← Chapters

သိပ္ပံခေတ်

Vol. 35 Ch. 485

သိပ္ပံခေတ်

Vol. 35 Ch. 485

ဝူလုံက လူများစွာ ဝန်းရံရင်း သီးသန့်နေရာတစ်ခုတွင် ရှိနေလေသည်။ သို့သော်လည်း သူက သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် စွမ်းအားများကို ခံစားမိ၍ အနည်းငယ် အာရုံများသွားသည်။ သူ့အသိစိတ်ပင်လယ်အတွင်းရှိ မူလအဆီအနှစ်နှင့် ဝိညာဉ်စွမ်းအားတို့ကို ခံစားမိလိုက်သည်။

ဆယ်စုနှစ်မျှဖြင့် သူက သဘာဝလွန်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ဝူလုံက ထိုအရာသည် မဖြစ်နိုင်ကြောင်း သိထားလေ၏။ မင်းသားများအနက် သူ့ပါရမီသည် သာမန်မျှသာဖြစ်ပြီး သူက တော်ဝင်မိသားစုအတွင်း အာဏာကိုင်ဆောင်ထားနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့စိတ်နေစိတ်ထားနှင့် စစ်တပ်နည်းဗျူဟာကြောင့်သာ ဖြစ်၏။

တကယ်ဆိုလျှင် နယ်မြေ(၂)ကို အုပ်စိုးသည့် သူ့အစ်ကိုက နောက်အုပ်ချုပ်သူ ဖြစ်လိမ့်မည်။ အကြောင်းအရင်းမှာ သူ့စွမ်းရည် သို့မဟုတ် ပါရမီကြောင့် မဟုတ်ပေ။ ဝူလုံက သူ့အစ်မ ဝူဖန်သည် ပိုမိုကောင်းမွန်သည့် ကျင့်ကြံရေး ပါရမီရှိပြီး တော်ဝင်ကလေးများကြား အကောင်းဆုံးနိုင်ငံရေးဆိုင်ရာ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း သိလေသည်။

သူမက နောက်အုပ်ချုပ်သူဖြစ်လာဖို့ အကောင်းဆုံး ရွေးချယ်သူ ဖြစ်သင့်သည်။ သို့သော်လည်း သူမက တရားမဝင် သမီးတစ်ယောက်ဖြစ်ကာ အမျိုးသမီးတစ်ဦး ဖြစ်နေခြင်းက သူမ၏ လမ်းစဉ်ကို အဟန့်အတား ဖြစ်စေသည်။

သို့သော်လည်း ဤသည်က သူမအနေဖြင့် အုပ်ချုပ်ရေးအံ့ဖွယ်တိုင်းပြည်ကို မအုပ်စိုးနိုင်သည့် အဓိကအကြောင်းအရင်း မဟုတ်သေးပေ။ အဓိကအကြောင်းအရင်းက သူတို့၏ အဖေသည် ၅ယောက်မြောက် မင်းသားကို မျက်နှာလိုက်လောက်အောင်အထိ အလွန်ချစ်မြတ်နိုး၍ ဖြစ်သည်။ ထို့ကြောင့် သူက ထိုသူ့ဆီသာ ပလ္လင်ကို ပေးအပ်လိမ့်မည်။

မင်းသား(၅)၏ ပါရမီက အကောင်းဆုံး မဟုတ်သော်လည်း သူက တိုင်းပြည်၏ အရင်းအမြစ်များဖြင့် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်နိုင်ပြီး သူ့အနေအထားကို ခိုင်မာစေလိမ့်မည်။

ကံကောင်းစွာဖြင့် မသေမျိုးအရှင် ဝင်ရောက်စွက်ဖက်မှုက တော်ဝင်မိသားစု၏ ပါရမီရှိသည့် ကျန်လူများဆီ အခွင့်အရေးပေးလာခဲ့သည်။

“ အရှင့်သား အားလုံးအဆင်သင့်ဖြစ်ပါပြီ”

“ အဲဒါဆို စလိုက်ကြရအောင်”

