← Chapters

လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်

Vol. 37 Ch. 515

လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အကျိုးအမြတ်

Vol. 37 Ch. 515

ဝမ်ဝေ့က ထိုအရာကို ကြားပြီး အခြေအနေ၏ ပြင်းထန်မှုကို သဘောပေါက်လိုက်၍ မျက်မှောင်ကြုတ်လိုက်သည်။ ထို့ကြောင့် သူက ပြန်ဖြေလိုက်၏ “ အခြေအနေနဲ့ လေးနက်မှုကို ကိုယ် နားလည်တယ်။ အဲဒါဆိုတော့ ဒီပြီးပြည့်စုံတဲ့ အခြေခံအုတ်မြစ်ကို ဘယ်အချိန်မှာ လုပ်နိုင်မလဲ။ ကိုယ့်လူဝင်စားတွေအတွက်ရော လုပ်နိုင်မလား”

“ အဲဒီအကြောင်း တွေးကို မတွေးနဲ့။ ကျွန်မ မှန်းထားသလောက် ရှင်က ဒီအရာကို မပြီးမြောက်ခင် အနည်းဆုံး ကောင်းကင်ဘုံအဆင့် ဖြစ်နေဖို့ လိုတယ်။ ပြီးတော့ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ လက်ရှိအနေအထားနဲ့ဆိုရင် ရှင် စံပြဖြစ်လာတဲ့အထိ စောင့်ရုံအပြင် ရွေးချယ်စရာ မရှိဘူး”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်သွားမိသည်။ သူက ပြီးပြည့်စုံသည့် အခြေခံအုတ်မြစ်သည် ဘာမှန်း သေချာနားမလည်သေးသောကြောင့် ဝူဟုန်အား မေးကြည့်လိုက်သည်။ ဝူဟုန်က အကျယ်တဝံ့ မပြောသော်လည်း သူမ၏ အံ့ဖွယ်အသိစိတ်ဖြင့် ဝိညာဉ်ထံ တိုက်ရိုက်ရှင်းပြခဲ့သည်။

“ ရှင့်ကို ပြောပြနိုင်တာ စံပြနောက်ပိုင်းက အဆင့်တွေအကုန်လုံး ပါဝင်ပတ်သက်နေတယ်ဆိုတာပဲ။ ရှင်က ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ဖန်တီးဖို့ မဟာတာအို လက်လှမ်းမမှီနိုင်တဲ့ နေရာကို သွားဖို့ လိုတယ်”

ဝမ်ဝေ့က သတင်းအချက်အလက်များအား စုစည်းလိုက်ပြီး ထပ်မံမေးလိုက်သည် “ အဲဒါဆို ကိုယ် သိပ္ပံနဲ့ နည်းပညာကမ္ဘာကိုရော အသုံးပြုနိုင်လား”

“ ရှင် အသုံးပြုနိုင်တယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီဟာကို အကြံမပေးဘူး”

“ ဘာလို့လဲ”

“ တားမြစ်ချက်အကြောင်း သိထားလား။ သူတို့ကြားက ကွာခြားချက်ကိုရော သိလား”

ဝမ်ဝေ့က ခေါင်းခါလိုက်သည်။

“ တားမြစ်ချက် အမျိုးအစားနှစ်ခု ရှိတယ်။ သူတို့ရဲ့ ကျင့်ကြံဆင့်က ဘယ်လိုပဲဖြစ်ဖြစ် ရှင်းမပြနိုင်တဲ့အရာမျိုးနဲ့ မဟာတာအိုကိုယ်တိုင် တားမြစ်ထားတဲ့ အရာမျိုးပေါ့။”

“ အော် ကိုယ်သိပြီ။ ဗလာနတ္ထိက ပထမအမျိုးအစားထဲ ပါနေတာပဲ။ သိပ္ပံနဲ့ နည်းပညာကတော့ ဒုတိယအမျိုးအစား ဖြစ်မယ်နဲ့တူတယ်”

