← Chapters

ကံကြမ္မာမဲ့

Vol. 35 Ch. 490

ကံကြမ္မာမဲ့

Vol. 35 Ch. 490

“ဒါနဲ့ မင်းက ကံကြမ္မာမဲ့ လား” ဝမ်ဝေ့က မေးလိုက်သည်။

“ နောက်ဆုံးတော့ ခင်ဗျား သိသွားပြီပေါ့ ”

ဝမ်ဝေ့က ကျယ်ကျယ်လောင်လောင် မရယ်မောလိုက်ခင် စစ်ဆေးမှုနှင့် ပတ်သက်သည့် ကိစ္စများစွာက စိတ်ထဲ ပေါ်ထွက်လာသည်။

“ ခင်ဗျားရဲ့ အကြည့်ထဲ အားကျမနာလို ဖြစ်နေတာကို တွေ့လိုက်ရတာလား” ကျန့်ချောင်းက သရော်ကာ ပြောလိုက်သည်။

သို့သော် ဝမ်ဝေ့က သူ့အား ပြန်မဖြေပေ။ ကံကောင်းမှု စစ်ဆေးပွဲက မျိုးဆက်တိုင်း ကြုံတွေ့ရလေ့ရှိပြီး ဧကရာဇ်မျိုးနွယ်အသီးသီးက သူတို့ပုံမှန် လုပ်ဆောင်သည့် ကမ္ဘာတစ်ခု ရှိထားကြသည်။

သို့သော်လည်း ဤမျိုးဆက်တွင် မဟာဝူတိုင်းပြည်က ကမ္ဘာအသစ်ကို ရှာတွေ့ခဲ့ပြီး ကောင်းကင်ရွေးချယ်ခံများကို စိန်ခေါ်မှုဖြစ်လာစေရန် ကမ္ဘာအသစ်ဆီ စစ်ဆေးမှု ပြောင်းရွေ့ခဲ့ကြသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက တခြားလူများနှင့် သဘောတူခဲ့စဉ် ဓားရေးစံအိမ်နှင့် ယင်စန္ဒာနန်းဆောင်ကဲ့သို့သော တခြားဂိုဏ်းများက ယခင်ကမ္ဘာဟောင်း၌သာ စစ်ဆေးပွဲ လုပ်ခဲ့ကြသည်။ သို့သော်လည်း ဤကမ္ဘာတွင် အလွန်တရာ ရှားပါးလှသည့် ကံကြမ္မာမဲ့ လူသားတစ်ဦး ရှိနေခဲ့၏။

ကံကြမ္မာမဲ့ သက်ရှိဆိုတာ ဘာလဲ …

နာမည်အတိုင်း သူတို့ မွေးဖွားလာကတည်းက ကံကြမ္မာဖြင့် ချည်နှောင်ခံထားရမှု မရှိသည့် သက်ရှိများ ဖြစ်ကြသည်။

ကံကြမ္မာဘီးလုံးက သူတို့ကံကြမ္မာကြိုးမျှင်ကို ရစ်ပတ်လိုက်ပြီးသည့်နောက် သူတို့က ကံကြမ္မာဆီမှ သက်ရောက်မှု မခံရတော့ဘဲ ကိုယ်ပျောက်သဖွယ် ဖြစ်သွားကြသည်။ သူတို့တည်ရှိမှု လျှောက်လှမ်းတိုင်းက သတ်မှတ်ထားပြီးသား ဖြစ်၏။ သူတို့ဘဝကို ပြင်ပအားတစ်ခုမှ ဝင်ရောက်စွက်ဖက်ကာ သူတို့ကံကြမ္မာကို မပြောင်းလဲသရွေ့ သူတို့မွေးဖွားလာကတည်းက ဘဝ သတ်မှတ်ပြီးသား ဖြစ်နေသည်။

