← Chapters

အုံ့ပုန်းများ

Vol. 38 Ch. 525

အုံ့ပုန်းများ

Vol. 38 Ch. 525

လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် တခြားသော ကျင့်ကြံသူများက ရွေးချယ်ခံ ၆ ယောက်ကို ဝိုင်းထားလိုက်ကြသည်။ ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ဖွဲ့လုံးကို လွှမ်းခြုံသွားသည့် ဝိညာဉ်ဖိအားကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ထိုလူများ၏ ၉၉ ရာခိုင်နှုန်းလောက်က မြေပြင်ပေါ် အတုံးအရုံး လဲကျသွားကာ ကောင်းကင်ရွေးချယ်ခံတချို့နှင့် တကယ့်စွမ်းဆောင်ရည်ရှိသည့် လူတချို့သာ ကျန်ရှိခဲ့၏။

ထို့နောက် သူက ကျန်ရှိနေသည့်သူများအား ကြည့်ကာ ပြောလိုက်သည် “ မင်းတို့ထဲမှာ ဘယ်သူက ငါ့လက်ထဲက အမှတ်အသားပြားကို ယူဖို့ သတ္တိရှိလဲ”

သူက ထိုလူများရှေ့ ရပ်ကာ မည်သည့်နည်းစနစ်မှ ထုတ်သုံးထားခြင်း မရှိသလို အရှိန်အဝါလည်း ထုတ်လွှတ်ထားခြင်း မရှိပေ။

သို့သော်လည်း သူ့တည်ရှိမှု တစ်ခုတည်းကပင် ထိုလူများအတွက် ဖိအားများစွာ ဖြစ်နေသည်။ သူတို့က ထိုမကောင်းဆိုးဝါးဆီမှ အမှတ်အသားပြားကို ယူဖို့ ကြိုးစားသည်မှာ မထိုက်တန်ကြောင်း သိထားလေ၏။

သူတို့က အောင်မြင်သွားလျှင်ပင် ဆိုးဆိုးရွားရွား အခြေအနေဖြစ်မည်ဖြစ်ကာ ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် တခြားသူများက သူတို့ကို အခွင့်ကောင်းယူသွားလိမ့်မည်။

“ ကျွန်မက ရွေးချယ် မခံရမှတော့ ဒီအမွေအနှစ်က ကျွန်မနဲ့ ကံကြမ္မာ မပါဘူး” ကျန်းပိယုက ပြောလိုက်ပြီးနောက် ဓားပေါ် ခုန်တက်သွားကာ ပျံသန်းထွက်သွားသည်။ သူမက ဆုံးဖြတ်ချက်တွင် နောင်တရနေသည့် အရိပ်အယောင် မရှိသလို တုံ့ဆိုင်းနေခြင်းလည်း မရှိပေ။

ဝမ်ဝေ့က သူမ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ကာ အဖွဲ့ကို ထပ်ကြည့်လိုက်သည်။ သူ့အကြည့်က မြေခွေးတစ်ကောင်လို ပြုံးနေသည့် မိုရှင်းယွင်ဆီ ဖြစ်၏။

အဖြေမရရှိသည်မှာ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အဖွဲ့နှင့်အတူ လေဟာနယ်သင်္ဘောပေါ် တက်ပြီး ထွက်လာခဲ့လိုက်သည်။ တခြားသူများက သူ ထွက်သွားသည်ကို အံကြိတ်လျက် ကြည့်နေမိ၏။ သူတို့က စည်းမျဉ်းစွမ်းအားသည် ထိုမကောင်းဆိုးဝါးနှင့် အမီလိုက်နိုင်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။ သို့သော် ယခုတွင် သူတို့က ထိုမကောင်းဆိုးဝါးသည် ဆက်လက် ကြီးထွားနေဆဲဖြစ်ကာ သူ့ကို အမှီလိုက်ဖို့ သူတို့အား စောင့်ဆိုင်းမနေကြောင်း သဘောပေါက်သွားကြသည်။