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝူလုံက မီတာထောင်ချီ မြင့်တက်သွားသည့် မှိုပွင့်သဏ္ဌာန် အခိုးအငွေ့လုံးကြီးကို မြင်လိုက်ရသည်။

“ ကျွန်တော်တို့ အောင်မြင်သွားပြီ”

“ ဟုတ်တယ်။ ဒီဗုံးရဲ့ စွမ်းအားက အံ့ဖွယ်ပလ္လင်အဆင့်နဲ့ ညီမျှတယ်။ ဒီဟာကို ရာချီ သုံးတယ်ဆိုရင် သဘာဝလွန်အဆင့် ကျင့်ကြံသူတွေကို သတ်နိုင်လိမ့်မယ်”

ဝူလုံက ကျေနပ်သွားပြီး သူ့အကြည့်များက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် တောက်ပလာသည်။

ဒီလက်နက်နဲ့ဆိုရင် ငါက တခြားနယ်မြေတွေကို မြန်မြန်ဆန်ဆန် အုပ်စိုးပြီးတော့ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်ဖို့ အရင်းအမြစ်တွေကို ရယူနိုင်လိမ့်မယ်…

သူက တွေးလိုက်မိသည်။ သူက ထိုလက်နက်ကို ဖန်တီးရာတွင် မပါဝင်ခဲ့သော်လည်း ခေါင်းဆောင် ၆ ယောက်ထဲမှ တစ်ယောက်အနက် သူသည် ခေါင်းဆောင်နိုင်စွမ်းအပေါ် မူတည်၍ လဲလှယ်ရေးအမှတ်များ ရရှိနိုင်သည်။

ထိုအရာက ထိပ်တန်းသိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများလောက် မများသော်လည်း ထိပ်တန်းအဆင့်တွင် ပါနေဆဲသာ ဖြစ်၏။

“ အဏုမြူ ရေဒီယိုသတ္တိကြွနှုန်းကို သွားပြီးတော့ စစ်ဆေးကြည့်” ဝူလုံက အမိန့်ပေးလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တစ်ယောက်က သူ့အား ပြန်လည်အကြောင်းကြားလာ၏။

“ ဘယ်လိုလဲ”

“ ရေဒီယိုသတ္တိကြွနှုန်းက အတော်လေးကြောက်ဖို့ကောင်းတယ်။ အဲဒါက သဘာဝလွန်အဆင့် ကျင့်ကြံသူတွေတောင် ဂရုမစိုက်ရင် မူလအဆီအနှစ်ထိ သက်ရောက်မှု ရှိလာနိုင်တယ်” ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဘိုးဘေးက မသက်မသာ လေသံဖြင့် ပြောလိုက်သည်။ သူက သဘာဝကို ဖျက်ဆီးနိုင်သည့် ထိုသို့သော လက်နက်မျိုးကို သဘောမကျပေ။

“ အဲဒါကို သန့်စင်နိုင်လား”

“ ဒါပေမဲ့ အချိန်တော့ ယူလိမ့်မယ်”

“ ကောင်းတယ်” ဝူလုံက ပြန်ပြောလိုက်သည် “ ငါတို့တွေ တခြားနယ်မြေရဲ့ သုတေသနနေရာတွေကို ပစ်မှတ်ထားပြီးတော့ သူတို့ရဲ့ ဗုံးဖန်တီးမှုကို နှောင့်နှေးအောင်လုပ်ကြမယ်။ အဲဒါပြီးသွားရင် ငါတို့တွေ သူတို့ပိုင်နက်ကို အလျင်အမြန် အုပ်စိုးဖို့ ဗုံးတွေကို ထုတ်လုပ်ကြမယ်”

ဝူလုံက ထိုစကားများပြောပြီးသည့်နောက် ကောင်းကင်က ကောင်းချီးတိမ်တိုက်များ ပြည့်နှက်လာသည်။

“ နယ်မြေ(၃)က အဏုမြူဗုံးကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”

ဝူလုံက ထိုကြေညာချက်သည် ထိုနယ်မြေ၏ လျှို့ဝှက်ချက်ကို သူ့ရန်သူထံ အသိပေးလိုက်သလို ဖြစ်သည့်အတွက် သဘောမကျပေ။ သို့သော် သူ တတ်နိုင်သည့်အရာ မရှိပေ။ ထို့နောက် သူက မြေကြီးသည် ရုတ်ချည်း တုန်ခါသွားသည်ကို ခံစားမိလိုက်၏။

