ထာဝရဦးသျှောင်
Vol. 36 Ch. 500
ဝမ်ဝူချန်က လီဝမ်အား ခေတ္တမျှ ကြည့်လိုက်ပြီးနောက် အကြည့်ချင်းဖလှယ်ကာ ဆက်ပြောလိုက်ကြသည် “ မသေမျိုးလမ်းစဉ်က တခြားဟာထက် အနည်းငယ် အားသာချက်တော့ ရှိတယ်။ အဲဒါက ကျင့်ကြံရမဲ့ အချိန်ပဲ။ နှစ်သန်းချီကြာ ကြာမြင့်တယ်ဆိုပေမဲ့ တခြားသူတွေ ကုန်ဆုံးရသလိုမျိုး ယွမ်ခေတ်ကာလလောက် မဆိုးဘူး။
ပြီးတော့ မသေမျိုးလမ်းစဉ်က ကျင့်ကြံသူတွေက အရင်းအမြစ် လုံလောက်မယ်ဆိုရင် မြင့်မားတဲ့အဆင့်ကို အတင်းအကြပ် တက်လှမ်းနိုင်တယ်”
“ ခဏနေပါဦး… ပြောချင်တာက .. ”
“ အတိအကျပဲ။ ထာဝရဧကရာဇ်တွေရဲ့ လွှမ်းမိုးနိုင်တဲ့ စွမ်းအားကို ပြန်လည်ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုက အဆင့် ၁၁ ထာဝရဦးသျှောင်အဆင့် ကျင့်ကြံသူကို ပြုစုပျိုးထောင်တာပဲ”
ဝမ်ဝူချန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဝမ်ဝေ့အား နားလည်ဖို့ အချိန်ပေးလိုက်သည်။
ဝမ်ဝေ့က တာအိုဘိုးဘေးအပြီးတွင် တာအိုအုပ်ချုပ်သူနှင့် တာအိုအုပ်စိုးသူအဆင့်ရှိကြောင်း သိထားလေသည်။ ထာဝရအရှင်နှင့် ပတ်သက်လာသည့်အခါ ထာဝရဦးသျှောင်နှင့် ထာဝရဘုရင်ရှိကြောင်း သိထား၏။
“ အဲဒါဆိုတော့ ကျွန်တော်တို့ဂိုဏ်းက အဲလိုအင်အားကြီးတဲ့ ပုဂ္ဂိုလ်မျိုး ရှိတာလား။ အဲဒါဆို တခြားဂိုဏ်းတွေလည်း ရှိမှာပေါ့” ဝမ်ဝေ့က မေးလိုက်သည်။
ဝမ်ဝူချန်က အဝေးတစ်နေရာအား လှမ်းကြည့်ကာ သက်ပြင်းချလိုက်ပြီး “ သူတို့က ရှိခဲ့ဖူးတာပေါ့”
“ ရှိခဲ့ဖူးတယ်တဲ့လား။ အဲဒါဆိုတော့ အခု သူတို့ သေသွားကြပြီလား”
“ ဟုတ်တယ်”
“ အားလုံးလား”
“ ဟုတ်တယ်”
“ ဘယ်လိုဖြစ်ပြီးတော့လဲ”
“ သမိုင်းကြောင်းက မင်း ထင်ထားတာထက်ပိုပြီးတော့ ရှုပ်ထွေးတယ်။ ယုံကြည်မှုခေတ်ကာလနဲ့ မိစ္ဆာခေတ်ကာလကြားမှာ ထာဝရဧကရာဇ်တချို့က ပေါ်ထွက်လာပြီးတော့ ကမ္ဘာရဲ့ မျှခြေကို ဖျက်ဆီးဖို့ ခြိမ်းခြောက်ခဲ့ကြတယ်။ အဲဒီဧကရာဇ်တွေက ထာဝရဧကရာဇ်ရှိတဲ့ ဧကရာဇ်မျိုးဆက်တွေကို သူတို့အုတ်မြစ်အနေနဲ့ အမြဲတမ်း ပစ်မှတ်ထားလေ့ရှိတယ်”
ဝမ်ဝေ့က ထာဝရဦးသျှောင်များသည် ထိုထာဝရဧကရာဇ်များနှင့် ရင်ဆိုင်ကာ သမိုင်းကြောင်းမှ ဖျောက်ဖျက်ခံလိုက်ရကြောင်း နားလည်သွားသည်။ ကံဆိုးစွာဖြင့် ထိုဖြစ်စဉ်အတွင်း များစွာ သေဆုံးသွားခဲ့ကြ၏။
