← Chapters

လင်းမင်

Vol. 36 Ch. 493

လင်းမင်

Vol. 36 Ch. 493

“လေးယောက်...”

မဟာ ဘုန်းတော်ကြီး ကျိဂူမှာ စိတ်လွတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူက ချက်ချင်းပင် ထိုနဂါးထံသို အလင်းတန်း တစ်ခု အလား ပျံသန်းကာ တစ်ဦးတည်း ကျန်ရစ်သည့် လောကသခင်ကို ကယ်တင်ရန် ကြိုးစားလိုက်၏။

ဘုန်း... ဘုန်း...

ကျိဂူ ဝေ့ဝူယင်ကို ချောင်းမြောင်းနေရာမှ စွန့်ခွာသွားသည်နှင့် ဝေ့ဝူယင်၏ ဘေးနားရှိ မီးနှင့် လေနဂါး နှစ်ကောင်မှာ ‌ပေါက်ကွဲအား ပြင်းစွာနှင့် အခြား လောကသခင်များထံသို့ တိုးဝင် သွားလေတော့သည်။ ထိုစစ်ကူ အဖွဲ့တွင် ရန်သူများအား အဆုံးသတ်ပြီးသည့် ရေခဲ နဂါးလည်း အပါအဝင်ပင် ဖြစ်သည်။

မဟာ ဘုန်းတော်ကြီး ကျိဂူမှာ လောကသခင် တစ်ပါး၏ အသက်ကို နဂါးကြီး၏ ပါးစပ်ဖျားမှ လက်မတင်လေး ကယ်တင်နိုင်ခဲ့သော်လည်း ထိုအခိုက်အတန့်တွင် အခြား လောကသခင်များမှာ နဂါများ၏ ဘက်ပေါင်းစုံမှ ဝန်းရံခံနေရသည်ကို တွေ့လိုက်ရ၏။

ခရက်... ခရက်...

စက္ကန့်ပိုင်း အတွင်းမှာပင် အသက်ကျောက်ပြား နှစ်ခု ကွဲကြေသွားပြန်၏။ နောက်ထပ် လောကသခင် နှစ်ပါးကား သေဆုံးသွားခဲ့ပြန်ပြီ ဖြစ်သည်။ ကျိဂူ၏ နှလုံးသားနှင့် ဦးနှောက်ကား ပေါက်ကွဲမတတ် ဗြောင်းဆန်နေခဲ့ပြီ ဖြစ်လေသည်။

သူက အရာအားလုံးကို အဆုံးသတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရင်း လောကသခင်ကိုပါ ဆွဲခေါ်ကာ ဝေ့ဝူယင်ထံသို့ ခုန်ဝင်လိုက်တော့၏။ သို့သော်လည်း ဝေ့ဝူယင်ထံကို ချဥ်းကပ်သည်နှင့် အမျှ ကြောက်မက်ဖွယ် ကောင်းလွန်းသည့် လောကဖိအားနှင့် ရင်ဆိုင်လိုက်ရရာ သူ့အမူအရာက ပြောင်းလဲသွား၏။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် သူ၏ အချိန်သခင် စွမ်းအင်များက ကျဆင်းသွားကာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်တစ်ယောက်ထက်ပင် အားနည်းသလို ခံစားလိုက်ရသည်။

ကျိဂူမှာ အခြေအနေ လုံးဝ မလှတော့ကြောင်း နားလည်လိုက်ချေပြီ ဖြစ်သည်။

“နန်းတော်ကို ပြန်ဆုတ်မယ်...”

သူက အော်ဟစ် အမိန့်ပေးလိုက်ရင်း ကိုယ်တိုင်လည်း အမြင့်ဆုံးသော အမြန်နှုန်းကို သုံးကာ ဘုရားကျောင်းဆီသို့ ဦးတည်လိုက်လေတော့၏။ သို့သော်လည်း လောကသခင် များမှာ သူ့လောက် မည်ကဲ့သို့ မြန်ဆန်မည်နည်း။

ခရက်... ခရက်...

