← Chapters

ဒုတိယလူဝင်စား

Vol. 37 Ch. 510

ဒုတိယလူဝင်စား

Vol. 37 Ch. 510

ဝမ်ဝေ့၏ ပုံရိပ်က စံအိမ်အတွင်း ထွက်ပေါ်လာသည့်အခါ သူ့ဇနီးဖြစ်သူကမူ အချစ်ဝတ္ထုများကို ဖတ်နေဆဲ ဖြစ်၏။

“ အဟမ်း” ဝမ်ဝေ့က ချောင်းအသာဟန့်ကာ သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။ သို့သော်လည်း သူမက လျစ်လျူရှုထားပြီး ဆက်လက်ဖတ်ရှုနေသည်။

“ ကိုယ် ရောက်လာတာကို မင်းခံစားမိတယ်ဆိုတာ သိတယ်”

“ ကျွန်မ တစ်ခုကို သဘောပေါက်သွားလို့ပါ” ဝူဟုန်က ပြောလိုက်သည် “ ဘာများပါလိမ့်”

“ ရှင်က ကျွန်မအပေါ် ကောင်းကောင်းမဆက်ဆံဘူးပဲ”

“ ဟမ်” ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ ဟုတ်တယ်လေ။ ရှင်က ကျွန်မကို အရမ်းချစ်တယ်ဆိုပြီးတော့ ရှင့်ရဲ့ ချစ်မြတ်နိုးမှုကို မခံစားရဘူး။ ဒီဝတ္ထုထဲက ဇာတ်လိုက်တွေကို ကြည့်လိုက်စမ်းပါ။ သူတို့ရဲ့ အမျိုးသမီးတွေကို ကမ္ဘာပေါ်မှာ အရှားပါးဆုံး၊ တန်ဖိုးအရှိဆုံးလူလိုမျိုး ဆက်ဆံကြတာ။

သူတို့က သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသဖို့ ကြီးကျယ်ခမ်းနားပြီး ချစ်ခြင်းမေတ္တာတွေပါတဲ့ အရာတွေ ပြသကြတယ်လေ။ ပြီးတော့ သူတို့က သူတို့ရဲ့လက်တွဲဖော်ကို ပထမဆုံးစစချင်း ကြိုက်သွားတဲ့နေ့ကလိုမျိုးပဲ ဆက်ဆံကြတယ်”

“ ကိုယ်လည်း မင်းကို မြတ်နိုးရပါတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“ အနည်းဆုံးတော့ ကိုယ်အဲ့လိုလုပ်ခဲ့တယ်ထင်တာပဲ”

“ အဲဒါဆို ရှင် ကျွန်မကို နောက်ဆုံးလက်ဆောင်ပေးခဲ့တာ ဘယ်တုန်းကလဲ”

ဝမ်ဝေ့က သူမအား ထိုအချစ်ဝတ္ထုများ ပေးမိသည်ကို နောင်တရလာမိ၏။ သူတို့က အသက်ရှည်ကြသည့် မျိုးစိတ်ဖြစ်နေလေရာ ဆယ်စုနှစ်ကြာမျှရှိသည့် သေမျိုးများကဲ့သို့ လက်တွဲဖော် ဆက်ဆံရေးမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။

သူတို့၏ ဆက်ဆံရေးတွင် သီးသန့်ကျင့်ကြံဖို့ တစ်ခါဝင်ရောက်သွားသည်နှင့် နှစ်သန်းချီ မမြင်တွေ့ရသည်မှာ ပုံမှန်သာ ဖြစ်၏။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ ပြသခြင်းများ၊ ချစ်ကြည်နူးခြင်းများအား အမြဲမလုပ်ကြပေ။

မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က သူမနှင့် ငြင်းခုန်နေသည်မှာ ဉာဏ်မရှိကြောင်း သိထားလေသည်။ ထို့အပြင် သူမ ပြောသည်က အချက်အလက်ကျ၏။ သူ့အနေနှင့် သူမအပေါ် ပို၍ ကောင်းကောင်းဆက်ဆံသင့်သည်။

