← Chapters

ဂိုဏ်း၏ အနာဂတ် ဦးတည်ချက်

Vol. 37 Ch. 513

ဂိုဏ်း၏ အနာဂတ် ဦးတည်ချက်

Vol. 37 Ch. 513

ဝမ်ဝေ့က ဂိုဏ်းနှင့် သူ့ချီကံကောင်းမှု ဆက်နွယ်မှုသည် ယခင်ထက် ပိုမိုအားကောင်းလာကြောင်း ခံစားမိလိုက်သည်။ ဂိုဏ်းချုပ်အသစ်တစ်ယောက်အနေဖြင့် ဂိုဏ်း၏ ချီကံကောင်းမှုအပေါ် နားလည်နိုင်စွမ်း တိုးမြင့်လာခြင်းက သူ့လိုလူမျိုးအတွက်ပင် သိသိသာသာ ပြောင်းလဲမှု ဖြစ်စေသည်။

ဝမ်ဝေ့က သူ့နားလည်နိုင်စွမ်းအတွက် တစ်ခါမှ စိတ်ပူခြင်း မရှိသော်လည်း သူက မဟာတာအိုအရင်းအမြစ်ကို နားလည်သည့်အခါ လိုအပ်မည် ဖြစ်ကြောင်း သိထားအတွက် တိုးတက်မှုတိုင်းကို သဘောကျ၏။

ဂိုဏ်းမှ ချီကံကောင်းမှု ကောင်းချီး၏ နောက်ထပ်အကျိုးကျေးဇူးတစ်ခုမှာ ဝမ်ဝေ့၏ ကျိန်စာခုခံနိုင်စွမ်း ပိုမိုတိုးမြင့်လာခြင်း ဖြစ်၏။ အထူးသဖြင့် ကံဆိုးမှုကျိန်စာများ ဖြစ်သည်။ ထိုကာကွယ်ရေးက ချီကံကောင်းမှု၏ ပင်မသက်ရောက်မှု မဟုတ်သည်မှာ နှမြောစရာကောင်းလှသည်။ ထို့ကြောင့် အဆင့်မြင့်ကျိန်စာများက ဂိုဏ်းချုပ်အတွက်ပင် သက်ရောက်မှုရှိနေသေးသည်။

ထိုအရာအားလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အဆောင်တစ်ခုအား ထုတ်ကာ အံ့ဖွယ်အသိစိတ်ဖြင့် အထဲရှိ သတင်းအချက်အလက်အားလုံးကို ဖတ်ရှုလိုက်သည်။

ဝမ်ဝေ့က အမှန်တကယ် အံ့အားသင့်သွားမိ၏။ သူက ဂိုဏ်းသည် ချမ်းသာကာ အရင်းအမြစ်များပြားမှန်း သိထားသော်လည်း အတိအကျကို မသိရပေ။ နမူနာအားဖြင့် သူသည် သူ့လူဝင်စား အယောက် ၃၀ကျော်ကို ပြုစုပျိုးထောင်နိုင်သည့် အရင်းအမြစ်ရှိထားမှန်း မှန်းထားလေသည်။ ထိုအရာက အနိမ့်ဆုံး ခန့်မှန်းချက်သာ ဖြစ်၏။

ငါ အရင်းအမြစ်တချို့ကို ခဏ ယူထားသင့်လား။ တကယ်လို့ ငါသာ ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး။ အဲဒီအခါ လူဝင်စားတွေကို ပြန်လည်ပေးဆပ်နိုင်လိမ့်မယ်…

ခဏကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ထိုအတွေးကို လျစ်လျူရှုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ထိုအတွေးက လူဝင်စားများအတွက် အရင်းအမြစ်ရှာဖွေနိုင်လားဟု သိချင်မိသည်။

နှမြောစရာကောင်းလှသည်က သူ့အဖေ ပေးထားသည့် လူဝင်စား သုံးယောက်တန်ကြေးက ဂိုဏ်းချုပ်အနေဖြင့် ပေးထားခြင်း ဖြစ်၏။ ထို့ကြောင့် သူက ဘာမှမတတ်နိုင်ပေ။ ထို့ကြောင့် ဝမ်ဝေ့က မလုံမလဲ ပြုံးလိုက်ပြီးနောက် လျှို့ဝှက်နယ်မြေ၊ စစ်ဆေးမှုနေရာများနှင့် တာအိုအခွင့်အလမ်းဂိုဏ်းရှိ တခြားသော လျှို့ဝှက်ချက်များကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာများက ဂိုဏ်းချုပ်တစ်ယောက်တည်းသာ သိသင့်သည့် အရာများ ဖြစ်၏။

