← Chapters

ကြမ်းတမ်းလွန်းသည့် ဆံဖြူ မိန်းကလေး

Vol. 29 Ch. 397

ကြမ်းတမ်းလွန်းသည့် ဆံဖြူ မိန်းကလေး

Vol. 29 Ch. 397

“မဟုတ်ဘူး” မိုဝူကျီ ပြောလိုက်ရင်း သူ့ပုံရိပ်မှာ လှိုင်းတွန့်လေးသာ ဖြစ်သွားပြီး လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဤဆံဖြူ မိန်းကလေးက လက်စားချေဖို့ရာ ပြောနေသော်လည်း သူမ မျက်ဝန်းအတွင်း အမုန်းအတရား စိုးစဉ်းမျှ ရှိမနေပေ။ သူမက သူ့ကို ပိုစိတ်ဝင်စားနေဟန် ပေါ်နေ၏။ အချိန်ခဏလေးအတွင်း မိုဝူကျီခေါင်းထဲ အတွေးများစွာ ဖြတ်ပြေးသွားလေသည်။ သူက ထိုမိန်းကလေးကို စိတ်ဝင်စားဟန် ပြပြီး စိတ်ရှုပ်ထွေးလာသည့်အခါမှ သူမကို ရုတ်တရက် တိုက်ခိုက်လျှင် ဆိုသည့် အတွေးပါ တွေးမိလာသည်။

သို့သော်လည်း သူက ထိုမိန်းကလေး၏ စွမ်းအားကို မသိသေးသည့်အတွက် သူမနှင့် သွားမရှုပ်တာက ပို၍ ကောင်းပေလိမ့်မည်။ ပြောဆိုပြီးနောက် မိုဝူကျီက ချက်ချင်း‌ ပျောက်ကွယ် သွားတော့သည်။

“အာ” ဆံဖြူမိန်းကလေးက တအံ့တဩ ရေရွတ်လိုက်သည်။ မိုဝူကျီ ထွက်သွားသည်နှင့် သူမ လက်အရိပ်မှာ သူ့မူလနေရာသို့ ရောက်ရှိလာသည်။ မိုဝူကျီက သူမလက် ရောက်မလာခင် ကသီလေး ပျောက်ကွယ်သွားသည်။

ထိုသို့သာ ဖြစ်ရမည်။ မိုဝူကျီက စိတ်အတွင်းမှ အေးစက်စွာ ‌ ရယ်မောလိုက်သည်။ သူက ဤမိန်းကလေး၏ စွမ်းအားမှာ ကျူးချူထက်ပင် ပိုအားကောင်းမည် ဖြစ်ကြောင်း သေချာသည်။ သူက လောကအင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ပြီ ဖြစ်နေ၍ ယခင်က မိုဝူကျီ မဟုတ်တော့ပေ။

တစ်ဖက်လူ၏ ရုတ်တရက် တိုက်ခိုက်လာမှုကြောင့် မိုဝူကျီ ပုံရိပ်မှာ နောက်တစ်ဖန် ပြန်ပေါ်လာပြီး သူနှင့် ထိုဆံဖြူ မိန်းကလေးကြားမှ အကွာအဝေးကို ခြားလိုက်သည်။

ဆံဖြူ မိန်းကလေး စိတ်မှာ လေးလံလာမိသည်။ သူမ၏ သေချာပိုင်နိုင်လှသည့် လက်အရိပ်မှာ မိုဝူကျီကို မဖမ်းနိုင်လိမ့်မည်ဟု ထင်မထားပေ။ ဤလူမှာ လောကအဆင့်ဇယား၏ အဆင့် ၁ ဖြစ်သည့်အတွက် သူ့ကိုယ်ပိုင် နည်းလမ်းတော့ ရှိရမည်။

မိုဝူကျီက သတိထားပြီး သူမနှင့် အကွာအဝေး ချဲ့လိုက်သည်ကို မြင်၍ ဆံဖြူ မိန်းကလေးမှာ ထိုလူကို ဖမ်းရန် အနည်းငယ် ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သိလိုက်သည်။

