← Chapters

မိစ္ဆာဆန်ဆန် အပေးအယူ

Vol. 36 Ch. 492

မိစ္ဆာဆန်ဆန် အပေးအယူ

Vol. 36 Ch. 492

“ခင်ဗျားကို မသတ်ခင် လက်ဆောင်ပေးရဦးမယ်”

ကျန့်ချောင်းက အလင်းအစက်အပြောက် အနည်းငယ် ရှိနေသည့် လက်ဖဝါးကို ဖြန့်ပြလိုက်သည်။

“ငါ့စိတ်ဝိညာဉ်အမှုန်တွေ ”

“ ဟုတ်တယ်။ ခင်ဗျားက ဒီအရာတစ်ခုခု ကျန်ရှိနေသရွေ့ ပြန်လည်အသက်ရှင်လာနိုင်တယ်ဆိုတာ သိတယ်။ အဲဒါကြောင့် အဆုံးမဲ့လေဟာနယ်အတွင်း ဖြန့်ထားခဲ့တဲ့ ခင်ဗျားရဲ့ စိတ်ဝိညာဉ်အမှုန်တွေကို တိတ်တဆိတ် နောက်ယောင်ခံခဲ့ရတာ။ အတော်လေး အားစိုက်ထုတ်ခဲ့ရတယ်။

ဒါပေမဲ့ ချူးမိုလို့ခေါ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့လူနဲ့ တွေ့ခဲ့တယ်။ သူ့ဝိညာဉ်ကနေ စိတ်ဝိညာဉ်အမှုန်ကို ဖယ်ရှားဖို့ ကြိုးစားလိုက်တော့ အဲဒါက ဖောက်ခွဲပစ်ပြီး သူ့ကို သတ်သွားခဲ့တယ်။ သူ သိထားတဲ့ ဘယ်လိုလျို့ဝှက်ချက်မျိုးက ခင်ဗျားအတွက် အဲလောက်သတိထားစရာ ဖြစ်နေပါ့လိမ့် သိချင်မိသား”

ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ ဤစစ်ဆေးမှုကို အောင်မြင်ဖို့ရာ လုပ်ဆောင်ထားခဲ့သည့် အရန်အစီအစဉ်တစ်ခုမှာ အဆုံးမဲ့လေဟာနယ်အတွင်း စိတ်ဝိညာဉ်အမှုန်တချို့ ဝှက်ထားပြီး နောက်ပိုင်းမှ ပြန်လည်အသက်သွင်းဖို့ ဖြစ်၏။ သို့သော် ကောင်းကင်တာအိုက ထိုရလဒ်ကို မှန်းထားပြီးသား ဖြစ်ကာ ကြိုတင်ကာကွယ်ထားခဲ့သည်။

ချူးမိုအတွက်မူ ကမ္ဘာမြေမှ မှတ်ဉာဏ်များ ရှိနေသည့်အတွက် ဝမ်ဝေ့က ကြိုတင်ကာကွယ်ထားလိုက်ခြင်း ဖြစ်၏။

ဒီကျန့်ချောင်းက ငါ့စိတ်ဝိညာဉ်အမှုန်ကို နောက်ယောင်ခံဖို့ ကံကြမ္မာ ဒါမှမဟုတ် ကံ သက်ဆိုင်တဲ့ ရတနာ ရှိနေတာ ဖြစ်နိုင်တယ် …

“ကောင်းပြီလေ …အခုတော့ အရေးမပါတော့ဘူး”

ကျန့်ချောင်းက မီးခိုးရောင်သက်တံအဖြစ် ပြောင်းလဲကာ ဝမ်ဝေ့ဆီ ရောက်လာပြီး ထိုးချလိုက်သည်။ သူ့ရှေ့တွင် သင်္ကေတအမြောက်အများ ပါသည့် မှော်စက်ဝန်းတစ်ခု ပေါ်လာကာ တိုက်ကွက်ကို တားဆီးခဲ့ပြီး တိုက်ကွက်၏ အင်အားကို တခြားနေရာဆီ လွဲပြောင်းခဲ့သည်။

