← Chapters

နောက်ဆုံးပေါ်ထွက်လာမှု

Vol. 35 Ch. 477

နောက်ဆုံးပေါ်ထွက်လာမှု

Vol. 35 Ch. 477

ဝမ်ဝေ့က သီးသန့်ကျင့်ကြံရေးဝင်ရောက်ပြီးနောက် ချက်ချင်း အဆင့်မတက်သေးပေ။ ပထမဦးစွာ လတ်တလော အင်အားတိုးလာမှုက အခြေခံအုတ်မြစ်အပေါ် သက်ရောက်မှု မရှိကြောင်း သေချာအောင် လုပ်ဆောင်လိုက်သည်။ ထိုဖြစ်စဉ်အတွင်း သူက ကျန်ရှိသည့် စိတ်ဝိညာဉ်အမှုန်များကို လင်းလက်လာအောင် လုပ်ဆောင်လိုက်၏။

ဝိညာဉ်တိုးမြှင့်ရေး ဆေးလုံးနှင့် မသေမျိုးဝိညာဉ် သုံးပါးအတွင်း သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအားတို့ဖြင့် ဖြစ်စဉ်က ထင်ထားသလောက် မကြာမြင့်ခဲ့ပေ။ နှစ်ဆယ်ချီမျှဖြင့် သူက စိတ်ဝိညာဉ်အမှုန်ပေါင်း ၁.၂၆၉ ထရီလီယံကို လင်းလက်စေခဲ့သည်။

ထိုအရာ လုပ်ဆောင်ပြီးသွားသည်နှင့် သူက စိတ်ဝိညာဉ်ပန်းပွင့်ကို ဖွဲ့စည်းလိုက်သည်။ ဘိုးဘေးဝမ်ဝူချန်း ချန်ထားခဲ့သည့် ဝမ်ဝေ့၏ ဝိညာဉ်ကို သန့်စင်ပေးမည့် စွမ်းအားက အညစ်အကြေး မတွေ့သည့်အတွက် ထွက်သွားလေသည်။

ထို့နောက် ပန်းသုံးပွင့်သရဖူ တည်ရှိရာ သူ့အံ့ဖွယ်ပလ္လင်အထက် ကြည်လင်နေသည့် ကြာပွင့်တစ်ခု ထွက်ပေါ်လာသည်။ ထိုကြာပွင့်တွင် ပွင့်ချပ် ၁၂ ခု ရှိသည့်အတွက် အဆင့်တစ် စိတ်ဝိညာဉ်ပန်းပွင့် ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က သူ့စွမ်းရည်ကို စစ်ဆေးကြည့်လိုက်သည့်အခါ အလွန်ကျေနပ်နေမိသည်။ ဤစစ်ဆေးမှုအတွင်း၌ပင် အသုံးဝင်လာနိုင်သည်။

စိတ်ဝိညာဉ်ပန်းပွင့်က သရဖူရှိ နောက်ဆုံးကွက်လပ်ကို ဖြည့်ဆည်းလိုက်သည်။ သို့သော်လည်း ရတနာငါးခုကမူ မှေးမှိန်နေဆဲ ဖြစ်၏။ ကံကောင်းသည်က သိပ်မကြာမြင့်လိုက်ပေ။ ဝမ်ဝေ့၏ ကျန့်အင်္ဂါ ၅ရပ်လုံးက သက်တံကဲ့သို့ အရောင်အမျိုးမျိုးဖြင့် စတင်လင်းလက်တောက်ပလာသည်။

ထို့နောက် အရောင်တစ်ခုချင်းစီက ရတနာတွေကို လင်းလက်သွားစေသည်။ ထိုဖြစ်စဉ် အဆုံးသတ်သွားသည့်အခါ ဝမ်ဝေ့က သရဖူစွမ်းအားသည် သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် စွမ်းအားတို့ကို ဆေးကြောသန့်စင်ပေးသွားကြောင်း ခံစားမိလိုက်၏။

သူ့အခြေခံအုတ်မြစ်က ယခင်ထက် ပိုမိုပြီးပြည့်စုံလာပြီး သူ့ကျင့်ကြံရေးနှင့် ခန္ဓာကိုယ်ကပင် ပါရမီ အနည်းငယ်တိုးပွားလာသည်။

ဒါက ပန်းသုံးပွင့်သရဖူအဖြစ် စုစည်းပြီး ချီငါးပါးက မူလဇစ်မြစ်ဆီ ပြန်သွားခြင်းအခြေအနေလား…