“ အတိအကျပဲ” ဝူဟုန်က ပြောလိုက်သည်။

“ ပြီးပြည့်စုံတယ်ဆိုတဲ့အတိုင်းပဲ။ ရှင်က တားမြစ်ချက်ကမ္ဘာမှာ ပြီးပြည့်စုံမှုကို ရရှိဖို့ ကြိုးစားမယ်ဆိုရင် ဟုန်ကျွင်းကတောင် မဟာတာအိုရဲ့ အမျက်ဒေါသကနေ ရှင့်ကို ကာကွယ်နိုင်ပါ့မလား မသိဘူး။”

“ မဟာတာအိုက တားမြစ်ချက်နှစ်ခုကို တစ်နေရာထဲ ဒါမှမဟုတ် လူနှစ်ယောက်ထဲမှာ ဘယ်တော့မှ ရှိခွင့် မပေးဘူး”

“ ကိုယ် သိပြီ။ ဒါနဲ့ ကိုယ်တို့ အသုံးပြုနိုင်တဲ့နေရာကိုရော သိထားလား”

ဝူဟုန်က နေရာတချို့ကို သိထားသော်လည်း အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် နေရာတစ်ခုသာ အလုပ်ဖြစ်လိမ့်မည်။ ကံဆိုးစွာဖြင့် သူမ၏ ပျောက်ဆုံးနေသည့် မှတ်ဉာဏ်များကြောင့် ထိုနေရာက အလုပ်ဖြစ်လိမ့်မည်ဟု အလိုလိုသိစိတ်ရှိနေသော်လည်း ခိုင်မာသည့် သက်သေတော့မရှိပေ။

သာမန်အခြေအနေများအောက်တွင် သူမက ထိုနေရာကို အကြံပြုမည် မဟုတ်ပေ။ သို့သော်လည်း ကပ်ပါး ၇ ကောင်ကြောင့် လက်ရှိအဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာက အကျဉ်းထောင်လို ဖြစ်နေလေသည်။

ထို့ကြောင့် အန္တရာယ်များကာ မသေချာသည့်နေရာက ရွေးချယ်စရာတစ်ခု ဖြစ်နေနိုင်သည်။

“ ကျွန်မတို့တွေ နောက်မှပြောကြတာပေါ့။ အရင်ဆုံး ဒီနည်းလမ်းကို ပြီးပြည့်စုံအောင် လုပ်ဖို့ ကျွန်မ သီးသန့်ပြန်လည်ပြင်ဆင်ရဦးမယ်”

“ သီးသန့်ပြင်ဆင်မလို့လား။ ဘယ်လောက်ကြာမှာလဲ”

“ သိပ်တော့ မကြာပါဘူး။ အနည်းဆုံးတော့ နှစ်နှစ်သောင်းလောက်ပါပဲ”

“ အဲဒါက မကြာဘူးတဲ့လား”

“ နှစ်နှစ်သောင်းက အိပ်စက်သလောက်တောင် မရှိဘူးလေ”

“ ဇနီးသည်လေး ကိုယ်က နှစ်တစ်သောင်းသက်တမ်းပဲ ရှိသေးတာနော်။”

“ ဟုတ်သားပဲ။ ရှင်က ဘယ်လောက်ငယ်တယ်ဆိုတာကို မေ့သွားတယ်။”

“ ကျွန်မတော့ ပြဿနာလို့ မထင်ဘူး။ ရှင် သူတော်စင်အဆင့်ကို ဝင်ရောက်ဖို့ နှစ်၂သောင်းကနေ ၃သောင်းတော့ ကြာမှာပဲ။ အဲဒါက ရှင် ထင်သလောက် မကြာတော့ပါဘူး”

“ မင်း ပြောတာဟုတ်တယ်။ ဒါပေမဲ့ ကိုယ်သီးသန့်လေ့ကျင့်ပြီးလို့ ပြန်ထွက်လာတိုင်း မင်းရဲ့ မျက်နှာလှလှလေးကို မြင်နေရတာ အသားကျနေပြီ”

ဝူဟုန်က ပြုံးလိုက်သည် “ ရှင့်ရဲ့ စကားချိုချိုလေးတွေကို ထောက်ထားပြီးတော့ ရှင့်ဆီကို ကိုယ်ပွား လွှတ်ပေးမယ်။”