ကံဆိုးစွာဖြင့် ကျန့်ချောင်းက ထိုတိုက်ကွက်ကို လျစ်လျူရှုကာ သူ့လက်သီးချက် ခွန်အားကို တိုးမြင့်လိုက်၍ ဝမ်ဝေ့က လွှင့်စင်ထွက်သွားသည်။ ဝမ်ဝေ့ လမ်းကြောင်းတွင် မှော်စက်ဝန်းများ ပေါ်ထွက်လာပြီး တိုက်ကွက်၏ အင်အားကို တားဆီးပေးထား၏။

တစ်ချိန်တည်းဆိုသလို ကျန့်ချောင်းဝန်းကျင်တွင် သူ့အား သံကြိုးများစွာ ရစ်ပတ်ချည်နှောင်ထားနိုင်ဖို့ရာ မှော်စက်ဝန်းများစွာ ထွက်ပေါ်လာသည်။ သို့သော် သူက လက်တစ်ချက်အဝေ့တွင် သံကြိုးများနှင့် အစီအရင်များကို ဖျက်ဆီးပစ်လိုက်သည်။

“ခင်ဗျားက ဂရမ်းမာစတာ အစီအရင်ဆရာနဲ့ အဆောင်ပြုလုပ်သူဆိုတာ မေ့သွားတော့မလို့ … ခင်ဗျားက အသင့်အစီအရင်တွေကို အသုံးပြုနိုင်တဲ့ အဆင့်အထိ ရောက်နေပြီပဲ။ ကံဆိုးတာက အခု ကျုပ်လည်း အဲလိုဖြစ်နေပြီ ”

ကံကြမ္မာ ဖြတ်တောက်ခြင်း

ကျန့်ချောင်းက ဓားမော့ကို ဝေ့ယမ်းလိုက်ပြီး လခြမ်းကွေး ဓားချက်ကို ဖန်တီးလိုက်သည်။

ယာယီ ကူးသန်းရေးအစီအရင်က ဝမ်ဝေ့အား ဝါးမျိုသွားပြီး နောက်တစ်နေရာသို့ ပို့ဆောင်ကာ တိုက်ကွက်ကို ရှောင်ရှားစေလိုက်သည်။

သို့သော် သူ ပေါ်ထွက်လာသည်နှင့် ကျန့်ချောင်းက သူ့ကံကြမ္မာကြိုးမျှင်ကို ဖမ်းဆုပ်ကာ နဂါးဆင်နှစ်ကောင် ခွန်အားဖြင့် ထိုးချလိုက်သည်။ ကံကောင်းစွာဖြင့် ယခင်ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ဝမ်ဝေ့က နည်းစနစ်မြောက်များစွာဖြင့် တစ်ဖက်လူ၏ တိုက်ကွက် သက်ရောက်မှုကို လျော့ချဖို့ အသုံးပြုခဲ့သည်။ သူက အင်အားတချို့ကို စုပ်ယူသည့် ဝါးမျိုရေးအဆောင်ကို ဖန်တီးလိုက်ပြီး ကျန်ရှိနေသည့် တိုက်ကွက်၏ သက်ရောက်မှုကို အင်အားကူးပြောင်းရေး အစီအရင်ဖြင့် တခြားဘက်သို့ ပို့ဆောင်ခဲ့သည်။ ထို့နောက် မူလအဆီအနှစ် အကာအရံပါ အသုံးပြုခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူ့ဦးခေါင်းခွံက အက်သွားပြီး ခေါင်းမူးသွားလေသည်။ သူက လွှင့်စင်သွားစဉ် ကျန့်ချောင်းကမူ တစ်ဖက်လူကို တုံ့ပြန်နိုင်မည့် အခွင့်အရေး မပေးဘဲ အလုပ်ကို လက်စသပ်ဖို့ ကြိုးစားနေသည်။

သို့သော်လည်း သူ့ဝန်းကျင်တွင် အစီအရင်သိန်းချီ ပေါ်ထွက်လာ၏။ အစီအရင်တစ်ဝက်လောက်မှ ဧရာမ တွင်းနက်ကြီးများ ပေါ်ထွက်လာစဉ် ကျန်ရှိနေသည့် တစ်ဝက်ကမူ စည်းပိတ်ခြင်း နည်းလမ်းများ ပါဝင်နေသည်။

