← Chapters

အလောင်းအစား

Vol. 36 Ch. 494

အလောင်းအစား

Vol. 36 Ch. 494

“ ခင်ဗျားက ဘာလဲ” ကျန့်ချောင်းက ကြောက်ကြောက်လန့်လန့် ဖြစ်သွားသည်။ သူက ထိုစိတ်စွမ်းအား၏ တစ်ရာခိုင်နှုန်းပင် မကူးယူနိုင်ခဲ့ဘဲ လွှမ်းမိုးခံလိုက်ရသည်။ အကယ်၍ ထိုစွမ်းအားကို လက်လျော့ဖို့ အချိန်ဆွဲထားပေးနိုင်သည့် သူ့ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် တန်ပြန်သက်ရောက်မှုအောက် သေဆုံးသွားနိုင်၏။

“ငါလည်း မကြာခဏ ကိုယ့်ဘာသာ မေးဖြစ်တယ်။ ဒါပေမဲ့ နက်နက်နဲနဲ မတွေးတာ အကောင်းဆုံးဆိုတာ သိခဲ့တယ်လေ။ အဲဒါက ညဘက် ကောင်းကောင်းအိပ်ပျော်စေတယ်” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ကျန့်ချောင်းက တုံ့ဆိုင်းဆိုင်းဖြင့် ကြည့်လာသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ပြီး မူလနေအထားကို ပြန်ယူလိုက်သည်။ ထို့နောက် သူ့စိတ်ထဲ ထိုနေ့ရက်မှ အော်သံက ပြန်ထွက်ပေါ်လာကာ သူ့ဆုံးဖြတ်ချက်အား ပိုခိုင်မာသွားစေသည်။

သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ဧကရာဇ်အဆင့် ဓားမော့ကို ဆင့်ခေါ်လိုက်သည်။ သူက တစ်ဖက်လူဆီ ခေါင်းဖြတ်ပစ်ဖို့ ပြေးသွားလိုက်၏။ ဝမ်ဝေ့က ထိုအရာကို မြင်သည့်အခါ သူ့မျက်ဝန်းတစ်လျှောက် နောင်တနှင့် နာကျင်မှုတို့ ဖြတ်ပြေးသွားပြီး သက်ပြင်းချလိုက်သည်။

ဝုန်း

အာကာပြင်တစ်ခုလုံးကို လှုပ်ခါသွားစေသည့် ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး ဖြစ်လာသည်။ ကျန့်ချောင်းက ခေါင်းမဖြတ်နိုင်ခင် ဝမ်ဝေ့က ယခုလေးမှ အသစ်ဖန်တီးထားသည့် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

အချိန်နောက်ပြန်ရစ်ခြင်း …

သူက ခန္ဓာကိုယ်ကို လွန်ခဲ့သည့် နာရီပိုင်းက အနေအထားသို့ ပြန်ပြောင်းလိုက်သည်။ သူက အထွတ်အထိပ် အခြေအနေတွင် ရှိနေဆဲအချိန် ဖြစ်၏။ ထို့နောက် သူ့ခန္ဓာကိုယ်၊ မူလအဆီအနှစ်၊ စည်းမျဉ်းပလ္လင်၊ အံ့ဖွယ်ပင်လယ်နှင့် သူအသိစိတ်ပင်လယ်အထိ ဖောက်ခွဲပစ်လိုက်သည်။ သူ့အပြုအမူများတွင် တုံ့ဆိုင်းနေခြင်းမျိုး မရှိပေ။

ပေါက်ကွဲမှုက အနည်းဆုံးဆိုရလျှင် ကပ်ဘေးသဖွယ် ဖြစ်သည်။ နဂါးဆင်နှစ်ကောင်ခွန်အားဖြင့် အလယ်အလတ်ကမ္ဘာနှစ်ထောင်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။ သို့သော်လည်း ထိုပေါက်ကွဲမှုတစ်ခုတည်းဖြင့် သူက ကမ္ဘာတစ်သောင်းလောက်ကို ဖျက်ဆီးပစ်နိုင်လောက်၏။