ထို့ကြောင့် သူနှင့် တခြားလူများက ကောင်းကင်သို့ မော့ကြည့်ကာ အဖြစ်အပျက်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ကျင့်ကြံသူအားလုံးက လွန်ခဲ့သည့်နှစ် နှစ်ဆယ်ခန့်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်လိုမျိုး နောက်ထပ် အံ့ဩစရာတစ်ခုကို မြင်လိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက ကမ္ဘာအား နယ်မြေသုံးခုအဖြစ် ပိုင်းခြားလိုက်သည်။ အုပ်စိုးထားသည့် ပိုင်နက်များနှင့်အတူ နယ်မြေ (၃)၊ နယ်မြေ (၅)နှင့် နယ်မြေ (၆)ဟူ၍ ဖြစ်သည်။ ဝူမင်ယဲ့ အုပ်စိုးသည့်နယ်မြေ (၁)ကိုမူ ဝမ်ဝေ့က နှစ်ပိုင်းခွဲပြီး နယ်မြေ (၅)နှင့် နယ်မြေ (၆)တွင် ပေါင်းစပ်ခဲ့သည်။

အုပ်ချုပ်သူအတွက်မူ သူ၏ နောက်လိုက်များနှင့် ပျောက်ကွယ်သွားလေ၏။

ဝူလုံက ကောင်းကင်အထက် လွင့်မြောနေရင်း အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။ သူ မြင်တွေ့လိုက်ရသည်က အဆုံးမဲ့နေရာလွတ် တစ်ခုသာ ဖြစ်၏။

“ ငါတို့တွေ အာကာသအစီအစဉ်ကို အာရုံစိုက်ထားဖို့ ပြင်ထား” သူက အမိန့်ပေးလိုက်သည်။

“ ဒါပေမဲ့ အရှင် … မသေမျိုးအရှင်က ကျွန်တော်တို့ကို ဆက်လက် မတိုက်ခိုက်စေချင်တာ မဟုတ်ဘူးလား” သူ့လက်အောက်ငယ်သား တစ်ယောက်က ပြန်ဖြေလိုက်သည်။

“ အဲလိုဆိုရင် သူက ဒီနည်းလမ်းကို အသုံးပြုမဲ့အစား တန်းပြီးတော့ တားမြစ်လိုက်မှာပေါ့” ဝူလုံက သူ့အင်အားသည် စစ်တပ်အုပ်စိုးမှု ဖြစ်ကြောင်း သိထားလေသည်။ ထို့ကြောင့် အကယ်၍ သူ့သာ တခြားနည်းလမ်း အသုံးပြုရလျှင် အောင်မြင်နိုင်ချေက သိသိသာသာ လျော့ကျသွားမည်ဟု ယုံကြည်ထား၏။

ယခုတွင် သူက လူဦးရေ အရေးသာချက်နှင့် အရင်းအမြစ်များ ရှိနေသော်လည်း ထိုအရေးသာချက်များက ကြာရှည်ခံမည်ဟု မထင်မိပေ။

လက်အောက်ငယ်သားက ပါးစပ်ဖွင့်ကာ တစ်ခုခု ပြောလိုသော်လည်း လက်လျှော့လိုက်သည်။ သူက မင်းသားသည် အမြဲတမ်း ခေါင်းမာသူ ဖြစ်ကြောင်း နားလည်ထားသည်။ သူက စစ်တပ်အပေါ်ကိုသာ အာရုံအပြည့်အဝစိုက်ထားပြီး တခြားလူများထံ တစ်ခုခုသက်သေပြချင်နေသည့်အလား ဖြစ်၏။ ကြည့်ရသည်မှာ ယခင်က သူ့အဖေ ငြင်းပယ်ခဲ့ဖူးသည့် သူ့အတွေးအခေါ်များက မှန်ကန်ကြောင်း သက်သေပြချင်ဟန်ပေါ်သည်။