သူက ထိုလျှို့ဝှက်နည်းစနစ်သည် သူ့အနာဂတ် ကျင့်ကြံရေးလမ်းစဉ်အတွက် များစွာ အကူအညီဖြစ်လိမ့်မည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ကောင်းပြီ။ အခု အဆင့်တက်လိုက်ရအောင်…

ဝမ်ဝေ့က ကျင့်ကြံဖို့ မျက်စိမှိတ်လိုက်သည့်အခါ အသိစိတ်ပင်လယ်အတွင်း အဖန်ရည်စားပွဲရှေ့တွင် သူ ထိုင်နေသည်ကို မြင်လိုက်ရသည်။ မျက်နှာချင်းဆိုင်တွင် သူ့ပုံစံအတိုင်း ဖြူဖျော့နေသည့် လူကို မြင်လိုက်ရသည်။

“ ငါ့ကို တွေ့ရတာ မပျော်ဘူးလား” နှလုံးသားနတ်ဆိုးက မေးလိုက်သည်။

“ မင်းက ဘယ်လိုထင်လို့လဲ”

“ ကောင်းပြီ။ ဒါက ကိစ္စမရှိဘူး။ မင်းက ဒီနေရာကနေ အကောင်းအတိုင်း ထွက်သွားနိုင်ရင် ဒါက ငါတို့ တွေ့ရမဲ့ နောက်ဆုံးအချိန်ပဲ”

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်ပြီးသည့်နောက်တွင် ကျင့်ကြံသူများက နှလုံးသားနတ်ဆိုး ရှိဆဲဖြစ်သော်လည်း သူတို့က မသိသာတော့ဘဲ ရုပ်ပိုင်းသွင်ပြင်အရ ပေါ်ထွက်လာခြင်း မရှိတော့ပေ။ ထိုအစား သူတို့က ရုတ်ချည်း အကျင့်စရိုက် ပြောင်းလဲသွားခြင်း၊ သံသယ ဆက်တိုက်ဖြစ်လာခြင်းတို့ဖြင့်သာ ပေါ်ထွက်လာလေ့ ရှိသည်။

ဤသည်က ဝမ်ဝေ့သည် လူကို ပထမဆုံးအကြိမ် သတ်ပြီးသည့် အခြေအနေနှင့် အတူတူဖြစ်၏။ သို့သော် ပိုမိုပြင်းထန်လေသည်။

“ ဒီတစ်ခါ ဘာပြောချင်တာလဲ” ဝမ်ဝေ့က လက်ဟန်ပြလိုက်သည်။

“ ကိစ္စတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဒီနေ့ကိစ္စက မင်းရဲ့ ကြောင်သူတော်ဆောင်နေမှုကို ပြောရမယ်” နှလုံးသားနတ်ဆိုးက ပြောလိုက်သည် “ ပြောပါဦး။ မင်းက ကောင်းကင်တာအိုရဲ့ အပေးအယူကို ဘာလို့ လက်မခံရတာလဲ”

“ မင်းက ဘာကို ပြောချင်တာလဲ”

“ မင်း အဘွား သေပြီးတော့ သေခြင်းတရားနဲ့ ခွဲခွာမှုက မင်းတို့ မိသားစုဆီမှာ ဖြစ်လာနိုင်တယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ကောင်းကင်တာအိုက မင်းကို ဒီစစ်ဆေးမှု အောင်မြင်ပြီး အသက်ရှင်နိုင်မဲ့နည်းလမ်းကို ပြခဲ့တယ်။ ဒါပေမဲ့ မင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်ခဲ့တယ်။ ဒါတွေအားလုံးက မင်းရဲ့ အထွတ်အထိပ် တာအိုတစ်ခုကို ထိန်းချုပ်ချင်နေတဲ့ တစ်ကိုယ်ကောင်းဆန်ဆန် အတ္တ ဆန္ဒတွေကြောင့်ပဲ”

နှလုံးသားနတ်ဆိုးက ယာယီရပ်တန့်လိုက်ပြီးနောက် လက်ဝှေ့လိုက်သည့်အခါ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုသည်က ညလယ်ခေါင်တွင် ငိုကြွေးနေသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။

“ အမေ…”