သူက ဂိုဏ်း၏ အုတ်မြစ်နှင့် ပတ်သက်ပြီး အမှန်တကယ် အံ့အားသင့်နေမိသည်။ သူက နှိုင်းယှဉ်စရာ တခြားဂိုဏ်းများ၊ အင်အားစုများ မရှိသော်လည်း ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်ကဲ့သို့ ဂိုဏ်းပင် ဤသို့နက်နဲသည့်အုတ်မြစ် ရှိပါ့မလားဟု သံသယရှိမိသည်။

ထို့အပြင် ဝမ်ဝေ့က သူသိထားသည့် သတင်းအချက်အလက်က အကုန်လုံး မဟုတ်သေးကြောင်း သိလေသည်။ တချို့သတင်းအချက်အလက် သို့မဟုတ် အသိများက ပါးစပ်စကားမှ တဆင့်ဆီ လက်ဆင့်ကမ်းလာခြင်းဖြစ်ပြီး တချို့ကိစ္စများက ဂိုဏ်းချုပ် မသေမျိုးအဆင့် မဖြစ်လာမချင်း သိခွင့်မရှိသည့်အရာများ ဖြစ်၏။

ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဂိုဏ်းချုပ် ဖြစ်လာဖို့ ဝမ်ဝေ့၏ နောက်ဆုံးအဆင့်က ဂိုဏ်း၏ အစီအရင်နှင့် ဧကရာဇ်အသုံးအဆောင်များကို ဆင့်ခေါ်နိုင်စေရန် ထိုအမှတ်အသားပြားကို သန့်စင်ဖို့ ဖြစ်၏။

ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဧည့်သည်အားလုံးက ထွက်ခွာသွားပြီး အခမ်းအနားကလည်း တရားဝင်ပြီးဆုံးသွားလေပြီ။ ဝမ်ဝေ့က ထျန်းဝေတောင်ထိပ်တွင် လူဟောင်းများအစား အသစ်အစားထိုး ဝင်ရောက်လာသည့် အကြီးအကဲအသစ်များနှင့် တွေ့ဆုံလိုက်၏။

ပထမဦးစွာ ထွက်ပေါ်လာသည်က လီကျွင်း၊ ယန်းလီလင်း၊ ဝမ်ကျူနှင့် ထျဲ့ကန်တို့ ဖြစ်ကြသည်။ လီကျွင်းက ယခုအခါ မဟာအကြီးအကဲ ယန်းမိန်အစား ပြစ်ဒဏ်ခန်းမအကြီးအကဲ ဖြစ်နေလေပြီ။ ယန်းလီလင်းကမူ ဆေးဝါးခန်းမဆောင်၏ ခေါင်းဆောင် မဟာအကြီးအကဲ လီကျန်းနေရာကို အစားထိုးဝင်ရောက်ထားသည်။

ဝမ်ကျူကမူ လီကျွင်း ဖခင်၏ အရင်းအမြစ် ခန်းမအကြီးအကဲအဖြစ် အစားထိုးနေရာယူထားသော်လည်း ထိုအရာက အပေါ်ယံရာထူးမျှသာ ဖြစ်သည်။ ထျဲ့ကန်အတွက်မူ သူက ဝမ်ထျန်း၏ တပ် ပြုစုပျိုးထောင်ခဲ့သည့် ဓားခန်းမကို တာဝန်ယူထားသည်။

ထိုခန်းမက ယခု စစ်ခန်းမဖြစ်ပြီး ဝမ်ဝေ့၏ တပ်အများစုက ထိုခန်းမ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။

လေးယောက်သားက ကိစ္စများစွာကို ဆွေးနွေးခဲ့ကြပြီး လီကျွင်းနှင့်ဝမ်ဝေ့တို့၏ အိပ်မက်လေ့ကျင့်ရေး ပညာရပ်အကြောင်းလည်း အပါအဝင် ဖြစ်သည်။ ယခင် နှစ်ထောင်ချီ သီးသန့်ကျင့်ကြံနေစဉ်အတွင်း ဝမ်ဝေ့က ပြိုင်ဘက်အမျိုးမျိုးဖြင့် တိုက်ခိုက်နေခြင်းအား မရပ်တန့်လိုက်ပေ။ အထူးသဖြင့် တစ်ရက်လေးမှ အလွတ်ပေးခြင်းမရှိဘဲ တိထျန်းနှင့် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

သူ ကျင့်ကြံနေစဉ်အတွင်း တိုက်ပွဲချီကို တိုးမြှင့်ဖို့ရာအတွက် တိုက်ပွဲမှ မှတ်ဉာဏ်များကို လက်ခံရရှိခဲ့သည်။

သူတို့က ယန်းလီလင်း၏ အလိုအလျောက် ဆေးမီးပြင်းဖိုအကြောင်းကိုလည်း ပြောခဲ့သည်။ ယခင်နှစ်ရာချီအတွင်း သူမက ဆေးပြင်းမီးဖိုမှ ကောင်းကင်အဆင့်ဆေးလုံးများ ထုတ်ဖော်နိုင်ခဲ့သော်လည်း အရည်အသွေးနှင့် ပမာဏက နည်းပါးနေသေး၏။

