← Chapters

ဇစ်မြစ်

Vol. 35 Ch. 489

ဇစ်မြစ်

Vol. 35 Ch. 489

ဝမ်ထျန်းက အစီအရင်တစ်ဘက်မှ လူများအား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ အကယ်၍ ထိုခွေးသားများကြောင့် မဟုတ်ပါက သူ့သားကို ကယ်ဖို့ရာ အများကြီးလုပ်နိုင်လိမ့်မည်။ သို့သော် သူက ဤနေရာတွင် ဆက်နေနေရပြီး အသုံးမဝင်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ သူက ဂိုဏ်းချုပ်တစ်ယောက် ဖြစ်နေဆဲ ဖြစ်ကာ ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေကို သုံးသပ်နေရမည်။ သူက အံ့ဖွယ်အသိစိတ်ကို ဖြန့်ကျက်လိုက်ပြီး အခြေအနေသည် ပိုမို လေးနက်နေကြောင်း သိလိုက်ရသည်။

သူတို့ဂိုဏ်း၏ ပိုင်နက်တစ်ခုတည်းသာ တိုက်မိခြင်း ဖြစ်ပြီး သွေးမျိုးနွယ်က လူများသည့်အတွက် သူတို့အနေနှင့် ဧကရာဇ်မျိုးနွယ်များစွာကို တိုက်ခိုက်ရမည်ဟု ဆိုလိုနေခြင်း ဖြစ်၏။

သဘောတရားအရ ဧကရာဇ်ကိုးပါး အစီအရင်သည် ဂိုဏ်းအား ကာကွယ်ပေးထားနိုင်သော်လည်း သွေးမျိုးနွယ်က သူတို့၏ ဧကရာဇ်လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများကို ထုတ်သုံးလာခဲ့လျှင် အစီအရင်ကို ချိုးဖောက်ကောင်း ချိုးဖောက်နိုင်သည်။

အဲဆို ငါတို့ဂိုဏ်းဆီ ချည်းကပ်လာခိုင်းလို့ မဖြစ်ဘူး …

ဝမ်ထျန်းက တွေးလိုက်မိသည်။ ထို့ကြောင့် သူက တပည့်များနှင့် အကြီးအကဲများကို မြန်မြန် စုဝေးလိုက်သည်။ အစီအရင်ခန်းမဆောင်က တပည့်များအား သူတို့ဘာသာ ကာကွယ်ဖို့ အင်အားကို ပေါင်းစည်းကာ အစီအရင် ခင်းကျင်းနိုင်ရန် လေ့ကျင့်ပေးထားသည်။ စစ်ပွဲအချိန်အခါမျိုးတွင် သူတို့က သူတို့ဘာသာ စုစည်းကြရမည်။

ဝမ်ထျန်းက ယခင်မျိုးဆက်မှ ပျိုးထောင်ပေးထားသည့် သူ့စစ်တပ်နှင့် စစ်သူကြီးရှိရာ ဓားခန်းမဆောင်ကို အသက်သွင်းလိုက်သည်။ သူက ကုသရေးနှင့် အင်အားတိုးမြင့်ရေး ဆေးလုံးများ ထောက်ပံ့နိုင်ရန် ဆေးဝါးခန်းမဆောင်၊ ခုခံကာကွယ်ရေး၊ တိုက်ခိုက်ရေးနှင့် ကုသရေးအဆောင်များအတွက် အဆောင်ခန်းမဆောင်ကို ဆော်ဩလိုက်သည်။

လက်နက်ခန်းမဆောင်က တပည့်များဆီ လက်နက်ကောင်းများကို ငှားပေးနေပြီး သူတို့လတ်တလော ဖန်တီးထားသည့် ရုပ်သေးရုပ်တပ်ကိုပါ ထုတ်သုံးလာသည်။ နောက်ဆုံးတွင် သူက အရိပ်တပ်ဖွဲ့အား ရန်သူဘက်ကို ထိုးဖောက်ဝင်ရောက်ပြီး ဖရိုဖရဲ ဖြစ်အောင် ဖန်တီးဖို့ အမိန့်ပေးလိုက်သည်။

