← Chapters

အဖြေလား သွေးမြေတားမြစ်နယ်မြေ

Vol. 34 Ch. 476

အဖြေလား သွေးမြေတားမြစ်နယ်မြေ

Vol. 34 Ch. 476

ဝမ်ဝေ့၏ ခန္ဓာကိုယ်က ယခုလက်ရှိတွင် အိမ်မှာမရှိသည့် သူတောင်းစားအိုကြီး၏ အိမ်ငယ်လေးအတွင်း ရောက်ရှိနေလေသည်။ ထိုသူက ကောင်းကင်ဘုံတာအိုနှင့် သက်ဆိုင်သည့် ပင်ကိုရတနာရှာဖို့ ထွက်သွားဟန် ပေါ်သည်။

အာကာပြင်ချဲ့ထွင်ထားသည့် အစီအရင်နှင့် အခန်းကျယ်တစ်ခုအတွင်း သူက မမြင်ကွယ်ရာကုဗတုံးကို အသက်သွင်းလိုက်ပြီး ရွှေရောင်သတ္တုလုံးကို ထုတ်ကာ စုပ်ယူလိုက်သည်။ ကုသိုလ်အလုံအလောက်ဖြင့် သူက သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်မည့် ဂမ္ဘီရကို တွက်ချက်ကြည့်လိုက်သည်။

အဆုံးမဲ့လေဟာနယ်အတွင်း ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်က ဘယ်မှာလဲ…

တွက်ချက်၍ မရခဲ့ပေ။

ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း သက်ပြင်းချလိုက်သည်။ ထို့ကြောင့် သူက မေးခွန်းအား ပြောင်း၍ မေးလိုက်သည်။

[ငါ စစ်ဆေးမှုမတိုင်ခင် တစ်ယောက်ယောက်ကို ရှာတွေ့မှာလား…]

[မတွေ့ဘူး]

[ဘာလို့လဲ]

[သေသွားပြီ]

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်မိသည်။ စောစောလေးကအထိ သူက ထိုရုပ်ခန္ဓာနှင့် တခြားသူများကို ရှာဖို့ အခွင့်အရေး ရှိသေးလေသည်။ သို့သော် ယခုတွင် လူသားကံကြမ္မာဓားသည် သူ့ကို ကံကောင်းမှုဖြင့် ကောင်းချီးပေးပြီးသည့်နောက် ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်အားလုံး သေဆုံးသွားကြောင်း သိလိုက်ရသည်။

ဘာပြောင်းလဲသွားတာလဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။

သူက အဆုံးမဲ့လေဟာနယ်အတွင်း ဟွင်သွမ်းရုပ်ခန္ဓာကိုးခု ရှိထားကြောင်း သိမထားပေ။ လင်းဖန်က သတ်ဖြတ်ရေးစစ်ဆေးမှုအတွင်း ခုနစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီး ကျန်သည့် နှစ်ယောက်အတွက်မူ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က ရှုရှစ်အတွက် ဖမ်းဆီးခဲ့ပြီးသား ဖြစ်၏။

ထို့ကြောင့် သူက နောက်ကျလွန်းသွားခဲ့ပြီ။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထားလိုက်သည်။ သူက စမှတ်သို့ ပြန်လည်ကြည့်ရှုလိုက်၏။ သူက အသက်ရှင်ဖို့ နောက်ထပ်နည်းလမ်းကို ရှာဖွေရမည်။ ထို့ကြောင့် သူက မျက်လုံးမှိတ်ကာ တရားထိုင်လိုက်သည်။ သူ၏ စိတ်ဝိညာဉ်အမှုန် သန်းထောင်ပေါင်းများစွာက သဟဇာတဖြစ်စွာ အတူတကွ အလုပ်လုပ်နေကြသည်။

အမည်မသိ အချိန်တချို့ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဤစစ်ဆေးမှုတွင် အသက်ရှင်သန်သည့် နည်းလမ်းမှာ မဟာဧကရာဇ်ပင် မတွက်ချက်နိုင်သည့် နည်းလမ်းမျိုးကို အသုံးပြုဖို့ရာဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။ သူ့ရုပ်ခန္ဓာအစီအစဉ် ကျရှုံးသွားရသည့် အကြောင်းအရင်းက ခန့်မှန်း၍ ရနေ၍ ဖြစ်သည်။