ကျင့်ကြံသူများက ကွဲပြား၏။ သူတို့က စတင်ကျင့်ကြံလိုက်သည်နှင့် သူတို့ကံကြမ္မာအပါအဝင် ရွေးချယ်မှုများ ပြုလုပ်ရင်း အနာဂတ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲယူခဲ့ကြသည်။ ကံဆိုးသည်က ကျင့်ကြံသူများစွာ ကံကြမ္မာဆက်စပ်မှု သို့မဟုတ် ဖြစ်ကိုဖြစ်လာရမည့် ကိစ္စများ ရှိနေသေး၏။

ထို့ကြောင့် ကျင့်ကြံသူများက သူတို့ကံကြမ္မာကို စိတ်ကြိုက်မထိန်းချုပ်နိုင်ကြပေ။ သူတို့ရွေးချယ်မှု သို့မဟုတ် ဆုံးဖြတ်ချက်က မည်သို့ပင်ဖြစ်စေကာမူ ကံကြမ္မာဆက်စပ်မှုများက ဖြစ်ပျက်လာဦးမည်သာ ဖြစ်၏။ ထို့ကြောင့် သူတို့က ကံကြမ္မဆက်စပ်မှုကို ဦးတည်ထားသည့်အတွက် ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အစစ်အမှန် စွမ်းအား မရှိကြပေ။

ကံကောင်းစွာဖြင့် ဤကျန့်ချောင်း ပြောသည့်အတိုင်း မိုးမြေအတွင်း ကံကြမ္မာအပါအဝင် အရာအားလုံးက အကြွင်းမဲ့ မဟုတ်ပေ။ စကြဝဠာ၏ အစီအစဉ်တကျဖြစ်မှုအရ တချို့သော သက်ရှိများက ကံကြမ္မာ၏ ချုပ်နှောင်ခြင်း မခံရဘဲ မွေးဖွားလာကြသည်။

သူတို့၏ ရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်များကို သူတို့မွေးဖွားလာကတည်းက သူတို့ဘာသာ ဆုံးဖြတ်နိုင်၏။ သူတို့တွင် ကံကြမ္မာဆက်စပ်မှုလည်း မရှိကြပေ။ ထိုလူများက မွေးဖွားလာပြီးပြီးချင်း လွတ်လပ်ခွင့်ကို ရခဲ့ကြသည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့စစ်ဆေးမှုတွင် ကံကြမ္မာမဲ့ သက်ရှိအား တွေ့ကြုံရပြီး ရန်သူ ဖြစ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ကြောင်း သိထားသည်။ ထို့အပြင် လွတ်လပ်ခွင့်တာအိုကို ကျင့်ကြံသည့် ကံကြမ္မာမဲ့ သက်ရှိက ပြီးပြည့်စုံသည့် ပေါင်းစပ်မှုတစ်ခု ဖြစ်၏။

ကောင်းကင်တာအိုက ကံကောင်းမှု စစ်ဆေးပွဲမတိုင်ခင်ကတည်းက ငါ့စစ်ဆေးမှုကို ကြံစည်နေခဲ့တာပေါ့ … ကြည့်ရတာ ငါ ကောင်းကင်ရုပ်ခန္ဓာ ဖန်တီးကတည်းက … မဟုတ်သေးဘူး ငါ ငယ်ငယ်ကတည်းက ဖြစ်နေနိုင်တယ်

သူက တစ်စုံတစ်ယောက်သည် တားမြစ်ခံ ဖြစ်လာဖို့ ရည်ရွယ်ချက်ပေါ် မူတည်ကြောင်း ကောက်ချက်ချလိုက်သည်။ သူ ငယ်စဉ်ကတည်းက သူသည် ကံကြမ္မာကို ထိန်းချုပ်လိုပြီး သူ့လိုအင်ဆန္ဒအကြောင်း ကောင်းကောင်းသိခဲ့သည်။ ထို့ကြောင့် ကောင်းကင်တာအိုက သူ့အား တားမြစ်ခံအဖြစ် သတ်မှတ်ထားပြီး သူနှင့် ရင်ဆိုင်ဖို့ အစီအစဉ်တစ်ခု ချမှတ်ထားခြင်း ဖြစ်နိုင်သည်။