“ရှင်က ဝံပုလွေဘုရင်တောင်က မဟုတ်ဘူးလို့လည်း ပြောသေးတယ် ... ဘာလို့ ပြေးနေတာလဲ ...” ဆံဖြူ မိန်းကလေး ဒေါသတကြီး အော်ဟစ်လိုက်ကာ မိုဝူကျီကို အလစ်တိုက်ဖို့ ကြိုးစားသူမှာ သူမ မဟုတ်ဘဲ သူမကသာ အလစ် တိုက်ခိုက်ခံရသည့်အလား ပြုမူနေလေ၏။

မိုဝူကျီက ထိုဆံဖြူ မိန်းကလေးကို မထူးမခြားနား ကြည့်လိုက်ပြီး

“မင်းကသာ ဝံပုလွေဘုရင်တောင်က မလား ... မဟုတ်ရင် ဘာလို့ ကျုပ်ကို တိုက်မှာလဲ။ တကယ်လို့ မင်းစွမ်းဆောင်နိုင်ရင် ဘာလို့ ဝံပုလွေဘုရင်တောင်ကို မဖျက်ဆီးပစ်တုန်း ... အဲလိုဆို မင်းကို ယုံရင် ယုံဦးမယ် ...”

“ရှင့်မျက်လုံးကို ပြူးနေအောင် ဖွင့်ပြီးတော့ သေချာကြည့်နေ ...” ဆံဖြူ မိန်းကလေးက မီးတောက်နီ အဆောင်ကို ရုတ်တရက် ထုတ်ယူလိုက်သည်။ လက်ဟန် သင်္ကေတအချို့ ပြုလုပ်ပြီးနောက် ပစ်လွှတ်လိုက်တော့သည်။

အဆောင်မှာ မီးမြားတစ်စင်းလို ထွက်သွားပြီး ဝံပုလွေဘုရင်တောင်ဆီ ချက်ချင်းဆိုသလို ရောက်ရှိသွားသည်။ အသက်ရှူကြိမ် အနည်းငယ်လေးအတွင်း ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

မိုဝူကျီက ကွဲကြေလာသော ကြက်ဥကဲ့သို့ ဖြစ်လာသည့်  ဝံပုလွေဘုရင်တောင်ကို စိုက်ကြည့်နေရင်း မျက်နှာမှာ အမူအရာ ပျက်လာလေသည်။ ထိုအဆောင်မှာ အတော်လေး ကြောက်ဖို့ ကောင်းပြီး ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလေသည်။ ဤမိန်းကလေးက အလွန် အားကောင်းပေ၏။

ထိုအဆောင်ကို သုံးလိုက်ရ၍  သူမစိတ်ထဲ မကောင်းသော်လည်း သူမက ဝံပုလွေဘုရင်တောင် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထိုမှသာ ဤကောင်စုတ်လေးက သူမနှင့် ဝံပုလွေဘုရင်တောင်မှာ ရန်ငြိုးရှိကြောင်း ယုံသွားမည် မဟုတ်ပါလော။

သို့သော် သူမ လှည့်ကြည့်လိုက်သည့်အခါ ချက်ချင်း ဒေါသူပုန် ထသွားမိသည်။ သူမ ဝံပုလွေဘုရင်တောင်ကို ဖျက်ဆီးနေသည့် အချိန်ကို အခွင့်ကောင်းယူ၍ မိုဝူကျီက ထွက်ပြေးသွားပြီ ဖြစ်သည်။

ဤသို့ ကြောက်မက်ဖွယ် ကောင်းလှသည့် မိန်းကလေးနှင့် ရင်ဆိုင်ရာတွင် မိုဝူကျီက သင်္ဘောပျံသည် သူ့အတွက် အကူအညီ မဖြစ်ကြောင်း သိ၏။ သူက လေလွတ်မြောက်ရေး နည်းစနစ်ကို ဆက်တိုက် သုံးသော်လည်း သူ့ စိတ်စွမ်းအား နယ်ပယ်အတွင်း ဆံဖြူ မိန်းကလေး ပုံရိပ်ကို အာရုံခံမိလိုက်သည်။ ထိုမိန်းကလေးမှာ သူ့လေလွတ်မြောက်ရေး နည်းစနစ်ထက် မြန်ဆန်ပုံ ပေါ်၏။

