← Chapters

ထွက်လမ်းကို ရှာဖွေခြင်း

Vol. 29 Ch. 400

ထွက်လမ်းကို ရှာဖွေခြင်း

Vol. 29 Ch. 400

ခဏအကြာတွင် မည်သူမျှ မပြောခင် လော့ချွမ်းဟယ်က ဦးဆုံး ပြောလိုက်သည်  “ညီလေးမို ... ကျုပ် ဖယ်ပေးမယ် ...”

“ကျုပ်လည်း ထွက်ပေးမယ်” လော့ချွမ်းဟယ်နောက်မှ ပြောလိုက်သူမှာ အကြွင်းမဲ့ဓား ဂိုဏ်းချုပ် ချူယန် ဖြစ်ပေသည်။ မိုဝူကျီက အကြွင်းမဲ့ဂိုဏ်း မတည်ရှိတော့ကြောင်း  ပြောကတည်းမှ ချူယန်မှာ တိတ်ဆိတ် သွားသောကြောင့်  ဒုတိယပြောမည့်သူမှာ သူ ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

“တာအိုရောင်းရင်းမိုက လောကအဆင့် ဇယားရဲ့ အဆင့် ၁ ဆိုတော့ သူက ဒီလိုတောင်းဆိုဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်တယ်” ပြန့်ရွမ်းပိက သူ့စကားအဆုံးတွင် နေရာမှ ဖယ်ပေးလိုက်သည်။ သူက အတွင်းဆုံးပိုင်း အမြင့်ဆုံးအပိုင်းတွင် နေရာယူထား၍ ချောက်နက်မှ ထွက်ဖို့ရာ အားလုံးကို ဖြတ်လျှောက် သွားရသည်။

ကူနို့ကြယ်တာရာ ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်  “ကျုပ်တို့တွေကို ဒီချောက်ထဲကနေ မောင်းထုတ်ဖို့ အကြောင်းပြချက် သက်သက်လား ဆိုတာ ဘယ်လိုလုပ် ယုံရမှာလဲ ...”

မိုဝူကျီတွင် အားလုံးကို မောင်းထုတ်ပြီး မောင်ပိုင်စီးမည့် အကြံဆိုးရှိနေမည့် အရာမျိုးက မဖြစ်နိုင်ပေ။ မိုဝူကျီက သူတို့ကို မောင်းထုတ်နေလျှင် မည်သူမျှ ပြန်ဝင်လာနိုင်မည် မဟုတ်ပေ။

ပြန့်ရွမ်းပိက သူ့ကို စိတ်ထဲ မထားဘဲ ချောက်နက်ထဲမှ ဆက်လျှောက် သွားလိုက်သည်။ ပြန့်ရွမ်းပိ ထွက်သွားပြီး နောက်တွင် မုယင်ချောင်နှင့် ဖန်းချီတို့လည်း လိုက်ပါ သွားကြသည်။

မိုဝူကျီက အေးစက်စက် ရယ်မောလိုက်ရင်း

“ကျုပ်က အားလုံးကို ဖယ်ဖို့ ပြောထားတာ ကျန်းရှင်းက ကျင့်ကြံသူ အားလုံးတောင် အပြင်ရောက်နေပြီ။ တကယ်လို့ ခင်ဗျားတို့တွေ အထဲမှာ ဆက်နေပြီး ကျုပ် ရှာဖွေမှုပေါ် သက်ရောက် လာရင်တော့ နောက်ပိုင်းကျ ရိုင်းတယ်ဆိုပြီး လာအပြစ်မတင်နဲ့ ...”

