← Chapters

ပြီးပြည့်စုံသည့် အုတ်မြစ်

Vol. 37 Ch. 514

ပြီးပြည့်စုံသည့် အုတ်မြစ်

Vol. 37 Ch. 514

အစည်းအဝေး အဆုံးသတ်ပြီးသည့်နောက် ဝမ်ဝေ့က သူ့အဖွဲ့နှင့် မိနစ်ပိုင်းကြာ ထပ်မံ စကားပြောလိုက်သည်။ အထူးသဖြင့် လီကျွင်းနှင့် ဖြစ်၏။ သူ့တူလေး၏ လက်ရှိအနေအထားကို သိလို၍ ဖြစ်သည်။ ဂိုဏ်းက အမေနှင့်ကလေးကို ကာကွယ်ဖို့ အကောင်းဆုံး စည်းပိတ်ရေးနည်းလမ်းကို အသုံးပြုခဲ့သောကြောင့် ကလေးက အဆင်ပြေနေမှန်း သိပြီးသည့်နောက်တွင် ဝမ်ဝေ့က စိတ်သက်သာရာရမိသွားသည်။

နောက်ဆုံးတွင် သူက တစ်ဦးတည်း ဖြစ်နေသည့်အခါမှ ဟွင်သွမ်းရတနာ နိမိတ်ကြေးမုံကို ထုတ်ယူလိုက်သည်။ သူကမူ မူလအဆီအနှစ်ကို ထည့်သွင်းပြီး အသက်သွင်းလိုက်ကာ တိထျန်းကို ပင်မပစ်မှတ်အနေနှင့် မှတ်သားလိုက်သည်။

အထူးသဖြင့် သူက ကောင်းကင်ဘုံဗိမာန်တွင် သူ့ကို သတ်ဖြတ်လုနီးပါးဖြစ်သွားသည့် ကံကြမ္မာအပေါ် အာရုံစိုက်ထားလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏ “ ၅၀ရာခိုင်နှုန်းတဲ့လား။ ဒါက မလုံလောက်သေးဘူး”

သူက မျက်လုံးမှိတ်လိုက်သည့်အခါ သူ့စိတ်ထဲ သတင်းအချက်အလက်မြောက်များစွာ ထွက်ပေါ်လာသည်။ ယခင်က သူသည် တိထျန်း၏ မှတ်ဉာဏ်များမှ သတင်းအချက်အလက်များကို စုစည်းခဲ့ပြီး သူသည် ၉ဘဝ နေထိုင်ခဲ့ပြီး ကောင်းကင်အလိုဆန္ဒ တိုက်ပွဲအမျိုးမျိုးတွင် တိုက်ခိုက်ခဲ့ကြောင်း သိထားသည်။

သို့သော် ယနေ့တွင် သူက ထိုကြေးပုံမှတဆင့် တိုက်ပွဲများကို ကြုံတွေ့လိုက်ရ၏။ ထိုလူသည် သူ့ဘိုးဘေး ဧကရာဇ်ချီယွမ်၊ ဓားဧကရီနှင့် တိုက်ခိုက်နေသည့် တိုက်ပွဲကို မြင်လိုက်ရသည်။ ထိုလူ၏ အကြွင်းမဲ့စတင်ခြင်းဧကရာဇ်နှင့် တိုက်ပွဲကိုပင် မြင်လိုက်ရ၏။

ထို့အပြင် ဝမ်ဝေ့က တိထျန်း အသုံးပြုခဲ့သည့် နည်းလမ်းတချို့ကို သိလိုက်ရသည်။ ပြောရလျှင် သူ့ကျင့်ကြံရေး မျိုးစေ့ကို မည်သို့ဖွဲ့စည်းခဲ့ကြောင်း အရိပ်အမြွက် ရရှိလိုက်၏။ ထိုသတင်းအချက်အလက်က သူ့လူဝင်စားများကို ပေါင်းစပ်သည့်အခါ သူ့အား အကူအညီ ဖြစ်စေလိမ့်မည်။

နောက်ဆုံးအနေဖြင့် ဝမ်ဝေ့က အိပ်စက်သူများအကြောင်း သင်ယူလိုက်ရသည်။ သူတို့သည် မည်သို့ဖန်တီးထားပြီး မည်သို့ဖွဲ့စည်းထားကြောင်း ဖြစ်၏။

ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီး ရေရွတ်လိုက်သည် “ဒါက မလုံလောက်သေးဘူး။ ငါ မသိတာတွေ အများကြီးပဲ”