“ ကောင်းပြီ”

“ နောက်ဆုံးအနေနဲ့” ဝူဟုန်က အဆောင်တစ်ခုကို ဖွဲ့စည်းကာ “ ဒီစည်းပိတ်ခြင်း အဆောင်က ရှင့်ခန္ဓာကိုယ်က တားမြစ်ချက်အငွေ့အသက်တွေကို ဖုံးကွယ်ပေးနိုင်တယ်။ အဲဒါကြောင့် ဒါကို တတ်နိုင်သမျှ မြန်မြန် ကျင့်ကြံလိုက်”

ဝမ်ဝေ့က အဆောင်အား ယူလိုက်ပြီးနောက် သူမအား ဖက်ကာ နမ်းလိုက်သည်။ ရက်သတ္တပတ်ကြာမြင့်ပြီးသည့်နောက်တွင် ဝူဟုန်က သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်သွားသည်။ ထိုစဉ် ဝမ်ဝေ့ကမူ တိထျန်း၏ သတင်းအချက်အလက်များ ရရှိဖို့အတွက် နိမိတ်ကြေးမုံကိုသာ အသုံးပြုနေသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးပြန်ဖွင့်လာ၏

“ ဒီလူရဲ့ နားလည်နိုင်စွမ်း၊ ထိန်းချုပ်နိုင်စွမ်းနဲ့ သံသရာစည်းမျဉ်းကို အသုံးပြုနိုင်စွမ်းက တကယ်ကို ထူးချွန်နေတာပဲ” ဝမ်ဝေ့က သူရရှိထားသည့် သတင်းအချက်အလက်များကို တွေးတောရင်း ရေရွတ်လိုက်သည်။

“ ပင်ကိုခန္ဓာသန့်စင်ခြင်း ကျင့်စဉ်တဲ့လား။ ငါ ပထမဆုံး ကြားဖူးတာပဲ”

သူက အစောပိုင်းဧကရာဇ်ခေတ်ကာလတွင် ပင်ကိုဝိညာဉ်ဆေးပင်များ၊ သတ္တုများနှင့် ရတနာများသာမက ပင်ကိုကျင့်စဉ်များလည်း ရှိကြောင်း သိလေသည်။ ထိုအရာက မိုးမြေကိုယ်တိုင် ဖန်တီးထားသည့် ကျင့်စဉ်များ ဖြစ်၏။

သို့သော်လည်း ထိုကျင့်စဉ်များက ရှေးဟောင်းအခါတွင်ပင် ရှားပါးလှလေသည်။ ယခုအခါ ထည့်ပြောဖို့ရာ မလိုတော့ပေ။ ကံဆိုးစွာဖြင့် သူတို့က မည်မျှပင် ရှားပါးစေကာမူ တိထျန်းက သူ့လက်ထဲတွင် အသင်္ချေကမ္ဘာခန္ဓာ ဟုခေါ်သည့် ကျမ်းကို ရရှိထားသည်။

ထိုနည်းစနစ်က သူ့အား ဆုံမှတ်တစ်ခုချင်းစီတွင် စိတ်ကူးယဉ်ကမ္ဘာ သို့မဟုတ် စကြဝဠာကို ဖွဲ့စည်းနိုင်ခွင့်ပြုထားသည့်အတွက် စုစုပေါင်း ၁၉၆၂ ကမ္ဘာတည်ရှိလေသည်။ ထိုကမ္ဘာများက ပုံရိပ်ယောင် သို့မဟုတ် စိတ်ကူးမျှသာဖြစ်သော်လည်း တကယ့်ကမ္ဘာ၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ထိုနည်းစနစ်က ပိုမိုထူးခြားသွားစေသည်က အသုံးပြုသူသည် အစစ်အမှန်နှင့် အတုအယောင်၊ အမှန်တရားနှင့် ပုံရိပ်ယောင်ဟူသော သဘောတရားကို နားလည်ရပြီး သူတို့၏ ခန္ဓာကိုယ်ကို ဆေးကြောသန့်စင်ထားရသည်။ ဝမ်ဝေ့က ဗလာနတ္ထိကို ရရှိဖို့ လုပ်ဆောင်ထားသကဲ့သို့ ဖြစ်၏။