ထို့ကြောင့် ဝမ်ဝေ့က သူ လတ်တလောဖန်တီးထားသည့် အစီအရင်အသစ် အပါအဝင် အစီအရင်၏ နားလည်နိုင်စွမ်းကို ပေးအပ်လိုက်သည်။ မိုးမြေ၏ စွမ်းအားကို အသုံးပြုဖို့ အံ့ဖွယ်သင်္ကေတများကို အသုံးပြုမည့်အစား အစီအရင်ဆရာများက အသေးစား အစီအရင်များစွာကို အသုံးပြုနိုင်သည်။

ထိုနည်းလမ်းက အစီအရင်၏ စွမ်းအားကို ၃ ဆမှ ၁၀ဆအတွင်း တိုးမြှင့်ပေးနိုင်သောကြောင့် ပိုမိုအသုံးဝင်ကာ အာရုံခံဖို့လည်း ပိုမိုခက်ခဲလှသည်။

ယန်းလီလင်းက ထိုနည်းလမ်းကြောင့် စိတ်လှုပ်ရှားနေမိပြီး သိပ်မကြာခင် သူမက သူတော်စင်အဆင့် ဖော်စပ်နိုင်သည့် ဆေးပြင်းမီးဖိုကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေသည်။ သူမ၏ ပါရမီအတွက် တစ်ခုတည်းသော ဟာကွက်မှာ အစီအရင် ပြုလုပ်ခြင်းက ဆေးဖော်စပ်ခြင်းလောက် မကျွမ်းကျင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ထိုနည်းလမ်းကို လေ့လာဖို့ အချိန်များစွာ လိုအပ်လိမ့်မည်။

သို့သော်လည်း ဝမ်ဝေ့က စောင့်ဆိုင်းရသည်ကို စိတ်ထဲမထားပေ။ သူမ၏ ဆေးပြင်းမီးဖိုက သူ တာအိုကို သက်သေပြပြီးသည့်နောက်တွင် အလွန်အရေးပါလာလိမ့်မည်။ သူက ဆေးပြင်းမီးဖိုကို သန့်စင်ဖို့ အချိန်မရှိသည့်အတွက် တစ်စုံတစ်ယောက်က သူ့အား လုပ်ပေးသည်မှာ ဝမ်းသာလှသည်။

ထို့အပြင် သူ့အဖွဲ့သားများက ယခုအခါ ရည်မှန်းချက် ကိုယ်စီရှိနေသည်မှာ ကောင်းလေသည်။ ထို့ကြောင့် သူက အချိန်တစ်ခုကြာ အသုံးမပြုနိုင်သေးသည့် အချိန်ပင်ကိုရတနာကိုပင် ငှားရမ်းပေးခဲ့သည်။

ထျဲ့ကန်အတွက်မူ သူက စစ်သူကြီးတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့စစ်သားများကို အကောင်းဆုံးလေ့ကျင့်ပေးဖို့ရာသာ အာရုံစိုက်ထားလေသည်။ ဝမ်ဝေ့က သူ့ဆုံးဖြတ်ချက်ကို လေးစားပြီး သူ့အား ထောက်ပံ့ပေးမှုအား ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။ သူက သူ့အစီအစဉ်အတွက် တပ်မဟာအများစုကို လိုအပ်လာမည်မှန်း သိနေခဲ့သည်။

ထို့နောက် ဝမ်ဝေ့က တစ်စုံတစ်ခုကို အမှတ်ရကာ ဝမ်ကျူအား မေးလိုက်၏ “ တိုက်ပွဲဝင်တိုင်းပြည်ကမ္ဘာကို စစ်ဆေးကြည့်ပြီးသွားပြီလား”

“ ကျွန်မ စစ်ဆေးပြီးသွားပါပြီ။ အဲဒါက ပျောက်ကွယ်သွားတယ်”

“ ဘယ်လိုဖြစ်ပြီးတော့လဲ”

“ ကျွန်မတို့ သုံးသပ်တာအရတော့ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက တစ်ကမ္ဘာလုံးကို မူလနေရာကနေ ရွှေ့သွားတဲ့ပုံပဲ”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ့မျက်ဝန်းအထက် ကံနှင့် ကံကြမ္မာစွမ်းအား ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ပြုံးကာ “ အဲ့ကောင်မလေးက အတော်လေး ရည်မှန်းချက် ကြီးသားပဲ”