ထို့အပြင် သူက  ဝူဟုန် ချန်ထားခဲ့သည့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးပေါ်မှ စည်းတံဆိပ်ကိုပါ ဖယ်ရှားပစ်ခဲ့ကာ ထာဝရအဆင့် စွမ်းအားကို ထုတ်ဖော်ခဲ့သည်။

ထိုစဉ် အနီရောင်ဒိုင်းကာက ဝမ်ဝေ့၏ အစစ်အမှန်ကမ္ဘာဦး စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားသော်လည်း ဒိုင်းက ပျောက်ကွယ်တော့မည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

ငါ မှန်တယ် … တိထျန်းက ကောင်းကင်တာအိုဆီ ငါ့အချက်အလက်တွေ ပေးလိုက်တာပဲ

ဝမ်ဝေ့က တွေးလိုက်သည်။ သူ အသုံးပြုလိုက်သည့် ဒိုင်းကာ ဝူဟုန်ဆီမှ အဆောင် ဖြစ်ကာ သူ့နောက်ဆုံးဝှက်ဖဲလည်း ဖြစ်သည်။ သူ အသုံးမပြုနိုင်သည့် တစ်ခုတည်းသောအချိန်က တိထျန်းနှင့် ရင်ဆိုင်စဉ်က ဖြစ်ပြီး အသုံးမဝင်ဖြစ်သွားခဲ့သည်။

ကျန့်ချောင်းအနေနှင့် သူမစွမ်းအားကို နားလည်နိုင်စွမ်း မရှိဘဲ ပြန်လည်ရင်ဆိုင်ဖို့ နည်းလမ်း ဖန်တီးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအခြေအနေအတွက် တစ်ခုတည်းသော ဖြေရှင်းနည်းက တိထျန်းကသာ ကောင်းကင်တာအိုဆီ ပေးလိုက်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ကျန့်ချောင်း၏ လက်ထဲ ကျရောက်သွားခဲ့သည်။

ကံကောင်းစွာဖြင့် သူက နောက်ဆုံးကျရှုံးမှုအပြီးတွင် ဝူဟုန်အား ဆင့်ကဲပြောင်းလဲခိုင်းခဲ့သည်။

ဝမ်ဝေ့က ဒိုင်းကာကို တည်ငြိမ်ဖို့ သူ့ဝိညာဉ်ဖြင့် ဆက်သွယ်လိုက်ပြီး အချိန်ဆွဲလိုက်သည်။ ထို့နောက် သူက ခေါင်းအထက် သရဖူရှိနေသည့် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ သူ ဖောက်ခွဲမပစ်လိုက်သည့် တစ်ခုတည်းသောအရာက ပန်းသုံးပွင့် သရဖူ ဖြစ်ပြီး စည်းမျဉ်းပလ္လင်မှ ကမ္ဘာဦးစိတ်ဝိညာဉ်ဆီ ရွေ့ထားခဲ့သည်။

ထို့နောက် သူက ခန္ဓာကိုယ်အကြောင်း တွေးလိုက်မိ၏။ ဤသို့အားကောင်းသည့် ခန္ဓာကိုယ်ကို ဆုံးရှုံရသည်က ကြေကွဲဖွယ် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အကောင်းဆုံး ဖြစ်နေသည်။

ကံကောင်းစွာဖြင့် သူ့အစစ်အမှန် ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်က ချိတ်ဆက်ထားသေး၏။ ထို့ကြောင့် သူက ပြန်လည်စတင်နိုင်သည်။ သူက အရင်းအမြစ်၊ အချိန် အလုံအလောက်ဖြင့် ပြန်လည်ဖန်တီးနိုင်သည်။ သူ့အတွင်းအင်္ဂါများဆီမှ ပင်ကိုရတနာများက ယခုအခါ သူ့ဝိညာဉ်နှင့် ပေါင်းစပ်သွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ ပြန်လည်ကုသခြင်းက အားစိုက်မှုနှင့် ပိုက်ဆံများစွာ လိုအပ်နေဆဲ ဖြစ်၏။ သူက သူဌေးမျိုးဆက်၏ ဒုတိယမျိုးဆက် ဖြစ်နေလေသည်။

