← Chapters

ရှုကျင်းယောင်

Vol. 36 Ch. 501

ရှုကျင်းယောင်

Vol. 36 Ch. 501

ဝမ်ဝေ့က ဝူဟုန်ကို ပွေ့ဖက်ရင်း ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ ထိုစဉ် သူ့ဘယ်ဖက်လက်က သူမ၏ ခြေတံရှည်များကို ပွတ်သပ်နေ၏။ သူက ခန္ဓာကိုယ်ခွန်အား တိုးလာသည်ကို စိတ်သက်သာရာရမိနေ၏။ ထိုသို့မဟုတ်ပါက သူသည် ဤရူးမိုက်မိုက်အချိန်တွင် ကြာရှည်ခံမည် မဟုတ်ပေ။

“ ရှင် တာအိုနယ်ရှင် ဖြစ်လာပြီးတော့ ဘယ်လိုခံစားရလဲ” ဝူဟုန်ကမေးလိုက်သည်။

“ လွတ်လပ်သွားတာလား မပြောတတ်ဘူး။ ဒါပေမဲ့ ဆုလာဘ်ကို အဲ့ထက်ပိုပြီးတော့ မျှော်လင့်ထားမိတာ”

“ ရှင် ရထားတဲ့ ဆုလာဘ်တွေ အားလုံးနဲ့ဆိုရင် လောဘကြီးလွန်းမနေဘူးလား”

“ တကယ်တမ်းတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒေါသထွက်မိတယ်။ ကောင်းကင်တာအိုက တာအိုကို ကျင့်ကြံဖို့ ဘာလို့ထိုက်တန်မှုကို စစ်ဆေးနေရတာလဲ။ အဲဒါကို ဘယ်သူကများ အခွင့်အရေး ပေးထားလို့လဲ”

“ ရှင်က အားနည်းနေရင် သူက ထိုက်တန်မှုကို ဆုံးဖြတ်နိုင်တာပေါ့”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး သီးလုမတတ် ဖြစ်သွားလေသည်။ ထိုအရာက မှန်ကန်သော်လည်း သူသည် လက်ခံမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

“ ဘာပဲဖြစ်ဖြစ် တစ်ရက်ကျ အဲဒီဟာက ကိုယ့်ရုပ်သေးရုပ်ဖြစ်လာမှာပဲ”

ဝူဟုန်က ထိုအရာနှင့် ပတ်သက်ပြီး ဘာမှမပြောတော့ပေ။ ထိုအစား သူမက မေးလိုက်၏ “ ရှင် အထွတ်အထိပ် တာအိုအကုန်လုံးကို ဘာအကျိုးဆက်မှ မရှိဘဲနဲ့ ကျင့်ကြံလို့ရပြီ။ ရှင် ဘယ်လိုဆက်လုပ်မယ် စိတ်ကူးထားလဲ”

“ မဟုတ်ဘူး။ ကိုယ်က ကံကြမ္မာတာအိုကိုပဲ အာရုံစိုက်ချင်တယ်”

“ ကောင်းတယ်။ တကယ်တမ်းတော့ အရေအတွက်များတာက ပိုကောင်းတယ်လို့ အမြဲတမ်း ဆိုလိုတာတော့ မဟုတ်ဘူးလေ။ ပြီးတော့ ကံကြမ္မာက စွယ်စုံအသုံးပြုနိုင်ပြီးတော့ လူတွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်ရည်တွေကိုလည်း အသုံးပြုနိုင်တယ်”

ဝမ်ဝေ့က သူမနှင့် သဘောတူလေသည်။ ကံကြမ္မာက ဟွင်သွမ်းကဲ့သို့ တာအိုအားလုံး၊ ဖျက်ဆီးခြင်းကဲ့သို့ အဆုံးသတ်တာအိုအားလုံးနှင့် တွက်ချက်ရေး စွမ်းရည်၊ ဗဟုသုတနှင့် ကောင်းကင်ဘုံ တာအိုကဲ့သို့သော လျှို့ဝှက်ချက်များကိုပင် ကျင့်ကြံနိုင်သည်။

