ကံဖန်လာသည့် ရန်သူ
Vol. 35 Ch. 487
ဝမ်ဝေ့က သူ့ကိုယ်သူ အရာအားလုံး ခပ်မှိန်မှိန်ဖြစ်နေသည့် နေရာတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဓားမော့ကို ကိုင်ဆောင်ထားသည့် မျက်နှာဖုံးနှင့် အမျိုးသားတစ်ဦးက သူနှင့်မနီးမဝေးတွင် ရပ်နေလေ၏။
သူ ထိုနေရာသို့ ရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်က စဉ်းစားချင်းမရှိ အလိုလို တုံ့ပြန်လာသည်။ သူက ကျောက်တုံးကို ယူပြီး အသက်သွင်းလိုက်၏။ စကြဝဠာ၏ ပထမဆုံး မိုးသောက်ယံကဲ့သို့ လင်းလက်တောက်ပသည့် ရွှေရောင်အလင်းတန်းက ထိုမျက်နှာဖုံးတပ် အမျိုးသားအား ဝါးမျိုသွားသည်။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ တိထျန်းဆီမှ သူ့ကိုယ်သူ ကယ်တင်နိုင်ခဲ့သည့် ဝှက်ဖဲများကို အသုံးပြုလိုက်သည်။ တစ်ဖက်လူအား အခွင့်အရေး မပေးဘဲ သတ်ဖို့ ရည်ရွယ်ချက်ဖြင့် ဖြစ်၏။
ဧကရာဇ်အဆင့်တိုက်ကွက်ဖြင့် မျက်နှာဖုံး အမျိုးသားက ပျက်သုန်းသွားသင့်သော်လည်း စွမ်းအားတူ ဒိုင်းကာတစ်ခုက ရုတ်ခြည်းပေါ်လာကာ သူ့အား ကာကွယ်ပေးထားသည်။ မည်သို့ပင်ဆိုစေကာမူ မျက်နှာဖုံးမှ သွေးများ စီးကျလာကာ သူသည် သတိလက်လွတ်ဖြစ်သွားပြီး ဒဏ်ရာရသွားကြောင်း ပြသနေသည်။
“ခင်ဗျားရဲ့ စွမ်းအင်ကို ဘယ်လောက်ပဲ အထင်ကြီးမိတယ် ပြောပြော ထပ်ခါထပ်ခါ မှားယွင်းနေတာပဲ” ဓားမော့ကိုင်ဆောင်သူက ပြောလိုက်သည့်အတွက် ဝမ်ဝေ့က မျက်မှောင်ကြုတ်သွားသည်။
ဤတိုက်ကွက်က တစ်ဖက်လူအား သတ်ရုံသာမက ဤနေရာမှ ထွက်သွားဖို့ အခွင့်အရေးလည်း ဖြစ်၏။ တစ်ဖက်လူက သူ့အား ဤနေရာသို့ ခေါ်ဆောင်နိုင်သောကြောင့် အိမ်ကွင်းအရေးသာချက် ရှိသည်ဟု ကောက်ချက်ချလိုက်သည်။
ထို့ကြောင့် သူသည် ဤအာကာပြင်ကို ချိုးဖောက်ကာ ကြားနေပတ်ဝန်းကျင်မျိုးတွင် တိုက်ခိုက်လိုသည်။ ကံဆိုးသည်မှာ အစီအစဉ်က ကျရှုံးသွားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ တစ်ဖက်လူအား သေချာစွာ လေ့လာစောင့်ကြည့်လိုက်သည်။
ဤလူက အသံနှင့် အရိုးတည်ဆောက်ပုံကို မူတည်၍ အမျိုးသားအဖြစ် ကောက်ချက်ချလိုက်၏။ သို့သော် သူ စုဆောင်းထားသည့် သတင်းအချက်အလက်က ဤမျှသာ ဖြစ်သည်။
