ရည်မှန်းချက်
Vol. 34 Ch. 475
ဝမ်ဝေ့က ကိစ္စများအား ပိုမိုရိုးရှင်းစေလိုသည့်အတွက် ကျီစုအား သူ့စမ်းသပ်ချက် ဖြစ်လိုခဲ့သည်။ ကံဆိုးသည်က သူ့ကံဆက်နွယ်မှုက အတူတူသာ ဖြစ်နေသေး၏။ မည်သို့ပင်ဆိုစေကာမူ သူက ဤအတွေ့အကြုံမှ ကိစ္စတချို့ကို သင်ယူခဲ့ရသည်။
နမူနာအားဖြင့် သူ့အနေနှင့် ဓားမော့ကိုင်ဆောင်သူသည် ကောင်းကောင်းသိသည့်သူ မဟုတ်ဘဲ သူ့အပြုအမူများကြောင့် ရှိလာသူဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် သူက ဤထင်မြင်ချက်ကို အသုံးပြုပြီး ရှာဖို့ရာ ပြင်ဆင်ထားသည်။
ဒုတိယအနေဖြင့် သူသည် အမုန်းတရားကျိန်စာသည် သွေးမျိုးဆက်ကျိန်စာနှင့် တူညီသည့် အရင်းအမြစ်များ ဖြစ်ကြောင်း သင်ယူခဲ့ရသည်။ ထိုဖန်တီးသူ၏ ရည်ရွယ်ချက်က လူများအား ကျင့်ကြံဆင့် မည်မျှဖြစ်စေကာမူ တန်ကြေးပေးသရွေ့ သူတို့၏ ရန်သူကို သတ်ဖြတ်ဖို့ အခွင့်အရေးပေးလိုခြင်း ဖြစ်၏။
ဤအတွေ့အကြုံအပြီးတွင် သူက ကျိန်စာကို လေ့လာဖို့ ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် သူတို့ကို တားဆီးဖို့ နည်းလမ်း ဖြစ်၏။ ထို့အပြင် သူက အရိုးကိုယ်ပွားစွမ်းရည်ကို တိုးမြှင့်ဖို့ အချိန်များစွာ ယူခဲ့ရသည်။ ဤအံ့ဖွယ်စွမ်းရည်က သူ့အသက်ကို အန္တရာယ်အများဆုံး အခြေအနေများမှ ကာကွယ်ပေးနိုင်သည်။
“ စွင်းကျောင်းလုံက ဘယ်မှာလဲ” ဝမ်ဝေ့က လက်ဟန်ပြကာ မေးလိုက်သည်။
“ ကျွန်တော် အစ်ကိုကြီးကို ကာကွယ်နေတုန်း သူ ထွက်ပြေးသွားတယ်။” လီကျွင်းက ပြန်ဖြေလိုက်သည် “ သူမ အရမ်းအားကောင်းတဲ့ လေဟာနယ်ဖြိုခွင်းရေးအဆောင် ရှိတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တစ်နေရာအား လှမ်းကြည့်လိုက်သည်။ သူက ကိုယ်ပွားကို ဂိုဏ်းဆီ မပို့ဆောင်ခင် အသစ်ပုန်းအောင်းရာနေရာကို ဦးတည်လိုက်၏။ သူက မဟာကျိုးအခြေအနေနှင့် ပတ်သက်၍ သိချင်နေမိသည်။
ဝမ်ဝေ့က သူ့အဖေသည် ထျန်းဝေ့တောင်ထိပ်၌ စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရသည်။
“ မင်း အိမ်ပြန်လာသင့်တယ်။ မင်းအမေက အရမ်းကို စိတ်ပူနေတယ်”
“ တကယ်လို့ အဖေတို့ သုံးယောက်လုံး အဲဒီစာရင်းကို မသုံးဘူးလို့ ကျိန်ဆိုမယ်ဆိုရင် ကျွန်တော်အိမ်ပြန်လာမှာပေါ့”