ထို့အပြင် ကျင့်ကြံရေးနှင့် ခန္ဓာကိုယ်အပေါ် သူ့နားလည်နိုင်စွမ်းဖြင့် သူက အနည်းဆုံး ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း ပိုကောင်းသည့် အုတ်မြစ်ကို ပြန်ဖန်တီးနိုင်လိမ့်မည်။

ဝမ်ဝေ့က ဒိုင်းအပြင်ဘက်ကို ကြည့်လိုက်သည့်အချိန် အရာအားလုံးက မှောင်မည်းကာ ဖရိုဖရဲ ဖြစ်နေသည်။ နေရာတိုင်းတွင် လျှပ်စီးနှင့် မိုးကြိုးများ ရှိနေပြီး မြင်ကွင်းရှိ အရာအားလုံးကို ရှင်းထုတ်ပစ်နေသည်။ ယခင် အစိမ်းရောင်နှင့်အပြာရောင် ကမ္ဘာကြီးက ယခုအခါ အဆုံးသတ်နေ့ရက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝမ်ဝေ့က အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်နေရင် ကျန့်ချောင်း သေသွားပြီဟု မတွေးမိပေ။ ထို့ကြောင့် သူက စည်းတံဆိပ်ကို ပြန်လည်အသက်သွင်းကာ သူ့ဝိညာဉ်ထဲ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး မစုပ်ယူခင် ဒိုင်းကာ တောင့်မခံနိုင်တော့သည့်အထိ စောင့်လိုက်သည်။

ထို့နောက် သူက ဝိညာဉ်ပန်းပွင့်မှ ဝိညာဉ်ချီကို ထိန်းချုပ်ကာ သူ့ကိုယ်သူ ကာကွယ်ဖို့ နောက်ထပ် အကာအရံတစ်ခု ဖန်တီးလိုက်သည်။ သူ့ဝိညာဉ်က ဤအာကာပြင်အတွင်း ဖရိုဖရဲစွမ်းအားများကို ခုခံနိုင်လောက်အောင် အားကောင်းသော်လည်း မစွန့်စားလိုပေ။

နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး ပျောက်ကွယ်သွားပြီးနောက် အာကာပြင်နှင့်တူသည့် ပိုင်နက်က သူ့ဘာသာ ကောင်းမွန်လာသည်။ ထို့နောက် လေထုထဲ ကျန့်ချောင်းခန္ဓာကိုယ်ကို မြင်လိုက်ရသည်။ သူ့ဝန်းကျင်တွင် ကာကွယ်ပေးထားသည့် ဒိုင်းကာတစ်ခု ရှိနေသည်။

သို့သော်လည်း သူ့ခေါင်း၊ ညာဘက်လက်နှင့် အပေါ်ပိုင်းခန္ဓာကိုယ်သာ ကျန်ရှိတော့၏။ ထို့နောက် ဖျက်ဆီးခံထားရသည့် နေရာများက တွန့်လိမ်လာကာ ပြန်လည်ကောင်းမွန်လာသည်။ ထိုအရာကို မြင်ပြီး ဝမ်ဝေ့၏ အကြည့်များက တောက်ပသွားသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက် ကျန့်ချောင်းက မျက်လုံးဖွင့်လာသည်။ သူ့ခန္ဓာကိုယ်က အကောင်းတိုင်း ဖြစ်နေသော်လည်း အင်မတန် ဖြူဖျော့နေသည်။ ကျန့်ချောင်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည်။