တားမြစ်ခံတချို့က စစ်ဆေးမှုကို အောင်မြင်ဖို့အတွက် ထိုနည်းလမ်းအား အောင်မြင်ဖို့ အသုံးပြုခဲ့ပြီးသား ဖြစ်လိမ့်မည်။ ထို့ကြောင့် ကောင်းကင်တာအိုက ဝမ်ဝေ့သည် ထိုသို့လုပ်နိုင်ကြောင်း ကြိုတင် တွက်ချက်ထားပြီးသား ဖြစ်လိမ့်မည်။

ငါ အသက်ရှင်ချင်တယ်ဆိုရင် မဟာဧကရာဇ်အဆင့်တောင် မတွက်ချက်နိုင်တဲ့ နည်းလမ်းမျိုးကို ရှာရမှာလား…

ဝမ်ဝေ့က ထိုသို့ကောက်ချက်ချပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက မဟာဧကရာဇ်၏ တွက်ချက်နှုန်းသည် မည်မျှကြီးကျယ်သည်ကို မသိရသော်လည်း သူ့လိုမျိုး ပါရမီရှင်ပင် နှိုင်းယှဉ်လို့ရသည့်အရာ မဟုတ်ပေ။

ထို့ကြောင့် ဝမ်ဝေ့က သူသည် ရှုံးနိမ့်လိမ့်မည်ဟုသာ တွက်ချက်ထားလိုက်သည်။ အကြောင်းမှာ ကောင်းကင်တာအိုက အရာအားလုံးတွင် သိရှိနေ၍ ဖြစ်သည်။

ကောင်းကင်တာအိုက အကုန်လုံးသိနေသည့်အဆင့်သို့ မရောက်ရှိလျှင်ပင် သူက သတင်းအချက်အလက်အရ ရှုံးနိမ့်ထားပြီးသား ဖြစ်၏။

ခဏသတင်းအချက်အလက်… ငါက ကမ္ဘာမြေက ဗဟုသုတတွေ သတင်းအချက်အလက်တွေ ရှိတာပဲ။ အဲဒါက ကောင်းကင်တာအို မသိတဲ့ လုံးဝ ကွဲပြားနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုလေ…

ဝမ်ဝေ့က ကမ္ဘာမြေ၏ တည်နေရာအား ရှာဖွေဖို့ ကြိုးစားလိုက်သော်လည်း အသုံးမဝင်ပေ။ ထို့ကြောင့် သူက ထိုအရာသည် လွှမ်းမိုးမှုကြီးသည့် တစ်စုံတစ်ယောက်က ဝှက်ထားခြင်း သို့မဟုတ် ဤစကြဝဠာတွင် မတည်ရှိခြင်းတို့ကြောင့် ဖြစ်လိမ့်မည်မှန်း ကောက်ချက်ချလိုက်သည်။

ဒါဆိုတော့ ဒါက ငါ့ရဲ့ အရေးသာမှု ဖြစ်နေနိုင်တယ်….

သူက တွေးလိုက်မိသည်။ သူ့စိတ်က အလျင်အမြန် အလုပ်လုပ်နေရ၏။ သူက ကိစ္စတချို့မှားယွင်းနေသည်ကို တွေ့ရှိသွားသည်။

ပထမဦးစွာ ကောင်းကင်တာအိုသည် ကမ္ဘာမြေကို မသိကြောင်း သူ့တွင် သက်သေ မရှိပေ။ သူက ဤအရာကို အသုံးပြု၍ စစ်ဆေးမှုကို အောင်မြင်လိုလျှင် သူ့အတွက် ဆိုးဆိုးရွားရွား ဖြစ်နိုင်သည်။

ဒုတိယအနေဖြင့် ဤကမ္ဘာသို့ ပြန်လည်ဝင်စားပြီးကတည်းက သူ့ထူးဆန်းသည့် အပြုအမူများက သူသည် ပြန်လည်ဝင်စားလာခြင်းဖြစ်ကြောင်း ထုတ်ဖော်ထားပြီးသား ဖြစ်၏။ သူ့မိသားစုကပင် ထိုအချက်ကို သတိထားမိကြသော်လည်း သူ့အား ဘာမှမပြောခဲ့ပေ။ သို့သော်လည်း တစ်ခါတစ်ရံတွင် သူသည် ကမ္ဘာမြေမှ အသုံးအနှုန်းများကို လှစ်ခနဲပြောမိသည့်အခါမျိုး ရှိပြီး လီကျွင်း သို့မဟုတ် ယန်းလီလင်းကို သဘောတရားတစ်ခုလုံးကို ရှင်းပြခဲ့ဖူးသည်။ သို့သော် သဘောတရားမျိုးက ဂိုဏ်း၏ အထက်ပိုင်းများပင် မသိကြပေ။