ထို့ကြောင့် သူက ထိုလူ၏ ကံကြမ္မာကြိုးမျှင်အား စစ်ဆေးကြည့်လိုက်သည့်အချိန် မျက်မှောင်ကြုတ်မိသွားသည်။ သူက ထိုလူ၏ ကံကြမ္မာကို မဖတ်နိုင်ပေ။ ထိုအချက်က အံ့ဩစရာ မကောင်းလှပေ။ အကြောင်းမှာ လူများစွာက ထိုစွမ်းရည်ကို တားဆီးနိုင်သည့် နည်းလမ်းများစွာ ရှိနေ၍ ဖြစ်သည်။
သို့သော် ထူးဆန်းသည့်အရာက ထိုလူသည် မည်သည့်မှော်ပစ္စည်း၊ မှော်ကျမ်းကိုမှ အသုံးပြုထားခြင်း မရှိပေ။ ဝမ်ဝေ့က သူ့ကံကြမ္မာကို မဖတ်ရှုနိုင်ပေ။ သူ့တွင် ထိုစွမ်းရည်က သဘာဝအတိုင်း ရှိနေသကဲ့သို့ ဖြစ်၏။
ထို့အပြင် ဝမ်ဝေ့က ထိုလူ၏ ကံကြမ္မာကြိုးမျှင်မှ အနှောင့်အဖွဲ့များကို မမြင်နိုင်ကြောင်း တွေ့ရှိသွားသည်။ အနှောင်အဖွဲ့က လူတစ်ယောက်၏ ကံဆက်နွယ်မှုကို ကိုယ်စားပြုသော်လည်း ထိုလူကမူ ဘာမှရှိမနေပေ။
ရုတ်ခြည်းဆိုသလို သူ့အလိုလို သိစိတ်က အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်က အလိုလို တုံ့ပြန်လာသည်။ သူက မီးခိုးရောင်သက်တန့်အဖြစ် ပြောင်းလဲကာ တစ်ဖက်လူဆီ ပြေးဝင်သွားလိုက်သည်။
သို့သော် မျက်နှာဖုံးနှင့်အမျိုးသားက အလွယ်တကူ ရှောင်ရှားလိုက်သော်လည်း ပြန်လည်မတိုက်ခိုက်ခဲ့ချေ။
ငါ့အမြန်နှုန်းက ပုံမှန်ထက် ၁၂ ရာခိုင်နှုန်းနည်းနေတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူ့စိတ်က ထိုမူမမှန်မှု၏ အကြောင်းအရင်းကို အလျင်အမြန် တွက်ချက်နေလေ၏။ သူ ရရှိသည့်အဖြေက သူ့ကံကြမ္မာကြိုးမျှင်သည် ဤပတ်ဝန်းကျင်နှင့် နေသားမကျ၍ ဖြစ်သည်။ ထို့ကြောင့် သူက သူ့ခြေထောက်ပေါ် နဂါးဆင်ခွန်အားကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့ခြေထောက်အောက်တွင် အက်ကြောင်းအနည်းငယ် ပေါ်ထွက်လာပြီး ရှေ့သို့ အရှိန်ယူကာ ပြေးလိုက်သည်။
အရှိန်နှင့်အဟုန်ဖြင့် ဝမ်ဝေ့သည် အလင်း၏အမြန်နှုန်း အဆပေါင်းသန်းချီ ရောက်ရှိသွားသည်။ သူက မြန်ဆန်လွန်းလှ၍ ထိုမျက်နှာဖုံးအမျိုးသားရှေ့ ကူးသန်းပြောင်းရွေ့လိုက်သကဲ့သို့ ဖြစ်၏။
ကံကြမ္မာသုတ်သင်ရေး လက်သီး
အရာအားလုံးက အနက်ရောင်နှင့် အဖြူရောင် ပြောင်းလဲသွားပြီး ထိုမျက်နှာဖုံးအမျိုးသားက နာကျင်စွာ အော်ညည်းလိုက်ပြီး မြေပြင်ပေါ် လူးလိမ့်နေသည်။ သူ့ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းက ကွဲသွားသော်လည်း ပတ်ဝန်းကျင်မှ ထူးဆန်းသည့် စွမ်းအား ထွက်လာကာ သူ့အား ကုသပေးသွားသည်။
