← Chapters

ဝိညာဉ်ကွန်ယက်

Vol. 35 Ch. 480

ဝိညာဉ်ကွန်ယက်

Vol. 35 Ch. 480

ဝမ်ဝေ့က အဆင့်တက်ပြီးသည့်နောက်တွင် သူ့အိမ်ငယ်လေးမှ ထွက်လာပြီး ကောင်းကင်ကို မော့ကြည့်ကာ တစ်စုံတစ်ခုကို စောင့်ဆိုင်းနေလေသည်။ ဘာမှမမြင်ရပြီးသည့်နောက်တွင် သူက ကောင်းကင်ဖုံးကွယ်ရေး အစီအရင်၏ ပိုင်နက်မှ ထွက်လာခဲ့၏။

မည်သို့ပင်ဆိုစေကာမူ မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။

ကြည့်ရတာ မမြင်ကွယ်ရာ ကုဗတုံးက ကောင်းကောင်းအလုပ်လုပ်တဲ့ပုံပဲ…

ကျင့်ကြံသူများက အဆင့်တက်လှမ်းပြီးသည့်နောက်တွင် မိုးကြိုးစမ်းသပ်ချက်ကို ဖြတ်ကျော်ရသည်။ သို့သော်လည်း ကုဗတုံးက ဝမ်ဝေ့၏ တည်ရှိမှုကို ဖုံးကွယ်ထားသည့်အတွက် ကောင်းကင်တာအိုက သူ့အဆင့်တက်လှမ်းမှုကို မမြင်နိုင်ပေ။

ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားကြည့်လိုက်ပြီး သူ့အဆင့်တက်လှမ်းသည့်အကြောင်း မိဘများဆီ ပြောသင့်သည်လားဟု စဉ်းစားကြည့်မိသည်။ ကောင်းကင်ရွေးချယ်ခံ အရေအတွက်တစ်ခုက ထိုအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် ယခင်မျိုးဆက်ဟောင်း၏ အထွတ်အထိပ်လမ်းစဉ်က ပွင့်လာလိမ့်မည် ဖြစ်၏။

သူက သူ့အဖေနှင့် အမေအား ပိုမိုမြင့်မားသည့် အဆင့်သို့ တက်လှမ်းစေလိုသည်။ သို့သော်လည်း သူ့လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားပြီးသည့်နောက်တွင် တခြားတစ်ခုကိုသာ ဆုံးဖြတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူ့မျိုးဆက်အတွင်း လေဟာနယ်ဖြိုခွင်းခြင်းအဆင့် တက်လှမ်းနိုင်မည့် ဒုတိယလူ ပေါ်ထွက်လာဖို့ နှစ်ထောင်ချီကြာမြင့်ဦးမည် ဖြစ်၏။

သူ့မိဘများတွင် သက်တမ်းအမြောက်အများကျန်ရှိနေသေးသည့်အတွက် စောင့်ဆိုင်းနိုင်လေသည်။

ဝမ်ဝေ့က ဆုံးဖြတ်ပြီးသည့်နောက်တွင် သူ သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို စစ်ဆေးကြည့်လိုက်သည်။ ပထမဆုံး သူ လုပ်ဆောင်လိုက်သည့်အရာက သူ့ကိုယ်ပွားမှ မှတ်ဉာဏ်အမြောက်အများကို လက်ခံလိုက်ခြင်း ဖြစ်၏။

သူ သီးသန့်ကျင့်ကြံပြီး သိပ်မကြာခင် လီကျွင်းက အိပ်မက်လေ့ကျင့်ရေးကျမ်းကို ဖန်တီးခဲ့ပြီး ကိုယ်ပွားက ထိုအရာကို အသုံးပြုကာ သူကိုယ်တိုင်နှင့် တိုက်ခိုက်ခဲ့ပြီး အများအားဖြင့် တိထျန်းအပါအဝင် ပြိုင်ဘက်များနှင့် တိုက်ခိုက်ခဲ့သည်။ ထိုအရာက သူ့တိုက်ပွဲအသိစိတ်ကို မရပ်မနား လေ့ကျင့်ပေးဖို့ ဖြစ်၏။