ထိုသတင်းအချက်အလက်ဖြင့် သူသည် တိထျန်းကို ပိုမိုသိလိုက်သော်လည်း သူ့ကို အနိုင်ယူဖို့ မနီးကပ်သေးပေ။ ထို့ကြောင့် သူက သူတို့ကြားမှ ကံဆက်နွယ်မှုကို တိုးမြှင့်မည့်နည်းလမ်းကို ရှာဖို့ လိုအပ်လာသည်။

ငါ သူ့မိသားစုကို သတ်လိုက်ရမလား…

ဝမ်ဝေ့က တည်ငြိမ်စွာ တွေးလိုက်မိသည်။ တိမျိုးနွယ်တစ်ခုလုံးဖြင့် စစ်ပွဲစသည်မှာ ဉာဏ်ရှိခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း အကြောင်းပြချက် ကောင်းကောင်းသုံးပြီး တိထျန်း၏ မိသားစုကို သတ်လိုက်တာက ပြဿနာတော့ မဟုတ်ပေ။ သူ့အဖေသည် လက်ရှိခေါင်းဆောင် ဖြစ်နေသော်လည်း ဝမ်ဝေ့က သူ့အား အာဏာကျဆင်းလာစေဖို့ လှည့်ကွက်တချို့ အသုံးပြုနိုင်သည်။

ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ခေါင်းခါလိုက်ပြီး တခြားတစ်နည်းသာ ဆုံးဖြတ်လိုက်သည်။ ထိုအရာက လူသားချင်းစာနာ၍ မဟုတ်ပေ။ တိထျန်းနှင့် သူ့မိသားစုကြားမှ ဆက်နွယ်မှုသည် သူ ထင်ထားသလောက် မနက်ရှိုင်းကြောင်း သဘောပေါက်လိုက်၍ ဖြစ်သည်။

ထိုသူအတွက် တိမျိုးနွယ်စုသည် အစောပိုင်း ကျင့်ကြံရေးအဆင့်များတွင် ကာကွယ်မှုတစ်ခုသာ ဖြစ်လောက်၏။ သူက သူ့ကျင့်ကြံရေး အရင်းအမြစ်များအတွက် သူတို့အပေါ်  မှီခိုထားခြင်း မရှိလောက်ပေ။

အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်းသည် သူ့မိသားစုအပေါ် စိတ်ခံစားချက်ရှိပါ့မလားဟု သံသယဝင်လာမိ၏။ ထိုသူသည် ကံအပေါ် ကျွင်းကျင်သူ တစ်ယောက်ဖြစ်သောကြောင့် တိမျိုးနွယ်နှင့် ဆက်နွယ်မှုထားရှိမည် မဟုတ်ပေ။

ငါ သူ့အကြောင်း သိထားသလောက် သူ ဂရုစိုက်တာ နှစ်ခုပဲရှိတယ်။ သူ့ဇနီးနဲ့ အိပ်စက်သူတွေ။ သူတို့က ပထမဘဝကတည်းက သူ့ကို ကောင်းကောင်းသိခဲ့တဲ့သူတွေပဲ။

ငါ အိပ်စက်သူတွေကို ရှင်းထုတ်တဲ့စနစ်နဲ့ ဆက်နွယ်မှုကို တိုးမြင့်နိုင်လောက်တယ်။ ဒါပေမဲ့ အကြီးမားဆုံး ကံဆက်နွယ်မှုက သူ့ဇနီးနဲ့ ဖြစ်လောက်တယ်…

ဝမ်ဝေ့၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားပြီး သူမဆီ သွားရောက်တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်သည်။ သူမက အရှေ့ပိုင်းနဂါးပြာကုန်းမြေ၏ ဂိုဏ်းငယ်လေးတွင် ဆက်ရှိနေဖို့ရာ မျှော်လင့်နေမိ၏။

ထို့ကြောင့် သူက အလုပ်များအား လက်စသတ်လိုက်ပြီးနောက် ဂိုဏ်းမှ ထွက်လာပြီး ရှေးဟောင်းကုန်းမြေဆီ ဦးတည်သည့် အာကာပြင်ကို ချိုးဖောက်ကာ ချောင်နဉ်နှင့် သွားရောက်တွေ့ဆုံလိုက်သည်။

