← Chapters

ဆုံးဖြတ်ချက်

Vol. 36 Ch. 499

ဆုံးဖြတ်ချက်

Vol. 36 Ch. 499

ဝေ့ဝူယင်မှာ အခြားလူများ၏ အကြည့်များကို လျစ်လျူကာ တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားသည့် ဒြပ်စင် တိုကင် ခုနစ်ခုကို စစ်ဆေးနေခဲ့၏။ လင်းမင် အပြင်ဘက်မှ ယူဆောင်လာသည့် ဒြပ်စင် သုံးခုမှာ သစ်သား၊ သတ္တုနှင့် ချော်ရည် တို့ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သစ်သားနှင့် ချော်ရည်တို့မှာ တစ်စုံတစ်ရာ လစ်ဟာနေသလို သူ ခံစားလိုက်ရ၏။ သေချာစွာ နှိုင်းယှဥ်ပြီးနောက်၌ ၎င်းတို့မှာ ရတနာသိုက်များကို ဖွင့်လှစ်ရန် အသုံးပြုထားခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

သို့သော်လည်း သတ္တု ဒြပ်စင် နတ်ဘုရား သင်္ကေတမှာမူ ပကတိ အတိုင်း ရှိနေသေးဆဲ ဖြစ်သည်။

“သစ်သားနဲ့ ချော်ရည် ရတနာသိုက်တွေက မီးတောက်ကောင်းကင် ဒေသနဲ့ လေပြည်လွင်ပြင်မှာ ရှိပြီး သတ္တု ရတနာသိုက်ကတော့ ပျက်သုဥ်းခြင်း နယ်မြေမှာ ရှိနေတာ ဖြစ်ရမယ်...  ဒါကြောင့်ပဲ လင်းမင်က မယူနိုင်သေးတာ”

ဖြစ်နိုင်ချေများကို တွက်ချင်ရင်း ထိုအတွေးက အမှန်တရားနှင့် နီးစပ်သလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ အချိန်တစ်ခု ယူကာ တိုကင်များကို စစ်ဆေးပြီးနောက် သူ ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။

“ပုံရိပ်ယောင် မျက်လုံး ကျင့်စဥ်ကို သုံးရတာ တကယ် မလွယ်တာပဲ... ပထမ အဆင့် ဖြစ်တဲ့ ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖန်တီးတာနဲ့တင် စိတ်စွမ်းအင် တော်တာ် ကုန်နေပြီ... ပြီးရင် ဧဒင်ရဲ့ စိတ်စွမ်းအင်ကို သုံးပြီး ပစ်မှတ်ရဲ့ အတွေးနဲ့ မှတ်ဉာဏ်တွေကို လွှမ်းမိုးဖို့ ထပ်ပြီး ကြိုးစားရသေးတယ်... ပစ်မှတ်က ပိုအစွမ်းထက်လေ သူတို့ရဲ့ အသိစိတ် ပင်လယ်က ပိုရှုပ်ထွေးလေလေ... ထိန်းချုပ်ရတာ ပိုပြီး ခက်လေလေပဲ”

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်၏။ အညံ့ခံခြင်းဆိုသည်မှာ တစ်ဖက်သတ် ဆုံးဖြတ်၍ ရသည့် လွယ်ကူသည့် ကိစ္စရပ်မျိုး မဟုတ်ချေ။ ၎င်းက စိတ်နှင့်ကိုယ် နှစ်ခုစလုံးကို ပြိုင်ဘက်ထံတွင် အရှုံးပေးလိုက်ခြင်းပင် ဖြစ်သည်။ လင်းမင်မှာ ဘယ်တော့မှ အညံ့ခံမည့် လူစားမျိုး မဟုတ်ကြောင်း ဝေ့ဝူယင် သိသည်။ သူ့ မှတ်ဉာဏ်များထဲတွင် ရှိနေသည့် ထိုမိန်းကလေးမှာ သူ့ဘဝ တစ်လျှောက်လုံးတွင် အယုံကြည်ရဆုံး လူများထဲမှ တစ်ယောက် ဖြစ်သည်။  ထို့ကြောင့်ပင် ဝေ့ဝူယင်က ၎င်းကို လက်နက်တစ်ခု အဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။