“ မင်း မှန်တယ်။ အခုကစပြီး‌တော့ မင်းကို ပိုပြီးတော့ ကောင်းကောင်း ဆက်ဆံပေးမယ်။ မင်းက အကောင်းဆုံးတွေပဲ ထိုက်တန်တယ်”

ဝူဟုန်က သူ့အား ကြည့်ကာ ပြုံးလိုက်၏ “ ကျွန်မလည်း အဲလိုပြောတာပဲလေ။ ဒါနဲ့ ရှင်က ဘာကိစ္စနဲ့ ရောက်လာတာလဲ”

“ ဝါးမျိုရေးဇုန်အတွင်းမှာ ဘာရှိနေလဲဆိုတာ သိလား”

“ ကျွန်မ သိတယ်။ ဒါပေမဲ့ ရှင့်ကို ပြောပြလို့ မရဘူး”

“ ဘာလို့လဲ”

“ ရှင့်ဘာသာရှင် ရှာကြည့်လို့ ရတယ်”

ဝမ်ဝေ့က ရယ်ရမည်လား၊ ငိုရမည်လား၊ ဒေါသထွက်ရမည်လား မသိတော့ပေ။

“ အနည်းဆုံး ကိုယ့်ကို အရိပ်အမြွက်လောက် ပြောပြလို့ မရဘူးလား”

“ အင်း အဲဒါက မပြီးပြည့်စုံဘူး။ အဲဒါကြောင့်မလို့ ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်က ကမ္ဘာ့အရင်းအမြစ်ကို ဝါးမျိုချင်တဲ့ အကြောင်းအရင်းပေါ့။ ဒုတိယအနေနဲ့ အဲဒီအရာက ဒိုင်မေးရှင်းအမြင့်မှာတောင် ရှားပါးတယ်။ အဲဒါသာ ပေါ်ထွက်လာပြီး အရည်အသွေးသာ လုံလောက်မယ်ဆိုရင် စံပြတွေတောင်မှ လုယက်တိုက်ခိုက်ကြလိမ့်မယ်”

“ အဲဒါဆိုတော့ ကိုယ် ရယူရမဲ့ နောက်ထပ်ပစ္စည်းတစ်ခုပေါ့”

“ အဲလိုမျိုးပဲ”

“ အဲဒါဆို မင်း အလှည့်တုန်းက ဘာလို့ မယူခဲ့တာလဲ”

“ ကျွန်မ ပြောခဲ့တယ်လေ။ အဲဒါက မပြီးပြည့်စုံဘူးလို့။ အဲဒါကြောင့် ကျွန်မက မိစ္ဆာမျိုးနွယ်နဲ့ ဖြေရှင်းပြီးမှ ရယူဖို့ ပြင်ထားခဲ့တာ။ ကျွန်မ ဖြေရှင်းရမဲ့ တားမြစ်နယ်မြေတချို့တောင် ရှိသေးတယ်။ ကံဆိုးတာက ရှင်လည်း ကျွန်မ ဘာဖြစ်ခဲ့တယ်ဆိုတာကို ရှင်လည်း သိတာပဲ”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး သူ့ ပုံရိပ်ယောင်ကို ဖျောက်လိုက်သည်။

သူ သီးသန့်ကျင့်ကြံရေးအခန်းအတွင်း သူ့ တကယ့်ခန္ဓာကိုယ်က ဥအရွယ်အစား ရှိသည့် ရွှေရောင်သတ္တုလုံးတစ်ခုကို သန့်စင်နေဆဲဖြစ်၏။

ထိုသတ္တုလုံးမှ အချိန်စွမ်းအား ထွက်ပေါ်နေပြီး ဝမ်ဝေ့က အာကာပြင်စွမ်းအားကို ထပ်ပေါင်းနေသည်။ ထိုအရာက အချိန်စွမ်းအားနှင့် ပေါင်းစပ်ဖို့ရာအတွက် လတ်တလောနားလည်ထားခဲ့သည့် စည်းမျဉ်း ဖြစ်သည်။

သိပ္ပံနှင့် နည်းပညာကမ္ဘာအတွင်း ကာလံဒေသံက အတူတူသာ ဖြစ်၏။ သို့သော် ကျင့်ကြံရေးကမ္ဘာတွင် ဆက်နွယ်မှု ရှိနေသော်လည်း ကွဲပြားသည့် တာအိုဖြစ်နေသည်။