“ ကျုပ်က ကမ္ဘာ့အသိုက်အဝန်း နှစ်ဆယ်ကျော်နဲ့ ကောင်းကင်အလိုဆန္ဒ ကမ္ဘာ ခြောက်ခုကို သွားခဲ့ပြီး ပြိုင်ဘက်တွေ၊ ကောင်းကင်ရွေးချယ်ခံတွေနဲ့ ကျုပ်ထက် အဆင့်မြင့်တဲ့လူအများကြီးနဲ့ တိုက်လာတာ။

ကျုပ် တိုက်ပွဲတွေထဲ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ဖက်လူရဲ့ အချက်အလက်ကို စုဆောင်းနိုင်သရွေ့ ကျုပ်က အလွယ်လေး အမြဲတမ်း နိုင်တာပဲ။ ဒါပေမဲ့ ခင်ဗျားအချက်အလက်ကို အများဆုံး ရထားပေမဲ့ တိုက်ပွဲထဲမှာ အခက်ဆုံးပဲ။ ကောင်းပြီလေ … အရေးကြီးတာက နောက်ဆုံးအနိုင်ရသူက ကျုပ်ပဲဆိုတော့ …

ခင်ဗျားရဲ့ ခေါင်းကို ကျုပ်မိသားစု အုတ်ဂူဆီ ပြန်မယူသွားပေးနိုင်တာ နှမြောစရာပဲ ”

ဝမ်ဝေ့က ပြုံးလိုက်၍ ကျန့်ချောင်းက တစ်ခုခု ဆိုးဆိုးရွားရွား ခံစားမိလိုက်သည် “မင်းလက်ကို ကြည့်လိုက်”

ကျန့်ချောင်းက အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူ့ဘယ်ဘက်လက်တွင် တက်တူးနှင့်တူသည့် သင်္ကေတတစ်ခုကို မြင်လိုက်ရသည်။ သူက ထိုအမှတ်အသား ဘယ်ကနေ ဖြစ်လာကြောင်း မစဉ်းစားနိုင်ခင် သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်အထိ အမှတ်အသားများစွာ ပေါ်ထွက်လာ၏။

ဝမ်ဝေ့က မလှုပ်ရှားနိုင်သလို စကားမပြောနိုင် ဖြစ်နေသည့် ကျန့်ချောင်းဆီ ပျံသန်းသွားကာ မျက်လုံးထဲစိုက်ကြည့်ပြီး ပြောလိုက်သည် “ကွမ်တန်အဖျက်ကောင် အစီအရင် … အိုး မင်းက ဘာဆိုတာကို နားမလည်လောက်ဘူး။ ငါက မဟာဧကရာဇ်တွေတောင် အာရုံမခံမိလောက်တဲ့ အစီအရင်အသေးလေးကို ဖန်တီးထားတာလေ။

အဲဒီနောက် အဖျက်ကောင်လိုမျိုး သူ့ဘာသာ စွမ်းရည်ကို ပုံတူပွားနိုင်တဲ့ စွမ်းရည်ကို ပေးလိုက်တယ်။ ငါတို့ ပထမဆုံးတစ်ခေါက် ရင်ဆိုင်ကတည်းက မင်းခန္ဓာကိုယ်ထဲ ထားပြီးသား။

ငါ ဒဏ်ရာရတိုင်း မင်းကို ကုသဖို့ ဖိအားပေးတိုင်း ပုံတူပွားတဲ့ ဖြစ်စဉ်က ပိုများလာတယ်။ ကံဆိုးတာက မင်း ငါ့စွမ်းအားကို ယူသွားတုန်းက ငါ့ခန္ဓာကိုယ်ရဲ့ သဘာဝခုခံမှုက အဲဒီဖြစ်စဉ်ကို နည်းနည်းနှောင့်နှေးစေခဲ့သေးတယ်။