ဝမ်ထျန်းက တိတ်ဆိတ်သွားကာ ပြောလိုက်သည် “ အနည်းဆုံးတော့ မင်းရဲ့ကိုယ်ပွားကို သူမနဲ့ သွားတွေ့လိုက်ဦး”
“ ကောင်းပါပြီ”
ထိုစဉ် ဝမ်ဝေ့က အချိန်သည် သူ့ဘက်တွင် မရှိကြောင်း သိထား၍ မိသားစုကို စိတ်တိုနေ၍ အကျိုးမရှိပေ။ သူ သိထားသလောက် သူ့ကို မြင်တွေ့နိုင်ရသည့်အချိန်က ကန့်သတ်ချက်နှင့်သာ ဖြစ်၏။
သူက ဤစစ်ဆေးမှု ကျရှုံးသွားလျှင် သံသရာထဲ ဝင်ရောက်ဖို့ ကြိုးစားမည် ဖြစ်သော်လည်း အောင်မြင်နှုန်းအား အာမခံချက် မရှိပေ။ အကယ်၍ သူ အောင်မြင်ပါက နှစ်သန်းချီကြာ မဟုတ်လျှင်ပင် နှစ်များစွာအထိ သူတို့ကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
“ မဟာကျိုးမှာ ဘာဖြစ်သွားတာလဲ”
သူက မသေမျိုးအဆင့် ကျင့်ကြံသူများ၏ တည်ရှိမှုကို ခံစားမိသော်လည်း သူတို့၏ စကားဝိုင်းကို မကြားရပေ။ သူက ကျိန်စာပိတ်ဆို့ဖို့သာ အာရုံစိုက်ထားခဲ့၏။
ဝမ်ထျန်းက လွတ်လပ်ခွင့်ကို ရယူလိုသည့် လူများ၏ ပုန်ကန်မှုအကြောင်းနှင့် ပတ်သက်၍ အားလုံးကို ရှင်းပြလိုက်သည်။
“ သူတို့က မဟာဧကရာဇ်တွေ သွားတဲ့နေရာကို သွားချင်ကြတဲ့ပုံပဲ။ အဲဒါက သူတို့ရဲ့ အဆင့်ပိုမြင့်မားဖို့ ပြီးပြည့်စုံတဲ့ နေရာတစ်ခုပဲ” ဝမ်ထျန်းက ပြောလိုက်သည်။
ဝမ်ဝေ့က မေးလိုက်၏ “ ကျွန်တော်တို့ဂိုဏ်းလည်း အဲလိုစိတ်ပူသင့်တာ မဟုတ်ဘူးလား”
“ အဲလိုတော့ မဟုတ်ဘူး။ ငါတို့ရဲ့ ဧကရာဇ်တွေက မသေမျိုးအဆင့် ကျင့်ကြံသူတွေကို ကူညီပေးနိုင်တဲ့ အရင်းအမြစ်နဲ့ လျှို့ဝှက်နယ်မြေတွေ ချန်ထားခဲ့တယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်က အဲဒီနေရာလောက် မကောင်းဘူးဆိုပေမဲ့ တိုးတက်နိုင်ပါသေးတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဂိုဏ်းများသည် ပင်ကိုအဆင့်နှင့်အထက် ရတနာများကို အဘယ်ကြောင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားလဲ နားလည်သွားသည်။ ထိုအရင်းအမြစ်များက တာအိုဘိုးဘေးနှင့် ထာဝရအရှင်များအတွက် ဖြစ်ပြီး သူတို့သည် မဟာကျိုးမှ လူများကဲ့သို့ ပုန်ကန်မည့် အတွေးမျိုး ဖြစ်မလာနိုင်စေရန် ဖြစ်၏။