ကျန့်ချောင်းက အနာဂတ်ဗုဒ္ဓကိုယ်ကျမ်းကို အသုံးပြုကာ အနာဂတ်ကို တွက်ချက်လိုက်ပြီး မျက်မှောင်ကြုတ်မိသွားသည်။ သူ မြင်လိုက်ရသည့် အနာဂတ်အရ သူသည် တစ်ဖက်လူ၏ စွမ်းအားအပြည့်အဝကို မကူးယူနိုင်လိုက်ကြောင်း သဘောပေါက်သွားသည်။

နမူနာအနေနှင့် သူက ထိုအစီအရင်များကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ဖို့ ဝမ်ဝေ့၏ အသိပညာကို အသုံးပြုခဲ့သည်။ သို့သော် တချို့သော အစီအရင်များက သူ့လက်ရှိအနေအထားဖြင့်ပင် ရှုပ်ထွေးလွန်းနေကြောင်း သဘောပေါက်သွားခဲ့၏။

ပို၍ အရေးကြီးသည်ကား ဝမ်ဝေ့သည် ဝိညာဉ်အရည်အသွေးကြောင့် ပိုမို တွက်ချက်အား ကောင်းမွန်နေဆဲ ဖြစ်၏။ ထို့ကြောင့်  အစီအရင် ဖျက်ဆီးနှုန်းသည် ဝမ်ဝေ့၏ ဖန်တီးနှုန်းနှင့် ယှဉ်၍ မရပေ။

ထို့ကြောင့် ကျန့်ချောင်းက စည်းပိတ်ရေး အစီအရင်တချို့ကို ဖျက်ဆီးကာ တခြားအရာများကို ခွန်အားသပ်သပ်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ တွင်းနက်ကြီးများအတွက်မူ ပေါက်ကွဲထွက်လာလျှင်ပင် သူက လျစ်လျူရှုထားလိုက်၏။

တွင်းနက်ကြီး သိန်းချီကာ ပေါက်ကွဲမှုက ကျန့်ချောင်းအား ဒဏ်ရာရစေခဲ့သည်။ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည့် လက်မောင်း၊ နံရိုးနှင့် ဦးခေါင်းတို့က အတွင်းကြေသွားသလို ခံစားလိုက်ရသည်။ ကံဆိုးစွာဖြင့် သူက ချက်ချင်းဆိုသလို ပြန်ကောင်းလာကာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ထို့နောက် ကျန့်ချောင်း၏ အရှိန်အဝါက သူ့လွတ်လပ်ခွင့် နည်းစနစ်များဖြင့် ရုတ်ချည်းဆိုသလို တိုးတက်လာသည်။

ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ကျိန်ဆဲလိုက်၏။ ထိုလူသည် သူ့စွမ်းအားဖြင့် လွတ်လပ်ခွင့်တာအိုကို အသုံးမပြုနိုင်လောက်ကြောင်း တွေးနေခဲ့မိသည်။ သို့သော် သူက မှားသွားခဲ့၏။

ကျန့်ချောင်းက သူ့စွမ်းအားကို သူ့အား အရှက်ခွဲဖို့ အသုံးပြုခြင်း ဖြစ်၏။ သို့သော် ယခုတွင် သူက ဆက်လက် မကစားလိုတော့ဟန်ပေါ်သည်။

ထို့ကြောင့် ဝမ်ဝေ့က ဘာမှမလုပ်နိုင်ခင် ကျန့်ချောင်းက သူ့ရှေ့ ရပ်နေသည်ကို မြင်လိုက်ရပြီး လက်နှစ်ဖက် အဖြတ်ခံလိုက်ရတော့သည်။