“ ကျွန်မတို့တွေ ဘာလို့ တိုက်ပွဲကို ဆက်မကြည့်တော့တာလဲ” ယန်းလီလင်းက မေးလိုက်သည်။

“ တိုက်ပွဲက များများစားစား ရှိမှာ မဟုတ်ဘူး။ ကျန်တဲ့ ငါးယောက်ကလည်း သူတို့ရဲ့ အင်အားကို အခု မထုတ်ဖော်တာ အကောင်းဆုံးဆိုတာ သိတော့ အိမ်မြန်မြန်ပြန်ပြီးတော့ အချိန်တစ်လ စောင့်ကြမှာပဲ” လီကျွင်းက ပြောလိုက်သည်။

“ အဲလိုဆိုရင် တခြားသူတွေက သူတို့ကို တားဆီးထားတုန်း သူတို့က ဘယ်လိုအိမ်ပြန်မယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းမှာ မဟုတ်ဘူးလား”

“ အရိပ်(၂)က တိုက်ပွဲကို မှတ်တမ်းတင်ထားလိမ့်မယ်။ ပြီးတော့ ငါတို့ရှိနေရင် ငါတို့များ ခိုးကြောင်ခိုးဝှက် တိုက်မလားလို့ အဲဒီလူတွေက ကြောက်ရွံ့နေလောက်တယ်”

လီကျွင်းက ဝမ်ဝေ့အား ကြည့်ကာ “ အစ်ကိုကြီး တစ်ခုခုများ ရှိလို့လား။ အလျင်လိုနေတဲ့ပုံပဲ”

“ ငါ ငါ့လူဝင်စားတွေကို ထပ်ပြုစုပျိုးထောင်ဖို့ လိုနေပြီ။ တကယ်လို့ ငါ အဲဒီအမွေအနှစ်ကို လိုချင်တယ်ဆိုရင် အဲလိုလုပ်မှဖြစ်မယ်”

လီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည် “ တခြားကမ္ဘာ့အသိုက်အဝန်းက ကောင်းကင်ရွေးချယ်ခံက သူတို့ကို အနိုင်ယူဖို့ အစ်ကိုကြီးရဲ့ လူဝင်စား စွမ်းအားကိုတောင် လိုအပ်တယ်လို့ ထင်နေတာလား”

“ အဲလိုဖြစ်နိုင်ချေ များတယ်။ ဒါပေမဲ့ ငါ ထပ်ပြီးတော့ တွက်ချက်လို့ မရဘူး”

အိမ်သို့ပြန်ရောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဘိုးဘေးဝမ်ဝူချန်အား သွားရောက်တွေ့ဆုံလိုက်သည်။

“ မင်း ထပ်ပြီး ပြဿနာရှာလာပြန်ပြီလား”

“ အဲဒါကြောင့် အန္တရာယ်မများတာ သေချာစေဖို့ ကျွန်တော် လာတွေ့တာလေ”

ဝမ်ဝူချန်က သက်ပြင်းချကာ “ ဒီတစ်ခါ ဘာကိစ္စလဲ”

“ ကျွန်တော့် လူဝင်စားအတွက် အချိန်စွမ်းအားကို ပိုလိုနေတယ်။ အဲဒါကြောင့် ကျွန်တော် ဖရိုဖရဲအချိန်နယ်မြေကနေ စွမ်းအားတချို့ကို ခိုးယူဖို့ ပြင်ထားတယ်။ ဘိုးဘေးရော ဘယ်လိုထင်လဲ”

“ ဘာလို့ ရုတ်တရက်ကြီးလဲ”