သူသာ မှန်မှန်ကန်ကန် အသုံးပြုပါက ဖန်ဆင်းခြင်းစွမ်းအားအထိ ပါဝင်လာနိုင်သည်။ ကောင်းကင်ဘုံအဆင့်များက သက်ရှိကို ဖန်တီးနိုင်သည့် စွမ်းရည်ရှိသည့်အကြောင်း မပြောရသေးပေ။ ထို့ကြောင့် ဝမ်ဝေ့က သူသည် အထွတ်အထိပ် တာအိုတစ်ခုတည်းအပေါ်ကိုသာ အာရုံစိုက်သည်က အကောင်းဆုံးဖြစ်မည်ဟု ခံစားမိနေသည်။

ရုတ်ချည်းဆိုသလို သူက တစ်စုံတစ်ခုကို အမှတ်ရသွားပြီး မေးလိုက်၏ “ ရှုကျင်းယောင်လို့ ခေါ်တဲ့သူကို သိလား”

“ ရှင်က သူ့ကို ဘယ်လိုလုပ် သိတာလဲ” ဝူဟုန်က တည်တည်ငြိမ်ငြိမ် မေးလိုက်သော်လည်း ဝမ်ဝေ့ကမူ သူမ၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိလိုက်၏။ သူက သူမကို ပွတ်သပ်လိုက်ပြီး သူမက ထိုနာမည် မည်သို့သိနေကြောင်း မေးချင်မိသည်။

ထို့ကြောင့် သူက သူ့ကံကြမ္မာကြိုးမျှင်နှင့် ပတ်သက်ပြီး အခြေအနေတစ်ခုလုံးကို ရှင်းပြလိုက်၏။

“ သူမက ကောင်းကင်ဘုံအဆင့်နဲ့ နီးနေတဲ့ မဟာဧကရာဇ်တစ်ယောက်ပဲ။ အဲဒါကြောင့် သူမဆီမှာ အဲလိုစွမ်းရည်မျိုး မရှိဘူး”

“ အဲဒါဆိုတော့ သူမက ဘယ်သူလဲ”

“ ရှုကျင်းယောင်က အလှဆုံးမိန်းကလေးထဲက တစ်ယောက်လို့ ယူဆလို့ရတယ်။ သူမ မွေးဖွားလာတုန်းက မဟာတာအိုက သူမရဲ့ မွေးဖွားမှုနဲ့ အလှအပကို ကောင်းချီးပေးဖို့ ပေါ်ထွက်လာခဲ့တယ်။ သူမက အလှအပနဲ့ ပတ်သက်လာရင် အပြီးပြည့်စုံဆုံးသက်ရှိလို့ ယူဆနိုင်တယ်။ ရှင် ဆွဲဆောင်ခံလိုက်ရပြီမလား”

“ မဟုတ်ပါဘူးကွာ။ ကိုယ်က ကိုယ်ကျင့်သိက္ခာရှိတဲ့ အမျိုးသားပါ”

“ ရှင့်လိုမျိုး ဇာတ်လိုက်အရှိန်အဝါရှိတဲ့သူက တည်ရှိမှုထဲမှာ အလှဆုံးမိန်းကလေးနဲ့ အချစ်ကြိုးမျှင် ဆက်နွယ်မှုရှိနေတဲ့ တစ်ဦးတည်းသောသူလို့ တွေးနေမှာ သေချာတယ်”

“ အဲဒါက သက်သေ မရှိဘဲ စွပ်စွဲလိုက်တာပါကွာ။ ကိုယ်က ရိုးသားပါတယ်” ဝမ်ဝေ့က စိတ်ထဲ အတွေးပေါင်းမြောက်များစွာ ဖြတ်ပြေးသွားရင်း ပြန်ဖြေလိုက်သည် “ ပြီးတော့ မင်းက တည်ရှိမှုထဲမှာ အလှဆုံးမိန်းကလေးလေ။ ရှုကျင်းယောင်က ဘာမလို့လဲ။ အဲဒီခေါင်းစဉ်ကို ပေးထားတဲ့သူက မျက်လုံးကန်းနေတာပဲ ဖြစ်လိမ့်မယ်”

