← Chapters

အဖွဲ့လိုက်စကားပြောခန်း

Vol. 38 Ch. 520

အဖွဲ့လိုက်စကားပြောခန်း

Vol. 38 Ch. 520

ဝမ်ဝေ့က သူ့လက်ထဲမှ ပင်ကိုရတနာများကို ကြည့်ရင်း ပြုံးလိုက်သည်။ သူက ထိုလှည့်ကွက်ကို နောက်တစ်ကြိမ်မျှသာ ထပ်သုံးဖို့ ဆုံးဖြတ်ထား၏။ သိုင်းပညာအထွတ်အထိပ်ကမ္ဘာသည် ကောင်းကင်အလိုဆန္ဒကမ္ဘာ ဖြစ်သောကြောင့် သူ ဆက်လုပ်နေလျှင် တချို့သက်ရှိများသည် သူ့အပြုအမူကို သတိထားမိလိမ့်မည် ဖြစ်ကြောင်း သိထားသည်။

ငါ နောက်ထပ် စောင့်နေရင်းနဲ့ အစီအစဉ် ၂ ကို စလိုက်ရအောင်…

သူက ဝိညာဉ်ကွန်ယက်ကို ထပ်မံအသက်သွင်းလိုက်ပြီး သိုင်းပညာအထွတ်အထိပ်ကမ္ဘာ၏ ကံကြမ္မာသားတော်ကို ရှာဖွေလိုက်သည်။ ကံဆိုးစွာဖြင့် သူ့ ဂမ္ဘီရအရ တစ်ယောက်မှ မရှိပေ။

ကံကြမ္မာသားတော်အများစု ပေါ်ထွက်လာသည်မှာ ကမ္ဘာက အန္တရာယ်ကျရောက်နေသည့်အခါတွင် ဖြစ်၏။ ဘာမှပြီးမြောက်အောင် လုပ်စရာမရှိသည့် ထိုဂုဏ်ပုဒ်နှင့် သူများက ရှားပါးလှသည်။

ထို့ကြောင့် ရက်အနည်းငယ်ကြာ ရှာဖွေပြီးသည့်နောက်တွင်ပင် ဝမ်ဝေ့က နောက်ထပ်ချဉ်းကပ်မှုတစ်ခု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူက ကျင့်ကြံရေး ပါရမီ၊ စိတ်စွမ်းအင်နှင့် စိတ်အခြေအနေ မြင့်မားပြီး ကံဆိုးနေသည့် လူတစ်ဦးချင်းစီကို ရှာဖွေလိုက်သည်။

ကျင့်ကြံရေးလောကတွင် ရံဖန်ရံခါ မဟုတ်လျှင်ပင် အများစုက ကံကောင်းမှုသည် ပါရမီထက် ပိုမိုအရေးကြီးတတ်သည်။ တချို့က ပါရမီ ထူးကဲသော်လည်း သူတို့၏ နည်းပါးသည့် ကံကောင်းမှုကြောင့် ကျင့်ကြံရေးဂိုဏ်းများ သို့မဟုတ် အင်အားစုများမှ ရှာဖွေတွေ့ရှိခြင်း မခံရပေ။

သူတို့က စတင်ကျင့်ကြံပြီးသည့်နောက်တွင်ပင် ဂိုဏ်းမှ ပထမဆုံးအကြိမ် ထွက်လာရင်း အစစ်အမှန်အုပ်ချုပ်သူ နှစ်ယောက်၏ တိုက်ပွဲကြားညှပ်ကာ သေဆုံးသွားခြင်းမျိုး ဖြစ်တတ်သည်။ ဂိုဏ်းအများစုက တစ်ယောက်ယောက်ထံ သူတို့၏ အရင်းအမြစ်များကို ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ကံကောင်းသည့် အပြောင်းအလဲ မရှိဘဲ ထိုသို့လူမျိုးက အေးအေးချမ်းချမ်း ကျင့်ကြံနိုင်မည် မဟုတ်ပေ။

