← Chapters

အဆုံးမဲ့လေဟာနယ် အရှုပ်တော်ပုံ

Vol. 37 Ch. 507

အဆုံးမဲ့လေဟာနယ် အရှုပ်တော်ပုံ

Vol. 37 Ch. 507

လူငယ်လေးတစ်ဦးက အလယ်ပိုင်းကုန်းမြေရှိ တည်းခိုဆောင်အတွင်း လျှောက်လှမ်းလာသည်။ သူက လေးနက်သည့် အမူအရာမျိုး ရှိနေသည့်အတွက် ဆိုင်ရှင်လည်း ဘာမှမမေးရဲဘဲ သူ့ကို မြင်ပြီးသည့်နောက် ခေါင်းငုံ့သွားလေ၏။

ထိုအမျိုးသားက သူ့ဘေးနားမှ လူများအား လျစ်လျူရှုကာ တည်းခိုဆောင်၏ တန်ဖိုးအကြီးဆုံး အခန်းအတွင်းသို့ ဝင်ရောက်သွားသည်။ သူက မန္တန်တစ်ခုကို အသုံးပြုကာ သူ့ဇစ်မြစ်အား ထုတ်ဖော်လိုက်သည့်အခါ ထိုအခန်းပတ်လည်ရှိ မမြင်နိုင်သည့် အစီအရင်က သူ့အား ဝင်ခွင့်ပြုလာသည်။

သူ ဝင်ရောက်လိုက်သည်နှင့် အပြာရောင် သိုင်းဝတ်ရုံ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူက မျက်လုံးမှိတ်လျက် ရှိနေ၏။ ထိုလူနှ်င့ ပတ်သက်ပြီး ထူးခြားသည့်အချက်က သူက ဆံပင်ရှည်များ ရှိမနေပေ။ သူ့ဆံပင်အဖြူရောင်က အတော်လေးတိုပြီး ခေတ်သစ်မှ လူတစ်ယောက်လိုမျိုး ဖြစ်၏။

“ အကြီးအကဲ လက်သီးနီ” ထိုလူငယ်က ဦးညွှတ်လိုက်သည်။

“ မင်း ဘာရှာတွေ့ခဲ့လဲ”

“ အခြေအနေက ကျွန်တော်တို့ ထင်ထားတာထက် ဆိုးရွားနေတယ်။ တာအိုအခွင့်အလမ်းဂိုဏ်းမှာ ဧကရာဇ်ကိုးယောက် ရှိပြီးတော့ နှစ်ယောက်က ထာဝရဧကရာဇ်တွေ။ သူတို့က ဒီအလွှာမှာ အားအကောင်းဆုံးဂိုဏ်းပဲ”

“ ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ထာဝရဧကရာဇ် နှစ်ယောက်တဲ့လား” အကြီးအကဲလက်သီးနီက ရေရွတ်လိုက်ပြီးနောက် သက်ပြင်းချကာ “ ဒီလိုဆိုရင် ငါတို့တွေ သံတမန်ရေးရာ နည်းလမ်းနဲ့ သွားမှရတော့မယ်”

လူငယ်လေးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး ဘာမှပြန်မပြောပေ။

“ မင်းက တခြားအတွေးတစ်ခုခုများ ရှိလို့လား” အကြီးအကဲလက်သီးနီက မေးလိုက်သည်။

“ အော် မဟုတ်ရပါဘူး”

“ မင်း ပြောစရာရှိရင် ပြောလိုက် တုံ့ဆိုင်းမနေနဲ့”

“ အကြီးအကဲ … ကျွန်တော်တို့ဂိုဏ်းက သူတို့ကို ကြောက်စရာမလိုဘူးလို့ ထင်နေတုန်းပဲ”

“ ဘာလို့များလဲ”