သို့သော်လည်း သူ့ဦးတည်ရာနှင့် မနီးမဝေးသို့ ဆင်းသက်ပြီးသည့်နောက်တွင် သူက တစ်စုံတစ်ခုကို သဘောပေါက်မိ၍ ရုတ်တရက် ရပ်တန့်လိုက်သည်။ ပထမဦးစွာ သူ့အမျိုးသမီးသည် သူနှင့် ကံကြွေး ရှိနေသည်လားဟု မတွက်ချက်နိုင်ပေ။ နှစ်ကြိမ် တွေ့ဆုံပြီးသည့်နောက်တွင် သူက သူမကို ရှာဖွေဖို့ရာ ကံဆက်နွယ်မှုကို အသုံးပြုနိုင်သင့်ပေသည်။ သို့သော် သူက မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဝမ်ဝေ့က နက်နက်နဲနဲ တွေးလိုက်ပြီးနောက် တစ်စုံတစ်ခုကို သဘောပေါက်လာခဲ့သည်။

ပြီးပြည့်စုံတဲ့ သက်ရှိအနေနဲ့၊ ဒါမှမဟုတ် ပြီးပြည့်စုံလုနီးပါး သက်ရှိအနေနဲ့  တိထျန်းရဲ့ တားမြစ်ခံစစ်ဆေးမှုမှာ သေဆုံးသွားခဲ့ရတယ်။

ယခုဝမ်ဝေ့က ထိုပြီးပြည့်စုံမှုသည် နောက်ထပ် တားမြစ်ချက်တစ်ခုဖြစ်ကြောင်း သိလိုက်မိသည်။ ထိုအချက်သည် တိထျန်း၏ စစ်ဆေးမှုအား ပိုမိုအားကောင်းလာခဲ့ပြီး ဝူဟုန်၏ တည်ရှိမှုနှင့် သူ့စံပြဝိညာဉ်ကဲ့သို့ အနည်းငယ် ရှုပ်ထွေးသည့်ကိစ္စများကို ပြုလုပ်လာကြောင်း သဘောပေါက်လိုက်သည်။

သို့သော် ထိုသို့ဆိုလျှင်ပင် သူမက စစ်ဆေးမှုတွင် အသက်ရှင်သန်ခဲ့၏။ တစ္ဆေ သို့မဟုတ် ဝိညာဉ်ပုံစံဖြင့် အသက်ရှင်ခဲ့သည်။ သူက ထိုအခြေအနေကို မည်မျှတွေးကြည့်စေကာမူ သူမက မည်သို့လုပ်ဆောင်ခဲ့ကြောင်း မစဉ်းစားနိုင်ပေ။

ဒီအမျိုးသမီးက မရိုးရှင်းဘူး…

ဤသို့ သုံးသပ်လိုက်ပြီးသည့်နောက်တွင် သူမနှင့် တွေ့ဆုံရမည်လား သို့မဟုတ် အိမ်ပြန်ရမည်လားဟု စဉ်းစားနေမိ၏။ ထို့ကြောင့် သူက လှည့်ထွက်လိုက်သည်။

“ အား” ဝမ်ဝေ့က ရုတ်တရက် ရေရွတ်လိုက်သည် “ နှလုံးခုန်ရပ်တော့မလို့”

“ အဲလိုလား” ချောင်နဉ်က ပြောလိုက်သည်။

ဝမ်ဝေ့က ရင်ဘတ်အပေါ် လက်တင်လိုက်ပြီး “ ကျုပ်ရဲ့ အားကောင်းကောင်း ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့တောင် ဒီလိုကြောက်စရာမျိုးကို တောင့်မခံနိုင်ဘူး။”

“ ရှင်က တော်တော်ရယ်ဖို့ ကောင်းတာပဲ”

“ ကျုပ်ဘဝမှာ ဒီဟာသက တခြားစိတ်ခံစားချက်တွေကို ဖုံးကွယ်ထားပြီး တခြားသူတွေကို နီးကပ်ဖို့ရာ နည်းလမ်းကောင်းဆိုတာ သိခဲ့ရတယ်လေ။ အဲဒါဆိုတော့ မိန်းကလေးချောင်က ဘာကိစ္စနဲ့များ ရောက်လာတာလဲ”

“ ရှင်က ကျွန်မကို ရှာနေတာ မဟုတ်ဘူးလား။ အဲဒါကြောင့် ရောက်လာတာလေ”

“ မင်း အမှားလုပ်မိတယ်လို့ ထင်တယ်။ ငါ ဒီကိုရောက်လာတာက လက်အောက်ခံတစ်ယောက်က သတင်းအချက်အလက်ကို ရရှိလိုက်လို့ပဲ”

