သိပ္ပံခေတ်
Vol. 35 Ch. 486
“ ကျစ် ဘာလို့ အလုပ်မဖြစ်ရတာလဲ” ရှန်းယင်က ကျယ်ကျယ်လောင်လောင် ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက ဝူဖန်သည် သူနှင့်အတူရှိနေကြောင်း သတိရသွားကာ အလျင်အမြန် ပြောလိုက်၏ “ အရှင်မကို တောင်းပန်ပါတယ်”
“ ကိစ္စမရှိပါဘူး” သူမက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူမက စမ်းသပ်ချက်အား ကြည့်ကာ “ ကျရှုံးတယ်ဆိုတာ ပုံမှန်ပါပဲ။ ကျင့်ကြံသူတွေက အံ့ဖွယ်ပလ္လင်အဆင့်ကနေ သဘာဝလွန်အဆင့်တက်ဖို့ သိသာတဲ့ အပြောင်းအလဲကို ကျော်ဖြတ်ရတယ်”
ရှန်းယင်က ထိုအချက်ကို သိထားလေသည်။ အကြောင်းမှာ သဘာဝလွန်အဆင့် ကျင့်ကြံသူများ၏ မျိုးရိုးဗီဇက အံ့ဖွယ်ပလ္လင်ထက် အဆရာချီ ပိုမိုရှုပ်ထွေးလေသည်။ ထို့ကြောင့် သူက အံ့ဖွယ်ပလ္လင်အဆင့်နှင့် တူညီသည့် တတိယအဆင့် မျိုးရိုးဗီဇစစ်သည်တော်ကို ဖန်တီးနိုင်ခဲ့သော်လည်း လေးဆင့်မြောက်ကို ဖန်တီးဖို့ရာ နည်းလမ်း မတွေ့သေးပေ။
“ နောက်လာမဲ့ စစ်ပွဲအတွက် မကူညီနိုင်တာ စိတ်မကောင်းပါဘူး”
“ မင်းဘာသာမင်း အပြစ်တင်ဖို့ မလိုပါဘူး” ဝူဟန်က ပြောလိုက်သည် “ လေးဆင့်မြောက်က အပိုအာမခံချက်အနေနဲ့ပါပဲ”
ဝူဖန်က စစ်ဌာနချုပ်ဆီ ဦးတည်သွားလိုက်သည်။ အားလုံးက သူမ ရောက်ရှိလာသည်ကို မြင်ပြီး ဦးညွှတ်လိုက်ကြ၏။ သူမက အလယ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမရှေ့တွင် အာကာသယာဉ်ပျံများစွာကို ပြနေသည့် ပိတ်ကားချပ်တစ်ခုရှိနေသည်။
“ အခြေအနေက ဘယ်လိုလဲ”
“ ကျွန်တော်တို့တွေ တပ်စုက နယ်မြေ(၃)လက်ထဲမှာ ရှုံးနိမ့်မှုတစ်ခု ကြုံတွေ့ခဲ့ရပေမဲ့ အခြေအနေတွေက ထိန်းချုပ်မှုအောက်မှာ ရှိပါသေးတယ်”
“ တပ်ရင်း(၁၁၁)ကရော သေချာလေ့ကျင့်ထားရဲ့လား”
“ ဟုတ်ကဲ့ပါ အရှင်မ”
“ အဲဒါဆို သူတို့ကို လွှတ်လိုက်”
သူမ၏ အမိန့်အောက်တွင် တပ်ရင်း (၁၁၁)က ကြယ်တာရာတိုက်ပွဲအတွက် ထွက်ခွာသွားကြသည်။ သူတို့၏ နယ်မြေ (၃)နှင့် ပထမဆုံးတွေ့ဆုံမှုအတွင်း သူတို့၏ တပ်ဖွဲ့ကရန်သူအား ချေမှုန်းနိုင်ခဲ့သည်။ မျိုးရိုးဗီဇစစ်သည်တော်များဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်းအနေဖြင့် သူတို့၏ စွမ်းဆောင်ရည်က နယ်မြေ(၃)၏ သာမန်လူများယှဉ်နိုင်သည့် အရာတော့ မဟုတ်ပေ။