“ အသင်္ချေအင်ပါယာကမ္ဘာက ကျဆင်းလာတာ အတော်လေးကြာနေပြီဆိုတာ အကုန်လုံး သိကြတဲ့အချက်ပဲလေ။ အဲဒါကြောင့် ကျွန်တော်တို့ နောက်ခံနဲ့ဆိုရင် ကျွန်တော်တို့သာ ရှေ့ထွက်လာသရွေ့ သူတို့က နောက်ဆုတ်သွားရမှာပဲ မဟုတ်ဘူးလား”

အကြီးအကဲ လက်သီးနီက ခဏရပ်တန့်လိုက်ပြီး ထိုလူငယ်အား ကြည့်လိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက ကျဆင်းလာတယ်ဆိုပေမဲ့ သူတို့က ထာဝရဧကရာဇ်တွေ အရေအတွက် ထည့်တွက်လိုက်ရင် သူတို့က ဒုတိယနေရာမှာ ရှိသေးတယ်။ ပြီးတော့ လူတော်တော်များများက သူတို့ရဲ့ ထာဝရဧကရာဇ်တွေ သေဆုံးသွားတာ ဒါမှမဟုတ် သမိုင်းကြောင်းက ဖျောက်ဖျက်ခံရတာကြောင့် မဟုတ်ရင် ပထမနေရာက သူတို့ဆီ ရောက်မယ်ဆိုတာ သိကြတာပဲ”

“ ဒါပေမဲ့…” အကြီးအကဲလက်သီးနီက လက်မြှောက်ကာ သူ့အား တားဆီးလိုက်၏ “ အသင်္ချေအင်ပါယာကမ္ဘာက အဆုံးမဲ့လေဟာနယ်အတွင်း အတော်လေး သက်ရောက်မှု ရှိတယ်။ ကမ္ဘာအများစုက သူတို့ကို အားကျရတာမျိုး၊ မုန်းတီးတာမျိုး ရှိတယ်ဆိုပေမဲ့ ဘယ်သူကမှ မကျူးကျော်ကြဘူး”

“ အဲဒါက သူတို့ရဲ့နောက်ခံနဲ့ အင်အားကြောင့်လား”

“ အကြောင်းအရင်းတစ်ခု ရှိတယ်။ ဒါပေမဲ့ ဒီမှာ ဘာမှဂရုမစိုက်တတ်တဲ့ အရူးတွေနဲ့ ပြည့်နှက်နေလို့ပဲ”

“ ကျွန်တော် မသိလိုက်ဘူး”

“ မိုးမြေရဲ့ အစီအစဉ်အရ အရာအားလုံးက အတက်အကျ ရှိတယ်။ သူတို့တွေ အဆိုးရွားဆုံး ကျဆင်းမသွားခင် အမြင့်ဆုံးအချိန်ကို ရောက်လာမှာပဲ။ အဲလိုအရာက ထပ်ခါထပ်ခါ ဖြစ်လာမှာပဲ။ ပင်ကို-ဟော်သဲ့စစ်ပွဲတုန်းက အသင်္ချေအင်ပါယာကမ္ဘာရဲ့ ခေတ်နှစ်ခုနဲ့ သူတို့ကမ္ဘာက မယုံနိုင်လောက်တဲ့ အထွတ်အထိပ်အနေအထား ရောက်ရှိခဲ့တယ်။ ဒါပေမဲ့ အဲဒီကစပြီး သူက ခေတ်သုံးခေတ်လောက် ပြန်ပြီးတော့ နိမ့်ဆင်းသွားတယ်။ ငါ ဘာပြောချင်တယ်ဆိုတာကို နားလည်လား”

“ အသင်္ချေအင်ပါယာကမ္ဘာရဲ့ မြင့်တက်လာမှုက ချဉ်းကပ်လာပြီလို့ ပြောချင်တာလား”

“ ဟုတ်တယ်။ ကမ္ဘာ့အသိုက်အဝန်းအများစုက ဒီဟာကို ထားပြီးတော့ ပြင်ဆင်ထားကြတယ်။ တချို့က ကာကွယ်ချင်ကြတယ်။ တချို့က ဒီအခွင့်အရေးကနေ မြင့်တက်ချင်ကြတယ်။ တချို့က ဒီရောက်ရှိလာမဲ့ ဝရုန်းသုန်းကား အခြေအနေကနေ အသက်ရှင်ချင်ကြတယ်”

