ပြန်လွှတ်ခြင်း
Vol. 37 Ch. 506
ကျန့်ချောင်း၏ ဝိညာဉ်ကို သန့်စင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဝိညာဉ်ကွန်ယက်တွင် ထိုလူအကြာရှည်ဆုံးနေထိုင်ခဲ့သည့် ကမ္ဘာ့အသိုက်အဝန်းထိ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
သူက မျက်လုံးမှိတ်လိုက်ပြီး ထိုစွမ်းရည်ကို အသက်သွင်းလိုက်သည့်အခါ သူ့စိတ်ထဲ လေးထောင့်ကွက်နှစ်ခု ထွက်ပေါ်လာ၏။ ထိုအရာကို အာရုံစိုက်လိုက်သည့်အခါ အသင်္ချေအင်ပါယာ ကမ္ဘာအသိုက်အဝန်းနှင့် သိုင်းပညာအထွတ်အထိပ် ကမ္ဘာ့အသိုက်အဝန်းဟု မြင်နိုင်သည်။
ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီ၏ နာမည်က ကောင်းကင်အလိုဆန္ဒကမ္ဘာကို ဗဟိုချက်အနေနဲ့ ထားထာဆိုတော့ အတော်လေးအဆင်ပြေသားပဲ…
သူက သိုင်းပညာအထွတ်အထိပ် ကမ္ဘာ့အသိုက်အဝန်းကို အာရုံစိုက်ထားလိုက်ပြီးနောက် သိုင်းပညာအထွတ်အထိပ် ကမ္ဘာကို ရည်ညွှန်းပြနေသည့် ခရမ်းရောင်နှင့်အတူ အခြားအရောင်များကို မြင်လိုက်ရသည်။ သို့သော်လည်း ဝမ်ဝေ့က ထိုအရာများသည် အသင်္ချေအင်ပါယာကမ္ဘာလောက် မများပြားကြောင်း သိလိုက်ရ၏။
အတိအကျဆိုရလျှင် သိုင်းပညာအထွတ်အထိပ် ကမ္ဘာ့အသိုက်အဝန်းသည် သူ့အနေနှင့် တခြားကမ္ဘာများကို ရှာဖို့ရာ ရှုပ်ထွေးပြီး အချိန်လည်း ပိုကြာမြင့်လိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ သူက ဝိညာဉ်စွမ်းအားနှင့် အချိန်အမြောက်အများရှိသည့်အတွက် စိတ်ထဲမထားပေ။
အဲဒီကမ္ဘာ့အသိုက်အဝန်းတွေကို ဝင်ရောက်ဖို့ လိုအပ်ချက်က ဘာများပါလိမ့်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက ဝိညာဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခုရှိရမည်ဟု သိထားသော်လည်း ကျန့်ချောင်းသည် ယခင် ကမ္ဘာ့အသိုက်အဝန်းငါးခုဆီ သွားလာခဲ့ဖူး၏။ သို့သော် ဝမ်ဝေ့ကမူ တစ်ခုကိုသာ သိရှိခဲ့သည်။
ထို့ကြောင့် ကျန့်ချောင်းသည် ထိုအရာကို အိမ်အဖြစ် တွေးထားခြင်း သို့မဟုတ် အချိန်အများစု ကုန်ဆုံးခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို တခြားတစ်ခုကြောင့်လည်း ဖြစ်နေနိုင်သည်။
