တခြားလူဝင်စားများ
Vol. 37 Ch. 516
ဝမ်ဝေ့က သူ့ရထားလုံးပေါ် တက်လိုက်ပြီး မဟာကမ္ဘာဆီ ဦးတည်လိုက်ကာ မျက်လုံးကို မှိတ်လိုက်ရင်း ကာလံဒေသံလူဝင်စား၏ တိုးတက်မှုအကြောင်းကို စစ်ဆေးကြည့်လိုက်သည်။
“ အော် သူက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်တောင် ရောက်နေပြီလား” သူက ရေရွတ်လိုက်သည်။ အချိန်မြှင့်တင်ရေး အစီအရင်ကြောင့် အသင်္ချေအင်ပါယာကမ္ဘာတွင် နှစ်ရာချီပိုင်းမျှသာ ကုန်ဆုံးသွားသော်လည်း ထိုကမ္ဘာတွင် နှစ်တစ်သောင်းခွဲမျှ ကုန်ဆုံးသွားလေပြီ။
ထိုအချိန်အတွင်း လူဝင်စားက လေဟာနယ်ဖြိုခွင်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့၏။ သို့သော်လည်း သူ့ဘဝက မလွယ်ကူခဲ့ပေ။
ဝမ်ဝေ့ သူ့အတွက် ချန်ထားခဲ့သည့် ပထမ ကံအပြောင်းအလဲတွေ့ဆုံမှုက အခက်အခဲ မရှိသည်မှာ သူ့ခန္ဓာကိုယ်ကို အားကောင်းအောင် လုပ်ဆောင်ပေးနိုင်သည့် အခြေခံသိုင်းပညာ နည်းစနစ်တစ်ခု ဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း ထိုနည်းစနစ်က သူ့အား တစ်လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဖြင့် နတ်ဆိုးသားရဲများအား အနိုင်ယူနိုင်ရုံမျှသာ ဖြစ်၏။
သို့သော်လည်း ကာလံဒေသံ လူဝင်စားက လက်မလျှော့ဘဲ တောင်ရှိ တခြား ကံအပြောင်းအလဲ အခွင့်အရေးများကို စတင်လိုက်လံရှာဖွေခဲ့သည်။ သူက ထောင်ချောက်များ၊ အဆိပ်များနှင့် နည်းဗျူဟာများကို အသုံးပြုကာ သူ့လမ်းတွင် ရှုပ်သမျှလူအားလုံးကို သတ်ပစ်ခဲ့သည်။
သူ့ ကံအပြောင်းအလဲနှင့် တွေ့ကြုံစဉ်အတွင်း သူက ဆိုးဆိုးရွားရွား အခြေအနေ သို့မဟုတ် သေလုနီးပါးအခြေအနေဖြင့် အဆုံးသတ်သွားတတ်သည်။ သို့သော် သူက လက်မလျှော့ဘဲ ဆက်လက်ကြိုးစားဆဲသာ ဖြစ်၏။ ထို့ကြောင့် သူက နောက်ဆုံးသော ဆုလာဘ် ကျောက်စိမ်းရှီးပဒီးကို ရရှိဖို့ နှစ်လတာကြာမြင့်ခဲ့သည်။
ဤသည်က လူတစ်ယောက်၏ ခန္ဓာကိုယ်၏ အညစ်အကြေးများကို ဖယ်ရှားကာ ပါရမီ တိုးမြှင့်ပေးနိုင်သည့် ဧကရာဇ်တစ်ပိုင်းအဆင့် ဝိညာဉ်ဆေးပင် ဖြစ်သည်။ ထိုအရာ၏ အဓိကရည်ရွယ်ချက်က လူများအား အလုံခန္ဓာကိုယ် ပေးအပ်ကာ ကျင့်ကြံနိုင်ခွင့်ပြုခြင်း ဖြစ်သည်။
ထိုနှစ်လအတွင်း လူဝင်စားက စိတ်စွမ်းအား၊ စိတ်အခြေအနေနှင့် တာအိုနှလုံးသားတို့အား လေ့ကျင့်ပေးနိုင်ခဲ့သည်။ နှမြောစရာကောင်းသည်က ဤသည်က ထိုလူဝင်စား ခံစားခဲ့ရသမျှ အဆုံးသတ် မဟုတ်သေးပေ။ သိပ်မကြာခင် သူက ကံကောင်းမှု မရှိသူဖြစ်ကြောင်း သိလိုက်ရ၏။