သူက ရေရွတ်လိုက်ပြီးနောက် တည်နေရာတစ်ခုအား လှမ်းကြည့်လိုက်သည်။

သူ့အကြည့်များက ထိုးဖောက်သွားကာ နေကို ကြည့်နေရင်း အိမ်ငယ်လေးရှေ့ အဖန်ရည်သောက်နေသည့် အမျိုးသမီးငယ် တစ်ဦးကို မြင်လိုက်ရသည်။ သူမ ပတ်ဝန်းကျင်တွင် အေးဆေးတည်ငြိမ်သည့် အငွေ့အသက်မျိုး ရှိနေပြီး ကျင့်ကြံရေးလောက၏ အရှုပ်အထွေးများက သူမနှင့် မသက်ဆိုင်သလိုမျိုး ဖြစ်၏။

သူမက ကျင့်ကြံရေးအပေါ် ဖြည်းဖြည်းချင်း နစ်မြုပ်ထားသည့်သူ ဖြစ်ဟန်ပေါ်သည်။ တခြားအရာများက သူမအတွက် အရေးမကြီးပေ။

သူမက အထွတ်အထိပ် ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်နေပြီး စည်းမျဉ်းနားလည်ဖို့ရာ အလွန်နီးကပ်နေလေပြီ။ သူမက သူမ၏ အသက်အရွယ်ဖြင့် ကျင့်ကြံရေးခရီးလမ်းတွင် အောင်မြင်လေသည်။

ထိုအမျိုးသမီးက သုံ့လီဖန်း၏ ဆရာဖြစ်သူ ယူစစ်ယွီ ဖြစ်၏။ တိုက်ပွဲဝင် တိုင်းပြည်ကမ္ဘာမှ ထွက်မလာခင် သူက သူမအား ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ပြီး သုံ့လီဖန်းကမူ အလွှာနိမ့်တွင် ဆက်လက်နေထိုင်ခဲ့သည်။

ဝမ်ဝေ့က ထိုအမျိုးသမီး၏ ချီကံကောင်းမှုကို ကြည့်လိုက်သည့်အခါ မူမမှန်မှုကို တွေ့လိုက်ရ၏။ သူမ၏ ပါရမီနှင့် အုတ်မြစ်ဖြင့် ဤကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံဖြင့် လိုက်မှီနိုင်မည် မဟုတ်ပေ။ သို့သော်လည်း သူမ၏ သဘောထားက ကျင့်ကြံရေးအတွက် သင့်တော်နေပြီး အလုပ်ကြိုးစားမှုနှင့် နစ်မြုပ်ထားမှုတို့ဖြင့် ထိုသို့သော အောင်မြင်မှုမျိုးကို ရရှိခဲ့သည်။

ဝမ်ဝေ့က သူမကို အာရုံမစိုက်တော့ဘဲ ပြုံးလိုက်သည်။ သိပ်မကြာခင် တခြားသော အကြီးအကဲများကလည်း ရောက်ရှိလာကြ၏။

သူတို့က လူငယ်မျိုးဆက် အဖွဲ့ဝင်များဖြစ်ပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်ခါနီးနေလေပြီ။ ထို့ကြောင့် ဝမ်ဝေ့က လူအများစုကို မှတ်မိလာ၏။

အများစုက မိသားစုသုံးခုမှ ဖြစ်ပြီး ဝမ်ဝေ့က သူတို့နှင့် ကလေးဘဝတွင် ပတ်သက်ခဲ့ဖူးပြီး ကျန်လူများကမူ တစ်ချိန်က သူနှင့် ရာထူးဝင်ပြိုင်ခဲ့သည့် အပြိုင်အမွေခံသားတော်များ ဖြစ်ကြ၏။

“ ရောင်းရင်းတို့ ကြိုဆိုပါတယ်” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည်။

အုပ်ချုပ်ရေးရာနှင့် ပတ်သက်လာသည့်အခါ ဝမ်ဝေ့က များများစားစား အပြောင်းအလဲ မလုပ်ပေ။ ယခင်ဘဝမှ အချက်အလက်များဖြင့် သူသည် ဂိုဏ်း၏ ထုတ်လုပ်မှုကို ၃၅ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သည်။ ထိုအရာက မများပြားသော်လည်း သတိထားမိဖို့ရာ လုံလောက်ပေသည်။

ဒဏ်ပေးခြင်း၊ အပြစ်စီရင်ခြင်းနှင့် ပတ်သက်လာသည့်အခါ လီကျွင်းက ဝမ်ဝေ့ထက်ပင် သူ့နေရာကို တာဝန်ယူထားသည်မှာ ကြာမြင့်လာပြီ ဖြစ်၏။ ထို့ကြောင့် သူက မည်သို့လုပ်ဆောင်ရမည်ကို ကောင်းကောင်းသိထားပြီး ဂိုဏ်းအတွင်းမှ တချို့အပြစ်အနာအဆာများအား ဖယ်ရှားပစ်ခဲ့သည်။