“ ဒီလိုဆိုရင် တစ်ခုခုဖြစ်ခဲ့ရင် စောင့်ကြည့်နေသင့်တယ်” ဝမ်ဝေ့က သတိပေးလိုက်သည်။ ထို့နောက် နှစ်ဦးသားက အိမ်သို့ပြန်သွားလိုက်ကြ၏။ ယုယန်က သူ့သားကို မြင်ရသည့်အတွက် ပျော်နေလေသည်။ သူက ခေါင်းကြောမာကာ ဒေါသထွက်နေဆဲဖြစ်လျှင် အနည်းဆုံးနှစ်ရာချီတိုင် တွေ့နိုင်မည် မဟုတ်ကြောင်း သိထားလေသည်။
ကိုယ်ပွားက သူ့အမေကို တွေ့ဆုံပြီးသည့်နောက်တွင် လီကျွင်းနှင့် စုအိုက်ဆီ သွားရောက်တွေ့ဆုံလိုက်သည်။ သူမက ကိုယ်ဝန်ဆောင်နေသော်လည်း အစောပိုင်းကာလဖြစ်၍ သာမန်သာ ဖြစ်နေသေးသည်။ သူမ၏ သွေးမျိုးဆက်နှင့် ဂိုဏ်း၏ အရင်းအမြစ်များဖြင့် ထိုကလေးသည် နောက်နှစ်ရာချီတိုင် ကမ္ဘာကြီးနှင့် ထိတွေ့ရမည် မဟုတ်ပေ။
ချက်ချင်းဆိုသလို ဝမ်ဝေ့၏ ကိုယ်ပွားနှင့် လီကျွင်းတို့က တိုက်ပွဲမျှော်စင်သို့ သွားကာ တိုက်ခိုက်လိုက်ကြ၏။ ဝမ်ဝေ့က လီကျွင်း၏ တိုက်ပွဲအလိုလိုသိစိတ်နှင့် အရည်အချင်းများအား စမ်းသပ်လိုကာ ကိုယ်ပွားအား သူနှင့်အဆင့်တူ ရုပ်ပိုင်းဆိုင်ရာခွန်အား၊ မူလအဆီအနှစ်နှင့် ဝိညာဉ်စွမ်းအားတို့ကို ပေးအပ်လိုက်သည်။
ရလဒ်က သူသည် ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားလေသည်။ လီကျွင်းက သူ့အား အလျင်အမြန် ဖျက်ဆီးပစ်ခဲ့၏။ သူ့ကံကြမ္မာတာအိုက သတ်ဖြတ်ရေးတာအိုထက် ပိုမိုအားကောင်းနေသည့်အချက်ကြောင့် အရေးသာချက်ပေးထားသည့် အခါတွင်ပင် ဖြစ်၏။
လီကျွင်း၏ တစ်ဖက်လူအပေါ် ဟာကွက်များကို မြင်တွေ့နိုင်ပြီး အလိုလိုသိစိတ်ပေါ် တိုက်ခိုက်နိုင်ပြီး နည်းစနစ်များ၊ မန္တန်များများကို အလားအလာအပြည့် ထုတ်သုံးနိုင်ခြင်း၌ ဝမ်ဝေ့က ပြိုင်ဘက် မဟုတ်ပေ။
ဝမ်ဝေ့က မျှော်နန်းဆောင်၏ အကူအညီဖြင့် သူတို့၏ တိုက်ပွဲအတွင်း တိထျန်းနှင့် တိုက်ပွဲအလိုလိုသိစိတ်ကြားကို အမှီလိုက်နိုင်မည်ဟု တွေးခဲ့မိသည်။ သို့သော်လည်း သူက လီကျွင်းနှင့် တိုက်ခိုက်ပြီးသည့်နောက်တွင် မှားယွင်းနေကြောင်း နားလည်သွား၏။
သူက တိုက်ပွဲကို အပြန်အလှန် သုံးသပ်ကာ အသစ်များကို လေ့လာခဲ့သည်။ ယခင်က တိထျန်းသည် အတော်လေး ချုပ်ထိန်းထားခဲ့၏။ သူ့ လှုပ်ရှားမှုများအပေါ် မူတည်၍ ဝမ်ဝေ့သည် ထိုလူက သူတို့၏ တိုက်ပွဲအတွင်း တစ်စုံတစ်ခုကို ဆက်တိုက်ရှာဖွေနေကြောင်း သိလိုက်သည်။