မသေမျိုးအရှင်က ကျင့်ကြံသူများအား ပါဝင်ပတ်သက်ခြင်းကို တားမြစ်ထားသော်လည်း မျိုးရိုးဗီဇစစ်သည်တော်များကိုမူ ကန့်သတ်မထားပေ။ ထို့ကြောင့် လပိုင်းအတွင်း သူတို့က နယ်မြေ(၃)မှ တပ်ရင်းအားလုံးကို သုတ်သင်ခဲ့သည်။
ထိုသတင်းက နယ်မြေ(၃)၏ ဗဟိုဆီ ရောက်သွားလေသည်။
ထိုတပ်ဖွဲ့၏ လွှမ်းမိုးမှုအားကောင်းသည့် စွမ်းအားဖြင့် ဝူလုံ၏ တပ်ဖွဲ့က ပြန်လည်ခုခံနိုင်မည့် အခွင့်အရေးပင် မရခဲ့ပေ။ ထို့အပြင် ဝူဖန်က နယ်မြေရှိ လိုအပ်သည့် စစ်တပ်ဌာနအားလုံးကို ပစ်မှတ်ထားပြီး တုံ့ပြန်ဖို့ အခွင့်အရေးပင် မပေးခဲ့ပေ။
ကံဆိုးစွာဖြင့် ကိစ္စများက စီစဉ်ထားခဲ့သည့်အတိုင်း မဖြစ်ခဲ့ပေ။ အကြောင်းမှာ ဝူလုံက မျိုးရိုးဗီဇ စစ်သည်တော်များစွာကို သတ်နိုင်သည့် အဏုမြူဗုံးကို ပစ်ခတ်ခဲ့၍ ဖြစ်သည်။ ကံကောင်းစွာဖြင့် တတိယအဆင့် မျိုးရိုးဗီဇစစ်သည်တော်များသည် အန္တရာယ်အတွက် အလိုလိုသိစိတ်ရှိသောကြောင့် ထိုပေါက်ကွဲမှုနေရာမှ ထွက်ပြေးလာနိုင်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ထိုလူများအတွက် ကြံမိကြံရာ လုပ်လိုက်သည့် အပြုအမူသာ ဖြစ်ခဲ့၏။ လပိုင်းအတွင်း ဝူဖန်က နယ်မြေ(၃)ကို အုပ်စိုးကာ ဝူလုံအား ဖမ်းဆီးခဲ့သည်။ ထို့နောက် သူမက အချိန်မဖြုန်းဘဲ နယ်မြေ(၆)ကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး တတ်နိုင်သမျှ မြန်မြန်အုပ်စိုးခဲ့သည်။
သူမက ယခင်အမှားများမှ သင်ယူပြီး တစ်ဖက်လူအား အခွင့်အရေးမပေးလိုပေ။ ထို့ကြောင့် ရှန်းယင် ပထမအဆင့် မျိုးရိုးဗီဇစစ်သည်တော်ဖန်တီးပြီး ငါးနှစ်အကြာတွင် ဝူဖန်က နယ်မြေသုံးခုလုံးကို အုပ်စိုးနိုင်ခဲ့သည်။
ဝမ်ဝေ့က ထိုအရာကို ကြည့်နေရင်း နယ်မြေများကို ပေါင်းစည်းလိုခဲ့သည်။ သို့သော်လည်း သူက ဝူဖန်အား အာကာသနည်းပညာများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လှုံ့ဆော်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ထိုနယ်မြေများသည် ကိစ္စများစွာအတွက် သူ့ ကူးသန်းရေးအစီအရင်ကိုသာ အသုံးပြုနေရဆဲ ဖြစ်၏။
ကံကြမ္မာမြစ်ကြောင်းမှ ဝမ်ဝေ့သည် ပြောင်းလဲလာသည့် အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။ ဤကမ္ဘာတွင် နှစ်နှစ်ထောင်ကုန်ဆုံးသွားပြီး သိပ္ပံနှင့် နည်းပညာသည် သူ မျှော်လင့်ထားသလောက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။
