← Chapters

သဘောတူတယ်

Vol. 38 Ch. 526

သဘောတူတယ်

Vol. 38 Ch. 526

ဖန်းလီကျွမ်းက မှော်အစီအရင်ရှိသည့် အခန်းအတွင်း မတ်တပ်ရပ်နေသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပုံရိပ်ယောင်တချို့ အခန်းအတွင်း ပေါ်ထွက်လာကြ၏။

“ ကျွန်မရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်လို့ တော်သေးတာပေါ့” သူမက ပြောလိုက်သည်။

“ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ကွေ့ပတ်မနေနဲ့” ဟွမ်ယွမ်က ပြောလိုက်သည်။

“ ရှင်တို့တွေက ဉာဏ်ကောင်းပြီးသားဆိုတော့ ကျွန်မရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းမိမှာပါ။ မဟာမိတ်ဖွဲ့ဖို့ပဲ” ဖန်းလီကျွမ်းက ပြောလိုက်သည်။

“ လက်ရှိ ဒီ ၆ယောက်က အရမ်းကို အားကောင်းလွန်းတယ်။ အထူးသဖြင့် ဝမ်ဝေ့ပဲ။ သူတို့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင်အထိ ကျန်ရှိနေလောက်တယ်။ အဲဒါကြောင့် ကျွန်မတို့ အချင်းအချင်း မတိုက်ခင် သူတို့ကို ရှင်းထုတ်ပစ်တာ အကောင်းဆုံးလို့ ထင်တယ်”

“ အင်း ငါက အဲဒီလူတွေကို အနိုင်ယူဖို့ တခြားလူတွေကို မလိုဘူး”

“ အဲလိုလား။ ခင်ဗျားက တားမြစ်ခံတာအိုပါတဲ့ ပင်ကိုရတနာ ရှိတာကို အကောင်ကြီးကြီး ဖြစ်ပြီလို့ ထင်နေတာလား” စွင်းကျောင်းလုံက ပြောလိုက်သည် “ အဲ့စာအုပ် မရှိဘဲ ခင်ဗျားက အသုံးမဝင်ဘူး”

“ မင်း ပြောလို့ပြီးပြီလား။ မင်းကသာ ဓားမရှိဘဲ ကောင်းကင်ရွေးချယ်ခံလို့ ခေါ်ခံရဖို့ ထိုက်တန်လို့လား” ဟွမ်ယွမ်က ပြန်လည်ချေပလိုက်၏ “ မင်းက လျှို့ဝှက်နယ်မြေတောင် မရောက်လာရဲဘူး။ မင်းက ကြောက်လွန်းနေတာပဲ နေမယ်”

စွင်းကျောင်းလုံက နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ထိုလျှို့ဝှက်နယ်မြေအတွင်း မပါဝင်ဖို့ရာက တွက်ချက်ထားသည့် အပြုအမှုတစ်ခုသာ ဖြစ်၏။ သူက ထိုအမွေအနှစ် ရယူနိုင်ချေ အခွင့်အရေးက နည်းပါးကြောင်း သိထားလေသည်။ အကယ်၍ သူ အောင်မြင်ခဲ့လျှင်ပင် သူ့အနေနှင့် သိမ်းဆည်းထားနိုင်မည် မဟုတ်ပေ။

တခြားအားကောင်းသည့် ဧကရာဇ်မျိုးဆက်များက သူနှင့် သူ့တိုင်းပြည်အား ဖိအားပေးကာ ထုတ်ပေးခိုင်းလိမ့်မည်။ မဟာဝူတိုင်းပြည်၏ အားနည်းချက်ဖြင့် သူတို့သည် ဖိအားကို ခံနိုင်ရည်ရှိလိမ့်မည်ဟု မထင်ပေ။