ထို့ကြောင့် ဝမ်ဝေ့က နှစ်ထောင်ချီ မရပ်မနားတိုက်ပွဲအတွေ့အကြုံများကို အစာချေဖျက်ဖို့ မိနစ်ပိုင်းကြာ အချိန်ယူခဲ့ရသည်။ သူက သူ့အင်အား သို့မဟုတ် အံ့ဖွယ်စွမ်းရည်ကို အလားအလာအပြည့် ထုတ်သုံးနိုင်ဖို့ရာ သင်ယူခဲ့ရသည်။

ထို့နောက် သူက သူ့လက်ရှိအင်အားနှင့် ကံကြမ္မာစည်းမျဉ်းကို အသုံးပြုကာ တိထျန်း၏ တိုက်ပွဲကို လှုံ့ဆော်ကာ ပုံဖော်ကြည့်လိုက်၏။ သူက ယခင်အမြင့်ဆုံး မှတ်တမ်းထက် သုံးနာရီကြာ ကြာမြင့်ခဲ့သည်။ သို့သော်လည်း သူက ဆိုးဆိုးရွားရွား ရှုံးနိမ့်နေဆဲသာ ဖြစ်၏။

အားလုံးက ငါ့ကို မကောင်းဆိုးဝါးလို့ ခေါ်ပေမဲ့ သူက တကယ့် ပြဿနာပဲ…

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက တိထျန်းထက် မြင့်မားသည့် ပါရမီရှိသော်လည်း ထိုလူက အချိန်၊ ဗဟုသုတနှင့် အတွေ့အကြုံများက ကျော်လွန်နေမှန်း သိထားသည်။

ကံဆိုးစွာဖြင့် ထိုအရာအားလုံးသည် ပါရမီနှင့် အားစိုက်ထုတ်မှုဖြင့် အမှီလိုက်နိုင်သည့်အရာ မဟုတ်ပေ။

ငါ လူဝင်စားကိုးယောက်ကို အမြန်ဖန်တီးပြီးတော့ ကန့်သတ်ချက်ကို ကျော်လွန်ဖို့ နည်းလမ်းရှာရမယ်…

လူဝင်စားက အခြားပြဿနာများနှင့်အတူ အချိန်ပြဿနာတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် သူက ထိုကန့်သတ်ချက်ကို ကျော်လွန်နိုင်မည်လား မသေချာပေ။ သို့သော် သူက ကြိုးစားကြည့်ရမည်။

ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးနောက် ထိုအတွေးများအား ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ယခုအင်အားအသစ်၊ စွမ်းအင်အသစ်များကို ကိုယ်ပွားဆီ ပို့လွှတ်လိုက်ပြီး ဆက်လက် ပြိုင်ပွဲဝင်ခိုင်းလိုက်သည်။

နောက်ဆုံးတွင် သူက ဝမ်ကျူ ပို့ထားသည့် အရေးကြီးသည့် သတင်းအချက်အလက်များကို အာရုံစိုက်ထားလိုက်၏။ အဓိကအားဖြင့် အရေးကြီးဆုံး သုံးခုသာ ပါရှိသည်။ ပထမတစ်ခုက လီကျွင်းသည် စုအိုက်နှင့် ကလေးကို ဝမ်ဝေ့၏ စစ်ဆေးမှု ပြီးဆုံးသည်အထိ စည်းပိတ်ထားဖို့ ဆုံးဖြတ်ခဲ့သည်။

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ခေါင်းခါလိုက်၏။ သူက လီကျွင်းသည် ကောင်းကင်တာအိုက သူ့ကလေးကို ကြိုးကိုင်ပြီး သူနှင့်ရင်ဆိုင်မည်ကို စိုးရိမ်နေမှန်း သိလေသည်။ သို့သော်လည်း ဝမ်ဝေ့ကမူ သူ ဘာမှမဟုတ်ဘဲ စိုးရိမ်နေမှန်း သိ၏။