ကောင်းကင်အလိုဆန္ဒကမ္ဘာများတွင် ဧကရာဇ်မျိုးနွယ်၊ အထွတ်အထိပ်နယ်မြေနှင့် တော်ဝင်နယ်မြေတို့က ကံကောင်းမှု နည်းပါးသည့် တပည့်များကို လက်မခံကြပေ။ သူတို့က မည်မျှထူးကဲစေကာမူ လက်ခံလေ့ မရှိပေ။ ဂိုဏ်းက ထိုတပည့်၏ ကံကြမ္မာကို ပြောင်းလဲပေးလောက်အောင် မလိုလားသရွေ့ ဖြစ်သည်။

နာရီအနည်းငယ်ကြာ ရှာဖွေပြီးသည့်နောက်တွင် ဝမ်ဝေ့က လူတစ်ဦးချင်းစီကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ငါးယောက်ကို ရွေးချယ်လိုက်သည်။ ထိုလူများက မဟာကမ္ဘာအသီးသီးမှ ဖြစ်၏။ ထို့နောက် သူတို့ကို စိတ်နန်းဆောင်ဆီ ဆင့်ခေါ်လိုက်သည်။

ဆေးနံ့သင်းသင်းလေးရနေသည့် လူအိုကြီးတစ်ယောက်က မီးခိုရောင် နေရာလွတ်အတွင်း ပေါ်ထွက်လာသည်။ သူက စိတ်ရှုပ်ထွေးနေသော်လည်း သူ့အတွေ့အကြုံများအရ အခြေအနေကို အကဲခတ်ပြီးသည့်နောက်တွင် အလျင်အမြန် တည်ငြိမ်သွားသည်။

သူက သမားတော်ဟု စာကပ်ထားသည့် စားပွဲတစ်လုံးတွင် နေရာယူထားကြောင်း တွေ့လိုက်ရသည်။

သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် သူနှင့်အတူ ပေါ်ထွက်လာသည့် ကျန်လေးယောက်သည်လည်း သူ့လိုမျိုး စိတ်ရှုပ်ထွေးနေကြောင်း သတိထားမိလိုက်သည်။ တချို့လူများက ဖုံးကွယ်ဖို့ ကြိုးစားနေသော်လည်း စိတ်ရှုပ်ထွေးနေကြဆဲ ဖြစ်၏။ သူက သူတို့တစ်ဦးချင်းစီတွင် ကပ်ထားသည့် စာကို ကြည့်လိုက်သည်။

သားသတ်သမား၊ ပညာတော်သင် ကျောင်းသား၊ အရူးဘုရင်နှင့် လုပ်ကြံသတ်ဖြတ်သူဟူ၍ ဖြစ်သည်။

သမားတော်က ထိုနာမည်နှင့် ဂုဏ်ပုဒ်များမှ သတင်းအချက်အလက်တချို့ကို ကောက်ချက်ချလိုက်နိုင်သည်။

အခန်းက တိတ်ဆိတ်နေပြီး မိနစ်ပိုင်းကြာ တစ်ယောက်နှင့်တစ်ယောက် လေ့လာအကဲခတ်နေကြ၏။

သို့သော်လည်း သူ့အနေနှင့် တစ်ယောက်ယောက်က ဘာဖြစ်နေသည်ကို မေးလိုက်သည်က အကောင်းဆုံးဖြစ်မည်ဟု ထင်လိုက်မိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဘာမှမပြောခင် နောက်ထပ် တည်ရှိမှုတစ်ခုကို ခံစားမိလိုက်သည်။

ထိုသူက ခဲဖြူရောင် ဆံပင်နှင့် မျက်ဝန်းရှိထားသည့် လူငယ်လေးတစ်ဦး ဖြစ်သည်။ သမားတော်က သူက သူ့ကံကြမ္မာနှင့် တစ်ကမ္ဘာလုံး၏ ကံကြမ္မာကို မြင်လိုက်ရသလိုမျိုး ဖြစ်သည်။ သို့သော် အနီးကပ်ကြည့်ပါက ဘာမှမတွေ့ရပေ။