“ အခု ယောက်ျားသားတွေက သူတို့မာန်မာနတွေ၊ အတ္တတွေ ထုတ်ပြပြီးပြီဆိုတော့ မဟာမိတ်အကြောင်း ပြောရအောင်” မိုရှင်းယွင်က ပြောလိုက်သည် “ ကျွန်မကတော့ ဒါကို အကြံကောင်းလို့ ထင်တယ်။ ဒါပေမဲ့ ကျွန်မတို့တွေ ထပ်ပြီးတော့ လုပ်စရာ ရှိသေးတယ်”

“ နင်က တစ်ခုခု တွေးမိလို့လား” ဖန်းလီကျွမ်းက မေးလိုက်သည်။

“ ငါတို့တွေ ဝမ်ဝေ့ကလွဲရင် ကျန် ၅ ယောက်ကိုလည်း ဖိတ်ခေါ်နိုင်တယ်။ သူကသာ တကယ့်အန္တရာယ်ကြီးလေ”

“ အဲဒါက အသုံးမဝင်ဘူး။ ငါ ထုံရို့ပင်းကို သိတယ်။ သူမက ဖိတ်ကြားချက်ကို လက်ခံမှာ မဟုတ်ဘူး” ချန်ချန်းက ပြောလိုက်သည်။

“ အခုတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ဒုတိယအသုတ်ပြီးသွားရင် ဖြစ်လာနိုင်တာပဲ”

“ ဘာကိုပြောချင်တာလဲ။ တဲ့တိုးသာပြောလိုက်” ဖန်းလီကျွမ်းက ဉာဏ်များစွာ ပြုံးနေသည့် မိုရှင်းယွင်အား ကြည့်ကာ မေးလိုက်သည်။

“ ဝမ်ဝေ့သာ အထွတ်အထိပ်အင်အား ရောက်သွားတာနဲ့ ငါတို့အားလုံးကို သတ်ဖို့ မိနစ်ပိုင်းပဲ ကြာမြင့်မယ်ဆိုတာကို ပြောနိုင်တယ်။ သူတင်မဟုတ်ဘူး။ တိထျန်းလည်း အတူတူပဲ”

တခြားသူများက မျက်မှောင်ကြုတ်လိုက်ကြသည်။

“ ဒါကြီးက ပုံကြီးချဲ့လွန်းနေတာ မဟုတ်ဘူးလား။ အဲ့လောက်ကွာခြားစရာ အကြောင်းမရှိဘူး” ဟွမ်ယွမ်က ပြောလိုက်သည်။

“ ရှင်တို့တွေ အဆုံးစွန်အုတ်မြစ်ဆိုတာကို ကြားဖူးလား”

သူတို့က တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ခေါင်းခါလိုက်ကြ၏။ ထို့နောက် မိုရှင်းယွင်က ထိုအရာအကြောင်းကို ရှင်းပြလိုက်သည့်အခါ တခြားသူများက အမူအရာ ပျက်ယွင်းသွားကြသည်။ ထို့နောက် ပုံမှန် ပြန်ဖြစ်လာ၏။

“ ရှင်တို့တွေ တွေးနေတာကို သိတယ်။ ဒါပေမဲ့ အသုံးမဝင်ဘူး။ ရှင်တို့က ဝမ်ဝေ့လိုမျိုး တူညီတဲ့လမ်းစဉ်မျိုး လျှောက်ဖို့ ကြိုးစားရင်တောင် ကျရှုံးမှာပဲ။ ဘာပဲဖြစ်ဖြစ် ရှင်တို့တွေ ကြိုးစားကြည့်မယ်ဆိုတာကို သိတယ်”

မိုရှင်းယွင်က ထိုအချက်အလက်အကြောင်း သိထားလိုက်ကတည်းက အထွတ်အထိပ်အုတ်မြစ်ကို ဖန်တီးဖို့ လမ်းစဉ်ကို လျှောက်လှမ်းလိုခဲ့သည်။ သို့သော် သူမက သတ်မှတ်ချက် မပြည့်မှီဘဲ ကျရှုံးခဲ့ရ၏။ ထိုအရာက အရင်းအမြစ်မြောက်များစွာ လိုအပ်နေ၍ မဟုတ်ပေ။

