← Chapters

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်

Vol. 35 Ch. 478

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်

Vol. 35 Ch. 478

ဝမ်ဝေ့က နောက်ဆုံးသော နှလုံးသားနတ်ဆိုး စမ်းသပ်ချက်ကို ဖြေရှင်းပြီးသည့်နောက်တွင် ကျင့်ကြံရေး နောက်အဆင့်သို့ တက်လှမ်းဖို့ အသင့်ဖြစ်နေကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက အချိန်မဖြုန်းဘဲ ဆက်လက် သီးသန့်ကျင့်ကြံလိုက်သည်။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို ဝင်ရောက်ဖို့ ပထမဆုံးအဆင့်မှာ နှလုံးသားလမ်းစဉ်ကို ဖြတ်ကျော်ဖို့ ဖြစ်၏။ ထိုအရာအတွက် ကျင့်ကြံသူများက သူတို့တွေ့ကြုံဖူးသည့် အရာများနှင့် မတူဘဲ နက်နဲသည့် အခြေအနေဖြင့် တရားထိုင်ရမည်။ ထို့နောက် သူတို့က ဗလာနတ္ထိ သဘောတရားသို့ ဝင်ရောက်သွားလိမ့်မည်။ ထိုသဘောတရားက ဗလာကျင်းနေသည့် အခြေအနေကို ညွှန်ပြခြင်း မဟုတ်ဘဲ ကိစ္စများ မည်သို့ပေါ်ပေါက်လာပုံကြားတွင် ကွဲပြားသည့် အယူအဆတစ်ခု ရှိသည့် အတွေးအခေါ်မျိုးကို ဖြစ်၏။

ကျင့်ကြံသူများက ကမ္ဘာကြီးနှင့် သူတို့၏ အတွေ့အကြုံများအပေါ် အမြင်ကို အာရုံစိုက်ထားဖို့ ထိုနည်းလမ်းကို နားလည်ရမည်။ ကျင့်ကြံသူများက ကမ္ဘာကြီးသည် သူတို့တွေးထင်ထားသည့် အယူအဆများနှင့် မဟုတ်ကြောင်း ကြည့်ဖို့ လိုအပ်သည် သို့မဟုတ် စကြဝဠာတစ်ခုလုံးကို ဗလာစိတ်သဘောထားဖြင့် ကြည့်ရှုရမည်။ ထိုအခါမှ သူတို့သည် နှလုံးသားလမ်းစဉ်ကို ရှာဖွေကာ သူတို့၏ အစစ်အမှန်ကို ရှာဖွေတွေ့ရှိလိမ့်မည်။

ထိုအရာကို ရှာဖွေတွေ့ရှိနေသည့် ဖြစ်စဉ်ကို လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ဟု ခေါ်ဆို၏။ အတိတ်တွင် ထိုအကြောင်းအရာကို ရှေးဟောင်းဧကရာဇ်ခေတ်ကာလရှိ ကျင့်ကြံသူများကြားတွင် ပုံမှန်သာဖြစ်သည့်အတွက် အကုန်လုံးက သိကြသည်။

ကံဆိုးစွာဖြင့် အားလုံးက အချိန်ကြာလာသည့်အခါ ကျင့်ကြံသူအများစုက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သည် စည်းမျဉ်းများကို အသုံးပြု၍ လေဟာနယ်ကို ချိုးဖောက်ကာ ကူးသန်းသွားလာနိုင်သည့် စွမ်းရည်ကို ရည်ညွှန်းသည်ဟု ထင်လိုက်ကြသည်။ တော်ဝင်နယ်မြေနှင့် အထက် ဂိုဏ်းများက ထိုအမှန်တရားကို သိထားကြသော်လည်း လေလွင့်ကျင့်ကြံသူများထံ အမှန်တရားကို ဖြန့်ဝေဖို့ ဘယ်သူမှ ဂရုမစိုက်ကြပေ။

