နတ်ဆိုး တီးတိုးသံ
Vol. 38 Ch. 519
ဝမ်ဝေ့က သူ့မိသားစုနှင့်အတူ ညစာစားပြီး ရက်အနည်းငယ်ကြာ စိတ်အေးလက်အေးနေဖို့ ပြင်ဆင်လိုက်သည်။ သူက သူ့အရင်းအမြစ် စုဆောင်းရေးကို ကူညီပေးနိုင်သည့် လျှို့ဝှက်နယ်မြေ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။
ထို့နောက် သူက သူ့သိုလှောင်လက်စွပ်အတွင်းမှ ရေကရားတစ်ခုကို ထုတ်ကာ ဖွင့်ကြည့်လိုက်သည်။ ဂိုဏ်းတစ်ခုလုံးအနှံ့ သူ့တောင်ထိပ်မှ ပျံ့နှံ့လာသည့် အနံ့သင်းသင်းလေးကို ရလိုက်ကြ၏။
တပည့်များနှင့် အကြီးအကဲများက တံတွေးမျိုချရင်း သူ့တောင်ထိပ်ရှိရာဆီ လှမ်းကြည့်လာကြသည်။
ထိုသေရည်သည် အရသာရှိကာ ကျင့်ကြံရေးအတွက် အကျိုးရှိလိမ့်မည် ဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။
ဝမ်ဝေ့က တစ်ငုံသောက်ကာ အရသာခံလိုက်သည်။ အနည်းငယ် သောက်သုံးပြီးသည့်နောက်တွင် သူ၏ လျှာကဝေဆဲလ်များက အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်ခွန်းအားက နဂါး ၅ ကောင် အင်အားအထိ တိုးမြင့်သွားသည်။
သူက ခေတ်သစ်နည်းပညာကို အသုံးပြု၍ သေရည်ကို ကျိုချက်ခဲ့ခြင်း ဖြစ်ကာ နောက်ဆုံးဖြစ်စဉ်တွင် ပင်ကိုချီ ထည့်သွင်းပေးခဲ့သည်။ ထို့နောက် သူက ပင်ကိုအချိန်ရတနာဖြင့် ထိုသေရည်အား အနည်းဆုံး နှစ်နှစ်သိန်းခွဲ ထားထားခြင်းဖြစ်သည်။
“ မဆိုးဘူးပဲ။ ဒါပေမဲ့ နောက်ထပ်နှစ်တစ်သန်းခွဲလောက် စောင့်လိုက်ရင် ပိုပြီးတော့ အရသာကောင်းလာမှာ”
သူက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ လီကျွင်းက သူ့နေရာဆီ ပျံသန်းလာနေသည်ကို မြင်လိုက်ရ၏။ သူက လက်ဝှေ့လိုက်ပြီး တောင်၏ အစီအရင်များအား အသက်သွင်းလိုက်သည်။ ယနေ့ သူက ဤအရာကို မည်သူနှင့်မျှ မဝေမျှနိုင်ပေ။
လီကျွင်း၏ အော်ခေါ်သံများနှင့် အဆောင်မှတဆင့် ဆက်သွယ်မှုများအားလုံးကို လျစ်လျူရှုထားလိုက်သည်။ ဝမ်ဝေ့က အနည်းငယ် ထပ်သောက်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ခွန်အားက ထပ်မံ တိုးမြှင့်လာသည်ကို ခံစားမိလိုက်သည်။
ထို့နောက် သူက သေရည်ကို သိမ်းဆည်းဖို့ ပြင်လိုက်စဉ် တစ်စုံတစ်ခုကို ရုတ်ချည်းခံစားမိလိုက်သည်။ သူ့ဝိညာဉ်ကွန်ယက် အံ့ဖွယ်စွမ်းရည်ကို အသက်သွင်းလိုက်ပြီး သိုင်းပညာ ကမ္ဘာ့အထွတ်အထိပ်အသိုက်အဝန်းဆီ အာရုံခံလိုက်၏။