“ အဓိကအကြောင်းကို ပြန်ပြောရအောင်” ချန်ချန်းက ပြောလိုက်သည် “ တခြားသူတွေက ငါတို့နဲ့ ပူးပေါင်းမယ်ဆိုတာ ဘယ်လိုပြောတာလဲ”

“ သူတို့တွေက ဝမ်ဝေ့ရဲ့ ကြောက်မက်ဖွယ်အင်အားကို တွေ့ကြုံပြီးတဲ့နောက်မှာ တချို့လူတွေက မဟာမိတ်အကြောင်းကို စဉ်းစားမိလာကြမှာပဲ”

“ မင်း အကြံအစည်က အလုပ်ဖြစ်တယ်။ ငါတို့တွေ မဟာမိတ်ထဲ တခြားသူတွေကိုပါ ဆွဲသွင်းနိုင်တယ်” ဖန်းလီကျွမ်းက ပြောလိုက်သည် “ ဒါပေမဲ့ ဝမ်ဝေ့နဲ့ တိထျန်းက အဲ့လောက်တောင် အားကောင်းနေရင် ပေါင်းစည်းဖို့ အဓိပ္ပာယ်ရော ရှိရဲ့လား”

“ ရှိတာပေါ့” မိုရှင်းယွင်က ထပ်ပြောလိုက်သည် “ ငါတို့တွေ သူတို့ကို မသတ်ခင် ဒါမှမဟုတ် စွမ်းအား မလျော့စေခင် အရေအတွက်အမြောက်အများ  အသုံးပြုလို့ရတယ်”

“ ဝမ်ဝေ့ဆီမှာ သူ့ကို ကာကွယ်ဖို့ လီကျွင်းနဲ့ တခြားစစ်သူကြီးတွေ ရှိတယ်။ တိထျန်းအတွက်လည်း အတူတူပဲနေမှာပဲ။ ဒီနည်းလမ်းတွေက သူတို့အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး” ချန်ချန်းက ပြောလိုက်သည်။

“ အဲလိုဆိုရင် ငါတို့ရဲ့ စစ်သူကြီးတွေကို ပေါင်းစည်းပြီးတော့ သူတို့ကို အလျင်အမြန် ရှင်းထုတ်ပစ်ဖို့ လိုတယ်” စွင်းကျောင်းလုံက ပြောလိုက်သည်။

အဖွဲ့က တိတ်ဆိတ်သွားပြီး ထိုဖြစ်နိုင်ချေအကြောင်းကို တွေးနေကြ၏။

ထိုအရာက အပေါ်ယံသာ အလုပ်ဖြစ်သော်လည်း ပြဿနာများက ရှိနေလေသည်။ ပြောရလျှင် သူတို့၏ အတ္တမာန်မာနများ ပါဝင်နေသည်။ မည်သို့ပင်ဆိုစေကာမူ ထိုနည်းလမ်းက သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်၏။

“ ငါတို့တွေ မဆုံးဖြတ်ခင် အချိန်နည်းနည်းယူရင်ရော” ဟွမ်ယွမ်က ပြောလိုက်သည်။ ထို့နောက် သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်ကာ ဆက်သွယ်ရေးအစီအရင်ကို အဆုံးသတ်လိုက်ကြသည်။

……………………………………

အနောက်ပိုင်းကုန်းမြေ

မိုရှင်းယွင်က အရာအားလုံး အဆုံးသတ်ပြီးသည့်နောက်တွင် ပြုံးလိုက်မိသည်။ သူက ထိုလူများသည် နဝမအဆုံးစွန်အုတ်မြစ်ကို စမ်းသပ်ကြည့်ကြမည်မှန်း ခန့်မှန်းမိလိုက်၏။ သူတို့ စိတ်ပျက်သွားမည်မှာ နှမြောစရာကောင်းလှသည်။