ထို့ကြောင့် ဝမ်ဝေ့က လက်ရှိဧကရာဇ်ခေတ်သစ်ကာလသည် အားနည်းပြီး တခြားခေတ်ကာလများနှင့် ယှဉ်လိုက်ပါက ကျရှုံးမှု ဖြစ်နေသည့်အကြောင်းအရင်း တစ်ချက်ကို နားလည်သွားသည်။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်က ကျင့်ကြံသူများစွာကို ရပ်တန့်ပစ်နိုင်သည့် ခက်ခဲသော အဆင့်တစ်ခု ဖြစ်၏။ ထို့ကြောင့် လူများစွာက ဖြတ်လမ်းရှာကြပြီး ဤနှစ်များစွာ ကုန်ဆုံးရခြင်းကို ရှောင်ရှားဖို့ တခြားနည်းလမ်းများ ရှာဖွေတတ်ကြသည်။ ရလဒ်အနေဖြင့် ထိုလူများက သူတို့၏ တာအိုနှလုံးသားကို ကောင်းမွန်စွာ လေ့ကျင့်မပေးနိုင်ခဲ့ဘဲ အားနည်းသည့် တာအိုနှလုံးသား ရှိသည့် မဟာဧကရာဇ်များနှင့် အတုအယောင် ဧကရာဇ်များသာ ဖြစ်လာကြသည်။

ဝမ်ဝေ့၏ နားလည်နိုင်စွမ်းနှင့် အဆင့်တစ်ခုချင်းစီတွင် အသေးစိတ် အချက်အလက်ပါရှိသည့် မူလအရင်းအမြစ်ကျမ်းဖြင့် သူသည် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က လမ်းရှည်တစ်ခုအပေါ် ရပ်နေကြောင်း တွေ့ရှိလိုက်ရသည်။

ထိုအရာကို သေချာလေ့လာကြည့်ပါက အရာအားလုံးသည် မဲမှောင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးက အနည်းငယ် ခြောက်ခြားဖွယ်ကောင်းနေလေသည်။ သူ အာရုံမစိုက်တော့ဘဲ လမ်းကိုသာ အာရုံစိုက်ထားလိုက်သည်နှင့် လေထုအကြောင်း မေ့လျော့သွားသည်။

ဒါက နှလုံးသားလမ်းစဉ်လား…

ဝမ်ဝေ့က တွေးလိုက်မိပြီး စတင်လျှောက်လှမ်းလိုက်သည်။ သူ ပထမခြေလှမ်းကို စတင်လိုက်သည်နှင့် သူ့ဝိညာဉ်အပေါ် ကျရောက်လာသည့် အားပြင်းသည့် မြေဆွဲအားကို ခံစားမိလိုက်သည်။

တစ်ချိန်တည်းဆိုသလို ဝမ်ဝေ့က လမ်းဆက်မလျှောက်တော့ဘဲ ရပ်တန့်နေဖို့ ပြောဆိုနေသည့်အသံ များစွာကိုလည်း ကြားလိုက်ရသည်။ ပထမဦးစွာ သူက တီးတိုးသံများသာ ကြားခဲ့ရသည်။

သို့သော် သူ ဆက်လက် လျှောက်လှမ်းလာလေလေ အသံများက ပိုမိုကျယ်လောင်လာပြီး ဆွဲဆောင်အား ကောင်းလာလေလေ ဖြစ်၏။ ဝမ်ဝေ့ကမူ ထိုအသံများကို လျစ်လျူရှုထားသည်။

မျှော်နန်းဆောင်အတွင်း သူ့တာအိုနှလုံးသား လေ့ကျင့်ထားမှုနှင့် လတ်တလောအဖြစ်အပျက်များကြောင့် ဤဆွဲဆောင်မှုက ဘာမှမဟုတ်ပေ။ ထို့အပြင် ဝမ်ဝေ့က သူ့ တိတ်ဆိတ်နေခြင်း ကျမ်းသစ္စာသည် စိတ်နှင့် တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့အတွက် အကောင်းဆုံးဖြစ်ကြောင်း တွေ့ရှိသွား၏။

သူ့အသံဖြင့် ဖော်ပြနိုင်သည့် စွမ်းရည်မရှိဘဲ သူသည် စိတ်နှင့်အတွေးကို ယခင်ကထက် ပိုမိုအလေးထားခဲ့ပြီး သူ့ကိုယ်သူ နားလည်လာစေခဲ့သည်။ ထို့ကြောင့် သူ့စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို သိမ်မွေ့ပြီးသား ဖြစ်သွားစေ၏။

