← Chapters

လျှို့ဝှက်ထားသော သမိုင်းကြောင်း

Vol. 36 Ch. 502

လျှို့ဝှက်ထားသော သမိုင်းကြောင်း

Vol. 36 Ch. 502

ဝူဟုန်က ချုပ်နှောင်ထားခြင်းဟု သုံးနှုန်းသည့်အခါက လှောင်ပြောင်ဟန်ပါနေသည့် ဝမ်ဝေ့၏ လေသံကို လျစ်လျူရှုထားလိုက်သည်။ သူက ကောင်းကင်တာအိုရှေ့တွင် အားနည်းကြောင်း အခေါ်ခံရသည်ကို ခါးသက်နေကြောင်း သိထား၏။ တစ်ခါတစ်ရံတွင် သူက သဘောထား သေးသိမ်တတ်သလို တစ်ခါတစ်ရံတွင်လည်း တွေ့ဖူးသမျှလူများထဲ စိတ်သဘောထား အကြီးကျယ်ဆုံးလူ ဖြစ်နိုင်သည်။

“ ကျွန်မ ချုပ်နှောင်မခံထားရခင်လေးမှာ ကပ်ဘေးဧကရာဇ်ရဲ့ အမွေအနှစ်ကို ရှာတွေ့ခဲ့တယ်” သူမက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ထို့နောက် သူမက စာအုပ်အား ထုတ်ကာ ပေးလိုက်၏။

ဝမ်ဝေ့က ထိုခေါင်းစဉ်အား ဖတ်ကြည့်လိုက်သည့်အခါ

လူသား၊ မြေကမ္ဘာနှင့် ကောင်းကင် စမ်းသပ်ချက် ပညာရပ်

“ ဒီဟာက ကိုယ့်ကို လှုံ့ဆော်မှုတချို့ပေးနိုင်မယ်လို့ မျှော်လင့်ရတာပဲ” သူက သိမ်းလိုက်ပြီးနောက် ပြောလိုက်သည် “ နောက်ထပ် ဘာရှိသေးလဲ”

“ ရှင် တာအို သက်သေပြပြီးတဲ့နောက်မှာ တာအိုသင်္ချိုင်းမြေကို ရှာဖို့ နည်းလမ်းဖန်တီးဖို့ အချိန်ယူခဲ့တယ်။ အခု တချို့လူတွေကို သတိမထားမိစေဘဲ အထဲကို ခိုးဝင်ဖို့ပဲ လိုတော့တယ်”

“ ကောင်းတယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူက ထိုလူများကို ကံကြမ္မာစွမ်းအားဖြင့် ရှာတွေ့နိုင်မည်ဟု ယုံကြည်ထားသော်လည်း သတိထားသည်က ပိုမိုကောင်းပေသည်။ ဝူဟုန်၏ နည်းလမ်းဖြင့် သူက အာမခံချက် အပိုတစ်ခု ရှိသွားလေပြီ။

သူက သမိုင်းကြောင်းသည် မြင်ရသလောက် မရိုးရှင်းကြောင်း မှတ်မိသည့်အခါ သူမအား မေးကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ ဝူဟုန်က သူ့အတွေးကိုကြားသည့်အခါ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရှင်းပြလိုက်သည်။

“ ရှင် ပြောတာမှန်တယ်”

“ အဲဒါဆိုတော့ တကယ့်သမိုင်းကြောင်းက ဘာလဲ”