ထင်ထားသည့်အတိုင်း တစ်လနီးပါး ကြာမြင့်ပြီးသည့်နောက်တွင် အဖွဲ့က ထပ်မံတွေ့ဆုံကြ၏။

“ ရှင်တို့တွေ ကြိုးစားကြည့်ပြီးသွားပြီလား” မိုရှင်းယွင်က မေးလိုက်သော်လည်း မည်သူကမှ မတုံ့ပြန်ကြပေ။

“ ငါတို့တွေ ဘာလိုအပ်နေတယ်ဆိုတာကို ပြောပြလို့ ရမလား” ချန်ချန်းက ပြောလိုက်သည် “ မင်းရဲ့တန်ကြေးကို ပြောလိုက်”

“ ရှင် သိချင်တယ်ဆိုတာက သေချာရဲ့လား။ ဒါက ဘာမှပြောင်းလဲမှာ မဟုတ်ဘူး” ထိုလူများ၏ မျက်ဝန်းအထက် ဆုံးဖြတ်ချက်ကို မြင်ပြီးသည့်နောက်တွင် သူမက ပြုံးကာ တန်ကြေးကို ပြောလိုက်သည်။

“ အတော်လေး ဈေးကြီးတာပဲ” ဟွမ်ယွမ်က ရေရွတ်လိုက်သည်။

“ ရှင့်ရဲ့ အံ့ဖွယ်တာအိုမျိုးနွယ်က အတော်လေး ဆင်းရဲနေတယ်ဆိုတော့ အဲဒီအစား အကြွေးတင်နေတယ်လို့ပဲ မှတ်လိုက်ကြတာပေါ့” မိုရှင်းယွင် ပြောလိုက်သည့်အတွက် ဖန်းလီကျွမ်းက အံကြိတ်လိုက်သည်။

“ မလိုဘူး။ ငါ အဲဒီတန်ကြေးကို တတ်နိုင်တယ်”

မိုရှင်းယွင်က ပုခုံးတွန့်ကာ အဖွဲ့အား ဝိညာဉ်စာချုပ်ကို ပို့လိုက်သည်။ ထိုလူအားလုံး လက်မှတ်ထိုးပြီးသည့်နောက်တွင် သူမက သူတို့၏ ကျရှုံးမှုအကြောင်းအရင်းအား ပြောပြခဲ့၏။

စွင်းကျောင်းလုံက သက်ပြင်းချကာ “ ငါတို့ကြားက ကွာခြားချက်က အဲ့လောက်တောင် ကြီးတယ်လား”

“ အခု ရှင် နားလည်သွားပြီပဲ” မိုရှင်းယွင်က ထပ်ပြောလိုက်သည် “ ရှင်တို့တွေက တိထျန်းလိုမျိုး လမ်းစဉ်ကို လျှောက်လို့ရတယ်”

အားလုံးက နှာခေါင်းရှုံ့လိုက်ကြသည်။ မည်သူကများ စမ်းသပ်ချက်များ၊ အခက်အခဲများကို ခံစားရပြီး ဆက်တိုက်ပြန်လည်ဝင်စားနေနိုင်မည်နည်း။

“ နင်က ဘယ်လိုလုပ် အဲ့လောက် သိနေရတာလဲ” ဖန်းလီကျွမ်းက မေးလိုက်သည်။

“အဲ့ဒါကို သိစရာမလိုဘူး။ အခု မဟာမိတ်အကြောင်း ပြောရအောင်။ ဆုံးဖြတ်ချက်က ဘယ်လိုလဲ”

“ ငါ သဘောတူတယ်” ချန်ချန်းက တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည်။ သူက လျှို့ဝှက်နယ်မြေရှေ့တွင် ရှူရှစ်၏ လက်ထဲခံစားခဲ့ရသည့် အရှက်ကွဲမှုကို အမှတ်ရနေသေး၏။ သူက ထိုသို့ အင်အားမဲ့သည့် ဖြစ်ရပ်မျိုး ထပ်မံ မကြုံတွေ့လိုတော့ပေ။