အကယ်၍ တခြားလူသာ ထိုသို့ ပြောရဲခဲ့လျှင် ကူနို့ကြယ်တာရာနှင့် ဝံပုလွေဘုရင်တောင်မှ ကျင့်ကြံသူများက တွေဝေခြင်းမရှိ တုံ့ပြန်ကြလိမ့်မည်။ သို့သော်လည်း မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ဤနေရာတွင် သက်ရောက်မှု မရှိသည့်အတွက် သူတို့က သူနှင့် မရင်ဆိုင်ရဲကြပေ။ သူနှင့် ရင်ဆိုင်လိုက်ခြင်းက မိုဝူကျီကို ဝင်လာခြင်းကို မတားဆီးနိုင်သလို မှော်ရတနာ အမျိုးမျိုးက ချောက်ထဲ ပြည့်နှက်သွားပါက ဤနေရာမှာ အချိန်မရွေး ဗလာနတ္ထိအဖြစ် ဖျက်ဆီး ခံလိုက်ရမည် ဖြစ်သည်။

“တာအိုရောင်းရင်းမိုက ငါတို့ကို မလိမ်ဘူးလို့ ယုံကြည်တယ်” ကျန်းရှင်း ကျင့်ကြံသူအားလုံး ထွက်သွားပြီးသည့်နောက် အခြားသူများက ပူးပေါင်းရန် ငြင်းဆန်နေသော်လည်း မိုဝူကျီက ထိုအရာကို အတင်းကျပ် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။ ဝံပုလွေနက်က အရင်ဆုံး ပူးပေါင်းလာပြီး သူ့အတွက် ပြောပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဝံပုလွေနက် ထွက်လာသည်နှင့် ဝံပုလွေဘုရင်တောင်မှ အခြားသော သားရဲများနှင့် ဝံပုလွေဘုရင်ကြီးပါ ထွက်လာလေ၏။

ကျင့်ကြံသူအများစု ထွက်သွားသည်ကို မြင်ပြီးနောက် ကျန်ရှိနေသော လူများမှာလည်း ထွက်သွားရုံမှ အပ ရွေးချယ်စရာ မရှိတော့ပေ။

မိုဝူကျီက ရွေးချယ်စရာ ရှိလျှင် တိုက်ခိုက် မလိုသောကြောင့် စိတ်သက်သာရာ ရသွားလေသည်။

အပြင်ဘက်ရှိ လူများမှာလည်း ချောက်နက်အတွင်းမှ မိုဝူကျီကို ကြည့်ရင်း အလွန် စိတ်လှုပ်ရှားနေသည်။ သူတို့ အပြင်ဘက် ရောက်သည်နှင့် သူတို့မှာ မိုဝူကျီကို တစ်ခုခု လုပ်ရန် အခွင့်အရေး ဆုံးရှုံးသွားပြီ ဖြစ်၏။ လတ်တလောတွင် သူတို့ အစိုးရိမ်ဆုံး ကိစ္စရပ်မှာ မိုဝူကျီက ချောက်ကို မောင်ပိုင်စီးပြီး သူတို့ကို ရုတ်တရက် တိုက်ခိုက်မည်ကို ဖြစ်သည်။

မိုဝူကျီက ဘေးပတ်လည်ကို စစ်ဆေး ကြည့်နေသောကြောင့် အပြင်ဘက်မှ လူများသည် သူ့နောက်ကျောနှင့် မျက်နှာချင်းဆိုင် အနေအထား ရှိနေသည်။

မိုဝူကျီက မည်သူကိုမျှ တိုက်ခိုက်ရန် စိတ်ကူးမရှိပေ။ အားလုံး ထွက်သွားသည်နှင့် သူက စိတ်ဝိညာဉ် မျက်လုံးကို အသက်သွင်း လိုက်သည်။

မကြာခင်တွင် ဤနေရာတွင် လျှို့ဝှက် ကူးပြောင်း အစီအရင်အချို့ကို သတိထားမိလိုက်ပြီး ထိုအစီအရင်မှာ ကူးပြောင်း အဆောင်မှ ထားထားခြင်း ဖြစ်သည်။ ပြန့်ရွမ်းပိ၊ ဝံပုလွေနက်နှင့် ဇာစ်မြစ်မသိသည့် ကျင့်ကြံသူတစ်ဦးတို့၏ နေရာ၌ တွေ့လိုက်ရသည်။

မိုဝူကျီသာ သူတို့ကို တိုက်ခိုက်လိုက်ပါက သူတို့ သုံးဦးမှာ ချောက်အတွင်း ချက်ချင်း ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။

