ကျဆင်းနေသော တိုင်းပြည်
Vol. 34 Ch. 474
“ မင်းက ဘာမှမပြောဘူးလား” ကျီစုက မေးလိုက်သည်။
ကံဆိုးသည်မှာ ဝမ်ဝေ့က လျစ်လျူရှုထားပြီး စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်မှ ဓားကိုသာ ဆက်လက်ဆွဲထုတ်နေသည်။ ထိုဖြစ်စဉ်က ညင်သာသည့်အရာတော့ မဟုတ်ပေ။
“ ဧကရာဇ်လမ်းစဉ်က ရက်စက်တယ်ဆိုတာကို မင်းနားလည်သင့်တယ်။ တကယ်လို့ မင်းနဲ့ နီးကပ်တဲ့လူတွေကို မဆုံးရှုံးစေချင်ရင် အစကတည်းက မပါနဲ့” လီကျွင်းက ပြောလိုက်သည်။
“ မင်း ပါးစပ်ပိတ်ထား။ မင်းနဲ့ ဘာမှမဆိုင်ဘူး။ ငါ့ညီလေးက မဖွံ့ဖြိုးခင်မှာ မမျှမတ သေသွားခဲ့ရတာ။ မင်းတို့ရှေ့မှာ သူ့တစ်ဘဝလုံး ရှိရဲ့သားနဲ့ မင်းတို့က သူ့ဆီကနေ ယူသွားခဲ့ကြတာ”
“ မမျှတဘူးတဲ့လား။ ပလ္လင်တိုက်ပွဲမှာ ပါဝင်တဲ့သူတွေထဲမှာ မျှတတဲ့သူဆိုတာ မရှိဘူး” လီကျွင်းက ပြန်လည်ချေပလိုက်သည် “ ပြီးတော့ မင်းတို့လူတွေသာ စကားကိုတည်ပြီး အမှတ်အသားပြားကို ပေးခဲ့မယ်ဆိုရင် ဒီအခြေအနေဖြစ်သွားမှာ မဟုတ်ဘူး။ မင်းတို့က ကတိကျတော့ မထိန်းဘဲနဲ့ မမျှတဘူးဆိုတာပဲ ပြောနေတယ်။ ဟာသလာလုပ်နေတာလား”
ကျီစုက လီကျွင်းအား မျက်လုံးနီဖြင့် ကြည့်လိုက်ပြီး ဝမ်ဝေ့ဆီ အကြည့်ပြောင်းလိုက်သည်။
“မင်းရဲ့ အပြုအမူတွေအတွက် နောင်တ မရဘူးလား”
ဝမ်ဝေ့က မျက်မှောင်အသာကြုတ်လိုက်သည်။ သူက စိတ်ဝိညာဉ်စွမ်းအားဖြင့် ကျီစု၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်လိုသော်လည်း မမြင်ရသည့် စွမ်းအားတစ်ခုက သူ့တိုက်ခိုက်မှုကို ကာဆီးထားလေသည်။
ထို့အပြင် သူက ထိုစွမ်းအားကို မခံစားနိုင်သလို မြင်လည်း မမြင်ရပေ။ ထို့အပြင် သူက တစ်ဖက်လူ မတုံ့ပြန်နိုင်ခင် သတ်နိုင်ဖို့ တွက်ချက်မှုတချို့ကို လုပ်ခဲ့၏။ သို့သော်လည်း သူ တွက်ချက်ရသမျှ အခြေအနေများထဲတွင် ထိုမမြင်ရသည့် စွမ်းအားတစ်ခုက သူ့အား တားဆီးနေလေ၏။
“ ငါ နောင်တရတော့ရော ဘာအရေးပါလို့လဲ” ဝမ်ဝေ့က လေထဲတွင် ရေးသားလိုက်သည်။
“ မင်းက ဘာကိုပြောချင်တာလဲ”
“ မင်းလက်တွေလည်း သွေးစွန်းနေပေမဲ့ နောင်တတော့ ဘယ်တော့မှ မရခဲ့ဘူးလေ။ ငါက ဘာလို့ နောင်တရရမှာလဲ။ မင်းလက်ရှိအခြေအနေက အမုန်းတရားကြောင့် ဖြစ်လာတယ်ဆိုရင် အရေးပါလို့လား”
ကျီစုက ရုတ်တရက် ငြိမ်သက်သွားပြီး ပြောလာသည် “ မင်း မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ညီလေးအတွက် လက်စားချေရမှာပဲ”