ဝမ်ဝေ့၏ ဝင်ရောက်စွက်ဖက်မှုဖြင့် ကမ္ဘာကြီးက ငြိမ်းချမ်းရေး ပြန်လည်ရရှိသွားသည်။ နယ်မြေတစ်ခုချင်းစီက သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကိုသာ အာရုံစိုက်ထားကြ၏။

တစ်စုံတစ်ယောက်က သတင်းအချက်အလက် နည်းပညာခေတ်ရောက်ရှိဖို့ ကွန်ပျူတာများကို ဖန်တီးခဲ့သည်။ ထိုအရာပြီးနောက် သိပ်မကြာခင် ဝူလုံ၏ နယ်မြေက အလင်းတစ်ပိုင်း အမြန်နှုန်းအင်ဂျင်ကို ဖန်တီးခဲ့ပြီး ကြယ်တာရာခေတ်သို့ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း ထိုနည်းပညာက တခြားနယ်မြေများကို ရောက်လောက်အောင်အထိ မဖွံ့ဖြိုးသေးပေ။ အကြောင်းမှာမူ ထိုကြိုးစားမှုများအတွင်း ပြဿနာများ တွေ့ရှိနေဆဲ ဖြစ်၏။

နောက်ဆုံးတွင် နယ်မြေ(၆)က အက်တမ်နှင့် မော်လီကြူးများကို လေ့လာဖို့အတွက် ပထမဆုံးသော ဒြပ်မှုန်အရှိန်မြှင့်စက်ကို တီထွင်ခဲ့သည်။

ဝမ်ဝေ့က ထိုစက်မှ အချက်အလက်များကို စုစည်းနေသည့် သိပ္ပံပညာရှင်များကိုကြည့်ကာ ပြုံးလိုက်မိ၏။

ဒါတွေအကုန်လုံးက နှစ်တစ်ရာအတွင်း ဖြစ်လာတာဆိုတော့ မဆိုးဘူးပဲ…

သူက ထိုဖြစ်စဉ်သည် သူ့ကြောင့်သာ မဟုတ်လျှင် ပိုမိုမြန်ဆန်မည်ဖြစ်ကြောင်း သိလေသည်။ သိပ္ပံနှင့် နည်းပညာအပေါ် သူ့အသိပညာက ကန့်သတ်ချက် ရှိ၏။ ထို့ကြောင့် သူက ကမ္ဘာကို ပြောင်းလဲပြင်ဆင်စဉ်အတွင်း ကိစ္စများစွာ လိုအပ်ကာ လစ်လပ်ခဲ့သည်။

ထို့ကြောင့် သူက နယ်မြေတစ်ခုချင်းစီ၏ သုတေသနနှင့် ရှာဖွေတွေ့ရှိမှုများ၏ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ဖို့ ဖြစ်စဉ်ကို လျှော့ချခဲ့ရသည်။ ရုတ်ချည်းဆိုသလို သူက တစ်စုံတစ်ခုကို ခံစားမိသောကြောင့် ဝူဖန်၏ နယ်မြေ(၅)အား ကြည့်လိုက်၏။

သူတို့က အောင်မြင်သွားပြီလား…

သူက စိတ်ဝင်စားစွာ တွေးလိုက်မိသည်။

စမ်းသပ်ခန်းအတွင်း ဝူဖန်က အာဟာရအရည်ထဲ ရှိနေသည့် ကလေးအား ကြည့်နေစဉ် ရှေးဟောင်းဝတ်ရုံနှင့် ခေတ်မီအဖြူရောင်ကုတ် ဝတ်စုံများ ဝတ်ဆင်ထားသည့် သိပ္ပံပညာရှင်များကမူ သူမအား တင်ပြနေကြသည်။

“ စမ်းသပ်မှုတွေ လုပ်ပြီး အမှားတွေ ပြင်ဆင်ပြီးတဲ့နောက်မှာ ဒီကလေးတွေကို ပိုပြီးအားကောင်းအောင်၊ မြန်ဆန်အောင်၊ ဉာဏ်ကောင်းအောင် ပြီးတော့ သာမန်သက်တမ်းက ၁၂၀ထိ ကြာရှည်အောင် မျိုးရိုးကို ပြောင်းလဲနိုင်ခဲ့ပါပြီ။”