ချောင်နဉ်က သူ့အား ခြုံငုံကြည့်လိုက်ပြီး “ ရှင်က သူ့အရင်ပုံစံနဲ့ တော်တော်တူတာပဲ။ ဟာသဉာဏ်ရှိတယ်၊ ယုံကြည်ချက် ရှိတယ်။ အေးဆေးပြီးတော့ အရှက် မရှိဘူး”

“ ကျုပ်က မျက်နှာများစွာနဲ့သူဆိုတော့ တခြားသူနဲ့ ဆင်တူတာ ပုံမှန်ပါပဲ” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ ကျုပ်က ထူးခြားတယ်ဆိုတာကို အာမခံနိုင်တယ်”

“ ရှင် ထူးခြားတာကို သိပါတယ်” သူမက ပြောလိုက်ပြီး ကောင်းကင်မှ ကြယ်တာရာများဆီ လှမ်းကြည့်လိုက်သည်။ ခဏတာကြာမြင့်ပြီးသည့်နောက် သူမက အမှောင်ထုအတွင်း ရောစပ်သွားသလိုမျိုး ကမ္ဘာနှင့်တစ်သားတည်း ဖြစ်သွားဟန်ပေါ်သည်။

ချောင်နဉ်က ဝမ်ဝေ့အား ကြည့်ကာ ပြောလိုက်သည် “  ရှင် ဘာလို့ရောက်လာတာလဲဆိုတာကို သိတယ်။ ကျွန်မ ကူညီပေးနိုင်တယ်”

“ အဲလိုဆိုရင် မင်းရဲ့ အကူအညီကို လက်ခံဖို့ အင်တင်တင်ဖြစ်နေတဲ့ အကြောင်းအရင်းကိုလည်း နားလည်မှာပေါ့”

“ အကူအညီယူမယ်ဆိုရင် ပြောသာပြောလိုက်ပါ”

“ အဓိက မေးခွန်းက ဘာလို့ ကူညီနေရတာလဲ။ ဒါက မင်းခင်ပွန်းအတွက် အဆိုးသက်ရောက်မယ်ဆိုတာကို သိထားရဲ့နဲ့လေ”

ချောင်နဉ်က သက်ပြင်းချကာ “ အဲဒီကိစ္စက ကျွန်မက အမှန်တရားဆီကနေ ထွက်ပြေးနေလို့ပဲ”

“ အဲဒါက ဘာများလဲ”

“ သူက ကျွန်မကို အသက်သွင်းလိုက်ပြီး သူ တစ်ခါက ချစ်ကျွမ်းဝင်ခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ သက်ရှိ မဟုတ်ဘူးဆိုတာကို သဘောပေါက်ပြီးသွားရင် အဲဒီရလဒ်ကို လက်မခံနိုင်မှာ၊ ကျွန်မကို လက်မခံနိုင်မှာကို ကြောက်တယ်။ အဲဒီအခါ သူက ဘာလုပ်မယ်လို့ ထင်လဲ”

“ ပြောရမယ်ဆိုရင် သူက အချိန်များစွာ ဝင်စားပြီးတဲ့နောက်မှာတောင် မင်းအပေါ် နက်နက်နဲနဲ ချစ်နေသေးတယ်ဆိုတော့ ဆက်ဂရုစိုက်ပြီးတော့ ချစ်လိမ့်မယ်လို့ ပြောချင်တယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ဒါပေမဲ့ အခု အဲဒီအဖြေကို အရမ်းကြီး မသေချာဘူး”

“ ကျွန်မလည်း အဲလိုပဲ” ချောင်နဉ်က ပြောလိုက်သည် “ အဲဒီနေ့ရက် ရောက်လာဖို့ ကျွန်မအချိန်အများကြီး ဆွဲထားခဲ့ရတာ”

“ ဒါပေမဲ့ ကျုပ်ကို ကူညီလို့ ဘာရမှာလဲ”

“ ကျွန်မက အနာဂတ်အတွက် ပြင်ဆင်နေတာ” သူမက ပြန်ဖြေလိုက်သည် “ ရှင့်ကို တောင်းဆိုချက်နှစ်ခုနဲ့ ကူညီပေးနိုင်တယ်။ တကယ်လို့ ရှင် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှာ အနိုင်ရရှိမယ်ဆိုရင် သူ့ကို အသက်ရှင်ဖို့ နောက်ထပ် အခွင့်အရေးပေးစေချင်တယ်။ အရှင်းဆုံးပြောရရင် သူ့ကို လျော့ပေးခိုင်းတာ မဟုတ်ဘူး။ သူ့ကို ပြန်လည်ဝင်စားဖို့ရာ ခွင့်ပြုပေးဖို့ပဲ တောင်းဆိုတာ…