ကံကောင်းတာက မင်းက ငါ့စွမ်းအားကို လက်လျော့သွားအောင် လုပ်နိုင်ခဲ့တယ်။ ပြီးတော့ အရင်ပေါက်ကွဲမှုထဲ မင်းခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား အခြေအနေအထိ ဖြစ်စေခဲ့တယ်။ အခု အဖျက်ကောင်က မင်းခန္ဓာကိုယ်ရဲ့ အက်တမ်အမှုန်လေးတိုင်းကို ကပ်တွယ်ပြီးနေပြီ။ မင်းဝိညာဉ်ရဲ့ အဆီအနှစ်ထဲအထိပဲ ။ ဒီအစီအရင်က ငါ့လက်ရာကောင်းထဲက တစ်ခုလို့ ပြောရမယ်။ လူမှုအဖွဲ့အစည်းနှစ်ခုရဲ့ ပြီးပြည့်စုံစွာ ပေါင်းစည်းမှုတစ်ခုပေါ့ ”

ဝမ်ဝေ့၏ အကြည့်များက ပိုတောက်ပလာကာ  “ငါ့ကို ကြည့်လိုက်ပါဦး။ မင်းလိုမျိုး လေပေါနေမိပြီ။ မစိုးရိမ်ပါနဲ့ …ငါက မင်းထိခိုက်အောင် မလုပ်ပါဘူး။ ဒါက မင်းကို ထိုက်တန်တဲ့ ပြိုင်ဘက်တစ်ယောက်အနေနဲ့ ပေးနိုင်တဲ့ လေးစားမှုပဲ။ ပြီးတော့ သိပ်မကြာခင် မင်းက ငါ့တစိတ်တပိုင်း ဖြစ်လာတော့မှာလေ”

ငါ့ပထမဆုံး လူဝင်စား … လွတ်လပ်ခွင့်တာအို

ငါ ကံကြမ္မာတာအိုနဲ့ ပေါင်းလိုက်တာနဲ့  …

သူက ရုတ်ချည်း တစ်စုံတစ်ခုကို ခံစားမိလိုက်၍ ခေါင်းမော့ကြည့်လိုက်သည့်အခါ အနက်ရောင်ပိုးဝတ်ရုံ ဝတ်ဆင်ထားပြီး သူ့နှင့် တစ်မီတာအကွာတွင် မျှောလွင့်နေသည့် အမျိုးသားကို မြင်လိုက်ရသည်။ သူက ထိုအမျိုးသား၏မျက်နှာကို မမြင်ရပေ။ ထူးဆန်းသည့် မြူက သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားဟန်ပေါ်သည်။ သို့သော် ဝမ်ဝေ့က ဂရုမစိုက်ပေ။

သူက ထိုလူသည် သူ့အနားတွင် ဘယ်အချိန်က ပေါ်လာလဲ မသိလိုက်သည့်အချက်အပေါ်သာ အာရုံစိုက်ထား၏။ သူ့စိတ်ထဲ အလျှင်အမြန် တွက်ချက်နေသည်။

“ကျန့်ချောင်းက မလိမ်ဘူးပဲ။ မင်းဝိညာဉ်က တကယ်ထူးခြားတယ်” အမျိုးသားက ရှတတဖြင့် ပြောလာသည် “ကံကြမ္မာမဲ့ဝိညာဉ်နဲ့ ထူးကဲဝိညာဉ် … တကယ်ကို အလဲအလှယ်ကောင်းပဲ ”

ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည် “ခင်ဗျားက ဘယ်သူလဲဆိုတာ သိလည်း မသိဘူး။ ဂရုလည်း မစိုက်ဘူး။ ခင်ဗျားကို တာအိုအခွင့်အလမ်းဂိုဏ်းကိစ္စကို ဝင်မပါဖို့ သတိပေးလိုက်မယ်”

