နယ်ရှင်၏ ကံကောင်းမှု
Vol. 37 Ch. 517
ဝမ်ဝေ့က သူ့ဦးတည်ချက်သို့ ရောက်ရှိပြီးသည့်နောက်တွင် အချိန်မဖြုန်းတော့ပေ။ သူက မဟာကမ္ဘာ၏ ကံကြမ္မာမြစ်ကြောင်းကို ဆင့်ခေါ်လိုက်ပြီး ဝင်ရောက်လိုက်၏။ ထို့နောက် သူက ကံကြမ္မာစည်းမျဉ်းသစ်သီးကို ထုတ်ကာ အသုံးပြုလိုက်သည်။ သူက သန္ဓေသားလောင်းနှင့်တူသည့် အရာကို ဖွဲ့စည်းဖို့ ကံကြမ္မာစွမ်းအားကို စတင်စုစည်းလိုက်၏။
နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သန္ဓေသားလောင်းက ဝမ်ဝေ့၏ ခန္ဓာကိုယ်နှင့် အချိုးအစားအဖြစ် ပြောင်းလဲလာပြီး ၁၆ နှစ်သားအရွယ်အဖြစ် ကြီးထွားလာသည်။
ဝမ်ဝေ့က အိပ်ပျော်နေသည့် သူ့လူဝင်စားအား ကြည့်ကာ သူ့မျက်ဝန်းက ခဲဖြူရောင် ပြောင်းလဲသွားပြီး ကြိုးမျှင်မြောက်များစွာ ထွက်ပေါ်လာသည်။ သူက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်၏။
“ ငါ သိနေတယ်။ ငါက ၉ယောက်မြောက် လူဝင်စားပဲ” သူက ရေရွတ်လိုက်သည်။ သူ့တွက်ချက်မှုအပေါ် မူတည်၍ သူ့ရဲ့ တကယ့်ခန္ဓာကိုယ်အစစ်သည် ၉ယောက်မြောက် လူဝင်စားဖြစ်သလို သဘောတရားအရဆိုရလျှင် ပထမဆုံး လူဝင်စားလည်း ဖြစ်၏။
ယခု ဖန်တီးမှုက သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိပြီးသည့်နောက်တွင် လူဝင်စား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပေါင်းစပ်နိုင်မည် မဟုတ်ပေ။ ထိုကိုယ်ပွားကလည်း ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံလျှင် ဝမ်ဝေ့က သူသာ တခြားကိုယ်ပွားများနှင့် ပေါင်းစပ်ဖို့ ကြိုးစားကြည့်ပါက ပေါက်ကွဲကာ သေဆုံးမည်ဖြစ်ကြောင်း သိလိုက်သည်။
တခြားနည်းဖြင့် ဆိုရလျှင် သူ့တွင် လူဝင်စား ၈ ယောက်ရှိပြီး သူအပါအဝင် စုစုပေါင်း ၉ယောက်ဖြစ်၏။
“ ၉ယောက်က တကယ်ကို အဆုံးစွန်ပဲ” သူက မလုံမလဲ ပြုံးလိုက်သည်။ သူ ၁၀ ယောက်မြောက် လူဝင်စားစွမ်းအားကို ရရှိဖို့ အခွင့်အရေးက ကျရှုံးသွားလေသည်။ သူက ထိုအရာကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း စက္ကန့်ပိုင်းကြာ အချိန်ယူ၍ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
ထို့အပြင် ကံကြမ္မာ လူဝင်စားက အသုံးမဝင်ခြင်းမျိုး မဟုတ်ပေ။ နောက်ထပ်ကိုယ်ပွားတစ်ခုက သူ့အား ကံကြမ္မာစည်းမျဉ်းကို နားလည်ဖို့ ကူညီပေးနိုင်ပြီး တိထျန်းကဲ့သို့ ရွှေရောင်စည်းမျဉ်းသစ်ပင်ကို ရရှိအောင် လုပ်ဆောင်နိုင်သည်။