သူက ဝူဟုန်သည် ရုတ်တရက် ပေါ်ထွက်လာကာ သူ့အား ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေသည့်အလား ဖြစ်၏။ ထိုအကြောင်းအရင်းကြောင့် တိထျန်းသည် သူ့စွမ်းအားအကုန် ထုတ်မသုံးခဲ့ပေ။
ထိုတွေ့ရှိမှုအပြီးတွင် ဝမ်ဝေ့၏ အကြည့်များက တောက်ပလာ၏။ သူက သူ့အားနည်းချက်ကို တွေ့ပြီဖြစ်၍ ပြောင်းလဲကာ တိုးတက်အောင် လုပ်ရမည်။
သူက ဝမ်ကျူနှင့် သွားရောက်တွေ့ဆုံကာ သူမကို ပေးထားသည့် ကိစ္စအား သွားရောက်မေးမြန်းခဲ့သည်။ သူက ကျင့်ကြံရေးခရီးစဉ်တစ်လျှောက် သူ အမှားလုပ်ခဲ့သည့်သူများ၏ စာရင်းကို ပေးကာ သူတို့အား စစ်ဆေးကြည့်ပြီး သုတ်သင်ဖို့ တောင်းဆိုခဲ့သည်။ အကယ်၍ မှတ်သားလောက်ဖွယ် အင်အားဖြင့် ဓားမော့ကိုင်ဆောင်သူ ရှိနေလျှင် သူ့အား ချက်ချင်းအကြောင်းကြားဖို့ ပြောခဲ့သည်။
ကံကြမ္မာစွမ်းအားဖြင့် ဝမ်ဝေ့သည် ထိုသို့သော သတင်းအချက်အလက်ကို ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ခရီးလမ်းမှ ယခုအချိန်အထိ ပြန်လည်ကြည့်ရှုလိုက်ခြင်း ဖြစ်၏။ သူက အားလုံးကို ရှာမတွေ့နိုင်မှန်း သိထားသော်လည်း ၉၅ ရာခိုင်နှုန်းဖြင့် ကျေနပ်နေလေပြီ။
သူက သူ့စစ်ဆေးမှုမှ လူကို တွေ့နိုင်လိမ့်မည်ဟု မျှော်လင့်ထားမိသည်။ အကယ်၍ မတွေ့ပါက သူ့အပြုအမူများသည် ဖြစ်နိုင်သည့် အနာဂတ်ပြဿနာများကို ဖြေရှင်းသည့်နည်းလမ်းကို ထည့်သွင်းစဉ်းစားထားရမည်။
ထို့နောက် သူက လီကျွင်းနှင့်အတူ အချိန်အစီအရင်အတွင်း ဝင်ရောက်သွားခဲ့ပြီး ထိုလူ၏ အရည်အချင်းနှင့် တိုက်ပွဲအလိုလိုသိစိတ်ကို ဆက်တိုက်ပြိုင်ပွဲများမှ စုပ်ယူလိုခဲ့သည်။
ငါးနှစ်တာအတွင်း သူက လီကျွင်း လျှို့ဝှက်စစ်ဆေးမှုအတွင်း လုပ်ခဲ့သည့် ကိစ္စအားလုံးကို သင်ယူခဲ့ရသည်။
“ အစ်ကိုကြီးက တကယ်ကို မကောင်းဆိုးဝါးပဲ” လီကျွင်းက ပြောလိုက်သည်။ သူ့ရုပ်ခန္ဓာသည် တိုက်ပွဲအတွက် ကြောက်မက်ဖွယ်စွမ်းရည်ကို ချီးမြှင့်ပေးထားသော်လည်း သူသည် ထိုသို့အဆင့်မျိုး ရောက်အောင် နှစ်ထောင်ပိုင်းကြာ အချိန်ယူခဲ့ရသည်။ သို့သော် တစ်စုံတစ်ယောက်က သူ့အား အမှီလိုက်ကာ သူ့အား ကျော်တက်သွားဖို့ ငါးနှစ်တာမျှသာ အချိန်ယူခဲ့၏။