“ ငါ တစ်ခုခုကို ရှာတွေ့ခဲ့တာလား။ နောက်ဆုံးတော့ တွေ့ခဲ့ပြီပဲ”
ဝမ်ဝေ့က သူ့စွမ်းရည်ဖြင့် သိုင်းပညာအထွတ်အထိပ်ကမ္ဘာမှ သူ့အား ပင်ကိုရတနာ ပေးနိုင်သည့်သူတချို့ကို ရှာဖွေခဲ့သည်။ သူက ထိုသို့ရတနာမျိုး ရရှိနိုင်သည့် ဧကရာဇ်မျိုးနွယ်မှ လူများကို ပစ်မှတ်ထားခဲ့၏။
သူ့အဓိကအာရုံစိုက်မှုမှာ ကောင်းကင်ရွေးချယ်ခံများ မဟုတ်ဘဲ ထိုနေရာကို ရရှိဖို့ ကျရှုံးသွားသည့်လူများကို ဖြစ်၏။ တစ်ခုတည်းသော ဟာကွက်မှာ သူက ထိုလူများ သူတို့ဂိုဏ်းမှ ထွက်လာဖို့ စောင့်ဆိုင်းရခြင်း ဖြစ်၏။ အကြောင်းမှာ သူ့စွမ်းရည်က မသေမျိုးအဆင့် အစီအရင်များဖြင့် ကာကွယ်ထားသည့်အခါ သူတို့၏ ဝိညာဉ်ဆီ မထိုးဖောက်နိုင်၍ ဖြစ်သည်။
ဝိညာဉ်ကွန်ယက် စွမ်းရည်အတွက် ဖန်တီးထားသည့် စိတ်နန်းဆောင်အတွင်း သူက တစ်စုံတစ်ခုကို အာရုံစိုက်ထားလိုက်သည်။
“ စုန့်ကျင်းယွမ် စုန့်မိသားစုရဲ့ ဒုတိယသား၊ မဟာဧကရာဇ်လေးပါး မွေးထုတ်ထားတဲ့ သိုင်းပညာမျိုးနွယ်။ ပထမသားဂုဏ်ပုဒ်ကို အဖွဲ့ခွဲက ပြိုင်ဘက်ကင်းပါရမီရှင်ဆီမှာ ဆုံးရှုံးခဲ့ရတယ်။
သူက ရှုံးနိမ့်မှုကို လက်ခံပြီးတော့ ပထမသားကို ဆက်တိုက်စိန်ခေါ်မှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အကြိမ်များစွာ ကျရှုံးပြီးတဲ့နောက်မှာ အဲဒီလူက သူ့အတွက် စိတ်နတ်ဆိုး ဖြစ်လာခဲ့တယ်။ အတော်လေးကို ပြီးပြည့်စုံတာပဲ”
“ ဒါက ဘယ်နေရာလဲ” စုန့်ကျင်းယွမ်က ဘေးပတ်လည်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူက ဓားမြို့တော် သိုင်းပညာညီလာခံအတွက် စောင့်ဆိုင်းနေစဉ် သူ့ဝိညာဉ်က ဤနေရာသို့ အတင်းအကြပ် ခေါ်ဆောင်ခံလိုက်ရခြင်း ဖြစ်၏။
သူက ဘေးပတ်လည်ကို ကြည့်လိုက်သည့်အခါ မျက်နှာချင်းဆိုင်တွင် လူအိုကြီး ထိုင်နေသည်ကို မြင်လိုက်ရသည်။ သူက ထိုလူဆီမှ အရှိန်အဝါ သို့မဟုတ် ကျင့်ကြံဆင့်ကို မခံစားမိသောကြောင့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော်လည်း ထိုလူက သူ့ဝိညာဉ်ကို တာအိုကာကွယ်သူနှင့် ဓားမြို့တော်ရှိ မြို့အရှင်တို့၏ မျက်စိအောက်မှ ဤနေရာသို့ ခေါ်ဆောင်နိုင်ခဲ့သည့်အတွက် သူသည် မသေမျိုးအဆင့် ပုဂ္ဂိုလ်သာ ဖြစ်လိမ့်မည်။ အနည်းဆုံးတော့ ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်နေနိုင်၏။
