ဆုလာဘ်
Vol. 36 Ch. 495
“တကယ်ကို လန့်စရာပဲ” ဝမ်ဝေ့က သေဘေးမှ ကပ်သီလေး လွတ်လာသည်ကို တွေးရင်း ရေရွတ်လိုက်သည်။ သူက ကောင်းကင်တာအိုကို သူ့စစ်ဆေးမှုတွင် ကောင်းကင်ဘုံအဆင့် ပုံရိပ်အထိ ပါဝင်ပတ်သက်ခိုင်းသည့်အတွက် ကျိန်ဆဲလိုက်၏။
ကံကောင်းစွာဖြင့် သူ့ဇနီး၏ ဂုဏ်သတင်းက ဒိုင်းမေးရှင်းအမြင့်တွင် ကျော်ကြားနေပြီး သူက အမြန်အဆန် တုံ့ပြန်နိုင်ခဲ့သည်။ လင်းဖန်နှင့် ကျန့်ဝူရွှမ်းတို့၏ စစ်ဆေးမှုမှ တုံ့ဆိုင်းခြင်း၏ အကျိုးဆက်ကို သဘောပေါက်ထားသည်။
အကယ်၍ ထိုအချက်များကြောင့်သာ မဟုတ်လျှင် ဘာဖြစ်သွားမည်ကို မည်သူမှ သိကြမည် မဟုတ်ပေ။
ဝမ်ဝေ့က သူ့ကံသည်လည်း တစိတ်တပိုင်း ပါဝင်ကြောင်း ဝန်ခံရလိမ့်မည်။ နှလုံးသားနက်က သူ့မျက်နှာ သို့မဟုတ် ဇစ်မြစ်ကို ဖုံးကွယ်ထားသည်ကို မြင်ပြီးနောက် သူက ထိုသို့သော လူမျိုးသည် သူ့ဘေးကင်းလုံခြုံမှုအပေါ် အရာအားလုံးထက် တန်ဖိုးထားကြောင်း ကောက်ချက်ချနိုင်လိုက်သည်။
ထို့ကြောင့် သူက သူ့နောက်ခံအား အသုံးပြုကာ ခြိမ်းခြောက်လိုက်ပြီး နှလုံးသားနက်၏ လုပ်ဆောင်နိုင်စွမ်းထက် ကျော်လွန်နေသည့် သူ့ဘိုးဘေးနှင့် ဧကရီဝူကဲ့သို့သော အကောင်ကြီးများ ပါဝင်ပတ်သက်နေကြောင်း အရိပ်အမြွက်ပြကာ လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။
ထိုတွေ့ဆုံမှု အခိုက်အတန့်က မည်မျှဖိအားပြင်းထန်ကြောင်း စဉ်းစားကြည့်လိုက်ပြီးနောက် ဝမ်ဝေ့က သူ့ဝိညာဉ်ပင် ချွေးထွက်လာသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူက တည်ငြိမ်ဖို့ စက္ကန့်ပိုင်းကြာ အချိန်ယူလိုက်ရ၏။
ထို့နောက် သူက တစ်ခုခုကို အမှတ်ရသွားပြီး သူ့မသေမျိုးဝိညာဉ်ကို စစ်ဆေးကြည့်လိုက်သည့်အခါ တောက်ပစိတ်ဝိညာဉ်တွင် စည်းတံဆိပ် မရှိတော့ကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ထို့နောက် ဝမ်ဝေ့၏ စိတ်ထဲ ယခု သူက တာအိုနယ်ရှင် ဟု ယူဆနိုင်ကြောင်း အချက်အလက် ပေါ်လာသည်။ စစ်ဆေးမှုကို အောင်မြင်သည့် အထွတ်အထိပ် တားမြစ်ခံများကို တာအိုနယ်ရှင်ဟု သုံးနှုန်းစဉ် သာမန်တားမြစ်ခံကိုမူ တာအိုအရှင်ဟု သုံးစွဲကြသည်။ အတိုကောက်အားဖြင့် အရှင်ဟုလည်း သုံးစွဲသည်။