ဝမ်ထျန်းက လူအားလုံး သူ့အမိန့်ကို ဆောင်ရွက်ဖို့ အပြေးအလွှား သွားလာနေသည်ကို ကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့အနေနှင့် လက်ရှိအခြေအနေအရ သူတို့က ကြာလွန်းသည်ဟု ခံစားမိနေသည်။ ထို့နောက် သူက သူ့သားနှင့် ပြောဖူးသည့် စကားဝိုင်းကို ပြန်လည် အမှတ်ရလိုက်၏။

ဝေ့အာ ပြောတာ မှန်တယ် … ငါ သူ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ငန်းစဉ်တွေကို လုပ်ခဲ့သင့်တာ …

သူ့သားက ဂိုဏ်းတစ်ခုလုံးအတွက် နှစ်တစ်ထောင်နေတိုင်း အရေးပေါ် လုပ်ငန်းစဉ်များကို လုပ်ဆောင်ကြည့်ဖို့ အကြံပြုခဲ့သည်။ ထိုအခါမှ တကယ်အရေးကြုံလာသည့်အခါ တပည့်များနှင့် အကြီးအကဲများသည် မြန်မြန်ဆန်ဆန် အချိန်မီတုံ့ပြန်နိုင်မည် ဖြစ်၏။

သို့သော်လည်း သူက ဖြစ်စဉ်သည် အရင်းအမြစ်များကို ဖြုန်းတီးနေသည်ကို တွေးကာ အကြံကို ငြင်းပယ်ခဲ့သည်။ သူ့အနေနှင့် ဂိုဏ်းတွင် ထိုသို့မျိုး အန္တရာယ်ဖြစ်လာလိမ့်မည်ဟု မထင်မိပေ။ သူတို့က အားအကောင်းဆုံး ဖြစ်လေရာ မည်သူကများ သူတို့ကို လာရောက်စိန်ခေါ်ရဲမည်နည်း။

ဝမ်ထျန်းက ကိုယ့်ဘာသာ အထင်ကြီးလွန်းသွားကြောင်း သဘောပေါက်သွားခဲ့သည်။ သူက ထိုအခွင့်အရေးကို အသုံးချကာ အကြီးအကဲများနှင့် တပည့်များအား ကမ္ဘာတွင် အကြွင်းမဲ့ဆိုသည့်အရာ မရှိကြောင်း သတိပေးချင်ခဲ့သည်။ သူတို့ဂိုဏ်းပင် လူကြောင့် သို့မဟုတ် သဘာဝကြောင့် ကပ်ဘေးမျိုးကို ကြုံတွေ့နိုင်လေ၏။

အားလုံးက နေရာယူပြီးသည်နှင့် သွေးမျိုးနွယ်က ဂိုဏ်း၏ အုတ်မြစ်ကို သူတို့၏ ဧကရာဇ်အဆင့် လက်နက်များဖြင့် တိုက်ခိုက်လာသည်။ ဝမ်ထျန်းက ဓားကို ဝေ့ယမ်းကာ ဧကရာဇ်အသုံးအဆောင်ပစ္စည်းနှင့် ဧကရာဇ်တစ်ပိုင်းအဆင့်အား သူ့ဝိညာဉ်အပါအဝင် အားလုံးကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပစ်လိုက်၏။

ထို့နောက် ဂိုဏ်း၏ ဧကရာဇ်အစီအရင်မှ အစီအရင်ခွဲက ဧကရာဇ်အသုံးအဆောင်ပစ္စည်းအား စည်းပိတ်ကာ အထဲသို့ ဆွဲယူခဲ့သည်။ ဝမ်ထျန်းက အစီအရင်အပြင်ဘက်သို့ အားလုံးကို ဦးဆောင်ရင်း ထွက်လာလိုက်သည်။

အသင်္ချေဓားချီမိုး ….