ထိုသည်က မိုဝူကျီကို အမှန်ပင် ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။ အာကာသအတွင်း သူ့လေလွတ်မြောက်ရေး နည်းစနစ်ပင် အရေးနိမ့်နေလေပြီ။ သူက အသုံးမပြုခင် သူ့ကိုယ်ပိုင် လေပြည်လေးသာ လိုအပ်ပြီး သဘာဝလေပေါ် မှီခိုမှု မရှိပေ။ ဤသို့သာ ဆက်ဖြစ်နေပါက နေ့ဝက်အတွင်း သူ့ကို မီလာလိမ့်မည်။

မိုဝူကျီက လေလွတ်မြောက်ရေး နည်းစနစ် အသုံးပြုမှုကို  ရပ်တန့်လိုက်ပြီး စတင်၍ ရွှေ့ပြောင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။ ကျန်းရှင်းမှ အဝေးတစ်နေရာသို့သာ ဦးတည်လိုက်တော့သည်။ အကယ်၍ သူက ဤရက်စက်သည့် မိန်းကလေးကို ကျန်းရှင်း ခေါ်ဆောင်သွားပါက ကပ်ဘေး သယ်ဆောင်လာသည့်အလား ဖြစ်နေပေလိမ့်မည်။ ထိုကြောက်စရာ ကောင်းလှသည့် အဆောင်နှစ်ရွက်၊ သုံးရွက်လောက်က ကျန်းရှင်းကို တစ်စစီ ဖျက်ဆီးပစ်ဖို့ရာ လုံလောက်နေပေလိမ့်မည်။

တစ်နာရီအကြာတွင် မိုဝူကျီက ထိုမိန်းကလေးမှာ ကျူးချူထက် အားကောင်းရုံသာမက သူမက နှစ်ဆမက ပိုမို အားကောင်းနေကြောင်း သိရှိသွားသည်။

သူက ကျူးချူဆီမှ ထွက်ပြေးစဉ်က နွန်ရှုယင်ကိုပင် သယ်ဆောင်ထားသေး၏။ ထိုသို့ဖြင့် သူက တစ်ရက်အကြာတွင် ကျူးချူကို မျက်ခြည်ဖြတ်နိုင်ခဲ့လေသည်။ ယခုအခါ သူက မည်သူ့ကိုမျှ သယ်ဆောင်မထားသလို သူကိုယ်တိုင်လည်း လောကအင်မော်တယ်အဆင့် ၄ ရောက်နေပြီ ဖြစ်၍ သူ့ရွှေ့ပြောင်းစွမ်းရည်မှာ အတိတ်နှင့် လုံးဝမတူတော့ပေ။ သို့သော် ထိုလုံ့လကောင်းလှသည့် မိန်းကလေးကို မျက်ခြည်မဖြတ်နိုင်သေးပေ။

ဆံဖြူမိန်းကလေးက သူ့ကို အရိုးထိ မုန်းတီးနေဟန် ရှိသည်။ သူ့နောက်မှ တစ်ရက်လုံးလုံး လိုက်ခဲ့ပြီးနောက် သူမက လက်လျှော့ဖို့ရာ စိတ်ကူးရှိဟန် မပေါ်ပေ။

မိုဝူကျီက ရင်ဆိုင်တိုက်ရန် စဉ်းစားမိလိုက်သည်။ သူ့တွင် သဘာဝ သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်စွမ်းအား သိုလှောင်ရေး လမ်းကြောင်း ရှိနေသော်လည်း ထိုမိန်းကလေးဆီမှ ကြာကြာတော့ ဆက်မပြေး နိုင်လောက်ချေ။

လမ်းတစ်လျှောက်တွင် မိုဝူကျီက စိတ်စွမ်းအင် မှိုကျောက်များကို ဆက်တိုက် စုပ်ယူလာရသည်။