ထိုကလေး ကြီးထွားလာပြီး ပြဿနာဖြစ်လာဖို့အတွက် အချိန်များစွာ လိုအပ်ပေလိမ့်မည်။ အထူးသဖြင့် အချိန်သက်ဆိုင်သည့် အရာများ မတွေ့ခင် ဖြစ်၏။ ကောင်းကင်တာအိုက အချိန်မြစ်ကြောင်းကို အလွယ်တကူ ဝင်မစွက်ဖက်နိုင်ပေ။

ဝမ်ဝေ့ အာရုံစိုက်ရမည့် ဒုတိယသတင်းက ဝမ်ကျူတို့ အဖွဲ့သည် ရှေးဟောင်းဆွေကြီးမျိုးကြီး မိသားစုနှင့် ပင်လယ်မျိုးနွယ်ထံ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ကံကြမ္မာအရိပ်အဖွဲ့ဝင်အများစုက ထိုနေရာနှစ်ခုတွင် အလယ်အလတ်အဆင့် ရာထူးလောက်ထိ ရယူထားနိုင်ကြ၏။

ဝမ်ကျူက ဟို့ဖုန်းဟွမ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်တချို့ကို တွေ့ရှိခဲ့သည်။ ကောလဟာလများက သူမသည် မျိုးနွယ်၏ တားမြစ်ချက်ကို ချိုးဖောက်ကာ တခြားသူ၏ သွေးမျိုးဆက်ကို ခိုးယူခဲ့သည်။ ထို့ကြောင့် သူတို့က သူမအား ပိတ်လှောင်ထားလေသည်။ အရိပ်က ထိုကောလဟာလအား တွေ့ရှိသော်လည်း ကမ်းခြေပွဲအပြီးတွင်  ယီပု ဖြစ်ခဲ့သည့် အချက်အလက်အပေါ် မူတည်၍ ဝမ်ဝေ့သည် အမှန်တရားဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

သူမအသက်ကို ကယ်တင်နိုင်တယ်ဆိုတော့ သူမ မိဘတွေက အရမ်းအားကောင်းပြီး လွှမ်းမိုးနိုင်စွမ်းရှိတာပဲ ဖြစ်ရမယ်…

ဤသို့သော ရှေးဟောင်းမျိုးနွယ်များတွင် တားမြစ်ချက်စည်းမျဉ်းကို ချိုးဖောက်ခြင်းက သေခြင်းတရားသာ ဖြစ်၏။ ဝမ်မျိုးနွယ်နှင့် တာအိုအခွင့်အလမ်းဂိုဏ်းတွင်ပင် အချို့သော အရာများကို တားမြစ်ချက်အဖြစ် သတ်မှတ်ထားကြသည်။

ထို့ကြောင့် ဟို့ဖုန်းဟွမ်က သူမ၏ မိဘများ သို့မဟုတ် မျိုးဆက်သည် အလွန်အားကောင်း၍သာ သူမ၏ အသက်ကို အာမခံနိုင်ထားခြင်း ဖြစ်၏။ ကြည့်ရသည်မှာ သူမ၏ မိဘများက ဤမျိုးဆက်၏ ဟို့မျိုးနွယ်ခေါင်းဆောင်များ ဖြစ်လိမ့်မည်။

နောက်ဆုံးအရေးကြီးသည့် သတင်းအချက်အလက်မှာ မဟာအဆောင်မြို့တော်မှ အသစ်မြင့်တက်လာသည့် ကောင်းကင်ရွေးချယ်ခံအသစ် ထုံရိုပင်း ဖြစ်၏။ သူမက ကောင်းကင်ရွေးချယ်ခံ အသစ်အများစုကို အနိုင်ပိုင်းခဲ့ပြီး လူဟောင်းများကိုမူ စိန်ခေါ်ခဲ့သည်။ သူမက မိုရှင်းယွင်နှင့် ကျန်းရွှမ်တို့အား အနိုင်ပိုင်းခဲ့ပြီး ဟွမ်ယွမ်ကိုပင် စိန်ခေါ်ခဲ့သည်။