မြေပေါ် ကီလိုမီတာသန်းချီတွင် မရေတွက်နိုင်သော အပြာရောင်အလင်းပျောက်များက မိုးသဖွယ် ကျဆင်းလာသည်။ ထိုအလင်းပျောက်များက သွေးမျိုးနွယ်ကို ထိလိုက်သည့်အခါတိုင်း ကောင်းကင်မှ ပြုတ်ကျလာ၏။

ဤသည်က ဦးချို ၄ ခုဖြစ်ဖြစ်၊ ၆ ခုဖြစ်ဖြစ် ကိစ္စမရှိပေ။ ရွှေရောင်ရှိနေသည့် ဦးချိုကိုးခုပင် ခြွင်းချက် မဟုတ်ပေ။ ဓားချီက သူတို့၏ ဝိညာဉ်အထိပါ ဖြတ်တောက်ပစ်လိမ့်မည်။ ဤသည်က ဝမ်ထျန်း တိုက်ကွက်၏ အဆုံးသတ် မဟုတ်သေးပေ။

သူက ကန္တာရတစ်ခုဆီ လှမ်းကြည့်လိုက်ပြီး ဓားကို ထပ်မံ ဝေ့ယမ်းလိုက်ပြန်သည်။ ကန္တာရရှိ သဲအမှုန့်တိုင်းက ဓားချီအဖြစ် ပြောင်းလဲသွားပြီး သွေးမျိုးနွယ်ကို စတင်သတ်ဖြတ်ကြသည်။

ထိုတိုက်ကွက်ဖြင့် သူက ရွှေရောင်ဦးချို သွေးမျိုးနွယ် နှစ်ယောက် သို့မဟုတ် ဧကရာဇ်အသုံးအဆောင်များနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် နှစ်ယောက်ကို သတ်နိုင်ခဲ့သည်။ ကံဆိုးသည်က အစီအရင်ခန်းမဆောင်က တစ်ခုကိုသာ စည်းပိတ်နိုင်ခဲ့ပြီး ကျန်တစ်ခုက လက်လွှတ်လိုက်ရသည်။ သွေးမျိုးနွယ်က သူတို့ကို သတိကြီးကြီးထားထားသည်မှာ သိသာလှ၏။

“သွေးအရင်းအမြစ်ကမ္ဘာ” သွေးမျိုးနွယ်ဘက်မှ တစ်ယောက်က အော်ပြောလိုက်သည့်အချိန် ကျန်လူများကလည်း လိုက်ပြောကြသည်။ ပတ်ဝန်းကျင်က သူတို့နောက်တွင် သွေးလူသားများစွာ ပါဝင်သည့် ပုံရိပ်ယောင်ကမ္ဘာအဖြစ် ပြောင်းလဲသွားသည်။

ကမ္ဘာပုံရိပ် ပေါ်ထွက်လာပြီးသည့်နောက် ထိုသွေးမျိုးနွယ်များ၏ အရှိန်အဝါက သိသိသာသာ တိုးတက်လာပြီး သူတို့၏ အနက်ရောင်ဦးချိုများအထက် သင်္ကေတများ ပေါ်ထွက်လာသည်။

အဆင့် ၇ က ပိုင်နက်လိုမျိုးနဲ့ တူညီတဲ့ သွေးမျိုးဆက် နည်းစနစ်တစ်ခုလား …

ဝမ်ထျန်းက ဓားကို ထပ်မံ မဝေ့ယမ်းခင် တွေးလိုက်မိသည်။ ကံဆိုးစွာဖြင့် ဤတစ်ကြိမ် သူက ဦးချို ၇ခု သွေးမျိုးနွယ် သိန်းချီကိုသာ သတ်နိုင်ခဲ့သည်။

ရှစ်ခုနှင့်အထက် ဦးချိုများက သေဆုံးပြီးနောက် ချက်ချင်း ပြန်လည်ကောင်းမွန်လာကြစဉ် ကျန်လူများက သူ့တိုက်ကွက်ကို တားဆီးထားကြသည်။

ဒီလိုဆိုရင် အကုန်ထုတ်သုံးကြတာပေါ့ …

ပိုင်နက် ချဲ့ထွင်ရေး - အကြွင်းမဲ့ ပိုင်းဖြတ်ခြင်းဓားချက်

ဝမ်ထျန်း၏ ဘေးပတ်လည်က ပြောင်းလဲသွားကာ သူ့ကမ္ဘာငယ်လေး ရှိလာဟန်ပေါ်သည်။ ထို့နောက် သွေးမျိုးနွယ်က သူတို့လုပ်မိသည့် တုန်လှုပ်ဖွယ်အမှားတစ်ခုကို သဘောပေါက်သွားကြ၏။