“ဟားဟား ကောင်လေး … ကောင်းကင်ဘုံ နှလုံးသားနက်က သေမျိုးနယ်ပယ်က ဂိုဏ်းလေးကို ဂရုစိုက်မယ်များ ထင်နေလား”

“မဟုတ်ဘူး … ခင်ဗျားက အထက်လွှာမှာရှိတဲ့ နောက်ခံကို ဂရုစိုက်သင့်တာ ”

ကောင်းကင်ဘုံ နှလုံးသားနက်က ခဏတာ တုံ့ဆိုင်းသွားပြီး စဉ်းစားလိုက်သည်  “ အဲဒီသက်ရှိတွေက နှစ်ဘယ်လောက်ကွာနေမှန်း မသိတော့တဲ့ မျိုးဆက်တွေကို ဂရုစိုက်ဦးမယ်များ ထင်နေလား။ တစ်ခါက သူတို့အတွက် ကံကောင်းမှု ထောက်ပံ့ပေးပြီး အခု အကျိုးမရှိတော့တဲ့ မင်းရဲ့ဂိုဏ်းကို ဂရုစိုက်မယ်များ ထင်နေလား”

“သူတို့က အထွတ်အထိပ် တားမြစ်ခံ စစ်ဆေးမှု အောင်မြင်လာပြီး ထူးကဲတဲ့ ဝိညာဉ်ဖြစ်တဲ့ ကျုပ်ကိုတော့ ဂရုစိုက်ကြမှာ သေချာတယ်”

ကောင်းကင်ဘုံ နှလုံးသားနက်က ခဏရပ်တန့်သွားပြီး  “မင်းအတွက် ကံဆိုးတာက အထက်လွှာမှာ မင်းတို့ဘိုးဘေး သေသွားတာ ကြာလှပေါ့ ”

“ကျုပ်ဘိုးဘေးနှစ်ယောက်က ထာဝရဧကရာဇ်ပဲ။ သူတို့က ဘယ်လိုလုပ်သေနိုင်မှာလဲ”

“သူတို့က ယွမ်ခေတ်ကာလများစွာ ပေါ်မလာတဲ့အချက်က မပြောင်းလဲသွားဘူး ”

ဝမ်ဝေ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားပြီး သူ့ကမ္ဘာဦးစိတ်ဝိညာဉ်မှ ထူးဆန်းသည့် အငွေ့အသက်တစ်ခု စတင်ထုတ်လွှင့်လာသည်။ နှလုံးသားနက်က ထိုအရှိန်အဝါကို ခံစားမိသည့်အခါ သူ့မျက်နှာအထက်ရှိ မြူခိုးက ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့၏။

“မင်းက ဧကရီဝူနဲ့ ဘယ်လိုပတ်သက်နေတာလဲ ”

“ဘယ်လိုထင်လဲ ” ဝမ်ဝေ့က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။

ထို့နောက် နှလုံးသားနက်က ကြောက်မက်ဖွယ် ဖိအားမျိုး ထုတ်လာသည်။ ဖိအားတစ်ခုတည်းက ဝမ်ဝေ့၏ ဝိညာဉ်ကို ဖိချေပစ်နိုင်သော်လည်း သူကမူ အနည်းဆုံးတော့ အပေါ်ယံတွင် တည်တည်ငြိမ်ငြိမ် ရှိနေဆဲသာ ဖြစ်၏။ ထို့အစား သူက သိုလှောင်လက်စွပ်ထဲမှ ဝူဟုန်၏ အငွေ့အသက်ပါသည့် အဆောင်တစ်ခုကို ထုတ်လိုက်သည်။ ယခင် တားမြစ်ချက်များက ကျန့်ချောင်းကို ဖမ်းဆီးလိုက်ပြီးသည့်နောက် မရှိတော့ချေ။

“ခင်ဗျား အလိုရှိရင် သူမဆီ လှမ်းဆက်သွယ်ပေးလို့ ရတယ်”