ထို့အပြင် ဝူဟုန်နှင့် စကားပြောသည့်အခါ သူက သာမန်ကာလျှံကာ ပြောသော်လည်း သူမကမူ သိနေဟန်ပေါ်သည်။ ဝမ်ဝေ့က အားလုံးကို ရှင်းပြနေစရာမလိုဘဲ သူမက သူ့ဆိုလိုရင်းကို အလိုလို နားလည်နေလေ၏။

သူမက ထိုနေရာကို ရောက်ဖူးပြီး အတွေ့အကြုံကို ခံစားဖူးသည့်အလား ဖြစ်၏။ ဝမ်ဝေ့က အနာဂတ်သူသည် ကမ္ဘာမြေမှ မှတ်ဉာဏ်များကို ပြန်လည်ဖန်တီးပြီး သူမအား ပြသထားခြင်း ဖြစ်လိမ့်မည်ဟု တွေးမိသွားသည်။ မဟုတ်ပါက သူမသည် သူနှင့်အတူတူ သွားရောက်လည်ပတ်ခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာမြေက သူ လိုအပ်နေသည့် ဖြေရှင်းနည်း မဖြစ်နိုင်ပေ။ ဝမ်ဝေ့က စဉ်းစားကာ ကမ္ဘာမြေအကြောင်း ပြောသည့်အရာအားလုံးကို ပြန်လည်သုံးသပ်ကြည့်လိုက်သည်။ သူ ထုတ်ဖော်ထားသည့် သတင်းအချက်အလက်က သိပ်တော့ မများလှပေ။

သူက ရထား၊ ကား အစရှိသည့်အရာများအား ဖန်တီးခဲ့စဉ်အခါက သူတို့၏ နာမည်နှင့် လုပ်ဆောင်ချက်များကိုသာ ပြောပြခဲ့သည်။ သူက ထိုကိစ္စများကို ဘယ်တုန်းကမှ နက်နက်နဲနဲ ပြောပြဖို့ မလိုလားခဲ့သလို သူ့မိသားစုကိုပင် သူ ပြန်လည်ဝင်စားခြင်းအကြောင်းကို ပြောမပြခဲ့ပေ။

ဝမ်ဝေ့က သူ အဘယ်ကြောင့် မထုတ်ဖော်ခဲ့မှန်း မသိသော်လည်း သူသည် ကလေးအဖြစ် ပြန်လည်ဝင်စားလာပြီး သူ့မိခင်၏ ကလေးအစား ဝင်လိုက်ရသည်ကို အပြစ်ကြွေးရှိသည်ဟု မခံစားမိပေ။ သူ့မိသားစုသည် မည်သို့ပင်ဆိုစေကာမူ သူ့အား အတူတူ ဆက်ဆံနေမည်သာ ဖြစ်ပြီး ပြန်လည်ဝင်စားခြင်းက ကျင့်ကြံသူများကြားတွင် ပုံမှန်ကိစ္စသာ ဖြစ်၏။

သို့သော် သူက ဘာမှထုတ်မပြောခဲ့ပေ။ ဤသည်က အကြောင်းအရင်းမရှိ သူ လုပ်ခဲ့သည့် ခေါင်းကြောမာသည့် ဆုံးဖြတ်ချက်တစ်ခုကဲ့သို့ ဖြစ်၏။

ဒါက ဒီစစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ထားမှု တစ်ခုများလား…

ဝမ်ဝေ့က သူ့အပြုအမူသည် အလိုလိုသိစိတ် တုံ့ပြန်မှုအရ ရလဒ်ဖြစ်မည်ဟု နားလည်သွားသည်။ သို့မဟုတ် အနာဂတ်သူက အတိတ်ကို လွှမ်းမိုးလိုက်ခြင်းလည်း ဖြစ်နေနိုင်သည်။