ဝမ်ဝေ့ ရှိထားသည့်အချက်အလက်က ထုံရိုပင်းနှင့် မဟာအဆောင်မြို့တော်သာ ဖြစ်၏။ မဟာအဆောင်မြို့တော်သည် မဟာဧကရာဇ် ၆ပါး ရှိသည့် ဧကရာဇ်မျိုးနွယ်တစ်ခုဖြစ်ပြီး သူတို့၏ တည်ထောင်သူက ရှေးဟောင်းဧကရာဇ်ခေတ်ကာလအတွင်းမှ အဆောင်ဘိုးဘေး ဖြစ်သည်။ သူတို့ကို အသင်္ချေအင်ပါယာကမ္ဘာ အဆောင်တာအို၏ ခေါင်းကိုင်ဖခင်ဟု သတ်မှတ်နိုင်သည်။

မဟာအဆောင်မြို့တော်ကို ကမ္ဘာ၏ အဆောင် ၈၀ ရာခိုင်နှုန်းကျော်ဖြင့် ဖွဲ့စည်းထားသည်။ ထုံရိုပင်းအတွက်မူ သူမက ဤမျိုးဆက်၏ အဆောင်သခင်ငယ် တစ်ယောက်ဖြစ်၏။ ထိုကျွမ်းကျင်အတတ်ပညာ အဖွဲ့အစည်းအတွင်း သူမက အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ဖြင့် သူတော်စင်အဆင့် အဆောင်ပြုလုပ်သူ ဖြစ်လာသည့်အတွက် နာမည်ကျော်ကြားလှသည်။

ထိုသို့သော အရာက လူသုံးယောက်သာ အောင်မြင်ခဲ့ခြင်း ဖြစ်၏။ ယန်းလီလင်း၊ မူလလက်နက်တောင်မှ ချန်းချန်နှင့် မူလသင်္ကေတတောင်မှ ဝူမင်တို့ ဖြစ်ကြသည်။ ထိုလူလေးယောက်က ကျွမ်းကျင်အတတ်ပညာများ၏ တက်သစ်စ ကြယ်ပွင့်များဖြစ်ပြီး လော့ချန်ကမူ အဆောင်၊ ဆေးလုံး၊ လက်နက်သန့်စင်ခြင်းနှင့် အစီအရင်ဆရာအစရှိသည့် ကျွမ်းကျင်အတတ်ပညာများထံ လွှမ်းမိုးမှုအသစ် ယူဆောင်လာသူ ဖြစ်၏။

ဝမ်ဝေ့က ထုံရိုပင်းကို ယခင်က သိထားခဲ့သော်လည်း သူမကို ပလ္လင်အတွက် ပြိုင်ဘက်ဟု တစ်ခါမှ မသတ်မှတ်ခဲ့ဖူးပေ။ ပုံမှန်အားဖြင့် ကျွမ်းကျင်အတတ်ပညာနှင့် သက်ဆိုင်သည့်တာအိုကို ကျင့်ကြံသည့်လူများက ဧကရာဇ်ဖြစ်လာဖို့ ပိုမိုခက်ခဲကြသည်။ အထူးသဖြင့် ဤသို့သော အပြိုင်အဆိုင် ပြင်းထန်သည့် မျိုးဆက်အတွင်း ဖြစ်၏။

ထို့ကြောင့် သူက သူမသည် ဤသို့မြန်မြန်ဆန်ဆန် မြင့်တက်လာအောင် ကံအပြောင်းအလဲ အခွင့်အရေးနှင့် တွေ့ကြုံခဲ့ရလိမ့်မည်မှန်း ခန့်မှန်းမိလေသည်။ သို့သော်လည်း သူမက ဟွမ်ယွမ်နှင့် လက်ရည်ညီနေလျှင်ပင် သူ့အနေနှင့် အာရုံစိုက်စရာ မလိုသေးပေ။

