← Chapters

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်

Vol. 35 Ch. 479

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်

Vol. 35 Ch. 479

ဝမ်ဝေ့က အလောင်းများစွာ မလှုပ်မယှက်     လဲကျနေသည့် မြေပြင်အား ကြည့်လိုက်သည်။ သွေးများက သူတို့၏ ခန္ဓာကိုယ်နှင့် အခန်းတစ်လျှောက် ပျံ့နှံ့နေသည်။ သူက ထိုလူများ၏ မျက်နှာအထက် နာကျင်မှု၊ စိတ်ပျက်မှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တို့ကို မြင်မိသော်လည်း သူတို့ မသေဆုံးခင် ဘာများဖြစ်ခဲ့လဲဟု စဉ်းစားမိလာသည်။

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အနည်းငယ် တုန်ယင်နေသည့် ခန္ဓာကိုယ်အား ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် ရှေ့ဆက်လျှောက်သွားလိုက်သည်။ ခြေလှမ်းတစ်လှမ်းစီတွင် အလောင်းများအား မှတ်မိလာ၏။

ပထမဦးစွာ သူက သူ့အမေကို မြင်လိုက်ရပြီး သူ့အမေက ဓားထောင်ချီဖြင့် ထိုးစိုက်ခံထားရသည်။ ဒုတိယ မြင်မိလိုက်သည့်သူမှာ သူ့အဖေ ဖြစ်၏။ သူ့သွေးက အစိမ်းရောင် ဖြစ်ကာ သူ့လျှာက အနက်ရောင် ဖြစ်နေပြီး သွေးများက မျက်လုံးမှ စီးကျနေသည်။ သူက အဆိပ်ပြင်းပြင်းကြောင့် သေဆုံးသွားခြင်း ဖြစ်၏။

သူ့အဘိုးကမူ ခန္ဓာကိုယ်မှ အတွင်းအင်္ဂါများနှင့်အတူ အရေခွာထားခံရသည်။ လီကျွင်းနှင့် ယန်းလီလင်းတို့က ကိုက်ရာများဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးနေလေသည်။ သားရဲတချို့က သူတို့အား အသက်ရှင်လျက် စားထားဟန်ပေါ်၏။

ဝမ်ဝေ့က သူ့အဘွားဖြစ်သူ ယွင်ကျောက်ကျွင်း၏ အလောင်းနှင့် သူ ဂရုစိုက်ရသည့်သူအားလုံးကို မြင်လိုက်ရသည်။ သူတို့အားလုံးက ဆိုးဆိုးရွားရွား အခြေအနေဖြင့် သေဆုံးနေကြသည်။

သူက လက်သီးဆုပ်လိုက်ပြီးနောက် ထိုလမ်းအား ဆက်လက်လျှောက်လှမ်းလိုက်သည်။ ထိုနေရာတွင် မြင်ခဲ့ရသည့်အရာများက သူ့အပေါ် သက်ရောက်မှု ရှိလေသည်။ ယခင်က သူသည် သူ့မိသားစု၏ အလောင်းများသာ မြင်တွေ့ခဲ့ရ၏။ သို့သော် ဤတစ်ကြိမ်တွင် သူက သူတို့သေဆုံးသည့်နည်းလမ်းကို ကြည့်နေခဲ့ရသည်။

ထိုအပိုင်းအခြားအလယ်တွင် သူက သူ့မိသားစု လူသတ်သမားကို တိုက်ခိုက်နိုင်သည့် အခွင့်အရေးကို ရရှိခဲ့သည်။ ကံဆိုးစွာဖြင့် သူက စစ်ဆေးမှု၏ လုပ်ဆောင်ချက်ကြောင့် တစ်ဖက်လူအား အနိုင်မယူနိုင်ခဲ့ပေ။