“ ကျွန်မတောင် သေချာမသိဘူး။ ဒါပေမဲ့ ရှင့်ကို ကျွန်မ ကြားထားသလောက် ပြောပြပေးမယ်။ ပထမဦးဆုံး ရှေးဟောင်းဧကရာဇ်ခေတ်ကာလနဲ့ လူသားဧကရာဇ်အကြောင်းကနေ စလိုက်ရအောင်။ ကျွန်မ သိထားသလောက် သူက တခြားအရင်းအမြစ်ကမ္ဘာက စံပြတစ်ယောက်တဲ့”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး အကြည့်များက လင်းလက်တောက်ပလာသည်။ သူက လူသားဧကရာဇ်သည် တရုတ်ပြည်၏ ပထမဧကရာဇ် ချင်ရှစ်ဟွမ်း ဖြစ်ကာ ချင်တိုင်းပြည်၏ အုပ်ချုပ်သူဖြစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ သူ၊ ဟုန်ကျွင်းနှင့် ကမ္ဘာမြေအကြောင်း သိထားရလေလေ ပိုမိုသေချာလာလေလေ ဖြစ်၏။

“ ဒါပေမဲ့ လူသားဧကရာဇ်က ရက်စက်ပြီးတော့ သူက အဆုံးစွန်မဲ့ စံပြတစ်ယောက် ဖြစ်ချင်တယ်။ အဲဒါကြောင့် သူက ပြန်လည်ကျင့်ကြံဖို့ တာအိုဖြတ်တောက်ခြင်း ဖြစ်စဉ်ကို ဖြတ်ကျော်ခဲ့တယ်”

“ တာအိုဖြတ်တောက်ခြင်းတဲ့လား။ အဲဒါက ဘာလဲ”

“ ရှင့်ကို ဘယ်လိုရှင်းပြရမလဲ” ဝူဟုန်က အတွေးများကို စုစည်းရင်းပြောလိုက်သည်။

“ တချို့လူတွေက တာအိုကို သက်သေပြဖို့ ဒုတိယအခွင့်အရေး လိုချင်ကြတယ်။ ပုံမှန်ဆိုရင် သူတို့က ပထမအကြိမ် အောင်မြင်မှုတွေကို သဘောမကျကြလို့ပေါ့။ သူတို့အများစုက ထာဝရဧကရာဇ်ဖြစ်လာမဲ့ နောက်ထပ်အခွင့်အရေးကို လိုချင်ကြတာ။ ဧကရာဇ်တစ်ယောက်အတွက် အခြားလမ်းစဉ်ကို ပြန်လည်ကျင့်ကြံဖို့ သူတို့အောင်မြင်နိုင်မဲ့ နည်းလမ်းနှစ်မျိုး ရှိတယ်။ ပထမတစ်ခုက သူတို့ဝိညာဉ်ကို ပြန်လည်ဝင်စားခြင်းထဲ ဝင်ရောက်ဖို့ ကုသိုလ်အလုံအလောက် စုဆောင်းတာမျိုး။

အဲဒီနည်းလမ်းကို သုံးပြီးတော့ ဧကရာဇ်အများစုက ဒုတိယအကြိမ် ကြိုးစားမှုအပြီးမှာ သူတို့ရဲ့ မူလခန္ဓာကိုယ်ကို အရန်အစီအစဉ်အဖြစ် ထားခဲ့နိုင်တယ်။ ဒါပေမဲ့ ကံဆိုးတာက အဲဒီနည်းလမ်းက ဟာကွက်ကြီး ရှိနေတယ်”

“ ခန္ဓာကိုယ်က ပြန်လည်ဝင်စားခြင်းအပြီးမှာ ဝိညာဉ်အပေါ် သက်ရောက်မှုရှိတာလား” ဝမ်ဝေ့က မေးလိုက်သည်။

“ အတိအကျပဲ။ တာအိုကို ဒုတိယအကြိမ် သက်သေပြဖို့ ကြိုးစားတဲ့ လူတော်တော်များများက ကျရှုံးသွားတာမျိုး ဒါမှမဟုတ် ပထမအကြိမ်နဲ့ ရလဒ်အတူတူမျိုး ဖြစ်တတ်ကြတယ်။ အဲဒါကြောင့် ထာဝရဧကရာဇ် ဖြစ်လာဖို့ ဒုတိယအကြိမ် ကြိုးစားတာက ခက်ခဲမှုက အဆရာချီ မြင့်မားတယ်။ ပြီးတော့ ကြိုးစားမှုတစ်ခုချင်းစီမှာ ခက်ခဲမှုကလည်း သိသိသာသာ ပိုမြင့်မားလာတယ်”