တစ်ခုခု မှားနေပြီ…
ဝမ်ဝေ့က အသက်ပြင်းပြင်းရှုကာ တွေးလိုက်သည်။ သူ့လက်တစ်ချက်အဝေ့တွင် သူ့တာအိုသက်သေပြပစ္စည်းမှ ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူ့အရှိန်အဝါက အကြွင်းမဲ့ ဓားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။ သူက ဓားကြောင့်ပင် အသက်ရှင်ကာ ဓားကြောင့် သေဆုံးမည့် လူတစ်ယောက်ကဲ့သို့ ဖြစ်၏။
ကံကြမ္မာ ဖြတ်တောက်ခြင်း
သူ့ဓားမှ လခြမ်းကွေးသဏ္ဌာန်ဓားချက် ထွက်ပေါ်လာပြီး ထိုအမျိုးသား၏ ကံကြမ္မာကြိုးမျှင်ကို ဦးတည်လိုက်သည်။ ကံဆိုးစွာဖြင့် ထိုအရာကို ဖြတ်တောက်မည့်အစား ဓားချက်က ဖြတ်သန်းသွားပြီး သက်ရောက်မှု မရှိလိုက်ပေ။
ဝမ်ဝေ့က နဖူးမှ ချွေးများ ထွက်လာပြီး ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေလေပြီ။
“မင်းက ငါ့ကံကြမ္မာတိုက်ကွက်တွေမှာ သက်ရောက်မှု မရှိဘူးပဲ” သူက လေထဲတွင် ရေးသားလိုက်သည်။
“ခင်ဗျားက မြန်မြန်ဆန်ဆန် သတိပြုမိသားပဲ”
မျက်နှာဖုံးလူက အရူးတစ်ယောက်လို ရယ်မောရင်း ပြောလိုက်သည်။
“မိုးမြေက မျှတတယ်။ ပြီးပြည့်စုံမှုဆိုတာ မရှိဘူး။ အားလုံးက ယင်နဲ့ယန်သဘောတရားကို လိုက်နာရပြီးတော့ ကံကြမ္မာလည်း အပါအဝင်ပဲ။ အဲဒါကြောင့် ကံကြမ္မာဆိုတာ ရှိရင် ဆန့်ကျင်ဘက်လည်း ရှိမှာပဲ”
“လွတ်လပ်သော ဆန္ဒတာအို” ဝမ်ဝေ့က ရေးသားလိုက်သည်။
“ကျုပ်ကတော့ ရွေးချယ်မှုတာအိုလို့ ခေါ်တယ်။ ရွေးချယ်ခွင့်တာအို လွတ်လပ်ခွင့်တာအို တစ်ခုခုပေါ့..” မျက်နှာဖုံးတပ် အမျိုးသားက ပြောလိုက်သည်။
“ခင်ဗျားက ကံကြမ္မာတာအိုကို ကျင့်ကြံတယ်လို့ သိပြီးကတည်းက ခင်ဗျားကို ရင်ဆိုင်နိုင်တဲ့ တစ်ခုကို ကျင့်ကြံခဲ့တာပဲ။ ခင်ဗျားရဲ့ သက်တမ်းတစ်လျှောက်လုံး လိုက်ခဲ့ရတဲ့ တာအိုကို အသုံးပြုပြီးတော့ သတ်ဖို့ မစောင့်နိုင်တော့ဘူး”
ဝမ်ဝေ့က အတွေးထဲ နှစ်မြောနေမိသည်။ သူ့ကဲ့သို့လူများက အကြွင်းမဲ့ လွတ်လပ်ခွင့် ယူလိုပြီး ထိုလမ်းစဉ်ကို လျှောက်လှမ်းနေသည့် နည်းလမ်းများစွာ ရှိကြလေသည်။ သူက အနှောင်အဖွဲ့မှ ကင်းလွတ်ဖို့ ကံကြမ္မာကို ထိန်းချုပ်မည့် လမ်းစဉ်ကို ရွေးချယ်ခဲ့၏။