ဝမ်ဝေ့က ကမ္ဘာ့အသိုက်အဝန်းတစ်ခုကို ကြည့်နေရင်း အရင်းအမြစ် စုစည်းဖို့ အစီအစဉ်ကိုသာ စတင်အကောင်အထည်ဖော်လိုက်သည်။ သူ့ အဓိကရည်ရွယ်ချက်က ကံကောင်းမှု အမြောက်အများရှိသည့် လူများ၊ ကံကြမ္မာသားတော် သို့မဟုတ် လိုလိုလားလား လိုအပ်နေသည့် လူများ ဖြစ်၏။ သူက ထိုလူများကို အပြည့်အဝ အသုံးချပြီး အဆင့်မြင့် အရင်းအမြစ်များစွာကို ရရှိဖို့ လိုအပ်လာသည့်အခါ ထိုလူများကို ဆက်သွယ်ဖို့ စိတ်ကူးထားသည်။
ထို့အပြင် သူက သူတို့၏ ကမ္ဘာ့အသိုက်အဝန်းမှ ကောင်းကင်ရွေးချယ်ခံများနှင့် အရင်းအမြစ်လဲလှယ်ဖို့ ဆက်သွယ်နိုင်သလို တာအိုနားလည်မှုခြင်း ဖလှယ်နိုင်သည်။
“ ဒါပေမဲ့ တကယ်လို့ ငါ့အစီအစဉ် အောင်မြင်ချင်တယ်ဆိုရင် နောက်ထပ်ကမ္ဘာ့အသိုက်အဝန်းတွေ ထပ်ပြီးတော့လိုဦးမယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီး သူ့ဝိညာဉ်ကွန်ယက်ကို မည်သို့ ချဲ့ထွင်နိုင်ကြောင်း စဉ်းစားနေသည်။
ထို့နောက် သူက လိုချင်သည့်အဖြေကို တွက်ချက်လိုက်၍ သူ့မျက်ဝန်းအထက် ကံကြမ္မာစွမ်းအားတချို့ ဖြတ်ပြေးသွားသည်။
“ ဝိညာဉ်ကွန်ယက်ကို ချဲ့ထွင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းရှိနေတာလား။ အဲဒါက တခြားကမ္ဘာ့အသိုက်အဝန်းက ကောင်းကင်ရွေးချယ်ခံတွေ ပါနေတဲ့ လျှို့ဝှက်နယ်မြေပဲ။ ကံဆိုးတာက ဒါက သူ ရထားသမျှ သတင်းအကုန်ပဲ”
ထို့ကြောင့် သူက ထိုလျှို့ဝှက်နယ်မြေ ဖွင့်လှစ်မည့်အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး သူ့တွင် အချိန်ရှိသေးကြောင်း သဘောပေါက်သည့်အခါ ကျေကျေနပ်နပ်ခေါင်းညိတ်လိုက်သည်။
ဒါက ငါ့ရဲ့ တာအိုနယ်ရှင်ဖြစ်တဲ့ ကံကောင်းမှုတိုးမြှင့်လာတဲ့ပုံစံလား…
သူက တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုအကြောင်းအရာအပေါ် အာရုံစိုက်ထားခြင်း မရှိပေ။ သူက သူ လိုအပ်သည့် အရင်းအမြစ်ကို ရရှိဖို့ ချင်တိုင်းပြည်၏ ရတနာသိုက်ကို မှီခိုဖို့ မလိုသည်ကိုသာ ဝမ်းသာနေမိသည်။ သူကလူသားဧကရာဇ်ကို မယုံပေ။ အထူးသဖြင့် ထိုလူ၏ အကြောင်းများကို သိရှိပြီးနောက်တွင် ဖြစ်၏။
ထို့နောက်တွင် ဝမ်ဝေ့က ယခုတွင် ရတနာသိုက်ကို မဖွင့်လှစ်ချင်သေးပေ။ အသင်္ချေအင်ပါယာကမ္ဘာ၏ ဂိုဏ်းအားလုံးက ထိုအကြောင်းကို သိထားကြပြီး ထိုအရာကို ဖွင့်မည့် လူသားကံကြမ္မာဓားက သူ့တွင် ရှိကြောင်းလည်း သိထားကြသည်။
တာအိုအခွင့်အလမ်းဂိုဏ်းအနေနှင့် အရင်းအမြစ်အားလုံးကို သူတို့ဘာသာသူတို့ယူဖို့ရာ မဖြစ်နိုင်ပေ။ မဟုတ်ပါက တချို့ဂိုဏ်းများက အတူတကွပေါင်းစည်းကာ သူတို့အား ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုရတနာသိုက်ကို ဖွင့်ဖို့ရာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲပြီးသည်အထိ စောင့်ဆိုင်းရမည်။