ဝူဟုန်က သူ့အား ကြည့်လိုက်ပြီးနောက် အပြစ်ကင်းမှုနှင့်  ရိုးသားမှုတို့ကို မြင်လိုက်ရသည်။

“ ရှင်က ရှင့်အတွေးတွေ၊ အပြစ်ရှိစိတ်တွေကို ဖုံးကွယ်တဲ့နေရာမှာ ပိုပြီး တော်လာတဲ့ပုံပဲ”

“ ဘာအပြစ်ရှိစိတ်လဲ။ ဒီနေ့က စွပ်စွဲချက်တွေနဲ့ပါလား”

ဝူဟုန်က သူ့အား လျစ်လျူရှုထားပြီး သူ့ရင်ခွင်ထဲ မှီလိုက်သည်။ သူမက သက်ပြင်းချကာ ပြောလိုက်၏ “ အတိအကျပြောရရင် သူမက တကယ်ကို တော်တဲ့အမျိုးသမီးပဲ။ ကြင်လည်း ကြင်နာတတ်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူမအပေါ် မကြင်နာတာတော့ နှမြောစရာပဲ”

ယခင်အချိန်စက်ဝန်းအတွင်း အမျိုးသမီးနှစ်ဦးက ဝမ်ဝေ့၏ ဘဝတွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။ အချိန်များစွာတွင် ရှုကျင်းယောင်က သူ့အသက်ကို ကယ်တင်ခဲ့သလို သူမ၏ ဆက်နွယ်မှုများအား အသုံးပြု၍ သူ့အား ကာကွယ်ပေးခဲ့သည်။

အဆုံးသတ်တွင် သူက သူမအပေါ် ကံကြွေးမြောက်များစွာ ရှိခဲ့ပြီး သူမ သူ့အပေါ် ပေးဆပ်သည်ကို မြင်တွေ့ပြီးသည့်နောက်တွင် သူမနှင့် ရှိဖို့ရာ တာဝန်တစ်ခုလို ခံစားမိလာသည်။ ဝမ်ဝေ့၏ အတွေးများက သူ အမှန်တကယ်ချစ်ရသည့် တစ်ဦးတည်းသော အမျိုးသမီး ဖြစ်သည့် ဧကရီဝူနှင့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် သူက သီးသန့်နေရာတစ်ခုတွင် ကိုယ်ပွားကို ဖန်တီးပြီး သူမနှင့် နေထိုင်စေခဲ့ပြီး တကယ့်ခန္ဓာကိုယ်အစစ်ကမူ ဝူဟုန်နှင့်သာ ဆက်လက်နေထိုင်ခဲ့သည်။

ဝမ်ဝေ့က ဝူဟုန် ပြောသည်ထက် ရှုကျင်းယောင်တွင် ကိစ္စများစွာရှိလိမ့်မည်ဟု ခံစားမိနေသည်။ သို့သော်လည်း ယခုအခါ မေးမြန်းခြင်းက ဉာဏ်မရှိရာကျကြောင်း ခံစားမိလေသည်။ မည်သို့ပင်ဆိုစေကာမူ သူ အခွင့်အရေးရသည်နှင့် သူတို့၏ ကံကြမ္မာဆက်နွယ်မှုကို ဖြတ်တောက်မည် ဖြစ်၏။ သူမက မည်မျှလှပစေကာမူ အရေးမပါပေ။

ထို့ကြောင့် ဝမ်ဝေ့က စကားလမ်းကြောင်းလွှဲဖို့ ဆုံးဖြတ်လိုက်သည်။ ဝမ်ဝူချန် ပေးထားသည့် စာအုပ်ကို ထုတ်ကာ နှစ်ယောက်သားက ဖတ်ရှုလိုက်ကြ၏။

ထိုစာအုပ်က ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် မဟာဧကရာဇ်အဆင့်ကြားမှ ကွာဟချက်ကို ဖော်ညွှန်းထားလေသည်။ အကြောင်းမှာ ထိုအဆင့်နှစ်ခုကြား ကျင့်ကြံဆင့်ပေါင်း သုံးဆယ်မှ လေးဆယ်အထိ ရှိနေ၍ ဖြစ်သည်။

နမူနာအားဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ထာဝရအရှင်ကြားတွင် အနည်းဆုံး နယ်ပယ် ၁၅ ဆင့်ရှိပြီး တာအိုဘိုးဘေးအတွက်မူ ၂၅ ဆင့် ဖြစ်ကာ၊ တတိယတန်းစား ဧကရာဇ်အတွက်မူ နယ်ပယ်အဆင့် ၄၀ ဖြစ်၏။

သို့သော်လည်း ကောင်းကင်အလိုဆန္ဒက ကျင့်ကြံသူအား ထိုနယ်ပယ်အဆင့်များအား ကျော်လွန်စေခဲ့ပြီး သေမျိုးနှင့် မသေမျိုးအဆင့် ကျင့်ကြံသူများကြားမှ ကျယ်ပြန့်လွန်းသည့် ကွာဟချက်ကို ချုံ့ပေးခဲ့သည်။

စာရေးသူက ထိုအရာသည် သူ့ယူဆချက်သက်သက်ဟု ဖော်ပြထားသော်လည်း ဝမ်ဝေ့ကမူ အကျိုးအကြောင်းသင့်သည့် သဘောတရားတစ်ခုဟု ခံစားမိနေ၏။

“ သူ ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ”

“ သူ ပြောတာမှန်တယ်” ဝူဟုန်က ပြန်ဖြေလိုက်သည်။

“ ဘယ်လိုဖြစ်ပြီးတော့လဲ”

“ သာမန် ဟွင်သွမ်းကမ္ဘာအများစုမှာ ကျင့်ကြံရေးနယ်ပယ်တွေ အများကြီးရှိတာ ပုံမှန်ပဲ။ အရင်းအမြစ် ဟွင်သွမ်းကမ္ဘာမှာတော့ ၁၂ဆင့်ပဲ ရှိတယ်။”

“ သာမန် ဟွင်သွမ်းကမ္ဘာကဘာလဲ။ အရင်းအမြစ် ဟွင်သွမ်းကမ္ဘာကဘာလဲ”

ဝူဟုန်က သူ စိတ်ရှုပ်ထွေးနေသည်ကို မြင်တွေ့ပြီးသည့်နောက်တွင် ရှင်းပြလိုက်သည်။ သူတို့က လက်ရှိ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ အဆုံးမဲ့လေဟာနယ်ဟု ခေါ်ဆိုသည့် ဒိုင်မေးရှင်းအနိမ့်တွင် တည်ရှိ၏။ ဒိုင်မေးရှင်းအမြင့်ကမူ မဟာဧကရာဇ်များ တက်လှမ်းသွားသည့်နေရာဖြစ်ကာ ပတ်ဝန်းကျင်က ကျင့်ကြံဖို့အတွက် ပိုမိုသင့်တော်ပြီး ကောင်းကင်ဘုံနှင့် စံပြများ နေထိုင်ရာ တည်ရှိရာနေရာလည်း ဖြစ်၏။

အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာအလွန်တွင် ကမ္ဘာဦးဟွင်သွမ်းရှိပြီး အဆုံးမဲ့ကျယ်ပြန့်ကာ မြင့်မြတ်သည့် မျိုးနွယ်ဖြစ်သည့် မကောင်းဆိုးဝါးနတ်ဘုရား အုပ်ချုပ်သည့်နေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာဦးဟွင်သွမ်းတွင် ဟွင်သွမ်းကမ္ဘာအများစု ပါဝင်ပြီး သာမန်နှင့် အရင်းအမြစ် ကမ္ဘာများဟု ပြန်လည်ခွဲခြားထားသည်။

သာမန်ကမ္ဘာများနှင့် ပတ်သက်ပြီး ထူးခြားသည့်အရာ မရှိသော်လည်း အရင်းအမြစ်ကမ္ဘာများတွင် ကောင်းကင်အလိုဆန္ဒရှိပြီး မဟာဧကရာဇ်များ၊ ကောင်းကင်ဘုံအဆင့်နှင့် စံပြများကို မွေးထုတ်နိုင်သည်။

