြစ်ပြီး သက်သေ မရှိပေ။
စစ်ဆေးမှုအပြီးတွင် လီကျွင်းက ဆုလာဘ်များစွာ ရရှိလိုက်သည်။ အကောင်းဆုံးတစ်ခုက စစ်သတ်ဖြတ်ရေး ခန္ဓာကျမ်းဟု ခေါ်သည့် ဧကရာဇ်ကျမ်းတစ်ခုဖြစ်ကာ ထိုကျမ်းသည် သူ့ဘိုးဘေး အစောပိုင်းခေတ်ကာလများတွင် လက်ခံရရှိခဲ့သည့် ကံအပြောင်းအလဲ အခွင့်အရေးတစ်ခု ဖြစ်ကြောင်း သိလိုက်သည်။
ထိုကျမ်းသည် တခြားကမ္ဘာ့အသိုက်အဝန်းတစ်ခုမှ မဟာဧကရာဇ်ဆီမှ စတင်လာခြင်း ဖြစ်၏။ ထို့ကြောင့် သူက သေမျိုးကမ္ဘာတွင် စစ်သူကြီး ဖြစ်ခဲ့ဖူးသည်။ ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းပြီးသည့်နောက်တွင် သူက စစ်တပ်၏ သတ်ဖြတ်ရေး အငွေ့အသက် သဘောတရားကို အသုံးပြု၍ သူ့ကျမ်းကို ဖန်တီးခဲ့သည်။
လီကျွင်းက ထိုကျမ်းသည် သူ့ယခင်အသုံးပြုသည့် ရတနာခန္ဓာ လေ့ကျင့်ရေးကျမ်းထက် ပိုမိုသင့်တော်ကြောင်း သိလိုက်သည်။ ထို့ကြောင့် အကြီးအကဲတန်နှင့် တွေ့ဆုံပြီး သက်တမ်းကိစ္စကို ဖြေရှင်းပြီးသည့်နောက် လီမျိုးနွယ်၏ တာအိုဘိုးဘေးတစ်ယောက်က သူ့အုတ်မြစ်အား ပြန်လည်ပြုပြင်ကာ ပန်းသုံးပွင့် နည်းလမ်းအကြောင်း သင်ကြားပေးခဲ့သည်။ သူက သတ်ဖြတ်ရေးအငွေ့အသက်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးခဲ့၏။
……………………
နောက်ဆုံးတွင် စွင်းကျောင်းလုံက ပြန်လည်မတ်တပ်ရပ်လာသည်။ သူ့ခန္ဓာကိုယ်ရှိ ရွှေရောင်ဂျင်း ဆေးအစွမ်းက သူ့ဒဏ်ရာများအား ကုသပေးသွားသည်။ ကံဆိုးသည်က မရဏချီသည် သူ့ပြန်လည်ကောင်းမွန်နိုင်စွမ်းအား အဟန့်အတား ဖြစ်နေစေ၏။
ထို့ကြောင့် သူက ဝှက်ဖဲများကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။
***