ထို့နောက် သူက ဓားကို ထုတ်ကာ နှလုံးသားအတွင်း ထိုးစိုက်လိုက်သည်။
ကျီစုက သွေးအန်လိုက်ပြီး သူ့အသက်ဓာတ်က ဖြည်းဖြည်းချင်း လွင့်ပြယ်သွားလေ၏။ သူက သူ့ညီလေးအကြောင်းတွေးကာ ပြုံးလိုက်သည်။ ကျီစုက သူ့အင်အား၊ ကန့်သတ်ချက်နှင့် ပြစ်ချက်များကို ကောင်းကောင်းသိထားသည့် လူမျိုးဖြစ်၏။
ထို့ကြောင့် သူ စတင်ကျင့်ကြံသည်နှင့် သူသည် ပါရမီ မရှိသလို မဟာဧကရာဇ်ဖြစ်လာဖို့ ရည်မှန်းချက်လည်း မရှိပေ။ ပြောရလျှင် အားလုံးက မသေမျိုးဘဝကို လိုချင်သည့် ဆန္ဒရှိကြသည်မျိုး မဟုတ်ပေ။
ဧကရာဇ်လမ်းစဉ်က ရှည်လျားကာ ရက်စက်ပြီး သွေး၊ သေခြင်းတရားနှင့် အထီးကျန်မှုများ ပြည့်နှက်နေသည့် လမ်းစဉ်တစ်ခု ဖြစ်သည်။ ထိုပလ္လင်ပေါ်တွင် ထိုင်ပြီးသည့်နောက်တွင် ဂုဏ်ကျက်သရေ၊ ချမ်းသာမှု၊ အာဏာနှင့် ထာဝရကြာရှည်မှုတို့ကို ရယူနိုင်လေသည်။ သို့သော်လည်း လူများစွာက သူတို့ကျင့်ကြံရေးခရီးစဉ် စတင်လျှောက်လှမ်းသည့် လူလိုမျိုး ကျန်ရှိမည် မဟုတ်ပေ။ နောက်ဆုံးအနိုင်ရရှိသူက သူတို့၏ လူသားဆန်စိတ်၊ ကျင့်ဝတ်နှင့် မိတ်ဆွေများ၊ ချစ်မြတ်နိုးရသူများကိုပင် စတေးခဲ့ရလိမ့်မည်။
ထို့ကြောင့် ပလ္လင်သည် အဆုံးမဲ့လေဟာနယ်အတွင်း အလိုလားဆုံး နေရာဖြစ်နေသော်လည်း လူတိုင်းက ပါဝင်ယှဉ်ပြိုင်လိုကြခြင်း မဟုတ်ပေ။ ကျီစုကလည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်၏။
ထို့ကြောင့် သူက ကျီစုန့်ကို ပထမဆုံးအကြိမ် ထွေးပွေ့ထားစဉ်အခါက သူ့စိတ်အတွင်းဆုံးမှ ဆန္ဒကို နားလည်လိုက်သည်။ သူက ဤကြီးမြတ်လှသည့် ပြိုင်ပွဲအတွင်း ခေါင်းဆောင် မဟုတ်ဘဲ ထောက်ပံ့ပေးသည့်နေရာမှ ကူညီပေးလိုသည်။
ဤသည်က ပြီးပြည့်စုံသည့် နေရာတစ်ခုဖြစ်၏။ သူက စစ်ဆေးမှုများ၊ စမ်းသပ်ချက်များကို ဖြတ်ကျော်စရာမလိုဘဲ တစ်ရက်တွင် မသေမျိုးဘဝကို ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် သူက သူ့ညီလေး မဟာဧကရာဇ်ဖြစ်လာဖို့အတွက် တစ်ဘဝလုံး မြှုပ်နှံထားခဲ့သည်။ သူက အကူအညီဖြစ်နိုင်မည့် နည်းဗျူဟာအပေါ်ကိုသာ အာရုံစိုက်ထားခဲ့သည်။
ကျီစုက သူ့ညီလေးအား ပျော်ရွှင်သည့် ကလေးဘဝရအောင် လုပ်ပေးခဲ့သည်။ အကြမ်းခံပုဆိန်ရုပ်ခန္ဓာဖြင့် မွေးဖွားလာသည့် ကောင်းကင်ရွေးချယ်ခံ တစ်ယောက်အနေဖြင့် ကျီစုန့်အား လူများစွာက ချီးကျူးကြသလို မျှော်လင့်ချက်များစွာလည်း ထားရှိကြသည်။
ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ကြီးထွားလာရခြင်းက ကလေး၏ စိတ်အခြေအနေကို သက်ရောက်မှုရှိလာစေလိမ့်မည်။ သူ့တွင် ပျော်ရွှင်သော ကလေးဘဝရှိခဲ့သည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ကျီစုကြောင့်သာ ဖြစ်၏။
သူက ကျီစုန့်အပေါ် မျှော်လင့်ချက်၊ ရည်မှန်းချက်၊ အိပ်မက်နှင့် မပြသခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ ကျီစုက သူ့ညီလေးက ညီငယ်တစ်ယောက်လိုသာ ဆက်ဆံခဲ့၏။
ထိုစဉ် ကျီစုက သူသည် သူ့ညီလေးစိတ်အခြေအနေကြောင့် လုပ်သည်လား သို့မဟုတ် သူ့အား ပိုမိုကောင်းမွန်စေသည့်ဘဝ ရှိစေလိုသည့်အတွက်လား မသဲကွဲတော့ပေ။
ကျီစုက ကျီစုန့်တစ်ယောက် ချီကံကောင်းမှု စစ်ဆေးပွဲအတွင်း ရှုံးနိမ့်ပြီးသည့်နောက်တွင် သူ့ညီငယ် ခန္ဓာကိုယ်လေ့ကျင့်ဖို့အတွက် မည်မျှရုန်းကန်ခဲ့ရသည်ကို ကြည့်ခဲ့ရသည်။ သူ့ညီလေးသည် ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ နာကျင်ခံစားနေရသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
သူ့တစ်စိတ်တစ်ပိုင်းက ကျီစုန့်အား ပြိုင်ပွဲကို လက်လျှော့ပြီး ဘဝကို သာမန်ဖြတ်သန်းဖို့ ဖျောင်းဖျလိုလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ရုပ်ခန္ဓာဖြင့် သူသည် နှစ်သန်းချီကြာ နေထိုင်ပြီး ကြီးမြတ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည်။
ကံဆိုးသည်က ထိုအရာက အသုံးမဝင်ကြောင်း သိလိုက်သည်။ ကျီစုန့်က သူ့လိုမျိုး မဟုတ်ဘဲ ရည်မှန်းချက်၊ ပါရမီနှင့် အလားအလာရှိလေသည်။ ထို့အပြင် တိုင်းပြည်တစ်ခုလုံးကလည်း သူ့အပေါ် မှီခိုအားထားနေကြ၏။
ထို့ကြောင့် ကျီစုက သူ့အား လှုံ့ဆော်ကာ ထောက်ပံ့ပေးခဲ့သည်။ သူက ကျီစုန့်၏ စိတ်အခြေအနေ၊ တာအိုနှလုံးသားအပေါ် သက်ရောက်ခြင်းမခံရအောင် သေချာအောင် လုပ်ပေးခဲ့သည်။
ထို့နောက် ကံကြမ္မာငင်သည့် နေ့ရက်တစ်ခု ကျရောက်လာခဲ့သည်။ ကျီစုအနေဖြင့် တစ်စုံတစ်ယောက်က သူ့ညီငယ်လေးအား လူသန်းချီရှေ့တွင် အစိတ်စိတ်အမြွာမြွာ လုပ်ကာ ဆေးလုံးအဖြစ် ဖော်စပ်သည်ကို ကြည့်နေခဲ့ရ၏။ ပို၍ဆိုးရွားသည်က သူ့အဖေနှင့် မဟာကျိုးတိုင်းပြည်က ဘာမှမလုပ်ပေးခဲ့ကြပေ။
သူတို့က သူ့ညီငယ်ကို သတ်ဖြတ်သူထံ ကျေနပ်စေဖို့ ခေါင်းများသာ ငုံ့ထားခဲ့ကြသည်။ ထိုအပြုအမူက ကျီစုအတွက် လက်မခံနိုင်ပေ။ ထို့ကြောင့် ကျီစုက အားလုံးကို ချုပ်ကိုင်ခဲ့၏။