ထို့ကြောင့် သူက သူ့မိသားစု သူ့ရှေ့ အသတ်ခံလိုက်ရသည်ကိုသာ ကြည့်နေခဲ့ရ၏။ သူက ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေခဲ့ရသည်။ သူ့စိတ်ထဲ မထိန်းချုပ်နိုင်သည့် စိတ်ခံစားချက်များစွာက လွှမ်းမိုးလုမတတ်ဖြစ်သွားကာ လေ့ကျင့်နေသည့် ဖြစ်စဉ်အား ကျရှုံးလုမတတ် ဖြစ်သွားခဲ့သည်။

စွမ်းအားအသစ်အတွက် ဆုံးဖြတ်ချက် ချပြီးသည့်နောက်တွင် သူက ဆက်လက်လျှောက်လှမ်းခဲ့သည်။ သူ ရှေ့ဆက်လျှောက်လှမ်းလိုက်သည်နှင့် သူ့စိတ်ထဲ သူ ချစ်မြတ်နိုးရသူများ၏ ညှဉ်းပန်းနှိပ်စက်ခံရသည့် ပုံရိပ်များကို မြင်တွေ့လာရသော်လည်း သူက မရပ်တန့်ခဲ့ပေ။ သူက ထိုမြင်ကွင်းကို လက်တွေ့ဖြစ်လာဖို့ ဘယ်တော့မှ ခွင့်ပြုမည် မဟုတ်ပေ။

သူ နောက်ထပ် မြင်လိုက်ရသည့်အရာက သူ့အား နောက်တစ်ဖန် ရူးသွပ်သွားစေလုနီးပါး ဖြစ်စေခဲ့သည်။ ဤတစ်ကြိမ် အမုန်းတရားကြောင့် မဟုတ်ဘဲ ဒေါသကြောင့် ဖြစ်၏။ သူက ဝူဟုန်သည် တခြားအမျိုးသားတစ်ယောက်နှင့်အတူ ကုတင်ပေါ်တွင် ယင်ယန်ကျင့်ကြံရင်း ပျော်ရွှင်နေသည်ကို မြင်လိုက်ရသည်။

သူက ထိုအမျိုးသားကို မသိပေ။ သို့သော်လည်း ဝမ်ဝေ့က ထိုလူကို ကြည့်လိုက်သည်နှင့် ထိုလူသည် သူ့ထက် ပိုရုပ်ချောသလို ပိုအကျင့်စရိုက်ကောင်းကာ ပိုမိုအားကောင်းကြောင်း ခံစားမိလေသည်။

ထို့အပြင် ထိုသူက ဝူဟုန်ကို သူ့ထက် ပိုမိုကောင်းကောင်း ဆက်ဆံလေသည်။ ထိုစဉ် ဝမ်ဝေ့က နှလုံးသားလမ်းစဉ်၏ ဤအဆင့်သည် လူတစ်ယောက်၏ အတွင်းပိုင်း အကြောက်ဆုံး အရာများနှင့် သက်ဆိုင်နေကြောင်း သိလိုက်သည်။

ကံဆိုးစွာဖြင့် သူက ထိုအရာများကို သိရှိလျှင်ပင် ဖြစ်စဉ်က လွယ်ကူမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ၏ ကြောက်မက်ဖွယ် စိတ်ဆန္ဒဖြင့် ဝမ်ဝေ့က ရူးသွပ်မသွားအောင် ထိန်းချုပ်ခဲ့ပြီး ထိုအမျိုးသားနှင့် ဝူဟုန်အား သွားရောက်မတိုက်ခိုက်ခဲ့ပေ။

ထို့နောက် သူက ဆက်လက် လျှောက်လှမ်းခဲ့သည်။ သူ နောက်ထပ်မြင်လိုက်သည့်အရာက သူ့အား ရပ်တန့်သွားစေ၏။ သူက မြေပြင်ပေါ်တွင် သေဆုံးလုနီးပါးဖြစ်နေပြီး ဝူဟုန်က သူ့အား အေးစက်စက်အကြည့်မျိုးဖြင့် ကြည့်နေခြင်း ဖြစ်၏။