နှလုံးသားနက်က အဆောင်ကို ကြည့်လိုက်ပြီး ဒီကောင်လေးက လျှောက်ပြောနေတာလားဟု စဉ်းစားနေသည်။ သို့သော်လည်း အဆောင်ပေါ်မှ အရှိန်အဝါကို ခံစားမိသည်နှင့် တစ်ခုခု ကွဲပြားသွားသည်။

ထို့ကြောင့် သူက အဆိုးအကောင်း ချင့်ချိန်လိုက်ပြီးနောက် ပြောလိုက်သည် “ ကောင်လေး မင်းကို မှတ်ထားမယ်”

ထိုသူ ပျောက်ကွယ်သွားပြီးနောက် ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

………….

အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတွင်

နှလုံးသားနက်က သူ ကျင့်ကြံဖို့ ပုန်းအောင်းနေသည့် ခေါင်းတလားကို ဖွင့်လိုက်၏။

“ကျစ် ငါ သူမနဲ့ ဘယ်လိုပတ်သက်မိသွားတာလဲ” သူက ထွက်လာလိုက်ပြီး  “ ကြည့်ရတာ ငါ အတွေးလွန်နေတာတူတယ်။ ဒီကောင်လေးက လျှောက်ပြောနေတာ နေမယ်။ ခဏ … ငါ ဒီကောင်လေးဆီကနေ ကွဲပြားတဲ့ တားမြစ်ချက်နှစ်မျိုးရဲ့ အငွေ့အသက်ကို အာရုံခံမိလိုက်တယ်။ သူက သာမန်မဟုတ်ဘူး။ ကြည့်ရတာ သူက သူမနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက လူတွေရဲ့ အရေးပါတဲ့ နယ်ရုပ် ဖြစ်ပုံပဲ ”

ထိုအရာကို တွေးလိုက်ပြီးနောက် နှလုံးသားက စတင်တုန်လှုပ်လာသည်။ သူက ထိုအကောင်ကြီးများ၏ အစီအစဉ်အတွင်း မတော်တဆ ပါဝင်ပတ်သက်မိသွားခဲ့လျှင် သူက အရိုးပင်မကျန်ဘဲ သေသွားလိမ့်မည်။

“မဖြစ်သေးဘူး … ငါ့ဘာသာ ကယ်ဖို့ နည်းလမ်းရှာရမယ်။ ငါ ဟိုခုနှစ်ကောင်နဲ့ ပူးပေါင်းလိုက်ရမလား။ မဖြစ်သေးဘူး … ဧကရီဝူက ငါ့ကို သတ်ချင်ရင် အဲဒီလူတွေက တားနိုင်မှာ မဟုတ်ဘူး။ ဟိုနှစ်ယောက်က ဝင်မကယ်သရွေ့ … ”

နှလုံးသားနက်က ရှေ့ပြန်နောက်ပြန် လျှောက်နေသည်။

“ငါ စည်းမျဉ်းမဲ့ဇုံထဲ ပုန်းနေတာ အကောင်းဆုံးပဲ ”

သူက ထိုဆုံးဖြတ်ချက် ချလိုက်ပြီးသည့်နောက် ခေါင်းတလားကို သိမ်းဆည်းကာ စည်းမျဉ်းမဲ့ဇုံဆီ ဦးတည်လိုက်သည်။

ထိုစဉ် ဒိုင်းမေးရှင်းအနိမ့်အတွင်း ဝမ်ဝေ့က သူ့ပခုံးပေါ်မှ ဝန်ထုပ်ကြီး ပေါ့သွားသလို ခံစားလိုက်ရသည်။ သူ့စိတ်အခြေအနေက ပို၍ သိမ်မွေ့လာပြီး စစ်ဆေးမှုကို အောင်မြင်ခြင်းနှင့် ပတ်သက်ပြီး သူ့စိတ်ထဲ အချက်အလက်တချို့ လက်ခံရရှိလိုက်သည်။

***

All Chapters