ထို့ကြောင့် ထိုတည်ရှိမှုထဲ ဟွင်သွမ်းကမ္ဘာအားလုံးကို ဖွဲ့စည်းကာ ဟွင်သွမ်းစကြဝဠာ ဖွဲ့စည်းထားခြင်း ဖြစ်၏။

“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက သူ့စိတ်ထဲရှုပ်ထွေးနေသည့် ကိစ္စတချို့ကို ဖြေရှင်းလိုက်နိုင်၏။ ယခုတွင် သူသည် သူ့အနေနှင့် ကမ္ဘာမြေသည် တခြားဟွင်သွမ်းကမ္ဘာတွင် ရှိလိမ့်မည်ဟု ခံစားမိလာသည်။

ထို့အပြင် သူ အာကာပြင်အက်ကြောင်းမှ ဝါးမျိုခံရကာ ဖြတ်သန်းခဲ့ရသည့် အဆုံးမဲ့လေဟာနယ်ကြီးက ကမ္ဘာဦးဟွင်သွမ်း ဖြစ်နေနိုင်သည်။ သို့သော်လည်း မေးခွန်းထုတ်စရာ ရှိလာသည်က သူ့သေမျိုးဝိညာဉ်သည် ထိုသို့အန္တရာယ်များသည့် နေရာမျိုးတွင် မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။

အပြာရောင် အလင်းအစက်အပြောက်များက သူ့ဝိညာဉ်စွမ်းအားနှင့် ခွန်အားကို တိုးမြှင့်ပေးလျှင်ပင် လုံလောက်မည်လား။ သူက သူ့ခရီးစဉ်အတွင်း သက်ရှိတချို့နှင့် တွေ့ဆုံခဲ့မည်ဟု သေချာနေမိသည်။ မကောင်းဆိုးဝါး နတ်ဘုရားများပင် အပါအဝင် ဖြစ်၏။ ထို့ကြောင့် သူက မည်သို့အသက်ရှင်နိုင်သနည်း။

သူ့ဝိညာဉ်က ထိုသက်ရှိများနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အဆင့်အထိ ရောက်နေသည်လား။ သို့မဟုတ် တခြားတစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်လား။

ကြည့်ရတာ မြေခွေးအိုကြီး ဟုန်ကျွင်းက ငါ့ကို တိတ်တဆိတ် ကာကွယ်ထားတာများလား။ ဒါပေမဲ့ ဘာကြောင့်လဲ…

သို့သော် ယခုတွင် သူ့ ပြန်လည်ဝင်စားခြင်းသည် မတော်တဆ မဟုတ်ကြောင်း နားလည်လာသည်။ ပြောရလျှင် ဟုန်ကျွင်းက တိုက်ရိုက်ပါဝင်ပတ်သက်နေပြီး သူက ကမ္ဘာမြေမှ တခြားလူများ တခြားဟွင်သွမ်းကမ္ဘာသို့ ပြန်လည်ဝင်စားရာအဖြစ်အပျက်တွင် မတော်တဆ ပါမိသွားခြင်းလည်း ဖြစ်နေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ သူက အင်အား လုံလုံလောက်လောက် မကောင်းသရွေ့ ကမ္ဘာမြေသို့ မပြန်ဖို့ရာ ဆုံးဖြတ်ထား၏။ သူ ဖတ်ဖူးထားသည့် ဝတ္ထုများ၊ နတ်ဘုရားများအကြောင်းနှင့် အနောက်ဖက်သို့ ခရီးသွားခြင်းမှ ဟုန်ကျွင်းနှင့် သူတော်စင်အားလုံးသည် ဉာဏ်များကာ အကွက်ချ လုပ်ကြံတတ်သည့်သူများဖြစ်ကြောင်း သင်ယူထားခဲ့ရ၏။