ဝေ့ဝူယင် မျက်လုံးများကို ဝေ့လိုက်ရင်း လေထုထဲတွင် ငြိမ်းချမ်းစွာ လွင့်မြောနေသည့် ကောင်းကင်လေပြည် နန်းတော်ကို ကြည့်လိုက်၏။ စည်းမျဥ်းများ အရဆိုလျှင် ထိုဘုရားကျောင်းနှင့် ဘုရားကျောင်း အဖွဲ့ဝင်များမှာ သူ့ ကိုယ်ပိုင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လောလောဆယ်၌ ထိုအရာက ကိုင်တွယ်စရာ ကိစ္စတစ်ခု မဟုတ်သေးချေ။

ဝေ့ဝူယင် ခေါင်းကို ပြန်လည့်ရင်း လေထုထဲ၌ ပျံဝဲလျှက် ဆက်လက် တည်ရှိနေသည့် ဟင်းလင်းပြင် သင်္ဘောများကို ကြည့်လိုက်၏။ ၎င်းတို့မှာ နောက်ဆုတ်မည့် လက္ခဏာ မရချေ။ သို့သော်လည်း ဝေ့ဝူယင် မအံ့သြပါချေ။ ပြင်ပနယ်မြေများမှာ လာသည့် ထိုတော်ဝင် ကလေးငယ်များမှာ သူ့ကို ဘယ်တော့မှ ကြောက်လိမ့်မည် မဟုတ်ကြောင်း သူ သိပေသည်။ မည်သို့ပင် ဆိုစေ... သူတို့တွင် ကာကွယ် စောင့်ရှောက်သူများ ရှိနေသည် မဟုတ်ပါလား။

ပုံရိပ်ယောင် ကမ္ဘာထဲတွင် သူ လင်းမင်ကို ကာကွယ်စောင့်ရှောက်သူ တစ်ယောက် သေဆုံသွားသည့် မြင်ကွင်းကို ပြသခဲ့သည်။ သို့သော်လည်း ထိုအရာက အပြင်လောကတွင် အမှန်တကယ် ဖြစ်ပျက်လာလိမ့်မည်ဟု သူ မယုံကြည်ချေ။ ပြိုင်ပွဲ ကြီးကြပ်သူ ဖြစ်သည့် လူအိုကြီး ဝမ်ယုထျန်းတွင် လျှို့ဝှက် အာဏာရှင် အဆင့်များကို တားဆီးနိုင်သည့် စွမ်းရည်မျိုး မရှိချေ။

ဝေ့ဝူယင်က တည်ငြိမ်စွာဖြင့် သတ္တု မူလနဂါး၏ ဦးခေါင်းကို စီးနင်းလိုက်၏။ ထို့နောက် လက်နှစ်ဖက်ကို ပိုက်ရင်း ကောင်းကင်ဆီ ပျံတက်ကာ ဟင်းလင်းပြင် သင်္ဘောများထံ ချည်းကပ်လိုက်သည်။ ပရိသတ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ နောက်တစ်ဖန် ပြန်လည် စိတ်လှုပ်ရှား လာကြ၏။ ဝေ့ဝူယင်က အခြားလူများကိုပါ စိန်ခေါ်တော့မည်လော။

ဟူး... ဟူး...

ဝေ့ဝူယင်မှာ ဟင်းလင်းပြင် သင်္ဘောများနှင့် မီတာရာဂဏန်းခန့် အကွာအထိ ရောက်ရှိလာခဲ့၏။ သင်္ဘောထက်ရှိ စစ်သည်တော်များမှာ ကြောက်လန့်ခြင်း မရှိချေ။ သူတို့က အသက်ပေးကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြ၏။ ယခုအချိန်ထိ သူတို့ မလှုပ်ရှားရသေးသည့် တစ်ခုတည်းသော အ‌ကြောင်းရင်းမှာ တော်ဝင် ကလေးငယ်များက အမိန့်မပေးသေးသောကြောင့်သာ ဖြစ်သည်။

ထန်ရှင်းယွင်၏ အကြည့်က ရေခဲကဲ့သို့ အေးစက်နေကာ သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေ၏။ ဟယ်ယန်းလဲ့ကတော့ ခါတိုင်းလိုပင် တည်ငြိမ်ကာ ပျင်းရိသည့် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲ ဖြစ်သည်။

ကြည့်ရသည်က ဟယ်ယန်းလဲ့မှာလည်း သူ ခွန်အားကို မြှင့်တင်ရန် အောက်တန်းကျသည့်  နည်းလမ်းများကို အသုံးနေထားဟု ယူဆနေဟန် ရသည်။ အထင်သေးခြင်းနှင့် စက်ဆုပ်ခြင်းတို့ ပြည့်နှက်နေသည့် မျက်ဝန်းများက ထိုအချက်ကို အတိအလင်းပင် ဖော်ပြနေသည်။ ဘာပဲဖြစ်ဖြစ် ဝေ့ဝူယင်က တည်ငြိမ်စွာ စကားပြောရန်သာ ဆုံးဖြတ်လိုက်၏။