ထိုခေါင်းစဉ်၏ အကျိုးမြတ်ကမူ အတော်လေး စိတ်ဝင်စားစရာကောင်းလှ၏။ ထိုအရာက ကံကောင်းမှု တိုးမြင့်လာစေပြီး သဘာဝ နားလည်နိုင်စွမ်း ပါရမီကိုလည်း တိုးမြင့်ပေးသည်။ သို့သော်လည်း အဓိကဆုလာဘက်မူ ထိုလူများ ကောင်းကင်အလိုဆန္ဒကို စုပ်ယူနိုင်လျှင် ၂၀ ရာခိုင်နှုန်းအထိ ရောက်နိုင်သည့်အချက် ဖြစ်၏။
ထို့နောက် ကောင်းကင်တာအိုက အရှင်ကို ကူညီပြီး သူတို့တာအိုဆန္ဒကို ဖန်တီးပေးမည် ဖြစ်၍ သူတို့တည်ရှိမှုအကြောင်း နားလည်ဖို့ ပိုမို အချိန်ရလိမ့်မည်။ အကယ်၍ လူတစ်ယောက်တွင် တုယီနယ်ပယ်အဆင့် ရှိနေလျှင် တာအိုဆန္ဒ ဖန်တီးနိုင်ဖို့ အာမခံချက် ရလိမ့်မည်။
နယ်ရှင်နှင့် ပတ်သက်လာသည့်အခါ ကောင်းကင်တာအိုက သူတို့၏ တာအိုဆန္ဒကို ဖန်တီးဖို့ ကူညီပေးရုံသာမက သူတို့၏ တည်ရှိမှုအကြောင်း နားလည်စေရန် ရရှိမည့် သတ်မှတ်အချိန်ပါ တိုးမြင့်ပေးလိမ့်မည်။
ထိုဂုဏ်ပုဒ်က ကျင့်ကြံသူ၏ တစ်ဘဝစာအတွက် ဖြစ်ပြီး သူတို့သေဆုံးပြီး ပြန်လည်မွေးဖွားလာလျှင်ပင် သူတို့၏ အတိတ်ဘဝကို ပြန်လည်အမှတ်ရသရွေ့ ထိုဂုဏ်ပုဒ်က အသုံးဝင်နေဆဲ ဖြစ်လိမ့်မည်။
“ဒါပဲလား … ဒီလောက်အခက်အခဲတွေကြားမှာ ဒါက ငါ့ဆုလာဘ်တဲ့လား” ဝမ်ဝေ့က မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။ သူက ထာဝရဧကရာဇ်ဖြစ်လာဖို့ ယုံကြည်ချက်အပြည့်အဝ ရှိထားသောကြောင့် ထိုဆုလာဘ်များက သူ့အတွက် အာမခံချက်အသေးစားလေးမှအပ ဘာမှမဟုတ်ပေ။ ထို့ကြောင့် သူက ထိုဂုဏ်ပုဒ်သည် သူ သိထားသည်ထက် ပိုမိုအကျိုးကျေးဇူးရှိဖို့ရာ မျှော်လင့်နေမိခဲ့၏။
ဝမ်ဝေ့က စိတ်ပျက်တော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲ ဉာဏ်ကွန့်မြူးမှုတစ်ခု ပေါ်ထွက်လာသည်။
“မဟုတ်ဘူး … ငါ့တကယ့်ဆုလာဘ်က ကျန့်ချောင်းဆီကပဲ” ထို့ကြောင့် သူက ထိုလူအား အသုံးပြုကာ ဘေးပတ်လည် အာကာပြင်ကို ထိန်းချုပ်လိုက်သည်။ သိပ်မကြာခင် သူက နောက်ထပ်နေရာလွတ်ခွဲတစ်ခုဆီ ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။
“ထင်ထားတဲ့အတိုင်းပဲ ” ဝမ်ဝေ့က အခန်းအတွင်း ရတနာများစွာကို မြင်လိုက်ရသည့်အခါ ရေရွတ်လိုက်သည်။ ကျန့်ချောင်းက ဤနေရာလွတ်အား သူ့သိုလှောင်လက်စွပ်အဖြစ် အသုံးပြုကြောင်း ခန့်မှန်းမိလိုက်၏။ ထို့ကြောင့် ဝမ်ဝေ့က သူ့အတွက် အကျိုးရှိနိုင်မည့် အရာများကို ခွဲခြမ်းစစ်ဆေးလိုက်သည်။