ဝမ်ထျန်း၏ ပိုင်နက်အတွင်းရှိ အရာအားလုံးက ဓားတစ်ချောင်း၊ မြေပြင်ပေါ်မှ မြေကြီး၊ တိမ်တိုက်၊ မြက်ပင်များ၊ သူတို့အသက်ရှုသည့် လေ၊ မိုးမြေကြားရှိ ဝိညာဉ်ချီပင် လမ်းကြောင်းရှိ အရာအားလုံးကို သတ်ဖြတ်နိုင်သည့် ဓားချက်အဖြစ် ပြောင်းလဲသွားသည်။

ထို့အပြင် သူ့ပိုင်နက်က ၁.၂၆၃ ထရီလီယံ ကီလိုမီတာ ကန့်သတ်ချက် ရောက်နေပြီဖြစ်၍ ထိုနယ်တစ်ဝိုက်အတွင်း အရာအားလုံးက သေဆုံးသွားကြသည်။

“ထျန်းအာ အားလုံးကို မသတ်နဲ့ … “

ဝမ်ထျန်းက သူ့လိုမျိုး ပိုင်နက်ချဲ့ထွင်ရေး အသုံးပြုထားသည့် သူ့ဇနီးရှိရာဘက် လှမ်းကြည့်လိုက်သည်။ အရာအားလုံးက အမှောင်ထုအတွင်း ကျရောက်နေဟန်ပေါ်သည်။

“ဘာပြောချင်တာလဲ … “

“သူတို့က အရင်းအမြစ်ကောင်းတွေဆိုတော့ ဖမ်းပဲ ဖမ်းလိုက် “

ဝမ်ထျန်းက ထိုလူများပေါ် ဒေါသကို ပုံချလိုသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ့အနေနှင့် စိတ်ခံစားချက်အရ တုံ့ပြန်နေဖို့ အချိန်မရှိကြောင်း သဘောပေါက်သွားသည်။ ထို့အစား သူက သူ့သားအပေါ် ယုံကြည်ထားပြီး ဂိုဏ်းအတွက် အကောင်းဆုံး အကျိုးမြတ်ရအောင် ဆောင်ရွက်ပေးရမည်။

သူက အဝေးမှ ကိုယ်ပွားကို စိတ်သက်သာစွာဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအရာ မပျောက်ကွယ်သွားသရွေ့ လုပ်နိုင်သေးသည်။ ထို့ကြောင့် ဝမ်ထျန်း၏ သွေးမျိုးနွယ်အပေါ် ပိုင်းဖြတ်ခြင်းအစား စည်းပိတ်ခြင်း ဖြစ်သွားခဲ့သည်။

ထို့နောက် သူက ကမ္ဘာကို တစ်စက်လေးမှ ဂရုမစိုက်ဘဲ သူတို့၏ သွေးချောက်နက်ကမ္ဘာ စခန်းအထိ ဝင်ရောက်သွားခဲ့သည်။ သူ့လမ်းကြောင်းရှိ အရာအားလုံး သို့မဟုတ် လူအားလုံးက အသတ်ခံရခြင်း သို့မဟုတ် စည်းပိတ်ခံရခြင်းတို့ဖြင့် ကြုံတွေ့ကာ မည်သူမှ သူ့အား မတားဆီးနိုင်ကြပေ။

သွေးမျိုးနွယ်တချို့က သူတို့၏ သွေးအရင်းအမြစ်ကမ္ဘာအား ပေါင်းစပ်ကာ သူ့အား ရပ်တန့်ဖို့ လုပ်ဆောင်ခဲ့ကြသည်။ သူက တစ်ကမ္ဘာကို ဖြတ်တောက်ပစ်ခဲ့၏။ ထို့ကြောင့် ဝမ်ထျန်း၏ သောင်းကျန်းမှုဖြင့် ရက်ပိုင်းကြာမြင့်သင့်သည့် တိုက်ပွဲက နာရီပိုင်းမျှဖြင့် အဆုံးသတ်သွားတော့သည်။