အမှန်အတိုင်းပြောရလျှင် ဂိုဏ်းအများစုက သူ့လိုမျိုး အတွေးတူကြ၏။ သူတို့အတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲက ဓားနှင့် ရတနာသိုက်၏ နောက်ဆုံးပိုင်ရှင်ကို ဆုံးဖြတ်ပေးလိမ့်မည်။
ထို့ကြောင့် ပဏာမအစီအစဉ်များ ပြုလုပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က လူဝင်စားတချို့ကို ဖန်တီးဖို့သာ အာရုံစိုက်ထားလိုက်သည်။ ထို့နောက် သူက ကမ္ဘာမြေတုန်းက သူ့မှတ်ဉာဏ်များမှ ပြန်လည်ရေးသားထားသည့် ဈေးပေါပေါ ဝတ္ထုများကို ဖတ်ရှုနေသည့် သူ့ဇနီးအား ကြည့်လိုက်သည်။
ထို့နောက် ခေါင်းခါလိုက်ပြီးနောက် သူ့အမေအား သွားရောက်တွေ့ဆုံလိုက်၏။ ထို့နောက် သူက ပြန်လည်ကျင့်ကြံဖို့ ဝင်ရောက်သွားခဲ့သည်။
…………
အသင်္ချေအင်ပါယာကမ္ဘာ၏ လပေါ်ရှိ ရှေးဟောင်းမျိုးနွယ်၏ ကမ္ဘာငယ်အတွင်း
လူလတ်အရွယ် အမျိုးသားတစ်ယောက်က အလင်းတောက်ပနေသည့် ကျောက်စိမ်းအဆောင်တစ်ခုကို ကိုင်ဆောင်ထားလျက် အခန်းအတွင်း ဝင်ရောက်လာသည်။ သူက မှောင်မဲနေသည့် လျှောက်လှမ်းတစ်လျှောက်ကို လျှောက်လာရင်း အလင်းရောင်ကြောင့် ပိုးကောင်များစွာက ပြန့်ကျဲသွားကြသည်။ ထို့အပြင် ထိုလူက ပိုမိုလျှောက်လှမ်းလာလေလေ ပိုးကောင်များက ပိုမိုများပြားလာလေလေ ဖြစ်၏။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် လူလတ်အရွယ်အမျိုးသားက အခန်းကြီးတစ်ခုရှေ့ ရောက်ရှိလာပြီး လက်ကောက်ဝတ်မှ သံကြိုးနှစ်ခုဖြင့် ချည်နှောင်ခံထားရသည့် လူအား ကြည့်လိုက်သည်။ ထိုလူက ကြမ်းပြင်ပေါ် ထိနေသည့် ဆံပင်ရှည်ကြီးရှိကာ အဝတ်များက စုတ်ပြဲနေပြီး အသားတချို့လည်း ထွက်ပေါ်နေသည်။
တချို့အစိတ်အပိုင်းများက အောက်ရှိ ကြွက်သားများပင် မြင်တွေ့နေရပြီး တချို့ကမူ အသန့်စင်ဆုံး ကျောက်စိမ်းကဲ့သို့ အဖြူရောင် ဖြစ်နေသော အရိုးများလည်း ပြသနေသည်။ ထိုလူ၏ ဗိုက်တွင် အပေါက်များဖြစ်နေပြီး အတွင်းအင်္ဂါများကိုပင် အပြင်ဘက်မှ မြင်တွေ့နိုင်သည်။
လူလတ်အရွယ်အမျိုးသားက သူ့ရှေ့မှ လူအား ကြည့်ကာ သက်ပြင်းချလိုက်ပြီး “ သခင်မလေး သခင်မလေး သခင်မလေး…”
တတိယအကြိမ်အထိ ခေါ်ပြီးမှသာ ထိုလူက တုံ့ပြန်မှုရရှိလာသည်။