ထို့နောက် ကျန့်ချောင်းက ဝမ်ဝေ့၏ ခြေထောက်နှစ်ချောင်းကို ဖြတ်ဖို့ ဓားမော့ကို ဝေ့ယမ်းလိုက်သည်။ သို့သော် ထူးဆန်းသည့် ချပ်ဝတ်တစ်ခုက သူ့အား ကာကွယ်ပေးထား၏။ မှော်စက်ဝန်းများနှင့် သင်္ကေတများစွာဖြင့် ပြုလုပ်ထားသည့် ချပ်ဝတ်တစ်ခု ဖြစ်၏။

“ဟူး … လက်နက်သန့်စင်ရေးနဲ့ အစီအရင်ဆရာတို့အတွက် ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ … ဒီကျွမ်းကျင်အတတ်ပညာနှစ်ခုလုံးရဲ့ အထွတ်အထိပ်လို့တောင် မှတ်ယူနိုင်တယ်”

ကျန့်ချောင်းက ပြောလိုက်သည်  “ ခင်ဗျားက တကယ်ကို ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ  ”

ထို့နောက် ကျန့်ချောင်းက ဓားမော့ကို မြောက်ကာ ဆက်လက် ပိုင်းချလိုက်သည်။ သူက ထိုချပ်ဝတ်သည် ကြာကြာမခံကြောင်း သိ၏။

ဝမ်ဝေ့က လက်မောင်းမှ သွေးထွက်မှုကို တားဆီးလိုက်ရသည့်အတွက် မျက်နှာက ဖြူဖျော့လာသည်။ သူက ကျန့်ချောင်း၏ ချီးကျူးမှုကို ဂရုမစိုက်ပေ။

အဆင့်မြင့် ကျွမ်းကျင်အတတ်ပညာရှင် ဖြစ်လာဖို့အတွက် ကျင့်ကြံသူတစ်ဦးက မူလအဆီအနှစ်၊ ဝိညာဉ်စွမ်းအား၊ နားလည်နိုင်စွမ်းနှင့် အရင်းအမြစ်များစွာ လိုအပ်ပေသည်။ ဝိညာဉ်စွမ်းအားနှင့် နားလည်နိုင်စွမ်းတို့က အရေးပါဆုံးနှင့် အုတ်မြစ် ဖြစ်ကြသည်။ မူလအဆီအနှစ်မြောက်များစွာက အစီအရင် သို့မဟုတ် အဆောင် ဖန်တီးရာ၌ လိုအပ်သည့် အဆင့် ဖြစ်သည်။

ထို့အပြင် ကျွမ်းကျင်အတတ်ပညာအားလုံးက အံ့ဖွယ်သင်္ကေတများကို အသုံးပြု၍ အရင်းအမြစ်နှင့်အချိန် အလုံအလောက်ရှိပါက နောက်တစ်ခု ကျွမ်းကျင်လာခြင်းမှာ ပုံမှန်သာ ဖြစ်၏။

ထို့ကြောင့် သူက သူ့နားလည်နိုင်စွမ်းနှင့် ဝိညာဉ်စွမ်းအားတို့ဖြင့် ထိုသို့သော အောင်မြင်မှုမျိုး ရှိလာသည်မှာ ကြီးကြီးကျယ်ကျယ်ဟု မထင်မိပေ။ ထို့အပြင် နယ်ပယ်တစ်ခုစီတွင် ကျွမ်းကျင်ထူးချွန်ကြသည့် လူတစ်ချို့ရှိနေသေးကြောင်း သိထား၏။

ဝမ်ဝေ့က သူ့လက်မောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က အပြည့်အဝ အသုံးမဝင် ဖြစ်နေခြင်း မဟုတ်သော်လည်း အဟန့်အတားတော့ ဖြစ်နေသည်။ ထို့ကြောင့် သူက ပြန်လည် ကုသခြင်း မလုပ်နိုင်သေးပေ။