ဝမ်ဝေ့က ထိုအရာကို ကြည့်ရင်း တွေးလိုက်မိသည်။

“ ဒီသနားစရာ အမျိုးသမီးက ညဘက်တွေမှာ တစ်ယောက်တည်း ငိုကြွေးပြီးတော့ သူ့အမေ ဆုံးရှုံးပြီးတဲ့နောက် သူ့သားကို ဆုံးရှုံးရလိမ့်မယ်လို့ တွေးထင်နေတယ်။ ပိုဆိုးရွားတာက သူမ တတ်နိုင်တဲ့အရာ ဘာမှမရှိဘူး… ဒါပေမဲ့ မင်းက တတ်နိုင်တယ် မဟုတ်ဘူးလား။ မင်း လုပ်ဖို့ လိုတာက ကံကြမ္မာစည်းမျဉ်းကို အသုံးပြုဖို့ ပင်ကိုရတနာကို အသုံးပြုလိုက်ရုံပဲ။ ဒီစစ်ဆေးမှု ဒုက္ခတွေအားလုံးကို ရှောင်ရှားနိုင်တယ်။ ဒီသနားစရာ အမျိုးသမီးကလည်း ဒီလိုခံစားနေစရာ မလိုတော့ဘူး”

“ ငါက စစ်ဆေးမှုကို အောင်မြင်ဖို့ နည်းလမ်းရှာပြီးပြီ” ဝမ်ဝေ့က လက်ဟန်ပြကာ ပြောလိုက်သည်။ ကံကောင်းသည်က သူက စကားမပြောပေ။ မဟုတ်ပါက သူ့အသံသည် ယခုအခါ အရမ်းကို ဩထွက်နေလိမ့်မည်။

“ အဲဒါက အလုပ်ဖြစ်လား မဖြစ်လားဆိုတာကို သေချာမသိသေးပါဘူး။ ပိုလွယ်ကူပြီးတော့ စိတ်ချရမဲ့နည်းလမ်းကို ဘာလို့ မရွေးရတာလဲ”

ဝမ်ဝေ့က သူ့အမေ၏ ငိုကြွေးနေသည့် မှတ်တမ်းအား ကြည့်နေလိုက်သည်။ အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက သက်ပြင်းချကာ ခေါင်းခါလိုက်၏ “ ငါက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ လမ်းစဉ်ကို လျှောက်လှမ်းဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ငါ့လမ်းစဉ်ကို ဖြတ်တောက်မဲ့အစား အသေပဲ ခံလိုက်မယ်”

ထိုအကြောင်းအရင်းကြောင့် ကောင်းကင်တာအို ပြသသည့် နည်းလမ်းများကို အသုံးမပြုခြင်း ဖြစ်၏။ အကယ်၍ သူ လုပ်ဆောင်ခဲ့လျှင် သူသည် သူ လိုလားသည့် အကြွင်းမဲ့လွတ်လပ်ခွင့်ကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်ပေ။

“ အဲဒါဆိုတော့ မင်းက မင်းမိဘတွေထက် မင်းကိုယ်မင်း ရွေးချယ်လိုက်တာလား။ မင်းက သူတို့ကို အရမ်းချစ်တယ်ထင်နေတာ တကယ်ကို ကြောင်သူတော်ဆန်တာပဲ”

“ ငါက ဒီကမ္ဘာမှာ သူတို့တွေကို အားလုံးထက် ပိုပြီးချစ်တယ်။ ဒါပေမဲ့ ဒါတွေကို သူတို့လည်း နားလည်မယ်လို့ ထင်တယ်”

“ ဒါက မင်းဘာသာမင်း ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်အောင်လို့ ပြောနေတဲ့ အရာတွေလို့ပဲ ထင်တယ်”

“ လူသားတွေက အတော်လေးကို ရှုပ်ထွေးတဲ့ သတ္တဝါတွေ။ နတ်ဘုရားလို စွမ်းအားမျိုးရှိထားတဲ့ ကျင့်ကြံသူတွေကို မပြောနဲ့ဦး” ဝမ်ဝေ့က ရေးသားလိုက်ပြီး အဖန်ရည်တစ်ငုံသောက်ကာ “ တစ်ကိုယ်ကောင်းဆန်ပြီး တခြားတစ်ယောက်ကို ချစ်နိုင်တာက ဖြစ်နိုင်တဲ့အရာပဲ။ ငါက ငါ့မိဘတွေကို ချစ်ပြီးတော့ သူတို့အတွက် အသက်ကို စတေးဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဆီမှာ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ရှိတယ်။ အဲဒါက ငါ့အသက်ကိုတောင် စတေးဖို့ တုံ့ဆိုင်းမနေတဲ့ အိပ်မက်မျိုးပဲ”