“ ခရီးသွားရွှေယာဉ် .. ကမ္ဘာ့အသိုက်အဝန်းတစ်ခုကနေ တစ်ခုကြား သွားလာနိုင်တဲ့ ပင်ကိုရတနာတစ်ခုပဲ။ ငါ့ရွှေရထားလုံးလောက် မကောင်းပေမဲ့ မဆိုးဘူး။ အဆင့်မြင့် ပင်ကိုဝိညာဉ်ဆေးပင် ကံအကာအကွယ် ကြာပန်း … ဒါနဲ့ဆိုရင် ငါ ကံကြမ္မာအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို ပြီးဆုံးအောင် လုပ်နိုင်ပြီ။ ပြီးတော့ ကံစည်းမျဉ်းကို နားလည်အောင်လည်း အသုံးပြုလို့ ရပြီ ”
ဝမ်ဝေ့က စည်းမျဉ်းစွမ်းအားဖြင့် တောက်ပနေသည့် သစ်သီးတစ်လုံးကို မြင်လိုက်ရသည်။ အတိအကျဆိုရလျင် ကံကြမ္မာစည်းမျဉ်း ဖြစ်၏။ သူက ထိုအရာမျိုး တစ်ခါမှ မမြင်ဖူးသလို မဖတ်ဖူးသောကြောင့် သေချာလေ့လာကြည့်လိုက်သည်။ ထို့ကြောင့် သူက ကျန့်ချောင်း၏ မှတ်ဉာဏ်များထဲမှ အချက်အလက်တချို့ကို ရှာကြည့်လိုက်သည်။
ထိုလူက ကမ္ဘာအသိုက်အဝန်းတစ်ခုသို့ သွားစဉ်အတွင်း ရှာတွေ့ခဲ့သည့် ထူးထူးဆန်းဆန်း သစ်သီး ဖြစ်၏။ ထိုကမ္ဘာတွင် ထိုထူးဆန်းသည့် သစ်ပင်ကို ကောင်းကင်စည်းမျဉ်း တည်ရှိရာ သစ်ပင်ဟု အမည်ပေးထားသည်။ ထိုသစ်ပင်မှ သစ်သီးသည် ကျင့်ကြံသူများအား မိုးမြေကြားမှ စည်းမျဉ်းကို ပိုမိုနားလည်အောင် ကူညီပေးနိုင်သည်။
ကျန့်ချောင်း သွားရောက်စဉ်အတွင်း သစ်ပင်က ဒုတိယအကြိမ် အသီး သီးခြင်း ဖြစ်ကာ အထွတ်အထိပ် လျို့ဝှက်စည်းမျဉ်း ဖြစ်သည့် သစ်သီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝှမ်း ကြောက်မက်ဖွယ် တိုက်ပွဲကြီး ဖြစ်ပျက်ခဲ့သည်။ သို့သော် ကျန့်ချောင်းက ကံကောင်းကာ ထိုသစ်သီးကို ရယူကာ တိတ်တဆိတ် ထွက်ပြေးနိုင်ခဲ့သည်။
“ အဲဆိုတော့ သူက ကံကြမ္မာအကြောင်း သိနေတာ မဆန်းတော့ပါဘူး … သူက ငါ့နည်းစနစ်တွေကို ပြန်လည်ရင်ဆိုင်ဖို့ တမင်လေ့လာထားတာ ဖြစ်ရမယ် ”
ဝမ်ဝေ့က ထိုသစ်သီးသည် စည်းမျဉ်းကို နားလည်ဖို့ လိုအပ်သည့် အချိန်ကို လျော့ချပေးနိုင်ပြီး သူ့လူဝင်စား ဖန်တီးရာ၌ပင် ကူညီပေးနိုင်သည့်အတွက် စိတ်လှုပ်ရှားမိသွားသည်။ ထို့အပြင် သူက သစ်သီးကို လူဝင်စားတစ်ယောက်၏ ဗဟိုချက်အနေနှင့် သန့်စင်နိင်သည်။
“ အဲဒီမှာ ကောင်းကင်စည်းမျဉ်း သစ်ပင် ရှိနေတယ်ဆိုတော့ တစ်ရက်ကျ ငါ့လက်ထဲ အရယူရမယ်။ အနည်းဆုံးတော့ ငါ့ဘာသာ ပြုစုပျိုးထောင်ဖို့ နည်းလမ်းရှာရမယ်။ ငါ အဲဒီသစ်ပင်နဲ့ မဟာတာအိုကို ချိတ်ဆက်ပြီး ကောင်းကင်အရင်းအမြစ် သစ်ပင်ကို ဖန်တီးမဲ့ နည်းလမ်းရှာရမယ်။ အဲဒါက အရင်းအမြစ်ကို နားလည်ဖို့ ပိုလွယ်ကူစေမှာပဲ ”