“ ကောင်းတယ်။ ဒီနည်းပညာနဲ့ဆိုရင် ငါတို့တွေ သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာတွေကို မွေးထုတ်နိုင်လိမ့်မယ်။ အဲဒါဆိုတော့ ငါတို့နယ်မြေရဲ့ ဖွံ့ဖြိုးတိုးတက်လာနှုန်းကိုလည်း မြန်ဆန်လာစေလိမ့်မယ်” ဝူဖန်က ပြောလိုက်သည်။

သူမ၏ အစောပိုင်း အစီအစဉ်များက မစတင်ခင် ပြိုလဲသွားခဲ့သည်။ သို့သော် ဤတစ်ကြိမ် ဝူဖန်က သူမသည် မှန်ကန်သည့် ဦးတည်ချက်သို့ ဦးတည်နေကြောင်း သိလိုက်သည်။

ငါ့သုံးသပ်ချက်အရ သတင်းအချက်အလက် နည်းပညာခေတ်ပြီးသွားရင် ကြယ်တာရာခေတ် ဖြစ်သင့်တယ်။ ဒါပေမဲ့ အဲဒါပြီးသွားရင် ဘာလာမှာလဲ။ မျိုးရိုးဗီဇခေတ်လား…

သူက တွေးနေရင်း သူမ၏ နာရီက ရုတ်ချည်းဆိုသလို မြည်လာ၍ သတင်းစကားကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူမက ဘာမှမပြောဘဲ မြေအောက်တွင် ဆောက်ထားသည့် အခန်းတစ်ခုသို့ အလျင်အမြန် ပြေးသွားလေသည်။

“ ရှင် အောင်မြင်သွားပြီလား။ ဒီလောက်တောင် မြန်မြန်ဆန်ဆန်လေ” ဝူဖန်က နေရောင် မထိတွေ့ရသည်မှာ ဆယ်စုနှစ်လောက်ကြာနေပုံပေါ်သည့် ဖြူဖျော့နေသော သိပ္ပံပညာရှင်အား ကြည့်ကာ မေးလိုက်သည်။

“ ဟား…ဟား…ဟား…ကျုပ် အခု အောင်မြင်သွားပြီ။ ကျုပ်တောင် ဒီလောက် မြန်မြန်ဆန်ဆန် အောင်မြင်တယ်ဆိုတာကို မယုံနိုင်ဘူး”

ဝူဖန်က အသက်ပြင်းပြင်းရှူကာ ပြောလိုက်သည် “ ပညာရှင် ရှန်းယင် တည်တည်ငြိမ်ငြိမ်ထားပြီးတော့ အချက်အလက်ကို ဘာလို့ ရှင်းမပြရတာလဲ”

ရှန်းယင်က အသက်ပြင်းပြင်းရှူကာ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ငယ်ရွယ်ကာ ကျင့်ကြံဆင့် မရှိသော်လည်း နှစ် ၁၂၀ ကျော်နေပြီဖြစ်၏။ သူက လဲလှယ်ရေးအမှတ်များဖြင့် သူ့သက်တမ်းနှင့် ဉာဏ်ရည်ကို တိုးမြှင့်ခဲ့သည်။

သေမျိုးအများစုက ကျင့်ကြံရေးလမ်းစဉ်ပေါ် ရောက်အောင် အသုံးပြုကြသော်လည်း သူကမူ ယခင်အဖြစ်အပျက်များကြောင့် ကျင့်ကြံသူများကို စက်ဆုပ်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူတို့၏ စွမ်းအားကို လိုချင်နေ၏။ ထို့ကြောင့် သူက သိပ္ပံပညာမှတဆင့် အဖြေကို ရှာဖွေခဲ့သည်။