ထို့အပြင် လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းလိုသူ တစ်ယောက်အနေနှင့် တားဆီးချက်များ ထားရှိခြင်းက လေ့ကျင့်မှုပုံစံတစ်မျိုး ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့က ပထမအဆင့်ကို အခက်အခဲမရှိ အောင်မြင်သွားလေသည်။ နောက်ထပ် လျှောက်လှမ်းနေစဉ် တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့သည်။

ဝမ်ဝေ့က မိန်းမလှလေးတစ်ဦးသည် မြေပြင်ပေါ်တွင် လဲကျနေပြီး သွေးထွက်နေသည်ကို မြင်လိုက်ရသည်။ အလှအပစံနှုန်းအားဖြင့် ရှုရှစ်ပင် သူမနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူမ၏ ကျိုးပဲ့လွယ်နေသော ခန္ဓာကိုယ်လေးက သူမ၏ ဆွဲဆောင်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ပေးထားဟန်ပေါ်သည်။ ဝမ်ဝေ့က သူမဆီ သွားလိုက်ပြီး သူမ၏ ဒဏ်ရာအပေါ် လက်တင်ပြီး ကြည့်လိုက်သည့်အခါ သူမ၏ ရင်ဘတ်တွင် ထိုးစိုက်ထားသည့် ဒဏ်ရာတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူက ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ကုသပေးလိုက်၏။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အမျိုးသမီးက မျက်လုံးဖွင့်လာသည်။

“ ကျေးဇူးရှင်က ကျွန်မကို ကယ်လိုက်တာလား”

ဝမ်ဝေ့က ပြန်မဖြေပေ။

ထို့ကြောင့် သူမက ခေါင်းငုံ့လိုက်ပြီး ဆက်ပြောလိုက်သည် “ ယီအာက ဒီခန္ဓာကိုယ်အပြင် ဘာမှပေးစရာ မရှိပါဘူး။ တကယ်လို့ ကျေးဇူးရှင် လိုချင်တယ်ဆိုရင် ဒီအကြွေးကို ပြန်လည်ဆပ်ဖို့ ဘဝကို အပ်နှင်းပါ့မယ်”

ဝမ်ဝေ့က သူမကို ကြည့်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ဆွဲဆောင်သည့် အငွေ့အသက်များ  ထွက်ပေါ်နေသည်ကို ခံစားကြမိလိုက်သည်။ သူက ခေါင်းခါလိုက်ပြီးနောက် ဆက်လက် လျှောက်လှမ်းလာလိုက်သည်။ သူက လျှောက်လှမ်းလာရင်း သူမ၏ ငိုရှိုက်သံနှင့်အတူ တောင်းဆိုနေသံကိုပါ ကြားနေရသည်။ ထိုအရာက လူအများစု၏ နှလုံးသားကို အရည်ပျော်ကျသွားစေနိုင်လောက်၏။

သို့သော် သူ့ခြေလှမ်းက မရပ်တန့်ခဲ့ပေ။ သူက ဤအမျိုးသမီးကို တွေ့ဆုံပြီးသည့်နောက်တွင် ရွေးချယ်မှုများစွာ လုပ်ရမည်ဖြစ်ကြောင်း သိထားသည်။ ရွေးချယ်မှုတစ်ခုချင်းစီက စိတ်အခြေအနေ သို့မဟုတ် လမ်းစဉ်တစ်ခုချင်းစီကို ကိုယ်စားပြု၏။

အကယ်၍ ဝမ်ဝေ့က ထိုအမျိုးသမီးကို အပြည့်အဝ လျစ်လျူရှုဖို့ ရွေးချယ်လိုက်မည်ဆိုလျှင် သူက သက်ညှာမှု မရှိသည့် လမ်းစဉ်ကို လျှောက်လှမ်းနေခြင်း ဖြစ်ကာ  သူက စိတ်ခံစားချက်အများစုကို စွန့်ပစ်လိုက်ရလိမ့်မည်။ ယခုမှစ၍ သူသည် စွမ်းအားနှင့် အသက်ရှည်ခြင်းနောက် လိုက်နေပြီး ကမ္ဘာတွင် ဘာမှ ချုပ်နှောင်ထားခြင်းမျိုး မရှိတော့ပေ။ နောက်ထပ်ဆိုလိုသည်မှာ ထိုရွေးချယ်မှုက သူသည် အနှောင်အဖွဲ့ ဖြတ်တောက်ခြင်း တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေသည်ဟု ဆိုလိုခြင်း ဖြစ်၏။ ထိုအမျိုးသမီး၏ သေခြင်းတရားသည် သူမ၏ သေနေ့စေ့လို့ ရောက်လာခြင်း ဖြစ်ပြီး သူမ၏ ကံကြမ္မာကို ဝင်စွက်ဖက်လိုက်ခြင်းက စကြဝဠာ၏ အလုပ်လုပ်ပုံကို ဝင်စွက်ဖက်လိုက်ခြင်း ဖြစ်၏။