ဝူဖန်က အာကာသနည်းပညာကို ဖန်တီးခဲ့ပြီး ဝမ်ဝေ့၏ လျှို့ဝှက်လှုံ့ဆော်မှုများဖြင့် ရှန်းယင်သည် လေးဆင့်မြောက်မှ ခြောက်ဆင့်မြောက်အထိ မျိုးရိုးဗီဇစစ်သည်တော်များကို ဖန်တီးခဲ့သည်။ လေးဆင့်မြောက်၏ အဓိကအချက်မှာ ခန္ဓာကိုယ်နှင့် စကြဝဠာ၏ သံလိုက်စက်ကွင်းများကို ထိန်းချုပ်ပြီး မြင်နိုင်ဖို့ စိတ်နှင့် ဦးနှောက်ကို ဖွံ့ဖြိုးအောင် လုပ်ခြင်း ဖြစ်၏။
ထို့နောက် စကြဝဠာ၏ သံလိုက်စက်ကွင်းကို အသုံးပြုကာ မျိုးရိုးဗီဇအား မြင့်မားသည့်အဆင့်တစ်ခုသို့ ပြောင်းလဲခဲ့သည်။ စကြဝဠာ၏ သံလိုက်စက်ကွင်းကို ထိန်းချုပ်ခြင်းက မိုးမြေ၏ စွမ်းအားကို သိပ္ပံနည်းကျကျ ထိန်းချုပ်လိုက်ခြင်းဖြစ်၏။
အပြောင်းအလဲဖြစ်စဉ်က စွမ်းအားများစွာ လိုအပ်သောကြောင့် ဇီဝစွမ်းအားသည် အသုံးဝင်လာခဲ့သည်။ ထိုတွေ့ရှိမှုကြောင့် စွမ်းအားမျိုးရိုးဗီဇ စစ်သည်တော်များနှင့် ခန္ဓာကိုယ်မျိုးရိုးဗီဇ စစ်သည်တော်များသည် ကွဲပြားသည့် လမ်းစဉ် မဟုတ်တော့ဘဲ အတူတူ ဖြစ်သွားလေသည်။
သူတို့အားလုံးက လေးဆင့်မြောက်သို့ ဝင်ရောက်ဖို့ရာအတွက် သူတို့၏ ခန္ဓာကိုယ်အတွင်း စွမ်းအင်ကို စုစည်းဖို့ လိုအပ်သည်။
ထို့နောက် ရှန်းယင်က ၇ ဆင့်မြောက်ကို ဖန်တီးဖို့အတွက် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများ၏ သွေးကို လဲလှယ်အမှတ်ကို အသုံးပြုခဲ့သည်။ ကံဆိုးစွာဖြင့် သူက ထိုအဆင့်တွင် အနည်းငယ်မျှ တိုးတက်မှုဖြင့် နှစ်ရာချီကြာ တုံ့ဆိုင်းနေခဲ့၏။
လေဟာနယ်ဖြိုခွင်းခြင်းနှင့်အထက် ကျင့်ကြံသူများသည် အယူအဆပေါ် အခြေခံထားသည့် သက်ရှိတစ်ပိုင်းဟု ယူဆနိုင်သည့်အတွက် သူတို့၏ မျိုးရိုးဗီဇ ဖွဲ့စည်းတည်ဆောက်ပုံကို လေ့လာရခြင်းက မလွယ်ကူပေ။
ဝမ်ဝေ့အတွက်မူ သူက အချိန်တစ်ခုအထိ မျိုးရိုးဗီဇ စစ်သည်တော်များအပေါ် ဂရုမစိုက်ပေ။ သူတို့က အနာဂတ်အတွက် မြှုပ်နှံမှု ဖြစ်၏။ အဓိကအရေးပါမှုက စစ်ဆေးမှုသာ ဖြစ်၏။ ထို့ကြောင့် သူက အသေးစား စကြဝဠာပါဝင်သည့် ရှာဖွေတွေ့ရှိမှုကိုသာ အာရုံစိုက်ထားလိုက်သည်။ နှစ်ရာချီအတွင်း အလယ်အလတ်ကမ္ဘာကို ဆက်တိုက် ပြောင်းလဲမှုများဖြင့် သိပ္ပံပညာရှင်များသည် မြေဆွဲအားဒြပ်မှုန်ကဲ့သို့သော အမှုန်များကို တွေ့ရှိခဲ့သည်။