နှစ်ဘက်လုံးက ကမ္ဘာဝင်တိုက်မှု အဆုံးသတ်သွားအောင် စောင့်ဆိုင်းဖို့ ယာယီ ဆုံးဖြတ်လိုက်ကြသည်။ အတိအကျဆိုရလျှင် သွေးမျိုးနွယ်က ဤအကြောက်တရားကို အဆုံးသတ်ပစ်ဖို့ မစောင့်နိုင်တော့ပေ။

တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း ဝမ်ထျန်းက အကြီးအကဲထဲမှ တစ်ဦးအား ကြည့်ကာ မေးလိုက်သည် “ကျုပ်တို့ဘက် သေဆုံးမှုအရေအတွက် ဘယ်လောက်ရှိလဲ ”

“ တပည့်ငါးသောင်းကျော်နဲ့ သူတော်စင် အကြီးအကဲသုံးယောက် ဆုံးရှုံးလိုက်ရပါတယ်။ အစစ်အမှန် အုပ်ချုပ်သူတွေကတော့ ဒဏ်ရာရသွားပေမဲ့ သေဆုံးမှု မရှိပါဘူး ”

ဝမ်ထျန်းက မျက်မှောင်ကြုတ်လိုက်ကာ  “အလောင်းတွေက ဘယ်မှာလဲ”

အဖြေပြန်ရပြီးသည့်နောက် သူက တည်နေရာတစ်ခုသို့ ပျံသန်းသွားကာ သေဆုံးနေသည့် တပည့်များအား ကြည့်လိုက်သည်။ ထို့နောက် သူက ဓားကို ထုတ်ကာ ပိုင်းချလိုက်၏။

မရဏ အယူအဆကို ဖြတ်တောက်ခြင်း

ဓားတစ်ချက်အဝေ့တွင် သူက ထိုတပည့်များပေါ်ရှိ မရဏ အယူအဆကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့နောက် အံ့မခန်းအရာတစ်ခု ဖြစ်လာ၏။ တပည့်ငါးသောင်းကျော်အားလုံးက ပြန်လည်ရှင်သန်လာကြ၍ စိတ်ရှုပ်ထွေးစွာ လိုက်ကြည့်နေကြသည်။

“ဂိုဏ်းချုပ် … အဲလိုလုပ်ဖို့ မလိုပါဘူး” မဟာအကြီးအကဲတစ်ဦးက ပြောလိုက်ပြီး ကျန်လူများကလည်း သဘောတူကြသည်။ သို့သော်လည်း ဖြူဖျော့နေသည့် ဝမ်ထျန်းက ခေါင်းအသာယမ်းလိုက်သည်။

သာမန်အခြေအနေအောက်တွင် သူက ထိုတပည့်များ၏ သေဆုံးမှုကို စိတ်ထဲ ထားမည် မဟုတ်ပေ။ ထိုတပည့်များက ဂိုဏ်းအတွက် သေပေးသင့်ကြောင်း သိထားသည်မှာကြာမြင့်လှပြီ ဖြစ်၏။ သို့သော် သူက သူတို့သည် ကောင်းကင်တာအို၏ လှည့်ကွက်ကြောင့် သေဆုံးသွားရသည့်အချက်ကို သဘောမကျပေ။

သူက လက်ကိုမြောက်ကာ ထပ်မံ ပိုင်းချလိုက်သည်။ သူ့ပစ်မှတ်က သူတော်စင်အဆင့် အကြီးအကဲများကို ဖြစ်၏။ ဝမ်ထျန်းက သွေးတစ်ပွက် အန်လိုက်ရပြီး သူ့မျက်နှာက ပို၍ ဖြူဖျော့လာသည်။ ထို့နောက် တပည့်များကဲ့သို့ အကြီးအကဲတွေလည်း အသက်ပြန်ရှင်လာကြသည်။