ကျင့်ကြံသူများအား သူတို့၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည့် ကိုယ်ပွားကျင့်စဉ်များက အသင်္ချေအင်ပါယာကမ္ဘာနှင့် ကမ္ဘာ့အသိုင်းအဝိုင်းတစ်လျှောက်တွင် အလွန်အဖိုးတန်လှသည်။ အကြောင်းမှာ ကိုယ်ပွားနည်းစနစ်အများစုက ထိုသို့မလုပ်ဆောင်နိုင်၍ ဖြစ်သည်။ ထိုသို့မဟုတ်ပါက စုယာလိုမျိုးလူက အလွန်ကြောက်ဖို့ ကောင်းနေလိမ့်မည်။
သူမ၏ ကျမ်းနှင့် ပတ်သက်လာသည့်အခါ ဝမ်ဝေ့က ထိုအရာသည် နားလည်နိုင်စွမ်းကို အကုန်မဟုတ်လျှင်ပင် တစိတ်တပိုင်းအနေနှင့် ကူညီပေးနိုင်ကြောင်း ယုံကြည်ထား၏။ သူမ၏ ကိုယ်ပွားများအနက် တစ်စိတ်တစ်ပိုင်းက အသုံးဝင်မည်ဖြစ်ကာ အများစုက အသုံးမဝင်ဘဲ ကျန်ရှိလိမ့်မည်။ ထို့ကြောင့် စုယာက လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် အတော်လေး ခက်ခဲသည့် ပြိုင်ဘက် ဖြစ်လာနိုင်သည်။
ဝမ်ဝေ့က သူ့နားလည်နိုင်စွမ်းအတွက် ကိုယ်ပွားမြောက်များစွာကို အသုံးပြုချင်သော်လည်း မိုးမြေဆီမှ တားမြစ်ချက်များ ရှိနေလေသည်။ အထူးသဖြင့် သူ့လိုမျိုး အရည်အသွေးမြင့်မားသည့် ဝိညာဉ်ပိုင်ရှင်အတွက် ဖြစ်၏။
ကံကောင်းစွာဖြင့် သူ့ဝိညာဉ်အမှုန်နှင့် အနာဂတ်ဗုဒ္ဓကိုယ်က လုံလောက်သည်ထက် ပိုနေသည်။
သူက ထွက်မလာခင် နောက်ဆုံးအနေနှင့် ကံကြမ္မာလူဝင်စားကို ကြည့်လိုက်သည်။ ထိုလူဝင်စား၏ ရည်ရွယ်ချက်က ကံကြမ္မာစည်းမျဉ်းကို နားလည်ဖို့ရာ ဖြစ်၏။ ဝမ်ဝေ့က ထိုလူဝင်စား၏ ဝိညာဉ်ကို ကံကြမ္မာမြစ်ကြောင်းနှင့် ဆက်နွယ်ပေးလိုက်ပြီး သက်တမ်းအရှည်ကို ချီးမြှင့်ပေးလိုက်သည်။ သို့သော် ကံကြမ္မာမြစ်ကြောင်းမှ ထွက်မလာနိုင်ဘဲ မကျင့်ကြံနိုင်မည့် တန်ကြေးတော့ ရှိသည်။
ထို့ကြောင့် ထိုအရာက သူ့အတွက် စည်းမျဉ်းများကို နားလည်အောင် လုပ်ရင်း အချိန်ကုန်ဆုံးရလိမ့်မည်။
အရာအားလုံးပုံမှန်ဖြစ်ကြောင်း သေချာအောင် လုပ်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရွှေရောင်ရထားလုံးအတွင်း ခုန်ဝင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ သူက အဆုံးမဲ့လေဟာနယ်အတွင်း ထွက်လာသည်မှာ တစ်လကျော် ကြာမြင့်ခဲ့၏။
အိမ်ပြန်လာစဉ်အတွင်း သူက အနီးနားရှိ တစ်စုံတစ်ခုကို ခံစားမိ၍ ဦးတည်ချက် ပြောင်းလဲခဲ့သည်။ ထိုနေရာသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက မဟာကမ္ဘာတစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
ချီကံကောင်းမှုနဂါး၏ စိတ်လှုပ်ရှားမှုကို ခံစားမိပြီးသည့်နောက်တွင် အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ကမ္ဘာအား စစ်ဆေးကြည့်လိုက်သည်။ သူက ထိုကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် အားကောင်းသည့် ဂိုဏ်းတစ်ခုရှိသည့် နေရာကို မြင်လိုက်ရသည်။