“ထာဝရဧကရာဇ်ကို ချေမှုန်းဖို့ အဆင့် ၁၁ ကျင့်ကြံသူတစ်ယောက်ကို လိုအပ်တယ်လား”
ဝမ်ဝူချန်က သက်ပြင်းချကာ ဘာမှပြန်မဖြေပေ။ ဒိုင်းမေးရှင်းအနိမ့် စည်းမျဉ်းများက ဧကရာဇ်လမ်းစဉ်ကို တခြားအရာထက် ပိုမိုအလေးပေးသောကြောင့် ထာဝရဦးသျှောင်များပင် ထာဝရဧကရာဇ်များရှေ့ အင်အားမဲ့ကြရသည်။
ဒိုင်းမေးရှင်းအမြင့်တွင်မူ တခြားလမ်းစဉ်များက ကွာဟချက်ကို လိုက်မှီဖို့ နည်းလမ်းများ၊ အခွင့်အရေးများစွာ ရှိတတ်ကြ၏။ ထို့အပြင် ထာဝရဧကရာဇ်အပါအဝင် ဧကရာဇ်အားလုံးက ထာဝရဦးသျှောင်တွေကို လေးစားမှု ပြကြရသည်။ သူတို့၏ အဆင့် ၁၀ အထက်က အဆင့်တစ်ဆင့်ချင်းစီ၏ ကွာဟချက်က တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်၏။ ထိုပတ်ဝန်းကျင်မှာ ပိုပြီးတော့ သိသာသည်။
ဝမ်ဝူချန်က ပြန်မဖြေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က နောက်ထပ် မေးခွန်းတစ်ခုကို အလျင်အမြန် မေးလိုက်သည်။ ထိုလူအိုကြီးများသည် သူသည် ထိုစကားဝိုင်းကို ဆက်ဖို့ အားကောင်းကောင်း မလုံလောက်သေးကြောင်း အကြောင်းပြချက်တစ်ခုကို သုံးလိမ့်မည်ဟု ထင်နေမိသည်။
“ အခု သူတို့အားလုံး မသေသေးဘူးမလား”
“ အသင်္ချေအင်ပါယာကမ္ဘာရဲ့ နောက်ဆုံး ထာဝရအရှင်က ကောင်းကင်ဝါးမျိုရေး ဧကရာဇ်ရဲ့ ကပ်ဘေးအတွင်းမှာ သေဆုံးသွားခဲ့တယ်”
“ ခဏလေးနေပါဦး။ ထာဝရဧကရာဇ်တွေကို မသတ်နိုင်ဘူးလို့ ထင်ထားတာ။ ထာဝရဦးသျှောင်တွေက သူတို့ကို တည်ရှိမှုကနေ ဖျောက်ဖျက်ဖို့ နည်းလမ်း ရှိနေတာလား”
“ မဟုတ်ဘူး။ ဒါပေမဲ့ ထာဝရဧကရာဇ် မျိုးဆက်က တာအိုအလိုဆန္ဒပါဝင်တဲ့ ထူးကဲတဲ့ အသုံးအဆောင်ပစ္စည်းမျိုးရှိကြတယ်။ သူတို့ကို သုံးရင် ထာဝရဧကရာဇ်တချို့ကို အပြီးတိုင်သတ်ဖို့ ဖြစ်နိုင်တယ်။ ကံဆိုးတာက ဒိုင်းမေးရှင်းအနိမ့် စည်းမျဉ်းကြောင့် အဲဒီအသုံးအဆောင်ပစ္စည်းတွေက အကြိမ်ရေတချို့လောက်ပဲ အသုံးပြုလို့ရတယ်။
အဲဒါပြီးရင် သူတို့က သူတို့ဘာသာသူတို့ အလိုလို ပျောက်ကွယ်သွားကြတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် သူတို့စကားဝိုင်းမှ ရရှိထားသည့် အချက်အလက်များအပေါ် မူတည်၍ ကောက်ချက်ချလိုက်သည်။ နမူနာအားဖြင့် အသင်္ချေအင်ပါယာကမ္ဘာအတွင်း ထာဝရဧကရာဇ် မျိုးနွယ် တချို့ရှိခဲ့သော်လည်း ကပ်ဘေးအတွင်း ပျက်သုဉ်းသွားခဲ့ကြရသည်။