“ ဘာလို့လဲ”

“ ရှင် ဉာဏ်ကောင်းသလောက် ဒီရလဒ်ကို ခန့်မှန်းထားပြီးသား ဖြစ်မှာပါ” သူမက ပြန်ဖြေလိုက်သည်။

“ ငါတို့အချစ်က မင်းအတွက် ဘာမှမဟုတ်ခဲ့ဘူးလား။ ဒီနှစ်တွေက ဘာမှမဟုတ်ခဲ့ဘူးလား”

“ ဘာမှမဟုတ်ဘူး”

“ အဲဒါဆို ဘာလို့ ဒီလိုလုပ်ရတာလဲ”

“ ငါက ဧကရီဝူ … ရှင့်ဆီမှာသာ တန်ဖိုးမရှိရင် အားနည်းတဲ့ သေမျိုးတစ်ယောက်နဲ့ ဘာလို့ အတူတူရှိရမှာလဲ”

ထိုသို့ပြောပြီးသည့်နောက်တွင် သူမက သူ့အား စည်းပိတ်ပြီး သတ်ဖြတ်လိုက်သည်။ တကယ့် ဝမ်ဝေ့က ထိုမြင်ကွင်းအား ကြည့်နေပြီး ဆက်လက်လျှောက်လှမ်းခဲ့သည်။

သူ့တာအိုနှလုံးသားနှင့် စိတ်အခြေအနေက အနည်းဆုံးတော့ သက်ရောက်ခြင်း မခံရပေ။ သူက လမ်းကို လျှောက်လှမ်းလာရင်း အကြောက်ဆုံးအရာများစွာကို မြင်တွေ့ခဲ့ရသည်။

နောက်တစ်ကြိမ်တွင် သူ သေဆုံးသွားခဲ့သည့်အချက်က သူ့မိသားစုအား ရူးသွပ်သွားစေခဲ့သည်။ သူ့အမေက ဝမ်းနည်းလွန်း၍ သူ့ကိုယ်သူ သတ်သေခဲ့သည်။ ထိုစဉ် သူ့အဖေက နှလုံးသားနတ်ဆိုး သက်ရောက်မှု ခံရကာ ကမ္ဘာအနှံ့သတ်ဖြတ်ခဲ့ပြီး ထာဝရအဆင့် ပုဂ္ဂိုလ်တစ်ယောက် ပေါ်ထွက်လာကာ သူ့အဖေအား သတ်ခဲ့သည်။ ပို၍ ဆိုးရွားသည်က ဂိုဏ်းက ထိုအခြေအနေကို ဘာမှမတုံ့ပြန်ဘဲ ဖြစ်ခွင့် ပေးထားလေ၏။

ထို့ကြောင့် ဝမ်ဝေ့က သူ့မိသားစုနှင့် မိတ်ဆွေများ သူ သေဆုံးပြီးသည့်နောက်တွင် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့သည့် ကိစ္စရပ်များကို ကြုံတွေ့ခံစားနေရသည်။ သူက ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း အတွင်းပိုင်းမှ အကြောက်တရားများကို မထိန်းချုပ်နိုင်ပေ။

သူက ရှေ့ဆက် လျှောက်လှမ်းဖို့ အချိန်ယူခဲ့ရ၏။ အထူးသဖြင့် သူ အသက်ရှင်ဖို့အတွက် သူ့မိသားစု၏ စတေးမှုများကို မြင်တွေ့ပြီးသည့်နောက်တွင် ဖြစ်သည်။ သိပ်မကြာခင် သူက အကြောက်တရား၏ ဆန့်ကျင်ဘက်အခြမ်းကို ကြုံတွေ့ခဲ့ရသည်။ သူ သိထားသမျှ လူအားလုံးက သေဆုံးသွားပြီး သူက အထီးကျန်ကာ နောင်တအပြည့်ဖြင့် ဘဝကို ရှင်သန်နေထိုင်ခဲ့ရသည်။