ကျီစုက နှုတ်ခမ်းမှ သွေးများ စီးကျလာကာ ဝမ်ဝေ့အား အနိုင်ရသည့်ပုံစံအဖြစ် ပြုံးပြလိုက်သည်။
လီကျွင်းက ရှေ့တစ်လှမ်းတက်လာကာ သူ့အစ်ကိုကြီးရှေ့မှ နေကာ ကာကွယ်ပေးလို၏။ သို့သော်လည်း သူ့အစ်ကိုကြီး၏ တည်ငြိမ်သည့် အမူအရာကို မြင်တွေ့ပြီးသည့်နောက်တွင် သူက ရပ်တန့်လိုက်ပြီး ဘေးနားမှသာ စောင့်ကြည့်နေလေသည်။
ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်အထက် အနက်ရောင် အမှတ်အသားများ စတင်ပေါ်ထွက်လာသည်။ သူက ကြည့်နေရင်း သူ့ရှေ့တွင် စကားလုံးပေါ်ထွက်လာ၏ “ ကျိန်စာလား။ ဒီဟာက မင်းရဲ့အငြိုးတရားကို ဖြေဖို့ လုံလောက်တယ်လို့ ထင်နေရင် အမှားကြီးမှားသွားပြီ”
ကျီစုက အရူးတစ်ယောက်လို ရယ်မောရင်း ပြန်ဖြေလိုက်သည် “ မဟုတ်ဘူး။ ဒါက မလုံလောက်မှန်း သိတယ်။ ငါက ငါ့ရန်သူကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ဘူး။ မင်းလိုမျိုး မကောင်းဆိုးဝါးဆိုရင် ပြောဖို့တောင် မလိုဘူး”
ထို့နောက် သူက သိုလှောင်လက်စွပ်အတွင်းမှ အဆောင်တစ်ခုကို ချေမွလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အဝေးတစ်နေရာမှ ဧရာမရောင်စုံနဂါး တစ်ကောင် ထွက်ပေါ်လာသည်ကို အသင်္ချေအင်ပါယာကမ္ဘာရှိ ကျင့်ကြံသူအားလုံးက မြင်တွေ့လိုက်ရသည်။
ထိုနဂါးက ကောင်းကင်ဆီ နာကျင်မှု၊ ဝမ်းနည်းမှုနှင့် ဝန်လေးမှုအပြည့်ဖြင့် အော်မြည်းလိုက်သည်။ ထို့နောက် ထိုအရာက အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားပြီး အလင်းပြောက်များ ဖြစ်သွားလေသည်။
“ ဒါက မဟာကျိုးတိုင်းပြည်ရဲ့ ချီကံကောင်းမှုနဂါးပဲ” လီကျွင်းက ပြောလိုက်သည် “ မင်း ဘာလုပ်လိုက်တာလဲ”
သူ့စကားများက မပြီးဆုံးခင် ဝမ်ဝေ့၏ ခန္ဓာကိုယ်အထက် အနက်ရောင် အစက်အပြောက်များက ခရမ်းရောင်ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်၏ ၉၀ ရာခိုင်နှုန်းကျော်အထိ ပျံ့နှံ့သွားသည်။
လီကျွင်းက ထိုအရာကို မြင်တွေ့ပြီးသည့်နောက်တွင် အမူအရာက လေးနက်လာ၏။ သို့သော် သူ မတုံ့ပြန်နိုင်ခင် ဝမ်ဝေ့က ကျီစုရှေ့တွင် ပေါ်ထွက်လာသည်။ သူ့အလိုလိုသိစိတ်က ထိုလူသည် ကာကွယ်ပေးခြင်းမခံရတော့ကြောင်း ပြောပြနေလေ၏။ သူက ထိုလူ၏ ခေါင်းကို ဆုပ်ကိုင်ကာ ကမ္ဘာဦးစိတ်ဝိညာဉ်အား ရှာဖွေလိုက်သည်။