ယုယန်က သူမခင်ပွန်းဘေးနား ကူတွဲပေးထားသည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်” တပည့်ငါးသောင်းကျော်နှင့် အကြီးအကဲသုံးယောက်က ပြောလိုက်သည်။ သူတို့ကို ခေါင်းညိတ်ပြပြီးနောက် သူက ဇနီး၏ အကူအညီဖြင့် အိမ်သို့ ပြန်သွားလိုက်သည်။

“ဘယ်လိုလဲ” ဝမ်မျိုးနွယ် တောင်ထိပ်မှ စောင့်ကြိုနေသည့် ဝမ်ချန်က မေးလာသည်။

“နှစ်နည်းနည်းလောက် နားလိုက်ရင် အဆင်ပြေမှာပါ”

ဝမ်ချန်က ခေါင်းညိတ်လိုက်ပြီး သူ့သားပခုံးကို ပုတ်ပေးလိုက်သည်။ သူ့မျက်ဝန်းအထက် အနည်းငယ် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်မျိုး ရှိနေ၏။ သူက တိုက်ပွဲကို မြင်တွေ့ခဲ့၍ သူ့သားသည် သူ့ကို ကျော်တက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူက သိထားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ သို့သော် မျက်နှာမပျက်ချင်၍ မသိချင်ယောင်ဆောင်နေခဲ့သည်။

“မင်းကို ဂုဏ်ယူတယ် ”

“ကျေးဇူးပါ” ဝမ်ထျန်းက အပြုံးလေးနှင့်အတူ ဝမ်းနည်းမှုအရိပ်အယောင်ဖြင့် ပြောလာသည်  “ အဲဒီတုန်းက ဒီလိုလုပ်နိုင်ခဲ့ရင် … ”

“ပြန်တွေးနေလို့ အကျိုးမရှိဘူး။ မင်းအမေက ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်နေသွားရပါတယ်ကွာ။ သူမ သေသွားတော့ မျက်နှာမှာ အပြုံးပွင့် ရှိနေတုန်းပဲ”

ဝမ်ထျန်းက သဘောတူလိုက်ပြီးနောက် စံအိမ်ထဲ ဝင်ဖို့ ပြင်လိုက်သည်။

“ ကောင်စုတ်လေးအကြောင်း စိတ်ပူမနေနဲ့။ ဒီစစ်ဆေးမှုကို အောင်မြင်နိုင်မဲ့လူ ရှိလာရင် သူပဲ ဖြစ်လိမ့်မယ် ”

ဝမ်ထျန်းက ခဏတာရပ်သွားပြီး ဆက်လက် လျှောက်သွားလိုက်သည်။

………………

ဝမ်ဝေ့က မယုံနိုင်လောက်ဖွယ် အမုန်းတရားအပြည့် ဖြစ်နေသည့် မျက်နှာအား ကြည့်လိုက်သည်။ ထိုလူတွင် အဖြူရောင်ဆံပင်ရှိသော်လည်း ဝမ်ဝေ့ကမူ ဤသည်က ထူးကဲသည့် ရုပ်ခန္ဓာကြောင့် မဟုတ်သလို ရွေးချယ်မှုတစ်ခုခုကြောင့် မဟုတ်မှန်းသိထားသည်။ ပြောရလျှင် ထိုအပြောင်းအလဲက စိတ်ခံစားချက် ပြင်းထန်လွန်း၍ ဖြစ်၏။ နမူနာအရ ဝမ်းနည်းပူဆွေးလွန်းခြင်း ဖြစ်သည်။

“မင်းက ဘယ်သူလဲ“ ဝမ်ဝေ့က မေးလိုက်သည်။ သူက တွေ့ဖူးသည့် လူတိုင်းကို မှတ်မိသော်လည်း ဤမျက်နှာပိုင်ရှင်ကား မပါဝင်ပေ။

“ကျုပ်နာမည်က ကျန့်ချောင်း၊ ခေါင်းဆောင်ကျန့်ယုံရဲ့ သား ”

“တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာက ကျန့်ယုံလား။ မင်းတို့မျိုးနွယ်ကို သုတ်သင်ဖို့ အမိန့်ပေးခဲ့တယ် မဟုတ်ဘူးလား”