လူငယ်က ထိုအရာကို ကြားပြီး မျက်လုံးဖွင့်လိုက်ကာ “ အဲလိုဆိုရင် ခေတ်သစ်ကို ရောက်မလာအောင် တားဆီးဖို့ မကြိုးစားကြဘူးလား”

အကြောင်းအရင်းတွေ အများကြီးရှိတယ်။ တချို့က အသင်္ချေအင်ပါယာကမ္ဘာက ကျဆင်းမှု ရပ်တန့်သွားပေမဲ့ အရင် အထွတ်အထိပ်အခြေအနေမျိုးကို ပြန်မရောက်ဘူးလို့ ယုံကြည်ထားကြတယ်။

ဒါပေမဲ့ အဓိက အကြောင်းအရင်းက သူတို့ရဲ့ အပြုအမူတွေက ဒီအလွှာရဲ့ မြင့်တက်မှုအတွက် ဓာတ်ပေါင်းတစ်ခုလို ဖြစ်သွားမှာကို ကြောက်နေကြတာပဲ။ ဗျာထိတ်ကို ကြောက်လို့ တားဆီးဖို့ ကြိုးစားကာမှ သူတို့ဝင်ပါလိုက်လို့ ဖြစ်ပျက်လာတာမျိုးပေါ့။ ဒါပေမဲ့ တချို့လူတွေကတော့ ကြိုးစားကြည့်ကြပါတယ်”

“ တချို့လူတွေက ကြိုးစားကြတယ်လား” လူငယ်လေးက အကြည့်များ တောက်ပလာကာ မေးလိုက်သည်။ သူက ပြန်လည်အကြောင်းမကြားခင် ထိုအလွှာအကြောင်းကို ရှာဖွေခဲ့၏။

“ ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ကို ပြောချင်တာလား”

“ ဟုတ်တယ်။ ကောင်းကင်အလိုဆန္ဒကမ္ဘာတချို့က စုစည်းပြီးတော့ အရင်းအမြစ်တွေနဲ့ ကံကြမ္မာကို စုဝေးပြီး မိစ္ဆာကျင့်ကြံသူ မြင့်တက်လာဖို့ တိတ်တဆိတ် ထောက်ပံ့ပေးခဲ့ကြတယ်။ နောက်ဆုံး သူတို့က ဝါးမျိုရေးဇုန်အတွင်းက လျှို့ဝှက်ချက်နဲ့ မျှားခေါ်ပြီးတော့ ကမ္ဘာရဲ့ ရန်သူဖြစ်လာအောင် လုပ်ခဲ့ကြတယ်”

“ တားမြစ်နယ်မြေထဲက တစ်ခုလား။ ထာဝရဧကရာဇ်တွေကိုတောင် ဆွဲဆောင်နိုင်လောက်အောင် အထဲက ဘာများ ရှိနေတာပါလဲ”

“ ဒါက မင်း သိသင့်တဲ့အရာ မဟုတ်ဘူး” အကြီးအကဲ လက်သီးနီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်ပင် မသိပေ။

လူငယ်လေးက နေရခက်စွာ ပြုံးလိုက်ပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်၏။

“ သူတို့ရဲ့ အစီအစဉ်က အလုပ်ဖြစ်ပုံပဲ”

“ ဟုတ်တာပေါ့။ အရမ်းကို အလုပ်ဖြစ်လွန်းနေတာ။ သူတို့ရဲ့ မူလအစီအစဉ်က ပထမတန်းစားဧကရာဇ် ကံကောင်းရင်တော့ အရမ်းဉာဏ်များတဲ့ အတုအယောင် ထာဝရဧကရာဇ်ကို ပြုစုပျိုးထောင်ဖို့ပဲ။ အဲဒီလူက အသင်္ချေအင်ပါယာကမ္ဘာမှာ ပုန်းအောင်းနေပြီးတော့ ဖွံ့ဖြိုးမှုကို ဖြည်းဖြည်းချင်း နှေးကွေးအောင် လုပ်ဖို့လေ။