“ ကြိုဆိုပါတယ်။ ကျုပ်ကို ကံကြမ္မာသခင်လို့ ခေါ်လို့ရတယ်။ တကယ်လို့ ဒီမှာ မရှိချင်ဘူးဆိုရင် ပြောလိုက်ပါ။ ခင်ဗျားတို့ လာခဲ့တဲ့နေရာကို ပြန်ပို့ပေးမယ်”

မည်သူကမှ ဘာမှမပြောကြဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

“ အရှင်မသေမျိုး … အဲလေ ကံကြမ္မာအရှင် ကျုပ်တို့ ဘာလို့ ဒီရောက်နေတယ်ဆိုတာ ပြောပြလို့ရမလား” သမားတော်က သတ္တိစုကာ မေးလိုက်သည်။

“  ခင်ဗျားတို့အားလုံး ဒီရောက်နေတာက ပါရမီ၊ ဉာဏ်ပညာ၊ စိတ်စွမ်းအားနဲ့ စိတ်အခြေအနေ ကောင်းမွန်ကြလို့ပဲ။ ကံဆိုးတာက ကံကြမ္မာက ခင်ဗျားတို့အပေါ် မျက်နှာသာ မပေးတော့ ကံကောင်းမှု ချီးမြှင့်ထားခြင်း မခံရဘူး။ အဲဒါကြောင့် ခင်ဗျားတို့က တစ်ဘဝလုံး သာမန်သေမျိုးဖြစ်ဖို့ ကံကြမ္မာဖန်လာတယ်”

တခြားလူများက တည်ငြိမ်နေကြသော်လည်း အရူးဘုရင်နှင့် သားသတ်သမားတို့က တုံ့ပြန်လာကြသည်။ သားသတ်သမားက ကုလားထိုင်အောက်မှ လက်သီးဆုပ်ကာ အရူးဘုရင်ကမူ ဝမ်ဝေ့ကို မထိန်းနိုင်မသိမ်းနိုင် ရူးသွပ်မှုဖြင့် ကြည့်နေလေ၏။

“ ခင်ဗျားတို့ ထင်ထားတဲ့အတိုင်း ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ပေးမယ်။ ဒါပေမဲ့ ဒီလောကမှာ ဘာမှအလကားဆိုတာ မရှိဘူး။ တကယ်လို့ ကျုပ်ရဲ့ အပေးအယူကို လက်ခံရင် ခင်ဗျားတို့က ကျုပ်အပေါ် ပင်ကိုရတနာနှစ်မျိုး အကြွေးတင်သွားလိမ့်မယ်”

“ အဲဒါဆို ကျုပ်တို့ ငြင်းဆန်ရင်ရော” သမားတော်က မေးလိုက်သည်။

“ အဲဒါဆိုရင် ဒီနေ့တွေ့ဆုံမှုရဲ့ မှတ်ဉာဏ်တွေကို ဖျောက်ဖျက်ပြီးတော့ ပြန်ပို့ပေးမယ်”

အားလုံးက တိတ်ဆိတ်ကာ ဆုံးဖြတ်ချက်အကြောင်း တွေးတောနေကြသည်။

“ ကျွန်တော်ဆီမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိတယ်။ အရှင် ပင်ကိုရတနာဆိုတာက ဘာလဲ” ပညာရှင်က မေးလိုက်သည်။

“ ခင်ဗျားတို့က ကျင့်ကြံရေးလောကအကြောင်း မသိဘူးဆိုတာကို မေ့သွားတယ်”

ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ သူတို့၏ စိတ်အတွင်း ကျင့်ကြံဆင့်၊ ရတနာ၊ ဆေးလုံး၊ အဆောင်နှင့် အစီအရင်တို့၏ အဆင့်နှင့် ကမ္ဘာများ၏ ခွဲခြားပုံအပါအဝင် ကျင့်ကြံရေးအခြေခံ ဗဟုသုတအားလုံး ပေါ်ထွက်လာ၏။