ဝမ်ဝေ့က အရှင်စိတ်ဝိညာဉ်သည် တခြားကမ္ဘာ့အသိုက်အဝန်းမှ ကောင်းကင်ရွေးချယ်ခံများပင် ပါဝင်လာသည့်အကြောင်းနှင့် သူ လတ်တလော တွက်ချက်ခဲ့သည့် ဂမ္ဘီရအကြောင်းကို ရှင်းပြလိုက်သည်။ ထိုသတင်းအချက်အလက်များကို သိရှိပြီးနောက် ဝမ်ဝူချန်က ထိုဖြစ်နိုင်ချေအား စဉ်းစားလိုက်သည်။

“ မင်းရဲ့ အချိန်တာအိုနဲ့ ငါ့ကာကွယ်နိုင်စွမ်းနဲ့ဆိုရင် ဖရိုဖရဲအချိန်နယ်မြေမှာ အသက်ရှင်သန်ဖို့က ပြဿနာတော့ မဟုတ်ဘူး။ မင်းသာ အတွင်းပိုင်းကို မသွားဘူးဆိုရင်ပေါ့။ ဒါပေမဲ့ အထဲက အချိန်စွမ်းအားက အရမ်းကို ဖရိုဖရဲ နိုင်လွန်းတယ်။ မင်း သန့်စင်နိုင်ပါ့မလား”

“ ပြဿနာ မရှိဘူး”

ဝမ်ဝူချန်က ချက်ချင်း သဘောမတူသေးပေ။ ထိုအစား သူက တခြားသော ဖြစ်နိုင်ချေ အန္တရာယ်များအား တွေးကြည့်လိုက်ပြီး  “ အဲဒါဆို ငါ မဆုံးဖြတ်ခင် အချိန်ခဏပေးဦး”

ထိုသို့ပြောပြီးသည့်နောက်တွင် သူက လျှို့ဝှက်နယ်မြေမှ ပျောက်ကွယ်သွားသည်။ တာအိုအခွင့်အလမ်းဂိုဏ်း အတွင်းပိုင်းတွင် ခေါင်းတလားအတွင်းမှ သက်ပြင်းချသံ ထွက်ပေါ်လာ၏။

“ ဝမ်ဝေ့ ဒီကောင်လေး …  ဒီပြဿနာတွေအကုန်လုံးကို ဖြေရှင်းဖို့ တန်တာ ကောင်းလိမ့်မယ်” မူလအရှင်က ပြောလိုက်သည် “ အဲဒါဆိုရင် တစ်ခုခုဖြစ်ခဲ့ရင် မင်းတို့ကို ကာကွယ်ပေးဖို့ လိပ်အရှင်ကိုပါ ပြောလိုက်မယ်”

ဝမ်ဝူချန်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။ လိပ်အရှင်သည် ဂိုဏ်းရှိ အားအကောင်းဆုံး ဆန့်ကျင်ကောင်းကင်ရွေးချယ်ခံ တစ်ဦးဖြစ်၏။ သူက တိုက်ခိုက်ရေး စွမ်းရည်အများစုကို ခုခံရေးအတွက် အသုံးပြုခဲ့ပြီး မူလအရှင်တို့ထက်ပင် ထိုနယ်ပယ်၌ ကျော်လွန်နေသည်။

လိပ်အရှင်က သာမန်ထာဝရအရှင်၏ တိုက်ကွက်အောက်တွင် ရက်အနည်းငယ်ကြာ အသက်ရှင်နိုင်လေ၏။ သူက ဂိုဏ်းအစီအရင်ကို အကူအဖြစ် အသုံးပြုလျှင် သူက အကြွင်းမဲ့ ဒိုင်းကာ တစ်ခု ဖြစ်လာလိမ့်မည်။ ဂိုဏ်းက ထိုမျှရှည်ကြာသော သမိုင်းကြောင်းရှိနေသည့် အဓိက အကြောင်းအရင်းမှာလည်း သူ့ကြောင့်သာ ဖြစ်၏။