အဆုံးသတ်တွင် ဝမ်ဝေ့က ငါးခုမြောက် နေရာအပိုင်းအခြားသို့ ရောက်ရှိလာသည်။ ထိုနေရာက ကျရှုံးမှုများအပေါ် အာရုံစိုက်ထားသည့်အပိုင်း ဖြစ်၏။ သူက သူ့ဘဝ၏ ကွဲပြားသည့် အခြေအနေတစ်ခုကို မြင်လိုက်ရသည်။ ပထမဦးစွာ သူက မဟာဧကရာဇ်ဖြစ်လာဖို့ လမ်းစဉ်မှာ ကျရှုံးခဲ့ပြီး သေမျိုးအဖြစ် သေဆုံးသွားလေသည်။

သူ မဟာဧကရာဇ် ဖြစ်လာသည်နှင့် ဝမ်ဝေ့က သူ့ဘဝသည် ဆိုးရွားကာ လွတ်လပ်ကာ အနှောင်အဖွဲ့ ကင်းဖို့ရာ ကြိုးစားရင်း ကျရှုံးခဲ့ရသည်။ ထို့ကြောင့် သူက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ညည်းညူရင်း သာမန်မျှသာ နေထိုင်သွားခဲ့ရသည်။

ငါးခုမြောက် နေရာအပိုင်းအခြားကို ကျော်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရှေ့ဆက်မသွားတော့ပေ။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများက အဆင့်တက်လှမ်းခြင်း အောင်မြင်ဖို့အတွက် နေရာအပိုင်းအခြား သုံးခုသာ အောင်မြင်ဖို့ လိုအပ်ပေသည်။ နေရာအပိုင်းအခြား ငါးခုမြောက်က သူတော်စင်အဆင့်အတွက် ဖြစ်ပြီး ဆယ်ခုမြောက်ကမူ အထွတ်အထိပ်နယ်ပယ် အဆင့်အတွက် ဖြစ်သည်။ သူတို့က သူတို့၏တာအို နှလုံးသားကို သေမျိုးတဖန် ဖြတ်ကျော်ရင်း လေ့ကျင့်နိုင်လေသည်။

ထို့ကြောင့် သူက ၆ ခုမြောက် နေရာတွင် ရပ်တန့်လိုက်သည်။ ဝမ်ဝေ့က အသိစိတ်ပင်လယ်အတွင်း မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

နှလုံးသားလမ်းစဉ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဤစစ်ဆေးမှုများက လူတစ်ဦးချင်းစီအတွက် သူတို့၏ တာအိုနှလုံးသားကို လေ့ကျင့်ဖို့အတွက် သီးသန့်ပြင်ဆင်ပေးထားခြင်း ဖြစ်ကာ သူ့လိုမျိုးလူအတွက်ပင် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။

ထိုခရီးလမ်းကို ကြုံတွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာ၏ သဘာဝသည် တာအိုနှလုံးသားလေ့ကျင့်ရေး နည်းလမ်းများအပေါ် အာရုံမစိုက်လွန်းသည့် အချက်ကို နားလည်သွားလေ၏။ ထိုအကြောင်းမှာ သူတို့က ပြီးပြည့်စုံသည့် နည်းလမ်းရှိနေ၍ ဖြစ်သည်။

ထို့အပြင် ဂိုဏ်းက မျှော်နန်းဆောင်အကြောင်း စိတ်လှုပ်ရှားလွန်းနေသည့် အကြောင်းမှာ သူတို့က ထိုအရာသည် သူ့အား ဧကရာဇ်ငယ်ဖြစ်ဖို့ရာ ခွင့်ပြုပေးထားသည်ဟု တွေးကြမိ၍ ဖြစ်သည်။