ထိုဗဟုသုတများဖြင့် ၅ယောက်သားက သူတို့သည် အကြွေးမည်မျှနက်သွားမည်ကို နားလည်သွားကြသည်။ သူတို့၏ ကမ္ဘာလုံးတွင် ပင်ကိုရတနာ မရှိသည်မှာ ဖြစ်နေနိုင်သည်။

“ ကျုပ် သဘောတူတယ်” အရူးဘုရင်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။

“ ကျုပ်ရောပဲ” သားသတ်သမားက ထပ်ပြောလိုက်သည်။ ထို့နောက် ကျန်ရှိနေသည့်သုံးဦးက မိနစ်ပိုင်းကြာ စဉ်းစားပြီးသည့်နောက်တွင် အပေးအယူကို လက်ခံလိုက်ကြသည်။

“ ကောင်းပြီ” ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးနောက် စာချုပ်ကို လက်မှတ် ရေးထိုးခိုင်းလိုက်သည်။ သူတို့ ရေးထိုးပြီးသည့်နောက်တွင် သူက ပြုံးလိုက်ပြီး သူတို့အား ကျမ်းတစ်ခုစီ ပေးလိုက်၏။

“ အဓိကပြဿနာက ခင်ဗျားတို့တွေအားလုံးက ကံကောင်းမှု လိုအပ်နေတာပဲ။ ဒီကံကောင်းမှု ခိုးယူခြင်းပညာရပ်က ခင်ဗျားတို့ကို တခြားသူတွေရဲ့ ကံကို ခိုးယူပြီး ခင်ဗျားတို့ အားဖြည့်နိုင်လိမ့်မယ်”

ထိုအရာကို ကြားပြီး သမားတော်နှင့် ပညာရှင်တို့က မျက်မှောင်ကြုတ်လိုက်စဉ် ကျန်လူများကမူ သူတို့၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားကြသည်။

“ အရှင် တခြားသူတွေရဲ့ ကံကောင်းမှုကို ခိုးယူရမှာလား” သမားတော်က မေးလိုက်သည်။ သူက တစ်ဘဝလုံးကို လူများအား ကုသပေးခြင်းဖြင့်သာ ကုန်ဆုံးခဲ့သောကြောင့် မလိုအပ်ပါက တခြားသူကို မထိခိုက်စေလိုပေ။

“ ဟုတ်တယ်” ဝမ်ဝေ့က ပြောလိုက်သည် “ ကျင့်ကြံရေးလောကက ရက်စက်တယ်။ တကယ်လို့ ခင်ဗျားတို့က တခြားသူအပေါ် တက်မနင်းဘူးဆိုရင် သူတို့က ခင်ဗျားတို့အပေါ် တက်နင်းသွားမှာပဲ။ အခု ခင်ဗျားတို့က ဒီနည်းစနစ်ကို ရလာပြီဆိုတော့ အပြစ်ကျူးလွန်တဲ့ သူတွေကို ပြစ်မှတ်ထားနိုင်တာပဲလေ။

ခင်ဗျားတို့ကို သတိပေးစရာရှိတာက ဒီနည်းစနစ်က ကောင်းကင်တာအိုဆီကနေ တန်ပြန်သက်ရောက်မှု ခံစားရလိမ့်မယ်။ အဲဒါကြောင့် သတိထားဖို့ မှတ်ထားဦး”

ဝမ်ဝေ့၏ ကံကောင်းမှုစည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းဖြင့် ကောင်းကင်နက်နဲကုန်းမြေတွင် ကျိုးရှု၏ သေဆုံးမှု အကြောင်းအရင်းတစ်ချက်မှာ ကံကြမ္မာသားတော် ဖြစ်လာဖို့ အတင်းအကြပ် လုပ်ဆောင်လိုက်သည့် တန်ပြန်သက်ရောက်မှု ဖြစ်ကြောင်းသိလိုက်၏။