ထို့ကြောင့် သူက စစ်ဆေးမှုကိုသာ အာရုံစိုက်ထားလိုက်သည်။ ဝမ်ဝေ့က စိတ်ဝိညာဉ်ပန်းပွင့် ဖွဲ့စည်းပြီးသည့်နောက် ရရှိထားသည့် အံ့ဖွယ်စွမ်းရည်အသစ် ဝိညာဉ်ကွန်ယက်ကို အသက်သွင်းလိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလို သူ့အသိစိတ်ပင်လယ်အတွင်း ကမ္ဘာဦးစိတ်ဝိညာဉ်ရှေ့တွင် မြေပုံတစ်ခု ထွက်ပေါ်လာသည်။ ထိုမြေပုံအထက်တွင် သူက နေရာအနှံ့ပြန့်ကျဲနေသည့် တိမ်တိုက်လိုပုံရိပ်များကို မြင်တွေ့နိုင်လေသည်။ သူတို့က နေရာအနှံ့ ဖြစ်နေ၏။ သို့သော် လူသားပုံရိပ်များက မြေပုံပေါ်တွင် တောက်တောက်ပပ လင်းလက်နေပြီး တချို့က တခြားသူများထက် ပိုမိုလင်းလက်နေသည်။

ဒါက ဝိညာဉ်တွေလား…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဒါ့အပြင် ဒါက အလယ်ပိုင်းကုန်းမြေရဲ့ မြေပုံပဲ…

ဝမ်ဝေ့က သူသည် ထိုဝိညာဉ်များကို ဆက်နွယ်ကာ ဆက်သွယ်နိုင်လိမ့်မည်ဟု ပြောနိုင်လေသည်။ သို့သော်လည်း သူက ချက်ချင်း မလုပ်ဆောင်လိုက်သေးပေ။ ထိုအစား သူက မြေပုံ သို့မဟုတ် ကွန်ယက်တစ်ခုလုံးကို အသေးစိတ် ချဲ့ကြည့်လိုက်၏။

စက္ကန့်ပိုင်းအတွင်း သူက အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးကို မြင်လိုက်ရသည်။

စိတ်ဝင်စားစရာပဲ…

သူက စမ်းသပ်ချက် အနည်းငယ်ပြုလုပ်ဖို့ရာ တွေးလိုက်မိသည်။ သူက လီကျွင်းကို အရင်ဆက်သွယ်လိုက်သော်လည်း တစ်စုံတစ်ခုက သူ့စွမ်းရည်ကို တားဆီးထားလေသည်။ သူက အနည်းငယ် စိတ်ပျက်သွားသော်လည်း စိတ်ထဲမထားပေ။

ဝမ်ဝေ့က ထို့နောက် ဂိုဏ်း၏ တောင်ခြေရှိ ပင်မမြို့မှ အရိပ်တပ်သား တစ်ဦးကို ဆက်သွယ်လိုက်သည်။

အဲဒီလူက မသေမျိုးအဆင့် အစီအရင်မှာ ရှိမနေသရွေ့ ငါက သူနဲ့ဆက်သွယ်လို့ ရတယ်လား…

ဝမ်ဝေ့က ထိုနည်းလမ်းသည် ဖုံးကွယ်နေသော လျှို့ဝှက်နယ်မြေတချို့ကို  တွေ့နိုင်မည်လားဟု ရှာဖွေဖို့ ကြိုးစားကြည့်လိုက်သည်။ သို့သော် ကျရှုံးခဲ့၏။ သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် ထိုကွန်ယက်ကို စစ်ဆေးကြည့်လိုက်သည်။

သိပ်မကြာခင် မြေပုံက အရောင်လေးရောင်နှင့် မြောလွင့်နေသည့် သတ္တုလုံးများထောင်ချီကဲ့သို့ ပြောင်းလဲသွားသည်။