“ ငါလည်း သဘောတူတယ်” စွင်းကျောင်းလုံက ပြောလိုက်သည်။

ဝမ်ဝေ့က သူ့ဆီမှ လူသားကံကြမ္မာဓားကို ယူဆောင်သွားပြီး သူ့အစီအစဉ်များအား ပျက်စီးအောင်လုပ်ကာ အားနည်းစေခဲ့သည်။ နတ်ဆိုးကံကြမ္မာဓားက သူ့အတွက် ဆုံးရှုံးမှုတချို့ကို ကာမိသော်လည်း မလုံလောက်သေးပေ။ ထို့အပြင် သူက ပင်လယ်မျိုးနွယ်၏ ကံကြမ္မာဓားကို ရှာမတွေ့သေးပေ။

“ ငါလည်း သဘောတူတယ်” ဟွမ်ယွမ်က လက်ချိုးရင်း ပြောလိုက်သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် သူက သူ့လမ်းတွင် ရှိသမျှအားလုံးကို အနိုင်ယူကာ ဖိနှိပ်ထားခဲ့သည်။ သို့သော် အသင်္ချေအင်ပါယာကမ္ဘာသို့ ရောက်လာပြီးသည့်နောက်တွင် သူကသာ ရှုံးနိမ့်မှုများကို ဆက်တိုက်ခံစားခဲ့ရ၏။

သူက သူ့စိတ်အခြေအနေကို လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ပြောင်းလဲခဲ့သော်လည်း ဤသို့လူငယ်မျိုးဆက်ထဲတွင် အရှက်ကွဲမှုကို ခံစားမည့်အစား အလွှာနိမ့်တွင် နယ်ရှင်တစ်ယောက်အဖြစ် ကျန်ရှိသည်က ပို၍ကောင်းမည်လားဟု စဉ်းစားမိလာသည်။ မည်သို့ပင်ဆိုစေကာမူ ဟွမ်ယွမ်က သူ့ဆုံးဖြတ်ချက်ကို နောင်တမရပေ။ သူက ကြက်အုပ်ကြား ဇာမဏီ မဖြစ်လိုပေ။

“ ကျွန်မလည်း သဘောတူတယ်” ဖန်းလီကျွမ်းက ပြောလိုက်သည်။ သူမက မဟာမိတ်ကို အကြံပြုသူဖြစ်၍ နောက်ဆုံးမှ ဝင်ပြောလိုက်ခြင်း ဖြစ်၏။ နှစ်များစွာ တစ်လျှောက် သူမက အံ့ဖွယ်တာအိုမျိုးနွယ်၏ အတုအယောင် ဂုဏ်ကျက်သရေကြောင့် လွှမ်းမိုးခြင်း မခံရအောင် သူ့မာနကို ထိန်းချုပ်ဖို့ သင်ယူခဲ့ရသည်။

သူမက မည်သည့်နည်းလမ်း အသုံးပြုစေကာမူ တာအိုကို သက်သေပြရမည်။

“ ငါလည်း သဘောတူတယ်” မိုရှင်းယွင်က ဆွဲဆောင်မှုရှိရှိ ပြုံးရင်း ပြောလိုက်သည်။ သူမ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကို လှည့်ဖျားနေသကဲ့သို့ ဖြစ်၏။ သူမက တည်ငြိမ်နေသော်လည်း တချို့လူများက သူမ၏ သတင်းအချက်အလက်ကြောင့် ထိတ်လန့်ကာ သူတို့ဘာသာသူတို့ စည်းပိတ်လိုက်ပြီး နောက်မျိုးဆက်မှ ပါဝင်ယှဉ်ပြိုင်မည်ကို စိုးရိမ်နေခဲ့မိသည်။