ထို့အပြင် သူက သူ့ဘိုးဘေး ဧကရာဇ်ချီယွမ်ကို ပိုမိုလေးစားမိလာ၏။ သူ ဖန်တီးခဲ့သည့် မူလနည်းစနစ်သည် ကိုယ်ပိုင်ထူးကဲမှုများ ရှိသည်။

ထို့နောက် ချက်ချင်းဆိုသလို စက်လုံးအလယ်တွင် အသင်္ချေသံကြိုး မြောက်များစွာကို မြင်တွေ့လိုက်ရသည်။

သူက စိတ်စွမ်းအားဖြင့် ထိုအရာကို စစ်ဆေးကြည့်လိုက်သည့်အခါ သူစိတ်အတွင်း သတင်းအချက်အလက်ပေါ်ထွက်လာ၏။

[ရေဓာတ်စည်းမျဉ်း…ဓာတ်ငါးပါးစည်းမျဉ်းရဲ့ အခွဲ။ မိုးစည်းမျဉ်း၊ မြူစည်းမျဉ်း၊ လှိုင်းစည်းမျဉ်း အစရှိသဖြင့် ပြန်လည်ခွဲခြားနိုင်တယ် ]

ဝမ်ဝေ့က ကျင့်ကြံသူများသည် အဆင့်နိမ့်တာအို (မိုး၊ မြူ) အား နားလည်အောင် လုပ်ပြီး သူတို့အား မဟာတာအို (ရေ)အဖြစ် ပေါင်းစပ်နိုင်လေသည်။ သို့မဟုတ် သူတို့က အဆင့်နိမ့်တာအိုများကို အားကောင်းသည်အထိ ကျင့်ကြံနိုင်လေသည်။

လူအားလုံးက ထိုကွဲပြားသည့် အခြေအနေမျိုးကို ဝမ်ဝေ့လိုမျိုး အလွယ်တကူ မြင်တွေ့နိုင်ကြသည် မဟုတ်ပေ။ ထူးကဲသည့် ပါရမီ၊ အခြေခံနားလည်နိုင်စွမ်း၊ အခြေတည်ပြီးသား အုတ်မြစ် မရှိဘဲ ကျင့်ကြံသူများက ထိုစည်းမျဉ်းများကို ဝေဝေဝါးဝါးမျှသာ အာရုံခံမိကြပြီး သူတို့နားလည်လိုသည့် စည်းမျဉ်းကို ရှာဖို့ရာအတွက် အချိန်များစွာ လိုအပ်ပေမည်။

အားကောင်းသည့် နောက်ခံရှိသည့် ကောင်းကင်ရွေးချယ်ခံများအတွက်မူ တခြားသူများအတွက် အရေးသာချက် ရှိ၏။ ငယ်စဉ်ဘဝကတည်းက သူတို့မှတ်သားထားသည့် ကျမ်းများက စည်းမျဉ်းကို ရှာဖွေရာ၌ အလွန်အသုံးဝင်လာပြီဖြစ်ကာ သူတို့၏ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးသည်။

ဝမ်ဝေ့က အချိန်မဖြုန်းဘဲ သူ့ ကံကြမ္မာရုပ်သေးရုပ် ရုပ်ခန္ဓာမှ စည်းမျဉ်းအပိုင်းအစကို အသက်သွင်းလိုက်ပြီး ကံကြမ္မာစည်းမျဉ်းနှင့် ဆက်နွယ်မှုတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူက ကံကြမ္မာစည်းမျဉ်း၏ အခွဲများဖြစ်သည့် သေခြင်းရှင်ခြင်း၊ ကံ၊ ကံကောင်းမှု၊ အချိန်နှင့် အာကာပြင် အစရှိသည့် အရာများစွာကိုပါ အတည်ပြုလိုက်သည်။

ထိုအခွဲများက သူတို့ဘာသာသူတို့ မဟာတာအိုအဖြစ် ယူဆနိုင်သော်လည်း ကံကြမ္မာ၏ အစိတ်အပိုင်းတချို့သာ ဖြစ်၏။