ထို့နောက် သူတို့က အသေးစား စကြဝဠာအထဲထိ သွားကာ ဝမ်ဝေ့ ဧကရာဇ်တစ်ပိုင်းအဆင့်ဖြင့် လုပ်ဆောင်ထားသည့် တူညီသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိတ်ဝိညာဉ်အမှုန်များကို တွေ့ရှိခဲ့သည့် သူနှင့် မတူသည်က သိပ္ပံပညာရှင်များသည် ကာလဒေသနှင့် သက်ဆိုင်သည့် ပေါင်းစပ်နေသော အမွှာအမှုန်များကို တွေ့ရှိခဲ့ရသည်။
ထိုအရာက အံ့ဖွယ် ဖြစ်သော်လည်း ဝမ်ဝေ့က သူ လိုချင်သည့်အရာ မဟုတ်သည့်အတွက် ဂရုမစိုက်ပေ။ ထို့ကြောင့် သူက ထိုလူများအား ဆက်လက်ရှာဖွေဖို့သာ အားတွန်းခဲ့သည်။ ထိုသုတေသနအဆင့်အတွင်း ဝမ်ဝေ့က ကန့်သတ်ချက်ရောက်နေကြောင်း ခံစားမိလာသည်။ ပြောရလျှင် သေမျိုးများ မလုပ်ဆောင်နိုင်သည့် တားမြစ်ဇုန်တစ်ခုအတွင်း ဝင်ရောက်သကဲ့သို့ ဖြစ်၏။
ကံကောင်းစွာဖြင့် သိပ္ပံနှင့် နည်းပညာ၏ အတွေးအခေါ်သည် သာမန်လူများအား နတ်ဘုရားကဲ့သို့သော အရာများကို ပြီးမြောက်အောင် ခွင့်ပြုပေးထားသည်။
ဤကမ္ဘာသို့ ရောက်လာပြီး နှစ်နှစ်ထောင်အကြာတွင် ဝမ်ဝေ့က အဆင့်တက်လှမ်းကာ သူ ခေါ်ဆိုသည့် ကွမ်တန်နယ်ပယ်သို့ ရောက်ရှိသွားသည်။ ထိုအရာက ရူပဗေဒ ဥပဒေစည်းမျဉ်းများ ဖရိုဖရဲ ဖြစ်နေဟန်ပေါ်သည့် ရောင်စုံကမ္ဘာတစ်ခု ဖြစ်သည်။
ထိုသို့ရှာဖွေတွေ့ရှိခဲ့သော်လည်း သိပ္ပံပညာရှင်များက ထိုနယ်ပယ်အကြောင်း ဘာမှမသိသလို မည်သို့အသုံးပြုရမည်ကိုလည်း မသိကြပေ။ ဝမ်ဝေ့ကိုယ်တိုင်ပင် ကောင်းကောင်းမွန်မွန် မသိပေ။ ထို့အပြင် သူက ဝိညာဉ်ချီဖြင့် တခြားကမ္ဘာအတွင်း ထိုနယ်ပယ်သို့ မရောက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။
ဝိညာဉ်ချီ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် သေမျိုးကမ္ဘာ၌ပင် ထိုအရာက ရောက်ရှိဖို့ မဖြစ်နိုင်ပေ။ သူက တခြားကမ္ဘာ၏ ဝိညာဉ်ချီကို ဖယ်ရှားဖို့ ကြိုးစားလိုက်ပြီး အုပ်ချုပ်ရေးအံ့ဖွယ်ကမ္ဘာနှင့် ပေါင်းစပ်လိုက်သည်။