ပုံမှန်သဘောတရားအရပြောရလျှင် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများက လေးဘက်မြင်သက်ရှိ သို့မဟုတ် အဆင့်မြင့်ဟု သတ်မှတ်နိုင်သည်။ ထို့ကြောင့် သူတို့က တပြေးညီ အချိန်ကို မတွေ့ကြုံရပေ။ သူတို့က အချိန်စည်းမျဉ်းကို နားလည်နေသရွေ့ ဖြစ်သည်။

ဝမ်ဝေ့က သူသည် အချိန်စည်းမျဉ်းကို နားလည်ထားကြောင်း သိသည်။ ထို့ကြောင့် အနာဂတ် သူသည် အတိတ်သူအား ကိစ္စအသေးလေးများဖြင့် လွှမ်းမိုးနိုင်စွမ်း ရှိခြင်းက မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။

သူက ခေါင်းခါလိုက်ပြီးနောက် အတွေးများကို ဖယ်ရှားကာ လုပ်လက်စကိစ္စကိုသာ အာရုံစိုက်ထားလိုက်သည်။ သူက မှန်ကန်သည့် ဦးတည်ချက်သို့ သွားနေသည်ဟု ခံစားချက် ရလာမိသည်။ ထို့ကြောင့် သူက ကမ္ဘာမြေအကြောင်း ထုတ်ဖော်ထားသည့် သတင်းအချက်အလက်များကို ပြန်လည်စုစည်းလိုက်ပြီးနောက် ကောင်းကင်တာအို သိသည့် ကိစ္စများအဖြစ် သတ်မှတ်လိုက်သည်။

သူက သူ ထုတ်ဖော်မထားသည့် ကိစ္စရပ်များကိုသာ အာရုံစိုက်လိုက်၏။

သူက တစ်စုံတစ်ခုသည် သူ့အား ဤစစ်ဆေးမှုအတွက် ကူညီဖို့ရာ မျှော်လင့်နေမိသည်။ ရုတ်ချည်းဆိုသလို သူက အတွေးတစ်ခုပေါ်လာ၍ အကြည့်များက တောက်ပသွားသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ အခန်းအတွင်း အစီအရင်တစ်ခု ခင်းကျင်းလိုက်၏။

သူက သူ့သိုလှောင်လက်စွပ်အတွင်းမှ အဆင့်မြင့် အရင်းအမြစ်များစွာ ထုတ်ယူလိုက်ပြီး အစီအရင်အလံများကို မှန်ကန်သည့် နေရာတွင် ထားကာ လိုအပ်သည့် သင်္ကေတများကို စတင်ရေးထွင်းလိုက်သည်။ သူက အနာဂတ်ဗုဒ္ဓကိုယ် အကူအညီဖြင့် လိုအပ်သည့်အစီအရင်အား မဖန်တီးနိုင်ခင် အမှားများ စစ်ဆေးမှုများကြောင့် လအနည်းငယ်ကြာမြင့်သွားသည်။ ထို့နောက် သူက အစီအရင်ကို အသက်သွင်းလိုက်၏။

ဝမ်ဝေ့က သူသည် သေးငယ်သည့် ကမ္ဘာအတွင်း ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူက အဏုမြူလောက် သေးငယ်သည့် အမှုန်အမွှားများကို မြင်လိုက်ရပြီး ပိုမိုပင် သေးငယ်သွားသည်။

သူက ဤထက် သေးငယ်သွားပါက အသင်္ချေအင်ပါယာကမ္ဘာ၏ အခြေခံစည်းမျဉ်းများကို တွေ့ရှိသွားလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူက  တခြားတစ်ခုကို တွေ့ရှိခဲ့သည်။

ဝိညာဉ်ချီ… ဝိညာဉ်ချီ အဆီအနှစ်

သူက အရင်းအမြစ်ချီနေရာကို သွားလာခဲ့ဖူးသည့်အတွက် ထိုအမှုန်အမွှားများသည် အာရုံမခံနိုင်သည့်နေရာတစ်ခုမှ ရောက်လာကြောင်း ခံစားမိလေသည်။ သို့သော် သူက ထိုနေရာကို မသွားရဲပေ။