ကျင့်ကြံရေးကမ္ဘာအတွင်း ချီကံကောင်းမှုက ပါရမီ သို့မဟုတ် ကျင့်ကြံနိုင်စွမ်းထက်ပင် ပိုမိုအရေးကြီးနေတတ်သည်။ ပို၍ ဆိုးရွားသည်က သူသည် ကံဆိုးမှုဖြင့်ပင် ကျိန်စာတိုက်ထားခံရဟန်ပေါ်သည်။
ထို့ကြောင့် လူဝင်စားက ချီကံကောင်းမှု မြင့်မားဟန်ပေါ်သည့် လူများနှင့် မိတ်ဆွေဖွဲ့ရင်း အကျိုးမြတ်ကို ရှာဖို့ နည်းလမ်းရှာခဲ့သည်။ သူက ထိုမာနကြီးကာ မောက်မာသည့် ပါရမီရှင်များသည် သူ့အား လျှော့တွက်ခဲ့သောကြောင့် အရှက်ကွဲမှုအမျိုးမျိုး ခံစားခဲ့ရသော်လည်း စိတ်ထဲမထားခဲ့ပေ။ တချို့ကမူ အလွန်ကောင်းကာ သူငယ်ချင်းဖြစ်လာပြီး သူ့အား ရံဖန်ရံခါ ကူညီပေးတတ်ကြသည်။
လူဝင်စားက ထိုအရာများ လုပ်ဆောင်ခြင်းမှာ အရင်းအမြစ်ကြောင့်သာမကပေ။ ပြောရလျှင် သူ့တစ်ခုတည်းသော ရည်ရွယ်ချက်က ထိုလူများအား အသုံးချကာ ချီကံကောင်းမှု သဘောတရားကို နားလည်ပြီး သူ့ကံဆိုးမှုအား တုံ့ပြန်နိုင်မည့် နည်းလမ်းကို ရှာဖွေဖို့ရာ ဖြစ်၏။
နှမြောစရာကောင်းသည်က ထိုနည်းလမ်းသည် အသုံးမဝင်ခဲ့ပေ။ အကြောင်းမှာမူ ဝမ်ဝေ့ကိုယ်တိုင် သူ့အပေါ် ကျိန်စာတိုက်ထားသူ ဖြစ်နေသည်။ ထိုလျှို့ဝှက်ချက်ကို မသိဘဲ လူဝင်စားက သူ့ကံဆိုးမှုသည် ကူးပြောင်းလာခြင်း၏ ရလဒ်ဖြစ်ကာ ပေးဆပ်ရမည့်တန်ကြေးဟုသာ မှတ်ယူထားသည်။
ထို့ကြောင့် သူက နောင်အနာဂတ်တွင် သူ့အား ခြိမ်းခြောက်နိုင်မည့်သူ မရှိလောက်အောင်အထိ အားကောင်းလာဖို့သာ ဆုံးဖြတ်ထားခဲ့သည်။ ထို့ကြောင့် သူက မြေပုံဖြင့် လိုအပ်သည့် အရင်းအမြစ်များကို စုစည်းခဲ့သည်။ ထိုအရာက သူ၏ ရွှေလက်ချောင်း မဟုတ်ပါလော။
ကံဆိုးစွာဖြင့် သူ ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို စုဆောင်းဖို့ ကြိုးစားလိုက်သည့်အချိန်တိုင်း အားကောင်းသည့် ဂိုဏ်းများက ထိုအရာကို တစ်ပြိုင်နက် ရှာဖွေတွေ့ရှိသွားခြင်းမျိုး ဖြစ်ပျက်လာသည်။ ထို့ကြောင့် သူက ထိုဂိုဏ်းများဖြင့် သူ အရင်းအမြစ် ရှာဖွေလိုသည့်အချိန်တိုင်း တိုက်ခိုက်ရသည်။ ထိုဂိုဏ်းများက အရှက်မဲ့ကာ ကိုယ်ကျင့်တရား မရှိဘဲ အဆင့်မြင့် ကျင့်ကြံသူများအား လွှတ်ကာ သူ့အား အနိုင်ကျင့်ခိုင်းခြင်း၊ ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းမျိုး ပြုလုပ်ခဲ့ကြသည်။