သူက ဤမျက်နှာဖုံးတပ် အမျိုးသားကဲ့သို့ လွတ်လပ်ခွင့်တာအိုကို ရွေးချယ်မည့်အစား ဤလမ်းစဉ်ကို လျှောက်ခဲ့ရသည့် အကြောင်းအရင်းအတွက်မူ သူကိုယ်တိုင် မသိပေ။ သူ ငယ်စဉ်ကတည်းက ကံကြမ္မာကို ထိန်းချုပ်ချင်မှန်းသာ သိခဲ့၏။
ပထမဦးစွာ သူသည် ကမ္ဘာမြေက အတွေးအခေါ်များသည် စိတ်ထဲ လွှမ်းမိုးနေသည်ဟု တွေးခဲ့မိသည်။ သို့သော် သူ့အတွေ့အကြုံကို ပြန်လည်သုံးသပ် ပြီးသည့်နောက်တွင် ထိုဆုံးဖြတ်ချက် ချမိသည့် အခိုက်အတန့်ကို မသိတော့ပေ။
ကြည့်ရတာ လေဟာနယ်ထဲမှာ ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ ခံစားရသမျှ အရာအားလုံးပေါ် ကံကြမ္မာက ဘယ်လောက်ရက်စက်တယ် ဆိုတာကို သဘောပေါက်လာစေသလိုပဲ…
သူက ထိုစဉ်အခါမှ မှတ်ဉာဏ်များကို ပြန်တွေးရင်း အထီးကျန်မှု၊ စိတ်ပျက်မှု၊ ဒေါသနှင့် ခံစားနေရသော်လည်း အဘယ်ကြောင့် ရှေ့ဆက်သွားရသနည်း၊ လူအားလုံးတွင် အဘယ်ကြောင့် သူ ဖြစ်နေရသနည်းဟု အမြဲတမ်း မေးခွန်းထုတ်ခဲ့ရသည်။
သူက ကံကြမ္မာသည် မမျှတကြောင်း ခံစားခဲ့ရသည့် အကြောင်းအရင်းကြောင့် သူ့တွင် အခွင့်အရေး ရှိလာသည်။ လွတ်လပ်ခွင့်ကို ရယူဖို့ ကံကြမ္မာကို ထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဝမ်ဝေ့၏ ခေါင်းအတွင်း ထိုအတွေးများအားလုံးက စက္ကန့်ပိုင်းအတွင်း ဖြတ်သန်းသွားသည်။ ထို့နောက် သူ့စကားလုံးက ပေါ်ထွက်လာ၏။
“မင်းက မင်းဘာသာမင်း ပြောလိုက်တာပဲ။ ဒီကမ္ဘာမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး” သူက ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။
“သေခြင်းတရား..”
သူက စကားတစ်လုံးကို ပုံမှန်မျှသာ ရေရွတ်လိုက်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထွက်သွားကာ သူတို့ရှိနေသည့် အာကာပြင်ပင် လှုပ်ခတ်သွားသည်။ သူ့ပါးစပ်က ဖျက်ဆီးနိုင်စွမ်း တုန်ခါမှုများစွာထုတ်လွှတ်နေသည့် ကြိုးမျှင်အမြောက်အများမှ ထွက်ပေါ်လာသည့် အသံကဲ့သို့ ဖြစ်၏။ ထို့အပြင် ထိုကြိုးမျှင်များက သာမန်မဟုတ်ဘဲ ကံကြမ္မာကြိုးမျှင်များ ဖြစ်နေသည်။
ဝမ်ဝေ့က ထိုနည်းစနစ်ကို ဖန်တီးခဲ့သည်မှာ သူ၏ တိတ်ဆိတ်ခြင်းကျမ်းသစ္စာကြောင့် ဖြစ်၏။ သူက ထိုအရာကို ကံကြမ္မာဟစ်ကြွေးခြင်းဟု ခေါ်ဆိုသည်။ လွန်ခဲ့သည့် နှစ်ထောင်ပိုင်းခန့်က ကျမ်းသစ္စာ အဆုံးသတ်သွားသော်လည်း သူသည် မချိုးဖောက်သေးဘဲ ဤအခွင့်အရေး အတိအကျကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