“ ယခင်ဆယ်စုနှစ်တုန်းက ပြောထားတဲ့ ကိစ္စအရ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က ကျင့်ကြံသူရဲ့ မျိုးရိုးဗီဇပုံစံကို လေ့လာခဲ့တယ်။ အဲဒီနောက် သာမန်လူတွေက သူတို့ရဲ့မျိုးရိုးဗီဇကို ဆင့်ကဲပြောင်းလဲနိုင်တဲ့ နည်းလမ်းကို ဖန်တီးခဲ့တယ်။ ဒါက ဒီရလဒ်ပဲ”

ရှန်းယင်က လူနှစ်ယောက် တိုက်ခိုက်နေသည့် ဗီဒီယိုအား ပြသလာသည်။ တစ်ဖက်တွင် သူတို့၏ သွေးကြောများ၌ သွေးချီများ စီးဆင်းနေပြီး ကျန်တစ်ဖက်ကမူ သာမန်သာ ဖြစ်၏။  သူက ကျင့်ကြံသူများနှင့် အင်အားအရ၊ အရှိန်အရ၊ တောင့်ခံနိုင်စွမ်းနှင့် တခြားသော ရုပ်ပိုင်းဆိုင်ရာအခြေအနေများတွင် အမှီလိုက်နိုင်ဆဲသာဖြစ်၏။

“ နောက်တစ်ခေါက်ကျ အံ့ဖွယ်ပင်လယ် ကျင့်ကြံသူတွေရဲ့ မျိုးရိုးကို ပုံတူပွားဖို့ စီစဉ်ထားတယ်။ အဲဒီနောက်တော့ မျိုးရိုးစစ်သည်တော် ကျင့်ကြံရေးနည်းစနစ်ကို ဖန်တီးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီအဆင့်မှာ တန့်နေတယ်”

“ ကျွန်မတို့မှာ အချိန်အများကြီး ရှိပါတယ်။ အလျင် မလိုပါဘူး” ဝူဖန်က စိတ်လှုပ်ရှားစွာဖြင့် ဖျောင်းဖျလိုက်သည်။ သူမက ထိုမျိုးရိုးဗီဇစစ်သည်တော် ကြီးထွားလာသည်ကို လိုချင်မိခြင်းမှာ သူမ၏ နယ်မြေ ကူညီပေးနိုင်ရုံသာမက သူမ၏ အမေကိုပါ ပြန်လည်အသက်သွင်းပြီးသည့်နောက်တွင် သူမဘာသာသူမ ပြန်လည်ကာကွယ်နိုင်မည့် စွမ်းအားပေးလိုခြင်း ဖြစ်၏။

ကံကြမ္မာမြစ်ကြောင်းအတွင်း ဝမ်ဝေ့က ထိုအရာများကို ကြည့်နေလေသည်။ သူက ရှန်းယင် မြန်မြန်ဆန်ဆန် အောင်မြင်သည့် အကြောင်းအရင်းအတွက် တာဝန်ရှိသူဖြစ်၏။ သူက ဤကမ္ဘာ၏ ကျန်ရှိနေသည့် ကျင့်ကြံသူများကို အိပ်စက်ခြင်းထဲ ထားခဲ့စဉ် သူတို့၏ ဦးနှောက်နှင့် ဝိညာဉ်များကိုမူ စိတ်ဝိညာဉ်ဗီဇ ကွန်ပျူတာ ဖန်တီးဖို့ဆက်နွယ်ခဲ့သည်။

ထို့နောက် သူက သူတို့၏ သုတေသနကို အရှိန်မြှင့်တင်ဖို့ ပါရမီကောင်းသည့် လူတချို့ကို မယုံနိုင်လောက်ဖွယ်စွမ်းအားကို ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် ထိုအကူအညီဖြင့် ရှန်းယင်သည် အချိန်တိုအတွင်း သုတေသနကို အောင်မြင်သွားခြင်း ဖြစ်၏။

ဤကွန်ပျူတာက စည်းမျဉ်းကို နားမလည်နိုင်သည်မှာ နှမြောဖို့ ကောင်းလှသည်။ အကြောင်းအရင်းမှာ သူ့တွက်ချက်သည့်စွမ်းအားက ထိုထက် အလွန်အားကောင်းနေ၍ ဖြစ်သည်။ ထို့အပြင် သူက သူ့ဝိညာဉ်သည် ထိုကွန်ပျူတာနှင့် ဆက်နွယ်မှု လုပ်ဖို့ရာ ခုခံနေကြောင်း ခံစားမိလေသည်။