ထို့နောက် ခန္ဓာကိုယ်သန့်စင်သူက ထိုပုံရိပ်ယောင်ကမ္ဘာများကို တကယ့်ကမ္ဘာအဖြစ် ပြောင်းလဲပြီး သူတို့၏ အင်အားနှင့် တိုက်ခိုက်စွမ်းအားကို တိုးမြှင့်နိုင်ကြသည်။ ထိုနည်းလမ်းဖြင့် သူတို့သည် စကြဝဠာအစစ်ကို ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်များ အသုံးပြုစရာ မလိုဘဲ စကြဝဠာတစ်ခုလုံး၏ စွမ်းအားကို ရရှိလိမ့်မည်။

ထိုအရာ၏ တစ်ခုတည်း‌သော ဟာကွက်က စိတ်ကူးယဉ် စကြဝဠာများမဖွဲ့စည်းခင် ခန္ဓာကိုယ်၏ အခြေအနေအတွက် ပုံရိပ်ယောင်အခြေခံထားသည့် အရင်းအမြစ်မြောက်များစွာ  လိုအပ်ခြင်း ဖြစ်၏။ ထိုအရာက ပုံရိပ်ယောင်နှင့် အမှန်တရားကြားမှ စည်းမျဉ်းကို နားလည်ဖို့လည်း လိုအပ်သည်။

အရင်းအမြစ်နှင့် ပတ်သက်လာသည့်အခါ တိထျန်းက ဘယ်သောအခါမှ မလစ်ဟာခဲ့ပေ။ စည်းမျဉ်းနားလည်ခြင်းအတွက်မူ ဖန်တီးခြင်းတာအို၏ သဘောတရားအခွဲတစ်ခုက ပုံရိပ်ယောင်နှင့် အမှန်တရားတာအိုဖြစ်ပြီး ထိုသဘောတရားနှစ်ခုကြား ပြောင်းလဲနိုင်သည်။

ဤနည်းစနစ်က ပိုမိုအားကောင်းကာ ထူးကဲလာသည်။ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ရရှိပြီးသည့်နောက်တွင် တိထျန်းက ထိုနှစ်ခုကို ပေါင်းစပ်၍ သူ့ခန္ဓာကိုယ်အတွင်း ၁.၂၆၉ သန်း ပုံရိပ်ယောင်ကမ္ဘာကို ဖန်တီးနိုင်ခဲ့သည်။

ဝမ်ဝေ့က ထိုအရာကို ကြားပြီးသည့်နောက်တွင် စိတ်အားလျော့မသွားပေ။ တကယ်တော့ ဆန့်ကျင်ဘက်သာ ဖြစ်၏။ သူက ပထမဆုံးအကြိမ် တွေ့ရှိသွားသည့်အခါ တိထျန်းအပေါ်  ရှိနိုင်သည့် အရေးသာချက်ကို တွေ့ရှိသွားသည်။

သူက သူ့တွင်းနက်ကြီးများကို အရွယ်အစားအားဖြင့် ကြီးမားအောင်လုပ်ဖို့ ကြံစည်ထားပြီးသား ဖြစ်၏။ သူက တစ်ခုချင်းစီကို ကမ္ဘာသို့မဟုတ် စကြဝဠာထက်ပင် ပိုမိုကြီးမားစေလိုသည်။ ဤသည်က သူ့အဖေသည် သူ့လူဝင်စားအတွက် အရင်းအမြစ်များအကြောင်း ညည်းတွားရသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်၏။

သူက လူဝင်စားအားလုံးကို သူ့တွင်းနက်ကြီးမျိုး ရှိစေလိုပြီး  နောက်ဆုံးပေါင်းစပ်ပြီးသည့်နောက်တွင် ပိုမိုအားကောင်းလာဖို့ရာ သေချာလုပ်ဆောင်ထားသည်။