ကံဆိုးတာက သူတို့က ကောင်းကင်ဝါးမျိုခြင်း ဧကရာဇ်ရဲ့ ပါရမီနဲ့ လောဘကို လျှော့တွက်ထားမိတာပဲ။ သူက တာအိုကို သက်သေပြပြီးတော့ ထာဝရဧကရာဇ် ဖြစ်လာခဲ့တယ်။ သူ ပထမဆုံး လုပ်တဲ့အရာက အသင်္ချေအင်ပါယာကမ္ဘာ မတိုင်ခင် သူ့ကို ဆန့်ကျင်တဲ့ ကမ္ဘာတွေကို ပြန်လည်တိုက်ခိုက်ခဲ့တာပဲ။”

“ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ အစီအစဉ်က အလုပ်ဖြစ်ခဲ့တာပဲ” လူငယ်လေးက ပြန်ဖြေလိုက်သည်။

“ ဟုတ်တယ်။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဖွံ့ဖြိုးမှုက နောက်ခေတ်တစ်ခုလောက်တောင် နှောင့်နှေးသွားတယ်။ ဒါပမေဲ့ သူတို့ရဲ့ မူလအစီအစဉ်က အဲ့ထက်ပိုပြီးတော့ နှောင့်နှေးအောင် လုပ်ဖို့ပဲ”

“ အဲဒါဆိုတော့ ဒီဟာက သူတို့ ပြန်လည်မြင့်တက်လာမဲ့ ခေတ်ကာလလား”

“ လက်ရှိအခြေအနေအရတော့ အဲလိုပဲ” ယဲ့ချန်းက ကိစ္စများစွာကို သဘောပေါက်သွားသည့်အတွက် ခေတ္တမျှစဉ်းစားလိုက်သည်။ အကြီးအကဲက ထိုကမ္ဘာကို သူ့ထက်ပိုမိုသိထားသော်လည်း သူ့ကို စေလွှတ်ကာ သတင်းအချက်အလက် စုဆောင်းခိုင်းခဲ့သည်။

သိုင်းပညာမူလဂိုဏ်း၏ အသစ်ရွေးချယ်ခံရသော ဂိုဏ်းချုပ်ငယ်လေး တစ်ယောက်အနေနှင့် သူက အဆုံးမဲ့လေဟာနယ် တစ်ခုလုံးကို မြင်နိုင်မည့် အမြင်မျိုး ရှိရမည်။ အထူးသဖြင့် သူက ဤမျိုးဆက်တွင် တာအိုကို သက်သေပြနိုင်သည့်အခါတွင် ဖြစ်၏။

သူ့ဆုံးဖြတ်ချက်အားလုံးက တစ်ကမ္ဘာလုံးနှင့် ဂိုဏ်းအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။

“ အကြီးအကဲရဲ့ သင်ပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဆီမှာ မေးခွန်းတစ်ခု ရှိသေးတယ်” ယဲ့ချန်းက လက်နှစ်ဖက်ယှက်ကာ မေးလိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက ဘာလို့ ထူးခြားနေရတာလဲ။ ဘာကြောင့်များ ထူးခြားနေရတာလဲ။ ဘယ်လိုထူးခြားနေရတာလဲ”

လူတော်တော်များများက အဲဒီမေးခွန်းကို မေးကြပြီးတော့ သဘောတရားအများကြီး ကောက်ချက်ချခဲ့ကြတယ်။ ဒါပေမဲ့ အရေးပါဆုံးအချက်က ကံကောင်းမှုပဲ”