တပည့်များနှင့် အကြီးအကဲများက သတိကြီးကြီးထားပြီး ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းထားကြသည်။ ဝမ်ဝေ့က ထိုအထွတ်အထိပ်အဆင့် အစီအရင်၏ ဟာကွက်ကို ရှာဖို့ မိနစ်ပိုင်းကြာ အချိန်ကြာမြင့်ခဲ့ရ၏။
တောင်တစ်လုံးတွင် လူလတ်အရွယ် အမျိုးသားတစ်ဦးက မျက်လုံးမှိတ်လျက် တင်ပျဉ်ခွေ ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် အတက်အကျ လှိုင်းထွက်ပေါ်နေကာ သူ့ မျက်နှာအထက် နာကျင်မှုဖြင့် ရှုံ့တွနေသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး နဖူးမှ ချွေးများလည်း တတောက်တောက် စီးကျနေ၏။
ထိုအရာကို လေ့လာကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က အဖြစ်အပျက်ကို နားလည်လိုက်၍ အကြည့်များ တောက်ပသွားသည်။ ထိုလူက ဤကမ္ဘာ၏ ကောင်းကင်တာအိုအား သူ့စိတ်စွမ်းအားဖြင့် သိမ်မွေ့အောင် လုပ်ပြီး တာအိုအရင်းအမြစ် မျိုးစေ့အား ထုတ်ပေးလာအောင် အတင်းအကြပ် ဖိအားပေးနေခြင်း ဖြစ်၏။ တစ်နည်းနည်းအားဖြင့် ဆိုရလျှင် ထိုသူက တာအိုဘိုးဘေး ဖြစ်လာဖို့ ကြိုးစားနေခြင်းဖြစ်သည်။
ကြည့်ရတာ သူက ကျော်ဖြတ်နိုင်မဲ့ပုံမပေါ်ဘူး…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ထို့နောက် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။ သူက အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ထိုလူ၏ အာရုံစိုက်မှုကို မနှောင့်ယှက်ဘဲ ဆက်သွယ်လိုက်သည်။ ထိုသို့လုပ်ဆောင်နိုင်ဖို့ ဝိညာဉ်နှင့် ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု အမြောက်အများ လိုအပ်ပေသည်။
“ မင်္ဂလာပါ တာအိုရောင်းရင်း” ဝမ်ဝေ့က ထိုလူ၏ အသိစိတ်ပင်လယ်အတွင်း ဝင်ရောက်ပြီးသည့်နောက်တွင် ထိုင်နေသည့် ကမ္ဘာဦးစိတ်ဝိညာဉ်ကို မြင်လိုက်ရသည်။
“ မင်္ဂလာပါ။ တာအိုရောင်းရင်းကို ဘာကူညီပေးရမလဲ” တာအိုဆရာ တိမ်တိုက်နီက မေးလိုက်သည်။ သူက တစ်စုံတစ်ခုမှားယွင်းကြောင်း ချက်ချင်း သဘောပေါက်လိုက်၏။ ထိုလူက သူ့အသိစိတ်ပင်လယ်အတွင်း ကျူးကျော်လိုက်ရုံသာမက သူ့အာရုံစိုက်မှုကို သက်ရောက်မှု မရှိစေပဲ ပြောဆိုနိုင်လေသည်။
“ သတိထားနေဖို့ မလိုပါဘူး” ဝမ်ဝေ့က ပြန်ဖြေလိုက်သည် “ ကျုပ်က ခင်ဗျားနဲ့ အပေးအယူ လုပ်ဖို့ ရောက်လာတာ”
တာအိုဆရာတိမ်တိုက်နီက အခြေအနေအား အလျင်အမြန် သဘောပေါက်သွားသည်။ သူ အထွတ်အထိပ် အခြေအနေနှင့်ပင် ထိုလူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူ့လက်ရှိအခြေအနေတွင် အနည်းငယ် နှောင့်ယှက်မှုပေးရုံမျှဖြင့် ခုခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် အခြေအနေကို ရင်ဆိုင်သည်က အကောင်းဆုံး ဖြစ်၏။ ထို့အပြင် ထိုလူက သူ့အား မနှောင့်ယှက်သည့် နည်းလမ်းကို အသုံးပြုလာသည့်အတွက် ကြင်နာသည်ဟု ဆိုရပေမည်။ သူကလည်း တူညီသည့် လေးစားမှုမျိုး ပြန်လည်ပြသဖို့ လိုအပ်၏။