“ ဒုတိယ သတိပေးချင်တာက ဒီနည်းစနစ်က အလကားပေမဲ့ အခုကစပြီး ဒီနေရာကနေ လဲလှယ်တဲ့ ကျင့်စဉ်နဲ့ အရင်းအမြစ်တွေအကုန်လုံးက ကံအမှတ် လိုအပ်လိမ့်မယ်။ ခင်ဗျားတို့တွေရဲ့ မွေးရပ်မြေကမ္ဘာကနေ ကျင့်စဉ်တွေ အရင်းအမြစ်တွေနဲ့ လဲလှယ်ပြီး ရယူနိုင်တယ်”

ဝမ်ဝေ့က ရပ်တန့်လိုက်ပြီးနောက် သူတို့အား နားလည်စေဖို့ အချိန်အနည်းငယ် ပေးလိုက်သည်။ သူတို့က သူတို့၏ စိတ်အတွင်း သူတို့လဲလှယ်နိုင်သည့် ကံကောင်းမှု၊ သက်တံ၊ ကမ္ဘာ့အရင်းအမြစ်နှင့် တခြားအရာများအပါအဝင် ကံအမှတ်နှင့် လဲလှယ်နိုင်သည့်အရာများအကြောင်း ထည့်သွင်းပေးလိုက်သည်။

“ ကျုပ်က စိတ်အခြေအနေ ကောင်းနေတယ်ဆိုတော့ ခင်ဗျားတို့တွေ တစ်ယောက်ချင်းစီအတွက် ကျင့်စဉ် လုပ်ပေးမယ်။ သမားတော် ခင်ဗျားအရင်စလိုက်ရအောင်။ ခင်ဗျားဆီမှာ သီးသန့် တောင်းဆိုချင်တာ ရှိလား”

“ ကျုပ်က အသက်တွေကို ဆက်လက်ကယ်တင်နိုင်သရွေ့ အဆင်ပြေပါတယ်”

“ ဒီလိုဆိုရင် ဓာတ်ငါးပါးနဲ့ ဆေးတာအိုအပေါ် အခြေခံထားတဲ့ ကျင့်စဉ်တစ်ခု လိုအပ်လိမ့်မယ်။ ကျုပ်က ယင်ယန်ကို ထည့်ပေါင်းချင်ပေမဲ့ ခင်ဗျားက တန်ကြေးကို တတ်နိုင်မှာ မဟုတ်ဘူး”

ဝမ်ဝေ့က ကျန့်ချောင်းဆီမှ ကျင့်စဉ်များစွာ ရထားလေသည်။ ထို့ကြောင့် ဓာတ်ငါးပါးနှင့် ကျင့်စဉ်တစ်ခုအား ထုတ်ကာ သမားတော်နှင့် သင့်တော်အောင် ဆင့်ကဲပြောင်းလဲပေးလိုက်သည်။ ထိုစဉ် လူသားခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် သူ့နားလည်နိုင်စွမ်းကိုပါ ထည့်ပေးလိုက်၏။ အားကောင်းသည့် ခန္ဓာကျင့်ကြံသူတစ်ဦးအနေဖြင့် သူကလည်း ကျွမ်းကျင်သည့် သမားတော်တစ်ဦး ဖြစ်ပေသည်။

“ ဒီနည်းစနစ်အတွက် ကျုပ်အပေါ် ခင်ဗျားက ကံအမှတ် ၁၆သန်း အကြွေးတင်သွားပြီ။”

သမားတော်က သူ့အားကြည့်ကာ ဘာပြောရမယ်မှန်း မသိတော့ပေ။

“ အဲလိုဖြစ်မနေပါနဲ့။ ခင်ဗျားကို အံ့ဖွယ်ပလ္လင်အဆင့်အထိ ကျင့်နိုင်တဲ့ ပထမအခန်း ၃ ခုစာ အလကားပေးမယ်။ အဲဒီနောက်ရောက်ရင် ခင်ဗျားက တခြားနည်းစနစ်နဲ့ လဲလှယ်နိုင်တယ်။ ဒါပေမဲ့ အခန်း ၃ ခုစာ တန်ကြေးကိုတော့ ပေးရဦးမှာပဲ။ နောက်တစ်ယောက်က ပညာရှင် … မင်းရော လိုအပ်ချက်ရှိလား”