ယခုတွင် တိထျန်းနှင့် ပတ်သက်လာသည့်အခါ ထိုသူက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ၅ ဘဝမြောက်တွင် ရရှိထားသောကြောင့် ကျန်လေးဘဝက သူတို့၏ ခန္ဓာကိုယ်အတွင်း ၁၉၆၂ ကမ္ဘာသာ ရှိလိမ့်မည်။

ထိုစဉ် ဝမ်ဝေ့၏ လူဝင်စားအားလုံးက တွင်းနက်ကြီးသန်းချီ ရှိနေပြီး ခန္ဓာကိုယ်ပိုင်းတွင် ပိုမိုအားသာချက်ကို ဖြစ်စေလိမ့်မည်။ အထူးသဖြင့် သူတို့၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အတွင်း နောက်ဆုံးထိပ်တိုက်ရင်ဆိုင်သည့်အခါတွင် ဖြစ်သည်။

ဝမ်ဝေ့က ထိုလူသည် ထိုကွာဟချက်ကို လိုက်မှီဖို့ တခြားနည်းလမ်းများ ရှိမည်မှန်း သိထားသော်လည်း သူသိထားသည့် သတင်းအချက်အလက်အပေါ် မူတည်၍ အရေးသာချက်ရှိနေသေးကြောင်း တွက်ချက်ကြည့်လိုက်သည်။

“ အခု ငါ့ရဲ့တစ်ခုတည်းသော စိုးရိမ်စရာက သူက ငါ မလုပ်နိုင်ခင် ကန့်သတ်ချက်ကို ချိုးဖောက်ပြီး ၁၀ ဘဝမြောက် ပြန်လည်ဝင်စားခြင်းအဆင့်ကို ရောက်သွားမလားဆိုတာပဲ” သူက ရေရွတ်လိုက်သည်။

ထိုအရာကို တွေးပြီးသည့်နောက်တွင် သူက သိုလှောင်လက်စွပ်မှ သတ္တုလုံးကို ထုတ်ယူလိုက်သည်။

အံ့ဖွယ်အသိစိတ်ဖြင့် သူက သိပ္ပံနှင့် နည်းပညာကမ္ဘာအား စစ်ဆေးကြည့်လိုက်၏။ အစပိုင်း သူက ထိုလူများသည် သူ့အား ဆန့်ကျင်နေမည်ကို စိုးရိမ်နေခဲ့မိသည်။ သို့သော် ထိုကမ္ဘာမှ ထွက်သွားသည့် မျိုးရိုးဗီဇ စစ်သည်တော်များအားလုံးကို သုတ်သင်ပစ်သည့် မဟာတာအို၏ စွမ်းအားအကြောင်း တွေ့ရှိပြီးသည့်နောက်တွင် စိတ်အေးသွားမိသည်။

သိပ္ပံနှင့် နည်းပညာ ဗဟုသုတများဖြင့်ပင် သေမျိုးများကသာ ထိုနေရာကို ထွက်သွားနိုင်သောကြောင့် သူ့အနေနှင့် များများစားစား စိတ်ပူစရာ မလိုပေ။ မည်သို့ပင်ဆိုစေကာမူ သူက ထိုလူများကို စောင့်ကြည့်ဖို့ ပစ္စည်းတချို့ ထားခဲ့လေသည်။

အထဲတွင် ထားရှိခဲ့သော ကိုယ်ပွားကြောင့် ဝမ်ဝေ့က သိပ္ပံနှင့် နည်းပညာအကြောင်းကို သင်ယူခဲ့ရသည်။ အချိန်ကွာဟမှုကြောင့် ဝမ်ဝေ့ထွက်လာပြီးသည့်နောက်တွင် နှစ်ထောင်ပိုင်းမျှသာ ကြာမြင့်သေးလေသည်။