ထို့ကြောင့် ထိုမျိုးနွယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်တစ်ခုက သူတို့၏ ထာဝရဧကရာဇ်များနှင့်အတူ အပြီးတိုင် ရှင်းထုတ်ခံလိုက်ရသည်။ တချို့ကမူ ထာဝရဧကရာဇ် ရှိသော်လည်း သမိုင်းကြောင်းမှ ဖျောက်ဖျက်ခံလိုက်ရသည်နှင့် သူတို့၏ ဂိုဏ်း သို့မဟုတ် မျိုးဆက်များက သူတို့၏ တည်ထောင်သူ ဘိုးဘေးကို မှတ်မိကြမည် မဟုတ်ပေ။
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး ကျင့်ကြံရေးလောကက မည်မျှရှုပ်ထွေးကြောင်း စဉ်းစားမိလိုက်သည်။ ရုတ်ချည်းဆိုသလို သူက သူ မေ့နေသည့် မေးခွန်းတချို့ကို မေးဖို့ရာ ပြန်လည်အမှတ်ရသွားလေ၏။
“ ကမ္ဘာ့အသိုက်အဝန်းတစ်ခုဆီ သွားတုန်းက ကမ္ဘာတစ်ခုက တာအိုဘိုးဘေးတွေကို ဖန်တီးဖို့ တမင်လုပ်ယူခဲ့ကြတာကို မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ဂိုဏ်းကလည်း အဲလိုမျိုးလုပ်လို့ မရဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
ဝမ်ဝူချန်က ထိုစကားကိုကြားပြီး နှာခေါင်းရှုံ့လိုက်၏ “ အဲဒီလူတွေက သူတို့ဘာသာသူတို့ ကပ်ဘေးဖန်တီးပြီးတော့ သူတို့ဂိုဏ်းရဲ့ ချီကံကောင်းမှုကို ပျက်စီးအောင် လုပ်နေကြတာပဲ”
“ ဘာကိုပြောချင်တာလဲ”
ဝမ်ဝေ့က အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း ဗဟုသုတ ကြွယ်ဝသည့်သူဆီမှ အဖြေရသည်က ပိုမိုကောင်းလေသည်။
“ မသေမျိုးအဆင့် ကျင့်ကြံသူတွေက ကံကနေ အပြီးတိုင် လွတ်မြောက်နေတာတော့ မဟုတ်ဘူး။ သေမျိုးသန်းပေါင်းများစွာ စတေးရတဲ့ အလုပ်မျိုး လုပ်တာက သူတို့မျိုးဆက်တစ်ခုပြီးတိုင်း ကံကြွေးက ပိုမိုနက်ရှိုင်းလာပြီးတော့ ကံကြွေးစမ်းသပ်ချက်တွေ ဖြစ်လာစေလိမ့်မယ်။ အဲဒီစည်းမျဉ်းရဲ့ နမူနာကောင်းက ယုံကြည်မှုနဲ့ မိစ္ဆာခေတ်ကာလအတွင်းတုန်းက ဗုဒ္ဓဂိုဏ်းနဲ့မိစ္ဆာမျိုးနွယ်တွေ အသုံးပြုခဲ့တဲ့နည်းလမ်းနဲ့ အတူတူပဲ။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံးရလဒ်ကရော…
နောက်ဆုံးတော့ သူတို့က ပျက်သုဉ်းသွားကြရတာပဲလေ။ အဲဒီအင်အားစုတွေရဲ့ ကျရှုံးရတဲ့ အဓိကအကြောင်းအရင်းထဲက တစ်ခုကိုတော့ ခန့်မှန်းမိမှာပေါ့”