သူ၏ မှတ်သားလောက်စရာ အောင်မြင်မှုများက မိစ္ဆာနတ်ဘုရားကိုးပါး၏ တိုက်ကွက်အတွင်း ရှင်သန်ခဲ့ပြီး မိစ္ဆာခေတ်ကာလအတွင်း ဂိုဏ်းကို ထာဝရဧကရာဇ်တချို့ဆီမှ ကာကွယ်ပေးထားနိုင်ခဲ့သည်။

ဝမ်ဝူချန်က မူလအရှင်အား ကျေးဇူးတင်ကာ ဝမ်ဝေ့ဆီ သွားရောက်တွေ့ဆုံပြီး အပေးအယူကို လက်ခံကြောင်း ပြောခဲ့သည်။ သူတို့က အချိန်မဖြုန်းတော့ဘဲ ဖရိုဖရဲအချိန်နယ်မြေဆီ ဦးတည်လိုက်ကြ၏။

ထိုဖရိုဖရဲအချိန်နယ်မြေ၏ ဝင်ပေါက်က အာကာပြင် မငြိမ်သက်မှုများဖြင့် ဝန်းရံထားသည့် တောင်တစ်လုံး ဖြစ်၏။ လုံလောက်သည့် အင်အားမရှိဘဲ ထိုနေရာသို့ ချဉ်းကပ်လာသူများက အသင်္ချေအင်ပါယာကမ္ဘာရှိ အမည်မသိ အခြားနေရာကို ကူးသန်းပို့ဆောင်ခံလိုက်ရလိမ့်မည်။ အဆုံးမဲ့လေဟာနယ်အတွင်းပင် ဖြစ်နေနိုင်၏။ သို့မဟုတ် သူတို့က တောင်မှ ထွက်ပေါ်လာသည့် အာကာပြင်စီးကြောင်းများကြောင့် အစိတ်စိတ်အမြွာမြွာ ကြေမွသွားနိုင်သည်။

ကံကောင်းသည်က ဝမ်ဝေ့နှင့် ဝမ်ဝူချန်တို့သည် တောင်၏ အဝင်ဝဆီ မရောက်နိုင်သည့်လူများ မဟုတ်ပေ။ အထဲသို့ ဝင်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အချိန်စည်းမျဉ်းဖြင့် အကာအရံတစ်ခု ဖန်တီးလိုက်သည်။ ဝမ်ဝူချန်ကမူ ထိုဒိုင်းကာကို ပိုမိုအားဖြည့်ပေးလိုက်၏။

ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်ကို ကြည့်ကာ အရာအားလုံးက အနီရောင် သန်းနေသည်ကို မြင်လိုက်ရသည်။ ကောင်းကင်၊ တိမ်တိုက်နှင့် မြေကြီးပင် အနီရောင် ဖြစ်၏။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည့်အခါ နံပါတ်များအစား စာလုံးများဖြင့် ရေးသားထားသည့် ရှေးဟောင်းနာရီများကို မြင်လိုက်ရသည်။ ထိုနာရီများက ဆက်တိုက်ဆိုသလို ပျောက်ကွယ်လိုက်၊ ပြန်ပေါ်လာလိုက် ဖြစ်နေလေသည်။

ဗလာခေတ်မတိုင်ခင်က ဘာသာစကားလား..

ဝမ်ဝေ့က ထိုနာရီကို ကြည့်ရင်း တွေးလိုက်မိသည်။ ထို့နောက် သူက သူ့အချိန်အကာအရံစွမ်းအားကို ခံစားကြည့်လိုက်သည်။

ပြဿနာမရှိဘူးပဲ…

“ ဒါက ခန္ဓာကိုယ်လေ့ကျင့်ဖို့ အကောင်းဆုံးနေရာပဲ။”

“ တစ်ဆိတ်လောက်”