ဒါတွေက ကမ္ဘာတွေလား…

သိပ်မကြာခင် သူက ကြေးဝါသည် သေမျိုးကမ္ဘာအတွက် ဖြစ်ပြီး ကြေးနီသည် အဆင့်နိမ့်ကမ္ဘာအတွက် ဖြစ်ကာ ငွေရောင်ကမူ အလယ်အလတ်ကမ္ဘာအတွက်ဖြစ်ပြီး ရွှေရောင်ကမူ မဟာကမ္ဘာများအတွက်ဖြစ်ကာ အသင်္ချေအင်ပါယာကမ္ဘာအတွက် ခရမ်းရောင် ဖြစ်၏။

ဝမ်ဝေ့က သူ့ဝိညာဉ်စွမ်းအား အသုံးပြုပြီး ထိုမြေပုံကို စစ်ဆေးကြည့်ပြီးသည့်နောက်  အကြည့်များက လင်းလက်တောက်ပသွားသည်။ ရလဒ်အနေဖြင့် ကမ္ဘာများစွာ ပေါ်ထွက်လာလေ၏။ သူက ကမ္ဘာများကို စစ်ဆေးကြည့်လိုက်ပြီး လူများ၏ ဝိညာဉ်မြေပုံကို မြင်တွေ့လိုက်ရသည်။

သူက ဤအသိုက်အဝန်းမှ ကမ္ဘာများကိုသာ မြင်တွေ့နိုင်သော်လည်း တခြားကမ္ဘာအသိုက်အဝန်းကို ဆက်နွယ်ဖို့ နည်းလမ်းလိုအပ်နေဟန်ပေါ်သည်။ မဟုတ်ပါက သူ့အနေဖြင့် အံ့ဖွယ်စွမ်းရည်ကိုပိုမို အဆင့်မြင့်အောင် လုပ်ရမည်။

ဝမ်ဝေ့က ထိုစွမ်းရည်ကို မည်သို့အကောင်းဆုံး အသုံးချရမည်ကို စဉ်းစားကြည့်လိုက်သည်။ သူက ထိုအရာမှ ရရှိနိုင်မည့် အကျိုးကျေးဇူးကို မြောက်များစွာကို စဉ်းစားကြည့်လိုက်သော်လည်း ယခု သူ့စစ်ဆေးမှုကို ကူညီပေးနိုင်သည့်အရာများကိုသာ အာရုံစိုက်ထားလိုက်သည်။

ထို့ကြောင့် သူက ရှာဖွေခြင်းလုပ်ငန်းစဉ်တစ်ခုကို ဖန်တီးဖို့ စွမ်းရည်ကို အာရုံစိုက်ထားလိုက်သည်။ သူက ထိုအချက်အလက်နှင့် ကိုက်ညီသည့်လူများအား ရှာဖွေလို၏။ သူက တားမြစ်ခံတာအိုကို ကျင့်ကြံသည့် သူတော်စင်အဆင့်နှင့်အထက် လူများကို ရှာဖွေလိုသည်။ ထို့နောက် ဝမ်ဝေ့က မြေပုံသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြီး ထိုလိုလားချက်များနှင့် ကိုက်ညီသည့် ဝိညာဉ်ကို စတင်ရှာဖွေတော့သည်။ ထို့နောက် တွေ့ရှိခဲ့၏။

မဟာကမ္ဘာတစ်ခုအတွင်း ဝမ်ဝေ့က ပျက်သုဉ်းလုနီးပါး ဖြစ်နေသည့် ဝိညာဉ်တစ်ခုကို တွေ့ရှိခဲ့သည့်အတွက် မအံ့ဩမိပေ။

တားမြစ်ခံများက ရှားပါးနေပြီဖြစ်ရာ သူတော်စင်အဆင့် မတိုင်ခင် အသက်ရှင်နေသည့်အကြောင်း ထည့်ပြောဖို့ရာ မလိုတော့ပေ။ ထို့ကြောင့် သူသည် ကံကောင်းကာ ထိုလူနှင့် တွေ့ဆုံခဲ့ပြီး တစ်စုံတစ်ခုသင်ယူနိုင်ရန်အတွက်  ဆက်နွယ်ဖို့ ပြင်ဆင်လိုက်သည်။

***

All Chapters