အပြဌာန်းခံဝါဒကို ငြင်းဆန်ခြင်း
မျက်နှာဖုံးတပ် အမျိုးသားက နည်းစနစ်ကို ထုတ်သုံးလိုက်သည့်အခါ သူ့ခန္ဓာကိုယ်အတွင်းတွင် ငွေရောင်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ဝမ်ဝေ့၏ တိုက်ကွက်ကို တားဆီးထားလေသည်။ ထိုတိုက်ကွက်က နေရာတစ်ခုလုံးကို တုန်ခါသွားပြီး ဖျက်ဆီးနိုင်စွမ်း မည်မျှ ကြီးမားစေကာမူ သူက အကောင်းအတိုင်း ရှိနေဆဲ ဖြစ်၏။
သူ့အတွင်းအင်္ဂါတချို့က လှုပ်ခတ်သွားကာ သူ့အစာအိမ်တွင် အပေါက်တစ်ခု ပေါ်ထွက်လာသည်။ သို့သော် သူက ချက်ချင်းဆိုသလို ပြန်လည်ကောင်းမွန်သွား၏။
“ဟူး.. ခင်ဗျားက ကျုပ် တွေ့ဖူးတဲ့အထဲမှာ တကယ့်ကို မှတ်သားလောက်စရာပဲ။ ကျုပ်က ခင်ဗျားနဲ့ ဆန့်ကျင်ဘက် တာအိုကို ကျင့်ကြံပေမဲ့ ခင်ဗျားက ခွန်အားသက်သက်နဲ့ ယာယီ လွှမ်းမိုးနိုင်သေးတာပဲ”
ဝမ်ဝေ့က လျစ်လျူရျုထားပြီး အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် အကြောင်းအရင်းမရှိ ချောင်းဆိုးလာ၏။ နောက်ဆုံးတွင် သူက တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိပြုမိလိုက်သည်။
“နောက်ဆုံးတော့ သတိထားမိပြီလား” မျက်နှာဖုံးတပ် အမျိုးသားက ပြောလိုက်သည်။
“အဆိပ်.. အတိအကျ ပြောရရင် ခန္ဓာကိုယ်လေ့ကျင့်ထားသူအတွက် သီးသန့်ပစ်မှတ်ထားတဲ့ အဆိပ်” သူက သူ့ခန္ဓာကိုယ်ခွန်အားသည် ကြောက်လန့်ဖွယ် အမြန်နှုန်းဖြင့် ယုတ်လျော့လာကြောင်း သူ ခံစားမိလိုက်၍ သူ ပြန်ဖြေလိုက်သည်။
“ကျုပ် ပြောပါတယ်။ မိုးနဲ့မြေက မျှတပါတယ်လို့” မျက်နှာဖုံးတပ် အမျိုးသားက ပြောလိုက်သည်။
“ခန္ဓာကိုယ်သန့်စင်သူတွေက တည်ရှိမှုထဲမှာ အားအကောင်းဆုံးဆိုတာ သူတို့ရဲ့လမ်းစဉ်မှာ ခက်ခဲမှုတွေ မယုံနိုင်လောက်ဖွယ် အရင်းအမြစ်ပမာဏတွေ ပါနေလို့ ချီသန့်စင်သူတွေ ဝိညာဉ်ကျင့်ကြံသူတွေထက် ပိုအားကောင်းကြတယ်။ အဲဒါက မိုးမြေဆီက သူတို့အတွက် ဆုလာဘ်ပဲ။ ဒါပေမဲ့ အရာအားလုံးက မျှတနေဖို့ လိုတယ်။ အဲဒါကြောင့် အဆိပ်အများစုက သူတို့အတွက် သဘာဝရန်သူပဲ”