“ မင်း တာအိုကို သက်သေပြပြီးရင် ဒီတားမြစ်နယ်မြေကို ဖျက်ဆီးပစ်မဲ့အစား ခန္ဓာကိုယ်လေ့ကျင့်မဲ့ လျှို့ဝှက်နယ်မြေအဖြစ် ပြောင်းလိုက်”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး နှုတ်ခမ်းများ တွန့်ချိုးသွားလေသည်။ သူက သူ့ခေါင်းအထက် အကြွေးထုပ်ကြီး ရောက်ရှိလာသလို ခံစားမိလိုက်၏။ အကယ်၍ သူက ထိုအဆင့်လျှို့ဝှက်နယ်မြေသာ ပြုလုပ်နိုင်လျှင် မသေမျိုးခန္ဓာကိုယ် ကျင့်ကြံသူများအတွက် အကျိုးရှိလာလိမ့်မည်။

“ ဒါက အကြံကောင်းပဲ။ ကျွန်တော် သက်သေပြပြီးရင် ကျွန်တော့်ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ နည်းလမ်းတချို့ လိုလိမ့်မယ်။ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကတောင် ကြာကြာခံနိုင်ပါ့မလား မသိဘူး”

ထို့နောက် ဝမ်ဝေ့က အလုပ်စတင်လုပ်လိုက်သည်။ သူက အနာဂတ်ဗုဒ္ဓကိုယ် ၁၀၈ခုအား ဆင့်ခေါ်ကာ အစီအရင်တစ်ခု ဖန်တီးလိုက်၏။ အားလုံးပြီးဆုံးသွားသည်နှင့် သူက အစီအရင်ကို အသက်သွင်းလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အစီအရင်အလယ်တွင် ကြည်လင်နေသည့် သလင်းကျောက်တစ်ခု ပေါ်ထွက်လာသည်။

“ အောင်မြင်ပြီ” ဝမ်ဝေ့က အထဲရှိသန့်စင်သော အချိန်စွမ်းအားကို ခံစားမိသည့်အခါ ရေရွတ်လိုက်သည်။ ထို့နောက် သူက ကျန်ရှိနေသည့် ဖရိုဖရဲသဘာဝကို အာရုံစိုက်ထားလိုက်ပြီး သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာ၏။ သူက အနာဂတ်ဗုဒ္ဓကိုယ်ကို အသက်သွင်းရင်း စုပ်ယူလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ၁၀၉ခုမြောက် အနာဂတ်ဗုဒ္ဓကိုယ်၏ ပုံရိပ်က ထွက်ပေါ်လာသည်။

ဝမ်ဝေ့က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မျက်လုံးပွင့်လာ၏။

ဒီနေရာက တကယ့်ကို ကောင်းကင်ဘုံပဲ…

သူက ထိုင်ကာ အချိန်သလင်းကျောက်ကို စတင်သန့်စင်လိုက်သည်။

…………………………………..

အံ့ဖွယ်တာအိုမျိုးနွယ်

ဖန်းလီကျွမ်းက လျှို့ဝှက်ခန်းအတွင်း တင်ပျဉ်ခွေကာ အသားဖြူဖျော့လျက် ရှိသည်။ သူမ၏ မျက်နှာမှ ခန္ဓာကိုယ်အထက်ပိုင်းအထိ ဒဏ်ရာကြီး ရှိနေကာ မျက်နှာဘယ်ဖက်ခြမ်းတွင် မီးလောင်ကျွမ်းရာ ရှိနေလေ၏။

ကျစ်…ဒီဒဏ်ရာတွေကို ကုသဖို့ နှစ်ရာချီ ကြာမြင့်လိမ့်မယ်…

သူမက အံကြိတ်ကာ ဤသို့ ဆိုးဆိုးရွားရွား အခြေအနေဖြစ်သွားသည့်အကြောင်းအရင်းကို စဉ်းစားနေသည်။