“ အဲဒါဆို သူတို့စုဆောင်းရမဲ့ ကုသိုလ်ကရော အဲဒါက အကူအညီ မဖြစ်ဘူးလား”

“ ကုသိုလ်က အစကတည်းက ပထမနေရာမှာ သူတို့အတွက် ဒုတိယအခွင့်အရေးပေးဖို့ ကောင်းကင်တာအိုဆီ ပေးဆပ်ရတဲ့ တန်ကြေးတစ်ခုပဲ။ အဲဒီဟာက လူအများစု မတတ်နိုင်လောက်တဲ့ ပမာဏမျိုးပဲ”

ဝမ်ဝေ့က ဒိုင်မေးရှင်းအမြင့်လို နေရာမျိုးတွင် ကုသိုလ်စုစည်းဖို့က လွယ်ကူမည် မဟုတ်ကြောင်း နားလည်လိုက်သည်။ ထိုလူက သူ့လိုမျိုး တခြားလူမှုအဖွဲ့အစည်းတစ်ခုကို မရှိမချင်း မဖြစ်နိုင်ပေ။

သို့သော်လည်း ထိုသို့ဆိုလျှင်ပင် ထိုနည်းလမ်းက အလွန်အန္တရာယ် များပြားလှပြီး စံပြကဲ့သို့ အင်အားရှိပုဂ္ဂိုလ်များရှိသည့်အကြောင်း ထည့်စဉ်းစားလျှင် ပိုမိုအန္တရာယ်ကြီးမားလေသည်။ အကယ်၍ သူတို့တစ်ယောက်က သူ့အတွေးအခေါ်ကို စိတ်ဝင်စားပြီး ကုသိုလ်လိုချင်လာလျှင် မည်သို့ဖြစ်မည်နည်း။

“ အဲဒါဆိုတော့ ဒုတိယနည်းလမ်းကရော။ အဲဒါက လူသားဧကရာဇ်နဲ့ သက်ဆိုင်နေတာလား”

“ ဒုတိယနည်းလမ်းကို တာအိုဖြတ်တောက်ခြင်း နည်းလမ်းလို့ခေါ်ပြီးတော့ သူတို့ရဲ့ မဟာတာအိုအရင်းအမြစ်ကို ဖယ်ရှားပြီးတော့ သေမျိုးလူသားအဖြစ် ပြောင်းလဲလိုက်တာမျိုး။ အဲဒါက လူသားဧကရာဇ် အသုံးပြုခဲ့တဲ့ နည်းလမ်းပဲ။”

“ သူက တကယ်ကို ကြောက်ဖို့ ကောင်းတာပဲ” ဝမ်ဝေ့က ပြောလိုက်သည် “ စံပြတစ်ယောက်ရဲ့ စွမ်းအားကို စွန့်ပယ်ပြီးတော့ အစကနေ ပြန်စဖို့လား။ လူတော်တော်များများက အဲလိုလုပ်နိုင်မဲ့ စိတ်ဆန္ဒမျိုးရှိမှာ မဟုတ်ဘူး။ အထူးသဖြင့် ဒုတိယအကြိမ် ကြိုးစားမှုမှာ ကျရှုံးနိုင်ချေက ပိုမိုမြင့်မားနေတဲ့အခါမျိုးပေါ့”

“ အဟုတ်ဘဲ။ ဒါပေမဲ့ ရှင် သိထားသလောက် သူတို့က သူက တာအိုကို ဖြတ်တောက်ပြီးတဲ့နောက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ မပါဝင်ခဲ့ဘူး”

ဝမ်ဝေ့က တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး “ မင်း ပြောချင်တာက…”