“ တာအိုရောင်းရင်း ပြောပါ”
“ ခင်ဗျားဆီမှာ ဓာတ်ငါးမျိုး၊ ကုသစွမ်းရည်နဲ့ ပင်ကိုရတနာ ရှိလား။ အမှန်အတိုင်း ဖြေပေးပါ”
တာအိုဆရာ တိမ်တိုက်နီက ခဏမျှစဉ်းစားလိုက်ပြီးနောက် “ ကျုပ်ဆီမှာ ဓာတ်ငါးပါးထဲက ပင်ကိုဆေးပင်နှစ်ခုနဲ့ အရိပ်ဓာတ်သဘာဝ တစ်ခုရှိတယ်”
ထိုဆေးပင်သုံးခုက သူ့အနေနဲ့ လက်ရှိအနေအထားသို့ ရောက်လာရသည့် အဓိကအကြောင်းအရင်းလည်း ဖြစ်သည်။ ထိုအရာကို သူ၏ အကြီးမားဆုံး လျှို့ဝှက်ချက်အဖြစ် ယူဆနိုင်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူက အမှန်အတိုင်း ပြောဖို့ရာသာ ဆုံးဖြတ်လိုက်၏။
“ ကောင်းတယ်။” ဝမ်ဝေ့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည် “ ခင်ဗျားရဲ့ လက်ရှိ စမ်းသပ်ချက်ကို ကူညီပေးမယ်။ ဒါပေမဲ့ အဲဒီဆေးပင်တွေကို လိုချင်တယ်”
တာအိုဆရာ တိမ်တိုက်နီက ချက်ချင်း မျက်မှောင်ကြုတ်ကာ “ တာအိုရောင်းရင်း ကျုပ်က မလုပ်ချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ် လက်ရှိအနေအထားမှာ ပြင်ပအကူအညီ လက်ခံလို့ရမှာ မဟုတ်ဘူး”
ဝမ်ဝေ့က ဘာမှမပြောဘဲ လက်ကို မြှောက်လိုက်သည်။ သူက သူ့စိတ်စွမ်းအား တစ်စိတ်တစ်ပိုင်းအား ယူဆောင်ပြီး အဆောင်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက အမှတ်အသားနှင့်အတူ ကံကြမ္မာဆက်နွယ်မှုကိုပါ ဖယ်ရှားလိုက်သည်။
တာအိုဆရာတိမ်တိုက်နီက ထိုအဆောင်ကို မြင်သည့်အခါ အကြည့်များက တောက်ပသွားလေ၏။ ထိုကျင့်ကြံသူက သူ့အား ကူညီနိုင်မည်ကို နားလည်လိုက်သည်။ ထိုအဆောင်ကို စုပ်ယူခြင်းဖြင့် သူ့စိတ်စွမ်းအားက တိုးမြှင့်သွားမည်ဖြစ်ကာ ကောင်းကင်တာအိုကို ဖိနှိပ်ဖို့ အင်အားရရှိလာပြီး တာအိုဘိုးဘေး စမ်းသပ်ချက်ကို အောင်မြင်သွားလိမ့်မည်။
သူက မသေမျိုးအဆင့်သည် သူနှင့် မည်မျှနီးကပ်နေသည်ကို တွေးမိပြီး တာအိုဆရာတိမ်တိုက်နီက စိတ်လှုပ်ရှားလာကာ ထိန်းချုပ်မှု ကင်းလွတ်လုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းသည်က သူသည် စိတ်အခြေအနေ မြင့်မားသူဖြစ်သည့်အတွက် အလျင်အမြန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။
ဝမ်ဝေ့က ထိုအရာကို မြင်ပြီး ခေါင်းညိတ်လိုက်သည်။ ကောင်းကင်တာအိုက အလွှာနိမ့်တွင် တာအိုဘိုးဘေး ဖြစ်လာဖို့အတွက် အစစ်အမှန်အုပ်ချုပ်သူများအား တာအိုနှလုံးသား၊ ကျင့်ကြံရေးနှင့် စိတ်အခြေအနေတို့ စမ်းသပ်လေသည်။