ဝမ်ဝေ့၏ အဖေနှင့် အဘိုးတို့က မျိုးနွယ်စုဝင်များ၏ အပြုအမူနှင့် ပတ်သက်လာခဲ့သည့်အခါ သက်ညှာပေးခဲ့ကြသော်လည်း ဝမ်ဝေ့ကမူ ထိုသို့မဟုတ်ပေ။ ထို့ကြောင့် လီကျွင်းက ထိုလူများအပေါ် တင်းတင်းကြပ်ကြပ်ဖြင့် သူတို့၏ ပြစ်မှုများအရ ပြစ်ဒဏ်စီရင်ခဲ့သည်။

ယခင်နှစ်ထောင်ပိုင်းအတွင်း ဂိုဏ်း၏ အခွန်ဘဏ္ဍာက သိသိသာသာ တိုးမြင့်လာသည်။ အကြောင်းမှာမူ ဝမ်ဝေ့၏ ဆေးလုံးများ ဖော်စပ်ရာနှင့် လက်နက်များ သန့်စင်ရာတွင် နည်းစနစ်ကို စံနှုန်းသတ်မှတ်လိုက်၍ ဖြစ်သည်။

ထိုအပြောင်းအလဲ၏ ရလဒ်အနေဖြင့် ဂိုဏ်းရှိ အဆင့်နိမ့် ဆေးဝါးပညာရှင်များနှင့် လက်နက်သန့်စင်သူများ၏ အရေအတွက်က တိုးမြင့်လာသည်။ ထိုအရေအတွက် အပြောင်းအလဲဖြင့် သူတို့က အဆင့်နိမ့်ဆေးဝါးများနှင့် လက်နက်များကို အသင်္ချေအင်ပါယာကမ္ဘာ ဈေးကွက်တစ်ဝှမ်းအတွင်း သိသိသာသာ တိုးမြှင့်နိုင်ခဲ့သည်။

ဝမ်ဝေ့က သေမျိုးများအတွက် အကျိုးကျေးဇူးရရှိနိုင်မည့် ခေတ်သစ် ဖန်ဆင်းမှုများကို ပြန်လည်ဖန်တီးဖို့ အတွေးအခေါ်ကလည်း ဂိုဏ်း၏ ထိန်းချုပ်ထားသည့် နယ်ပယ်အတွင်း ကောင်းမွန်စွာ ဖြစ်တည်နေသည်။

နှစ်တစ်သောင်းကြာမြင့်ပြီးသည့်နောက်တွင် မျိုးဆက်များစွာ ကျဆုံးသွားပြီး ထိုအရာများက ထိုနယ်ပယ်များတွင် ပုံမှန်ဖြစ်လာကြ၏။

ပတ်ဝန်းကျင်အနေအထားကြောင့် တာအိုအခွင့်အလမ်းဂိုဏ်း၏ သေမျိုးတချို့က ဆင့်ကဲပြောင်းလဲလာသည်။ တချို့က အလွန်မြင့်မားသည့် ဝိညာဉ်စွမ်းအားဖြင့် မွေးဖွားလာကြသောကြောင့် ကျွမ်းကျင်မှုအတတ်ပညာဆိုင်ရာ အသစ်တစ်ခု ဖြစ်တည်လာသည်။

စိတ်ဝိညာဉ်သန့်စင်သူများ

ထိုသေမျိုးများက ကျင့်ကြံရေး မရှိသလို အများစုကလည်း ထိုသို့လုပ်ဆောင်ရန် ပါရမီ မရှိကြပေ။ သို့သော်လည်း သူတို့၏ ဝိညာဉ်စွမ်းအားဖြင့် မူလကျောက်တုံးရှိနေသရွေ့ မှော်လက်နက်များကို ဖန်တီးနိုင်သည်။

ဂိုဏ်းအဖွဲ့ဝင်အများစုက ထိုသေမျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်နေကြသောကြောင့် ဝမ်ဝေ့က ထိုဖွံ့ဖြိုးမှုသည် ဘာမှမဟုတ်ကြောင်း သူတို့သည် ရထား သို့မဟုတ် လေယာဉ်ပျံကဲ့သို့သော ယာဉ်များကို ဖန်တီးရာ၌ ကျင့်ကြံသူများအပေါ် မှီခိုဖို့ရာ မလိုအပ်လောက်အောင် ဆင့်ကဲပြောင်းလဲသွားခြင်းသာ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထိုသေမျိုးများက ယခုအခါ ကိုယ်ပိုင်လုပ်ဆောင်နိုင်သည့် အနေအထားသို့ ရောက်ရှိသွားကြသောကြောင့် မဆိုးရွားလှပေ။

ထို့ကြောင့် ဝမ်ဝေ့က သေမျိုးများသည် ဂိုဏ်း၏ အထောက်အပံ့ဖြစ်ကြောင်း ရှင်းပြပြီး ထိုဆင့်ကဲပြောင်းလဲလာသည့် သေမျိုးများသည် သက်တမ်း နှစ်၁၂၀ မျှသာ ရှိသည့်အကြောင်း ရှင်းပြပြီးသည့်နောက် ဂိုဏ်းက သူတို့အား လွှတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