“ ဟုတ်တယ်။ သူ ရွှေလူဝံဧကရာဇ်ရဲ့ ကျူးကျော်မှုတစ်ခုလုံးက သူ့လျှို့ဝှက်ကြိုးကိုင်မှုဆိုပြီးတော့ ကောလဟာလတွေ ထွက်ခဲ့ဖူးတယ်။ သူက တာအိုကို သက်သေမပြခင် ရွှေလူဝံဧကရာဇ်ထဲကို မကောင်းဆိုးဝါးနတ်ဘုရားရဲ့ သွေးစက်အနည်းငယ်ကို ထိုးသွင်းပေးခဲ့တယ်။ အဲဒါကြောင့် တိုက်ပွဲစွမ်းအားက ထာဝရဧကရာဇ်ထက် မသာရင်တောင် ယှဉ်နိုင်လောက်တယ်။

အဲဒီနောက် ရွှေလူဝံဧကရာဇ်က သောင်းကျန်းပြီးတော့ ကမ္ဘာနဲ့ လူသားမျိုးနွယ်ကို ဖျက်ဆီးဖို့ လုပ်တဲ့အခါမှာ သူက လူသားမျိုးနွယ်ကို ကာကွယ်ပေးတဲ့ သူရဲကောင်းအဖြစ် ပေါ်ထွက်လာခဲ့တာပဲ။”

“ သူက လူသားတွေရဲ့ ကံကောင်းမှုနဲ့ ကုသိုလ်ကို အသုံးပြုပြီးတော့ သူ ထာဝရဧကရာဇ်ဖြစ်လာဖို့ သေချာအောင် လုပ်ခဲ့တာလို့ ထင်တယ်”

“ အတိအကျပဲ” ဝူဟုန်က ပြန်ဖြေလိုက်သည် “ ဒီလိုဆိုရင် သူက ရွှေလူဝံဧကရာဇ်ကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတစ်မျိုးမျိုးတော့ ရှိရမှာပေါ့။ ခဏနေပါဦး။ သူ့ကို နယ်ပယ်အဆင့်တွေ ကျော်ပြီး တိုက်ခိုက်ခွင့်ပေးထားတဲ့ အစီအရင် … အဲဒါပဲ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ အဲလိုမျိုး အစီအရင်မျိုးက ဘယ်လိုမျိုး တည်ရှိနေတာလဲ”

“ ကျွန်မလည်း အသေးစိတ်တော့မသိဘူး” ဝူဟုန်က ပြောလိုက်သည်။

“ ဒါပေမဲ့ ကျွန်မ ခန့်မှန်းမိသလောက် လူသားဧကရာဇ်က စံပြအဆင့်တွေတောင် ပါဝင်နေတဲ့ နီညိုရောင်စစ်သည်ဆိုတဲ့ ရုပ်သေးရုပ်တပ်ဖွဲ့ကြောင့် ကျော်ကြားတယ်။ သူက မသေမျိုးအဆင့် ရုပ်သေးရုပ်တွေကို ဗဟိုအနေနဲ့ အသုံးပြုပြီးတော့ အဲလိုစွမ်းအားမျိုး ငှားယူခဲ့တာလို့ ထင်တယ်။ ပြီးတော့ သူက ရွှေလူဝံဧကရာဇ်ကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတချို့ကိုလည်း ချန်ထားခဲ့တယ်”

“ တကယ်ကို ဉာဏ်ကောင်းပြီးတော့ ရက်စက်တဲ့ အုပ်ချုပ်သူပဲ။ အာဏာအတွက် ဘာမဆိုလုပ်နိုင်တယ်” ဝမ်ဝေ့က ပြောလိုက်သည်။ တစ်နည်းအားဖြင့် သူက ဤကမ္ဘာသို့ တခြားကူးပြောင်းသူတစ်ယောက်၏ တည်ရှိမှုကြောင့် ခြိမ်းခြောက်ခံလိုက်ရသလို ခံစားမိလိုက်သည်။