မျက်နှာဖုံးတပ် အမျိုးသားက လက်မြောက်လိုက်သည့်အချိန် သူ့လက်ထဲတွင် အပြာရောင်စက်လုံးတစ်ခု ဖွဲ့စည်းလာသည်။ သူက စိုက်ကြည့်လိုက်၏။
“နဂါး ချုပ်နှောင်ရေးမြက်.. ခန္ဓာကိုယ်အဆိပ်တွေထဲမှာ အရှားပါးဆုံး အမျိုးအစားပဲ။ ပြီးတော့ သက်ရောက်မှုအရှိဆုံး ဒီကောင်းကင်ဆေးပင်နောက်ကွယ်က စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းကို သိလား”
“မင်းက တော်တော် လေပေါတာပဲ”
“ခင်ဗျားရဲ့ တစ်ဘဝလုံးကို အမုန်းတရားနဲ့ပင် ကုန်ဆုံးခဲ့မယ်ဆိုရင် အဲလို ဖြစ်လာပါလိမ့်မယ်။ နာကျင်မှုတွေ အထီးကျန်မှုတွေ ကြားမှာ စကားပြောရင်းနဲ့ ဖြေလျော့ရတာပေါ့” မျက်နှာဖုံးတပ် အမျိုးသားက သူ့အားမကြည့်ဘဲ ပြန်ဖြေလိုက်သည်။ ပြီးနောက် သူက ဆက်လက်ပြောလာ၏။
“ပင်ကို-ဟော်သဲ့ စစ်ပွဲတုန်းက နဂါးချုပ်နှောင်ရေးမြက်က မရှားပါးဘူး။ အဲဒီအစား ကမ္ဘာအသိုင်းအဝိုင်းတိုင်းမှာ တွေ့နိုင်တယ်။ ဒါပေမဲ့ စစ်ပွဲအတွင်းမှာ ပင်ကိုသက်ရှိတွေက သူတို့ကို လုံးဝ ဖျက်ဆီးပစ်ချင်ခဲ့ကြတယ်။ အဲဒါက သူတို့ရဲ့အားကောင်းတဲ့ ခန္ဓာကိုယ်တွေအတွက် ရန်သူ ဖြစ်နေလို့ပဲ။
ဒါပေမဲ့ လူသားခန္ဓာကိုယ် သန့်စင်သူတွေက အဲဒီမြက်ကို လိုချင်ကြတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးဖို့ မဟုတ်ဘဲနဲ့ သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့…
ကျုပ်ကတော့ သူတို့တွေနဲ့ အမြင်မတူဘဲနဲ့ တခြားတစ်ခုကို တွေးမိတယ်။ သူတို့က သူတို့ကို ခြိမ်းခြောက်မဲ့အရာကို ဖျက်ဆီးဖို့ အသုံးပြုပေမဲ့ ကျုပ်တို့က ကြီးထွားလာဖို့ အသုံးပြုတယ်။ ဒီစိတ်သဘောထားက လူသားတွေကို ကောင်းကင်နဲ့ အသေင်္ချေကမ္ဘာတွေမှာ အားအကောင်းဆုံး မျိုးနွယ် ဖြစ်လာအောင် လုပ်ခဲ့တာပဲ”
မျက်နှာဖုံးတပ် အမျိုးသားက အပြာရောင်သတ္ထုလုံးမှ ဝမ်ဝေ့ဆီ အကြည့်လွဲလိုက်သည်။
“ခင်ဗျားရဲ့ အရာသောင်းချီ တစ်သားတည်း ဖြစ်ခြင်းကျမ်းကို သုံးပြီးတော့ အဆိပ်ကို တားမယ် စိတ်မကူးနဲ့။ ဒီမြက်ကို ခင်ဗျားရဲ့ နည်းစနစ်ကို ရင်ဆိုင်ဖို့ ဆင့်ကဲပြောင်းလဲအောင် လုပ်ပြီးသား”
ဝမ်ဝေ့က ခန္ဓာကိုယ်တစ်လျှောက် အားနည်းလာမှုကို ခံစားမိလိုက်ပြီး မျက်နှာဖုံးတပ် အမျိုးသားကို ကြည့်ကာ သူ့စစ်ဆေးမှုအကြောင်း သဘောပေါက်သွားခဲ့သည်။ လင်းဖန်နှင့် ကျန့်ဝူရွှမ်းတို့နှင့် မတူဘဲ သူက ထိုသူနှင့် ရင်ဆိုင်ဖို့ စိတ်လှုပ်ရှားလွန်းကာ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ဖြစ်နေခဲ့သည်။