ဆက်တိုက်ဆိုသလိုပင် အသက်ကျောက်ပြား များ တစ်ခုပြီး တစ်ခု ကွဲကြေသွားသည်ကို သူ ခံစားလိုက်ရ၏။ သို့သော်လည်း ကျိဂူမှာ နောက်သို့ လှည့်မကြည့်ရဲချေ။ သူက လေထုအလွှာများကိုပင် တိုက်ရိုက် ခုန်ကျော်ကာ နန်းတော်ထဲ အထိ တိုက်ရိုက် ခုန်ဝင်လိုက်တော့၏။

“ ... “

ထိုအခိုက်၌ လောကကြီး တစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ မည်သည့် အရာများ ဖြစ်ပျက်နေသနည်း။

ဝေ့ဝူယင်က နောက်သို့ ပြန်လည် ဆုတ်သွားသည့် မဟာ ဘုန်းတော်ကြီး ကျိဂူကို အေးစက်စွာ ကြည့်ရင်း မူလ ဒြပ်စင်  နဂါးကိုးကောင်ကို ပြန်ခေါ်လိုက်၏။ ၎င်းတို့က အလွန် လျှင်မြန်စွာပင် ပြန်လည် ရောက်ရှိလာကာ သူ့ခန္ဓာကိုယ်ကို ဝန်းရံ ကာကွယ်လိုက်ကြသည်။ တစ်ချိန်တည်း၌ သတ္တုနဂါးက သူ စီးနင်းရန် အတွက် ခေါင်းကို နာခံစွာ ညွှတ်ပေးသည်။

ဝေ့ဝူယင် နဂါး၏ ဦးခေါင်းထက်တွင် ကောင်းကင်လေပြည် နန်းတော်ကို စစ်ဆေးလိုက်၏။ သူသည် မူလ မိုးကုပ်စက်ဝိုင်း အဆင့် ကြယ်တာရာ ဝိညာဥ်ကို ပိုင်ဆိုင်ထားရာ ၎င်း၏ အကူအညီဖြင့် ထိန်းချုပ်ခံထားရသည့် မန်နာများကိုပင် ဆက်သွယ်နိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် လောကဖိအားနှင့်ပင် ယှဥ်နိုင်သည့် ကောင်းကင်ဖိအားကို သူ ထုတ်လွှတ်နိုင်ခြင်း ဖြစ်သည်။

ထို့အပြင် လောကသခင်များနှင့် ခြားနားချက် တစ်ခုက ကောင်းကင်ဖိအားကို ထုတ်လွှတ်ရန် အတွက် သူ့အတွက် လောကနယ်မြေကို မလိုအပ်ခြင်း ဖြစ်သည်။ ကြိုက်သည့် အချိန် ကြိုက်သည့် နေရာတွင် အတွေးတစ်ချက်ဖြင့် ကောင်းကင်ဖိအားကို သူ ထုတ်ဖော်နိုင်ပေသည်။

သူ့တွင် ကောင်းကင်ဖိအား အပြင် လောကသခင် အဆင့် သို့မဟုတ် ထိုထက် ပိုမြင့်သည့် အဆင့်များနှင့် ယှဥ်၍ တိုက်ခိုက်နိုင်သည့် ခရာတို၏ ဟင်းလင်းပြင် နဂါးအင်အား ကဲ့သို့သော အခြားစွမ်အင်များလည်း ရှိပေသေးသည်။  သို့သော်လည်း... ထိုစွမ်းအင်များကို အသုံးပြုရန် သူ ယခုအချိန်ထိ မလိုအပ်ခဲ့သေးချေ။

လင်းမင်မှာ နန်းတော်ထဲတွင် ပုန်းကွယ်ကာ အခွင့်အရေး တစ်ခု ပေါ်သည် အထိ စောင့်ဆိုင်းလိုဟန် ရသည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ စောင့်ဆိုင်းရန် စိတ်မဝင်စားချေ။ ယခုက ဆုတ်ယုတ်မှု ရာသီ ဖြစ်လေရာ လောကသခင်နှင့် အချိန်သခင်များမှာ ယခင်ကလောက် ကြောက်စရာ မကောင်းတော့ချေ။ ဝေ့ဝူယင် အတွက် သူတို့အားလုံးမှာ အားနည်းကြပေသည်။