ယဲ့ချန်းက အနည်းငယ်စိတ်ရှုပ်ထွေးသွားသည့်အတွက် အကြီးအကဲလက်သီးနီက ဆက်ရှင်းပြလိုက်သည်။

“ အဆုံးမဲ့လေဟာနယ်အတွင်းက ကောင်းကင်အလိုဆန္ဒကမ္ဘာတွေအားလုံးမှာ အသင်္ချေအင်ပါယာကမ္ဘာက ကံကောင်းမှုအများဆုံး အလွှာပဲ။ အဲဒါကြောင့် ထူးခြားတယ်။

အခု ကံကြမ္မာပမာဏနဲ့ ပတ်သက်ပြီးတော့ အငြင်းအခုံတွေတော့ ရှိကြတယ်။ တချို့က ပြောကြတာတော့ သူတို့က နောက်ပိုင်းမှာ ပြိုင်ဘက်ကင်းလူတွေဖြစ်လာတဲ့ မဟာဧကရာဇ်ကို ပြုစုပျိုးထောင်ခဲ့လို့ ကောင်းချီးပေးခံရတယ်လို့ ပြောတယ်။

ဒါပေမဲ့ တချို့လူတွေက အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကံကောင်းမှုက ပင်ကိုဖြစ်ပြီးတော့ စစကတည်းက ကောင်းကင်အလိုဆန္ဒ ကမ္ဘာတစ်ခုချင်းစီ ပထမဆုံး မွေးဖွားဖြစ်တည်လာစဉ်အခါကတည်းက ကံကောင်းမှု အမြောက်အများနဲ့ ချီးမြှင့်ခံထားရတယ်လို့လည်း ပြောကြတယ်။

ငါကတော့ ပထမတစ်ခုကို ယုံတယ်။ မိုးမြေက မမျှတဘူးဆိုပေမဲ့ စည်းမျဉ်းတွေ၊ ဥပဒေတွေရှိတော့ အစီအစဉ်ကျမှုဆိုတာ ရှိတယ်”

ယဲ့ချန်းက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ့စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက မေးလိုက်သည် “ ဒီမျိုးဆက်က အသင်္ချေအင်ပါယာကမ္ဘာရဲ့ ပြန်လည်မြင့်တက်မှု အစဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့အလွှာက ဘယ်လိုဆက်ဆံသင့်လဲ။ သူတို့ကို ဂိုဏ်းချုပ်လိုမျိုး ဆက်ဆံရမှာလား”

အကြီးအကဲ လက်သီးနီက ချက်ချင်းပြန်မဖြေသေးပေ။ ထိုအစား သူက မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသွားကာ ဖွင့်လိုက်၏။ သူက အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလိုက်သည် “ ကောင်းကင်အလိုဆန္ဒကမ္ဘာက အဆင့်နိမ့်ကျနိုင်တယ်ဆိုတာကို သိလား”

“ အဆင့်နိမ့်ကျတယ်လား။ သူတို့က မဟာကမ္ဘာအဖြစ် ပြောင်းလဲသွားတာလား”

“ အတိအကျပဲ”

“ အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ထိုအရာက ရှားပါးသော်လည်း ကြောက်မက်ဖို့ ကောင်းသည့်လူများက ကောင်းကင်အလိုဆန္ဒကမ္ဘာကို ဖျက်ဆီးနိုင်ကြသည်။ သို့သော်လည်း ပုံမှန် အဆင့် နိမ့်ကျစေသည့်နည်းလမ်းက ကမ္ဘာအတွင်း မသေမျိုးအဆင့် အင်အားစုများ တိုက်ခိုက်ရမည်ဖြစ်ကာ ကမ္ဘာ့အရင်းအမြစ်ကို ကုန်ခမ်းသွားစေပြီး ကမ္ဘာအား မဟာကမ္ဘာသို့ အဆင့်နိမ့်သွားစေခြင်း ဖြစ်၏။