ထို့အပြင် သူက စစ်ဆေးမှုအကြောင်းကို သိထားကတည်းက တခြားနှစ်ယောက်ထက် ပိုမိုသတိထားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ဓားမော့ကိုင်ဆောင်သူသည် သူ့အား မည်သို့ သတ်နိုင်မည်နည်းဟု စဉ်းစားနေခဲ့သည်။ အကယ်၍ လင်းဖန်နှင့် ကျန့်ဝူရွှမ်းတို့လို တူညီသည့် အခြေအနေမျိုးသာ ဖြစ်ပါက သူသည် သူ့ကိုယ်သူ ကယ်တင်ဖို့ အချိန်မီ တုံ့ပြန်နိုင်လိမ့်မည်။ ထို့ကြောင့် သူ သေဆုံးသွားနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အင်အားကင်းမဲ့နေသည့်အတွက်သာ ဖြစ်၏။
ဒါပေမဲ့ ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ။ သူ့စွမ်းရည်နဲ့ ကြီးထွားနှုန်းနဲ့ မသေမျိုးကသာ သူ့ကို သတ်နိုင်လေသည်။
ထာဝရအဆင့်ပုဂ္ဂိုလ် သို့မဟုတ် တိထျန်းလိုမျိုး ကောင်းကင်ရွေးချယ်ခံ…
ထာဝရအဆင့် ကျင့်ကြံသူများက သူ့အား သတ်ဖို့ရာ အဓိပ္ပာယ်မရှိပေ။ ကောင်းကင်တာအိုက သူ့အား သီးသန့်ထားပြီး နတ်ဘုရားအဆင့်၌ မိုးကြိုးပစ်ချလိုက်ရုံ ဖြစ်၏။ ထိုအရာက ပိုမိုလွယ်ကူလိမ့်မည်။ ထို့အပြင် သူ့ဂမ္ဘီရက ထိုဓားမော့ကိုင်ဆောင်သူသည် မသေမျိုး ကျင့်ကြံသူဟု မထုတ်ဖော်ခဲ့ချေ။ ထိုအပြုအမူက ကံကြမ္မာ စမ်းသပ်ချက်၏ စစ်ဆေးမှု၏ အနှစ်သာရ ဖြစ်နေနိုင်သည်။
ဒုတိယ ဖြစ်နိုင်ခြေအတွက်မူ ပို၍ အဓိပ္ပာယ်မရှိပေ။ တိထျန်းလိုမျိုး ကောင်းကင်ရွေးချယ်ခံက သူ့အား သတ်နိုင်မည်လား။ ထိုအရာက အချိန်၊ စွမ်းအင်နှင့် အရင်းအမြစ်များစွာ လိုအပ်လိမ့်မည်။ ဝမ်ဝေ့က အစီစဉ်တကျ သဘောတရားသည် ကံကြမ္မာတွင် တည်ရှိကြောင်း ဉာဏ်အလင်းပွင့်ခဲ့စဉ်အခါက ကောင်းကင်တာအိုသည် မည်သို့အလုပ်လုပ်ကြောင်း အနည်းငယ် သိခွင့်ရခဲ့သည်။ ထို့ကြောင့် သူသည် စိတ်တိုင်းကျ ဝင်ရောက်မစွက်ဖက်နိုင်ကြောင်း သိထား၏။ သူသည် တစ်စုံတစ်ယောက်ကို ရွေးချယ်ကာ တိထျန်းလိုမျိုး အားကောင်းလာစေဖို့အတွက် အရင်းအမြစ်များနှင့် အချိန်ကို ကောင်းချီပေးမည် မဟုတ်ပေ။