“ တာအိုဘိုးဘေးတွေကို ချုပ်နှောင်ထားတာကလည်း ပြဿနာတစ်မျိုးလို့ ထင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ ဟုတ်တယ်။ မဟာကျိုးတိုင်းပြည်မှာ ဖြစ်ခဲ့သလိုမျိုး အဲဒီနည်းလမ်းကို အသုံးပြုပြီး ဖန်တီးထားတဲ့ တာအိုလမ်းစဉ်ကျင့်ကြံသူတွေက ချုပ်နှောင်ဖို့ ခက်ခဲတယ်။ သူတို့ရဲ့ ကျမ်းသစ္စာတွေ၊ ဝိညာဉ်စာချုပ်တွေက မှန်ကန်တဲ့ နည်းလမ်း တွေ့သွားရင် ဖယ်ရှားနိုင်ပြီးတော့ မသေမျိုးကမ္ဘာဆီ တက်လှမ်းနိုင်တယ်။ အဲဒါကြောင့် အများစုက ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်ဆီ ထွက်သွားချင်ကြတာပဲ”
“ ဒါပေမဲ့ တခြားဂိုဏ်းတွေက ဘာလို့ အဲလိုမလုပ်ရတာလဲဆိုတာကိုတော့ ပြောပြမထားဘူး။ လူတချို့က အဲဒီဆွဲဆောင်မှုတွေကို မတောင့်ခံနိုင်တာများလား” ဝမ်ဝေ့က မေးလိုက်သည်။
ဝမ်ဝူချန်က သက်ပြင်းချကာ “ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားက အသင်္ချေအင်ပါယာကမ္ဘာက အချိန်အတော်ကြာ ဖွံ့ဖြိုးမှု နိမ့်ဆင်းလာခဲ့တယ်။ ခေတ်အပြောင်းအလဲ ကပ်ဘေးတွေ တစ်ခုပြီးတစ်ခု ကြုံတွေ့ပြီးတဲ့နောက်မှာ အဆုံးမဲ့လေဟာနယ်အတွင်း သွားလာစုံစမ်းဖို့တောင် ကြောက်ရွံ့နေကြတယ်။ အဲဒါကြောင့် ငါတို့အားလုံးက ကမ္ဘာ့အသိုက်အဝန်းကနေ ထိတွေ့မှု ဖြတ်တောက်ပြီးတော့ တံခါးပိတ်ကျင့်သုံးနေရတဲ့ အကြောင်းအရင်းပဲ။ အဲဒါကြောင့် တချို့ဂိုဏ်းတွေက မင်း ပြောသလိုမျိုး လျှို့ဝှက်လုပ်နေမှာပဲ။ အများစုတောင် ဖြစ်နေနိုင်တယ်”
ဝမ်ဝူချန်က ဝမ်ဝေ့၏ မျက်ဝန်းထဲ ကြည့်ကာ “ ငါတို့က မင်းကို ဘာလို့ ဒါတွေ ပြောပြနေတာလဲဆိုတာ သိလား”
“ ကျွန်တော် သိပါတယ်”
“ ဘာလို့လဲ”
“ ပထမဆုံးက ကျွန်တော်ရဲ့ အင်အားကို အထင်ကြီးမနေဖို့” ဝမ်ဝေ့က လီဝမ်အား ကြည့်ကာ ပြောလိုက်သည်။ ထိုလူကမူ ကလေးဆီမှ ချိုချဉ်လုထားသည့် လူတစ်ယောက်အလား ပြုံးနေလေ၏။
“ ဒုတိယအချက်က ကျွန်တော် ထာဝရဧကရာဇ်ဖြစ်လာတဲ့အခါမှာ အသင်္ချေအင်ပါယာအလွှာကို ဖွံ့ဖြိုးအောင် လုပ်ဖို့ နည်းလမ်း ရှာရမယ်။ နောက်ဆုံးနဲ့ ပိုအရေးကြီးတာက ကျွန်တော် ထွက်မသွားခင် ဂိုဏ်းရဲ့ ဘေးကင်းမှုအတွက် ထာဝရဦးသျှောင်တစ်ယောက်ကို ပြုစုပျိုးထောင်မဲ့နည်းလမ်းကို ရှာဖွေပေးခဲ့ရမယ်”
“ မင်း နားလည်တာ ဝမ်းသာတယ်” ဝမ်ဝူချန်က အမှတ်အသားပြား တစ်ခုအား ပေးရင်း ပြောလိုက်သည်။