ဝူဟုန်က မျက်လုံးဝေ့ကာ “ ရှင် ချင်တိုင်းပြည်ရဲ့ ရတနာသိုက်ကို ဖွင့်တဲ့အခါ သတိထားသင့်တယ်။ ပြီးတော့ စွင်းကျောင်းလုံကိုလည်း သတိထားသင့်တယ်။ လူသားကံကြမ္မာဓားက လူသားဧကရာဇ်ရဲ့အပိုင် မဟုတ်တော့ ထိန်းချုပ်နိုင်ခွင့် မရှိတော့ဘူးဆိုပေမဲ့ သူ့မှာ နည်းလမ်းတချို့တော့ ကျန်နေဦးမှာပဲ။ ပြီးတော့ အဲဒီဟာက နှစ်များစွာ ပျောက်ကွယ်နေပြီးတော့ စွင်းကျောင်းလုံကို ရွေးချယ်လိုက်တဲ့ အကြောင်းအရင်းကလည်း ရှိနေလိမ့်မယ်”

“ လူသားဧကရာဇ်က အဆုံးစွန်မဲ့ စံပြတစ်ယောက် ဖြစ်လာခဲ့တယ်မလား”

“ သူ ဖြစ်လာခဲ့တယ်”

“ အဲဒါဆို သူ့လက်ရှိအဆင့်အတန်းကရော ဘယ်လိုလဲ”

“ သေသွားတာမျိုး ဒါမှမဟုတ် မရေမရာ အခြေအနေမျိုးပေါ့”

“ အဲဒါဆိုရင် စွင်းကျောင်းလုံက သူ ပြန်လည်ရှင်သန်ဖို့ ရွေးချယ်ခဲ့တဲ့ အခွံတစ်ခု ဖြစ်နေနိုင်တာပေါ့”

“ ဖြစ်နေနိုင်တာပေါ့”

ဝမ်ဝေ့လည်း ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည် “ သူ့ကို ဘာလို့ လူသားဧကရာဇ်လို့ ခေါ်တာလဲ။ ဒီခေါင်းစဉ်က သူ့ကို ဒိုင်မေးရှင်းအမြင့်မှာ ပြဿနာဖြစ်လာပြီး ပြောင်းလဲရမယ်လို့ ထင်ထားတာ”

“ တကယ်ကို ပြဿနာ ဖြစ်စေခဲ့တာပေါ့။ ဒါပေမဲ့ သူက အဲဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်ဆိုပြီးတော့ သက်သေပြခဲ့တယ်လေ”

“ ဘယ်လိုမျိုးလဲ”

“ သူက ဒိုင်မေးရှင်းအမြင့်မှာ အကြီးမားဆုံးနဲ့ အကြီးကျယ်ဆုံး လူသားတိုင်းပြည်ဖြစ်တဲ့ ချင်သူတော်စင် တိုင်းပြည်ဆိုတာကို ဖန်တီးခဲ့တယ်။ ပြီးတော့ မိစ္ဆာကျူးကျော်မှုတွေက မူမမှန်မှုတွေရှိတယ်ဆိုတာကို မှတ်မိတယ်မလား”

“ မှတ်မိတယ်။ မိစ္ဆာနတ်ဘုရားကိုးပါးက ဒိုင်မေးရှင်းအနိမ့်ကို အုပ်စိုးလုနီးပါး ဖြစ်ခဲ့တာလေ။ ပြီးတော့ သူတို့က မင်းရဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲထဲမှာလည်း ဝင်စွက်ဖက်ပေမဲ့ အပြစ်ပေးမခံခဲ့ရဘူးမလား”