သဘောတရားအရ သူက ပြန်လည်ကုစားဖို့အတွက် အံ့ဖွယ်ပင်လယ်ထဲမှ မူလအဆီအနှစ်နှင့် ဝိညာဉ်ချီတို့ကို အသက်ဓာတ်အဖြစ် ပြောင်းလဲနိုင်သင့်ပေသည်။ သို့မဟုတ် သူ့သေခြင်းရှင်ခြင်း ပင်ကိုစွမ်းရည်ကို အသုံးပြုနိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် ကျန့်ချောင်းက သူ့ကိုယ်ပိုင်တုယီနယ်ပယ်ဖြင့် သူ့အား ပြန်ရင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က သူ့လက်မောင်းအတွင်း တူညီသည့် စွမ်းအားနှစ်ခုက ထိပ်တိုက်ရင်ဆိုင်ကာ ကုသခြင်းကို တားဆီးထားကြောင်း ခံစားမိလေသည်။

ဓားချက်သုံးချက် ခံယူပြီးသည့်နောက် ဝမ်ဝေ့၏ ချပ်ဝတ်က အစိတ်စိတ်အမွှာမွာ ကြေမွသွားသည်။

ထို့ကြောင့် ကျန့်ချောင်းက ထပ်မံ လှုပ်ရှားလိုက်သည်။ သို့သော် ဤတစ်ကြိမ် အနက်ရောင်လိပ်ခွံက ဝမ်ဝေ့ကို ကာကွယ်ပေးထားသည်။

“ဧကရာဇ်အသုံးအဆောင်လား … ကျုပ်ဆီလည်း တစ်ခုရှိတယ်” ကျန့်ချောင်းက ငွေရောင်ဓားမော့ကို တစ်နေရာမှ ဆွဲထုတ်လိုက်သည်။ သူက ဓားဖြင့် လိပ်ခွံအား ခုတ်ချလိုက်သည့်အတွက် ဝမ်ဝေ့က သွေးအန်လိုက်ရသည်။

ထိပ်တိုက်တွေ့မှုတစ်ကြိမ်စီတိုင်းတွင် ဝမ်ဝေ့၏ အသားရောင်က ဖြူဖျော့လာခဲ့၏။

ကျစ် … အဲဒါကြောင့် ငါ ဧကရာဇ်အသုံးအဆောင် သုံးရတာ မကြိုက်တာပဲ …

ဝမ်ဝေ့က သူ့မူလအဆီအနှစ်များသည် တွင်းနက်ကြီးထဲ ဝါးမျိုခံလိုက်ရကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူက အထွတ်အထိပ်အခြေအနေတွင် ဖြစ်နေပါက သူ့ခန္ဓာကိုယ်မှ သွေးစွမ်းအား၊ ဝိညာဉ်စွမ်းအား၊ စည်းမျဉ်းနှင့် မျှခြေထိန်းထားဖို့ သူ့စွမ်းအားကို အသုံးပြုနိုင်လိမ့်မည်။

သို့သော် ယခုတွင် သူ့ခန္ဓာကိုယ်နှင့် စည်းမျဉ်းတို့က အသုံးမဝင် ဖြစ်နေပြီး သူ့ဝိညာဉ်စွမ်းအားကလည်း ဧကရာဇ်တစ်ပိုင်း အသင့်အစီအရင်များကြောင့် အားလျော့နေသည်။ သူ့အတွက် ရှိနေသည့် တစ်ခုတည်းသောအရာမှာ သူ့စွမ်းအားသာ ဖြစ်၏။ သို့သော် ယခုတွင် ပြဿနာ ဖြစ်နေသည်။

ဝမ်ဝေ့က မူလအဆီအနှစ် ပြောင်းလဲနိုင်ရန် ဝိညာဉ်ချီ ထုတ်လုပ်နိုင်ဖို့ သူ့ချီပန်းပွင့်အပေါ် အာရုံစိုက်ထားလိုက်သည်။

ကျန့်ချောင်းက ဓားကို ဝေ့ယမ်းလိုက်ပြန်သည်။ ဤတစ်ကြိမ် ဝါးမျိုရေးစွမ်းအားက ဝမ်ဝေ့၏ မူလအဆီအနှစ်များကို ဝါးမျိုသွားပြီး အခြေအနေအား ပို၍ ဆိုးရွားသွားစေသည်။