ဝမ်ဝေ့က သူ့ရုပ်ခန္ဓာ စွမ်းရည်၏ တန်ကြေးပေးစရာ မလိုသည့် ဂမ္ဘီရအစွမ်းသည် သူ့လမ်းစဉ်ကို စွန့်ပစ်ကာ ကံကြမ္မာလမ်းစဉ်ခွဲ ဖြစ်သည့် ကံတာအိုကိုသာ ကျင့်ကြံဖို့ ကောင်းကင်တာအို၏ သဲလွန်စ ဖြစ်နေနိုင်ကြောင်း သံသယရှိလာမိသည်။

“ဟားဟား ဒီလိုမျိုး မြင့်မြတ်ပြီး တော်ဝင်ဆန်တဲ့ အမွေခံသားတော်တစ်ယောက်က ကျုပ်လိုမျိုး သာမညလူတစ်ယောက်ကို အားကျနေရလိမ့်မယ်လို့ မထင်မိဘူး” ကျန့်ချောင်းက ပြောလိုက်သည်။

“ ဒါက နားလည်နိုင်ပါတယ်လေ။ ခင်ဗျား တစ်ဘဝလုံး လိုက်နေရတဲ့ လွတ်လပ်ခွင့်ဆိုတာ ကျုပ်က မွေးဖွားကတည်းက ရလာတာပဲ။ အခုလို ထုတ်ပြောလိုက်ရတော့ ကမ္ဘာကြီးက ဘယ်လောက်လှပလိုက်လဲဆိုတား သဘောပေါက်လာတယ်”

“လွတ်လပ်ခွင့်တဲ့လား” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ “ မင်းက ကံကြမ္မာမဲ့ သက်ရှိဆိုတော့ရော ဘာအရေးလဲ။ အင်အားမရှိဘဲ ရုပ်သေးရုပ်လို ကြိုးဆွဲခံရနေဦးမှာပဲ”

“ခင်ဗျား ဘာပြောတာလဲ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ  “အဲဆိုတော့ မင်းက စစ်ဆေးမှုအကြောင်း မသိဘူးလား။ ဟုတ်တာပေါ့ … ဘယ်သူကများ နယ်ရုပ်ဖြစ်ဖို့ လိုလိုလားလား လက်ခံပါ့မလဲ”

“အဲဒါကရော ဘာပြောတာလဲ”

“ ငါ ပြောလိုက်သလိုပဲ။ မင်းဆီမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက ငါ့ရန်သူ ဖြစ်လာစေဖို့ ကောင်းကင်တာအိုက မင်းဘဝကို ကြိုးကိုင်ခဲ့တာပဲ။ အဲဒါဆိုတော့ မင်းဘဝရဲ့ ကံဆိုးမှုအားလုံးက အဲဒါကြောင့်ပဲ ”

“လူလိမ် … ကောင်းကင်တာအိုက ဘာလို့ အဲလိုလုပ်ရမှာလဲ”

“ငါ့ကို စမ်းသပ်ဖို့ပေါ့ ”

ကျန့်ချောင်း၏ မျက်ဝန်းက သွေးဆာလာပြီး အသက်ပြင်းပြင်းရှုကာ စိတ်ငြိမ်အောင် ထိန်းလိုက်ရသည်။

“ခင်ဗျား ညာနေတယ်ဆိုတာ သိတယ်”

“ငါက ဘာလို့ အဲလိုလုပ်ရမှာလဲ”

“ ကျုပ်စိတ်အခြေအနေအပေါ် သက်ရောက်အောင်ပေါ့ ”

ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် လက်ဝေ့ကာ သူ့မှတ်ဉာဏ်များ ပါဝင်သည့် ပုံရိပ်များကို ပြသလိုက်သည်။ ထိုအရာက တားမြစ်ခံ စစ်ဆေးမှုအကြောင်း သူတောင်းစားအိုကြီးနှင့် ပြောနေသည့် စကားဝိုင်းနှင့် လင်းဖန်၊ ကျန့်ဝူရွှမ်းတို့၏ စစ်ဆေးမှုအသီးသီးမှ အချက်အလက်များအပေါ် အဓိက ထားလေသည်။

ကျန့်ချောင်းက သူ့ဘဝရှိ မရှင်းပြနိုင်ဖွယ် ဖြစ်ရပ်အများစုက အဓိပ္ပါယ်ရှိလာကြောင်း ခံစားမိလိုက်၏။ သူက ထိုဖြစ်ရပ်များကို အဖြေရဖို့ ကံကြမ္မာသားတော်လိုမျိုး အလွန်ကံကောင်းသည်ဟု အမြဲတမ်း တွေးမိခဲ့သည်။

သို့သော် ယခုတွင် …

“ အဲဒီမှတ်ဉာဏ်တွေကို လုပ်ဖို့ ခင်ဗျားအတွက် အလွယ်လေးပဲ” ကျန့်ချောင်းက အံ့ကြိတ်ကာ ပြောလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က ဘာမှမပြောဘဲ သူ့အား ပြုံးပြလိုက်သည်။

တစ်ခါတစ်ရံ ဉာဏ်ကောင်းလွန်းခြင်းက ကိစ္စကောင်း မဟုတ်ပေ။

ယခု သူက သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်ကို စည်းပိတ်ဖို့ အချိန်အလုံအလောက် ရထားပြီးပြီဖြစ်၍ ပြန်လည် တိုက်ခိုက်နိုင်လေပြီ။ ကံဆိုးစွာဖြင့် ထိုအဆိပ်သည် ထူးကဲနေ၍ ဝမ်ဝေ့သည် ဝူဟုန်၏ ကျမ်းကို အသုံးပြုကာ စည်းပိတ်ဖို့ ဗဟုသုတများစွာ လိုအပ်နေ၏။

မည်သို့ပင်ဆိုစေကာမူ သူက အင်အားအနည်းငယ် ချန်ထားခဲ့ပြီး ခန္ဓာကိုယ် ဆက်လက် မယုတ်လျော့လာအောင် ကာကွယ်နိုင်ခဲ့သည်။ သို့သော်လည်း သူက အချိန်ကြာကြာမရကြောင်း သိထား၏။ ထိုအဆိပ်က ဆင့်ကဲပြောင်းလဲနေ၍ စည်းတံဆိပ် အသက်မဲ့သွားဖို့ အချိန်တစ်ခုမျှသာ ကြာမြင့်လိမ့်မည်။

ဝမ်ဝေ့က သူ့ဆုံမှတ်ထဲမှ တွင်းနက်ကြီးကို အသုံးပြုဖို့ ကြိုးစားလိုက်သော်လည်း  စကြဝဠာတစ်ခုထက်ပင် ကြီးမားအောင် အားဖြည့်ထားခဲ့သည့် ဆုံမှတ်က အဆိပ်အနည်းငယ် ဝင်ရောက်လာသည်နှင့် ပြိုလဲလုမတတ် ဖြစ်သွားသည်။

ထို့ကြောင့် သူက ထိုအရာသည် ခန္ဓာသန့်စင်သူများအတွက် သဘာဝရန်သူ ဖြစ်ကြောင်း ပြောသည့်အချက်ကို နားလည်သွားလေပြီ။

ဝမ်ဝေ့က ကျန့်ချောင်းဆီ ပြေးသွားကာ လက်သီးဖြင့် ထိုးချလိုက်သော်လည်း ထိုသူက အလွယ်တကူ ရှောင်ရှားလိုက်၏။ ထို့နောက် ကျန့်ချောင်းကို ဝိုင်းထားသည့် ကြိုးမျှင်မြောက်များစွာ ပေါ်ထွက်လာသော်လည်း ထိုသူကမူ အခက်အခဲမရှိ ထိုကြိုးမျှင်များမှ ရုန်းထွက်လာသည်။