အစည်းအဝေး အဆုံးသတ်ခါနီးတွင် လိုအပ်သည့်အရာများကို ပြန်လည်စစ်ဆေးကြည့်ပြီးသည့်နောက် ဝမ်ဝေ့က ပြောလိုက်၏ “ ငါ လုပ်ရမဲ့ အပြောင်းအလဲတချို့ ရှိသေးတယ်။ ပထမအနေနဲ့ အပြင်စည်းနဲ့ အတွင်းစည်း တပည့်တွေရဲ့ တူညီဝတ်စုံကို ပြန်လည်အသက်သွင်းရမယ်။ အဲဒါက တပည့်တွေ ညီညွှတ်တဲ့အကြောင်း ဖော်ပြတဲ့ နည်းလမ်းပဲ”

ဂိုဏ်းက တူညီဝတ်စုံများ ရှိခဲ့သော်လည်း သူ့အဘိုး၏ လက်ထက်တွင် ဖယ်ရှားပစ်ခဲ့သည်။

သူ့အဖေက ပြန်လည် အသက်မသွင်းရဲခဲ့ပေ။

“ ပြီးတော့ ပင်မတပည့်တွေက တူညီဝတ်စုံ ဝတ်စရာ မလိုဘူးလား”

“ ဟုတ်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

ဂိုဏ်းက တပည့်များက သူတို့၏ ကျင့်ကြံဆင့်အပေါ် မူတည်၍ အပြင်စည်းနှင့် အတွင်းစည်းဟူ၍ ခွဲခြားထားသည်။ ထို့နောက် အတွင်းစည်းတပည့်၏ အားအကောင်းဆုံး ၁၀ ယောက်က အပြိုင်အမွေခံသားတော်၏ ရာထူး သို့မဟုတ် ဂုဏ်ပုဒ်ကို ရရှိလာပြီး ကောင်းကင်ရွေးချယ်ခံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။

တစ်စုံတစ်ယောက်က ထိုဂုဏ်ပုဒ်ကို ရရှိသွားသည်နှင့် တခြားသူများက ပင်မတပည့် ဖြစ်လာလိမ့်မည်။ ပင်မတပည့်များက အကြီးအကဲများနှင့် မဟာအကြီးအကဲများအဖြစ် လေ့ကျင့်ပေးမည်ဖြစ်သောကြောင့် အရေအတွက် ကန့်သတ်ချက် ရှိ၏။

ဝမ်ဝေ့က သူ ဖန်တီးထားသည့် တူညီဝတ်စုံများကို ပြသလိုက်သည်။ ယခင်ဘဝမှ ရုပ်ပြများကို ဖတ်ရှုပြီးသည့်နောက်တွင် ရှေးဟောင်းပုံစံကို ခေတ်သစ်သဘောတရား ထည့်၍ တူညီဝတ်စုံကို ဖန်တီးထားခဲ့သည်။

“ ဒုတိယအပြောင်းအလဲက အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းရမဲ့ ကိစ္စပဲ။ ငါတို့တွေ တပည့်တွေကို အန္တရာယ်ကြုံလာတဲ့အခါ ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်အောင် လေ့ကျင့်ပေးထားသင့်တယ်”

တခြားလူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ အထူးသဖြင့် သူတို့က ကမ္ဘာဝင်တိုက်မှု ကြုံတွေ့ပြီးသည့်အခါတွင် ဖြစ်၏။

ထို့ကြောင့် သူတို့က ထိုသို့သောအရေးပေါ် ကိစ္စမျိုး၌ အချိန်မြန်မြန် တုံ့ပြန်နိုင်ခြင်း၏ အကျိုးကျေးဇူးကို နားလည်ထားကြသည်။

“ တတိယအပြောင်းအလဲက အရင်းအမြစ်တွေရဲ့ တန်ကြေးကို လျှော့ချဖို့ပဲ။”

လူအများစုက ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။ တာအိုအခွင့်အလမ်းဂိုဏ်းသည် ဂိုဏ်းအမှတ်စနစ်မျိုး ရှိပြီး တပည့် သို့မဟုတ် အကြီးအကဲက အရင်းအမြစ် လိုအပ်လာပါက သူတို့သည် ဂိုဏ်းအမှတ် သို့မဟုတ် အကျိုးပြုအမှတ်များဖြင့် လဲလှယ်နိုင်သည်။

ထို့အပြင် ဂိုဏ်းအမှတ်များကို ရယူနိုင်ဖို့ တာဝန်များ ရှိ၏။ တပည့်များနှင့် အကြီးအကဲများက ထိုတာအိုများကို ပြီးမြောက်ခြင်း သို့မဟုတ် ပြင်ပမှ ရရှိထားသည့် အရင်းအမြစ်များကို လဲလှယ်ခြင်းဖြင့် ဂိုဏ်းအမှတ်ကို လဲလှယ်နိုင်သည်။