ထို့ကြောင့် လုံလောက်သည့် အင်အားမရှိလျှင် သူသည် သူတို့လက်ထဲမှ နယ်ရုပ်တစ်ခုအပြင် ဘာမှမပိုပေ။ အကယ်၍ ဟုန်ကျွင်းသာ သူ့အား ဘာမှအကွက်မချဘဲ အမှန်တကယ် ကူညီပေးခဲ့လျှင် သူက တောင်းဆိုချက်ရှိလာလျှင် ဝမ်ဝေ့အနေဖြင့် လွန်လွန်ကဲကဲ မဟုတ်သရွေ့ ကံကြွေးကို ပြန်လည်ပေးဆပ်ရမည်သာ ဖြစ်၏။

“ ဟွင်သွမ်းကမ္ဘာတစ်ခုကနေ တစ်ခုအထိ လူတစ်ယောက်ကို ကာကွယ်ပေးဖို့ဆိုရင် အဲဒီလူက ဘယ်လောက်အားကောင်းနေမလဲ”

ဝူဟုန်က မေးလိုက်သည်။

“ ဘာကိုပြောချင်တာလဲ”

ဝမ်ဝေ့က စစ်ဆေးမှုအကြောင်း အသေးစိတ် မပြောပြရသေးသည်ကို သတိရသွားကာ ထိုအခွင့်အရေးကို အသုံးပြု၍ ပြောပြလိုက်သည်။

“ စံပြတစ်ယောက်က အဲဒီကမ္ဘာနဲ့ ဆက်နွယ်ချက် ရှိနေသရွေ့ ဒါမှမဟုတ်ဘူးဆိုရင် တည်နေရာ ရှိနေသရွေ့ သူတို့က လုပ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ရှင့်ကို တားမြစ်ချက်ကြောင့် မဟာတာအိုမျက်လုံးအောက်ကနေ ကာကွယ်ဖို့ဆိုရင် အဆုံးစွန်မဲ့ စံပြတစ်ယောက်ကတောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ အဲဒီစွမ်းအားထက် ကျော်လွန်နေမှ…”

ဝမ်ဝေ့က ဝူဟုန်အား ကြည့်ကာ ဘာမှဆက်မပြောတော့ပေ။ တချို့အရာများက ပြော၍ မဖြစ်သလို ပြောနေဖို့လည်း မလိုအပ်ပေ။ ယခုတွင် သူက ထိုအချက်ကို ကောင်းကောင်းနားလည်လာပြီ ဖြစ်၏။ ထို့ကြောင့် သူက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ တခြား ဟွင်သွမ်းစကြဝဠာတွေကရော ဘယ်မှာများပါလိမ့်။ ကမ္ဘာဦးဟွင်သွမ်းနဲ့ ဟွင်သွမ်းစကြဝဠာအလွန်မှာများ ရှိနေမလား။ ကြည့်ရတာ ဟုန်…”

“ ရှူး ဘာမှမပြောနဲ့တော့” ဝူဟုန်က သူ့ပါးစပ်ကို လက်ဖြင့် အသာကာကာ ပြောလိုက်သည်။ သူက သူ့အဆင့်ထက် ကျော်လွန်သည့်အရာတစ်ခုကို ပြောမိတော့မည်ဖြစ်ကြောင်း အမှတ်ရသွားသည်။

ထို့ကြောင့် သူမအား ခေါင်းညိတ်လိုက်သည်။ သူက သူ့အားနည်းချက်ကို သတိထားမိကာ လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းဖို့ ဆန္ဒသည်လည်း ပိုမိုခိုင်မာလာ၏။

သူက အားနည်းသည့်အတွက် ထိုသို့သောအရာမျိုးကို ပြောမထွက်နိုင်သည်မှာ သက်တောင့်သက်သာ မရှိလှသည့်အတွက် စိတ်ခုလာမိသည်။

“ ကောင်းပြီ။ ဒီဒေါသထွက်တာကို လှုံ့ဆော်မှုအဖြစ် အသုံးချလိုက်” ဝူဟုန်က ပြောလိုက်သည်။

“ ကိုယ် သုံးမှာပါ။ ကောင်းပြီ တခြားတစ်ခု ပြောကြစို့။ မင်း အပိတ်ခံထားရတုန်းက ဘာတွေလုပ်ဖြစ်နေလဲ”

***

All Chapters