သူ့ကို ဆက်ပြီးကူညီရအောင်…

ရှန်းယင်က သုတေသန ခက်ခဲမှုအကြောင်း ညည်းတွားနေစဉ် ရုတ်ချည်းဆိုသလို အတွေးတစ်ခု ရလာသည်။

 ကျင့်ကြံသူတွေရဲ့ အဓိကစွမ်းအားဆိုတော့ မျိုးရိုးဗီဇမှာလည်း အတူတူလုပ်နိုင်တာပဲ။ မူလချီကို သုံးမဲ့အစား မျိုးရိုးဗီဇစစ်သည်တော်တွေက ဇီဝစွမ်းအားကို ဖွဲ့စည်းပြီး အသုံးပြုနိုင်တယ်…

သူက ထိုအတွေးကို ရလာပြီးသည့်နောက်တွင် အကြည့်များက လင်းလက်တောက်ပသွားသည်။ သို့သော် သူက တခြားစိတ်ရှုပ်ထွေးမှုများ ရှိနေသေး၏။

ပြဿနာက ဒီစွမ်းအားကို ဘယ်နေရာမှာ သိုလှောင်ရမလဲဆိုတာပဲ။ စွမ်းအင်ဗဟိုချက်က သိပ္ပံနဲ့ နည်းပညာအတွက် ယုတ္တိရှိတဲ့ အတွေးအခေါ် မဟုတ်ဘူး…

သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှု တစ်ခုပေါ်ထွက်လာပြီး ထိုပြဿနာ၏ ဖြေရှင်းနည်းကို စဉ်းစားလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခု ထပ်မံ ပေါ်ထွက်လာပြန်သည်။

ဆဲလ်…

သာမန်လူတစ်ယောက်ရဲ့ လူသားခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၃၀ ထရီလီယံ ရှိတယ်။ အဲဒါက ပထမအဆင့် မျိုးရိုးဗီဇစစ်သည်တော်တွေဆိုတာကို ပြောနေစရာ မလိုဘူး။ ဇီဝစွမ်းအားက ဆဲလ်ထဲကို သိုလှောင်ထားနိုင်တယ်။

ပြီးတော့ ငါက မျိုးရိုးဗီဇဆင့်ကဲ ပြောင်းလဲမှုလမ်းစဉ်ကို အမျိုးမျိုးဖန်တီးနိုင်တယ်။ တစ်ခုက ဆင့်ကဲပြောင်းလဲဖို့ ဇီဝစွမ်းအားအပေါ် မှီခိုပြီးတော့ကျန်တစ်ခုက ကျင့်ကြံဆင့်တစ်ခုချင်းစီရဲ့ မျိုးရိုးအပေါ်မှာ အတုခိုးလိုက်မယ်။

တစ်ရက်ကျရင် ငါ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဘိုးဘေးရဲ့ မျိုးရိုးဗီဇကို နားလည်လာပြီးတော့ အဲဒီအဆင့် မျိုးရိုးဗီဇစစ်သည်တော်ကို ဖန်တီးလာနိုင်လိမ့်မယ်…

ရှန်းယင်က အချိန်မဖြုန်းဘဲ အလုပ်လုပ်လိုက်သည်။ ထိုစဉ် ဝမ်ဝေ့ကမူ ကံကြမ္မာမြစ်ကြောင်းအတွင်း ပြုံးလိုက်၏။ သူက သိပ္ပံနည်းပညာသည် မဟာဧကရာဇ်၏ မျိုးရိုးဗီဇကို စစ်ဆေးနိုင်လောက်အောင်အထိ ဖွံ့ဖြိုးတိုးတက်ဖို့ မျှော်လင့်နေမိသည်။

ဤသည်မှာ  သူက လူဝင်စားကိုးခုကို ကျော်လွန်နိုင်မည့် အခွင့်အရေးဖြစ်မည်ဟု ခံစားနေမိသည်။

***

All Chapters