လောကနယ်မြေနှင့် လောကီ ပြိုကွဲခြင်း စွမ်းအင်များအား အပြည့်အဝ အသုံးမပြုနိုင်ခြင်းနှင့် အတူ သူတို့မှာ ကြယ်တာရာ အင်အား ပိုမို တောင့်တင်းသည့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များသာ ဖြစ်သည်။ သို့သော်လည်း... သူတို့ ပိုင်ဆိုင်ထားသည့် ကြယ်တာရာ အင်အား၏ အရေအတွက်နှင့် အရည်အသွေးက သုံးဆယ့်နှစ် စင်တီမီတာ အရွယ်အစား ရှိသည့် သူ၏ ကြယ်တာရာ လေးခုကို ယှဥ်နိုင်ပါမည်လော။

ဝေ့ဝူယင်က အနီး၌ ရှိနေသည့် ဟင်းလင်းပြင် သင်္ဘောလေးခုကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ သတ်ဖြတ်ခြင်း အငွေ့အသက်များမှာ သာ၍ ပြင်းထန်လာသည်။ အစွန်းလေးဖက် လောကနယ်မြေရှိ လောကသခင်နှင့် အချိန်သခင်များအား အားနည်းသွားစေလိုသည့် သူ့ဆန္ဒကို ထိုတော်ဝင် ကလေးငယ်များက ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်။

တော်ဝင် ကလေးငယ်များ စုံညီသွားခြင်းနှင့် ဘအတူ နယ်မြေတိုင်းက တော်ဝင် နယ်မြေများ အဖြစ် ပြောင်းလဲသွားပြီ ဖြစ်လေရာ မည်သူက တိုက်ခိုက်တော့မည်နည်း။

ဂါး...

နဂါးကြီးများက ဟိန်းဟောက်လိုက်ရင်း ဒေါသတဟုန်းဟုန်း တောက်လောင်နေသည့် မျက်လုံးများဖြင့် ဟင်းလင်းပြင် သင်္ဘောများကို လှမ်းကြည့်လိုက်ကြ၏။ ရောင်စုံ အခိုးအငွေ့များကို မှုတ်ထုတ်နေသည့် ၎င်းတို့၏ ဝင်သက်ထွက်သက်က ထူးဆန်းသည့် ခံစားချက် တစ်မျိုးကို ဖော်ဆောင်နေသည်။ စက္ကန့်ပိုင်းမျှ အတွင်းမှာပင် ၎င်းတို့မှာ မီတာ ထောင်ချီ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးများကို ဆန့်တန်းလိုက်ကြရင်း အကြွင်းမဲ့ မီးတောက် တော်ဝင်သမီးတော်အား သယ်ဆောင်ထားသည့် ဟင်းလင်းပြင် သင်္ဘောဆီသို့ ဦးတည် ရွေ့လျား လိုက်ကြတော့၏။

“ရပ်လိုက်...”

သူရဲ‌ကောင်းဆန်သည့် အငွေ့အသက်များ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ပုံရိပ်တစ်ခုမှာ အဖြူရောင် လှံတံတစ်စင်းကို ကိုင်ဆောင်ကာ ကောင်းကင်လေပြည် နန်းတော်ထဲမှ ပြင်ပသို့ ပျံထွက်လာသည်။ ၎င်းက ကြယ်ပျံတစ်စင်းလို အလွန် လျှင်မြန်သည့် အရှိန်ဖြင့် ပျံသန်းလာကာ စက္ကန့်ပိုင်း အတွင်းမှာပင် တော်ဝင် သမီးတော်၏ ဟင်းလင်းပြင် သင်္ဘောနားသို့ ရောက်ရှိလာ၏။

ဝေ့ဝူယင်က နဂါးများကို ဟန့်တားလိုက်ရင်း ချောမော ခန့်ညားသည့် ထိုပုံရိပ်ကို လှမ်းကြည့်လိုက်၏။ သူကား လင်းမင်ပင် ဖြစ်လေသည်။

“ပြင်ပစွမ်းအားကို မှီခိုပြီး လူသတ်တယ်ပေါ့... ဟမ့်... အဲဒါက အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ရဲ့ စွမ်းဆောင်ရည် အကုန်လား... ဝေ့ဝူယင်...  မင်း ဒီကို လာတာ ငါ့အတွက် မလား... ခု ငါရောက်နေပြီ... မဆိုင်တဲ့လူတွေ ဆွဲမထည့်ပဲ ငါတို့ နှစ်ယောက်ပဲ တိုက်ရိုက် ဖြေရှင်းကြတာပေါ့”

လင်မင်က ဝေ့ဝူယင်ကို ကြည့်ကာ ပြောလိုက်ရင်း ဒြပ်စင်တိုကင် လေးခုကို ထုတ်ဖော်လိုက်၏။

“နတ်ဘုရား သင်္ကေတ လေးခု...”