“ အဲဒါက သူတို့က ဒိုင်မေးရှင်းအမြင့်မှာ မိစ္ဆာမျိုးနွယ်ရဲ့ ထောက်ပံ့မှုကို ရရှိထားလို့ပဲ။ ကြောက်ဖို့ ကောင်းတဲ့ အစစ်အမှန်မိစ္ဆာက ဒိုင်မေးရှင်းအမြင့်မှာ ပေါ်ထွက်လာပြီးတော့ သူ့တည်ရှိမှုက အစစ်အမှန်ကောင်းကင်တာအိုထိကို သက်ရောက်မှုရှိစေခဲ့တယ်။ အဲဒီအစစ်အမှန်မိစ္ဆာက အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတစ်ခုလုံးကို သက်ရောက်မှုရှိစေတဲ့ ကပ်ဘေးတစ်ခုကို ဖန်တီးခဲ့တယ်။ လူသားဧကရာဇ်က အဲဒီခေတ်ကာလမှာ သူ့ဂုဏ်ပုဒ်ကို အသိအမှတ်ပြုဖို့ လူတွေကို ဦးဆောင်ပြီးတော့ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့တယ်”

“ သူက အဲဒီအစစ်အမှန် မိစ္ဆာကပ်ဘေးရဲ့ နောက်ကွယ်ကလူများ ဖြစ်နေမယ်လို့ တွေးမိလား”

“ သူက အဲ့လောက်အဆင့် အထိ မလုပ်နိုင်ဘူး။ တကယ်လို့ သူ လုပ်နိုင်ခဲ့ရင်လည်း ဆိုးဆိုးရွားရွား ကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ထပ်မေးလိုက်သည် “ မင်းကရော အဲဒီကပ်ဘေးမှာ ဘယ်လိုအနေအထားနဲ့ ဝင်ပါခဲ့သေးလဲ”

“ မပါခဲ့ဘူး”

“ မပါခဲ့ဘူးတဲ့လား”

“ ဟုတ်တယ်။ ကျွန်မ တက်လှမ်းသွားတုန်းက တာအိုအခွင့်အလမ်းဂိုဏ်း၊ ဗုဒ္ဓဂိုဏ်း၊ ချင်သူတော်စင်ခုံရုံးနဲ့ တခြားဂိုဏ်းအများစုက အစစ်အမှန်မိစ္ဆာကို ရှင်းပြီးသွားပြီ။ အဲဒါကြောင့် ကျွန်မက ဘာမှမလုပ်လိုက်ရဘူး”

ဝမ်ဝေ့က သူ့ဂိုဏ်း၏ နာမည်ကို ကြားမိ၍ မအံ့ဩမိပေ။ သူက သူ့ဘိုးဘေးများသည် ဒိုင်မေးရှင်းအမြင့်တွင် ဂိုဏ်းတစ်ခု တည်ထောင်ထားလိမ့်မည်ဟု ခန့်မှန်းထားပြီးသား ဖြစ်၏။ သူတို့သည် တာအိုအခွင့်အလမ်းဂိုဏ်းဟူသော ကြီးကျယ်သည့် နာမည်ကိုပင် ဆက်လက်ထိန်းသိမ်းထားသေးသည်။

“ ဒိုင်မေးရှင်းအမြင့်မှာ မိစ္ဆာမျိုးနွယ်ကို ပျက်သုဉ်းအောင် လုပ်တာ မင်းလို့ ထင်နေတာ”

ဝူဟုန်က ပြုံးလိုက်ပြီး ထပ်ရှင်းမပြပေ။ သူမသည် လျှို့ဝှက်ဆန်းကြယ်ကြောင်း အသားကျနေပြီဖြစ်သည့် ဝမ်ဝေ့က လျစ်လျူရှုထားလိုက်ပြီး ထပ်ပြောလိုက်သည် “ အဲဒီအစစ်အမှန်မိစ္ဆာက ဒိုင်မေးရှင်းအမြင့်မှာ တကယ်ကို သက်ရောက်မှုကြီးစေခဲ့မှာပဲ”

“ အဲလိုဖြစ်ခဲ့တာပေါ့။ သူက စံပြတွေရာချီနဲ့ အဆုံးစွန်မဲ့စံပြတွေ ဒါဇင်ချီလောက် တည်ရှိတဲ့ ခေတ်မှာ ပေါ်ထွက်ခဲ့ပြီးတော့ ယှဉ်ပြိုင်ခဲ့တာလေ”