မိုဝူကျီက သိပ်စိတ်ထဲ မထားပေ။ သူသာ ဆိုလျှင်လည်း သတိထားမိ ပေလိမ့်မည်။ သူက ထိုအဆောင်သုံးခုကို မျက်စိတစ်မှိတ်အတွင်း အလွယ်တကူ ဖျက်ဆီးပစ် နိုင်သော်လည်း ဘာမှတော့ မလုပ်လိုက်ပေ။ သို့သော်လည်း သူက ဤနေရာတွင် နှစ်ထောင်ချီ ပိတ်မမိနေစေရန်  ထွက်လမ်း ရှာဖို့ရန်သာ အမှန်တကယ် စိတ်ဝင်စားနေသည်။

အမွှေးတိုင် တစ်ဝက်ခန့်လောက်တွင် မိုဝူကျီက တစ်ခုခု ထူးဆန်းတာ သတိပြုမိလိုက်သည်။ ဝိညာဉ်စွမ်းအား အသိပ်သည်းဆုံး နေရာမှာ ပြန့်ရွမ်းပိ နေရာ ဖြစ်ကာ သူ့နေရာမှာ ကျန်လူများထက် မြေအမြင့်တွင် တည်ရှိနေသည်။ သူ့နေရာနောက်တွင် မာကျောခိုင်ခံ့သော နံရံကြီး ရှိနေသော်လည်း သူ့စိတ်စွမ်းအားဖြင့်ပင် အာရုံခံလို့ မရသည့် အစီအရင် တစ်ခုလည်း ရှိနေသည်။

မိုဝူကျီက အစီအရင်နောက်ကို မမြင်နိုင်သော်လည်း သူသာ အမှန်တကယ် ထွက်လိုပါက ဤနံရံနောက်မှ အစီအရင်ထိ ချိုးဖျက်ရမည် ဖြစ်ကြောင်း သိသည်။

မိုဝူကျီက လက်ဖြင့် နံရံကို ထိလိုက်သည့်အခါ ဤမာကျောခိုင်ခံ့မှုမှာ သူတစ်ယောက်တည်းဖြင့် အလွယ်တကူ ချိုးဖျက်နိုင်သည့်အရာ မဟုတ်မှန်း သိလိုက်သည်။ ထို့အပြင် သူက တစ်ယောက်တည်း တတ်နိုင်လျှင်ပင် မလုပ်ပေ။ ထို့အပြင် နံရံအတွင်း ရှိနေသည့် အစီအရင်မှလွဲလျှင် ပြန့်ရွမ်းပိ၏ လျှို့ဝှက် ကူးပြောင်း အဆောင်လည်း ရှိနေသေးသည်။ မိုဝူကျီအတွက် အထင်မြင် လွဲမှားသွားလျှင် မကောင်းချေ။

ထိုအတွေးဖြင့် မိုဝူကျီက မတ်တတ်ရပ်ကာ လူအုပ်ကြီးကို အော်ပြောလိုက်သည်  “အားလုံး အခုပြန်ဝင်လာလို့ ရပါပြီ”

မိုဝူကျီ စကားကို ကြားသည့်အခါ အားလုံးက  ချောက်နက်အတွင်း အမြန်အဆန် ပြန်ရောက် လာကြသည်။ သူတို့ အင်အား အစစ်အမှန်ကို ဖော်ထုတ်နိုင်သည့် နေရာမှာ ချောက်နက် အတွင်းသာ ဖြစ်ပေ၏။

ပြန့်ရွမ်းပိက မိုဝူကျီဆီ လက်သီးဆုပ်ကာ   “တာအိုရောင်းရင်းမို ... တစ်ခုခုများ တွေ့လား”

မိုဝူကျီက ပြန့်ရွမ်းပိ၏ နေရာနောက်မှ နံရံကို ညွှန်ပြကာ   “တာအိုရောင်းရင်းပြန့် ... တစ်ခုတော့ ရှာတွေ့တယ်။ ကျုပ်က အစီအရင် တာအိုအကြောင်း နည်းနည်းသိတော့ ဒီနံရံနောက်မှာ လျှို့ဝှက်အစီအရင် ရှိနေမယ်ဆိုတာ ခံစားမိနေတယ်။ အဲဒီအစီအရင်က လူလုပ်လား သဘာဝအတိုင်း ရှိနေတာလားတော့ မသေချာဘူး။ အဲဒါကြောင့် ပိုသိချင်ရင် ဒီနံရံကို အရင် ဖျက်ဆီးပစ်ရမယ် ...”