အမှတ်အသားပြား လုယူသည့် တိုက်ပွဲက မြန်ဆန်သလို ပြင်းထန်လှသည်။ ဝမ်ဝေ့ ထွက်သွားပြီးနောက် သိပ်မကြာခင် ထုံရို့ပင်း၏ ခန္ဓာကိုယ်အထက် သင်္ကေတများစွာ ပေါ်ထွက်လာပြီး သူမက ပျောက်ကွယ်သွားလေ၏။ မည်သူကမှ သူမကို အာရုံမခံမိကြသလို ဘယ်နေရာထွက်သွားမှန်းလည်း မသိကြပေ။ သူမ၏ နည်းလမ်းက အတော်လေး ထူးဆန်းလှသည်။

ဖန်းလီကျွမ်းက အချိန်မဖြုန်းဘဲ ကိုယ်ပျောက်အခြေအနေကို ဝင်ရောက်လိုက်သည်။ ပထမပစ်မှတ်က ရှေးဟောင်းမျိုးနွယ်မှ ဟို့ဖုန်းဟွမ် ဖြစ်သည်။ သူမ၏ နည်းဗျူဟာက ပထမပိုင်းတွင် အလုပ်ဖြစ်ခဲ့ပြီး ထိုလူ၏ အာရုံခံစားမှုကို ဖြတ်ကျော်ကာ နှလုံးသားအား ထိုးစိုက်နိုင်ခဲ့သည်။

သို့သော် ဖန်းလီကျွမ်းအား အံ့အားသင့်သွားစေသည်က သူမ၏ သလင်းကျောက်ဓားသည် အရေပြားကိုသာ ထိုးဖောက်နိုင်ခဲ့ပြီး ကြွက်သားများက ထပ်မံ မထိုးဖောက်နိုင်အောင် တားဆီးထားလေ၏။ မည်သို့ပင်ဆိုစေကာမူ သူမက အလျှော့မပေးဘဲ အားကောင်းသည့် တိုက်ကွက်ကို ထုတ်သုံးဖို့ ဆုံးဖြတ်ခဲ့သည်။ ကံဆိုးစွာဖြင့် ပြိုင်ဘက်၏ မျက်လုံးက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ သူမက မတုံ့ပြန်နိုင်ခင် အနီရောင်မီးတောက်က သူမအား သုတ်သင်ဖို့ လွှမ်းခြုံသွားသည်။

ကံကောင်းသည်က သူမ၏ သွေးမျိုးဆက်သည် အသက်ဝင်လာပြီး သူမအား ကာကွယ်ရေး သလင်းကျောက်ဖြင့် ခုခံထားနိုင်လိုက်သည်။ ထို့ကြောင့် အသက်ကို ကယ်တင်နိုင်လိုက်၏။ သူမက ဒဏ်ရာများအား ကုသဖို့ နည်းစနစ်တစ်ခုကို အလျင်အမြန် ထုတ်သုံးလိုက်ရသည်။ နှမြောစရာကောင်းလှသည်က ထိုမီးတောက်များသည် အားကောင်းလှပြီး သူမအနေနှင့် ၆၀ ရာခိုင်နှုန်းသာ ကောင်းမွန်အောင် လုပ်နိုင်ခဲ့သည်။

ထို့နောက် ဖန်းလီကျွမ်းက ဖုန်းဟွမ်ကို ပစ်မှတ်ထားလိုက်သည်။ ယင်ယန်မျက်ဝန်းရှိသည့်သူအနေနှင့် သူက သူမ၏ ကိုယ်ပျောက်စည်းမျဉ်းအတွက် သဘာဝရန်သူ ဖြစ်နေလေသည်။ ထိုအရာကို ယခုစဉ်းစားကြည့်ပြီးသည့်နောက်တွင် သူမက ရူးရူးမိုက်မိုက် လုပ်ဆောင်ခဲ့မိ၏။