“ ဒီအမှတ်အသားပြားကို မင်း တစ်ခုခုလိုအပ်တဲ့အခါမှာ ငါနဲ့ ဆက်သွယ်ဖို့ အသုံးပြုနိုင်တယ်။ ပြီးတော့ ဒါက အဲဒီစစ်ဆေးမှု အများစုကို ခံယူစရာမလိုဘဲနဲ့ မင်းနဲ့ အဆင့်အတန်းကို မြှင့်တင်ပေးပြီးတော့ အရင်းအမြစ်တွေကိုလည်း ရရှိနိုင်လိမ့်မယ်”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး အကြည့်များက တောက်ပသွားသည်။ ထို့နောက် သူက ဝမ်ဝူချန်အား သူ ပြုစုပျိုးထောင်လိုသည့် လူဝင်စား ၉ယောက်အကြောင်း ပြောပြလိုက်၏။ ထိုအရာကို ကြားပြီးသည့်နောက်တွင် ဝမ်ဝူချန်၏ နှုတ်ခမ်းထောင့်တို့က တွန့်ချိုးသွားတော့သည်။
“ အရင်းအမြစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ မင်းအဖေဆီကို သွားမေးကြည့်။ ဒါပေမဲ့ တချို့မဟာကမ္ဘာတွေမှာ တိတ်တဆိတ် ပုန်းအောင်းနေတဲ့ ထာဝရအဆင့် ပုဂ္ဂိုလ်တွေ ရှိတတ်ကြတယ်။ မင်းကို ကာကွယ်ရေးအဆောင်နဲ့ သူတို့ရဲ့ တည်ရှိမှုကို အာရုံခံနိုင်တဲ့ဟာ ပေးလိုက်မယ်။ အဲဒီကမ္ဘာတွေကို မင်းရဲ့ လူဝင်စားတွေအတွက် ရှောင်နိုင်ရင်တော့ အကောင်းဆုံးပဲ။
နောက်ဆုံး အဲဒီကမ္ဘာတွေရဲ့ ကောင်းကင်တာအိုကိုလည်း သတိထားဦး။ မင်းက သူတို့ကို စည်းပိတ်ထားတာမျိုး ဒါမှမဟုတ်ဘူးဆိုရင် မင်းရဲ့ လူဝင်စားတွေကို သူတို့ဆီကနေ ဖုံးကွယ်ထားတာမျိုးလုပ်ရင် အကောင်းဆုံးပဲ”
ထိုအရာကို ပြောပြီးသည့်နောက် ဝမ်ဝူချန်က တစ်စုံတစ်ခုအမှတ်ရသွားကာ ဝမ်ဝေ့အား စာအုပ်တစ်ခု ထုတ်ပေးလာသည်။ ထို့နောက် ဝမ်ဝေ့အား ပြန်လွှတ်လိုက်၏။
ဝမ်ဝူချန်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည် “ မင်း ဘယ်လိုထင်လဲ”
“ ဒီကလေးက တကယ်ကို မကောင်းဆိုးဝါး ဖြစ်နေပြီ။ သူသာ အောင်မြင်သွားမယ်ဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲဆိုတာ တွေးမကြည့်နိုင်လောက်အောင်ပဲ”
“ အမှန်ပဲ။ ဒါပေမဲ့ သူ့အပြုအမူတွေက တိမျိုးနွယ်ရဲ့ အမွေဆက်ခံသူနဲ့ လိုက်မှီတယ်ဆိုတာကို ပြသနေတယ်”
“ အဲတစ်ယောက်က မူမမှန်ဘူးဆိုတာ ငါတို့အားလုံး သိကြတာပဲ။ သူက ငါတို့အားလုံးထက်တောင် အသက်ကြီးနေနိုင်တယ်” ထိုအသံက ပြန်ပြောလေသည်။
“ ဒီလိုမျိုး အခြေခံအုတ်မြစ်နဲ့ဆိုရင် သူက ဘယ်လောက်တောင် အားကောင်းမဲ့ ထာဝရဧကရာဇ် ဖြစ်လာမလဲမသိဘူး”