ဟို့ဖုန်းဟွမ်က ခေါင်းမော့ကာ ထိုလူအား ကြည့်လိုက်၏။ သူမ၏ အကောင်းအတိုင်းရှိနေသည့် မျက်လုံးတစ်ဖက်က အေးစက်ကာ မထူးမခြားနားဖြစ်နေပြီး အင်မတန် တည်ငြိမ်နေသည်။ တစ်ဖက်ကမူ မျက်အိမ်သာရှိပြီး အထဲတွင် ဘာမှမရှိပေ။
“ အကြီးအကဲအဖွဲ့အစည်းက သခင်မလေးကို လွှတ်ဖို့ အမိန့်ပေးလိုက်တယ်”
သူမက ချက်ချင်းမတုံ့ပြန်သေးဘဲ မိနစ်ပိုင်းကြာ အချိန်ယူလိုက်ပြီး “ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားတာလဲ”
သူမ၏ အသံက အတော်လေးကို ဩရှနေသည်။ သူမက နှစ်ထောင်ချီကြာ စကားမပြောခဲ့ရသလို ထိုပိုးကောင်များ၏ ဆက်တိုက်ဝါးမျိုမှုကို ခံခဲ့ရလေသည်။
“ ဝမ်ဝေ့က တာအိုနယ်ရှင်တစ်ယောက်ရဲ့ အရှိန်အဝါနဲ့ ထွက်ပေါ်လာတယ်”
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ယခင် နှစ်တစ်သောင်းခန့်က ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို ပြန်လည်အမှတ်ရသွားသည်။ သူက ဝမ်ဝေ့၏ အန္တရာယ်ကြီးမားမှုကို အသုံးပြုကာ မျိုးနွယ်၏ တားမြစ်ချက်ကို ချိုးဖောက်ခဲ့ပြီး ယီပု၏ ကျားဖြူသွေးမျိုးဆက်ကို စုပ်ယူခဲ့သည်။
ပထမဦးစွာ ကိစ္စများက အဆင်ပြေပြေ ချောမွတ်နေ၏။ ယီမျိုးနွယ်စုက အပြင်းအထန် ကန့်ကွက်သော်လည်း အကြီးအကဲအဖွဲ့အစည်းက သူမ၏ ချဉ်းကပ်မှုကို သဘောတူကြလေသည်။ ထို့နောက် အစည်းအဝေးခန်းသို့ တစ်စုံတစ်ယောက် ရောက်လာကာ ယီမျိုးနွယ်ခေါင်းဆောင်ထံ တစ်ခုခု တီးတိုးပြောသွားခဲ့သည်။
ထိုလူက ဝမ်ဝေ့သည် အထွတ်အထိပ် တားမြစ်ခံဖြစ်၍ ကြာကြာမနေရကြောင်း သတင်းကို ထုတ်ဖော်ခဲ့၏။ ထို့နောက် အကြီးအကဲအဖွဲ့အစည်းက သူမအား အမြန်အဆန်စွန့်ပယ်ခဲ့ပြီး သူမ၏ ကျင့်ကြံရေးကိုပင် ဖျက်ဆီးလိုခဲ့ကြသည်။
ကံကောင်းစွာဖြင့် သူမ၏ အဖေက အာဏာရှိထားသည့်အတွက် သူမ၏ အသက်ကို ထိန်းသိမ်းထားဖို့ရာ အရင်းအမြစ်မြောက်များစွာ အသုံးပြုထားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမက ကောင်းကင်စွန့်ခွာအကျဉ်းထောင်တွင် ပိတ်မိနေဆဲသာ ဖြစ်၏။
“ အဲဒါဆိုတော့ သူ အသက်ရှင်တာပဲ” ဟို့ဖုန်းဟွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူမက အကြီးအကဲများ၏ ထောက်ပံ့မှုကို ရရှိဖို့အတွက် ဝမ်ဝေ့၏ နာမည်ကို အလကားအသုံးပြုလိုက်ခြင်း မဟုတ်ပေ။ သူမက သူ့ကို ရွေးချယ်ခဲ့သည်မှာ သူမ၏ ဧကရာဇ်လမ်းစဉ်တွင် သူက အခြိမ်းခြောက်နိုင်ဆုံး ဖြစ်လိမ့်မည်ဟု ယုံကြည်နေ၍ ဖြစ်သည်။