ထိုထိပ်တိုက်ရင်ဆိုင်မှုအတွင်း ဖုန်းဟွမ်က သေခြင်းရှင်ခြင်းစွမ်းအင်ရှိသည့် ဟွမ်ယွမ်နှင့် ရင်ဆိုင်ခဲ့သည်။ သို့သော်လည်း လူငယ်တာအိုဆရာက ရန်သူအား ယင်ယန်သင်္ကေတဖြင့် အုပ်လွှမ်းထားလိုက်သည်။

ထိုပုံရိပ်က ယင်နှင့်ယန်ကို ခွဲခြားသည့်အတွက် စာအုပ်၏ ပင်ကိုသေခြင်းနှင့် ရှင်ခြင်းစည်းမျဉ်းကို ခွဲခြားသလို ဖြစ်နေသည်။ ဟွမ်ယွမ်က ထိုစာအုပ်တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် အကျိုးဆက်ကို သိထားသည့်အတွက် ကြောက်ရွံ့လာသည်။ ထို့ကြောင့် သူက ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့၏။ ထိုဖြစ်စဉ်အတွင်း သူက တိုက်ပွဲတွင် အသုံးမဝင်ခဲ့ပေ။

ထို့နောက် ဖန်းလီကျွမ်းက ထိုအခွင့်အရေးအား အသုံးချကာ ဖုန်းဟွမ်အား လျှို့ဝှက်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း ထိုလူငယ်တာအိုဆရာက သူမ၏ တည်နေရာအား ကြည့်လာကာ အနက်ရောင်နှင့် အဖြူရောင်ဓားကို ထုတ်လိုက်ပြီး ခုတ်ချလိုက်လေ၏။ ထိုအရာက သူမအား နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားစေသည်။

ထိုဒဏ်ရာရရှိပြီးသည့်နောက်တွင် သူမက စိတ်မပါတော့ဘဲ အိမ်သို့ ပြန်လာကာ ကုသနေရ၏။

ငါ ဒီအမြင်ကျင့်စဉ်နဲ့ လူတွေကို သတိမထားမိလောက်မဲ့ နည်းလမ်းမျိုး လုပ်ဖို့လိုတယ်။ ပြီးတော့ ငါ့တိုက်ခိုက်စွမ်းအားကိုလည်း တိုးမြှင့်ရမယ်။ အမှောင်ထုစည်းမျဉ်း၊ အရိပ်စည်းမျဉ်းနဲ့ လေဟာနယ်စည်းမျဉ်းတို့က အဖြေ ဖြစ်နေနိုင်တယ်…

ဖန်းလီကျွမ်းက စည်းမျဉ်းအုတ်မြစ် အဆင့်ကို စတင်ဝင်ရောက်ဖို့ ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူမက ထိုအရာများသည် ထိုမကောင်းဆိုးဝါးများနှင့် ယှဉ်ပြိုင်ဖို့ မလုံလောက်သေးကြောင်း ခံစားမိလိုက်၏။ ထို့နောက် သူက သူမက တစ်စုံတစ်ခုကို ခံစားမိကာ အဆောင်တစ်ခုကို ထုတ်လိုက်သည်။

ထင်ထားတဲ့အတိုင်းပဲ။ ဘယ်သူကမှ သူတို့ရဲ့ အမှတ်အသားပြားကို မဆုံးရှုံးခဲ့ဘူး…

သူမက မျက်မှောင်ကြုတ်ကာ နက်နက်နဲနဲ စဉ်းစားကြည့်လိုက်သည်။

ဒီ ၆ ယောက်လုံးက ပြဿနာပဲ။ ဘယ်လိုဖြစ်ဖြစ် သူတို့ကို ရင်ဆိုင်ဖြေရှင်းရမယ်…

ထို့နောက် သူမက အဆောင်ကို ထုတ်ကာ လူတချို့ကို ဆက်သွယ်လိုက်ရင်း စောင့်နေလိုက်၏။

***

All Chapters