ထိုသို့ လုပ်ဆောင်လိုက်ခြင်းက ကံကြွေး ဖြစ်လာစေသည်။ ထို့ကြောင့် တာအိုသူတော်စင်အများစုက ထိုနည်းလမ်းကို ရွေးချယ်ကြသည်။

ဝမ်ဝေ့ လုပ်ဆောင်ခဲ့သည့် ရွေးချယ်မှုက သူသည် မသေမျိုးဘဝကို ရရှိဖို့အတွက် စိတ်ခံစားချက်ကို စွန့်ပယ်မည် မဟုတ်ပေ။ သူက နှလုံးသားနောက်ကို လိုက်ကာ အသိစိတ်ကို ရှင်းရှင်းလင်းလင်း ထားထားသည်။ တစ်ချိန်တည်းဆိုသလို သူက အသွေးအသား၏ ဆွဲဆောင်မှုကို သူ့လမ်းစဉ်အား တားဆီးပိတ်ပင်ခွင့်ပြုမည် မဟုတ်ပေ။

နောက်ထပ် ရွေးချယ်မှုတစ်ခုက ထိုအမျိုးသမီးသည် လမ်းစဉ်နောက်ကို ဆက်လက်လျှောက်လှမ်းလာလိမ့်မည်။ သို့သော်လည်း သူမက ကျင့်ကြံသူကို ရပ်တန့်ဖို့ရာ ဆက်လက်ဆွဲဆောင်နေလိမ့်မည်။ သူတို့က ခုခံထားရမည် ဖြစ်၏။

ထို့အပြင် သူတို့က သူမအား ဆက်လက် လျှောက်လှမ်းနိုင်ဖို့အတွက် သူတို့၏ အင်အားဖြင့် ကူညီပေးရဦးမည်။ ထို့ကြောင့် လမ်း၏ မြေဆွဲအားကို ပိုမို အလေးချိန်တိုးလာစေလိမ့်မည်။ သူတို့လက်လျှော့လိုက်သည်နှင့် ဤလေ့ကျင့်ရေးဖြစ်စဉ်ကို ကျရှုံးပြီးသားဖြစ်သွားကာ အစကနေ ပြန်လည်လေ့ကျင့်ရလိမ့်မည်။ အရိုးသားဆုံးပြောရလျှင် ဝမ်ဝေ့က ထိုနည်းလမ်းကို ရွေးချယ်သည့် အရူးများကို သနားမိ၏။ သူက ထိုဆွဲဆောင်မှုအားလုံးကို ခုခံပြီး သူမကို ကူညီပေးလျှင်ပင် လမ်းအဆုံးသတ်တွင် သူတို့က နိုးထလာပြီး သူမက အမှန်တကယ် မဟုတ်ကြောင်း သတိပြုမိသွားကြလိမ့်မည်။

ဤသည်က လေ့ကျင့်မှု နောက်ပုံစံတစ်မျိုးဟု ယူဆနိုင်လေသည်။ အထူးသဖြင့် ကျင့်ကြံသူက သူမအတွက် စိတ်ခံစားချက် ကျန်ရှိနေသည့်အခါမျိုးတွင် ဖြစ်၏။