"ကျုပ် ခင်ဗျားတို့ရဲ့ တော်ဝင် ကလေးငယ် နှစ်ယောက်နဲ့ စကားပြောချင်တယ်… ကျုပ် ဒီနေရာကို ရောက်လာရတဲ့ အကြောင်းရင်းက ကျုပ်ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေရုံ သက်သက်ပဲ… ခင်ဗျားတို့နဲ့ ပဋိပက္ခ ဖြစ်ချင်တဲ့စိတ် ကျုပ်မှာ မရှိဘူး…

ဝေ့ဝူယင်က ခိုင်မာ တည်ငြိမ်သော စကားလုံးများဖြင့် သူ့ရည်ရွယ်ချက်ကို ရှင်းလင်း ပြောပြလိုက်၏။

အစွန်းလေးဖက် လောကနယ်မြေသို့ ထိုပြင်ပ နယ်မြေသားများ ရောက်ရှိ လာရသည့် ရည်ရွယ်ချက်မှာ ရတနာ ရှာဖွေရန် သက်သက်သာ ဖြစ်ကြောင်း လူအိုကြီးက သူ့ကို ပြောပြခဲ့ပြီး ဖြစ်သည်။ ယခု အချန်လောက်ဆိုလျှင် သူတို့မှာ သက်ဆိုင်ရာ ရတနာသိုက်များမှ ရင်းမြစ်များကို ယူဆောင်ခဲ့ပြီး ဖြစ်နိုင်သည်။

အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်ရန်လား…။

သူတို့၏ နောက်ခံ အင်အားစုများမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် ကွာခြားမှု မရှိခြင်းနှင့် အခြား ရှုပ်ထွေးသော အကြောင်းရင်းများကြောင့် သူတို့ အနေဖြင့်  ရွေးချယ်ခံ တစ်ယောက် ဖြစ်လာရန် မလိုအပ်ဟု ဝေ့ဝူယင် ခံစားရသည်။ ထိုယူဆချက်က မှားလျှင်လည်း မှားပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ်… သူတို့ အနေဖြင့် သူ့ ရည်ရွယ်ချက်ကို နားလည်နိုင်လိမ့်မည်ဟု  မျှော်လင့်မိပေသည်။

အခြားတစ်ဖက်၌ ဝေ့ဝူယင်ကို ကြည့်နေသည့် ထန်ရှင်းယွင်၏ မျက်လုံးများမှာ ပိုမို၍ အေးစက် လာခဲ့၏။ ဝေ့ဝူယင်မှာ လင်းမင်ကို အသက် ချမ်းသာပေးခဲ့သည် သေတာထက် ပိုဆိုးသည့် စိတ်ဒဏ်ရာမျိုးကို ပေးခဲ့ခြင်း ဖြစ်သည်။ အညံ့ခံခဲ့သည် ဆိုသော အမည်းစက်ကြီးက လင်းမင်၏ ဘဝ တစ်လျှောက် လိုက်လံ ခြောက်လှန့်ကာ အနာဂတ် လမ်းကြောင်အတွက် အတားအဆီး တစ်ခု ဖြစ်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ နည်းမှန်လမ်းမှန် ဆိုပါက ဖြေသာစရာ ရှိသော်လည်း ယခုက ယုတ်ညံ့သည့် နည်းလမ်းများကို အသုံးပြုကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

များစွာသော အတွေးများ ထန်ရှင်းယွင်၏ ခေါင်းအတွင်း ပဲ့တင်ထပ်ကာ ပျံ့လွင့်နေချိန်တွင် ဟယ်ယန်းလဲ့ကတော့ တိတ်ဆိတ်နေခြင်း မရှိချေ။

"မင်းရဲ့ ရည်ရွယ်ချက် ဟုတ်လား… မင်းက  ထိုက်တန်လို့လား"

ဟယ်ယန်းလဲ့၏ စကားလုံးများက အထင်သေး စက်ဆုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ ယုတ်မာ အောက်တန်းကျသည့် နည်းလမ်းများအား အသုံးပြုထားသူ တစ်ယောက်မှာ မည်ကဲ့သို့ ရွေးချယ်ခံ ဖြစ်ရန် ထိုက်တန်မည်နည်း။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ စွမ်းအား မြှင့်တင်သည့် နည်းလမ်းများအား အသုံးပြု မထားကြောင်း သူ မည်ကဲ့သို့ ရှင်းပြရမည်နည်း။ သူတို့၏ ကြယ်တာရာ နယ်မြေများတွင် ထိုအဆင့် ကျင့်ကြံသူများ မရှိသည်လော။