သူ့လက်ရှိစွမ်းအားဖြင့် ထိုကျောက်တုံးများမှာ သူ့ကျင့်ကြံဆင့်ကို သိသိသာသာ တိုးတက်လာအောင် ကူညီမပေးနိုင်ပေ။ သို့သော်လည်း သူ့သဘာဝ စွမ်းအားများကိုတော့ ပြန်လည် ဖြည့်တင်းပေးဖို့ရာ ကူညီပေးနိုင်သည်။

လများစွာ ကုန်လွန်သွားပြီးနောက် သူတို့က “သူခိုးဖမ်းသည့်ရဲ” (ပြေးတမ်းလိုက်တမ်း) ဂိမ်းကို ဆော့ကစားနေဆဲ ဖြစ်သည်။

ဆံဖြူ မိန်းကလေးက ပို၍ စိတ်ဓာတ်ကျလာမိသည်။ သူမက မိုဝူကျီ၏ ရွှေ့ပြောင်းစွမ်းရည်မှာ တာအိုသဘောအရ ငှက်မွေးလေးဟု ယူဆ၍ မရသေးသော်လည်း သူမကို သူ့ကို လိုက်မမီနိုင်သေးပေ။ သူမက ထိုသို့ ငှက်မွေးနှင့် တူသည့် ရွှေ့ပြောင်းစွမ်းရည်လည်း အသုံးပြုနိုင်စွမ်း မရှိပေ။

သူမကို ပို၍ စိတ်ဓာတ်ကျစေသည်က မိုဝူကျီက မည်မျှ အားကောင်းနေစေကာမူ သူက ပုရွက်ဆိတ်လေးသာ ဖြစ်၏။

ဘာကြောင့် အတောမသတ်တဲ့ သဘာဝစွမ်းအားတွေ ရှိနေရတာလဲ   ...

မိုဝူကျီက စိတ်စွမ်းအင် ကျောက်တုံးများ သုံး၍ သဘာဝစွမ်းအားများ ပြန်လည် ဖြည့်တင်းနေလျှင်ပင် သူမအနေနှင့် သူကို လိုက်မီနိုင်လိမ့်မည်မှန်း သေချာနေ၏။  သို့သော်လည်း ဤလများအတွင်း သူမနှင့် မိုဝူကျီ အကွာအဝေးမှာလည်း နီးကပ်မလာသေးပေ။

သူမက ပို၍ တွေးမိလေလေ စိတ်ဓာတ် ပိုကျလာလေလေ ဖြစ်သည်။ အကယ်၍ သူမသာ မိုးမြေ ဥပဒေသများနှင့် ချုပ်နှောင်မခံထားရပါက တစ်လှမ်းတည်းဖြင့် သူ့ကို ဖမ်းမိနိုင်ပြီး တစ်ချက်တည်းဖြင့် ထိုကောင်စုတ်လေးကို သေမင်းတံခါးဝဆီ အရောက် ပို့ပေးနိုင်လိမ့်မည်။ သို့သော် ယခုတွင် သူမက ဆက်တိုက် နောက်က လိုက်နေရုံသာ တတ်နိုင်ပေသည်။

တစ်ဖက်တွင် မိုဝူကျီက ပိုပို၍ စိုးထိတ်လာသည်။ ဤလပိုင်းအတွင်း သူနှင့် ဆံဖြူ မိန်းကလေး၏ ကွာဟချက်မှာ လျော့နည်းမလာပေ။ သူ့အနေနှင့် ဆက်၍ မထိန်းထားနိုင်တော့မှန်း သိ၏။ သူက စိတ်စွမ်းအင် မှိုကျောက်များ သုံး၍ သဘာဝစွမ်းအားများ ပြန်လည် ဖြည့်တင်း နေရသော်လည်း ကုန်ခန်းနှုန်းမှာ ပြန်လည် ဖြည့်တင်းမှုထက် ပို၍ မြန်ဆန်နေပေသည်။ ထို့အပြင် သူ့တွင် ထိုစိတ်စွမ်းအင် ကျောက်တုံးများ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ထိုစိတ်စွမ်းအင် ကျောက်တုံးများ ကုန်ဆုံးသွားသည့် အခိုက်အတန့်တွင် ထိုကျောက်တုံးများမှ ပေးနိုင်သည့် အကူအညီနှင့် အရမ်း အလှမ်း ကွာသွားပေလိမ့်မည်။