“ ဂျူနီယာ စုန့်ကျင်းယွမ်က စီနီယာကို နှုတ်ခွန်းဆက်သပါတယ်”
“ အင်း စိတ်တည်ငြိမ်သားပဲ။ မဆိုးဘူး” ဝမ်ဝေ့က ဂျူနီယာတစ်ယောက်ကို ပြန်ပေးဆွဲထားသည့်လူအလား ပြောလိုက်သည် “ ငါက ကွေ့ဝိုက်ပြောမနေတော့ဘူး။ မင်း စုန့်သာရှန့်ကို အနိုင်ယူချင်လား”
“ စီနီယာ ဘာကိုပြောချင်တာလဲ”
“ မင်း သူ့ကို အနိုင်ယူနိုင်မဲ့ ယာယီစွမ်းအားမျိုး ပေးနိုင်တယ်”
စုန့်ကျင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး တုံ့ဆိုင်းသွားကာ “ စီနီယာ အဲဒါဆိုရင် ကျွန်တော်ဆီက ဘာပြန်လိုချင်တာပါလဲ”
“ ဉာဏ်ကောင်းတဲ့သူတွေနဲ့ စကားပြောရတာ ကောင်းသား။ ငါက ပင်ကိုဆေးပင်တွေ လိုချင်တယ်”
စုန့်ကျင်းယွမ်က အံ့အားသင့်သွားသော်လည်း ထိုစီနီယာက တဲ့တိုးပြောလိမ့်မည်ဟု မထင်မိပေ။
“ ဟေ့ကောင်လေး ငါတို့လို လေလွင့်မသေမျိုး ကျင့်ကြံသူတွေအတွက် ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မင်းနားမလည်ပါဘူး။ နောက်ခံမရှိဘဲနဲ့ ငါတို့က ကိုယ်ပိုင်အရင်းအမြစ်ကို ရှာဖွေရတယ်” ဝမ်ဝေ့က သက်ပြင်းချကာ ပြောလိုက်သည်။
စုန့်ကျင်းယွမ်၏ မျက်နှာအထက် နားလည်သွားသည့် အမူအရာမျိုး ဖြတ်ပြေးသွားကာ ရှက်ရွံ့စွာ ပြုံးလိုက်ရင်း ပြောလိုက်သည် “ စီနီယာ…”
“ မင်းက ဒုတိယသားအနေနဲ့ ပင်ကိုအရင်းအမြစ်ကို မရနိုင်တာ သိတယ်”
စုန့်ကျင်းယွမ်က လက်သီးဆုပ်လိုက်သည်။
“ ငါတို့ လုပ်ရမှာ ဒါပဲ။ မင်းကို သုံးခုငှားမယ်။ ပြီးတော့ မင်းက ပထမသားကို ပင်ကိုရတနာ သုံးခုတန်ကြေးနဲ့ စိန်ခေါ်ရမယ်။ မင်း ငါ့စွမ်းအားကို အသုံးပြုပြီး သူ့ကို အနိုင်ရပြီးတဲ့နောက်မှာ ပြန်ပေးရမယ်”
“ ကျွန်တော် လက်ခံတယ်” စုန့်ကျင်းယွမ်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“ မင်းက ခဏလောက်တောင် မစဉ်းစားတော့ဘူးလား။ ငါ စောင့်ရတာ ကိစ္စမရှိဘူး”
“ မလိုပါဘူး”
သူက သူ့မိသားစုကို ဤတွေ့ဆုံမှုအကြောင်း ပြောပြဖို့ရာ တွေးနေမိသည်။ အထူးသဖြင့် ထိုလူက လေလွင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည့်အခါတွင် ဖြစ်၏။ သို့သော်လည်း သူက စုန့်မျိုးနွယ်ရှိ လေလွင့် အထွတ်အထိပ်အကြီးအကဲများပင် စုန့်သာရှန့်၏ ဘက်ရောက်နေကြောင်း တွေးလိုက်မိသည့်အခါ တခြားတစ်ခုသာ ဆုံးဖြတ်လိုက်၏။