ဝမ်ဝေ့က ဘာမှမပြောပေ။ သူက အနာဂတ်ဗုဒ္ဓကိုယ်ကိုပင် အသုံးမပြုဘဲ သူ့နားလည်နိုင်စွမ်းဖြင့် ထိုအရာကို ရရှိခဲ့လေသည်။
“ မင်းတစ်ခုခု လုပ်ပေးဖို့ လိုတယ်” ဝမ်ဝေ့က လေထဲတွင် ရေးသားပြကာ ပြောလိုက်သည်။
“ တိုက်ပွဲအလိုလိုသိစိတ်နဲ့ အရည်အချင်း တိုးတက်လာစေမဲ့ကျမ်းကို ဖန်တီးစေချင်တာလား” လီကျွင်းက ရေရွတ်လိုက်သည်။
ဝမ်ဝေ့၏ အစီအစဉ်က ရိုးရှင်းလှပြီး နှစ်ပိုင်းခွဲခြားနိုင်သည်။ တစ်ပိုင်းက နေ့စဉ်ဘဝ၏ သာမန်လုပ်ဆောင်ချက်များကို ထိန်းချုပ်ဖို့ ဖြစ်ကာ တခြားတစ်ခုကား အိပ်မက်ကမ္ဘာအတွင်း ဆက်တိုက်ရှိနေလိမ့်မည်။ ထိုကမ္ဘာအတွင်း သူတို့က ယခင်တိုက်ပွဲများမှ ပြိုင်ဘက်များကို လှုံ့ဆော်ကာ တိုက်ပွဲများ ဆက်တိုက် တိုက်ခိုက်နိုင်သလို မှတ်တမ်းများမှတဆင့် ကူးယူးထားသည့် တိုက်ပွဲများမှလည်း သူတို့အကြောင်းကို ကိုယ်တိုင် လေ့လာကာ လှုံ့ဆော်ပြီး တိုက်ခိုက်ကြည့်နိုင်လိမ့်မည်။
ကိုယ်တိုင်ထက် ကောင်းမွန်သည့် ပြိုင်ဘက်ဟူ၍ မရှိပေ။
နှစ်ထောင်ချီကြာမြင့်ပြီးသည့်နောက်တွင် သူတို့၏ တိုက်ပွဲအလိုလိုသိစိတ်က မယုံကြည်နိုင်လောက်သည့် အနေအထားသို့ တိုးမြင့်လာခဲ့သည်။
“ ငါ ဒီတိုက်ပွဲမျှော်စင်ကို လေ့လာပြီးတဲ့နောက်မှာ ဒါမျိုးကို ဖန်တီးနိုင်တယ်ဆိုပေမဲ့ အိပ်မက်တာအိုအကြောင်း ဘာမှသိမထားသေးဘူး။”
“ ဂိုဏ်းမှာ ထာဝရအိပ်မက်ဂိုဏ်းကနေ ကျမ်းတချို့ရှိထားတယ်။ ပြီးတော့ အစကနေ လုပ်ဖို့တော့ မလိုဘူး။ ထိပ်တန်းကောင်းကင်ရွေးချယ်ခံထဲက တစ်ယောက်ဖြစ်တဲ့ အပျင်းသမား ကိုလူချောဆိုတဲ့လူက သူ့ကို အိပ်စက်ရင်းနဲ့ ကျင့်ကြံနိုင်စေတဲ့ ကျင့်စဉ်မျိုး ရှိတယ်”
“ သူ့ဆီကနေ ယူပြီးတော့ ပြုပြင်လိုက်”
“ အဲဒါက အလုပ်ဖြစ်လောက်တယ်” လီကျွင်းက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ ဤအိပ်မက်ကျင့်စဉ်သည် သူ့ရုပ်ခန္ဓာအတွက် အမှန်တကယ် သင့်တော်လှ၏။ သူ ဖန်တီးပြီးသည်နှင့် သူသည် စစ်ဆေးမှုကို ပြန်လည်လှုံ့ဆော်ကာ အောင်မြင်ဖို့ လိုအပ်သည့်အချိန်များကို လျှော့ချနိုင်လိမ့်မည်။