မိုဝူကျီက သူ့စိတ်ဝိညာဉ် မျက်လုံးအကြောင်း မပြောဘဲ အစီအရင် အကြောင်းသာ တန်းပြောလိုက်သည်။

မည်သူမျှ မပြောကြပေ။ သူတို့က ပြန့်ရွမ်းပိကိုသာ ကြည့်နေလိုက်ကြပြီး ဖျက်ဆီးဖို့ လိုအပ်သည့်နေရာမှာ သူ့နေရာနောက် မဟုတ်ပါလော။

ပြန့်ရွမ်းပိက ခပ်ယဲ့ယဲ့ ပြုံးကာ “ကျုပ် ငြင်းစရာ မရှိပါဘူး။ ဒါပေမဲ့ တာအိုရောင်းရင်းမို တစ်ခုသိအောင် ပြောပြရဦးမယ်။ ကျုပ် ဒီကို ရောက်လာခါစက လေးဖက်လေးတန်လုံး ဖောက်ခွဲပစ်ဖို့ ကြံဖူးတယ်။ အစပိုင်းတော့ နေရာက ကျယ်သွားသလို ဖြစ်လာပေမဲ့ ရှေ့အခြမ်းက ရုတ်တရက် ပြိုကျလာပြီး နေလို့ မရတော့ဘူး။ ပြီးတော့ ကျုပ်တို့ နေရတဲ့နေရာက ပိုကျဉ်းလာတယ် ...”

မိုဝူကျီက ပြန့်ရွမ်းပိ၏ စကားအဓိပ္ပာယ်ကို နားလည်ပေသည်။ လူအများ သူတို့ စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားများ ထုတ်မသုံးနိုင်သည့် အပြင်ပိုင်းနေရာမှာ အစပိုင်းတွင် ထိုမျှ မကြီးမားသော်လည်း အားလုံးက ချောက်ကို ဖောက်ခွဲပြီးနောက် ရလဒ်အနေနှင့် အတွင်းဘက် နေရာမှာ သေးလာခြင်း ဖြစ်သည်။

မိုဝူကျီသာ ယုံကြည်ချက် မရှိပါက ထိုအတွေးကို လက်လွှတ် လိုက်သင့်ကြောင်း ပြောနေခြင်း ဖြစ်သည်။

“ကျုပ် ယုံကြည်တယ်” မိုဝူကျီက ခိုင်မာစွာ ပြောလိုက်သည်။

သူက ဆက်ပြောလိုက်သည်  “တကယ်လို့ အားလုံးက ထွက်သွားဖို့ စိတ်မဝင်စားဘူး ဒီနေရာမှာပဲ နေပြီး နောက်ထပ် နှစ်ထောင်ချီ ကျင့်ကြံနေချင်တယ် ဆိုရင်တော့ ကျုပ် ပြောတာ မေ့လိုက်ပေါ့ ...”

“ညီလေးမို ကျုပ်တော့ ဒီနေရာ ငြီးငွေ့နေပြီ။ ညီလေးကို ကျုပ် ကူပေးမယ် ...”လော့ချွမ်းဟယ်က အရင်ဦးဆုံး ထွက်လာပြန်သည်။

“ကျုပ်လည်း ကူပေးမယ်” နောက်တစ်ယောက်မှာ သက်တမ်း အကြာရှည်ဆုံးဖြစ်သည့် ဖန်ချီ ဖြစ်ကာ ဤနေရာတွင် နေနေခြင်းက သူ့အတွက် သေခြင်းတရားကို စောင့်ဆိုင်းနေသည်နှင့် အလားတူပေသည်။

မိုဝူကျီက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေသည့် ကျန်လူများ အဖြေကို စောင့်မနေဘဲ ဆက်ပြောလိုက်သည်  “ဒီလိုဆိုမှတော့ ကျုပ်တို့က ဒီနေရာကို ဆက်တိုက် တိုက်မယ်။ ဒီနံရံ ဘယ်လောက်မာမာ ကျုပ်တို့သာ ပူးပေါင်းတိုက်ရင်  ကြာရှည်ခံနိုင်မယ် မထင်ဘူး”