ထိုသို့သော အပြုအမူမျိုးက အစီအစဉ်ကျမှုနှင့် ဖရိုဖရဲကြားမှ မျှချေကို ချိုးဖောက်လိုက်သလို ဖြစ်သွားလိမ့်မည်။ အကောင်းဆုံး ကောင်းကင်တာအိုက ကံကောင်းမှုအမြောက်အမြားရှိသည့် လူကို ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း ကံကောင်းမှုက တိထျန်း၏ အဆင့်သို့ ရောက်ရှိဖို့ရာ မလုံလောက်သေးပေ။ ထို့ကြောင့် ဤစစ်ဆေးမှုအတွက် သူ့ရန်သူသည် တတိယအမျိုးအစား ဖြစ်လိမ့်မည်ဟု ကောက်ချက်ချလိုက်သည်။ သူ့အကြောင်း အရာအားလုံးကို သိကာ သူ့စွမ်းရည်များကို ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ဆင်ထားသူ ဖြစ်၏။
ကောင်းကင်တာအိုက သတင်းအချက်အလက်နှင့် ဗဟုသုတများစွာ ရှိနေပြီး အထူးသဖြင့် ဘာမဆို ရရှိနိုင်နေသည်။
ကောင်းကင်တာအိုက ဒီဓားမော့ကိုင်ဆောင်သူကို ငါ့သတင်းအချက်အလက်တွေနဲ့ လျှို့ဝှက်လှုံ့ဆော်နေမယ် ဆိုရင် သူက ငါ့အကြောင်းကို ကောင်းကောင်းသိနေတာ မထူးဆန်းတော့ဘူး…
သူက ထိုသို့ ကောက်ချက်ချလိုက်သည်နှင့် သူ့ဘဝရှိ အဖြစ်အပျက်များစွာက ပဟေဠိတစ်ခုလို အစီအစဉ်တကျ ဖြစ်သွားလေသည်။ နမူနာအားဖြင့် ကျီစု၏ အပြုအမူများ ဖြစ်၏။ ထိုအရာ၏ တကယ့်ရည်ရွယ်ချက်က သူ့စိတ်အခြေအနေကို သက်ရောက်မှုရှိစေရန် ဖြစ်သည်။ ထိုစဉ် ကျီစု၏အပြုအမူက ထိုဓားမော့ကိုင်ဆောင်သူနှင့် မတွေ့ဆုံခင် သူ့အား အားနည်းသွားစေဖို့ ဖြစ်သည်။
“ဒါဆိုတော့ မင်းက ဘယ်သူလဲ” ဝမ်ဝေ့က မေးလိုက်သည်။
“အကြောင်းအရင်းတချို့ကြောင့် မင်းဆီက အမုန်းတရားကို မခံစားမိဘူး”
“ကျုပ်က အမုန်းတရားနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့ သင်ယူထားပြီးသား.. မဟုတ်ရင် ခင်ဗျားက အဲဒါကို အခွင့်ကောင်းယူမှာ မဟုတ်လား” မျက်နှာဖုံးတပ် အမျိုးသားက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
တစ်ခုခုတော့ မှားနေပြီ။ ငါ့ဘက်မှာ အရေးသာနေတာတောင် သူက ငါ့လိုမျိုး ဘာလို့ အချိန်ဆွဲနေရတာလဲ။ ငါ သူ့ခေါင်းကို ဖြတ်မပစ်ခင် အထိ နိုးနိုးကြားကြား ရှိနေဖို့ လိုတယ်…
မျက်နှာဖုံးတပ် အမျိုးသားက သူ့ဘာသူ ရန်ငြိုးကြောင့် အမှားမလုပ်မိစေရန် သတိပေးလိုက်သည်။
“ခင်ဗျားကို သတ်တဲ့သူက ဘယ်သူလဲ ဆိုတာကို သိရရင် ပိုပြီး ကျေနပ်စရာ ကောင်းမယ်လို့ ထင်တယ်။ ကျုပ်ဘယ်သူလဲဆိုတာ ပြရတာပေါ့”
ထို့နောက် မျက်နှာဖုံးတပ် အမျိုးသားက မျက်နှာဖုံးကို ဖယ်လိုက်သည်။
***