အသံက ခေတ္တမျှရပ်တန့်သွားပြီး “ ဒီကောင်လေးက တည်ထောင်သူတွေ စောင့်မျှော်နေတဲ့သူ ဖြစ်နေမယ်လို့ထင်လား”
“ သူ ဖြစ်မလားတော့ မသိဘူး။ ဒါပေမဲ့ သူက သူတို့ရဲ့အခြေအနေကို တစ်ရက်တော့ ကူညီပေးနိုင်လိမ့်မယ်ဆိုတာ သေချာတယ်”
“ ဒီလိုဆိုရင် သူ့အတွက် အဲဒီစစ်ဆေးမှုကို ဖွင့်ပေးလိုက်ရအောင်”
“ အဲဒါက အနည်းငယ် စွန့်စားသလိုမျိုး မဖြစ်ဘူးလား”
“ သူတို့ရဲ့ ညွှန်ကြားမှုအရ ကံကောင်းမှုရှိပြီးတော့ ပါရမီအတော်လေး ထူးချွန်တဲ့သူအတွက် ဖွင့်ပေးနိုင်တယ်တဲ့။ ဒီကောင်လေးက အဲဒီဟာတွေအကုန်လုံးနဲ့ ကိုက်ညီနေတယ်။ စွန့်စားမှုအတွက်ကတော့ ထိုက်တန်ပါတယ်”
ဝမ်ဝူချန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် “ သူ ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်တဲ့အထိ စောင့်ကြတာပေါ့။ အဲဒီနည်းနဲ့ဆိုရင် သူလည်း အကျိုးအမြတ်အများကြီး ရလိမ့်မယ်။ ငါတို့လည်း ပိုပြီးတော့ စောင့်ကြည့်နိုင်လိမ့်မယ်”
အသံပိုင်ရှင်က သဘောတူလိုက်သည်။ ယခင်မျိုးဆက်တွင် သူတို့က ဝမ်ထျန်းသည် ထိုဖော်ပြချက်နှင့် ကိုက်ညီသည်ဟု တွေးခဲ့ကြသည်။ သို့သော်လည်း အထွတ်အထိပ်လမ်းစဉ်က ဖြတ်တောက်ခံလိုက်ရသည့်အတွက် ဝမ်ထျန်းသည် ကံကောင်းမှုရေးရာ၌ လိုအပ်နေကြောင်း နားလည်သွားကြသည်။ ထို့ကြောင့် သူက ထိုစစ်ဆေးမှုကို ဖြေဆိုခွင့် မရခဲ့ပေ။
ထို့ကြောင့် အသံပိုင်ရှင်က ဝမ်ဝေ့အား မမျှော်လင့်ထားသည့် အရာတစ်ခုခု ဖြစ်ပျက်လာမလားဟု ဆက်လက်စောင့်ကြည့်ချင်သေးသည်။
ထိုစဉ် ဝမ်ဝေ့က ဂိုဏ်း၏ ဝေဟင်အထက် ပေါ်ထွက်လာကာ သူ့လက်ထဲမှ စာအုပ်နာမည်ကို ကြည့်လိုက်သည်။
[သေမျိုးနှင့် မသေမျိုးကြားက ကျယ်ပြန့်လွန်းတဲ့ ကွာခြားချက်ကို ဖြစ်နိုင်ချေ ရှင်းပြခြင်း]
သူက ဤသည်မှာ ကျင့်ကြံရေးနည်းစနစ်ဟု တွေးခဲ့မိသော်လည်း ကြည့်ရသည်မှာ သူ့စိတ်ကို ဖွင့်လှစ်ပေးဖို့ ဆောင်းပါးတစ်ခု ဖြစ်နေဟန်ပေါ်သည်။ ဝမ်ဝေ့က သူ့ဆီမှ ကျင့်ကြံရေး နည်းစနစ်များစွာ ရှိသည့်အတွက် စိတ်မပျက်ပေ။
သို့သော်လည်း သူက ထိုစာအုပ်ကို ဂရုမစိုက်နိုင်သေးပေ။ သူက သူ့ဇနီးနှင့်အတူ ချစ်ကြည်နူးရမည့် အိမ်သို့ အလျင်အမြန် ပြန်လာလိုက်၏။ ကျန်သည့် အရာအားလုံးက စောင့်ဆိုင်းနိုင်လေသည်။
***