“ဟုတ်ပြီ” ပြန့်ရွမ်းပိက စကားတစ်ခွန်းသာ ရေရွတ်ကာ သူ့မှော်ရတနာကို ထုတ်ယူလိုက်သည်။

ပြန့်ရွမ်းပိ၏ မှော်ရတနာမှာ ခေါက်သိမ်းနိုင်သည့် ယပ်တောင် အမျိုးအစား ဖြစ်၍ မိုဝူကျီက ထိုယပ်တောင်မှာ မည်မျှ အားကောင်းကြောင်း သိချင်မိသွားသည်။ ပြန့်ရွမ်းပိက ဤနေရာတွင် အားအကောင်းဆုံး ဖြစ်ကာ သူ့ကျင့်စဉ်မှာလည်း အထူးခြားဆုံး ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် ပြန့်ရွမ်းပိ၏ သွင်ပြင်မှ အသက်ရွယ် လက္ခဏာကို မိုဝူကျီ သတိပြုမိမည် မဟုတ်ပေ။

“တာအိုရောင်းရင်းမိုက “တိုက်” လို့ ပြောတာနဲ့ ကျုပ်တို့တွေ စတိုက်မယ်” ပြန့်ရွမ်းပိက သူ့ယပ်တောင်ကို ကိုင်ထားရင်း ရယ်မောကာ ပြောလိုက်သည်။

အားလုံးက သူတို့ ကိုယ်ပိုင် မှော်ရတနာများ ဆွဲကိုင်ပြီးပြီ ဖြစ်၍ မိုဝူကျီလည်း သူ့တျန်းဂျီတုတ်ကို ထုတ်ယူကာ  “သွားကြစို့ ...”

မိုဝူကျီက တျန်းဂျီတုတ်ကို ဝှေ့ယမ်းလိုက်သည့် အခိုက်အတန့် အားလုံးက မိုဝူကျီ တိုက်နေသည့် နေရာကို ဝိုင်း၍ တိုက်ခိုက် ကြတော့သည်။

မိုဝူကျီက ထိုလူများကို စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးမိသည်။ အကြောင်းမှာ သူတို့က သူတို့ကိုယ်ပိုင် နယ်ပယ်တိုင်းတွင် အမှန်တကယ် ပါရမီရှင်များ ဖြစ်ကြသည်။ ကျူးချူကို ဝိုင်းဝန်း ကူတိုက်ပေးသည့် လောကအင်မော်တယ် အဆင့်များနှင့် ယှဉ်ပါက ယခု  သူတို့ တိုက်ခိုက်မှုမှာ အဆရာပေါင်းများစွာ အားကောင်းပေ၏။ ထို့အပြင် အားလုံးက တစ်ယောက်နှင့် တစ်ယောက် သတိထားနေသည့် အနေအထားဖြစ်၍ မည်သူမျှ သူတို့အားကုန် သုံးရအောင် မရူးမိုက်ကြပေ။ မိုဝူကျီပင် အားကုန် ထုတ်မသုံးချေ။

“ဘုန်း” တူညီသည့်နေရာပေါ်သို့ တိုက်ခိုက်မှု ဆယ်မျိုးကျော် ကျရောက် လာသည့်အခါ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်လာသည်။

ကျောက်စိုင် ကျောက်မွှားလေးများ ကျလာသောကြောင့် အားလုံးက အပြင်ဘက်ကို ကြည့်လိုက်ကြသည်။ အားလုံးရပ်နေသည့် အစွန်းနေရာအထိ ကျောက်တုံးများ ရောက်လာသောကြောင့် မိုဝူကျီ၏ ပတ်လည် တစ်ဝက်လောက်မှာ သဘာဝစွမ်းအားများ မစုစည်းနိုင်သည့် နေရာ ဖြစ်လာသည်။