သူ့တွင် ရှိထားသည့် အချိန်ပင်ကိုရတနာဖြင့် သူ့ခန္ဓာကိုယ်၏ အံ့ဖွယ်စွမ်းရည်ကို အာကာပြင်ကို ချိုးဖောက်ဖို့နှင့် ကမ္ဘာမြေမှ ကာလံဒေသံအကြောင်းကို နားလည်ဖို့ရာ လေ့လာဖို့ ဆယ်နှစ်ကြာ ကြာမြင့်ခဲ့သည်။ အပြင်ဘက်တွင်မူ တစ်လမျှသာ ဖြစ်၏။

ဝမ်ဝေ့က လမ်းလျှောက်ထွက်လာပြီးနောက် အဖန်ရည် သောက်သုံးနေသည့် သူ့ဇနီးအား မြင်လိုက်ရသည်။

“ ဝတ္ထု ဆက်မဖတ်တော့ဘူးလား”

“ ရှင် ပေးခဲ့တဲ့ဟာတွေအကုန်လုံး ဖတ်ပြီးသွားပြီ”

“ အဲဒါဆို ဒီကမ္ဘာကဟာတွေကို ဖတ်ကြည့်ကြည့်လေ”

“ ကျွန်မ ဖတ်ပြီးပြီ။ ဒါပေမဲ့ သူတို့က တော်တော်ဆိုးရွားတယ်။ အများစုက အမျိုးသမီးတွေကို ဆင်းရဲ့ဒုက္ခတွေ ခံခိုင်းထားတာလေ။ အဲလိုဟာမျိုးက စိတ်ကူးယဉ်မှု မရှိဘူး”

သူမက သူ့အား ကြည့်ကာ “ ရှင့်ဆီမှာ ထပ်ရှိသေးလား”

“ ဒါတွေအကုန်လုံးက ကိုယ်ကြားဖူး၊ ဖတ်ဖူးထားတဲ့ဟာတွေပဲ”

“ ရှင့်ရဲ့ နားလည်နိုင်စွမ်းနဲ့ဆိုရင် နောက်ထပ် ဖန်တီးနိုင်မှာ သေချာပါတယ်”

ဝမ်ဝေ့က အားကောင်းကာ လွှမ်းမိုးမှုကြီးသည့် ဇနီးလေးဘယ်ရောက်သွားလဲဟု စဉ်းစားနေမိသည်။ သူက သက်ပြင်းချလိုက်ပြီးနောက် အနာဂတ်ဗုဒ္ဓကိုယ်မှ တဆင့် စိတ်ဝိညာဉ်အမှုန်များ၏ စွမ်းအားကို တွက်ချက်လိုက်သည်။

ထို့နောက် သူက သူ ဖတ်ရှုဖူးသည့် စာရေးဆရာများ၏ ပုံစံ၊ အနေအထားနှင့် လေသံတို့ကို အတုခိုးကာ ဝတ္ထုမြောက်များစွာ ဖန်တီးခဲ့သည်။ ထိုအရာက ထိုစာရေးသူများ ကိုယ်တိုင်ရေးထားသလိုမျိုး ဖြစ်၏။ ဝမ်ဝေ့က သူကိုယ်တိုင် ရေးထုတ်သည့် ဝတ္ထုတချို့ကိုလည်း ဖန်တီးခဲ့သည်။

သူတို့အားလုံးက အချစ်ဝတ္ထုများဖြစ်သော်လည်း သူကမူ ဆန်းကြယ်မှု၊ စိတ်ကူးယဉ်မှု၊ ရှန်းရှ၊ ဝူရှအစရှိသည့် ပုံစံကွဲများပါ ရေးသားခဲ့သည်။

ထို့နောက် သူက လက်ဝှေ့လိုက်သည့်အခါ အချစ်ဝတ္ထုများအပုံလိုက် ထွက်ပေါ်လာ၏။ ဝူဟုန်က ချက်ချင်းဆိုသလို တစ်အုပ်အား ကောက်ကာ ဖတ်ကြည့်လိုက်သည်။ သူမ၏ အကြည့်များက တောက်ပလာပြီး သူ့ပါးပြင်အား နမ်းရှုတ်လိုက်ပြီးနောက် ပြန်လည်ဖတ်ရှုနေသည်။