တာဝန်အမျိုးမျိုးတွင် အင်အားအသုံးပြုခြင်းမှ ကျွမ်းကျင်အတတ်ပညာများကို အသုံးပြုသည်အထိ အပါအဝင် ဖြစ်၏။ ထို့အပြင် အလဲအလှယ်ခန်းမက တာဝန်ခန်းမ၊ အရင်းအမြစ် ခန်းမတို့နှင့် ပြီးပြည့်စုံသည့် စနစ်တစ်ခုကို ဖွဲ့စည်းထားခဲ့သည်။

တပည့်များက ဂိုဏ်းအတွက် အဖိုးတန်သည့် တစ်စုံတစ်ခုကို လဲလှယ်သရွေ့ ကောလဟာလဖြစ်စေ၊ သတင်းအချက်အလက်ဖြစ်စေ သူတို့က ဂိုဏ်းအမှတ်ကို ရယူနိုင်သည်။ ထိုဂိုဏ်းအမှတ်များဖြင့် သူတို့သည် အရင်းအမြစ်ကို ပြန်လည်လဲလှယ်နိုင်၏။

အကယ်၍ တန်ကြေးကို လျှော့ချလိုက်မည်ဆိုလျှင် ပြဿနာအနည်းငယ် ရှိလာလိမ့်မည်။

“ ဂိုဏ်းချုပ်။ တန်ကြေးကို လျှော့ချလိုက်တာက တပည့်တွေကို လှုံ့ဆော်ပေးပြီး သူတို့ရဲ့ အင်အား ကြီးလာစေမယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ ဂိုဏ်းရဲ့ အရင်းအမြစ်ကဏ္ဍက လျော့ကျသွားလိမ့်မယ်။ တကယ်လို့ တပည့်တွေက ကျုပ်တို့ပေးနိုင်တဲ့ အရင်းအမြစ်တွေထက် ပိုပြီးသုံးခဲ့မယ်ဆိုရင် နှစ်ထောင်ချီကြာမြင့်တဲ့အခါမှာ ဂိုဏ်းရဲ့ အုတ်မြစ်ကပါ ပျက်ဆီးသွားလိမ့်မယ်”

“ ငါ အဲဒါကိုသိတယ်” ဝမ်ဝေ့က ပြောလိုက်သည် “ အဲဒါကြောင့် နောက်ဆုံးအပြောင်းအလဲက ငါတို့ရဲ့ ကမ္ဘာ့အသိုက်အဝန်းထဲက တခြားကမ္ဘာတွေကိုပဲ အာရုံစိုက်မနေတော့ဘူး”

အားလုံးက ထိုအရာကို ကြားပြီး အဓိကအပြောင်းအလဲကြီး ဖြစ်လာတော့မည်ဖြစ်ကြောင်း သိလိုက်၍ အမူအရာများက လေးနက်လာကြသည်။

“ ငါတို့ဂိုဏ်းက ရှားပါးတဲ့ အရင်းအမြစ်တွေရှိတဲ့ ကမ္ဘာတချို့ကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ အဲဒါက လုံလောက်တာထက် အလှမ်းဝေးနေသေးတယ်။” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“ အခုကစပြီး ငါတို့တွေ အလွှာနိမ့်နဲ့ အလယ်အလတ်ကမ္ဘာတွေမှာ ဂိုဏ်းရဲ့ အဖွဲ့ခွဲတွေကို တည်ထောင်မယ်။ ငါတို့တွေ အဲဒီကမ္ဘာကနေ လူသစ်တွေကို စုစည်းပြီးတော့ အရင်းအမြစ်တွေကိုလည်း စုစည်းမယ်။

တကယ်လို့ တချို့က ပါရမီလုံလုံလောက်လောက် ရှိမယ်ဆိုရင် သူတို့တွေကို ဒီအသင်္ချေအင်ပါယာကမ္ဘာအထိ ချက်ချင်း ခေါ်ဆောင်လာနိုင်တယ်။ ပြီးတော့ ငါတို့တွေ အလွှာနိမ့်တပည့်တွေက သေချာတဲ့ စံနှုန်းတစ်ခုကို ရောက်တာနဲ့ ဒီနေရာလာပြီး ကျင့်ကြံနိုင်တယ်ဆိုတဲ့ စနစ်ကိုလည်း ဖန်တီးရမယ်”

“ ဒါက အကြံကောင်းပဲ” ယန်းလီလင်းက ပြောလိုက်သည် “ ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်မတို့ဂိုဏ်းရဲ့ ပါရမီရှင်တွေကို တိုးမြှင့်ပေးရုံသာမကဘူး။ နေရာများစွာကနေ အရင်းအမြစ်တွေကိုလည်း စုဆောင်းနိုင်လိမ့်မယ်”