ထို့နောက် သူက ကွမ်တန်ကမ္ဘာကို ရှာဖွေဖို့အတွက် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားသော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူက ကမ္ဘာ၏ စည်းမျဉ်းများကို ဆင့်ကဲပြောင်းလဲခြင်း မရှိဘဲ သူ့အပြုအမူများက အလကားဖြစ်နေကြောင်း သိလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ထိုမူမမှန်မှုများကို ဂရုမစိုက်ပေ။ သူ့အဓိက ရည်ရွယ်ချက်က နည်းပညာကို အသုံးပြုပြီး မဟာဧကရာဇ်တစ်ယောက် အလွယ်တကူ အာရုံမခံနိုင်သည့် ကွမ်တန်နယ်ပယ်ကဲ့သို့သော သေးငယ်သည့် အရာတစ်ခုကို ဖန်တီးရန် ဖြစ်၏။
ထို့ကြောင့် သူက သူ့ရည်ရွယ်ချက် အောင်မြင်ဖို့ကိုသာ အာရုံစိုက်ထားလိုက်သည်။ နောက်နှစ်နှစ်ထောင် ကုန်ဆုံးပြီးသည့်နောက်တွင် သူက အောင်မြင်ခဲ့၏။ ဝမ်ဝေ့၏ မျက်နှာအထက် ရွှင်လန်းတက်ကြွသည့် အပြုံးမျိုး ရှိနေသည်။
ဤကမ္ဘာတွင် ကုန်ဆုံးခဲ့သည့် နှစ်လေးထောင်အတွင်း ကိစ္စများစွာ ဖြစ်ပွားခဲ့သည်။ ပထမဦးစွာသူက သူ့ဆုံမှတ်များအတွင်း ပထမဆုံးတွင်းနက်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူက ထိုအရာကြောင့် ခွန်အားအစစ်အမှန် နယ်ပယ်၏ နောက်အဆင့်သို့ ရောက်ရှိသွားလေပြီ။
နဂါးဆင် ခွန်အားအဆင့်
နဂါးဆင်တစ်ကောင်သည် အလယ်အလတ်ကမ္ဘာ၏ ခွန်အားနှင့် ညီမျှ၏။ ထို့ကြောင့် နဂါးတစ်ကောင်ခွန်အားသည် အလယ်အလတ်ကမ္ဘာကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်နိုင်သော်လည်း နဂါးဆင်တစ်ကောင်၏ ခွန်အားကမူ အလယ်အလတ်ကမ္ဘာ တစ်ထောင်နှင့် ညီမျှလေသည်။ ထို့ကြောင့် သူ့လက်ရှိ နဂါးဆင်နှစ်ကောင် ခွန်အားဖြင့် သူက အလယ်အလတ်ကမ္ဘာနှစ်ထောင်ကို လက်သီးတစ်ချက်တည်းဖြင့် ဖျက်ဆီးနိုင်လေသည်။
ဒုတိယအပြောင်းအလဲက ဝမ်ဝေ့သည် စည်းမျဉ်းနားလည်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားလေပြီ။ သဘောတရားအရပြောရလျှင် ဤမျှ မမြန်ဆန်သင့်ပေ။ သို့သော် တစ်ကမ္ဘာလုံးအပေါ် ကြိုးကိုင်မှုက ကံကြမ္မာစည်းမျဉ်းအပေါ် နားလည်မှုကို တိုးမြှင့်စေခဲ့သည်။ သို့သော်လည်း သူက စည်းမျဉ်းအခြေတည်အဆင့် မဝင်ရောက်ခင် တခြားစည်းမျဉ်းကိုးခုကို နားလည်ဖို့ လိုအပ်သေးသည့်အတွက် ဂရုမစိုက်ပေ။
ကံဆိုးစွာဖြင့် သူ့ရုပ်ခန္ဓာနှင့် ကံကြမ္မာမြစ်ကြောင်းကြောင့် နားလည်ဖို့လွယ်ကူသည့် ကံကြမ္မာစည်းမျဉ်းနှင့် မတူဘဲ အလယ်အလတ်ကမ္ဘာရှိ တခြားစည်းမျဉ်းကမူ နားလည်ဖို့ ရှုပ်ထွေးလာသည်။