ငါ ငါ့ဇနီးလေးကို အိုတာခု တစ်ယောက်အဖြစ် ပြောင်းလဲလိုက်ပြီလား…

သူက ခေါင်းအသာယမ်းလိုက်ပြီးနောက် သူ့အမေနှင့် သွားရောက်တွေ့ဆုံလိုက်သည်။ ထို့နောက် သူက ဂိုဏ်းနှင့် အသင်္ချေအင်ပါယာကမ္ဘာတစ်ခုလုံးမှ ထွက်လာလိုက်သည်။ ထိုအချိန်အတွင်း သူက ဝိညာဉ်ကွန်ယက်နှင့် ဂမ္ဘီရအစွမ်းကို အသုံးပြုကာ မသေမျိုးအဆင့် ပုဂ္ဂိုလ်မရှိသည့် မဟာကမ္ဘာတစ်ခုကို ရှာဖွေလိုက်သည်။ ယခုက သူ လူဝင်စားအတွက် ပြင်ဆင်ဖို့ အချိန်ကျရောက်လာလေပြီ။ ထို့နောက် သူက ရွှေရောင်ရထားလုံးအပေါ် ခုန်တက်လိုက်ပြီး သူ့ဦးတည်ချက်ဆီ ဦးတည်သွားလိုက်၏။

သူက ရောက်ရှိလာပြီးနောက် ရက်အနည်းငယ်ကြာ ကမ္ဘာ၏ စည်းမျဉ်းများနှင့် နေသားကျအောင် ဂူအတွင်း ရက်အနည်းငယ် အချိန်ယူခဲ့ရသည်။ ထို့နောက် ဝမ်ဝေ့က ဘိုးဘေးဝမ်ဝူချန် ပေးထားသည့် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ကာ ဤကမ္ဘာတွင် မသေမျိုးအဆင့် ပုဂ္ဂိုလ်ရှိသည်လားဟု စစ်ဆေးကြည့်လိုက်သည်။

သူ့ဂမ္ဘီရက မရှိကြောင်း ပြောပြထားသော်လည်း သူက ထိုသို့အဆင့် ကျင့်ကြံသူမျိုးနှင့် ပတ်သက်လာသည့်အခါ ပိုမိုသတိထားလိုသည်။ ထို့ကြောင့် ဝမ်ဝေ့က အတည်ပြုပြီးသည့်နောက် အံ့ဖွယ်အသိစိတ်ကို တစ်ကမ္ဘာလုံးဆီ တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။

မိနစ်ပိုင်းအတွင်း သူက တစ်ကမ္ဘာလုံး၏လျှို့ဝှက်ချက်အများစုကို သင်ယူလိုက်ရ၏။

ဒီကမ္ဘာရဲ့ အချိန်မြစ်လက်တတ်နဲ့ ပတ်သက်ပြီး တစ်ခုခုတော့ မှားနေတယ်…

ဝမ်ဝေ့က မျက်လုံးမှိတ်လိုက်ပြီးနောက် အခြေအနေကို ပိုမိုအာရုံခံကြည့်လိုက်သည်။

“ အချိန်မြစ်ကြောင်း လုပ်ဆောင်ပုံက ဟာကွက်အနည်းငယ် ရှိနေတဲ့ပုံပဲ” သူက ရေရွတ်လိုက်သည်။ ထိုဟာကွက်က တစ်ကမ္ဘာလုံးအတွက် ဘာသက်ရောက်မှုမှ မရှိသော်လည်း သူ့အတွက်မူ များစွာ သက်ရောက်မှုရှိနေသည်။ သူက ထိုဟာကွက်များကို လေ့လာရင်း သူ၏ ကာလံဒေသတာအို နားလည်နိုင်စွမ်းကို နက်နဲအောင် ပြုလုပ်နိုင်သည်။