ဝမ်ဝေ့က ဆက်လက် လျှောက်လှမ်းလာစဉ်အတွင်း နောက်ထပ် မိန်းမလှများစွာနှင့် ဆက်လက်တွေ့ဆုံခဲ့ရသည်။ သူတို့အားလုံးက အလှထွဋ်ခေါင်များ ဖြစ်ပြီး သူ့အကြိုက်အရ စီစဉ်ထားဟန်ပေါ်သည်။ ထို့ကြောင့် သူက ထိုအမျိုးသမီးများကြားတွင် ဝူဟုန်၏ ပုံရိပ်တချို့ကို မြင်တွေ့နေရ၏။ အထူးသဖြင့် ခြေတံရှည်နှင့် ခြေတံလှလှလေးများ ဖြစ်သည်။

ထိုလမ်းစဉ်တွင် သူက အဖန်တလဲလဲ ထပ်နေသည့် ဇာတ်ကြောင်းများနှင့် တွေ့ဆုံခဲ့ရသည်။ တစ်စုံတစ်ယောက်က အမျိုးသမီးများကို လိုက်ဖမ်းကာ သူက ကယ်တင်ရမည်။ တစ်စုံတစ်ယောက်က သူသာ သူတို့နှင့်နေလျှင် မယုံနိုင်လောက်သည့် ချမ်းသာကြွယ်ဝမှုတို့ကို ပေးလာလိမ့်မည်။ တခြားတစ်ယောက်ကမူ မသေနိုင်စွမ်း ပေးအပ်လာပြီး မဟာဧကရာဇ်ပင် ဖြစ်လာမည်ဟု ဆိုလေသည်။

ပြောရလျှင် ကလေးတစ်ယောက်က ထိုကတိစကားမျိုးကို အဓိပ္ပာယ် မရှိဟုသာ ယူဆလိမ့်မည်။ သို့သော် သူ့စိတ်အတွင်း၌မူ သူသည် အမှန်ဖြစ်လာဖို့သာ ယုံကြည်ချင်နေမိလိမ့်မည်။ သူက ထိုအမျိုးသမီးသည် မသေနိုင်စွမ်း သို့မဟုတ် မဟာဧကရာဇ်၏ စွမ်းအားကို ပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထိုအမျိုးသမီးအားလုံးကို လျစ်လျူရှုထားရင်း လမ်းစဉ်၏ နောက်အဆင့် အဆုံးသတ်အနီးသို့ ရောက်ရှိလာလေပြီ။ သူက ဝူဟုန်သည် မြေပြင်ပေါ်တွင် သွေးသံရဲရဲဖြင့် လဲကျနေသည်ကို မြင်လိုက်ရသည်။

သူမ၏ ဒဏ်ရာများကို ကြည့်လိုက်သည့်အခါ သူမကို ကုသပေးခြင်းက သူ့အား အားနည်းစေပြီး ဤမြေဆွဲအားပေါ်တွင် ထောက်ပံ့ထားဖို့ စွမ်းရည်ကျဆင်းသွားလိမ့်မည် ဖြစ်ကြောင်း ပြောနေလေ၏။ သို့သော် သူက တုံ့ဆိုင်းမနေဘဲ ကူညီပေးခဲ့သည်။ ဝူဟုန်က မျက်လုံးဖွင့်လာသည့်အခါ သူမ၏ မျက်နှာအထက် ပျော်ရွှင်မှုများ ပြည့်နှက်လာ၏။

“ ရှင် ကျွန်မကို ကယ်မယ်ဆိုတာ သိတယ်” သူမက ပြောလိုက်သည်

“ ကိုယ် ဆက်လက်လျှောက်လှမ်းလို့ ရအောင် မင်း ကူညီပေးမှာလား” ဝမ်ဝေ့က သူမ၏ မျက်ဝန်းထဲ ကြည့်ကာ ပြောလိုက်သည်။ ဤသည်က သူမအား အားနည်းသည့်ပုံစံကို ပထမဦးဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၍ ထိုအချက်က သူ့ယောက်ျားမာနအတွက် ပိုမိုဆွဲဆောင်မှုရှိနေဟန်ပေါ်သည်။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က လျစ်လျူရှုထားပြီး လျှောက်လှမ်းသွားသည်။ သူက သူမ၏ ငိုကြွေးသံကိုပါ ကြားလိုက်သည့်အခါ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဆက်လက် လျှောက်လှမ်းလိုက်သည်။ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် သူ့စိတ်နှင့် တာအိုနှလုံးသားက ပိုမိုသိမ်မွေ့လာလေ၏။