ဒီတွေ့ရှိမှုနဲ့ဆိုရင် ငါ့ရဲ့စွမ်းအားထိန်းချုပ်မှုက မြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိသွားလိမ့်မယ်။ ဒါပေမဲ့ ဒါက ငါ လိုချင်တာ မဟုတ်သေးဘူး။ ငါ ဒီထက်သေးဖို့ လိုသေးတယ်…

ဝမ်ဝေ့က သူသည် အဏုမြူကမ္ဘာသို့ သွားလာပြီးသည့်နောက်တွင် စည်းမျဉ်းကို မတွေ့ရှိခဲ့သည့်အတွက် ဝမ်းသာသွားသည်။ ထိုအရာက သူ့အစီအစဉ်၏ အလုပ်ဖြစ်ကိန်းကို တိုးမြင့်လာစေသည်။ ထို့ကြောင့် သူက ဂိုဏ်းရှိ ကိုယ်ပွားအား ဆက်သွယ်လိုက်၏။

ထိုကိုယ်ပွားကလည်း ဂိုဏ်း၏ ဧကရာဇ်အစီအရင်များ၏ စွမ်းအားကို ငှားယူကာ အင်အားတိုးမြှင့်ဖို့ လုပ်ဆောင်လိုက်သည်။

ဝမ်ဝေ့က ရလဒ်ကို မြင်တွေ့ပြီးသည့်နောက်တွင် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်၏။ သူက စိတ်ဝိညာဉ်အမှုန်များကို ကောင်းကောင်းမြင်တွေ့နိုင်ပြီး သူတို့ကို ခေါ်နိုင်သလို သူတို့အလုပ်လုပ်ပုံကို မြင်တွေ့နိုင်သည်။ သို့သော်လည်း သူက ထိုထက်သေးငယ်သည့် အရာကို မမြင်နိုင်တော့ပေ။

ကိစ္စတစ်ခုလုံး အောင်မြင်ဖို့ အတွက် ငါ ကွမ်တန်အဆင့်ထိ ရောက်အောင် သွားရမယ်။ ဧကရာဇ်တောင် အလွယ်တကူ အာရုံမခံနိုင်တဲ့ နယ်ပယ်မျိုးပေါ့…

ကံဆိုးသည်က ဝမ်ဝေ့သည် သူသည် ကန့်သတ်ချက်သို့ ရောက်ရှိသွားကြောင်း ခံစားမိလိုက်သည်။ သူ မည်သို့ပင် လုပ်ဆောင်စေကာမူ၊ အစီအရင်ကို မည်သို့ပင်ပြောင်းလဲစေကာမူ သူက ထိုထက် မသေးငယ်နိုင်တော့ပေ။ ထို့ကြောင့် သူ့ အနာဂတ်ဗုဒ္ဓကိုယ်ဖြင့် တွက်ချက်မှုတချို့ လုပ်ဆောင်ပြီးသည့်နောက် သူက တခြားအတွေးကို လက်လျှော့လိုက်သည်။

ကျင့်ကြံရေးက ငါ့ကို မကူညီနိုင်မှတော့ သိပ္ပံနဲ့ နည်းပညာကိုပဲ အားကိုးရတော့မယ်…

သဘောတရားအရ ပြောရလျှင် ကျင့်ကြံခြင်းက သိပ္ပံနှင့် သဘောတရားထက် ပိုမိုအရေးသာချက် မြင့်မားပေသည်။ သူ လတ်တလောတွေ့ရှိထားသည့် အရာများအပေါ် မူတည်ပြီး ကျင့်ကြံသူများသည် သူတို့၏ ခရီးစဉ်ကို ဝိညာဉ်ချီကဲ့သို့ အဏုမြူအမှုန်များကို အသုံးပြုကြသည်။ သို့သော်လည်း ဝမ်ဝေ့က ကျင့်ကြံရေးအဖွဲ့အစည်းသည် အားကောင်းနေသည့်အတွက် ကန့်သတ်ချက်ရှိကြောင်း နားလည်၏။ ဤသည်က ကောင်းကင်တာအို တည်ရှိနေရသည့် အကြောင်းအရင်းလည်း ဖြစ်လိမ့်မည်။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သိပ္ပံနှင့် နည်းပညာသက်သက် တည်ရှိသည့်နေရာကို တွက်ချက်ကြည့်လိုက်သည်။ သူက အဆိုးဘက်မှ အဖြေသာ ရရှိခဲ့၏။