စည်းမျဉ်းများက မပြီးပြည့်စုံသောကြောင့် လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူများက ဤကမ္ဘာသို့ အလွယ်တကူ ပေါ်ထွက်မလာနိုင်ကြဘဲ ကျင့်ကြံဖို့ရာအတွက် အလွှာမြင့်ကို ကူးသန်းရသည်။
ဝမ်ဝေ့က သူ့ရည်မှန်းချက် ပြီးမြောက်သွားသည့်နောက်တွင် ကမ္ဘာ၏ ကျင့်ကြံသူအားလုံးနှင့် အသုံးဝင်သူအားလုံးကို စုစည်းခဲ့သည်။ သူက သူတို့အား ရွေးချယ်မှုတစ်ခု ပေးခဲ့၏။ ဤကမ္ဘာတွင် ဆက်လက်နေထိုင်ကာ သိပ္ပံနှင့် နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်မည်လား သို့မဟုတ် သူတို့၏ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းဖို့ မဟာကမ္ဘာဆီ တက်လှမ်းမည်လော။
သို့သော်လည်း ထွက်သွားဖို့ ရွေးချယ်မည့် လူများက သူတို့၏ စိတ်အတွင်းမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဗဟုသုတနှင့် မှတ်ဉာဏ်များကို ရှင်းထုတ်ခံရမည်။ အဆုံးသတ်၌ ကျင့်ကြံသူများက ထွက်သွားဖို့သာ ဆုံးဖြတ်လိုက်ကြသည်။ သူတို့က ဤကမ္ဘာသည် သူတို့၏ ကမ္ဘာ မဟုတ်တော့ကြောင်း သိနေကြ၏။
ယခင်အုပ်ချုပ်သူများအတွက်မူ လူနှစ်ဦးကသာ နေရစ်ခဲ့သည်။ ဝူဖန်နှင့် ဝူလုံ ဖြစ်၏။ သူတို့က မျိုးရိုးဗီဇ စစ်သည်တော်စနစ်ကို ပြောင်းလဲဖို့ ရွေးချယ်ခဲ့ကြသည်။
ဝမ်ဝေ့က ဘာမှမပြောဘဲ ထိုလူများကို တခြားကမ္ဘာသို့ ပို့ဆောင်လိုက်သည်။
ထို့နောက် သူက ကမ္ဘာ၏ ဘေးပတ်လည်ရှိ အစီအရင်ကို အသက်သွင်းကာ တစ်ကမ္ဘာလုံးကို သတ္တုလုံးအတွင်း ထည့်သွင်းလိုက်သည်။ ထို့နောက် ဝမ်ဝေ့က တစ်ကမ္ဘာလုံး ပါဝင်သည့် သတ္တုလုံးကို ကိုင်ဆောင်ထားရင်း အဆုံးမဲ့လေဟာနယ်အတွင်း ဖြတ်သန်းလာသည်။
သူက သူ့သိုလှောင်လက်စွပ်အတွင်း ထည့်သွင်းလိုက်ပြီးနောက် ပြုံးလိုက်မိသည်။ သူက ဤလူမှုအဖွဲ့အစည်းသည် တကယ့်လက်တွေ့ဘဝတွင် မပေါ်ထွက်နိုင်သော်လည်း ထိုအရာအပေါ် များစွာ မျှော်လင့်ချက်ထားထားသည်။
နောက်ဆုံးတွင် ဝမ်ဝေ့က ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် အိမ်သို့ ပျံသန်းလာခဲ့သည်။ အပြန်လမ်းတွင် အားကောင်းကာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုက သူ့အား အမည်မသိ တည်နေရာတစ်ခုသို့ ဝါးမျိုသွားလေသည်။ ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း သူက မျှော်လင့်ထားပြီးသည့်အလား တည်ငြိမ်သည့် အမူအရာမျိုးသာ ရှိနေသည်။
***