“ ပုံမှန်ဆိုရင် ဒီ ကောင်းကင်အလိုဆန္ဒကမ္ဘာတွေက မျိုးဆက်များစွာ ပြန်လည်အားဖြည့်ပြီးတဲ့နောက်မှာ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိနိုင်ကြတယ်။ ဒါပေမဲ့ တခြားမဟာကမ္ဘာက သူတို့နေရာမှာ အစားထိုး ဝင်ရောက်သွားနိုင်တယ်”

“ ကောင်းကင်အလိုဆန္ဒကမ္ဘာတွေရဲ့ အဆင့်အတန်းကို ရွေးချယ်ဖို့ စွမ်းအားနဲ့ အခွင့်အရေးက ဘယ်သူ့ဆီမှာ ရှိတာလဲ”

အကြီးအကဲ လက်သီးနီက လှည့်ကာ သူ့အား ကြည့်လိုက်သည် “ မိုးမြေက သူတို့ရဲ့ ကိုယ်ပိုင်လုပ်ဆောင်မဲ့ နည်းလမ်းတွေရှိပြီးသား။ ဒါပေမဲ့ မင်းကို ပြောပြနေလို့ အကျိုးမရှိဘူး”

“ ကျွန်တော် သိပါပြီ။ တကယ်လို့ ကျွန်တော် သေရမယ်ဆိုရင်တောင် ကျွန်တော်တို့ ကမ္ဘာနဲ့ ဂိုဏ်းကို ဘာမှမဖြစ်ဖို့ သေချာအောင် လုပ်ပါ့မယ်” ယဲ့ချန်းက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

အကြီးအကဲ လက်သီးနီက သူ့ဆီ လျှောက်လှမ်းလာပြီး ပုခုံးကို ပုတ်လိုက်ကာ “ ဒါက စိတ်ဓာတ်ပဲ။ သွားပြီး ပြင်ဆင်တော့။ မနက်ဖြန်ကျရင် ငါတို့တွေ တာအိုအခွင့်အလမ်းဂိုဏ်းကို သွားတွေ့မယ်”

ယဲ့ချန်းက လက်နှစ်ဖက်ယှက်လိုက်ပြီးနောက် ဦးညွှတ်ကာ အခန်းမှ ထွက်သွားလေသည်။

အကြီးအကဲ လက်သီးနီက သူ ထွက်သွားသည်ကို ကြည့်နေရင်း တိတ်တဆိတ် ခေါင်းခါလိုက်၏။ သူက ယဲ့ချန်းသည် ဤမျိုးဆက်တွင် တာအိုသက်သေပြရမည့် အခွင့်အရေးရှိလိမ့်မည်ဟု မထင်မိပေ။ အထူးသဖြင့် ကျန့်ချောင်းနှင့် ယှဉ်လိုက်သည့်အခါတွင် ဖြစ်၏။ သူက အင်အား၊ နည်းဗျူဟာ၊ အမြင်နှင့် ကိစ္စများစွာအရတွင် အလှမ်းဝေးကွာနေသည်။

ကံဆိုးစွာဖြင့် သူတို့သာ အိပ်စက်နေသည့် ကောင်းကင်ရွေးချယ်ခံကို မနိုးထစေမချင်း သူက သိုင်းပညာမူလဂိုဏ်းအတွင်း အကောင်းဆုံး ဖြစ်နေလေ၏။

ဒီသတင်းအချက်အလက်က သူ့ဆီ ဖိအားဖြစ်စေပြီးတော့ သူ့အလားအလာကို ထုတ်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်…

အကြီးအကဲ လက်သီးနီက တွေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူက ထိုမျှ မျှော်လင့်ချက် မထားပေ။ သူ လုပ်လိုက်သည်က ဂိုဏ်းချုပ်က မှာကြားထား၍သာ ဖြစ်၏။

သိုင်းပညာမူလဂိုဏ်း၏ လက်ရှိအခြေအနေကိုတွေးကာ အကြီးအကဲ လက်သီးနီက ခေါင်းမခါဘဲ မနေနိုင်တော့ပေ။

***

All Chapters