“ ငါ ကြားနေသမျှကတော့ အကြောင်းပြချက်တွေချည်းပဲ” နှလုံးသားနတ်ဆိုးက သရော်ကာ ပြောလိုက်သည်။

“ ကောင်းပြီ။ အဲဒါဆို အခြေအနေကို အကျိုးအကြောင်းသင့်သင့် သုံးသပ်ကြည့်ရအောင်။ တကယ်လို့ ငါက ငါ့ဆုံးဖြတ်ချက်တွေကို ကျော်လွန်ပြီးတော့ ရှင်သန်မှုကို ရွေးချယ်လိုက်မယ်ဆိုရင် နောက်အနာဂတ် ငါ အမှန်တကယ် မလွတ်မြောက်နိုင်တော့တဲ့ အမှန်တရားနဲ့ ရင်ဆိုင်တဲ့အခါ ဘယ်လိုဖြစ်မယ်လို့ ထင်လဲ”

နှလုံးသားနတ်ဆိုးက ပြန်မဖြေပေ။

“ ငါ ပြောပြမယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ငါက ငါ့အနာဂတ်ကို ပျက်စီးသွားတဲ့အတွက် ငါ့မိဘကို မုန်းတီးပြီး အပြစ်တင်နေလိမ့်မယ်။ အဲဒါက ငါ့ရွေးချယ်မှုဆိုရင်တောင်ပေါ့… အဲဒီအခါ ငါတို့ကြားမှာ ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်မလဲ”

“ မဟုတ်ရင် မင်းက အဲဒါကို လက်ခံလိုက်ပြီးတော့ ရှေ့ဆက်လျှောက်လှမ်းပေါ့” နှလုံးသားနတ်ဆိုးက ပြန်ဖြေလိုက်သည်။

“ မင်းက ငါ့ကို တခြားသူတွေထက် ကောင်းကောင်းသိတယ်။ ဒါက ဖြစ်နိုင်မယ်လို့ ထင်နေလား”

“ အဲဒါဆိုတော့ မင်းက မင်း ဖြတ်ကျော်ရမဲ့ တူညီတဲ့နာကျင်မှုကို မင်းမိသားစု ဖြတ်ကျော်အောင် လုပ်နေတာပေါ့”

“ မင်းက ငါ့မေးခွန်းကို ရှောင်နေတာပဲ။ ပြီးတော့ ငါက မင်းငြင်းတဲ့အတိုင်း ပြန်ပြောရမယ်”

“ မင်းက ဘာကိုပြောချင်တာလဲ”

“ တကယ်လို့ မင်းနဲ့ ငါ့မိသားစုရဲ့ စိတ်ဆန္ဒက ငါ့ကို လွယ်ကူတဲ့ နည်းလမ်းကို ယူစေချင်တာက ဒီစစ်ဆေးမှုကို ငါ အောင်အောင်မြင်မြင် မဖြတ်ကျော်နိုင်ဘူးလို့ ယုံကြည်နေကြတာ မဟုတ်ဘူးလား”

“ ငါတို့က ၀.၀၀၀၀၀၀၀၀၀၁ ရာခိုင်နှုန်းထက် နည်းတဲ့အရာကို ပြောနေတာ။ အဲဒါကြောင့် နားလည်နိုင်ပါတယ်” နှလုံးသားနတ်ဆိုးက ပြန်ဖြေလိုက်သည်။

“ ငါ့အမေနဲ့ အဖေက ကျင့်ကြံရေးနဲ့ ပတ်သက်လာတဲ့အခါမှာ ဘယ်တော့မှ လွယ်လွယ်ကူကူလမ်းကို မလျှောက်လှမ်းခိုင်းဘူး။ အဲဒါကြောင့်ပဲ ငါ့ကို အဆင့်နိမ့် ကံကြမ္မာတာအိုကို ကျင့်ကြံစေမဲ့အစား အစီအရင်ကို အသုံးပြုပြီးတော့ သူတို့ဘာသာသူတို့ စတေးဖို့ ပြင်နေတဲ့ အကြောင်းအရင်း မဟုတ်ဘူးလား။ သူတို့က ငါ့ရည်မှန်းချက်ကို သိပြီးတော့ အပြည့်အဝ ထောက်ခံပေးကြတယ်”