ဝမ်ဝေ့က သူ့ဂမ္ဘီရသည် ဤကမ္ဘာသို့ ပြသလိုက်ခြင်းမှာ ဤဟာကွက်ကြောင့် ဖြစ်ကြောင်း သိ၍ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူက လှုပ်ရှားလိုက်၏။

သူက သူ ဖန်တီးထားသည့် မြေပုံတစ်ခုကို အသုံးပြုကာ အစီအရင်နှစ်ခုကို ဖန်တီးလိုက်သည်။ သူက ဤစင်္ကြဝဠာအတွင်း စိတ်ဝိညာဉ်တောင်များစွာကို ပထမအစီအရင်အဖြစ် ရွေ့လျားလိုက်သည်။ သူက ထိုနည်းလမ်းဖြင့် အရင်းအမြစ်မြောက်များစွာကို ချွေတာပြီးသား ဖြစ်သွားသော်လည်း ထိုအရာများကို ကောင်းကင်တာအို မသိရှိစေဘဲ လုပ်ဆောင်ဖို့ရာ အားစိုက်မှုတချို့တော့ လိုအပ်ပေသည်။

ပထမအစီအရင်သည် သူ့လူဝင်စား ပြဿနာရှာသည်နှင့် ဤကမ္ဘာ၏ ကောင်းကင်တာအိုက တာအိုဘိုးဘေးဖန်တီးမည့် အစီအစဉ်ကို တားမြစ်ဖို့ရာ ဝူဟုန်ဆီမှ သင်ယူထားသော ကောင်းကင်စည်းပိတ်ရေး အစီအရင် ဖြစ်၏။ သူက သူမစွမ်းအားနှင့် အဆောင်ကိုပင် အစီအရင်၏ ဗဟိုချက်အဖြစ် အသုံးပြုခဲ့သည်။

ဒုတိယအစီအရင်ကမူ သူ့လူဝင်စားအတွက် လိုအပ်နေသည့် အချိန်မြှင့်တင်ရေး အစီအရင် ဖြစ်၏။ ထိုအစီအရင်အတွက် သူက အချိန်စွမ်းအင် ပါဝင်နေသည့် အစီအရင်အလံ အများစုကို သန့်စင်ပြီး ရှားပါးလှသည့် အချိန်သလင်းကျောက်ကို အစီအရင်၏ ဗဟိုချက်အနေနှင့် အသုံးပြုခဲ့ရသည်။

ထို့အပြင် သူက နေရာများကို အတိအကျ ချထားပြီး အံ့ဖွယ်သင်္ကေတများဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသည်။ ထိုအလံများက တစ်ခုနှင့်တစ်ခု အလင်းနှစ်သန်းချီ ကွာဝေးနေသည့်အချက်ကြောင့် လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။

ထိုဖြစ်စဉ်အတွင်း ဝမ်ဝေ့က အစီအရင်အပေါ် နားလည်နိုင်စွမ်းသည် ပိုမိုနက်နဲလာပြီး အစီအရင်ဆရာ တစ်ယောက်အတွက် တကယ့်ဘဝအသုံးဝင်မှုများအကြောင်းကိုပင် ပိုမိုနားလည်လာခဲ့သည်။

နောက်ဆုံးတွင် သူက အစီအရင်နှစ်ခုလုံးကို ဆက်တိုက် အသက်သွင်းလိုက်သော်လည်း မည်သူမှ ထိုမူမမှန်မှုကို သတိမထားမိစေရန် သေချာအောင် လုပ်ဆောင်လိုက်သည်။ သူက ထိုတောင်များအပေါ်တွင် ကာကွယ်ရေး အစီအရင်တချို့ ထားရှိခဲ့၏။ ထိုအခါမှသာ လူများက ထိုအရာကို ဖျက်ဆီးပစ်ပြီး သူ့အစီအရင်ကို အသုံးမဝင်ဖြစ်သွားစေခြင်းမှ ကာကွယ်ပေးလိမ့်မည်။

သူက ထိုအဆင့်များ ပြင်ဆင်ပြီးနောက်တွင် နောက်ဆုံးအဆင့်ကို လုပ်ဆောင်လိုက်သည်။ သူက ရွာငယ်လေးတစ်ခုဆီ ကူးပြောင်းသွားလိုက်၏။ သူက ကိုယ်ဖျောက်ထားစဉ် အသက် ၁၄နှစ်မှ ၁၆ အရွယ်ရှိသည့် လူငယ်လေးအား ကြည့်လိုက်သည်။