ကံကောင်းစွာဖြင့် ထိုလူများက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ်ခေတ်သည် ကံကြမ္မာနှင့် ပြည့်နှက်နေသည့်အတွက် ထာဝရဧကရာဇ် ဖြစ်လာနိုင်ချေရှိကြောင်း သိထားကြ၏။ တခြားမျိုးဆက်တွင် သူတို့က သဘာဝပါရမီအပေါ်  မှီခိုကြရမည်။ ကံဆိုးစွာဖြင့် သူတို့သည် ထိုသို့အောင်မြင်မှုမျိုးကို ရရှိလိမ့်မည်ဟု ယုံကြည်ချက်ရှိရှိ မပြောနိုင်ကြပေ။

“ တကယ်လို့ ငါတို့မဟာမိတ် ဖွဲ့ချင်တယ်ဆိုရင် ဝမ်ဝေ့ဆီကနေ ဝှက်ထားရမယ်”

“ သူ့ကံကြမ္မာဖတ်ရှုရေး စွမ်းရည်က အတော်လေးကို ဒုက္ခပေးတယ်” စွင်းကျောင်းလုံက ပြောလိုက်သည် “ ဒါပေမဲ့ သူက ဒီမဟာမိတ်အကြောင်းကို အနှေးနဲ့အမြန် သိသွားမှာပဲ”

“ ဒါပေမဲ့ ငါတို့တွေ သူ့ဆီကနေ ကြာကြာဝှက်နိုင်လေလေ ငါတို့အတွက် ပိုမိုအရေးသာချက် များလေလေပဲ” မိုရှင်းယွင်က ပြောလိုက်သည် “ ပြီးတော့ ငါတို့က သူ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ကိုလည်း သတိထားဖို့ လိုတယ်။ အဲဒီဟာတွေက ကျူးကျော်တဲ့နေရာမှာ အတော်လေး အရည်အချင်း ရှိတယ်”

“ ငါတို့ မသိတဲ့အရာတစ်ခုခုများ သိထားသေးလား” ဖန်းလီကျွမ်းက မေးလိုက်သည်။

“ ရှင်တို့ မသိတာတွေ အများကြီး သိထားတယ်။ နမူနာအနေနဲ့ဆိုရင် တိထျန်းရဲ့ အိပ်စက်တဲ့သူတွေက ဝမ်ဝေ့ရဲ့ ကံကြမ္မာအရိပ်တပ်ဖွဲ့ထက်တောင် ပိုပြီးတော့ ကျွမ်းကျင်တယ်။ အဲဒါကြောင့် ရှင့်တို့ရဲ့ တပ်နဲ့ စစ်သူကြီးတွေကြားမှာ သူတို့လူတွေ ပါမနေအောင် တားဆီးဖို့ နည်းလမ်း ရောင်းပေးမယ်”

“ တပ်နဲ့ စစ်သူကြီးတွေဆီလား။ ခဏ အဲဒါဆိုရင် သူတို့နှစ်ယောက်က ငါတို့အင်အားစုထဲ ဝင်ရောက်နေပြီလို့ ပြောချင်တာလား” စွင်းကျောင်းလုံက မေးလိုက်သည်။

“ ရှင် ဘယ်လိုထင်လဲ”

“ အဲဒါဆိုတော့ ငါတို့ရဲ့ တပ်ကို သန့်ရှင်းအောင် ကူညီပေးမယ်ဆိုပေမဲ့ ငါတို့အင်အားစုတော့ မပါဘူးပေါ့”

“ တကယ်လို့ ရှင်တို့ရဲ့ အင်အားစုကို ရှင်းလိုက်မယ်ဆိုရင် စွန့်စားမှုကြီးလွန်းတယ်။ ဝမ်ဝေ့က တစ်ခုခုမှားယွင်းတာကို သတိထားမိသွားနိုင်တယ်။ ပြီးတော့ ကျွန်မရဲ့နည်းလမ်းက သူတို့ရဲ့ သူလျှိုတွေအကုန်လုံးကို တွေ့ပါ့မလားဆိုတာကို အာမ မခံနိုင်ဘူး”