“ ကျုပ်အိပ်မက်က ရှေးဟောင်းပညာရှိတွေလိုမျိုး နတ်ဆိုးတွေကို စကားတစ်လုံးနဲ့ ဖိနှိပ်ပြီးတော့ သက်ရှိတွေကို ကယ်တင်ဖို့ပဲ”

“ ဒီလိုဆိုရင် မင်းရဲ့ ကျင့်စဉ်က စာပေစိတ်ဓာတ်နဲ့ သမာသမတ်ချီတွေ ပါဝင်နေတယ်”

ဝမ်ဝေ့က သူ့အတွက် ကျင့်စဉ်ကို ဆင့်ကဲပြောင်းလဲပေးလိုက်သည်။ သူ့အမေက ဧကရာဇ် ဖြစ်လာရန် အစီအစဉ်အတွက် နှစ်ထောင်ချီကြာ ပြင်ဆင်ထားခဲ့သော စာပေဆိုင်ရာ စိတ်ဓာတ်သဘောတရားကို လေ့လာထားခဲ့သည်။ ထို့ကြောင့် ဝမ်ဝေ့က ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး အတော်လေး ဗဟုသုတကြွယ်ဝ၏။

သမာသမတ်ချီအတွက်မူ ထိုအရာက စာပေဆိုင်ရာ သဘောထားနှင့် ဆက်နွယ်နေသည်။ ထို့အပြင် သူက ပိုင်ဟန်နှင့် တိုက်ပွဲမှ အနည်းငယ် သင်ယူခဲ့ရ၏။

“ မင်းက ၁၂.၆ သန်း ကံအမှတ် အကြွေးတင်သွားပြီ။ ဒါပေမဲ့ မင်းလည်း သမားတော်လိုမျိုး ပထမအခန်း ၃ ခုစာကို အလကားရမယ်။ နောက်တစ်ယောက်က အရူးဘုရင်”

“ ကံကြမ္မာအရှင် ကျုပ်က မဟာစွေ့တိုင်းပြည်ကို ကျုပ်ကမ္ဘာရဲ့ တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်စေချင်တယ်။ ကျုပ်ကို အရုပ်လိုမျိုး ဆက်ဆံတဲ့ ဂိုဏ်းတွေကို နောင်တရစေချင်တယ်”

“ အဲဒါဆိုတော့ ခင်ဗျားက အုပ်ချုပ်ရေးလမ်းစဉ်ကို လျှောက်လှမ်းချင်တာလား။ အဲဒါက လွယ်ပါတယ်။ စုစုပေါင်း ကံအမှတ် ၅ သန်းပဲ”

အရူးဘုရင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“ မကျေနပ်ဘူးလား”

“ တန်ကြေးက တန်ဖိုးနဲ့ ညီမျှတယ်ဆိုရင်တော့ ကျုပ်က မကျေနပ်သေးဘူး” အရူးဘုရင်က ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြန်ဖြေလိုက်သည်။

“ ကောင်းပြီ။ ခင်ဗျားက အကြွေး လိုချင်တယ်ဆိုမှတော့ ကျုပ်က ဘာလို့ တားနေရမှာလဲ။ ခင်ဗျားအပေါ် သစ္စာရှိမဲ့ မသေနိုင်သော စစ်တပ်ကို ဆင့်ခေါ်မဲ့ စွမ်းရည် ပေးမယ်။ ပြီးတော့ အုပ်ချုပ်သူရွှေရောင်ခန္ဓာလို့ ခေါ်တဲ့  ကံကောင်းမှုအသုံးပြုဖို့ လိုအပ်တဲ့ ခန္ဓာသန့်စင်ကျမ်းလည်း ပေးမယ်။ အခု တန်ကြေးက ကံအမှတ် ၂၃ သန်း”