အမုန်းတရားကျိန်စာလား… ဒါက လူတစ်ယောက်ရဲ့ တည်ရှိမှုအထိ သက်ရောက်နိုင်တဲ့ နောက်ထပ်ကျိန်စာတစ်မျိုးလား။ ဒါက တူညီတဲ့ ဖန်တီးသူဆီကပဲ ဖြစ်ရမယ်…
သူက ကိစ္စများစွာကို နားလည်ထားသည်။ ကျီစုသည် မဟာကျိုးတိုင်းပြည်တစ်ခုလုံး၏ ကံကောင်းမှုကို စတေးပြီး ကျိန်စာအား စုယာလုပ်သကဲ့သို့ မြင့်မားသည့် အဆင့်အထိ တိုးမြှင့်နိုင်ခဲ့သည်။
ကံကောင်းစွာဖြင့် သူက လင်းဖန် မဟုတ်ပေ။
ရုတ်ချည်းဆိုသလို ဝမ်ဝေ့က နှစ်ပိုင်းကွဲထွက်သွားပြီး တစ်ခုက အမှတ်အသားများရှိကာ တစ်ခုကမူ အကောင်းအတိုင်း ဖြစ်၏။
အရိုးကိုယ်ပွား
သူ ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ လေ့ကျင့်ခဲ့သည့် စွမ်းရည်တစ်ခုက ကျိန်စာ၊ ထူးဆန်းကာ မခန့်မှန်းနိုင်သည့် စွမ်းရည်တချို့ကို ကူးပြောင်းပေးနိုင်သည့် စွမ်းရည်ဖြစ်၏။
ထို့ကြောင့် သူက ထိုစွမ်းရည်ကို သုံးကြိမ်မျှသာ အသုံးပြုဖူးသည်။ ပထမတစ်ကြိမ် ကျရှုံးခဲ့သည်မှာ သူ့ရန်သူကလည်း သူ့လိုမျိုး တူညီသည့် စွမ်းရည်ရှိနေပြီး မည်သို့ ပယ်ဖျက်ရမည်ကို နားလည်ထား၍ ဖြစ်သည်။ ဒုတိယအကြိမ်ကမူ သူ့အသက်ကို ကယ်တင်ခဲ့နိုင်သည်။
ကံကောင်းစွာဖြင့် ဤတစ်ကြိမ်သည်လည်း သူ့ကို ကယ်တင်ခဲ့လေသည်။
ထို့အပြင် သူက ချီကံကောင်းမှုနဂါးကို မြင်လိုက်သည်နှင့် ဖြစ်နိုင်ချေရလဒ်ကို စဉ်းစားပြီးသားဖြစ်၏။ သူက လင်းဖန် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံထားရသည်။ ထို့ကြောင့် သူက သူ့ချီကံကောင်းမှုနဂါးကို အနက်ရောင် အခြေအနေပြောင်းလဲလိုက်ပြီး သူ့အပေါ် ထိုကံကောင်းမှု၏ သက်ရောက်မှုကို လျှော့ချဖို့ လုပ်ဆောင်လိုက်သည်။
ဒုတိယအနေဖြင့် သူက အမွေခံသားတော် အဆင့်အတန်းကို အသုံးပြုကာ တာအိုအခွင့်အလမ်းဂိုဏ်း၏ ချီကံကောင်းမှုနှင့် ဆက်နွယ်လိုက်ပြီး မဟာကျိုး၏ ချီကံကောင်းမှုအများစုကို တားဆီးလိုက်သည်။
သူက ချီကံကောင်းမှုနဂါးသည် သူ့အား ခုခံခြင်းမရှိ စွမ်းအားအကုန် ငှားပေးထားသည်ကို ခံစားမိလိုက်သည်။ ကြည့်ရသည်မှာ သူ့အဖေက သူ့အား ထိုခွင့်ပြုချက် ပေးထားဟန်ပေါ်သည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သူသည် ဘေးမကင်းသေးကြောင်း သိလိုက်သည်။ သူက ကျီစု၏ အလောင်းဘေးတွင် တင်ပျဉ်ခွေထိုင်ကာ တုယီနယ်ပယ်အပေါ် အာရုံစိုက်ထားလိုက်ပြီး တည်ရှိမှုကို ကာကွယ်ဖို့ လုပ်ဆောင်လိုက်သည်။
………..