ထိုသစ်သီးတွင် အကျိုးကျေးဇူးများရှိနေသည်ကို တွေးမိပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ အကယ်၍ သူအောင်မြင်သွားပါက စံပြအဆင့်အထိ သူ့ကျင့်ကြံရေးကို စိုးရိမ်စရာ မလိုလောက်တော့ပေ။
ထို့နောက် ဝမ်ဝေ့က သူ့အား စိတ်ဝင်စားလာစေသည့် ရတနာတစ်ချို့ကို အာရုံခံမိလိုက်သည်။
“ အထွတ်အထိပ် အချိန်ပင်ကိုရတနာပဲ ”ဝမ်ဝေ့က နာရီတစ်လုံးကို ကိုင်ထားရင်း ရေရွတ်လိုက်သည်။ ထိုနာရီထဲတွင် အချိန်မြန်ဆန်နိုင်သည့် အသေးစားကမ္ဘာတစ်ခု ပါရှိ၏။ ဂိုဏ်း၏ အချိန်အစီအရင်ကဲ့သို့ ဖြစ်ပေသည်။
ထို့အပြင် ထိုရတနာက အချိန်စွမ်းအား ကျူးကျော်မှုအတွက် ကာကွယ်စွမ်းတစ်ချို့ ပေးထားလေသည်။ ဝမ်ဝေ့၏ အကြည့်များက တောက်ပသွားသည်။
“ ငါ ဒီရတနာနဲ့ အချိန်စည်းမျဉ်းကို နားလည်အောင်လုပ်ပြီး အနာဂတ်ဗုဒ္ဓကိုယ်ကို လေ့ကျင့်နိုင်တယ်။ တစ်ရက်ကျ အချိန်ဟွင်သွမ်းနယ်ပယ်ကနေ အချိန်စွမ်းအားကို ခိုးယူနိုင်ကောင်းရဲ့”
ထိုအစီအစဉ်သည် အနည်းငယ် စွန့်စားမှုများသော်လည်း ပြင်ဆင်မှုအလုံအလောက်နှင့် သတိထားပါက ဖြစ်နိုင်ပေသည်။
သူက ကျန့်ချောင်း၏ ရတနာများအား ဆက်လက် စစ်ဆေးကြည့်လိုက်သည်။ သူက နည်းစနစ်အမျိုးမျိုး၏ ကျင့်စဉ်အမျိုးမျိုးကို တွေ့လိုက်ရသည်။ သူတို့က သူ့စိတ်ကို ကျယ်ပြန့်သွားစေ၏။
နောက်ဆုံးတွင် ရတနာခန်းမ၏ အလယ်တွင် မျှော်လွင့်နေသည့် ရတနာခုနှစ်ခုကို မြင်လိုက်ရသည်။
“ ဧကရာဇ်အသုံးအဆောင်ခြောက်ခုနဲ့ ဟွင်သွမ်းရတနာတစ်ခု” ဝမ်ဝေ့က အကြည့်များတောက်ပသွားသည်။ ဟွင်သွမ်းရတနာများသည် အဆင့် မခွဲထားပေ။ သို့သော်လည်း သူတို့၏ အားအနည်းဆုံးပုံစံက အကြွင်းမဲ့ ပင်ကိုအဆင့်ရတနာလောက် ဖြစ်၍ အားအနည်းဆုံးမှာ ထာဝရဧကရာဇ် စွမ်းအားလောက်နှင့် ညီမျှနေသည်။
သူက ကြေးမုံတစ်ချပ်ဖြစ်သည့် ဟွင်သွမ်းရတနာကို ယူလိုက်သည်။ ကျန့်ချောင်း၏ မှတ်ဉာဏ်ကို စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်များက တတိယအကြိမ် တောက်ပလာ၏။
နိမိတ်ကြေးမုံ … လူများ၏ သတင်းအချက်အလက်ကို စုဆောင်းသည့် ရတနာ ဖြစ်၏။ ထိုအရာဖြင့် ကျင့်ကြံသူက တစ်ဖက်လူ၏ လျို့ဝှက်ချက်အားလုံးကို စုစည်းနနိုင်သည်။ တစ်ခုတည်းသော တားမြစ်ချက်က ကြေးမုံမှ သတင်းအချက်အလက် ဘယ်လောက်ဖော်ပြမလဲဆိုတာကို ကံဆက်နွယ်မှုမှ ဆုံးဖြတ်ပေးသည်။