သို့တိုင်အောင် သူက အစစ်အမှန် စွမ်းအား၏ တစ်ဆယ်ရာခိုင်နှုန်းမျှကိုပင် မထုတ်ဖော်ရသေးချေ။ သူ့တွင် ကွင်းဆယ်ကွင်း ဝိညာဉ်ဆင်းတုများ၊  အာကာသ ပဲ့တင်သံလှိုင်းများ၊ ဆေဘာ စွမ်းအားနှင့် အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းတို့ အပါအဝင် ဝှက်ဖဲများစွာ ကျန်ရှိနေပေသေးသည်။ သူ ဖော်ထုတ်ထားသည့် မူလ နဂါးများ ပင်လျှင် ၎င်းတို့၏ စွမ်းအင်ကို အကုန်အစင် အသုံးမပြုရသေးချေ။

ယခုလို အိုးစွပ်ခွက်စွပ် စွပ်စွဲနေခြင်းက အတော်လေး ရယ်စရာကောင်းသည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။ သို့သော်လည်း သူတို့ ဘယ်လိုပဲ ထင်ထင် သူ စိတ်မဝင်စားပါချေ။ သူတို့အား တကူးတက ရှင်းပြရန်လည်း သူ့တွင် ရည်ရွယ်ချက် မရှိချေ။

ဝေ့ဝူယင်က အသာအသာ ပြုံးလိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်၏။

"ထိုက်တန်တန် မထိုက်တန်တန် အခြား ပြိုင်ပွဲဝင်မှ မရှိတော့တာပဲ"

အခြားလူများမှာ သူ့စကားကို နားလည်ချင်မှ နားလည်မည် ဖြစ်သော်လည်း သူတို့ နှစ်ယောက်ကတော့ နားလည်မှာ သေချာပေသည်။

" … "

ဟယ်ယန်းလဲ့မှာ တိတ်ဆိတ်သွား၏။ ဝေ့ဝူယင်၏ စကားက တကယ် မှန်ကန်ပေသည်။ အခြား ရွေးချယ်ခံ မရှိဝောာ့ချေ။

အကယ်၍ သူသာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို ဝင်ရောက်လိုက်ပါက ဟယ်မျိုးနွယ်က သူ့ကို သစ္စာဖောက် တစ်ယောက် အဖြစ် သတ်မှတ်ကာ ဘဝတစ်လျှောက်လုံး လိုက်လံ သတ်ဖြတ်လိမ့်မည် ဖြစ်သည်။ သူ့ကဲ့သို့ပင် ထန်ရှင်းယွင်မှာလည်း လက်ခံလိမ့်မည် မဟုတ်ချေ။ သူမ၏ ကံကြမ္မာက သူ့ထက် ပို၍ပင် ဆိုးရွားသွားနိုင်ပေသည်။

ထန်ရှင်းယွင်က အေးစက်စွာဖြင့် ဆိုလိုက်လေ၏။

"အဲဒါဆိုရင်တောင် ဒြပ်စင် တိုကင်ကို နင့်ကို ပေးဖို့ ငါတို့မှာ တာဝန် မရှိဘူး… အထူးသဖြင့် နင်က ရွေးချယ်ခံ တစ်ယောက် ဖြစ်ဖို့ မထိုက်တန်တဲ့ အခါမျိုးမှာပေါ့"

လူများမှာ သူမ၏ စကားကို ကြားလိုက်ရရာ အံ့ဩသွားကြ၏။ ဝေ့ဝူယင်က နတ်ဘုရား သင်္ကေတများကို စုစည်းဖို့ ကြိုးစားနေသည်လော။ ထိုအရာက ဖြစ်နိုင်ပါ၏လော။

ဝေ့ဝူယင်မှာ မိန်းကလေး၏ စကားလုံးများထဲမှ ရန်လို မုန်းတီးမှုများကို ခံစားလိုက်ရ၏။ ယုတ်မာသည့် နည်းလမ်းများအား အသုံးပြုနေသည်ဟု ယုံကြည်သည့် အတွက် သူမ သူ့အား သဘောမကျတာ သဘာဝ ကျလှသည်။ သို့သော်လည်း ထိုမျှလောက်  ခါးခါးသီးသီး ဖြစ်စရာ မလိုဟု သူ ယူဆ မိပေသည်။