ကံကြမ္မာ ချုပ်နှောင်ခြင်း

ဝမ်ဝေ့က အာကာပြင် ဝန်းကျင်မှ ကံကြမ္မာကို ထိန်းချုပ်ကာ ကျန့်ချောင်း၏ လမ်းကြောင်းအား ပိတ်ဆို့ပြီး ဖမ်းဆီးဖို့ ပြင်လိုက်သည်။

အာကာပြင် လွတ်မြောက်ခြင်း

ကျန့်ချောင်းက ထိုနည်းစနစ်ကို ထုတ်သုံးပြီးသည့်နောက် အာကာပြင် ချုပ်နှောင်မှုမှ လွတ်မြောက်လာသည်။ သို့သော်လည်း သူက ချက်ချင်းဆိုသလို ကြောက်မက်ဖွယ် မြေဆွဲအားကို ခံစားမိလိုက်၏။

မြေဆွဲအား မန္တန်လား …

ကျန့်ချောင်းက တွေးလိုက်မိသည်။ ထိုအခိုက်အတန့်လေးတွင် ဝမ်ဝေ့က သူ့ရှေ့ ပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။

ဝုန်း

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၏ ခွန်အားနှင့် မူလအဆီအနှစ်ကို အသုံးပြုကာ ကျန့်ချောင်းအား ထိထိမိမိ ထိုးကာ လွှင့်ထွက်သွားစေခဲ့သည်။

တစ်စက္ကန့်လေးအတွင်း ကျန့်ချောင်းက မြေကြီးမှ ပြန်ထလာသည်။ သူ့နှုတ်ခမ်းထောင့်တွင် သွေးစီးရာ ရှိနေ၏။

ငါက ရုပ်ပိုင်းဆိုင်ရာ ခွန်အား လွတ်လပ်ခွင့် နည်းစနစ်ကို ထုတ်သုံးခဲ့တာတောင် သူ့တိုက်ခိုက်မှုက ငါ့ကို ထုံထိုင်းသွားစေသေးတယ် … မကောင်းဆိုးဝါးက ဘယ်လောက်ပဲ အားနည်းတယ်ပြောပြော မကောင်းဆိုးဝါးပဲ …

သူက နှုတ်ခမ်းထောင့်မှ သွေးထွက်နေသည့် ဝမ်ဝေ့အား ခေါင်းမော့ကာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ လက်သီးချက် သူ့ဆီ ကျရောက်လာစဉ် ထိုသူ၏ ခန္ဓာကိုယ်ကို ဆက်လက်မပျက်စီးအောင် ကာကွယ်ထားသည့် ကံကြမ္မာပြောင်းပြန် အစွမ်းကို ဖယ်ရှားခဲ့သည်။

ဒီကောင်လေးက တကယ်ကို ငါ့ရန်သူပဲ …

ဝမ်ဝေ့က သူသည် ခန္ဓာကိုယ်အခြေအနေ အထွတ်အထိပ် ပြန်ရောက်ရှိဖို့ ကံကြမ္မာပြောင်းပြန် နည်းစနစ်ကို ထုတ်မသုံးနိုင်တော့ကြောင်း သဘောပေါက်သွားသည်။

ဒီလိုဆိုမှတော့ ငါ သိထားတဲ့ တခြားနည်းစနစ်တွေ ထုတ်သုံးတာပေါ့ …

ဝမ်ဝေ့က ယုမျိုးနွယ်၏ အလင်းကျမ်းကို ထုတ်သုံးကာ ရွှေရောင်အလင်းအဖြစ် ပြောင်းလဲပြီး ရန်သူဆီ ပြေးဝင်သွားလိုက်စဉ် စကြဝဠာအများကြီးကို ပြိုလဲသွားစေနိုင်သည့် မြေဆွဲအားကို ချထားလိုက်သည်။