အကယ်၍ တစ်စုံတစ်ယောက်က လိုအပ်ချက်နှင့် မပြည့်မီပါက စိတ်စွမ်းအား စမ်းသပ်ချက်က ပေါ်ထွက်လာမည် မဟုတ်ပေ။
“ ကောင်းပြီ။ ကျုပ် ခင်ဗျားရဲ့ အပေးအယူကို လက်ခံတယ်” တာအိုဆရာတိမ်တိုက်နီက စဉ်းစားပြီး ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက် အသိစိတ်ပင်လယ်အတွင်း တောက်ပနေသည့် ဆေးပင်များ ထွက်ပေါ်လာသည်။ သူက ဝမ်ဝေ့အား ပေးလိုက်၏။
ထိုလူ၏ ယုံကြည်မှုကို လေးစားသည့်အနေဖြင့် ဝမ်ဝေ့ကလည်း ဘာမှခိုးကြောင်ခိုးဝှက် မကြံစည်ဘဲ အဆောင်အား ပေးအပ်လိုက်သည်။
တာအိုဆရာ တိမ်တိုက်နီက အဆောင်အား စုပ်ယူဖို့ တုံ့ဆိုင်းမနေပေ။ သူက စိတ်စွမ်းအား တိုးမြင့်လာသည်ကို ခံစားမိလိုက်၏။ ထိုတိုးမြှင့်မှုက ရတနာပုံစံဖြင့် ဖြစ်သောကြောင့် ရတနာကဲ့သို့ ပြင်ပအကူအညီကို အသုံးပြုခြင်းနှင့် တူညီလေသည်။ ထို့ကြောင့် စမ်းသပ်ချက်အတွက် လက်ခံလေ၏။
ထိုစဉ် ဝမ်ဝေ့က ရထားလုံးပျံအတွင်း မျက်လုံးဖွင့်ကာ သူ့ရှေ့မှ ဆေးပင်သုံးပင်ကို ကြည့်လိုက်သည်။
“ ဒါက တာအိုနယ်ရှင် ဖြစ်လာတဲ့ ခံစားချက်လား။ ငါ ထင်ထားတာထက် ပိုကောင်းနေတာပဲ”
ထိုဆေးပင်နှစ်ပင်နှင့် သူက တခြားသော လူဝင်စားများအတွက် ပင်ကိုရတနာ ရှစ်ခုသာ လိုအပ်တော့သည်။ အရိပ်ဆေးပင် အတွက်မူ သူက ဝမ်ကျူအား သူ့အရိပ် ဖြစ်လာဖို့အတွက် သန်စင်ဖို့ ပြီးပြည့်စုံမှန်း သိထားသည်။
ဝမ်ဝေ့က အပြုံးလေးဖြင့် ရွှေရောင်ရထားလုံးကို အသက်သွင်းကာ အရှိန်အပြည့်ဖြင့် အိမ်ပြန်လာခဲ့သည်။ သူက ထိုနေရာတွင် ဆက်လက် မရှိလိုတော့ပေ။ ထိုတာအိုဆရာက တာအိုဘိုးဘေးဖြစ်လာပြီးသည့်နောက်တွင် ရုတ်ချည်း စိတ်ပြောင်းလဲသွားမည်ကို မည်သူကများ သိမည်နည်း။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက အိမ်သို့ ပြန်လည်ရောက်ရှိလာ၏။ သူက ကံဆိုးသည်က သူ ရောက်ရှိလာသည်နှင့် တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်။
သူ့အထက် တိမ်တိုက်များက ချက်ချင်းဆိုသလို အနီရောင် ပြောင်းလဲသွားသည်။
“မသေမျိုးသုတ်သင်ရေး မိုးကြိုးလား”ဝမ်ဝေ့က ရေရွတ်လိုက်သည်။
သူ့အမူအရာက ပျက်ယွင်းလာပြီး အဖြစ်အပျက်ကို တွက်ချက်ကြည့်လိုက်သည်။
သူ့အပြုအမူက တခြားသူ၏ မသေမျိုး စမ်းသပ်ချက်ကို ဝင်ရောက်စွက်ဖက်ခဲ့သည့် စည်းမျဉ်းကို ချိုးဖောက်ခဲ့မိ၏။
ထို့ကြောင့် ကောင်းကင်တာအိုက သူ့အား အပြစ်ပေးလိုက်မည်။ သူဂမ္ဘီရအစွမ်းအရ ဝမ်ဝေ့သည် ကံကြမ္မာမဲ့ မဖြစ်ပါက သူ့အပြုအမူသည် နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကိုပါ ဆင့်ခေါ်နိုင်လိမ့်မည်ဟု သိလိုက်သည်။