သူ့အတွက် လိုအပ်သည်က ရန်သူကို နှိမ်နင်းပြီး လက်ရှိစိတ်နတ်ဆိုးကို အနိုင်ယူဖို့ ဖြစ်သည်။
“ ကောင်းတယ်။ အဲဒါဆို စာချုပ်ချုပ်ရအောင်”
စုန့်ကျင်းယွမ်က ထိုလူသည် သူ့အပေါ် တားမြစ်ချက်တချို့ ထားဖို့ လိုအပ်သည်ကို မအံ့ဩမိပေ။ ထို့ကြောင့် သူက စာချုပ်ပါ အသေးစိတ်အချက်အလက်ကို ဖတ်ရှုလိုက်ပြီးနောက် သူ့ဝိညာဉ်နှင့် လက်မှတ်ထိုးလိုက်သည်။
“ မင်း စုန့်သာရှန့်ကို ဘယ်လိုအနိုင်ယူချင်လဲ”
“ စီနီယာက ဘာကိုပြောချင်တာပါလဲ”
“ မင်းက ပြိုင်ဘက်ကင်း စွမ်းအားကို သုံးပြီးတော့ သူ့ကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူချင်လား။ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတော့ နောက်ဆုံးအခြေအနေမှာ ကပ်ပြီးတော့ အနိုင်ယူချင်လား။ ပိုကောင်းတာက သူ့ကို တိုက်ပွဲတစ်လျှောက်လုံးမှာ ဖိနှိပ်ထားမလား”
စုန့်ကျင်းယွမ်က ပထမတစ်ခုကို ရွေးချယ်လိုသော်လည်း ထိုသို့လုပ်ခြင်းက သူ့မိသားစုဆီမှ မေးခွန်းများ ထွက်ပေါ်လာလိမ့်မည်ကို သိထားလေသည်။ ထို့ကြောင့် သူက ဒုတိယတစ်ခုကို ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်၏။ သို့သော် သူက တစ်ဖက်လူဆီမှ နှစ်ထောင်ပေါင်းများစွာ ခံစားခဲ့ရသည့် ကံဆိုးမှုများနှင့် ဒုက္ခများကို တွေးမိလိုက်သည့်အခါ ပြောလိုက်၏ “ ကျွန်တော် တတိယတစ်ခုကို ရွေးချယ်တယ်”
ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် သူ့လက်ထဲတွင် ပစ္စည်းနှစ်ခု ထွက်ပေါ်လာသည်။ အဆောင်တစ်ခုနှင့် သွေးတစ်စက် ဖြစ်၏။
“ စီနီယာ ဒါက…”
“ ဒီနှစ်ခုလုံးက မင်း ပြိုင်ဘက်ကို အနိုင်ယူနိုင်အောင် လုပ်ပေးလိမ့်မယ်။ တကယ်လို့ မင်းက အဆောင်ကို ရွေးချယ်မယ်ဆိုရင် မင်းမိသားစုက ပြင်ပအကူအညီအကြောင်းကို သိသွားလိမ့်မယ်။ အဲဒါကြောင့် မင်း အနိုင်ရရှိတာက ကံအပြောင်းအလဲ အခွင့်အရေးကြောင့်ဆိုပြီးတော့ သတ်မှတ်ကြမှာပဲ။ ဒါပေမဲ့ မင်း သွေးကို ယူမယ်ဆိုရင်တော့ သူတို့က မင်းရဲ့အင်အားလို့ တွေးကြလိမ့်မယ်။”
စုန့်ကျင်းယွမ်က အံကြိတ်လိုက်သည်။ သူက ရွေးချယ်သင့်သည့် အဖြေသည် အဆောင် ဖြစ်နေကြောင်း သိထားသော်လည်း သွေးစက်ဆီမှ အကြည့်မလွှဲနိုင်ပေ။