ဝမ်ဝေ့က လူဝင်စားအား သူ့ခန္ဓာကိုယ်ကို မလေ့ကျင့်ဖို့ အရိပ်အမြွက် ပေးထားသည့် အချက်အပြင် ထိုလူက ကျင့်ကြံစဉ် တစ်လျှောက်လုံး ထိုဂိုဏ်းများ၏ လက်ထဲမှ ထွက်ပြေးခြင်း သို့မဟုတ် ရန်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းတို့မှ ချိုးဖောက်ခြင်းတို့ဖြင့်သာ ကုန်ဆုံးခဲ့ရလေ့ ရှိသည်။
ဝမ်ဝေ့က ကာလံဒေသံ လူဝင်စားမှု၏ ဘဝကို ကြည့်နေရင်း သူ့စိတ်အခြေအနေနှင့် တာအိုနှလုံးသားက သိမ်မွေ့သွားသလို ခံစားလိုက်ရသည်။ နောက်ထပ်ဘဝတစ်ခုကို တွေ့ကြုံခံစားရခြင်းက သူ့ကျင့်ကြံရေး ခရီးစဉ်အတွက် အတော်လေး အကျိုးအမြတ်ရှိ၏။
“ တကယ်လို့ ကံကြမ္မာကသာ မြင့်မားတဲ့ နောက်ခံနဲ့ အရင်းအမြစ်အများကြီးတွေ၊ ချီကံကောင်းမှုတွေ ပေးမလာခဲ့ဘူးဆိုရင် ဒီလိုဖြစ်မှာပါလား။ ပတ်ဝန်းကျင်က ကျင့်ကြံသူတွေအတွက် အတော်လေး အရေးပါတာပဲ။ အဲဒါဆိုတော့ ငါက ငါ့အောင်မြင်မှုတွေအတွက် ကံကြွေးအမြောက်အများ တင်နေတာပဲ”
ထိုစကားများကို ရေရွတ်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထွက်ပေါ်လာပြီး ဉာဏ်အလင်းပွင့် အခြေအနေသို့ ဝင်ရောက်သွားကာ ကံကြမ္မာအပေါ် နားလည်နိုင်စွမ်းက ပိုမိုနက်ရှိုင်းလာသည်။ ထိုဖြစ်စဉ်က တစ်နာရီ ကြာမြင့်ခဲ့၏။
စည်းမျဉ်းမျိုးစေ့က တောက်ပနေပြီး ပိုမိုအသက်ဝင်နေကာ ကံကြမ္မာနှင့် သက်ဆိုင်သည့် တာအိုစည်းချက်များကလည်း ပေါ်ထွက်လာသည်။
ဝမ်ဝေ့က ပြန်လည်နိုးထလာပြီးသည့်နောက်တွင် ကာလံဒေသံ လူဝင်စားကို ကြည့်လိုက်ရင်း ရေရွတ်လိုက်သည် “ အခု ခန္ဓာကိုယ်ကို စတင်လေ့ကျင့်ရမဲ့အချိန်ပဲ”
လူဝင်စားက သူတော်စင်အဆင့်သို့ ဝင်ရောက်ဖို့ သူတော်စင်အဆင့် တက်လှမ်းခါနီးအခြေအနေ ရောက်ရှိနေသည်။ ထိုအခါ သူ့အင်အား၏ တစ်ဆင့်မြင့်သူကို တိုက်ခိုက်နိုင်စွမ်းဖြင့် လူတချို့ကသာ သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်သည်။
ထိုအခါ သူ့နောက်ကို လိုက်ဖမ်းသည့် ဂိုဏ်းအားလုံးက ပျက်သုဉ်းခြင်း ကပ်ဘေးများ ခံစားခဲ့ရသည်။ ကျိန်စာက သူ့အပေါ် သက်ရောက်မှု မရှိတော့ပေ။ ထို့ကြောင့် လူဝင်စားက သူ့ခန္ဓာကိုယ်ကို စတင်လေ့ကျင့်လိုက်၏။
ဝမ်ဝေ့က သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ လိုအပ်သည့် အရင်းအမြစ် အားလုံးပါရှိသည့် လျှို့ဝှက်နယ်မြေတစ်ခုကို ချန်ထားခဲ့ပြီးသား ဖြစ်၏။ ထိုခန္ဓာကိုယ်က တွင်းနက်ကြီးသန်းချီကို ဖွဲ့စည်းနိုင်လိမ့်မည်။