သူက ဝူဟုန်ကို နှလုံးသားတစ်ခုလုံးနှင့် ချစ်မြတ်နိုးသော်လည်း သူ့ကိုယ်သူ မပျောက်ဆုံးအောင် မည်သို့ထိန်းချုပ်ရမည်ကို သိထားလေသည်။ သူမအတွက်သည်လည်း အတူတူသာ ဖြစ်၏။

နောက်အဆင့် လမ်းဆုံးတွင် ဝမ်ဝေ့က ဝူဟုန်ကို ထပ်မံ မြင်တွေ့လိုက်ရသည်။ ဤတစ်ကြိမ် သူမက ပြီးပြည့်စုံစွာ အဆင်ပြေနေပြီး ဒဏ်ရာတစ်ခုမှ မရှိပေ။

“ ရှင့်အတွက် တစ်ခုခု ရှိတယ်” သူမက လက်ထဲတွင် တောက်ပနေသည့် သတ္တုလုံးကို ကိုင်ဆောင်ရင်း ပြောလိုက်သည်။ ထိုအရာကို စစ်ဆေးကြည့်ပြီးနောက် ဝမ်ဝေ့က ထိုသတ္တုလုံးသည် သူ့ဝိညာဉ်စွမ်းအားကို ဖြည့်စည်းပေးနိုင်ပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်စေကြောင်း သိလိုက်၏။

ပြောရလျှင် ထိုအရာက သူ့စွမ်းအားကို တိုးပွားလာစေပြီး မြင့်တက်လာသည့် မြေဆွဲအားနှင့် ဆွဲဆောင်နိုင်စွမ်းတို့အား လျစ်လျူရှုထားနိုင်လိမ့်မည်။ ထို့နောက် ချက်ချင်းဆိုသလို သူက ဤစစ်ဆေးမှု၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

သူနှင့် ဝူဟုန်ကြားက ဆက်ဆံရေးသည် တစ်ဖက်သတ် ဖြစ်ပြီး သူမကသာ အမြဲတမ်းလိုလို အကူအညီပေးခဲ့ရသည်။ ဝမ်ဝေ့က ထိုသို့ကိစ္စမျိုးနှင့် ပတ်သက်လာသည့်အခါ မာန်မာန မရှိသည့်အတွက် ထိုသို့အကူအညီကို စိတ်ထဲမထားပေ။ သို့သော်လည်း သူက သူမအပေါ် မှီခိုလာပြီး သူ့အနာဂတ်အပေါ် သက်ရောက်မှု ဖြစ်လာစေလိမ့်မည်။ သူ့အတွက် ကံကောင်းသည်က တားမြစ်ခံစစ်ဆေးမှုသည် သူမအပေါ် မှီခိုမှု မရှိအောင် ဖိအားပေးခဲ့သည့်အတွက် ပြဿနာကြီးကြီး မဟုတ်တော့ပေ။

ဝမ်ဝေ့က ထိုအရာကို သဘောပေါက်ပြီးသည့်နောက်တွင် သူ့စိတ်နှင့် တာအိုနှလုံးသားက ထပ်မံ သိမ်မွေ့သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက တတိယအပိုင်းသို့ လျှောက်လှမ်းလာလိုက်၏။ ထိုလမ်းစဉ်သည် နာကျင်မှုနှင့် ခံစားရမှုများကို တောင့်ခံရခြင်းများ ပါဝင်သည်။

မျှော်နန်းဆောင်အတွင်း ဆက်တိုက် လေ့ကျင့်ထားမှုနှင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ထားမှုများဖြင့် ထိုအပိုင်းကို အလျင်အမြန် အောင်မြင်သွားသည်။ သူက ထိုအခွင့်အရေးကို ယူကာ နာကျင်မှု ပင်ကိုစွမ်းရည်ကို လေ့ကျင့်ပေးခဲ့သေးသည်။

သို့သော်လည်း သူက လေးခုမြောက်အပိုင်းသို့ ရောက်ရှိသည့်အခါ ဝမ်ဝေ့၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားလေသည်။ သူက သူ မြင်လိုက်ရသည့်အရာကြောင့် ခေတ္တမျှ ရပ်တန့်သွားလေ၏။

***

All Chapters