“ ကျွန်တော် သွေးကို ရွေးချယ်တယ်”
“ ကောင်လေး သေချာစဉ်းစားဦး။ စွမ်းအားက ယာယီပဲ”
“ စီနီယာ ကျွန်တော် ရွေးချယ်ပြီးသွားပြီ”
“ အဲဒါဆိုလည်း မင်း သဘောပဲ”
သွေးစက်က သူ့ရှေ့ ရောက်လာသည့်အခါ စုန့်ကျင်းယွမ်က မျိုချလိုက်သည်။
“ စီနီယာ ကျွန်တော် စွမ်းအားကို တစ်ကြိမ်တည်း အသုံးပြုနိုင်တာလား။”
“ ဟုတ်တယ်”
“ ကျွန်တော် အကြိမ်နည်းနည်း ထပ်ပြီး သုံးလို့ရအောင် လုပ်ပေးလို့ရမလား”
“ ဘာလို့လဲ”
“ စုန့်သာရှန့်က အခုရောက်လာမဲ့ သိုင်းပညာညီလာခံမှာ ပါဝင်ယှဉ်ပြိုင်လိမ့်မယ်။ ကျွန်တော် သူ့ကို အားလုံးရှေ့မှာ နောက်ဆုံးပွဲမှာ အနိုင်ယူချင်တယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အင်အားက နောက်ဆုံးပွဲထိ ရောက်ဖို့ မဖြစ်နိုင်မှန်း သိတယ်။ သူကတော့ အခွင့်အရေး အများကြီး ရှိနေတယ်။”
“ သွေးကို မင်းစွမ်းအားထက် ကျော်လွန်နေတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စွမ်းအားတချို့ ထုတ်လွှတ်လာအောင် လုပ်ပေးထားမယ်။ အဲဒါဆိုရင် မင်း နောက်ဆုံးပွဲအထိ ရောက်သွားနိုင်မှာပဲ”
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ အဆောင်တစ်ခု ထွက်ပေါ်လာသည်။
“ ဒါက ကံကြမ္မာလှုံ့ဆော်ရေး အဆောင်ပဲ။ ဒါကို ဝတ်ဆင်ထားရင် မင်း စုန့်သာရှန့်နဲ့ နောက်ဆုံးပွဲမတိုင်ခင် တွေ့ဆုံတာကို ရှောင်ရှားနိုင်တယ်။ ပြီးတော့ အားအကောင်းဆုံး ပြိုင်ပွဲဝင်တွေက အချင်းချင်း ကြိုတွေ့သွားပြီးတော့ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြလိမ့်မယ်”
စုန့်ကျင်းယွမ်က အဆောင်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီးနောက် လက်ခံကာ ထိုနေရာမှ ထွက်လာလိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သည့်အခါ သူက စုန့်မျိုးနွယ်ရှိ အဆောက်အဦးတစ်ခုထဲ ဖြစ်နေကြောင်း သိလိုက်ရ၏။
သူက သူ့သွေးကြောများမှ စွမ်းအားကို ခံစားမိလိုက်သည့်အခါ စိတ်လှုပ်ရှားလာမိ၏။
စုန့်သာရှန့် ငါ့ကို စောင့်နေလိုက်…
စုန့်ကျင်းယွမ်က ပြိုင်ပွဲကို တအံ့တဩဖြင့် ကြည့်လိုက်သည်။ နာမည်ကျော် ကောင်းကင်ရွေးချယ်ခံအားလုံး သို့မဟုတ် ပျိုးထောင်ခံ ပြိုင်ပွဲဝင်အားလုံးက တစ်ယောက်နှင့် တစ်ယောက် ပြိုင်ဖက်အဖြစ် ရွေးချယ်ကြမိသည်။