တကယ်လို့ ရှင် ရှုံးသွားမယ်ဆိုရင် ရှင် လုပ်ဖို့လိုတာက ကျွန်မကို ဘယ်လိုအသက်သွင်းရမယ်ဆိုတာကို သူ့ကို ပြောပြလိုက်ရုံပဲ။ အဲဒီဟာတွေက အသုံးမဝင်ဘူးဆိုပေမဲ့ သူ့ကို ရူးသွပ်မှုထဲ ရောက်မသွားအောင်တော့ တားဆီးပေးနိုင်မှာပါ”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “ မင်းက ငါ့ကို အထင်ကြီးလွန်းနေတာ မဟုတ်ဘူးလား”

“ မဟုတ်ဘူး။ ရှင် ဒါမျိုး လုပ်နိုင်တယ်ဆိုတာကို သိတယ်”

“ ဒါပေမဲ့ မင်းရဲ့အကူအညီက မင်း တောင်းဆိုတာနဲ့ ထိုက်တန်ပါ့မလား”

“ ကျွန်မ ထိုက်တန်တယ်ဆိုတာကို အာမခံနိုင်တယ်” ချောင်နဉ်က ပြောလိုက်ပြီးနောက် သူမ၏ လက်တစ်ချက်အဝှေ့တွင် သူမ၏ သလင်းကျောက် အဆောင်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမက လက်ဝှေ့လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို တားဆီးလိုက်၏။

“ ဒါက ပြီးပြည့်စုံမှုဆိုတဲ့အပေါ် သိထားတဲ့ သတင်းအချက်အလက်တွေပဲ။ တစ်ခါတုန်းက ကျွန်မမှာ ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ဖန်တီးဖို့ အတွေးတစ်ခု ရှိဖူးတယ်။ ဒါပေမဲ့ ကျွန်မရဲ့ ကျင့်ကြံဆင့် နိမ့်ကျမှုကြောင့် ကျရှုံးသွားခဲ့တယ်။ အခု ရှင့်လိုမျိုး ပါရမီရှိတဲ့သူတောင်မှပဲ ဒီအရာက ရှင် ကျင့်ကြံရေး အထွတ်အထိပ်ကို မရောက်ရှိသေးဘူးဆိုတော့ ဒါက အများကြီးထိုက်တန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရှင့်ဇနီးရဲ့ လက်မှာတော့ အဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်လာလိမ့်မယ်”

ဝမ်ဝေ့က သလင်းကျောက်ကို ကြည့်လိုက်ပြီးနောက် ကံကြွေးကို ခံစားမိလိုက်သည်။ ထိုအရာက သူ့ကံ အနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာနဲ့ပင် ထိုအလေးချိန်ကို လျှော့ချဖို့ရာ မဖြစ်နိုင်လောက်အောင် ကြီးမားလှသည်။

တစ်ချိန်တည်းဆိုသလို သူ့အလိုလိုသိစိတ်က မည်သို့ဖြစ်ဖြစ် လက်ခံလိုက်ဖို့ရာ ပြောနေလေ၏။ ထိုသလင်းကျောက်ကို မယူဖို့ရာ စိတ်စွမ်းအား အတော်လေးတောင့်ခံထားရသည်။

ဝမ်ဝေ့က တည်ငြိမ်အောင် ထိန်းလိုက်ပြီးသည့်နောက်တွင် အကျိုးအမြတ်ကို ချင့်ချိန်ကြည့်လိုက်၏။ အကောင်းအဆိုးကို ချင့်ချိန်ကြည့်လိုက်၏။ ထို့နောက် သူမ၏ အကူအညီကို လက်ခံလိုက်သည်။

သူက သလင်းကျောက်ကို လက်ခံလိုက်သည်နှင့် တိထျန်းနှင့် ဆက်နွယ်မှုက ၈၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း ခံစားမိလိုက်သည်။ သို့သော် ယခု သူက ချောင်နဉ်အား ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လိုက်ပြီးနောက် ဂိုဏ်းသို့ ပြန်လာကာ ဝူဟုန်ဆီ သလင်းကျောက်ကို ပေးလိုက်သည်။