“ အမှန်ပဲ။ အဖွဲ့ခွဲကို ဝင်ရောက်တဲ့ လူအရေအတွက်ကသာ သိပ်မများသရွေ့ပေါ့” နောက်ထပ် အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။

“ အဲဒါက သိသာပါတယ်”

“ အလွှာနိမ့်က လူတွေတော်တော်များများက ပတ်ဝန်းကျင် အနေအထားကြောင့် သိပ်တိုးတက်မှာ မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့တွေ အဲဒီလူတွေက ငါတို့ဂိုဏ်းအပေါ် သစ္စာရှိသရွေ့ သူတို့က ဂိုဏ်းအမှတ်တွေနဲ့ လဲလှယ်ပြီးတော့ ပင်မကမ္ဘာဆီ လာရောက်နိုင်တဲ့အကြောင်း စည်းမျဉ်းလုပ်ထားရမယ်”

“ အကြံကောင်းပဲ။ ဒါပေမဲ့ တခြားကမ္ဘာတစ်ခုကိုရှာဖို့ရာ ပြဿနာတစ်ခု ဖြစ်နေဦးမှာပဲ”

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူ့ဝိညာဉ်ကွန်ယက်က ရှာဖွေတွေ့ရှိထားသည့် ကမ္ဘာ၏ မြေပုံက ထွက်ပေါ်လာသည်။ ထိုအခါ အကြီးအကဲများ၏ အကြည့်များက လင်းလက်တောက်ပသွားကြ၏။

“ ဂိုဏ်းချုပ် အဲဒါဆို မဟာကမ္ဘာရော ဘယ်လိုလဲ။ ကျုပ်တို့တွေ အဲဒီမှာရော အဖွဲ့ခွဲတွေ တည်ထောင်မှာလား”

“ ငါတို့တွေ တည်ထောင်မှာ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ငါတို့တွေ တခြားကမ္ဘာကနေ အောင်မြင်မှုကို စောင့်ဆိုင်းရမယ်။ ပြီးတော့ အရင်မျိုးဆက်ဟောင်း အထွတ်အထိပ်နယ်မြေအဆင့် ဝင်ရောက်တဲ့အထိ စောင့်ဆိုင်းရမယ်။”

“ ကျုပ်တို့တွေ အဲဒီကမ္ဘာကို အုပ်စိုးကြမှာလား” ထျဲ့ကန်က မေးလိုက်သည်။

“ ထူးခြားတာ တစ်ခုခု ဖြစ်မလာသရွေ့ ငါတို့တွေ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ပဲ သွားမယ်။ ဒါပေမဲ့ တချို့ကမ္ဘာတွေက နယ်ခြားကျူးကျော်မှုကို လက်ခံမှာ မဟုတ်ဘူးဆိုတာကိုတော့ သိတယ်။ အဲဒါကြောင့် ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် ပြင်ဆင်ထားဖို့ လိုလိမ့်မယ်”

“ ဒီအစီအစဉ် အောင်မြင်ချင်တယ်ဆိုရင် မွမ်းမံသန့်စင်ရေးခန်းမက လေဟာနယ်သင်္ဘောတွေကို ဆောက်လုပ်ဖို့ လိုတယ်။” လီကျွင်းက ပြောလိုက်သည် “ အဲဒါဆိုတော့ အစီအရင်ခန်းမကလည်း အလွှာကူးပြောင်း အစီအရင်တွေကို တည်ဆောက်ဖို့ အစီအရင်ဆရာတွေ ပိုလိုအပ်လိမ့်မယ်။”

“ အရင်းအမြစ်ခန်းမက ကျွန်မတို့ လိုအပ်တဲ့အရာတွေကို ပေးဖို့ လိုတယ်” မွမ်းမံသန့်စင်ရေးခန်းမ၏ အကြီးအကဲဖြစ်သူ ဝမ်ကျူက ပြောလိုက်သည်။

“ ပြဿနာမရှိဘူး။ ဒါပေမဲ့ ခင်ဗျားတို့တွေက အမှန်တကယ် လိုအပ်တဲ့ဟာတွေကို အထက်ကို တင်ပြရမယ်။ ခင်ဗျားတို့ ခန်းမဆောင်ရဲ့ အရင်းအမြစ်တွေကို ထုတ်သုံးဖို့လည်း တုံ့ဆိုင်းမနေနဲ့ဦး”

ကျွမ်းကျင်အတတ်ပညာဆိုင်ရာ ခန်းမ၏ ခေါင်းဆောင်အသီးသီးက အနည်းငယ် ရှက်သွားကြသော်လည်း သူတို့၏ စိတ်ခံစားချက်ကို အလျင်အမြန် ထိန်းချုပ်လိုက်ကြသည်။

ထို့နောက် ဂိုဏ်း၏ ဆွေးနွေးမှုက အဆုံးသတ်သွားပြီး အားလုံးက ထွက်ခွာသွားကြသည်။

***

All Chapters