တားမြစ်ခံစစ်ဆေးမှုအကြောင်းကို သိရှိပြီးသည့်နောက်တွင်ပင် သူက အသက်ရှင်လာပြီး ပိုမိုအန္တရာယ်ကြီးလာလိမ့်မည်ဟုသာ ယုံကြည်ထားခဲ့သည်။ လူများစွာက သူမသည် သူမ၏ အသက်ကို ကာကွယ်ဖို့သာ ပြောဆိုနေကြသည်ဟု ခံစားမိသော်လည်း သူမကမူ ထိုသို့ဖြစ်လာလိမ့်မည်ဟု အလိုလိုသိစိတ် ရနေခဲ့သည်။
လူလတ်အရွယ်အမျိုးသားက နောက်ထပ် အဆောင်တစ်ခုကို ထုတ်လာပြီး အသက်သွင်းလိုက်သည့်အခါ ဟို့ဖုန်းဟွမ်ကို ချည်နှောင်ထားသည့် သံကြိုးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ဆေးလုံးများကို ပေးလိုက်၏။
သူမက တုံ့ဆိုင်းခြင်းမရှိဘဲ အကုန်လုံးကို ဝါးမျိုလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူမ၏ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာ၏။ သူမ၏ ကြွက်သားများ၊ အရိုးများ၊ အတွင်းအင်္ဂါများနှင့် အရေပြားများပင် ပြန်လည်ကြီးထွားလာပြီး သူမ၏ မျက်ဝန်းပင် အကောင်းအတိုင်းပြန်ဖြစ်သွားသည်။
ထို့နောက် သူမ၏ ခန္ဓာကိုယ်မှ အားကောင်းသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ အခန်းတစ်ခုလုံး တုန်ခါသွားပြီး ပိုးမွှားအားလုံးကို တုန်ခါသွားစေသည်။ သူမက ယခင်နှစ်ထောင်ပိုင်းကြာ ဆိုးဆိုးရွားရွား ခံစားခဲ့ရသော်လည်း ထိုအရာက သူမ၏ ခန္ဓာကိုယ်နှင့် စိတ်စွမ်းအားကို လေ့ကျင့်ဖို့ အပြီးပြည့်စုံဆုံး အခွင့်အရေး ဖြစ်ခဲ့သည်။
“ အဲဒါဆိုတော့ နောက်ထပ် ဘာဖြစ်သေးလဲ” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။
“ သခင်မလေးရဲ့ ကောင်းကင်ရွေးချယ်ခံနေရာကို ယူသွားတဲ့ ကောင်းကင်ရွေးချယ်ခံ အသစ်တစ်ယောက် ထွက်ပေါ်လာတယ်။”
“ ဘယ်သူလဲ”
“ ရွှမ်းဝူချိုးပိုင်”
“ သူလား။ သူ့ကို မှတ်မိသလောက် သူ့ရဲ့ လိပ်နက်သွေးမျိုးဆက်က အလွန်ဆုံး အလယ်အလတ်အဆင့်ပဲ ရှိတာမဟုတ်ဘူးလား”
“ သခင်မလေး ဖမ်းဆီးခံရပြီးတဲ့နောက်မှာ သူက သွေးမျိုးဆက်ကို သန့်စင်နိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုနဲ့ တွေ့ခဲ့ပြီးတော့ ချီလင်သွေးမျိုးဆက်ကိုပါ ရရှိခဲ့တယ်။”
ဟို့ဖုန်းဟွမ်က ထိုတွေ့ဆုံမှုကြောင့် နှာခေါင်းရှုံ့ကာ “ အကြီးအကဲ အဖွဲ့အစည်းက ကျွန်မတို့ကို တိုက်ခိုက်စေချင်တာမလား။ နောက်ဆုံးအနိုင်ရရှိတဲ့သူက တခြားသူရဲ့ သွေးမျိုးဆက်ကို စုပ်ယူနိုင်အောင်လေ”