မဟာကျိုးတိုင်းပြည်
“ ရှင်တို့က လုပ်ရဲတယ်လား” မိန်းမလှတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ ထိုအသံ၏ အားကောင်းမှုကြောင့် အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခုလုံးကိုပင် အနည်းငယ် လှုပ်ခါသွားစေသည်။
ထို့နောက် လျှို့ဝှက်ဆန်းကြယ်ကာ အမည်မသိ စွမ်းအားတစ်ခုက ပေါ်ထွက်လာကာ ချီကံကောင်းမှု လုံးဝပျောက်ကွယ်သွားခြင်းမှ ကာကွယ်ပေးထားသည်။
ထို့နောက် တိုင်းပြည်အထက် ဝေဟင်ထဲတွင် လူအယောက်သုံးဆယ် ပေါ်ထွက်လာ၏။ ထိုလူများအထဲမှ ငါးယောက်က မဟာတာအို၏ တမန်တော်ဖြစ်သည့်အလား သူတို့၏ ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထုတ်လွှတ်နေသည်။
ကျန်သည့်သူများကမူ သူတို့၏ ခန္ဓာကိုယ်မှ မသေမျိုး အလင်းပြောက်များ ထွက်ပေါ်နေပြီး မြင့်မြတ်မှုကို ပြသနေသည်။
ထိုကျင့်ကြံသူ အယောက်သုံးဆယ်က နှစ်ဖွဲ့ကွဲနေပြီး အကုန်လုံးက နဂါးဝတ်ရုံကို ဝတ်ဆင်ထားကြသည်။ အဖွဲ့တစ်ယောက်တွင် တာအိုဘိုးဘေး သုံးယောက်နှင့် ထာဝရအရှင် ၁၇ ယောက်ပါရှိကာ အဖွဲ့ငယ်ဘက်တွင် တာအိုဘိုးဘေး နှစ်ယောက်နှင့် ထာဝရအရှင် ရှစ်ယောက် ပါရှိသည်။
“ ရှင်တို့က ဘာလို့ အဲ့လိုလုပ်ရတာလဲ” တာအိုဘိုးဘေး တခြားနှစ်ယောက်ကို ဦးဆောင်လာသည့် အမျိုးသမီး တာအိုဘိုးဘေး က မေးလိုက်သည်။
“ ငါတို့ ဘာလို့လုပ်တယ်ဆိုတာ မင်းလည်း သိပါတယ်” ခရမ်းရောင်မျက်ဝန်း တာအိုဘိုးဘေးက ပြန်ဖြေလိုက်သည်။ သူက ပုန်ကန်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်ပုံပေါ်၏။
“ နှစ်သန်းထောင်ချီ ကျင့်ကြံရေးမှာ ဘာမှမတိုးတက်လာတာက ရက်စက်နေသလိုပဲ” သူက သက်ပြင်းချကာ ပြောလိုက်သည်။
“ ဟုတ်တယ်။ အခုတိုင်းပြည်ရဲ့ ကံကောင်းမှုက ကွဲကြေသွားပြီဆိုတော့ မဟာကျိုးကလည်း ပျောက်ကွယ်သွားပြီ။ အခုငါတို့အားလုံး လွတ်လပ်သွားပြီ”
ကျီရှစ်ရန်က အံကြိတ်လိုက်ပြီးနောက် ထိုသစ္စာဖောက်များအား ကြည့်လိုက်သည်။
တကယ်ကို ဉာဏ်နည်းတဲ့ အိမ်ရှေ့စံပဲ…