“ တကယ်ကို ပြီးပြည့်စုံတဲ့ လေ့ကျင့်ရေးနည်းလမ်းပဲ…”
သူ ထိုကျင့်စဉ်ကို ဖန်တီးပြီးသည်နှင့် သူနှင့် ဝမ်ဝေ့တို့၏ ခွန်အား တိုးပွားလာမည့်အကြောင်းကို စဉ်းစားကြည့်လိုက်သည်။ ထို့ကြောင့် သူက အချိန်မဖြုန်းဘဲ အပျင်းသမား ကိုလူချောကို နောက်ယောင်ခံဖို့ ထွက်သွားလိုက်သည်။
……………
အနည်းငယ် မှောင်မှိုင်းကာ အလင်းရောင် သိပ်မရှိသည့် နေရာတစ်ခုအတွင်း စွင်းကျောင်းလုံက မျက်လုံးပွင့်လာသည်။ သူက နာကျင်မှုကို အံကြိတ်ကာ ဘေးပတ်လည်ကို ကြည့်လိုက်၏။ သူက ကျင့်ကြံဆင့်ဖြင့် ညအမြင်စွမ်းရည်ကို ပိုင်ဆိုင်ထားသော်လည်း အရာအားလုံး မြင်ဖို့ ခက်ခဲနေသည်။
အခန်းထဲရှိ တစ်ခုတည်းသော အလင်းရောင်က အဝေးတစ်နေရာမှ ထွက်ပေါ်နေသည့် ရွှေရောင်အစက်ပြောက်မျှသာ ဖြစ်၏။ စွင်းကျောင်းလုံက အန္တရာယ် မရှိကြောင်း သေချာအောင် လုပ်ပြီးသည့်နောက်တွင် ဆေးလုံးတချို့ကို ထုတ်ကာ သောက်သုံးလိုက်သည်။
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက ကောင်းကောင်းမွန်မွန် လှုပ်ရှားလာနိုင်သည်။ ထို့ကြောင့် သူက အလင်းအရင်းအမြစ် ရှိရာဆီ သွားလိုက်၏။ သူက ဒဏ်ရာရနေသော်လည်း သူ့ဒဏ်ရာကြောင့် ထိုလမ်းစဉ်က မိနစ်သုံးဆယ်မျှ ကြာမြင့်ခဲ့သည်။
ထို့နောက် သူက နဂါးပြာပုံသွင်းထားသည့် အပြာရောင်ဓားတစ်ချောင်းကို မြင်လိုက်ရသည်။
ရုတ်ချည်းဆိုသလို စွင်းကျောင်းလုံက အားပါးတရ ရယ်မောလိုက်ပြီး သွေးများပင် အန်ထွက်လာသည်။
“ ငါ့အစီအစဉ် အလုပ်ဖြစ်တဲ့ပုံပဲ” သူက ရေရွတ်လိုက်သည် “ နတ်ဆိုးကံကြမ္မာဓားပဲ”
သူက ထိုဓားကို နှစ်ထောင်ချီကြာ မရပ်မနား ရှာဖွေနေခဲ့သော်လည်း မရရှိခဲ့ပေ။ ထို့ကြောင့် သူက ကံကောင်းမှုကို စုစည်းပြီး ရှာဖွေလိုခဲ့၏။ စွင်းကျောင်းလုံက ကံကောင်းမှုကို စုစည်းဖို့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ကျီစုက မဟာကျိုးတိုင်းပြည်၏ ချီကံကောင်းမှုကို စတေးသည့်အခါ သူက ထိုအခွင့်ကောင်းကို ယူ၍ တချို့တလေကို ခိုးယူခဲ့သည်။ ထို့နောက် သူက လေဟာနယ်ဖြိုခွင်းရေး အဆောင်ကို အသုံးပြုသည့်အခါ လွတ်မြောက်ပြီး ထိုဓားကို ရှာဖွေတွေ့ရှိဖို့ သူ့ကံကောင်းမှုကို အသုံးပြုခဲ့သည်။