တစ်လအတွင်း သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ စွမ်းအားများမှာလည်း ကုန်ဆုံးသွားလိမ့်မည်။ ထိုအခါ၌ သူ သေဆုံးသွားနိုင်သည်။

အမှန်တော့ တစ်လပင် မကြာတော့ပေ။ လဝက်အတွင်း ဆံဖြူမိန်းကလေးမှာ မိုဝူကျီနှင့် ပိုပို၍ နီးကပ်လာသည်။

သူမ စိတ်စွမ်းအား၌ မိုဝူကျီ၏ ပုံရိပ်မှာ ပို၍ ထင်ရှားလာသည်။ ဆံဖြူ မိန်းကလေးက စိတ်အတွင်း၌ သရော်လိုက်သည်။

ရှင့်ကိုယ်ရှင် လွတ်ပြီ ထင်နေလား ...

မိုဝူကျီက သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတွင် သဘာဝစွမ်းအားများ မရှိတော့သောကြောင့်  သူ့အမြန်နှုန်းကို လျှော့ချပစ်လိုက်သည်။ သူက ဆက်ပြေးနေ၍ အကျိုးမရှိမှန်း သိ၍ သေသည်အထိ တိုက်ရန်သာ ကျန်ရှိတော့သည်။

ရုတ်တရက်ဆိုသလို တောက်ပလွန်းသည့် အလင်းတစ်ချက်က မိုဝူကျီ စိတ်စွမ်းအားထဲ ဝင်ရောက်လာသည်။ ထိုအလင်းတောက်တောက် အတွင်း မိုဝူကျီက အလိုဆန္ဒကို ခံစားမိလိုက်သည်။ အဆင့်မြင့် နယ်မြေတစ်ခု၏ တာအို အရှိန်အဝါများလည်း ပါဝင်နေဟန် ပေါ်၏။ ထိုတာအိုမှာ သူ့တစ်ကိုယ်လုံးကို သက်သက်သာသာ ဖြစ်သွားစေသည်။

မိုဝူကျီ စိတ်နှလုံးသားထဲ  ဖော်မပြတတ်သည့် ခံစားချက်တစ်မျိုး စီးဆင်းသွား၏။ သူက ထိုအလင်းမှာ ဟင်းလင်းပြင်ကို ချိုးဖောက်မည့် အလင်းဖြစ်ကြောင်း အထိ တွေးလိုက်မိသေးသည်။ ဤအလင်းရောင်မှာ ပိုမြင့်မားသည့် ဒိုင်မေးရှင်းတစ်ခုမှ ဆင်းသက်လာပြီး မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်သာ ချိုးဖောက်နိုင်မည့် အလင်းရောင် ဖြစ်ပေသည်။

ငါ့စွမ်းအားတွေက အရမ်း ကြမ်းနေလို့များလား ... လောကအင်မော်တယ် အဆင့်လောက်နဲ့ ဟင်းလင်းပြင်ကို ချိုးဖောက်မဲ့ အလင်းရောင်ကို ခံစားမိသွားတာလား ... မဖြစ်နိုင်သေးပါဘူး ...

သူ့ကျင့်ကြံဆင့်က  လောက အင်မော်တယ်အဆင့် ၄ သာ ဖြစ်နေသော်လည်း အစစ်အမှန် စွမ်းအားက မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလို့လား ...

ထိုအလင်း ပေါ်လာခြင်းက သူ့ကိုယ်ပိုင် စွမ်းအားကြောင့် ဖြစ်စေ၊ ကျင့်ကြံဆင့်ကြောင့် ဖြစ်စေ မိုဝူကျီက ထိုမေးခွန်းများကို စဉ်းစားနေရန် အချိန်မရှိပေ။ သူက တွေဝေမနေဘဲ ထိုအလင်းဆီ ခုန်ဝင်လိုက်တော့သည်။