နှလုံးသားနတ်ဆိုးက ဝမ်ဝေ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ အဲဒါက ကျင့်ကြံသူတွေက သေခြင်းတရားကို မကြောက်သလိုမျိုး သူတို့ရဲ့ အသက်ကို စတေးဖို့ လွယ်ကူလွန်းတာက အရမ်းကို စိတ်ပျက်စရာပဲ”

“ နတ်ဆိုး၊ နတ်ဘုရားနဲ့ မသေမျိုးလောကမှာ သေခြင်းတရားက ကြောက်စရာ အကောင်းဆုံးအရာ မဟုတ်ဘူး။ ကြောက်စရာအကောင်းဆုံးက ဒီကျင့်ကြံရေးခရီးလမ်းလို့ ခေါ်တဲ့ ဒီရှည်ကြာနေတဲ့ လမ်းစဉ်မှာ မင်းကိုယ်မင်း ပျောက်ဆုံးသွားမှာကိုပဲ”

“ ငါက အဲဒီစကားကို နားလည်တယ်။ ဒါပေမဲ့ ကမ္ဘာမြေက လူတစ်ယောက်အနေနဲ့ မင်းက ကွဲပြားသင့်တယ် မဟုတ်ဘူးလား။ မင်းဆီမှာ သေခြင်းတရားအတွက် အကြောက်တရားတချို့ ရှိသင့်တယ် မဟုတ်ဘူးလား”

“ ငါက ဒီကမ္ဘာမှာ နှစ်လေးထောင်ကျော် နေထိုင်ပြီးသွားပြီ။ ငါ့အတွက် ဒီလိုဖြစ်လာတာ ပုံမှန်ပဲ” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“ သေဆုံးမဲ့အစား နောင်တတော့ ရနိုင်တယ်။ ယခင်က သေဖူးတဲ့ လူတစ်ယောက်အနေနဲ့ နောင်တတွေပြည့်နှက်နေတာ ဘယ်လောက်တောင် နာကျင်စရာကောင်းလဲ ဆိုတာကို နားလည်မှာပဲ။ မင်း ကလေးဘဝမှာ ဒီပြဿနာက ဆက်တိုက် လိုက်ပါလာတာပဲ။

မင်းက ဒီကမ္ဘာမြေက မင်း မိသားစု မိတ်ဆွေတွေအကြောင်းကိုပဲ ဆက်တိုက်စဉ်းစားနေတယ်။ ဒါပေမဲ့ မြင်တွေ့ဖို့ အခွင့်အရေး ဘယ်တော့မှ မရဘူး။ ပြီးတော့ မင်းက မင်းရဲ့ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းဖို့ အဓိက ရည်ရွယ်ချက်တစ်ခုကဒီနောင်တတွေ အကုန်လုံးကနေ လွတ်မြောက်သွားစေဖို့ပဲ။

အဲဒါကို မင်းက ငါ့ကို မင်း ပြောင်းလဲသွားပြီလို့ ပြောနေတာလား။ တကယ်လို့ မင်း ဒီစစ်ဆေးမှုမှာ သေသွားတယ်ဆိုရင် နောင်တမရဘူးလို့ ထင်နေတာလား။ မင်းက နောင်တတရားတွေနဲ့ ဒုတိယအကြိမ်ကို ဖြတ်သန်းနိုင်ပါ့မလား…”

ဝမ်ဝေ့က အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ရေးပြလိုက်သည် “ ဒါပေါ့ ငါ့မှာ နောင်တတွေ ရှိတာပေါ့။ ငါ့ရဲ့ ပထမဘဝထက်တောင် ပိုများချင်များဦးမယ်”

“ အဲဒါဆိုရင် ဘာလို့ အသက်ရှင်သန်ဖို့ လွယ်ကူတဲ့ လမ်းစဉ်ကို မရွေးရတာလဲ”

“ နောင်အနာဂတ်မှာ ငါက ပိုပြီးတော့ နောင်တရလာနိုင်လို့ပဲ”

နှလုံးသားနတ်ဆိုးက ဆိုလိုရင်းကို နားလည်လိုက်သည်။ လူအများစုက သူတို့၏ ဘဝသည် သူတို့လိုလားသည့် ရလဒ်များမှ သွေဖယ်နေသည်ကို မသိကြပေ။ သို့သော်လည်း ဝမ်ဝေ့ကမူ သူဆုံးဖြတ်ချက်ကို ချလိုက်ပါက ထိုသို့ဖြစ်မည်မှန်း သိနေလေသည်။