သူက ဒဏ်ရာများနှင့် နာကျင်မှုများအား လျစ်လျူရှုထားပြီး ဓားဆီ ပြေးသွားလိုက်သည်။ ကံဆိုးသည်က ဒိုင်းတစ်ခု ပေါ်ထွက်လာပြီး သူ့အား တားဆီးထား၏။
“ ငါ ဘယ်လိုလုပ် မေ့သွားတာပါလိမ့်။ နတ်ဆိုးမျိုးနွယ်ကပဲ ဒီဓားရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်သုံးလိုက်မှာလေ”
စွင်းကျောင်းလုံက မြေပြင်ပေါ်တွင် ထိုင်ကာ သူ့ပြန်လည်ကောင်းမွန်အောင် ကျင့်ကြံလိုက်သည်။ ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွား၏။ ထို့နောက် သူက သွေးကြောများ ရေးထွင်းထားသည့် သွေးနီရောင် ဆေးလုံးကို ထုတ်လိုက်သည်။
ငါ ဒီဧကရာဇ်တစ်ပိုင်းအဆင့် သွေးမျိုးဆက် ဆင့်ကဲပြောင်းလဲရေးဆေးလုံးကို ရဖို့ ပိုက်ဆံတွေ အများကြီး သုံးခဲ့ရတာ။ ငါ့ အစီအစဉ် အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်…
သူက ထိုအရာကို သောက်သုံးပြီးသည့်နောက်တွင် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူ့ ခန္ဓာကိုယ်အနှံ့မှ သွေးများ စတင်စီးထွက်လာ၏။ ထိုစဉ် စွင်းကျောင်းလုံ၏ ခန္ဓာကိုယ်မှ အမွေးအမျှင်များက ကြီးထွားလာပြီး ကျွတ်သွားသည်။
ထိုဖြစ်စဉ်အတွင်း သူက နည်းနည်းမှ မအော်ခဲ့ပေ။ အတိအကျဆိုရလျှင် သူက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းအများစုသည် ကောင်းကောင်းမွန်မွန် အလုပ်မလုပ်သည့်အတွက် မအော်နိုင်ခြင်း ဖြစ်၏။
ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ထိုဖြစ်စဉ်က အဆုံးသတ်သွားပြီး စွင်းကျောင်းလုံက မတ်တပ်ထရပ်လာသည်။ သူက လက်ကို ဆုပ်လိုက်ပြီး သူ့သွေးကြောတစ်လျှောက် အင်အားများ စီးဆင်းနေသည်ကို ခံစားမိလိုက်သည်။ သူ့ အနောက်တွင် ပုံရိပ်ယောင် မျောက်တစ်ကောင် ပေါ်ထွက်လာပြီး လေဟုန်ထဲ လက်သီးချက်ဖြင့် ပစ်ခွင်းလိုက်သည်။
ဝုန်း
လျှို့ဝှက်နယ်မြေတစ်ခုလုံးက တုန်ခါသွားပြီးနောက် ပြန်လည်တည်ငြိမ်သွားသည်။
“ တိုက်ပွဲနတ်ဘုရား လူဝံသွေးမျိုးဆက်က တကယ့်ကို အံ့ဖွယ်ပဲ…”