ကောင်းပြီ။ အထွတ်အထိပ်လျှို့ဝှက် တာအိုဆိုတဲ့အတိုင်းပဲ အဓိပ္ပာယ်ရှိတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ထိုစည်းမျဉ်းများကို နားလည်ဖို့ မလိုအပ်ပေ။ သူက ကံကြမ္မာစည်းမျဉ်းကိုသာ နားလည်ဖို့ လိုအပ်၏။

သို့သော် သူက ထိုစည်းမျဉ်းများကို လေ့ကျင့်ဖို့ လူဝင်စားအမျိုးမျိုးကို ဖန်တီးဖို့ ကြံရွယ်ထားသည်။ အဓိကခန္ဓာကိုယ်ကမူ ကံကြမ္မာစည်းမျဉ်းကို လေ့ကျင့်မည် ဖြစ်၏။ သူက သူ့လူဝင်စားများကို ထိုစည်းမျဉ်းများအား ကံကြမ္မာလောက် ကောင်းမွန်သည့် အခြေအနေအထိ လေ့ကျင့်နိုင်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ သူ့ကံကြမ္မာစည်းမျဉ်းကို ပိုမိုမြင့်မားသည့်အဆင့်သို့ တိုးမြှင့်ဖို့ ကြံရွယ်ထားသည်။

သို့သော်လည်း သူက ဤစစ်ဆေးမှုကို အရင်ဦးစွာ အောင်မြင်ရမည်။ ထိုသို့မဟုတ်ပါက သူ့လူဝင်စားများက တားမြစ်ခံဖြစ်လာကာ ကိစ္စများက ရှုပ်ထွေးသွားနိုင်သည်။

ထို့ကြောင့် သူက ကံကြမ္မာစည်းမျဉ်းကို နားလည်ဖို့ လုပ်ဆောင်နိုင်သည်။ တစ်ချိန်တည်းဆိုသလို သူက အနာဂတ်ဗုဒ္ဓကိုယ်ကို အသုံးပြုကာ အနာဂတ်မှ နားလည်နိုင်စွမ်းကို ယူပြီး အရှိန်ကို မြှင့်တင်လိုသည်။

ကံဆိုးစွာဖြင့် ထိုသို့အရာမျိုး လုပ်ဆောင်နိုင်ဖို့ သူ လိုအပ်သည်က အချိန်စည်းမျဉ်း ဖြစ်နေသည်။ ထို့ကြောင့် သူက နားလည်နိုင်စွမ်းကိုသာ မှီခိုထားလိုက်ရသည်။

ထို့အပြင် သူ့ရုပ်ခန္ဓာမှ စည်းမျဉ်းအပိုင်းအစသည် ထိုဖြစ်စဉ်ကို တိုးမြှင့်ပေးပြီး ကူညီပေးလေသည်။ ထို့ကြောင့် အမည်မသိ အချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အံ့ဖွယ်ပင်လယ်အတွင်း ကံကြမ္မာစွမ်းအား ပါရှိသည့် မျိုးစေ့တစ်ခု ဖွဲ့တည်လာသည်။

သူက အတိတ်ဘဝမှ ကောင်းကင်ဘုံကျောင်းဆောင်နှင့် တူသည့် အံ့ဖွယ်ပလ္လင်တွင် နေရာကောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သူက ထိုမျိုးစေ့ကို စိုက်ပျိုးလိုက်သည်နှင့် ကျောင်းဆောင်တစ်ခုလုံးအနှံ့ အသင်္ချေတာအိုစည်းချက်များ ပေါ်ထွက်လာကာ ပိုမိုမြင့်မြတ်ကာ တော်ဝင်ဆန်လာစေသည်။