သူမက အစစ်အမှန်မိစ္ဆာသည် ထိုစံပြများအားလုံး ပျောက်ကွယ်သွားမှုနှင့် ရွှေရောင်ကာလ အဆုံးသတ်သွားသည့် အကြွင်းမဲ့တားမြစ်ချက် တစ်ခု၏ ရှေ့ပြေးပုံစံ ဖြစ်ကြောင်း မပြောလိုက်ပေ။

ဝမ်ဝေ့က ထိုအကြွင်းမဲ့တားမြစ်ချက်အကြောင်း သိဖို့ရာ သို့မဟုတ် ဆွေးနွေးဖို့ရာ အနေအထားသို့ မရောက်ရှိသေးပေ။

“ အဲဒါဆိုရင် ထာဝရဦးသျှောင်တွေကရော ဘယ်လိုလဲ။ သူတို့က ဒီသမိုင်းကြောင်းအဖြစ်အပျက်တွေမှာ ဘယ်လိုနေရာကနေ ဝင်ပါခဲ့တာလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“ အများစုက အဖွဲ့ခွဲပြီးတော့ တားမြစ်နယ်မြေတွေကို စည်းပိတ်ပြီး အခြေအနေကို ဆက်မဆိုးရွားလာအောင် ကာကွယ်ပေးခဲ့ကြတယ်” ဝူဟုန်က ပြောလိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက ဒိုင်မေးရှင်းအနိမ့်မှာ ထူးကဲနေတဲ့ အကြောင်းအရင်းတစ်ချက်က ကျွန်မတို့ ကျင့်ကြံသူတွေက အန္တရာယ်နဲ့ အပြောင်းအလဲကို အချိန်မီအတူတကွ လုပ်ဆောင်နိုင်လို့ပဲ။ အဲဒါက ကျွန်မတို့တွေ မသေမျိုးအဆင့် ကျင့်ကြံသူတွေကို ထိန်းချုပ်ပြီး ကိုင်တွယ်နိုင်တာလည်း ပါဝင်တယ်။ ကောင်းကင်အလိုဆန္ဒကမ္ဘာတချို့မှာ အဲဒီလူတွေက ကမ္ဘာကို သူတို့စိတ်ကြိုက်သွားလာနိုင်ပြီးတော့ စိတ်ကြိုက်လုပ်နိုင်တယ်။ တားမြစ်ချက် မရှိဘူး”

“ ကောင်းကင်တာအိုက ဂရုမစိုက်ဘူးလား”

“ ကောင်းကင်တာအို အများစုက ကျွန်မတို့ကမ္ဘာလောက် အသက်မဝင်ဘူး။ အဲဒီလူတွေက ကမ္ဘာကို မဖျက်ဆီးပစ်သရွေ့၊ ဒါမှမဟုတ် လူသားမျိုးနွယ် လူဦးရေကို သေချာတဲ့အနေအထားအထိ မလျှော့ချပစ်သရွေ့ သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး”

“ အဲဒါဆိုတော့ ကိုယ်တို့တွေ ဒီလိုမျိုး သက်ဝင်လှုပ်ရှားနေတဲ့ တာအိုရှိတာ ကံကောင်းတာလား။ ကံဆိုးတာလားတောင် မသိတော့ဘူး” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ ရှင် အဲဒါကို သဘောမကျဘူးဆိုတာ သိပေမဲ့ ကမ္ဘာကို အစီအစဉ်ကျအောင် ထိန်းသိမ်းထားနိုင်တာ အဲဒါကိုတော့ ကျေးဇူးတင်ရမယ်။ အထူးသဖြင့် တခြားကောင်းကင်အလိုဆန္ဒကမ္ဘာတွေနဲ့ ယှဉ်လိုက်ရင်ပေါ့”

ဝမ်ဝေ့က သူမနှင့် သဘောတူသော်လည်း မကျေမနပ်ဖြစ်ဆဲသာ ဖြစ်၏။

***

All Chapters