အခန်းအတွင်းရှိ လူအားလုံးက တိတ်ဆိတ်သွားကြသည်။ သူတို့က ဉာဏ်ကောင်းသည့်အတွက် ဆိုလိုသည့်အရာကို ချက်ချင်းသဘောပေါက်လိုက်၏။ ထိုတိုတောင်းသည့် အစည်းအဝေးနှစ်ခုအတွင်း မိုရှင်းယွင်က မဟာမိတ်တစ်ခုလုံး၏ မျှခြေကို သူမဘက်ရောက်အောင် ဆွဲခေါ်နိုင်ခဲ့သည်။

သူတို့က သတိမထားမိဘဲ သူမက ခေါင်းဆောင်သဖွယ် ဖြစ်လာခဲ့၏။

“ ကျွန်မတို့ရဲ့ မဟာမိတ်ကိုရော နာမည်လိုသေးလား” မိုရှင်းယွင်က မေးလိုက်သည်။

“ ငါတို့တွေ ကံကြမ္မာဖိနှိပ်ရေး မဟာမိတ်လို့ ခေါ်ရင်ရော”

“ ငါတို့တွေ တိထျန်းနဲ့ ဝမ်ဝေ့ကို ပစ်မှတ်ထားမယ်ဆိုရင် ဒီနာမည်က ဘယ်လိုလုပ် အဓိပ္ပာယ်ရှိမှာလဲ”

“ ငါကတော့ ဒီနာမည်ကို သဘောကျတယ်။ ပြီးတော့ သူက ပိုပြီးတော့ ခြိမ်းခြောက်နိုင်တယ်လို့ ခံစားရတယ်”

တခြားသူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီးနောက် သဘောတူလိုက်ကြသည်။ လက်ရှိမဟာမိတ်အဖွဲ့တွင် မိုရှင်းယွင်က အရေးသာဆုံး ဖြစ်၏။ ထို့ကြောင့် အသေးစားကိစ္စများနှင့် ပတ်သက်လာသည့်အခါ သူမဘက် မျက်နှာသာပေးသည်က ပြဿနာမရှိပေ။

……………

ဖရိုဖရဲအချိန်နယ်မြေအတွင်း

ဝမ်ဝေ့က မျက်လုံးဖွင့်ကာ ရေရွတ်လိုက်၏။

“ အခု အချိန်ကျလာပြီလား”

ထို့နောက် သူက သလင်းကျောက်များကို ကြည့်ကာ ပြုံးလိုက်မိသည်။ သူက ခေါင်းမော့လိုက်ပြီးသည့်နောက် အနာဂတ်ကိုယ် ၃၆၀ ကို ကြည့်ကာ အပြုံးက ပိုမိုနက်ရှိုင်းလာသည်။

“ မင်း ပြီးသွားပြီလား” ဝမ်ဝူချန်က မေးလိုက်သည်။

“ ဟုတ် ကျွန်တော်တို့ ထွက်သွားလို့ ရပြီ။ ဒါပေမဲ့ ဒီကိုပြန်လာပြီး ကျင့်ကြံလို့ရ မလား”

“ လှည့်ဖျားရေးကောင်းကင် အသက်ရှည်ကျမ်းကိုသာ ယူခဲ့။ မင်း လုပ်ချင်တာ လုပ်လို့ရတယ်”

ဝမ်ဝေ့က ပြုံးကာ “ စကားတွေ ပြန်မရုတ်သိမ်းရဘူးနော်”

ထို့နောက် နှစ်ယောက် မဟုတ်သေးဘူး … သုံးယောက်က ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။ ဝမ်ဝေ့က အပြင်ဘက်သို့ ရောက်သည်နှင့် အရိပ်(၂)ဆီမှ လျှို့ဝှက်နယ်မြေရှေ့တွင် ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲအကြောင်း ပါဝင်သည့် ဆက်သွယ်ရေးအဆောင်ကို ရရှိလိုက်သည်။

***

All Chapters