ထိုစဉ် သူနှင့် စုန်သာရှန့်က အားကောင်းသည့် ပြိုင်ဖက်များကို ရွေးချယ်မိသော်လည်း သူတို့အနိုင်မယူနိုင်လောက်အောင်အထိတော့ မဟုတ်ခဲ့ပေ။ ထို့နောက် သူတို့နှစ်ဦးသားက နောက်ဆုံးပွဲတွင် တွေ့ဆုံကြသည့်အတွက် ကြည့်ရှုနေသည့် ယခင်မျိုးဆက်ပင် အံ့အားသင့်သွားရသည်။
အစီအစဉ်အတိုင်း စုန့်ကျင်းယွမ်က တစ်ဖက်လူအား ပင်ကိုရတနာသုံးခုအတွက် အလောင်းအစား ထပ်ခဲ့သည်။ ယုံကြည်ချက် ပြည့်ဝနေသည့် စုန့်သာရှန့်က အပေးအယူကို လက်ခံကာ စာချုပ်ရေးထိုးခဲ့၏။
ထို့နောက် စုန့်ကျင်းယွမ်က တိုက်ပွဲစဉ်တစ်လျှောက်လုံး သူက ဆိုးဆိုးရွားရွား ဆက်ခံခဲ့သည်။ ဝမ်ဝေ့၏ အင်အား ၇၀ ရာခိုင်နှုန်းပါဝင်နေသည့် သွေးစက်ဖြင့် သူသည် တစ်ဖက်လူအား တစ်ဘဝလုံး မမေ့လျော့နိုင်ခဲ့သည့်အထိ ရိုက်နှက်ခဲ့သည်။
စုန့်ကျင်းယွမ်က ယခင်နှစ်ထောင်ပိုင်းအတွင်း သူ ခံစားခဲ့ရသည့် ဒုက္ခနှင့် ခံစားမှုအားလုံးကို ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။ အကယ်၍ စုန့်မျိုးနွယ်အကြီးအကဲကသာ သူ့အား သတိမပေးခဲ့လျှင် သူက စုန့်သာရှန့်ကို သတ်မိလောက်သည်။
ပြိုင်ပွဲကို အနိုင်ရရှိပြီးသည့်နောက်တွင် စုန့်ကျင်းယွမ်က ဆုလာဘ်ကို လက်မခံခင် သူ့မျိုးနွယ်၏ အကြီးအကဲက သူ့ ရုတ်ချည်းတိုးတက်လာသည့် အင်အားအကြောင်းကို မေးမြန်းခဲ့၏။ သူက သူ့အင်အား ရုတ်ချည်း တိုးပွားသွားစေသည့် ကံအပြောင်းအလဲ အခွင့်အရေးနှင့် တွေ့ဆုံခဲ့သည်ဟုသာ ပြောခဲ့သည်။ မည်သူကမှ သူ့အား သံသယ မဖြစ်ကြပေ။
ထိုအင်အား တိုးပွားလာခြင်းက သိသာသော်လည်း လက်မခံနိုင်လောက်သည့် အနေအထားတော့ မဟုတ်ပေ။
ထို့နောက် စုန့်သာရှန့် သတိပေးထားသည့် ပင်ကိုရတနာ ၃ ခုနှင့် ပတ်သက်ပြီး ပြဿနာ အနည်းငယ် ရှိလာသည်။ အကြီးအကဲတချို့က ဂျူနီယာကြားမှ တိုက်ပွဲဖြစ်သည့်အတွက် အပေးအယူအတွက် မလိုအပ်ကြောင်း အငြင်းပွားခဲ့သည်။
သို့သော်လည်း စုန့်ကျင်းယွမ်၏ မလျှော့စတမ်း တောင်းဆိုမှုနှင့် စုန့်သာရှန့်၏ ဝိညာဉ်ကို စာချုပ်အရ ဖျက်ဆီးပစ်မည်ဟူသော ခြိမ်းခြောက်မှုဖြင့် မျိုးနွယ်က သဘောတူလိုက်ရသည်။ ထိုသို့ အောင်မြင်မှု၏ အဓိက အကြောင်းအရင်းမှာ အဖွဲ့ခွဲက ဤမျိုးဆက်၏ ကောင်းကင်ရွေးချယ်ခံ ဖြစ်လာမည်ကို မကြိုက်ကြသည့် အကြီးအကဲတချို့က ဝင်ရောက်စွက်ဖက်ကာ သူ့ဘက်မှ ဝင်ပြောခဲ့၍ ဖြစ်သည်။