ငါ စွမ်းအား ပြတ်သွားရင် ဧကရာဇ်အသုံးအဆောင်က အသုံးဝင်တော့မှာ မဟုတ်ဘူး … အဲဒီအခါ ငါ တကယ် အကာအကွယ်မဲ့သွားလိမ့်မယ်

ဒီလိုဆိုရင် တုံ့ဆိုင်းနေစရာ မလိုတော့ဘူး …

ဝမ်ဝေ့က ခဏတာ အာရုံစိုက်ထားလိုက်ပြီးနောက် သူ့အမူအရာက ပျက်ယွင်းလာသည်။

“ နောက်ဆုံးတော့ သတိထားမိပြီလား ”

ဝမ်ဝေ့က ပြန်မဖြေဘဲ ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ရလဒ်ကမူ အတူတူ ဖြစ်နေ၏။ သူက မသေမျိုးဝိညာဉ်သုံးပါးမှ တစ်ခုဖြစ်သည့် တောက်ပစိတ်ဝိညာဉ်ပေါ်ရှိ သူ့စည်းတံဆိပ်အတွင်း နောက်ထပ် စည်းတံဆိပ်တစ်ခုကို တွေ့လိုက်ရသည်။

သူက ယခုအခြေအနေကို အကူအညီဖြစ်စေရန် သိုလှောင်ထားသည့် ဝိညာဉ်စွမ်းအား အနည်းငယ် ရယူဖို့ စည်းတံဆိပ်ကို တစိတ်တပိုင်း ဖယ်ရှားဖို့ ရည်ရွယ်ထားခဲ့သည်။ သို့သော် ကံဆိုးသည်ကား သူ့အပြုအမူကို ဟန့်တားထားသည့် နောက်ထပ် စည်းတံဆိပ်ကို တွေ့လိုက်ရသည်။ သူ့အား ပို၍ ကြောက်ရွံ့သွားစေသည်မှာ သူ့ဝိညာဉ်ထဲ စည်းတံဆိပ်  ဘယ်လိုရောက်လာမှန်း သတိမထားမိခဲ့ပေ။

“မင်း ဘာလုပ်လိုက်တာလဲ ”

“ဘာပြောချင်တာလဲ … ခင်ဗျားရဲ့ အကြွင်းမဲ့ ဝှက်ဖဲကို စည်းပိတ်လိုက်တာလေ” ကျန့်ချောင်းက အပြုံးလေးဖြင့် ပြောလာသည်။ သူက ဓားမော့ ဝေ့ယမ်းနေတာကို မရပ်တန့်လိုက်ပေ။

ဝမ်ဝေ့ကမူ နှာခေါင်းရှုံ့လိုက်၏။

“မင်းရဲ့ စွမ်းအားနဲ့ ကန့်သတ်ချက်ကို သိတယ်။ မင်းက ငါ့စွမ်းအားကို အတုခိုး ကူးယူပြီး အားကောင်းလာပေမဲ့ ငါ သတိမထားမိဘဲ ဒီလိုလုပ်နိုင်စရာ အကြောင်းမရှိဘူး ”

“ ဟားဟား ခင်ဗျားပြောတာ မှန်တယ်။ ကျုပ် ပြောရမယ်ဆိုရင် ကံကြမ္မာမဲ့ဝိညာဉ်က အရမ်းအဖိုးတန်နေတယ်လေ။ အဲဒါကြောင့် မဟာဧကရာဇ်တွေကိုတောင် ပုရွက်ဆိတ်တွေလို သဘောထားတဲ့ တချို့ပုဂ္ဂိုလ်တွေက ဒီဟာကို ရယူဖို့ ဘာမဆို ပေးချင်ကြတယ်”

“အဲဆိုတော့ မင်းက လက်စားချေဖို့ ဝိညာဉ်ကို ရောင်းလိုက်တာပေါ့”