နမူနာအနေနှင့် ဝမ်ဝေ့က ကျန့်ချောင်း၏ မိဘ သေဆုံးမှုအတွက် တာဝန်ရှိပြီး ဤကံကြွေးက ထိုလူထံ သူ့အချက်အလက်နှင့် လျို့ဝှက်ချက် ၈၀ ရာခိုင်နှုန်းကျော်ကို ဖော်ပြပေးခဲ့သည်။
အရင်တိုက်ပွဲအရ ကျန့်ချောင်းက ငါ့လျို့ဝှက်ချက်နဲ့ စွမ်းရည်တွေကို ၉၅ ရာခိုင်နှုန်းလောက် သိနေသလိုပဲ … အဲဆိုတော့ ကောင်းကင်တာအိုနဲ့ တိထျန်းးက ကျန် ၁၅ ရာခိုင်နှုန်းကို ဖြည့်ပေးခဲ့ကြတာပေါ့
ဝမ်ဝေ့က ကြေးမုံကို ကြည့်ရင်း တွေးလိုက်သည်။ ထို့နောက် သူက ကြေးမုံ၏ ဒုတိယစွမ်းရည် ဖြစ်သည့် တခြားလူ၏ အင်အားအပေါ် ကူးယူခြင်းကို အာရုံစိုက်ထားလိုက်သည်။
ထိုကြေးမုံဖြင့် ကျန့်ချောင်းသည် သူ့စွမ်းအားကို ကူးယူခဲ့ပြီး သူ့ကိုသာ သတ်နိုင်ခဲ့လျင် သူ့စွမ်းရည်နှင့် အင်အားတို့က ယူဆောင်ခံလိုက်ရလိမ့်မည်။
ဝမ်ဝေ့က ကြေးမုံကို ကြည့်နေရင်း ရေရွတ်လိုက်သည် “ တိထျန်းကို အနိုင်ယူနိုင်မဲ့အရာ ဖြစ်လာမလား ”
သူသာ တစ်ဖက်လူ၏ စွမ်းအားအဆင့်ကို သိထားသရွေ့ ကြိုတင်ပြင်ဆင်ထားနိုင်သည်။ နောက်ဆုံးတွင် သူက ဧကရာဇ်အသုံးအဆောင်ပစ္စည်းခြောက်ခုကို အာရုံစိုက်ထားလိုက်သည်။ ထိုအရာထဲမှ သုံးခုဆီမှ ကံကောင်းမှုစွမ်းအားကို ခံစားမိလိုက်၍ ဧကရာဇ်မျိုးဆက်မှ ဖြစ်ကြောင်း သိကာ မျက်မှောင်ကြုတ်လိုက်သည်။
ကျန့်ချောင်း၏ မှတ်ဉာဏ်များကို ရှာဖွေလိုက်ပြီးနောက် ထိုလူသည် သိုင်းပညာဘိုးဘေး ဖန်တီးထားသည့် သိုင်းပညာမူလဂိုဏ်းတွင် နောက်ဂိုဏ်းချုပ် ဖြစ်မှန်း သိလိုက်ရသည်။
ထိုဂိုဏ်းက သူတို့ဂိုဏ်း၏ ဧကရာဇ်အသုံးအဆောင်ပစ္စည်း သုံးခုကို လက်လျော့စရာ အကြောင်းမရှိပေ။ သူတို့က ဖြည်းဖြည်းချင်း နောက်ယောင်ခံလိုက်လာကြလိမ့်မည်။
သူက ထိုလူများထက် ပိုမို အားကောင်းသည့် နောက်ခံရှိထား၍ ဂရုမစိုက်ပေ။ သူတို့ ပေါ်ထွက်လာသည့်အခါ ထိုအသုံးအဆာင်ပစ္စည်းသုံးခုနှင့် ညီမျှသည့် အလဲအလှယ်လုပ်ဖို့ ဂိုဏ်းကို ပြောလိုက်မည်။ ထိုအရာက အရှုံးမရှိဘဲ ထိပ်တိုက်ရင်ဆိုင်မှုကို ကာကွယ်နိုင်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူက တစ်ခုခုကို အာရုံခံမိပြီး အချိန်မီရောက်လာမည်ကို စိုးကာ ဤနေရာတွင် ကြာကြာအချိန်မဖြုန်းဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက ကျန့်ချောင်းရှေ့တွင် ပေါ်လာပြီး သူ့အား သူ့လူဝင်စားတစ်ယောက်အဖြစ် မည်သို့ပြောင်းလဲပစ်ရမည်ကို စဉ်းစားနေသည်။