သူက ရေရွတ်လိုက်သည်။ သူက ထိုသွေးမျိုးဆက်ကို နတ်ဆိုးမျိုးနွယ်၏ လျှို့ဝှက်နယ်မြေအတွင်းမှ ရယူခဲ့ခြင်း ဖြစ်၏။ တိုက်ပွဲသူတော်စင် လူဝံမျိုးနွယ်ဝင် တစ်ယောက်သည် လူသားမျိုးနွယ်၏ ဖိနှိပ်မှုမှ ရုန်းထွက်နိုင်ပြီး သူ့မျိုးနွယ်ကို ဦးဆောင်နိုင်ဖို့အတွက် သွေးကို မြင့်မားသည့်အဆင့် ရောက်အောင် သန့်စင်လိုခဲ့သည်။
သူက တစ်နည်းအားဖြင့် အောင်မြင်ခဲ့၏။ ကံဆိုးသည်က သူသည် ထိုဖြစ်စဉ်အတွင်း သေဆုံးသွားကာ နတ်ဆိုးမျိုးနွယ်၏ အနာဂတ်မျိုးဆက်အတွက် ချန်ထားခဲ့သည်။
စွင်းကျောင်းလုံက သူ့အင်အားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အပြာရောင်ဓားကို ကောက်ယူလိုက်သည်။ သူ့စိတ်အတွင်း ကံကောင်းမှုစွမ်းအားကို ခံစားမိကာ အတိတ်ကို လွမ်းဆွတ်မိသည့် ခံစားချက်မျိုး ခံစားမိလိုက်သည်။
“ ငါက အသင်္ချေအင်ပါယာကမ္ဘာကို စုစည်းပြီးတော့ မဟာချင်တိုင်းပြည်ရဲ့ ဂုဏ်ကျက်ရေကို ပြန်လည်ဖန်တီးမဲ့သူပဲ” သူက ကြေညာလိုက်သည်။
“ ဒါက အစပဲ ရှိသေးတယ်”
စွင်းကျောင်းလုံ၏ နောက်အစီအစဉ်က ပင်လယ်မျိုးနွယ်၏ ကံကြမ္မာဓားကို ရှာဖွေဖို့ ဖြစ်၏။ သူ သိထားသလောက် မှတ်တမ်းများအရ ထိုသို့သော ပစ္စည်းတည်ရှိမှုအကြောင်းကို မကြားဖူးခဲ့ပေ။ သို့သော်လည်း သူက ပင်လယ်မျိုးနွယ်တွင် ကံစုစည်းမှု အသုံးအဆောင်ပစ္စည်း ရှိနေကြောင်း သိထားသော်လည်း သူတို့က နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်များထက် ပိုမိုကောင်းမွန်စွာ သိမ်းဆည်းထားခဲ့သည်။
ပင်လယ်က အလယ်ပိုင်းနဲ့ အရှေ့ပိုင်းကုန်းမြေလောက် ကျယ်ပြန့်လွန်းပြီးတော့ ပင်လယ်မျိုးနွယ်ရဲ့ လူဦးရေက ကမ္ဘာမှာ ဒုတိယအများဆုံးပဲ။ သူတို့ရဲ့ ကံကြမ္မာဓားနဲ့ဆိုရင် ငါ အရင် ဆုံးရှုံးမှုကို ကာမိလိမ့်မယ်…
စွင်းကျောင်းလုံက အဝေးတစ်နေရာအား သတ်ဖြတ်ငွေ့ဖြင့် လှမ်းကြည့်လိုက်သည်။
ဝမ်ဝေ့ မင်း စောင့်ကြည့်နေလိုက်။ တစ်ရက်ကျရင် မင်းရဲ့အလောင်းကနေ အဲဒီဓားကို ပြန်ယူပြမယ်…
စွင်းကျောင်းလုံက ပင်လယ်ထဲ ထွက်လာလိုက်၏။ ခဏအကြာ သူက ပင်လယ်မျိုးနွယ်၏ ကံကြမ္မာဓားကို ရှာဖွေရမည်လားဟု တုံ့ဆိုင်းလာမိသည်။ သို့သော်လည်း သူတို့၏ အရေအတွက်နည်းပါးမှုကို စဉ်းစားမိပြီးနောက် ထိုအရာက မထိုက်တန်ကြောင်း ကောက်ချက်ချလိုက်၏။
***