“အဲဒါက ခင်ဗျားလို မကောင်းဆိုးဝါးကို သတ်နိုင်မဲ့ တစ်ခုတည်းသော လမ်းကြောင်းပဲ” ကျန့်ချောင်းက ပြောလိုက်သည်။ သူက ခဏတာ အတွေးထဲ နစ်မျှောသွားပြီး   “ ခင်ဗျားအကြောင်းနဲ့ လုပ်ဆောင်နိုင်စွမ်း၊ စွမ်းအားတွေကို သိလာလေလေ ပိုမို စက်ဆုပ်မိလေလေပဲ။ အဲဒါကြောင့် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ ဘာဖြစ်ဖြစ် ကျုပ်က လွန်ခဲ့တဲ့ နှစ် တစ်သိန်းနှစ်သောင်း အဲဒီညမှာ သေဆုံးပြီးသားပဲ ”

“ မင်းမိသားစုကို ပြန်အသက်သွင်းတဲ့ နည်းလမ်းရှာတာ ပိုမကောင်းဘူးလား”

“ သူတို့တွေ ပြန်အသက်သွင်းခံရမှာပါ ”

ဝမ်ဝေ့က သူ့အား ကြည့်လိုက်သော်လည်း ဘာမှမပြောတော့ပေ။ သူက လက်စားချေလိုစိတ် ပြင်းထန်နေသည့်လူအား အကျိုးသင့်အကြောင်းသင့် ပြောနေ၍ အဓိပ္ပါယ်မရှိကြောင်း သိထားသည်။

ကျန့်ချောင်းက လက်ဝေ့လိုက်ပြီး အဝါရောင်ပုတီးစေ့ကို ပုံဖော်လိုက်သည်။ ထိုအရာက နောက်ထပ် ဧကရာဇ်အသုံးအဆောင်တစ်ခု ဖြစ်၏။ အဝါရောင်ပုတီးစေ့က ဝမ်ဝေ့၏ လိပ်ခွံနှင့် တိုက်မိသွားစဉ် ကျန့်ချောင်းက ဓားမော့ဖြင့် ထပ်မံ ခုတ်ချလိုက်သည်။

တိုက်ကွက်နှစ်ခုအပြီး ဝမ်ဝေ့က မူလအဆီအနှစ် ပြတ်တောက်သွားလေပြီ။ သူ့လက်ထဲ ဒုတိယ ဧကရာဇ်အသုံးအဆောင် ရှိနေသေးသော်လည်း အသုံးမပြုနိုင်ပေ။ အကယ်၍ သူ ထိုသို့လုပ်လိုက်လျှင် သူ့ကျင့်ကြံရေးမှ သက်တမ်းအများစုကို စုပ်ယူသွားလိမ့်မည်။

ကံဆိုးစွာဖြင့် သူ့သက်တမ်း နှစ်သန်းချီအများစုက ယခု အသုံးပြုလို့မရသည့် သူ့ခန္ဓာကိုယ်ကြောင့် ရလာခြင်း ဖြစ်၏။ အကြောင်းမှာ သူ့အသက်ဓာတ်အများစုက  နဂါးချုပ်နှောင်ရေးမြက်နှင့် ရင်ဆိုင်တိုက်ခိုက်နေရသည်။

ထို့အပြင် ဝမ်ဝေ့က တာအိုအခွင့်အလမ်းဂိုဏ်း၏ တရားဝင် လက်နက်အရေအတွက်အတိုင်း ကျန့်ချောင်းတွင် ဧကရာဇ်အသုံးအဆောင်ပစ္စည်း ကိုးခုရှိလိမ့်မည်ဟု ထင်နေမိသည်။

ထို့ကြောင့် သူက ဖြူဖျော့နေသည့် အသားရောင်နှင့် မြေပေါ် ထိုင်ချလိုက်ပြီး သူ့ကိုယ်သူ အချိန်ဆွဲဖို့ နောက်ဆုံးစွမ်းရည်ကို အသက်သွင်းလိုက်သည်။

ကိုယ်ထည်မဲ့ …

နည်းနည်းလောက်ပဲ …

ဝမ်ဝေ့က သူ့လက်ရှိစွမ်းရည်သည် အချိန်အလုံအလောက် ဆွဲထားပေးနိုင်ဖို့ ဒါမှမဟုတ် တစ်ဖက်လူ ပြန်လည် မချေပနိုင်ဖို့ရာ မျှော်လင့်နေမိသည်။

***

All Chapters