ပထမဦးစွာ သူက မူလနည်းစနစ်ကို ကျင့်ကြံရမည်။ သူ့တွက်ချက်ထားမှုအရ လူဝင်စားများသည် တာအိုအုတ်မြစ် သိမ်မွေ့မှုပုံစံတစ်ခု ဖြစ်၏။ ထို့ကြောင့် သူတို့အားလုံးက တူညီသည့် အရင်းအမြစ် သို့မဟုတ် ကျင့်ကြံရေး နည်းစနစ်တို့ ရှိကြရမည်။
တခြားကျင့်ကြံရေး နည်းစနစ်ကို အသုံးပြုခြင်းက အုတ်မြစ်၏ သန့်စင်မှုကို ပျက်စီးစေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ကွဲပြားသည့် နည်းစနစ်များကို လေ့လာကြည့်ဖို့ ဆုံးဖြတ်ထားသေး၏။ သူတို့က အကူအညီကြီး ဖြစ်လာနိုင်သည်။
လူဝင်စားများနှင့် မတူဘဲ ကျန့်ချောင်းက ကံကြမ္မာစည်းမျဉ်းဖြင့် ပြန်လည်ဆေးကြောခံစရာ မလိုပေ။ ထို့အပြင် သူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ပြန်လည်ကျင့်ကြံဖို့ လိုအပ်၏။
ကျန့်ချောင်း၏ ခန္ဓာကိုယ်က အားကောင်းသော်လည်း သူက ခန္ဓာကိုယ်လေ့ကျင့်ရေးအပေါ် အာရုံစိုက်ထားသည့် သိုင်းပညာနည်းစနစ်ကို ကျင့်ကြံထား၍သာ ဖြစ်သည်။ ဝမ်ဝေ့ကမူ သူ့လက်ရှိအနေအထားကို မကျေနပ်သေးပေ။
သူ ရရှိထားသော မှတ်ဉာဏ်များမှ သူ့ကုသစွမ်းရည်နှင့် ခုခံနိုင်စွမ်းတို့သည် နှလုံးသားနက်နှင့် အပေးအယူလုပ်ထားသောအချက်အရ ကောင်းချီးပေးခံထားရသော ချိုင့်ဝှမ်းဘုံဟု ခေါ်သည့် နေရာလွတ်ကြောင့် ဖြစ်မှန်း သိလိုက်ရ၏။
ဝမ်ဝေ့က သူ့လူဝင်စားအားလုံးကို ပြန်လည် မပေါင်းစည်းခင် ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံခိုင်းစေချင်သည်။ အားလုံးက ခွန်အားအစစ်အမှန် တာအိုဆီ လျှောက်လှမ်းကြရမည်။
ထို့အပြင် ထိုအရာအားလုံးက သူ့လူဝင်စားများအတွက် ရှိထားသည့် အစီအစဉ်အားလုံး မဟုတ်သေးပေ။ တချို့က နောက်ဆုံးပေါင်းစည်းခြင်းကို ပြီးပြည့်စုံအောင် သေချာစေဖို့အတွက် ထူးကဲသည့် လုပ်ငန်းဆောင်တာတချို့ကို ဆောင်ရွက်ရမည်။ သို့သော် ယခုတွင် ထိုအရာများကို စဉ်းစားနေဖို့ အချိန်မဟုတ်သေးပေ။
ထို့ကြောင့် ဝမ်ဝေ့က ကျန့်ချောင်းကို ချိုင့်ဝှမ်းဘုံမှ ဖယ်လိုက်ပြီး သူ့သိုလှောင်လက်စွပ်အတွင်း ခန္ဓာကိုယ်ကို စည်းပိတ်လိုက်သည်။ သူက နေရာလွတ်ကို သုံးကာ နဂါးချုပ်နှောင်ရေးမြက်ဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးဖို့ ကြံထားသည်။
ထို့နောက် သူက ရွှေရောင်ရထားလုံးထဲ ခုန်ဝင်လိုက်ပြီး အိမ်သို့ ဦးတည်ထွက်လာခဲ့လိုက်၏။
***