ဝမ်ဝေ့က ကာလံဒေသံ လူဝင်စားကို စစ်ဆေးမကြည့်တော့ဘဲ လွတ်လပ်ခွင့်တာအိုအပေါ် အာရုံစိုက်ထားလိုက်သည်။ ကျန့်ချန်းက လူဝင်စားအဖြစ် ပြောင်းလဲပြီးသည့်နောက်တွင် သူက ဝမ်ဝေ့၏ သွင်ပြင်အတိုင်း ပြောင်းလဲသွားပြီ ဖြစ်၏။
ထိုလူဝင်စားက သူတော်စင်အဆင့် ရောက်ရှိနေပြီး ခန္ဓာကိုယ်ထဲတွင် တွင်းနက်ကြီးနှစ်ဆယ်ကို ဖွဲ့စည်းထားနိုင်ခဲ့သည်။ တခြားသူများထက် ကျင့်ကြံဖို့ ပိုမိုလွယ်ကူသည်မှာ ကျန့်ချောင်းက တခြားကျင့်ကြံရေး နည်းစနစ်တွင် သူတော်စင်အဆင့်နှင့် တူညီနေ၍ ဖြစ်သည်။
ထို့အပြင် သူ့ခန္ဓာကိုယ်က အားကောင်းနေပြီးသားဖြစ်သည့်အတွက် ဝမ်ဝေ့က ခန္ဓာကိုယ်လေ့ကျင့်ရေး အစောပိုင်းအဆင့်များတွင် စိတ်ပူစရာ မလိုပေ။
သူက သူ သတိထားမိသည့် ဟာကွက်များကို ကာမိအောင်လုပ်ပြီး ပင်ကိုပစ္စည်းများကို စုပ်ယူစေလိုက်သည်။
ဝမ်ဝေ့ သတိထားမိသည့်တစ်ချက်မှာ ထိုလူဝင်စားက ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းမှ သူ ရရှိထားသည့် တူညီသော အံ့ဖွယ်စွမ်းရည်ကို နိုးထလာခဲ့သည်။
ထိုရလဒ်ကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း သူက အနည်းငယ် စိတ်ပျက်သွားမိသည်။ သူက အံ့ဖွယ်စွမ်းရည် အသစ်နှင့် ပင်ကိုစွမ်းရည်အသစ်များကို မျှော်လင့်ထားမိ၏။ ထို့အပြင် သူက တခြားလူဝင်စားများကလည်း ထိုသို့ဖြစ်နိုင်ချေရှိကြောင်း ထင်ထားပြီးသား ဖြစ်၏။ သူတို့ ကွဲပြားနိုင်သည့် အခွင့်အရေးက နည်းပါးလှသည်။
သူက မျက်လုံးမှိတ်လိုက်ပြီး လွတ်လပ်ခွင့် လူဝင်စား၏ စွမ်းအားကို ငှားယူလိုက်သည့်အခါ သူ့မျိုးစေ့ဆီမှ နာကျင်မှုကို ခံစားမိလိုက်သည်။ အကြောင်းမှာ ကံကြမ္မာတာအိုနှင့် လွတ်လပ်ခွင့်တာအိုကြားမှ ပဋိပက္ခကြောင့် ဖြစ်၏။
သူက ရပ်တန့်လိုက်ပြီး ကာလံဒေသံဆီမှ စွမ်းအားကို ငှားယူလိုက်ပြီးနောက် အောင်မြင်သွားလေသည်။ ကာလံဒေသံအပေါ် အသုံးပြုမှုနှင့် နားလည်နိုင်စွမ်းတို့က ပိုမိုတိုးတက်လာ၏။
ယင်ယန်လူဝင်စားက ငါ ထင်ထားတာထက် ပိုအရေးကြီးနေတာပဲ…
ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။ ထို့ကြောင့် ယင်ယန်လူဝင်စားက တတိယမြောက် လူဝင်စား ဖြစ်လာလိမ့်မည်။ သိပ်မကြာခင် သူက ထိုလူဝင်စားအတွက် ရွေးချယ်ထားသည့် ကမ္ဘာသို့ ရောက်ရှိလာခဲ့၏။
သူက ကာလံဒေသံ လူဝင်စားကဲ့သို့ ဖြစ်စဉ်များကို တူညီစွာ ပြုလုပ်လိုက်ပြီး ကောင်းကင်တာအိုအား စည်းပိတ်ကာ ထိုကမ္ဘာတစ်ခုလုံးတွင် အချိန်မြှင့်တင်ရေး အစီအရင်ကို ထားရှိလိုက်သည်။
ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး သူက လူဝင်စားအတွက် လူများကို ရွေးချယ်လိုက်သည်။ ထိုကမ္ဘာအတွက် လူနှစ်ယောက်ကို ရွေးချယ်ထား၏။ ထိုလူနှစ်ယောက်က အမြွှာ ဖြစ်ကာ မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက် ဖြစ်သည်။ မတော်တဆ ဖြစ်ရပ်ကြောင့် ထိုအမြွှာနှစ်ယောက်သည် မွေးကတည်းက ကွဲကွာသွားကြပြီး မတူညီသည့် လမ်းစဉ်သို့ ဦးတည်သွားကြသည်။
ချမ်းသာကြွယ်ဝသည့် မိသားစုက ကောင်မလေးကို မွေးစားခဲ့ပြီး သူမက နွေးထွေးမှုအပြည့်၊ သက်တောင့်သက်သာဘဝဖြင့် ကြီးပြင်းလာခဲ့ရသည်။ သူမက အင်မတန် ပါရမီထူးခြားပြီး သူမ၏ ပတ်ဝန်းကျင်ကြောင့် သနားညှာတာထောက်ထားတတ်သူ ဖြစ်လာသည်။ သူမ စတင်ကျင့်ကြံရသည့် ရည်ရွယ်ချက်က လိုအပ်နေသည့်သူများကို ကာကွယ်ပေးလို၍ ဖြစ်၏။
ထိုစဉ် သူမအနေနှင့် တည်ရှိမှန်းပင် မသိသည့် သူမ၏ အစ်ကိုက ဆိုးဆိုးရွားရွားဘဝတွင် နေထိုင်ခဲ့ရသည်။ သူက အသက်ရှင်သန်ဖို့ရာ လမ်းဘေးတွင် တောင်းရမ်းပြီး ချစ်ခြင်းမေတ္တာမျိုးလည်း မရရှိခဲ့ပေ။ ထို့အပြင် ၁၀ နှစ်အရွယ်တွင် သူက ဖမ်းဆီးခံခဲ့ရပြီး မိုင်းတွင်းတွင် ကျွန်အဖြစ် ရောင်းချခံခဲ့ရသည်။
သူက ကျင့်ကြံရေး ပါရမီမရှိဘဲ သူ့နှလုံးသား၌ ကမ္ဘာကြီးအပေါ် မုန်းတီးမှုများနှင့်သာ ပြည့်နှက်နေသည်။
ဝမ်ဝေ့က ထိုညစ်ပတ်နေသည့် ကလေး၏ ခန္ဓာကိုယ်အတွင်း လူဝင်စားအတုကို ထည့်သွင်းလိုက်ပြီး သူ့မျက်နှာအဖြစ် ပြောင်းလဲသွားသည်ကို ကြည့်နေလိုက်သည်။
ယခင်ကဲ့သို့ ထိုလူက ကမ္ဘာမြေမှ ပြန်လည်ဝင်စားလာကြောင်း သဘောပေါက်ပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးစွာဖြင့် နိုးထလာသည်။
“ ကောင်းကင်ဝါးမျိုရေး စနစ်လား။ ဒီကမ္ဘာက ငါ့ကို လုပ်ခဲ့တဲ့အရာတွေအတွက် ပြန်လည်ပေးဆပ်သင့်တယ်” ယန်လူဝင်စားက ကမ္ဘာမြေမှ ဝမ်ဝေ့၏ ဘဝမှတ်ဉာဏ်များကို ပေါင်းစပ်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
တကယ့် ဝမ်ဝေ့က နောက်ထပ်အမြွှာတစ်ယောက်ဆီ သတ္တုလုံးကို ထည့်သွင်းပေးလိုက်၏။
“ ငါက ပြန်လည်ဝင်စားလာတာလား။ ကောင်းလိုက်တာ။ ငါက တစ်ရက်မှာ ဇာတ်လိုက် ဖြစ်လာမယ်ဆိုတာကို သိနေတယ်။ ဒါပေမဲ့ ငါ့ရင်ဘတ်က ဘာလို့လေးနေပါလိမ့်”
စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ဝမ်ဟွား၏ အမူအရာက ပျက်ယွင်းသွားကာ ကြေးမုံတစ်ချက်ကို ရှာကာ ကြည့်လိုက်သည်။
သူမက လှပသည့် မျက်နှာလေးနှင့် ကောက်ကြောင်းများကို ကြည့်ကာ ပြောလိုက်၏ “ ငါက မိန်းမတစ်ယောက်ဖြစ်သွားပြီလား။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး”
သူက တည်ငြိမ်ဖို့ရာအတွက် နောက်ထပ်နာရီပိုင်းကြာ အချိန်ယူလိုက်ရသည်။
“ အနည်းဆုံးတော့ ငါက လှတာပဲလေ” သူက သူ့ဘာသာသူ နှစ်သိမ့်လိုက်၏။
“ ဒီကမ္ဘာက ကျင့်ကြံရေးရှိတယ်ဆိုတော့ ယင်ယန်ကို ပြောင်းလဲနိုင်တဲ့ နေကြာကျမ်းတွေလည်း ရှိမှာပဲ။ ဒါက ငါ့အတွက် အကောင်းဆုံးအခွင့်အရေး ဖြစ်နေနိုင်တယ်”
ထိုစဉ် တကယ့်ဝမ်ဝေ့ကမူ ထိုအရာကိုကြည့်ရင်း မထိန်းနိုင်မသိမ်းနိုင် ရယ်မောမိလိုက်သည်။ ကံကောင်းစွာဖြင့် သူ့အနားတွင် အကာအရံ ထားထားလေသည်။ မဟုတ်ပါက တစ်ကမ္ဘာလုံးက သူ့ရယ်သံကို ကြားသွားလိမ့်မည်။
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ၏ ယင်လူဝင်စားအား ကြည့်လိုက်သည်။ သူ၏ အမျိုးသမီးပုံစံက သူ့ဇနီးထက်ပင် ပိုမိုလှပသည်ကို ဝန်ခံရပေလိမ့်မည်။ သူ့လိုမျိုး ခဲဖြူရောင် ဆံပင်ရှိထားလျှင် ပိုမိုကြော့ရှင်းသွားလိမ့်မည်။
မင်းတို့နှစ်ယောက်ကြားက ယင်ယန်ထိပ်တိုက်တွေ့မှုကို မစောင့်နိုင်တော့ဘူး။ အကောင်းအဆိုး၊ ဆင်းရဲချမ်းသာ၊ နေ့နဲ့ည… ကံဆိုးတာက အဆုံးသတ်မှာ မင်းတို့ရဲ့ ကံတရားက တစ်ယောက်တည်း ဖြစ်လာဖို့ပဲ…
ယင်လူဝင်စား၏ စိတ်ဆန္ဒက ယန်အဖြစ် ပြောင်းဖို့ရာဖြစ်ပြီး သူက ထိုအောင်မြင်မှုမျိုးက ယင်ယန် နားလည်မှုအပေါ် နက်နဲလာစေမည်ဖြစ်သည့်အတွက် ဝင်ရောက်မစွက်ဖက်ခဲ့ပေ။ သူက လွယ်ကူအောင်လည်း ပြုလုပ်မထားခဲ့ပေ။
သူ့လူဝင်စားက အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အချက်ကိုမူ ဂရုမစိုက်ပေ။ အကြွင်းမဲ့လွတ်လပ်ခွင့်ကို ရယူလိုသည့် လူတစ်ဦးအနေဖြင့် သူက ကျား၊မ ကိစ္စများဖြင့် ချုပ်နှောင်ခြင်း မခံရသင့်ပေ။
နောက်ထပ် လူဝင်စားတစ်ယောက်က ကံကောင်းမှုဖြစ်ပြီး ထိုလူအတွက်မူ ဝမ်ဝေ့က ထိုကမ္ဘာတွင် ထိုလူဝင်စားအား ကောင်းချီးပေးဖို့ ထူးခြားသည့် အစီအရင်တစ်ခု ထားပေးခဲ့သည်။ ထိုလူဝင်စားက ဈေးဝယ်ထွက်နေရင်း ကောင်းကင်မှ သူတော်စင်အဆင့် ရတနာတစ်ခုက သူ့လက်ထဲ ပြုတ်ကျလာလိမ့်မည်။
သူ့ဆီ အရာအားလုံး ရရှိလာလျှင် သူက မည်သို့သောလူ ဖြစ်လာမည်ကို သိချင်မိ၏။ သူက ဘာမှမကြိုးစားဘဲ အရာအားလုံးကို ရရှိနိုင်မည်လား။