အရူးဘုရင်က ထိုကျင့်စဉ်ကို လက်ခံကာ ပြုံးလိုက်သည်။

“ အခု သားသတ်သမား ခင်ဗျားကရော ဘာလိုချင်လဲ”

“ ကျုပ်က စိတ်ခံစားချက်နဲ့ ပတ်သက်တာကို လိုချင်တယ်”

“ ခင်ဗျားက လူတွေကို ပျော်ရွှင်မှုအတွက် သတ်ရတာ ကြိုက်တယ်ဆိုတော့ သတ်ဖြတ်ရေးနဲ့ ပတ်သက်တာ လိုအပ်တယ်လို့ ထင်ထားတာ”

ထိုစကားများကို ပြောလိုက်သည်နဲ့ လူများစွာက သားသတ်သမားအား ထူးထူးဆန်းဆန်း အကြည့်မျိုးဖြင့် ကြည့်လာကြသည်။ အထူးသဖြင့် သမားတော်က ရွံရှာနေဟန်ပေါ်၏။

“ ကျုပ် သဘောကျတာက သူတို့မသေခင် ပစ်မှတ်တွေဆီကနေ ရရှိတဲ့ စိတ်ခံစားချက်မျိုးပဲ။ ကျုပ်က သတ်ဖြတ်ရတာကို ဂရုမစိုက်ဘူး”

“ ကောင်းပြီ။ ခင်ဗျားရဲ့ ကျင့်စဉ်က စိတ်ခံစားချက် ၇ပါး၊ လိုအင်ဆန္ဒ ၆ပါးအပေါ် အခြေခံထားတဲ့ ကျင့်စဉ်ပဲ။ စုစုပေါင်း ကံအမှတ် ၁၈ သန်းကြာမယ်။ အခု လုပ်ကြံသတ်ဖြတ်သူကရော”

“ အရှင် အကြံပြုချင်တာများ ရှိလား”

အမျိုးသမီးအသံကြောင့် အားလုံးက အံ့အားသင့်သွားကြသည်။ လုပ်ကြံသတ်ဖြတ်သူက မျက်နှာကို ဝတ်ရုံဖြင့် ကာထားသောကြောင့် မမြင်တွေ့နိုင်ပေ။

“ မင်းကို အရိပ် ဒါမှမဟုတ် နေရာလွတ် သဘာဝကို အကြံပြုချင်တယ်။”

“ ကျွန်မ နှစ်ခုလုံး ရနိုင်မလား”

“ မင်းသာ အကြွေးကို စိတ်မရှိဘူးဆိုရင်ပေါ့”

သူမက ခေါင်းညိတ်လိုက်သည်။

“ မင်းက စုစုပေါင်း ကံအမှတ် ၂၃ သန်း”

အရူးဘုရင်က ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “ အရှင် … ကျုပ်ကျင့်စဉ်ထဲမှာ တခြားဟာတွေကို ထပ်ပြီးတော့ ထည့်ချင်သေးတယ်”

ဝမ်ဝေ့က ထိုအရူးဘုရင်သည် အမှန်တကယ် ရူးနေကြောင်း သတိထားမိ၍ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ သူက အားလုံးအနက် ဈေးအကြီးဆုံး သို့မဟုတ် အားအကောင်းဆုံး ကျင့်စဉ်ကို လိုချင်နေသည်။

“ ကောင်းပြီ။ ခင်ဗျားရဲ့ ကျင့်စဉ်ထဲမှာ ကြယ်တာရာ ဆုံမှတ်စွမ်းအားကို ထပ်ထည့်ပေးမယ်။ အခု ကံအမှတ် ၅၄ သန်းပဲ”