အားလုံးက မိုဝူကျီကို ကြည့်လိုက်ကြပြီး  တစ်ယောက်မျှ မပြောသော်လည်း မိုဝူကျီက အားလုံး အလိုရှိသည့်အရာကို သိလိုက်သည်။ သူတို့သာ ဆက်လက် တိုက်နေပါက ဤနေရာမှ ထွက်လမ်းကို မရှာနိုင်ရုံသာမကဘဲ ချောက်နက်လေးပါ ပျောက်ကွယ် သွားပေလိမ့်မည်။

မိုဝူကျီက အထိခိုက်မရှိသည့် နံရံကို ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ  “တာအိုရောင်းရင်းတို့  ... အားလုံး စိတ်ပူပင်နေတာကို သိပါတယ် ဒါပေမဲ့ ကျုပ်ကို ယုံပေးပါ။ ဒီနံရံက တစ်ခုခု ထူးခြားနေတာ သေချာတယ်။ ကျုပ်တို့ ဒီနံရံကို ဖျက်ဆီးနိုင်တာနဲ့ ထွက်လမ်း ရှာတွေ့နိုင်တယ် ... ဒါပေမဲ့ နောက်တစ်ခါ တိုက်ခိုက်မှုမှာ အားလုံးက အားကုန်သုံးပေးဖို့ မျှော်လင့်တယ်။ ဒီနံရံက အတော်လေး မာကျောတော့ ကျုပ်တို့စွမ်းအား ထည့်သုံးရင်တောင် နံရံက ချိုးဖောက်ဖို့ အတော် ခက်သေးတယ်။ အားလုံးက အတွေးမများကြဖို့ မျှော်လင့်မိတယ်။ တွေဝေနေတာက ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်လာစေမှာ မဟုတ်ဘူး ...”

သူ့စကား အဆုံးတွင် မိုဝူကျီက အားလုံးကို စဉ်းစားခွင့်ပင် မပေးဘဲ တျန်းဂျီတုတ်ကို လွှဲကာ အော်လိုက်တော့သည်  “အားလုံး ...”

“ဘုန်း” မှော်ရတနာ အမျိုးမျိုး၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် ယခင်တစ်ခါနှင့် ယှဉ်လျှင် အားမှာ အဆများစွာ အားပြင်း လာပေသည်။

ကျောက်တုံး ပြိုကျသံများကို တစ်ခါကျလိုက်ရ၍ အားလုံးမှာ သူတို့နေရာ ပိုကျဉ်းသွားကြောင်း သိလိုက်ကြသည်။

မိုဝူကျီက စိတ်ထဲ မထားဘဲ တျန်းဂျီတုတ်ကို နံရံအလယ်ကို ချိန်ရွယ်က ရိုက်ချလိုက်သည်။ အားလုံးကလည်း မှော်ရတနာများ ထုတ်ကာ မိုဝူကျီနှင့် အတူတူ ပူးပေါင်း ပေးကြသည်။

အားလုံးမျက်နှာမှာ အနည်းငယ် ခက်ထန် တင်းမာလာလေသည်။ အကြောင်းမှာ သူတို့ရပ်နေသည့် နေရာမှာ နဂို၏ သုံးပုံတစ်ပုံလောက်သာ ကျန်ရှိပေတော့သည်။ တခြားနည်းဖြင့် ဆိုရလျှင် သူတို့အားလုံး ထွက်လမ်းကို မရှာတွေ့နိုင်ပါက အားလုံးမှာ ဤနေရာ ကျဉ်းကျဉ်းလေး၌ ပြွတ်သိပ်ကာ နေရတော့မည်။

“အက်ကြောင်း ပေါ်လာပြီ” မိုဝူကျီက အားလုံး တိုက်ခိုက်ခဲ့သည့် နေရာကို ညွှန်ပြရင်း အော်ပြောလိုက်သည်။

“အဲတော့ ဘာဖြစ်လဲ  ... အမွှေးတိုင် တစ်ဝက်စာလောက် တိုက်ပြီးရင် ဘယ်နံရံမဆို အက်ကြောင်းတော့ ပေါ်လာမှာပဲ ...” ဝံပုလွေဘုရင်ကြီးက အေးစက်စွာ ပြောလိုက်သည်။

***

All Chapters