သူမက သူ စိတ်လှုပ်ရှားနေသည်ကို မြင်၍ အနည်းငယ် အံ့အားသင့်သွားလေသည်။

သူမက အံ့ဖွယ်အသိစိတ်ဖြင့် ထိုသလင်းကျောက်ထဲမှ သတင်းအချက်အလက်များကို ဖတ်ရှုကြည့်လိုက်သည့်အခါ ကြောင်အမ်းအမ်း အမူအရာမျိုး ဖြစ်သွားလေ၏။

ပြီးပြည့်စုံတဲ့ အုတ်မြစ်၊ သာလွန်မှုရဲ့ အုတ်မြစ်…

သူမက မစဉ်းစားဘဲ မနေနိုင်တော့ပေ။ ထိုအရာမျိုးက သူမ၏ တကယ့်ခန္ဓာကိုယ်အစစ်အတွက်ပင် အကျိုးရှိလိမ့်မည် ဖြစ်၏။ ဝမ်ဝေ့အတွက်မူ ဆိုထားဖွယ်ရာ မရှိတော့ပေ။ ထို့ကြောင့် သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တည်ငြိမ်အောင် ထိန်းလိုက်သည်။

သူမရဲ့ ဦးတည်ချက်က မှားယွင်းနေတယ်။ သူမရဲ့ ယူဆချက်တွေ အများစုကလည်း မှားယွင်းနေတယ်။ ဒါပေမဲ့ သူမက ဒီသတင်းအချက်အလက်တွေ ရှိထားတော့ ပြီးပြည့်စုံတဲ့အကြောင်းအပေါ် သတင်းအချက်အလက်တွေရှိထားတော့ ငါက သူမ ကျရှုံးတဲ့ဟာကို အောင်မြင်အောင် လုပ်နိုင်တယ်…

ပြဿနာက ဒီနည်းလမ်းက မဟာတာအိုအရင်းအမြစ် အာရုံမခံနိုင်တဲ့နေရာ၊ ဒါမှမဟုတ် မထိန်းချုပ်နိုင်တဲ့ နေရာတစ်ခုကို လိုအပ်နေရုံပဲ…

သူမက ထိုအရာနှင့် ပတ်သက်ပြီး နေရာတချို့ကို တွေးလိုက်မိသော်လည်း သူမက မဟာတာအိုအရင်းအမြစ် တစ်ရာ ရာခိုင်နှုန်းရှိသည့် အဆုံးစွန်မဲ့ စံပြဖြစ်နေစဉ်အခါကပင် မသွားရဲခဲ့သည့်နေရာတစ်ခု ဖြစ်နေလေသည်။

အခုက ဒီကိစ္စကို စဉ်းစားနေဖို့ အချိန်မဟုတ်သေးဘူး…

ဝူဟုန်က ဝမ်ဝေ့ကို ကြည့်ကာ “ ရှင် ဒါကို တခြားသူဆီ ပြောပြခဲ့သေးလား”

“ ဟင့်အင်း။  သူမဆီက ရောက်လာလာချင်း မင်းကို ချက်ချင်းလာတွေ့တာ”

“ ဒီဟာကို တခြားသူဆီ ပြောမပြမိစေနဲ့”

“ အဲ့လောက်တောင် လေးနက်တယ်လား”

“ အဲလို စဉ်းစားလို့ရတယ်။ တကယ်လို့ ရှင့်စံပြဝိညာဉ်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ စံပြတွေအားလုံးရဲ့ ရန်သူဖြစ်စေမယ်ဆိုရင် ဒီသတင်းအချက်အလက်က ရှင့်ကို စံပြတွေ၊ မိစ္ဆာနတ်ဘုရားတွေ၊ တာအိုအုပ်ချုပ်သူနဲ့ ထာဝရဘုရင်တွေရဲ့ ရန်သူဖြစ်ဖို့ရာ လုံလောက်တယ်။ အဲဒါက ဟွင်သွမ်းကမ္ဘာတွေ အကုန်လုံးရော၊ တခြားကမ္ဘာနဲ့ စကြဝဠာတစ်ခုလုံးရဲ့ ရန်သူဖြစ်ဖို့အထိကို လုံလောက်တယ်။ အဲဒီလူတွေက ဒီသတင်းအချက်အလက်ကို ရဖို့ ဘာမဆိုလုပ်ကြလိမ့်မယ်”

***

All Chapters