ဝမ်ဝေ့က အလျင်အမြန် တုံ့ပြန်ကာ သိုလှောင်လက်စွပ်အတွင်းမှ အဆောင်အား ထုတ်ယူလိုက်၏ “ ဘိုးဘေးဝူချန် ကျွန်တော်ကို ကယ်ပါဦး”
ထို့နောက် သူက အဆောင်ကို ပို့ဆောင်ပြီးသည့်နောက်တွင် စိတ်အေးသွားမိ၏။
“ ကံကောင်းမှုက နှစ်ဖက်ချွန်ဓားပါလား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ ပထမဆုံး အနီရောင်မိုးကြိုး ကျဆင်းလာသည်နှင့် နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားသည့် ဧရာမလက်ကြီးတစ်ခုက တစ်နေရာမှ ထွက်ပေါ်လာကာတားဆီး ထားလေသည်။
ဝမ်ဝေ့က ထိုလက်ကြီးကို ကြည့်နေရင်း ခေါင်းမခါဘဲ မနေနိုင်တော့ပေ။ သူ ရှိနေသည့်နယ်မြေက သေးငယ်သော်လည်း ကမ္ဘာမြေ၏ စံနှုန်းအရ ဂလက်ဆီဒါဇင်ချီလောက် အရွယ်အစား ဖြစ်၏။
သို့သော် ယခုတွင် လက်တစ်ခုက အရွယ်အစားအတူ ဖြစ်နေလေသည်။
တစ်ခါတစ်ရံတွင် ဝမ်ဝေ့က ကျင့်ကြံရေးလောကသည် မည်မျှရှုပ်ထွေးကာ ကျယ်ပြန့်လွန်းသည်ကို တွေးမိပြီး ခေါင်းယမ်းလိုက်မိ၏။ ပုံမှန်ခံစားချက်နှင့် သဘောတရားများက ဟာသဖြစ်သည်။
မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကောင်းကင်က ပုံမှန်ပြန်ဖြစ်သွားပြီး ဝမ်ဝူချန်က ရထားလုံးရှေ့တွင် ပေါ်ထွက်လာသည်။
“ ကောင်လေး မင်းက ဘယ်လိုပြဿနာရှာရမလဲဆိုတာကို သိတာပဲ။ ဒီတစ်ခါ ဘာလုပ်ခဲ့ပြန်ပြီလဲ”
ဝမ်ဝေ့က သူ့ရထားလုံးကို သိမ်းဆည်းကာ ပြန်ဖြေလိုက်၏ “ ကျွန်တော်က တာအိုဘိုးဘေးစမ်းသပ်ချက်ကို အောင်မြင်ဖို့ရာ တစ်ယောက်ယောက်ကို ကူညီပေးခဲ့ရုံပါ။ သူ အောင်မြင်သွားပြီလို့ ထင်တယ်”
ဝမ်ဝူချန်က သူ့အား ထူးထူးဆန်းဆန်းကြည့်လိုက်သည်။
“ ကောင်လေး ဒီလိုစွမ်းရည်မျိုး ရှိတာက ဘယ်လောက် လေးနက်တယ်ဆိုတာကို သတိထားမိရဲ့လား။”
ဝမ်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက် “ ကျွန်တော် သိပါတယ်။ ထာဝရဧကရာဇ်တွေတောင်မှပဲ မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေကို ဖန်တီးဖို့ ကန့်သတ်ချက် ရှိကြတယ်။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်တော်က ကန့်သတ်ချက်ကို ဖိနှိပ်ထားပြီးတော့ တန်ပြန်သက်ရောက်မှုကို ခံနိုင်သရွေ့ လျစ်လျူရှုထားနိုင်တယ်”
“ မင်း နားလည်နိုင်ရင် ကောင်းတယ်”
“ ကောင်းပြီ။ အဲဒါက ပြဿနာ မရှိပါဘူး”
“ ဘာလို့လဲ”
“ တကယ်လို့ ကျွန်တော့်အစီအစဉ်သာ အောင်မြင်သွားမယ်ဆိုရင် ဧကရာဇ် ဖြစ်လာပြီးတဲ့နောက်မှာ အသင်္ချေအင်ပါယာကမ္ဘာမှာ မသေမျိုးအဆင့် ပုဂ္ဂိုလ်တွေက အတော်လေးကို များပြားလာလိမ့်မယ်”
***