“ပေးခဲ့တာပေါ့“ ကျန့်ချောင်းက ပြန်ဖြေလာသည်  “ဒါပေမဲ့ ခင်ဗျားက သေချာမညွှန်ကြားသွားတော့ ခင်ဗျားနောက်လိုက်တွေက အလုံခန္ဓာရှိတဲ့လူတွေကို ဘယ်လိုဖြေရှင်းရမှန်း မသိကြဘူးလေ။ အဲဒါကြောင့် ကျုပ်အသက်ရှင်ခဲ့တာပဲ ”

ဝမ်ဝေ့က လွန်ခဲ့သည့် နှစ်တစ်သောင်းခန့်က ချီကံကောင်းမှု စစ်ဆေးပွဲအတွင်းမှ စကားဝိုင်းကို ပြန်လည် အမှတ်ရသွားသည်။ ထိုစဉ်အခါက သူသည် လျို့ဝှက်နယ်မြေ ပေါက်ကွဲမှုမှ အရေပြားကို လေ့ကျင့်ပြီးခါစ ဖြစ်၏။

သူ့အမတ်များက တော်ဝင်မျိုးနွယ်များ၏ အလုံခန္ဓာကိုယ် အဖွဲ့ဝင်များနှင့် မရင်ဆိုင်ခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ကံဆိုးစွာဖြင့် စစ်ဆေးပွဲက အဆုံးသတ်သွားပြီဖြစ်၍ ဝမ်ဝေ့က မကျင့်ကြံနိုင်သည့် လူများကို ဂရုမစိုက်မိတော့ပေ။

“မင်းဇစ်မြစ်က အဓိပ္ပါယ်တော့ မရှိဘူး။ ငါ့လက်အောက်ငယ်သားတွေက ကျန့်ယုံရဲ့ တိုက်ရိုက်သွေးမျိုးဆက်ကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး”

“ခင်ဗျားပြောတာ မှန်တယ်” ကျန့်ချောင်းက စိတ်ပျက်မှု၊ နာကျင်မှုနှင့် အမုန်းတရားအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“ ကျုပ်က တရားမဝင်သား … မျိုးနွယ်ရဲ့ ဘိုးဘေးခန်းမမှာတောင် နာမည်ရေးသွင်းမခံရဘူး ”

သူ့မျက်ဝန်းအထက် ပြန်လည်တွေးတောနေသည့် အရိပ်အယောင်မျိုး ရှိနေသည်။

“ဒီလိုဆိုရင်တောင် ကျုပ်အဖေက ကျုပ်နဲ့ ကျုပ်အစ်မကို ကောင်းကောင်းဆက်ဆံတယ်။ သူက ကျုပ်တို့ကို တိတ်တိတ်လေး မကြာခဏ လာတွေ့ပြီးတော့ မိသားစုအတူတူ အချိန်ဖြုန်းပေးတယ်။ ကျုပ်က မကျင့်ကြံနိုင်ပေမဲ့ ကျုပ်အစ်မက အတော်လေး ပါရမီထူးချွန်တယ်။ ကျုပ်အဖေက သူမကို ကျန့်မျိုးနွယ်ရဲ့ နောက်ခံကျောရိုးအဖြစ် တိတ်တိတ်လေး ပြုစုပျိုးထောင်ပေးဖို့ ကတိပေးထားခဲ့တယ်။ ကံဆိုးတာက ခင်ဗျားတို့တွေ ကမ္ဘာကို ကျူးကျော်လာတော့ သူက အဆက်အသွယ် အကုန်ဖြတ်သွားခဲ့တယ်။

အဲဒီနောက် တစ်ရက်မှာ အစ်မက သူ့ဆီ ကိုယ်တိုင်သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့တယ် ”