အကယ်၍ သာမန် အခြေအနေအောက်တွင် သူက ထိုအလင်း၌ တစ်ခုခု မှားယွင်းနေခြင်း ရှိ၊ မရှိ လေ့လာဦးမည် ဖြစ်သော်လည်း သူသာ နှေးကွေးနေပါက ဆံဖြူမိန်းကလေး လက်ထဲတွင် အဆုံးသတ် သွားပေလိမ့်မည်။ သူက ဆံဖြူမိန်းကလေးနှင့် ရင်ဆိုင် မတိုက်ရသေးသော်လည်း သူက သူမပြိုင်ဘက် မဖြစ်နိုင်ကြောင်း ခံစားမိနေသည်။

“ဘုန်း”

အားပြင်းသည့် စုပ်ယူအား တစ်ခု ပေါ်လာလေသည်။ ထိုစဉ် မိုဝူကျီက ထွက်ပြေးလိုလျှင်ပင် မလုပ်ဆောင်နိုင်တော့ပေ။ သူက ထိုအားဆွဲခေါ်ရာအတိုင်း ပါသွားပေတော့သည်။

ထိုသည်က ဟင်းလင်းပြင် ချိုးဖောက်ခြင်း သေချာပေါက် မဟုတ်ပေ။ မိုဝူကျီ စိတ်နှလုံးမှာ လေးလံမိသွားသည်။ သူ့စိတ်မှာလည်း ထိုမှ လွတ်မြောက်ဖို့ရာ နည်းလမ်းရှာဖို့ ကြိုးစားရင်း ဇောက်ထိုးမှောက်ခုံ ဖြစ်နေပေသည်။

“ဘုန်း” သိပ်မကြာခင်တွင် မိုဝူကျီ ခြေနှစ်ဖက်မှာ မြေကြီးပေါ် ကျရောက်သွား၏။

မိုဝူကျီက အတွေးမပေါ် လာသော်လည်း ချက်ချင်း နေရာမှ ထွက်ခွာကာ ဘေးပတ်လည်ကို ကြည့်ကြည့်လိုက်သည်။

မကြာခင်တွင် မိုဝူကျီက မနီးမဝေး၌ ချောက်နက် အသေးလေးရှိကြောင်း သိသွားသည်။ ထိုနေရာ ကျဉ်းကျဉ်းလေးတွင် လူဆယ်ယောက်ကျော်က ကျပ်တည်းကျပ်သပ် ထိုင်နေကြသည်။ ထိုလူများက သူ့ကို ကြည့်နေရင်း တစ်ခုခု ပြောမည်ကို စောင့်ဆိုင်းနေဟန်‌ ပေါ်သည်။

ထိုလူများမှာ အလွန် အားကောင်းကြောင်း ခံစားမိ၍ မိုဝူကျီက မသွားတော့ဘဲ ထွက်သွားရန်သာ ကြိုးစား လိုက်တော့သည်။ သို့သော်လည်း သူ့စိတ်စွမ်းအားနှင့် သဘာဝ စွမ်းအားများမှာ ဤနေရာတွင် ချိပ်ပိတ်ထားကြောင်း ခံစားမိလိုက်သည်။

ထိုစဉ် မိုဝူကျီက အတော်လေး တုန်လှုပ်မိသွားသည်။ နေရာ ကျဉ်းကျဉ်းလေးတွင် လူဆယ်ယောက်ကျော် ပြွတ်သိပ်နေနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ဤနေရာတွင် သူတို့က သဘာဝစွမ်းအားများ အသုံးမပြုနိုင်သလို စိတ်စွမ်းအားလည်း အသုံးမပြုနိုင်ချေ။

“ဘုန်း” နောက်ထပ် အသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ မိုဝူကျီက အနေအထား ကောင်းကောင်း ရွေး၍ နေရာယူထားလိုက်သည်။ ထိုဆံဖြူမိန်းကလေး ရောက်လာကြောင်း သူ သိပေ၏။

အရင်နှင့် ယှဉ်လျှင် မိုဝူကျီက ပို၍ သတိထားနေသည်။ သူ့တွင် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း သုံးခုနှင့် စိတ်စွမ်းအင် သိုလှောင်ရေး လမ်းကြောင်း ကျန်သေးသည် မဟုတ်ပါလော။ သူက သဘာဝစွမ်းအားများကို မဖွဲ့စည်းနိုင်ပေမဲ့လည်း သူ့သိုလှောင်ရေး လမ်းကြောင်းမှ သဘာဝ စွမ်းအားများကို‌တော့ အသုံးပြု၍ ရသေးသည်။