၅ယောက်မြောက် လူဝင်စားကမူ ကံ ဖြစ်၏။ ထိုလူက ထူးခြားလှသည်။ ဝမ်ဝေ့က သူ့အား ကံစွမ်းဆောင်နိုင်သည့် ရုပ်ခန္ဓာကို ချီးမြှင့်ပေးခဲ့ပြီး သူက ကောင်းသောကံနှင့် ဆိုးသောကံများ၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်ထားရမည်။
နမူနာအားဖြင့် သူက ပျံကျဈေးသည်ဆီမှ ပေါင်မုန့်တစ်ပိုင်း ဝယ်ယူခဲ့လျှင်ပင် သူက ထိုဈေးဝယ်သူနှင့် ကံဆက်နွယ်မှုတချို့ ရှိသွားလိမ့်မည်။ သူက ပုရွက်ဆိတ်ကို တက်နင်းမိလျှင် အဆိုးကံ ဖြစ်လာပြီး ထိုပုရွက်ဆိတ်က နတ်ဆိုးသားရဲ ဖြစ်လာကာ သူ့အား လက်စားချေဖို့ ပြန်လာလိမ့်မည်။
ထိုသို့သော ရုပ်ခန္ဓာမျိုးဖြင့် ထိုလူဝင်စား၏ ကျင့်ကြံရေးခရီးစဉ် လှုပ်ရှားမှုတိုင်းက အနှောင့်အယှက်ဖြစ်ကာ သူက သူတို့ကို သေချာလေး လေ့လာစဉ်းစားကြည့်လိမ့်မည်။ မဟုတ်ပါက သူသည် ထိုကမ္ဘာ၏ ကံအလေးချိန်အောက် မြှုပ်နှံခံလိုက်ရလိမ့်မည်။
၆ ယောက်မြောက် လူဝင်စားက အစီအစဉ်ကျမှု၊ မကျမှု ဖြစ်၏။ ထိုလူက အလွှာနိမ့်မှ မဟာကမ္ဘာအထိ စတင်တက်လှမ်းလာရမည်။ သူက ကမ္ဘာတစ်ခု၏ အထွတ်အထိပ်သို့ ရောက်ရှိသည့်အချိန်တိုင်း သူ မတက်လှမ်းခင် ပြီးမြောက်ရမည့် တာဝန်တစ်ခု ဖြစ်သည်။
၇ ယောက်မြောက်လူဝင်စားက သေခြင်းရှင်ခြင်း (သံသရာ) ဖြစ်၏။ ထိုအရာက သာမန်သာဖြစ်ပြီး တခြားသူကဲ့သို့ ထူးခြားသည့်တာဝန်မျိုး ရှိသည်။ ၈ ယောက်မြောက် လူဝင်စားကမူ ကြမ္မာဖြစ်ပြီး သူ့အသိစိတ်ပင်လယ်အတွင်း ကြမ္မာစာအုပ် ရှိထားသည့် အချက်ကလွဲ၍ သာမန်သာ ဖြစ်၏။
ဝမ်ဝေ့က ထိုလူဝင်စားအားလုံးကို သူတို့၏ ကြီးထွားမှုအတွက် ပြီးပြည့်စုံသည့် ကမ္ဘာအသီးသီးဆီ ခွဲခြားပေးခဲ့သည်။ ထို့နောက် သူက ဂိုဏ်းနှင့် သူ့ဇနီးဆီမှ ရရှိထားသည့် အရင်းအမြစ်များကို ၅ ယောက်ထံ ခွဲဝေပေးခဲ့သည်။
ကျန်ရှိနေသည့်သူများအတွက်မူ သူက အချိန်မြှင့်တင်ရေး အစီအရင်ပင် မခင်းကျင်းရသေးပေ။ အကြောင်းမှာ သူတို့ကို သူ့ကျင့်ကြံရေးအား အမှီလိုက်ပြီး ကျော်လွန်မသွားစေဖို့ရာ ဖြစ်၏။ သူတို့က သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အရင်းအမြစ် ကောင်းကောင်း မရှိကြသေးသည့်အခါတွင် ဖြစ်သည်။
နောက်ဆုံးတွင် ဝမ်ဝေ့က ၉ ယောက်မြောက်လူဝင်စားအတွက် တခြားကမ္ဘာသို့ ဦးတည်လိုက်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားချက် ရနေသည်။
***