“ မင်းပဲ…”

သူက ရွှေရောင်သတ္တုလုံးကို ထိုလူ၏ ခန္ဓာကိုယ်အတွင်းသို့ ပို့ဆောင်လိုက်သည်။ ထိုကလေး၏ မျက်နှာက တဖြည်းဖြည်း ဆံပင်အနက်ရောင်နှင့် ဝမ်ဝေ့အဖြစ် ပြောင်းလဲသွား၏။ ထူးဆန်းသည်က တခြားသူများသည် ထိုကလေး၏ မျက်နှာသည် အမြဲတမ်းထိုသို့ ဖြစ်နေသကဲ့သို့ အပြောင်းအလဲကို သတိမထားမိကြပေ။

ထို့အပြင် တစ်စုံတစ်ယောက်က ထိုလူ၏ ကံကြမ္မာကြိုးမျှင်ကို လေ့လာကြည့်ပါက မူမမှန်သည့် အပြောင်းအလဲကို သတိထားမိလိမ့်မည်။

ရွှေရောင်သတ္တုလုံးကို စုပ်ယူပြီးသည့်နောက်တွင် ကလေးက မေ့လဲသွားသည့်အတွက် ရွာသားများက သူ့အား အိမ်သို့ ခေါ်ဆောင်ကာ ရွာထဲရှိ တစ်ဦးတည်းသော သမားတော်အား ပင့်ဆောင်ပေးခဲ့ရသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကလေးက မျက်လုံးဖွင့်လာ၏။

“ ကျွန်တော်က ဘယ်မှာလဲ”

“ ရှောင်ဝေ့ … မင်း အဆင်ပြေရဲ့လား” သမားတော်အိုကြီးက မေးလိုက်သည်။

“ ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်းလေး ခေါင်းမူးနေရုံပါပဲ”

“ မင်းက အပူချိန်ကြောင့် မေ့လဲသွားတာ။ အနားယူပြီးတော့ ရေများများသောက်”

ကလေးက ခေါင်းညိတ်လိုက်ပြီးနောက် သူ့ ရှုပ်ထွေးမှုအား ဖုံးကွယ်ဖို့ ကြိုးစားလိုက်သည်။ ထို့နောက် သမားတော်ကို ပြောဆိုပြီးသည့်နောက်တွင် ထိုလူက ထွက်သွားလေ၏။ ထို့နောက် ကလေးက သူ့စိတ်ထဲမှ မှတ်ဉာဏ်များအပေါ် အာရုံစိုက်ထားလိုက်သည်။

“ ငါက ပြန်လည်ဝင်စားလာတာလား။ ကြည့်ရတာ ဒီဘဝမှာလည်း ငါ့နာမည်က ဝမ်ဝေ့ပဲကိုး”

သူက ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များအား ပြန်လည်ဖတ်ရှုလိုက်သည်။ သူက ဆင်းရဲသားတစ်ယောက်ဖြစ်ပြီး သူ့မိသားစုများက ငတ်မွတ်ခေါင်းပါးသည့် ကပ်ဘေးကြောင့် စောစောစီးစီး သေဆုံးသွားခဲ့ကြပြီး သူတစ်ယောက်တည်းကိုသာ ချန်ထားခဲ့သည်။

“ ခဏနေပါဦး။ ဒီကမ္ဘာက ကျင့်ကြံရေး ရှိနေတာလား” သူက ကောင်းကောင်းမွန်မွန် ဝတ်စားထားသည့်လူများက ရွာသို့ ရောက်လာပြီး လူများအား ပါရမီ စမ်းသပ်ခဲ့သည့် မှတ်ဉာဏ်များကို ရုတ်ချည်း အမှတ်ရလိုက်သည်။

“ အလုံခန္ဓာကိုယ်လား။ အဲဒါဆိုတော့ ငါ့ဆီမှာ ကျင့်ကြံဖို့ ပါရမီ မရှိဘူးလား”

***

All Chapters