လူလတ်အရွယ်အမျိုးသားက ခေါင်းညိတ်လိုက်ပြီး ဘာမှပြန်မပြောခဲ့ပေ။ ထို့ကြောင့် ဟို့ဖုန်းဟွမ်က သူ့အား လျစ်လျူရှုထားလိုက်ပြီး သူမဘာသာသူမ စဉ်းစားလိုက်သည်။ သူမက ရွှမ်းဝူချိုးပိုင်၏ သွေးကို စုပ်ယူသရွေ့ သူမ အလိုရှိနေသည့် အံ့ဖွယ်သားရဲ ၅ကောင်လုံး၏ သွေးမျိုးဆက်ကို ရရှိသွားလိမ့်မည်။
ထိုအခါ သူမက မသေမျိုး မီးတောက်တာအို (ဇာမဏီ)၊ သတ်ဖြတ်ရေးတာအို (ကျားဖြူ)၊ ယင်ယန်တာအို (လိပ်နက်)၊ လွှမ်းမိုး ရေတာအို (နဂါးပြာ)၊ ကံကောင်းမှုတာအို (ချီလင်)တို့ကို ကျင့်ကြံနိုင်လိမ့်မည်။
ထို့အပြင် ထိုသွေးမျိုးဆက်တစ်ခုချင်းစီက သူမ၏ ခန္ဓာကိုယ်ကို မယုံကြည်နိုင်လောက်အောင် တိုးမြှင့်ပေးပြီး သူမက ထိုအရာအားလုံးကို စုပ်ယူပြီးသည့်နောက်တွင် အစစ်အမှန် တာအိုနယ်ပယ်အဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။ ထိုအရာက ပထမအလွှာ သို့မဟုတ် ဒုတိယအလွှာထိပင် ဖြစ်နိုင်ပြီး တတိယအလွှာထိပင် ရောက်ရှိနိုင်သည်။
ငါ လျှို့ဝှက်နယ်မြေက ရရှိထားတဲ့ နဂါးသွေးမျိုးဆက်က သာမန်ရေနဂါးတစ်ကောင်ဖြစ်နေတာက နည်းနည်းဆိုးတာပဲ။ ငါ နဂါးသွေးမျိုးဆက်ကို သိမ်မွေ့စေဖို့ တခြားတစ်ခု လိုသေးတယ်…
ကံဆိုးစွာဖြင့် ထိုသွေးမျိုးဆက်ဖြင့် ရှေးဟောင်းမျိုးနွယ် မရှိပေ။ နဂါးသွေး မျိုးဆက်ရှိသူများက သာမန်သာဖြစ်၏။
“ သူက ဘယ်အဆင့်ရောက်နေပြီလဲ” ဟို့ဖုန်းဟွမ်က မေးလိုက်သည်။
“ သခင်လေး ရွှမ်းဝူက စည်းမျဉ်းနားလည်ခြင်းအဆင့်ကို ရောက်သွားပါပြီ”
“ ကျွန်မက သူနဲ့ အခု တိုက်ရမှာလား”
“ မဟုတ်ပါဘူး။ အကြီးအကဲအဖွဲ့အစည်းက တိုက်ပွဲမတိုက်ခင် သခင်မလေးကို တခြားသူတွေနဲ့ အမှီလိုက်နိုင်ဖို့ အချိန်လျှို့ဝှက်နယ်မြေကို အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်”
ဟို့ဖုန်းဟွမ်က ခေါင်းညိတ်လိုက်သည်။ သူမက လုံးဝ အဆင်ပြေနေသော်လည်း ထိုအရာက အပေါ်ယံမျှသာ ဖြစ်၏။ သူမက ခန္ဓာကိုယ်အတွင်း ပုန်းအောင်းနေသည့် လျှို့ဝှက်အန္တရာယ်များကို ခံစားမိလေသည်။ ထို့ကြောင့် သူမက ပြန်လည်ကောင်းမွန်ဖို့ အချိန်ယူချင်မိ၏။ ထို့အပြင် သူမက ရွှမ်းဝူချိုးပိုင်ကို အနိုင်ယူဖို့ရာ ယုံကြည်ချက်ရှိထားသော်လည်း ထိုသို့စွန့်စားဖို့ရာ အကျိုးမရှိပေ။ အဆင့်အတူတူချင်းတွင် သူမက မည်သူ့ကိုမှ မကြောက်ပေ။
“ ကောင်းပြီ။ သွားကြစို့”
အကျဉ်းထောင်မှ ထွက်လာပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် ယုံကြည်ချက်များ ထွက်ပေါ်နေ၏။
***