ယခုမှစ၍ သူသည် တစ်ဘဝလုံး မှားယွင်းသည့် အခိုက်အတန့်တစ်ခုကို တွေးကာ နေထိုင်သွားရလိမ့်မည်။ ထိုရွေးချယ်မှုက သူ့အိပ်မက်အား အစိတ်စိတ်အမြွာမြွာ ကွဲကြေသွားစေလိမ့်မည်။

ဤသို့သော နောင်တတရားက လူအများစုအား ရူးသွပ်သွားစေပြီး စိတ်နှင့် အကျင့်စရိုက်ကိုပင် ပြောင်းလဲသွားစေလိမ့်မည်။ ဝမ်ဝေ့၏ လမ်းစဉ်၊ အသိဉာဏ်နှင့် ကျင့်ကြံရေးလမ်းစဉ်အတွင်း အောင်မြင်မှုများဖြင့် သူ ရူးသွပ်သွားသည့်အခါ မည်သို့လုပ်မည်ကို မည်သူကများ သိမည်နည်း။

“ အဲလိုလား။ မင်းက အနာဂတ် နောင်တတွေကြောင့် မသေချာတဲ့ လမ်းစဉ်ကို ရွေးချယ်လိုက်တာပေါ့”

ဝမ်ဝေ့က ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည် “ ဟုတ်တယ်။ ငါ အောင်မြင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံတယ်”

နှလုံးသားနတ်ဆိုးက ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ရေရွတ်လိုက်သည် “ မင်း ပြောတာ မှန်နိုင်ပါတယ်။ မင်းဆီမှာ မျှော်လင့်ချက် မရှိဘဲ သေခြင်းတရားက တံခါးလာခေါက်တဲ့ အမှောင်ဆုံးအခြေအနေမှာ မင်းက ဘယ်တော့မှ လက်မလျှော့ခဲ့ဘူး။ ငါတောင် မင်းရဲ့ ယုံကြည်ချက်ကို လေးစားရမယ်”

“ အဲဒါက ချီးကျူးမှုလား။ မင်းဆီက ကြားရတာလေ”

“ ငါ ပြောနိုင်တာကတော့ ဒါက ငါ့ရဲ့ နောက်ဆုံးပေါ်ထွက်လာမှုဆိုတော့ နည်းနည်းတော့ စိတ်ခံစားချက် ပြင်းနေတယ်” နှလုံးသားနတ်ဆိုးက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရင်း ပြောလိုက်သည်။

“ နောက်ဆုံးအကြံဉာဏ်တစ်ခု ပေးလိုက်မယ်။ မင်းရဲ့ လတ်တလော သံသယလွန်ကဲမှုတွေကို သတိထား။ အဲဒါက နှလုံးသားနတ်ဆိုးဖြစ်လာဖို့ မလုံလောက်သေးဘူးဆိုပေမဲ့ မင်းက မျဉ်းအပါးလေးကို ဖြတ်လုနီးပါး ဖြစ်နေပြီ”

“ ကျေးဇူးပါ။ ငါ သတိထားပါ့မယ်”

“ ကောင်းပြီ။ မင်းကို တွေ့ရတာ ဝမ်းသာတယ်”

“ ကံဆိုးတာက ငါက အဲလိုအတူတူ မပြောနိုင်ဘူး။ ဒါပေမဲ့ မင်းက အတော်လေး အသုံးဝင်ပါတယ်”

“ ဟား…ဟား…ဟား…ဒါကို ချီးကျူးမှုလို့ပဲ သဘောထားလိုက်မယ်”

နှလုံးသားနတ်ဆိုး ပျောက်ကွယ်သွားသည်နှင့် ဝမ်ဝေ့က သူ့ပုခုံးပေါ်မှ အလေးချိန်ကြီး ပျောက်ဆုံးသွားသလို ခံစားလိုက်ရပြီး သူ့စိတ်နှင့်စိတ်ဝိညာဉ်တို့က မယုံကြည်နိုင်လောက်ဖွယ် အခြေအနေသို့ ရောက်ရှိသွားလေသည်။ သူက နောက်အဆင့်သို့ တက်လှမ်းဖို့ ပြင်လိုက်သည်။

***

All Chapters