ကျန့်ချောင်းကမူ တခြားနည်းစနစ်များကို တည်ငြိမ်စွာ ထုတ်သုံးလာ၏။

မြေဆွဲအား လွတ်မြောက်ခြင်း

လေ လွတ်မြောက်ခြင်း

ပွတ်တိုက်အား လွတ်မြောက်ခြင်း

အလေးချိန် လွတ်မြောက်ခြင်း

ထို့နောက် သူ့အရှိန်က အလင်းအမြန်နှုန်း အကြိမ်သန်းချီအထိ ရောက်လာသည်။ ထိုအမြန်နှုန်းဖြင့် သူက ဝမ်ဝေ့ကို ထိပ်တိုက်မတွေ့ဘဲ တိုက်ကွက်အားလုံးကို စိတ်အေးလက်အေး ရှောင်ရှားခဲ့သည်။

ဝမ်ဝေ့က မည်မျှကြိုးစားစေကာမူ ထိုလူက သူ့အရှိန်ကို အသုံးပြုကာ ရှောင်ရှားခြင်း သို့မဟုတ် လျစ်လျူရှုခြင်း ပြုလုပ်လိမ့်မည်။

သူက ငါ ဘာမှမလုပ်နိုင်လောက်အောင် အားနည်းသွားတဲ့အချိန်ကို စောင့်နေတဲ့ ဗျူဟာကို သုံးနေတာပဲ

“ မင်းက ငါနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲလောက်အောင် ငကြောက်မှန်း မသိခဲ့ဘူး။ ဒီလိုအဆင့်နိမ့် နည်းလမ်းမျိုးတဲ့လား …  မင်းဆီက ကောင်းကောင်း မျှော်လင့်ထားတာကို။ မင်းညီမသာ လက်ရှိမင်းကို မြင်ရင် ဘယ်လိုခံစားရမလဲ သိချင်မိသား ” ဝမ်ဝေ့က ပြုံးရင်း ပြောလိုက်စဉ် ကျန့်ချောင်းကမူ အမူအရာ ပျက်ယွင်းသွားသည်။

“သူမ နာမည်ကို ခင်ဗျားပါးစပ်ကနေ ထုတ်မပြောတာ ကောင်းလိမ့်မယ်”

“သူမက မင်းကို တရားမဝင် ကလေးဆိုတဲ့ ရန်စမှုတွေကနေ သူမကို ကာကွယ်ပေးခဲ့တဲ့ အစ်ကိုကြီးဆိုပြီး ကြည့်ခဲ့မှာပေါ့။ သူမက မင်း မကျင့်ကြံနိုင်ပေမဲ့ သူ ကျင့်ကြံနိုင်မှန်း သိသွားတော့ မင်းကို ကာကွယ်ပေးရမယ်ဆိုပြီး ရည်မှန်းချက်ချခဲ့တာ ဖြစ်နိုင်တယ်။

လက်ရှိ မင်းက သူမကို သေစေခဲ့တဲ့ လူဆီကနေ ထွက်ပြေးပြီး ငကြောက်ဖြစ်နေတာကို မြင်ရင် သူမ ဘယ်လိုတုံ့ပြန်မလဲ သိချင်မိသား …  သူမ အကြည့်တွေက ဘယ်လိုဖြစ်နေလောက်လဲ ”

ကျန့်ချောင်း၏ ဝန်းကျင်တွင် အနီရောင် အငွေ့အသက်များ ထွက်ပေါ်လာသည်။ သူက ခါးပေါ်မှ ဓားမော့ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

“ကောင်းပြီ ... ဒီလောကကို ခင်ဗျားရဲ့ အငွေ့အသက်နဲ့ စွန်းထင်းခွင့်မပြုတော့ဘူး။ စိတ်မပူနဲ့ … ခင်ဗျား သေရတာက ကျုပ်မိသားစုလောက် မမြန်စေရဘူးလို့ ကတိပေးတယ် ”

***

All Chapters