“ရှင်က ပြေးတာ မတော်ဘူးလား ဆက်ပြေးလေ ဟမ် ဆက်ပြေးဦးလေ ...” ဆံဖြူ မိန်းကလေးက ချောက်နက်ထဲမှ လူဆယ်ယောက်ကျောက်ကို တစ်ချက် ကြည့်ပြီးနောက် မိုဝူကျီကို စိုက်ကြည့်ကာ ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူမက မိုဝူကျီဆီ ချဉ်းကပ်လာသည်။ ထိုချောက်နက်မှာ ကျဉ်းမြောင်းလွန်းသောကြောင့် မိုဝူကျီ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ချောက်နက်ထဲမှ အားလုံးက အခြေအနေကို နားလည် သွားကြသည်။ ထိုနှစ်ယောက်မှာ ပြေးလာရာမှ ဤနေရာတွင် အဆုံးသတ်လာခြင်း ဖြစ်သည်။ ထိုအရာကို နားလည်ပြီးနောက် မည်သူမျှ စကားပြောရန် စိတ်မဝင်စား ကြတော့ပေ။

မိုဝူကျီက ဆံဖြူ မိန်းကလေးကို စိတ်ထဲမထားဘဲ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူက ထိုဆံဖြူ မိန်းကလေးမှာ သူနှင့်တူပြီး သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း ပိုင်ဆိုင်ထားလိမ့်မည်ဟု မယုံပေ။

“သေချင်နေတာပဲ” ဆံဖြူ မိန်းကလေးက အေးစက်စက် ရယ်မောလိုက်ရင်း ခုန်လိုက်ပြီး လက်ကို ဖွင့်ဟထားလိုက်သည်။

ချက်ချင်းဆိုသလို သူမ မျက်နှာမှာ ဖြူဖျော့ သွားလေ၏။ သူမက ဤနေရာတွင် သဘာဝစွမ်းအားများ မသုံးနိုင်ကြောင်း သိလိုက်ရသည်။ ထိုမျှတင် မကပေ။ သူမက မိုဝူကျီကို စိတ်စွမ်းအားဖြင့်လည်း မတိုက်ခိုက်နိုင်ပေ။

“ဘုန်း  ...” မိုဝူကျီ၏ လက်သီးချက်မှာ ဆံဖြူ မိန်းကလေး၏ ပေါင်တံပေါ် ကျရောက်လာသည်။

မိုဝူကျီ၏ သဘာဝစွမ်းအားများက ကုန်ခန်းလုနီးပါး ဖြစ်နေသော်လည်း ထိုလက်သီးချက်တွင် သူ့စွမ်းအား ဆယ်ရာခိုင်နှုန်းလောက် ပါဝင်ပေသည်။ အရိုးကွဲကြေသံကိုပင် ကြားလိုက်ရသည်။ လူဆယ်ယောက်ကျော်က မတ်တတ် ရပ်လိုက်ကြပြန်သည်။ သူတို့အားလုံးမှာ မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ရှိနေကြ၍ မိုဝူကျီက သဘာဝစွမ်းအားကို သုံးလိုက်မှန်း မည်သို့ မသိဘဲ နေမည်နည်း။

ဤနေရာတွင် သဘာဝစွမ်းအား အသုံးပြုနိုင်သည့်သူ ရှိနေတာလား ...

“ရှင်  ...” ဆံဖြူ မိန်းကလေးက မြေပြင်ပေါ် မလှုပ်မယှက် လဲသွားကာ မိုဝူကျီကို တုန်လှုပ်တကြီး လက်ညှိုးထိုးကာ ရေရွတ်လိုက်သည်။ သူမက စိတ်စွမ်းအားကို မထုတ်လွှင့်နိုင်သလို သဘာဝ စွမ်းအားကိုလည်း အသုံးမပြုနိုင်ချေ။

မိုဝူကျီက ဘာကြောင့် သုံးနိုင်နေရတာလဲ ...

***

All Chapters