“ စီနီယာ ဒါက ပင်ကိုရတနာတွေပါ”
ဝမ်ဝေ့က ပြုံးလိုက်ပြီးနောက် ဆုလာဘ်ကို လက်ခံလိုက်သည်။ သူက အသစ်သုံးခုကို စစ်ဆေးကြည့်လိုက်သည့်အခါ အခုက သူ့လူဝင်စား၏ အရေပြားနှင့် ကြွက်သားအတွက် အသုံးပြုနိုင်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း တတိယတစ်ခုကမူ မိုးကြိုးဓာတ် ဖြစ်နေလေသည်။
ကိစ္စမရှိဘူး။ ငါ ဂိုဏ်းကနေပြီးတော့ တခြားဓာတ်တစ်ခုခုနဲ့ လဲလှယ်လို့ရတယ်…
“ မင်းက စိတ်နောက်နေသလိုပဲ။ ဘာကိစ္စရှိလို့လဲ” ဝမ်ဝေ့ကမေးလိုက်သည်။
“ အထွတ်အထိပ် အကြီးအကဲတချို့က ကျွန်တော်ရဲ့ အင်အားကို သံသယဖြစ်နေတဲ့ပုံပဲ။ စီနီယာ ကျေးဇူးပြုပြီး ကျွန်တော်ကို ကူညီပေးပါဦး”
ဝမ်ဝေ့က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့နည်းလမ်းသည် မသေမျိုးအဆင့် ပုဂ္ဂိုလ်ဆီမှ ဖုံးကွယ်ထားလိမ့်မည်ဟု မထင်မိပေ။ သို့သော်လည်း သူက လိုအပ်တာကို ရရှိပြီးသည့်အတွက် စုန့်ကျင်းယွမ်ကို ပစ်ပယ်ထားနိုင်သော်လည်း ထိုသူက နောင်အနာဂတ်တွင် အကူအညီ ဖြစ်လာနိုင်လေသည်။
“ ကောင်းပြီ။ မင်းကို နောက်ဆုံးအကြိမ်အနေနဲ့ ကူညီပေးလိုက်မယ်”
သူက သူ့ခန္ဓာကိုယ်နှင့် ယာယီပေါင်းစပ်သွားသည့် သွေးမျိုးဆက်တချို့ကို ထုတ်ကာ စုန့်ကျင်းယွမ်သည် သွေးမျိုးဆက်အသစ် ရရှိသွားသကဲ့သို့ ပြုလုပ်လိုက်သည်။ ထိုအရာက သူ့အင်အား ရုတ်ချည်းတိုးပွားလာခြင်း၏ အကြောင်းအရင်း ဖြစ်လာလိမ့်မည်။
ထို့နောက် သူက ဝူဟုန် ပေးထားခဲ့သည့် အဆောင်အား ထုတ်ကာ သူ့စွမ်းရည်ကို အသုံးပြုလိုက်ပြီး ထိုစွမ်းရည်သည် နယ်ခြား သို့မဟုတ် တခြားသူ၏ အပိုင်ဖြစ်နေသည့် သဲလွန်စကို ဖျောက်ဖျက်လိုက်၏။ ထို့ကြောင့် တာအိုဘိုးဘေးက စုန့်ကျင်းယွမ်၏ ခန္ဓာကိုယ်ကို စစ်ဆေးလျှင်ပင် မူမမှန်မှုကို တွေ့ရှိမည် မဟုတ်ပေ။
“ မှတ်ထား။ မင်းရဲ့ အထွတ်အထိပ် အကြီးအကဲ စစ်ဆေးပြီးတာနဲ့ ဒီသွေးစက်က ပျောက်ကွယ်သွားလိမ့်မယ်”
စုန့်ကျင်းယွမ်က သူ့မျက်နှာအထက် စိတ်ပျက်မှု ပြည့်နှက်နေသော်လည်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူက ဦးညွှတ်လိုက်ပြီးနောက် နေရာမှ ထွက်လာလိုက်သည်။
***