လတ်တလောအတွင်း သိပ္ပံပညာရှင်များက ပထမဆုံး ၇ ဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော်ကို လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူ၏ သွေးကို လေ့လာခြင်းဖြင့် ဖန်တီးနိုင်ခဲ့သည်။ ထိုအဆင့် မျိုးရိုးဗီဇ စစ်သည်တော်က အက်တမ်အဆင့် စွမ်းအားကို ထိန်းချုပ်နိုင်ပြီး သူတို့အား မယုံကြည်နိုင်လောက်ဖွယ် ဖျက်ဆီးနိုင်စွမ်းအားကို ရရှိထားသည်။

ဒီဖန်တီးမှုအသစ်က မပြီးပြည့်စုံသေးသော်လည်း သိပ္ပံပညာရှင်များက ပြီးပြည့်စုံဖို့ရာ ဆက်လက်ကြိုးပမ်းနေဆဲ ဖြစ်၏။ ထိုလုပ်ငန်းစဉ်များကို ဦးဆောင်နေကြသည့်သူများအတွင်း ဝမ်ဝေ့၏ ကိုယ်ပွားလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။

ထိုအရာကို လေ့လာပြီးသည့်နောက်တွင် ဝမ်ဝေ့က မျိုးရိုးဗီဇ စစ်သည်တော်လမ်းစဉ်၏ ဖွံ့ဖြိုးမှုကို ခန့်မှန်းမိလိုက်သည်။ ၁၀ ဆင့်မြောက် မျိုးရိုးဗီဇစစ်သည်တော် သို့မဟုတ် ဧကရာဇ်အဆင့်သည် ကွမ်တန်သက်ရှိပုံစံမျိုး ဖြစ်လောက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက သိပ္ပံနှင့် နည်းပညာသည် ထိုသို့မျိုးစေ့မျိုးကို ဖန်တီးနိုင်ပါ့မလားဟု  မသိသလို မည်မျှကြာမြင့်မည်ကိုလည်း မသိပေ။ ထိုအရာက သူ၏ ၁၀ ဘဝမြောက် လူဝင်စားအတွက် အကူအညီ ဖြစ်မည်လားဟူ၍လည်း မသိရပေ။

ထို့အပြင် မဟာတာအို ပြဿနာလည်း ရှိနေသေး၏။ သူက ထိုနည်းလမ်းကို အသုံးပြု၍ ကန့်သတ်ချက် ချိုးဖောက်လျှင် ဟုန်ကျွင်း၏ ကာကွယ်မှုက သူ့ကို ကာကွယ်ပေးထားဦးမည်လား။

ငါ ၁၀ ယောက်မြောက် လူဝင်စားအတွက် တခြားနည်းလမ်း ရှာဖို့လိုပြီထင်တယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ သို့သော်လည်း သူ့အလိုလိုသိစိတ်က ဤသည်မှာ သူ့အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း ပြောပြနေလေ၏။

ထိုသိပ္ပံပညာရှင်များ၏ တိုးတက်မှုအကြောင်း စစ်ဆေးပြီးသည့်နောက်တွင် သူတော်စင်အဆင့်များ၏ ကျင့်ကြံဆင့် သွေးအနည်းငယ်ကို ချန်ထားပေးခဲ့သည်။ ဝမ်ဝေ့က သတ္တုလုံးကို သိမ်းဆည်းလိုက်ပြီးနောက် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း တစ်စုံတစ်ခုကို တွက်ချက်လိုက်သည်။

“ အခု လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာရမဲ့အချိန်ပဲ။ ဒါပေမဲ့ ငါက သူတို့ ကြီးထွားလာဖို့ ကမ္ဘာထဲ လူဝင်စားအားလုံးကို လွှတ်ပေးဖို့ အချိန်ရှိသေးတယ်”

သူက ရေရွတ်လိုက်ပြီးနောက် ဝူဟုန် ပေးထားခဲ့သည့် စည်းပိတ်ခြင်း ကျင့်စဉ်ကို ကျင့်ကြံလိုက်ပြီး သူ့အနီးနားရှိ တားမြစ်ချက်အငွေ့အသက်ကို ဖုံးကွယ်လိုက်သည်။

ထို့နောက် သူက အဆုံးမဲ့လေဟာနယ်ထဲ ထွက်လာခဲ့လိုက်၏။

***

All Chapters