အရူးဘုရင်က ကျေကျေနပ်နပ် ပြုံးလိုက်စဉ် အားလုံးကမူ သူ့အား ထူးထူးဆန်းဆန်း ကြည့်လိုက်ကြသည်။ သို့သော် သူက ဂရုမစိုက်ပေ။

“ ပုံမှန်ဆိုရင် ကျုပ်တို့က ဒီလိုမျိုး ဆက်နွယ်မှာ မဟုတ်ဘူး။ အဲဒီအစား အဖွဲ့လိုက်စကားပြောခန်းနဲ့ ဆက်နွယ်ကြမယ်”

အားလုံးက စိတ်ရှုပ်ထွေးသွားကြစဉ် ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး သူတို့အား ပြန်လွှတ်လိုက်သည်။

အရူးဘုရင်က ပလ္လင်ပေါ်တွင် စာအုပ်ကိုင်ထားလျက် ထိုင်နေသည်။ သို့သော်လည်း သူက အာရုံမရှိပေ။ သူ့စိတ်ထဲ သတင်းအချက်အလက် တချို့ ထွက်ပေါ်လာ၏။ သူက မျက်လုံး ထပ်မှိတ်လိုက်ပြီး အာရုံစိုက်လိုက်သည့်အခါ သူ့စိတ်အတွင်း ထူးဆန်းသည့် အရာတစ်ခုကို မြင်လိုက်ရသည်။

ကံကြမ္မာပြောင်းပြန်လှန်ခြင်း အဖွဲ့လိုက်စကားပြောခန်း

အရူးဘုရင် “ မင်္ဂလာပါ တာအိုရောင်းရင်းတို့”

သမားတော် “ ထူးထူးဆန်းဆန်း ဆက်သွယ်နည်းပဲ”

ပညာရှင် “ ကျုပ်တို့က ကမ္ဘာတွေကို ဖြတ်သန်းပြီး ဆက်နွယ်နေတာဆိုတော့ တကယ့်ကို အံ့ဩဖွယ်ပဲ”

အရူးဘုရင် “ တခြားသူတွေက ဘာလို့ ဘာမှမပြောကြတာလဲ”

ပညာရှင် “ သူတို့က ဒီမှာရှိပါတယ်”

အရူးဘုရင် “ သူတို့ကို ဒီမှာ ထားလိုက်ပါတော့။ အရှင်ရော ဒီမှာရှိလား”

သမားတော် “ သူ့နာမည်ကို သေချာကြည့်လိုက်ရင် သူက ဒီမှာ မရှိဘူးလို့ ပြောနေတယ်”

ပညာရှင် “ အကြောင်းအရင်းတချို့ကြောင့် ကျုပ် စိတ်အေးမိသွားတယ်”

ထိုစဉ် ဝမ်ဝေ့က ထိုစကားဝိုင်းကို ကြည့်နေလေသည်။ သို့သော်လည်း သူက အသားအရည်က အနည်းငယ်ဖြူဖျော့ကာ အသက်ကို ခက်ခက်ခဲခဲ ရှူသွင်းနေရ၏။ ပိုမိုဆန်းကြယ်ကာ အားကောင်းစေဟန်ပေါ်ဖို့အတွက် သူက အချိန်စည်းမျဉ်းကို အသုံးပြုခဲ့သည်။

သူက ချက်ချင်းလုပ်ဆောင်လိုက်ဟန်ပေါ်သော်လည်း သူ့အတွက် တစ်ယောက်ချင်းစီ၏ နည်းစနစ်ကို ဆင့်ကဲပြောင်းလဲဖို့ နှစ်အနည်းငယ် ကြာမြင့်ခဲ့သည်။

ကောင်းပြီ။ ဒီလူတွေက ငါ့ဆီကို ဘယ်လိုအကျိုးအမြတ် ယူဆောင်လာမလဲဆိုတာကို ကြည့်ရတာပေါ့။ ပြီးတော့ သူတို့နဲ့ ဆက်နွယ်ဖို့ အကောင့်အတု လုပ်ထားတာ ကောင်းလိမ့်မယ်

***

All Chapters