နောက်ဆုံးတော့ ကံတရားက ငါ့ဘက်မှာ ရောက်လာပြီပဲ …

သူက ထိုသတင်းကို လက်ခံရရှိလိုက်စဉ်က စိတ်သက်သာရာရမိသွားသည်။ အကယ်၍ သိပ္ပံနှင့် နည်းပညာသာ အဆုံးမဲ့လေဟာနယ်အတွင်း တည်ရှိနေခဲ့လျှင် ဤသတင်းအချက်အလက်ကို ကောင်းကင်တာအိုလည်း သိရှိမည်ဖြစ်ကာ သူ့အစီအစဉ်က အသုံးဝင်မည် မဟုတ်ပေ။

သို့သော်လည်း ဤသည်မှာ နောက်ထပ် ပြဿနာတစ်ခု ရှိလာပြန်သည်။ သူက သိပ္ပံနည်းပညာကမ္ဘာကို ဖွံ့ဖြိုးအောင်လုပ်ပြီး သူ့အား ကွမ်တန်နယ်ပယ်သို့ ဝင်ရောက်နိုင်အောင် ကူညီပေးရမည်။ ဤသည်က လွယ်ကူသည့်အရာတော့ မဟုတ်ပေ။

သူက အတိတ်ဘဝမှ သိပ္ပံဗဟုသုတ အသိပညာများကို မှတ်မိထားသော်လည်း သူက စီးပွားရေးနှင့် လူမှုဆက်ဆံရေး မေဂျာဖြစ်သည့် အချက်အား မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် သူက အနာဂတ်ကိုယ်ဖြင့် နားလည်နိုင်စွမ်းကို အသုံးပြုနိုင်လျှင်ပင် လူမှုအဖွဲ့အစည်းအသစ်တစ်ခုကို ပြန်လည်ဖန်တီးဖို့ လွယ်ကူမည် မဟုတ်ပေ။ ဤသည်က အချိန်ကုန်ပြီး သူ ကြုံတွေ့ရမည့်အခက်အခဲများကို ထည့်မပြောရသေးပေ။

အဲဒါဆိုတော့ ငါ့ကို ကူညီဖို့ လူတွေလိုတယ်။ ပြောရမယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးပဲ…

သူ့စိတ်အတွင်း အတွေးတစ်ခု ဖြတ်ပြေးသွားကာ သူသည် သူ့ရည်မှန်းချက်ကို မည်သို့ အောင်မြင်အောင်လုပ်ရမည်ကို တွေးဆလိုက်သည်။ ဝမ်ဝေ့က ကောင်းကင်အား မျက်မှောင်ကြုတ်လျက် ကြည့်လိုက်၏။

ငါက အချိန်တိုအတွင်း အောင်မြင်ဖို့ဆိုရင် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ရောက်ဖို့လိုတယ် ..

ဝမ်ဝေ့က တွေးလိုက်ပြီးသည့်နောက် အဆင့်တက်လှမ်းဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားသည်။ ဤတစ်ကြိမ် သူက အနာဂတ်ကိုယ်ကို အသုံးပြုကာ သူ့ အသက်ရှင်နိုင်ချေအား မတွက်ချက်ခဲ့သလို ဓားမော့ကိုင်ဆောင်သူကိုလည်း မရှာဖွေခဲ့ပေ။

ကောင်းကင်တာအိုသည် သူ ဓားမော့ကိုင်ဆောင်သူအား သတ်ဖြတ်မည့်အကြောင်း တွေးမိသည့်နည်းလမ်းအား မြင်တွေ့နေရမည်ကို စိုးထိတ်မိသည်။ သို့သော်လည်း ထိုကုဗတုံးဖြင့် မဖြစ်နိုင်ကြောင်း သိထားသော်လည်း သူ့သံသယလွန်ကဲမှုကို မထိန်းချုပ်နိုင်ပေ။

ထို့ကြောင့် သူက သိပ္ပံနှင့် နည်းပညာအဖွဲ့အစည်း ဖန်တီးနှုန်းကို အရှိန်မြှင့်တင်နိုင်ပြီး သူ့အနာဂတ်ကိုယ်မှ ဗဟုသုတများကိုသာ ရယူဖို့ အနာဂတ်ဗုဒ္ဓကိုယ်စွမ်းရည်ကို အသုံးပြုခဲ့သည်။

***

All Chapters