ထိုမြင်ကွင်းကို ကြည့်ကာ မရေမတွက်နိုင်သည့် လူများမှာ အံ့အားသင့် သွားကြသည်။ နောက်ပြီး အာရုဏ်ဦး အာဏာရှင် ဧကရာဇ်... ထိုအသုံးအနှုန်းက ဒြပ်စင်သုံးခု တော်ဝင်သားတော်ကို ရည်ညွှန်းခြင်းလော။ သူတို့က အ‌စောကတည်းက သိနေကြသည်လော။

မူလနဂါး အစီအရင်ကို ပြင်မစွမ်းအား တစ်ခု အဖြစ် အထင်မှားနေဟန် ရသည့် လင်းမင်ကို ကြည့်ရင်း ဝေ့ဝူယင် စိတ်ထဲမှ ပြုံးလိုက်မိ၏။ သို့သော်လည်း သူ ရှင်းပြရန် စိတ်ကူး မရှိပဲ ဒြပ်စင်တိုကင် လေးခုကိုသာ ကြည့်လိုက်သည်။ ပြိုင်ပွဲ၏ စည်းမျဥ်းများ အရဆိုလျှင် စိန်ခေါ်တိုက်ခိုက်ခြင်းဖြင့်သာ ထိုနတ်ဘုရား သင်္ကေတများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။

“မင်း ဘယ်လိုသဘောရလဲ...”

လင်းမင်က လောက၏ မန်နာများကို ထိန်းချုပ်ကာ ရွေ့လျားနေသည့် နဂါးကိုးကောင်ကို ကြည့်ရင်း မေးလိုက်၏။ အကယ်၍ ဝေ့ဝူယင်က မီတာတစ်ရာ အတွင်းကို အကပ်မခံပဲ ထိုအစီအရင်ဖြင့် အဝေးမှ တိုက်ခိုက်ပါက အရေးနိမ့်ရမည့်လူက သူ သာလျှင် ဖြစ်ပေလိမ့်မည်။ သေဆုံးသွားသည့် လောကသခင် ကိုးယောက်က ထိုအချက်ကို သက်သေခံနေသည်။

ဟင်းလင်းပြင် သင်္ဘောအတွင်းရှိ သူ ဂရုစိုက်ရသည့် မိန်းကလေးကို အလွန် အစွမ်းထက်သည့် ကျင့်ကြံသူ တစ်ယောက်က ကာကွယ်ထားသည့်တိုင် သူမအား အန္တရာယ် ဖြစ်စေနိုင်သည့် အသေးငယ်ဆုံးသော အန္တရာယ်ကို ပင်လျှင် သူ မလိုလားချေ။ ပြိုင်ပွဲ ကြီးကြပ်သူက လျှို့ဝှက် အာဏာရှင် အဆင့်များကို ဝင်ရောက် စွက်ဖက်ခွင့် ပိတ်ပင်ထားလျှင် မည်ကဲ့သို့ လုပ်မည်နည်း။

ဝေ့ဝူယင်က လင်းမင်၏ အ‌ကြောက်အလန့် ကင်းမဲ့မှုကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်မိ၏။ သူက ကောင်းချီးခံ တစ်ယောက် ဆိုသော်လည်း သူ့ကျင့်ကြံခြင်း အဆင့်က ယခုမှ အာကာသ ပဲ့တင်သံ အဆင့်တွင်သာ ဖြစ်သည်။

ထိုလူငယ်လေးက သူ့ ခွန်အားကို မသိလေသလော။ သူ၏ အဂ္ဂိရတ် တာအို အောင်မြင်မှုများကို မကြားဖူးလေသလော။  သို့တည်းမဟုတ်... အဆင့်တစ်ဆင့် ပိုမို မြင့်မားသည့် တော်ဝင်သားတော် တစ်ပါးကို ရင်ဆိုင်ရန် အမှန်တကယ် သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေသလော။

“‌ကောင်းပြီလေ...”

ဝေ့ဝူယင်က မတုန့်မဆိုင်းပင် သဘောတူညီလိုက်တော့၏။

***

All Chapters