သူမက ကျီစု၏ အလောင်းအား လှမ်းကြည့်လိုက်သည်။ ထို့နောက် ဝမ်ဝေ့အား မြင်တွေ့ပြီးသည့်နောက်တွင် သူမက အခြေအနေသည် မည်သို့ဖြစ်လာကြောင်း နားလည်သွားလေ၏။ မဟာကျိုးတိုင်းပြည်တစ်ခုလုံးသည် တခြားတစ်ယောက်၏ တားမြစ်ခံစစ်ဆေးမှုတွင် နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချခံခဲ့ရသည်။
သူမ အသက်ရှင်နေခဲ့သလောက် “ ကောင်းကင်တာအိုက ရက်စက်ပြီးတော့ သက်ရှိအားလုံးကို ညီတူညီမျှဆက်ဆံတယ်” ဟူသော စကားကို နားလည်လိုက်သည်။
တစ်ခုတည်းသော ခြွင်းချက်မှာ ဒုတိယတန်းစားအဆင့်နှင့်အထက် မဟာဧကရာဇ်များသာ ဖြစ်၏။ မဟုတ်ပါက မည်သူကမှ ထိုရက်စက်သည့်အချက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့လိုမျိုး ထာဝရသက်ရှိများပင် အပါအဝင် ဖြစ်၏။
ကျီရှစ်ရန်က သစ္စာဖောက်များအား ကြည့်ကာ ဘာမှမပြောပေ။ သူမက အရေအတွက်နှင့်ပင် တိုက်ပွဲအင်အားက လိုအပ်နေကြောင်း နားလည်ထားသည်။ ထို့ကြောင့် ကျီရှစ်ရန်က သူမနောက်မှ လူများအား ကြည့်ကာ ပြောလိုက်၏ “ တိုင်းပြည်ကံကောင်းမှုကို သွားပြီးတော့ ပြန်လည်ဖွဲ့စည်းချည်”
ထို့ကြောင့် ကျန်ရှိနေသည့် ထာဝရကျင့်ကြံသူ အယောက်နှစ်ဆယ်က သူတို့၏ စွမ်းရည်ဖြင့် အရမ်းနောက်မကျခင် ကံကောင်းမှုကို ပြန်လည်ဖွဲ့စည်းလိုက်ကြသည်။ သို့သော်လည်း သူတို့က မဟာကျိုးတိုင်းပြည်သည် လူလုပ်နှင့် သဘာဝကပ်ဘေးများကို ခံစားရမည်ဖြစ်ကြောင်း သိလိုက်ရသည်။ အကြောင်းမှာမူ ကံကောင်းမှု ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။
ကျန်ရှိနေသည့် လူဆယ်ယောက်အတွက်ကမူ ဝင်မစွက်ဖက်ပေ။ ထိုအစား သူတို့က ဤကမ္ဘာတွင် မတည်ရှိဖူးသကဲ့သို့ ပျောက်ကွယ်သွားကြ၏။
ထိုစဉ် နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဖြူဖျော့နေသည့် မျက်နှာဖြင့် မျက်လုံးပွင့်လာသည်။ သူက ကျီစု၏ အလောင်းအားကြည့်ကာ စဉ်းစားလိုက်၏။
ဒါဆိုတော့ သူက တကယ့်စစ်ဆေးမှု မတိုင်ခင်မှာ ငါ့ကို အားနည်းအောင် လုပ်ဖို့ နယ်ရုပ်သက်သက်ပဲကို။ နှမြောစရာကောင်းလိုက်တာ…
***