ကံကြမ္မာစည်းမျဉ်းက ပလ္လင်ကို ဆေးကြောပေးပြီး ထိုအရာကို စည်းမျဉ်းပလ္လင်အဖြစ် ပြောင်းလဲလိုက်သည့်အခါ တခြားအရာများအပေါ် စတင်သက်ရောက်မှုရှိလာသည်။ ဝမ်ဝေ့၏ အံ့ဖွယ်ပင်လယ်က မိနစ်ပိုင်းလေးအတွင်း ယခင်ထက် အဆတစ်ထောင်မျှ ကျယ်ပြန့်သွားကာ သူ့မူလအဆီအနှစ်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်တို့က ပိုမိုသန့်ရှင်းလာသည်။

သူ၏ ခန္ဓာကိုယ်ခွန်အားကပင် အနည်းငယ် တိုးမြင့်လာ၏။ ကံဆိုးသည်က အပြောင်းအလဲ ကြီးကြီးမားမား မဟုတ်ပေ။ သို့သော်လည်း ဝမ်ဝေ့ကမူ ထိုအပြောင်းအလဲသည် သာမန်ကျင့်ကြံသူအတွက် ကြီးကြီးမားမား ဖြစ်လိမ့်မည် ဖြစ်ကြောင်း သိလေသည်။

ထိုဖြစ်စဉ် ပြီးဆုံးသွားသည့်အခါ သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်၏ ပထမအဆင့်ဖြစ်သည့် စည်းမျဉ်းနားလည်ခြင်းအဆင့်သို့ ဝင်ရောက်သွားလေပြီ။

လေဟာနယ်ဖြိုခွင်းခြင်းအဆင့်ကို လေးပိုင်း ခွဲခြားထားပြီး စည်းမျဉ်းနားလည်ခြင်း၊ စည်းမျဉ်းလမ်းစဉ်၊ စည်းမျဉ်းခန္ဓာနှင့် စည်းမျဉ်းပုံဖော်ခြင်းတို့ ဖြစ်သည်။ အဆင့်တစ်ခုချင်းစီက ကျင့်ကြံသူများအတွက် အရေးကြီးပြီး သူတို့၏ စွမ်းအားကို သိသိသာသာတိုးမြှင့်ပေးနိုင်သည်။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ကာ တိုးမြင့်လာသည့် အင်အားကို တွက်ချက်ကြည့်လိုက်သည်။ သူက ယခင် မလုပ်နိုင်ခဲ့သည့်အရာများစွာကို လုပ်နိုင်လာသည်ဟု ခံစားလာရသည့်အတွက် စိတ်သက်သာရာရမိသွားသည်။

နောက်ဆုံးတွင် သူက စည်းမျဉ်းပလ္လင်မှ စည်းမျဉ်းမျိုးစေ့အား ပြဿနာမရှိကြောင်း သေချာအောင် စစ်ဆေးကြည့်လိုက်သည်။ ယခု သူက ကံကြမ္မာ စည်းမျဉ်း၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ကာ ထိုမျိုးစေ့အား အပင်ကြီးတစ်ပင်အဖြစ် ပြုစုပျိုးထောင်ပေးရမည်။

ထို့နောက် သူက သီးသန့်ကျင့်ကြံရေး အချိန် မည်မျှကုန်ဆုံးသွားသည်ကို တွက်ချက်ကြည့်လိုက်သည်။

နှစ် ၃၂၀၀ မဆိုးဘူးပဲ…

ကောင်းကင်ရွေးချယ်ခံအများစုက သူတို့အဆင့်တက်ဖို့အတွက် နှစ်ရှစ်ထောင်မှ တစ်သောင်းအထိ ကြာမြင့်တတ်သည်။ သို့သော်လည်း ကံကြမ္မာစည်းမျဉ်းက တခြားအရာများထက် နားလည်ဖို့ ပိုမိုခက်ခဲကာ သူ့နားလည်နိုင်စွမ်းဖြင့်ပင် ဤမျှကြာမြင့်သွားခဲ့သည်။

***

All Chapters