"ဒါပေမဲ့ နင့်ဘက်က ဆန္ဒရှိတယ် ဆိုရင်တော့ ငါတို့ တိုက်ခိုက်လို့ရတယ်"

မိန်းကလေးက ခြောက်ကပ်သည့် လေသံဖြင့် ထပ်မံ ပြောလိုက်၏။

ဝေ့ဝူယင်မှာ အနည်းငယ် အခက်တွေ့ သွားသည်။ သူ ထိုနှစ်ယောက်နှင့် မတိုက်ခိုက်လိုချေ။ အဘယ်ကြောင့် ဆိုသော် လင်းမင်နှင့်ကလိုမျိုး  တူညီသည့် အခြေအနေမျိုး ကြုံတွေ့ လာနိုင်သောကြောင့်ပင် ဖြစ်သည်။

အကယ်၍ သူတို့ဘက်မှ အညံ့ခံဖို့ ငြင်းဆန်လျှင် သူ့ဘက်ကလည်း သူတို့ကို သတ်ကို သတ်ရလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုလျှင် လျှို့ဝှက် အာဏာရှင် အဆင့် ကာကွယ်သူမှာ တိုက်ပွဲ အတွင်း ကျိန်းသေ ဝင်ရောက် လာလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ဘယ်လောက်ပဲ သတ္တိရှိရှိ ထိုမျှလောက် မစွန့်စားလိုချေ။

တွေဝေနေဟန်ရသည့် ဝေ့ဝူယင်ကို ကြည့်ရင်း ဟယ်ယန်းလဲ့က လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်၏။

"ဟုတ်တယ် တိုက်ခိုက်ကြတာပေါ့… မင်း ဘယ်လို သဘောရလဲ"

ဝေ့ဝူယင် တားမြစ်နည်းလမ်းများကို အသုံးပြုထားလျှင်ပင် သူ မကြောက်ချေ။ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံဖြင့် ကြယ်တာရာ သခင်များ အပါအဝင် ဤလောက နယ်မြေတစ်ခုလုံးရှိ ဘယ်သူ့ကိုမှ သူ မကြောက်ချေ။

"တိုက်ခိုက်ဖို့ မလိုပါဘူး"

ဝေ့ဝူယင်က ဟယ်ယန်းလဲ့ကို ကြည့်ရင်း ပြောလိုက်၏။

"ကျုပ်တို့ အပေးအယူ လုပ်ကြရင်ရော ဘယ်လိုလဲ… ကျုပ် ရတနာသိုက် တစ်ခုကို တွေ့ထားတယ်… အဲဒါကို တစ်ဝက်ခွဲပြီး ခင်ဗျားတို့ နှစ်ယောက်ကို ပေးမယ်… အပြန်အလှန် အနေနဲ့ ဒြပ်စင်တိုကင်တွေ ကျုပ်ကိုပေးရမယ်"

ထန်ရှင်းယွင်မှာ သူ့ရည်ရွယ်ချက်ကို လူသိရှင်ကြား ကြေညာခဲ့ပြီး ဖြစ်လေရာ သူ့ ဘက်ကလည်း ကွယ်ဝှက်နေစရာ မလိုတော့ချေ။

ထန်ရှင်းယွင်မှာ မတုန်မလှုပ်ပင် ရှိနေဆဲ ဖြစ်သော်လည်း ဟယ်ယန်းလဲ့၏ မျက်လုံးများကတော့ လောဘများဖြင့် ပြည့်နှက်သွား၏။ ဒြပ်စင် ရတနာသိုက် တစ်ခု ဆိုသော စွဲဆောင်မှုက အလွန် ပြင်းထန်လွန်းသည်။ ထိုအတွင်းရှိ ရင်းမြစ်များက သူတို့လို ပြင်ပ နယ်မြေသားများ အတွက်ပင် အလွန် အဖိုးထိုက်တန်သည်။

သို့သော်လည်း သူက ဝေ့ဝူယင်၏ စကားကို အဘယ်ကြောင့် နားထောင်ရမည်နည်း။ ထိုလူငယ်အား သတ်ဖြတ်လိုက်သည်နှင့် ရတနာများက သူ့အပိုင် ဖြစ်လာမည်မှာ သေချာသည်။

"မင်းပြောချင်တာ ဒါ အကုန်ပဲလား…"

ဟယ်ယန်းလဲ့က ကစားလိုသည့် ပုံစံဖြင့် ပြုံးရင်း မေးလိုက်လေ၏။

***

All Chapters