ကျန့်ချောင်း၏ မျက်နှာအထက် နာကျင်သည့် အမူအရာမျိုး ပေါ်ထွက်လာသည်။

“ အစ်မကို မသွားဖို့ ဖျောင်းဖျခဲ့ပေမဲ့ သူမက တောင်းဆိုလာတဲ့အခါ မငြင်းဆန်နိုင်ခဲ့ဘူး။ ဟားဟား ကျုပ် အဲဒီနေ့ရက်ကို ဘယ်လောက်နောင်တရနေလဲ သိရဲ့လား။ ကျုပ်တို့ သွားလည်ဖို့ ဆုံးဖြတ်လိုက်တဲ့နေ့က ခင်ဗျားနောက်လိုက်တွေက ကျန့်မျိုးနွယ်ကို ရှင်းထုတ်တဲ့အချိန်ပဲ။ နောက်ဆုံးအခိုက်အတန့်မှာ သူမက ကျုပ်ကို ဝှက်ထားဖို့ အဆင့်မြင့် အဆောင်တစ်ခု ထုတ်သုံးပြီး အခန်းတစ်ခုအတွင်း ပိတ်ထားခဲ့တယ်။

အဲဒါကြောင့် အသက်ရှင်ခဲ့တာ … အဲဒီအစား အသက်မရှင်တာမှ ကောင်းဦးမယ် ”

ကျန့်ချောင်းက လက်ကို ကြည့်ကာ ပြန်လည် တည်ငြိမ်လာသည်  “ သူမ မသေခင် နောက်ဆုံးအော်သံကို အခုအထိ နားထဲစွဲနေတုန်းပဲ။ အသုံးမကျဘဲ တံခါးကို ထုရိုက်နေတာကလွဲရင် ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲဒါပြီးတော့ သိပ်မကြာဘူး။ မိသားစုတစ်ခုလုံး ကွပ်မျက်ခံရတာကို ကြည့်လိုက်ရတယ်။ အိမ်ပြန်ရောက်တော့ အမေက ဝမ်းနည်းပက်လက်ဖြစ်ပြီး သူမဘာသာ ကြိုးဆွဲချသေသွားခဲ့တယ်။ ကျုပ် တစ်ယောက်တည်းပဲ ကျန်တယ်။ ဒီကမ္ဘာမှာ ဘယ်သူမှ မရှိဘူး”

ကျန့်ချောင်းက ဝမ်ဝေ့အား တည်ငြိမ်စွာ ကြည့်လိုက်သည်။

“သူမက နောက်လ ၁၆ နှစ်ပြည့်မဲ့ ၁၅ နှစ်အရွယ်ပဲ ရှိသေးတယ်။ သူမ လိုချင်တာ မွေးနေ့မှာ အဖေကို မြင်ချင်ခဲ့ရုံပဲ။ ခင်ဗျားက ဘာမှပြောစရာ မရှိဘူးလား ”

“တောင်းပန်စကား ပြောစေချင်တာလား ဒါမှမဟုတ် နောင်တရပြရမှာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ အနည်းဆုံးတော့ နောင်တနည်းနည်းတော့ ရှိသင့်တယ် ”

ဝမ်ဝေ့က လက်ကို ပြန်ကြည့်လိုက်သည်  “ကံဆိုးတာက မင်း စိတ်ပျက်သွားရမှာပဲ။ ငါလက်မှာ စွန်းထင်းနေတဲ့ သွေးတွေထဲ မင်းအစ်မ အသက်အပါအဝင် တစ်မိသားစုလုံးရဲ့ သွေးတွေက ဘာမှမည်မည်ရရ မဟုတ်ဘူး ”

“ဟားဟား ခင်ဗျားလို မကောင်းဆိုးဝါးဆီကနေ ဘာမျှော်လင့်ရမှာလဲ။ ဒါပေမဲ့ စိတ်မပူနဲ့။ ခင်ဗျားခေါင်းကို ဖြတ်ပြီး သူတို့အုတ်ဂူမှာ ဆက်သပေးမယ် ”

ဝမ်ဝေ့က သူ့ကို လျစ်လျူရှုထားရင်း တစ်စုံတစ်ခုကို တွေးမိသွားလေသည်။ သူက ကျန့်ချောင်းကို ကြည့်ကာ အကြည့်များက လင်းလက်သွားသည်။

“ ဒါနဲ့ မင်းက … ”

***

All Chapters