← Chapters

အင်မော်တယ်တပိုင်း နယ်ပယ်

Vol. 29 Ch. 401

အင်မော်တယ်တပိုင်း နယ်ပယ်

Vol. 29 Ch. 401

မိုဝူကျီ ကန်ရွယ်စကားကို စိတ်ထဲ မထားဘဲ တျန်းဂျီတုတ်ဖြင့် နံရံကို  ဆက်ရိုက်လိုက်သည်။

ဤတစ်ကြိမ်တွင် မိုဝူကျီက သူတို့အကူအညီ မလိုအပ်တော့သောကြောင့် မည်သူမျှ ပါမလာတော့ပေ။ မိုဝူကျီက အားကုန်သုံး၍ ရိုက်လိုက်သည့်အခါ ကျယ်လောင်သည့် အက်ကွဲသံနှင့်အတူ ကျောက်တုံးကြီး ကျလာသည်။

ဧရာမအပေါက်ကြီး ပေါ်လာသောကြောင့် အားလုံးက ပါးစပ်ဟောင်းလောင်း ကြည့်လိုက်ကြပြီး စိတ်စွမ်းအားဖြင့် အာရုံခံလိုက်ကြသည်။ မကြာခင်တွင် လူအများက ထိုအတွင်းပေါက် အဆုံးမှာ ဘယ်ကို ဦးတည်နေကြမှန်း မသိကြပေ။ သူတို့ စိတ်စွမ်းအားဖြင့် အဆုံးထိ အာရုံခံ၍ မရပေ။  ထိုမျှတင် မကဘဲ ထိုအပေါက်ကြီးမှာ သာမန်နှင့် တူကာ တည်ငြိမ်နေဟန် ရှိသော်လည်း တကယ်တမ်းတွင် အဆုံးမဲ့ဓားသွားများ ပျံသန်းနေသည့်အလား ဂယက်ထနေပေသည်။

“ဒါက  ... အင်မော်တယ် လောကကို ဦးတည်နေတဲ့ လမ်းကြောင်းများလား” ခဏအကြာတွင် မုယင်ချောင်က လှည့်ကာ ပြောလိုက်သည်။

ပြန့်ရွမ်းပိက မိုဝူကျီကို ကြည့်ကာ  “တာအိုရောင်းရင်းမိုက  ဒီနေရာကို ဖွင့်ခဲ့တာဆိုတော့ ဒီနေရာကို ဘယ်ဟာ ထင်လဲ ...”

မိုဝူကျီလည်း အားလုံးနည်းတူ အံ့ဩနေမိသည်။ အစပိုင်းတွင် သူက အစီအရင်နောက် လိုက်လာခဲ့ရုံမျှသာ ဖြစ်ပြီး နံရံနှင့် အစီအရင်ကို ဖျက်ဆီးပြီးနောက်တွင် ချောက်နက်အတွင်း ဤသို့သော နေရာမျိုး ရှိနေလိမ့်မည်ဟု ထင်မထားပေ။ တခြားလူများ၏ စိတ်စွမ်းအားမှာ အဆုံးကို အာရုံခံ၍ မရသည့်အတွက် မိုဝူကျီလည်း အာရုံမခံနိုင်ချေ။

ယခု ပြန့်ရွမ်းပိက မေးလိုက်သောကြောင့် သူက ခဏတာ စဉ်းစားလိုက်ပြီး  “ကျုပ်လည်း မပြောတတ်ဘူး ဒါပေမဲ့ ဒီနေရာမှာ လမ်းကြောင်းတစ်ခု ရှိတာတော့ သေချာတယ် ...”

မည်သူမျှ ဆက်မပြောတော့ပေ။ မည်သူမျှ အရင်ဦးဆုံး မဝင်ရဲကြပေ။ သူတို့ကိုယ်ပိုင် စိတ်စွမ်းအားက ဤအတွင်းပေါက်မှာ ဘာဆိုဘာမျှ မရှိဘဲ အေးချမ်းမှုနှင့် တည်ငြိမ်မှုသာ ရှိကြောင်းလည်း ညွှန်ပြနေသည်။

မိုဝူကျီက မည်သူမျှ မပြောကြသည်ကို သတိပြုမိပြီး တဲ့တိုးပြောလိုက်သည်  “ဒီလိုဆိုမှတော့ ကျုပ် အရင်ဝင်ပါ့မယ်။ အားလုံးကို နှုတ်ဆက်ခဲ့ပါတယ် ...”

သူ့စကားအဆုံးတွင် မိုဝူကျီက ရှေ့တိုးကာ ထိုအပေါက်ကြီးထဲ ဝင်သွားတော့သည်။

မိုဝူကျီ ဝင်သွားပြီးနောက် လော့ချွမ်းဟယ်လည်း ဘာမျှပြောမနေတော့ဘဲ မိုဝူကျီနောက်သာ လိုက်ပါသွားလေ၏။ ပထမနှင့် ဒုတိယလူ ဝင်ရောက်သွားတာကို သေချာ လေ့လာပြီးနောက် ကျန်လူများမှာလည်း အတွင်းပေါက်ထဲ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားသည်။ ဤအတွင်းပေါက် မည်သို့ ဖြစ်ပေါ်စေလာကာမူ မိုဝူကျီက ဤသည်မှာ အနည်းဆုံးတော့ ထွက်လမ်းဖြစ်ကြောင်း ပြောသည်က လိမ်ညာနေခြင်း မဟုတ်ပေ။

မိုဝူကျီ ထိုအတွင်းပေါက်ထဲ ဝင်လာသည်နှင့် သူက ကြယ်တာရာ သခင်တောင်ထက်ပင် သိပ်သည်း၍ အဆင့်မြင့်သော ဝိညာဉ်စွမ်းအားများကို ခံစားမိလိုက်သည်။ ထိုအပေါက်မှာ အင်မော်တယ် လောကကို ဦးတည်နေတာလားဟုပင် သံသယ ဝင်လာမိသည်။

တစ်မူထူးလှသည့် လေပွေမှာ ဓားသွားများ ပါဝင်နေသည့်အလား မိုဝူကျီကို မဝင်နိုင်ရန် တားဆီးထားရုံသာမက သူ့ခန္ဓာ၌ ဒဏ်ရာတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လာစေသည်။

မိုဝူကျီက ဆူးနစ်လေဂိတ်ကို ကြုံတွေ့ဖူးသည့်အတွက် ထိုလေပြင်းမှာ သူ့ကို ဒဏ်ရာ ရစေသော်လည်း အပြည့်အဝ ကန်ထုတ်ဖို့အထိ လိုအပ်နေသေးသည်။

ထိုအပေါက်ကြီးမှာ အဆုံးမဲ့လမ်းကြောင်းနှင့် တူသောကြောင့် မိုဝူကျီက ရှေ့ဆက်တိုးနေဆဲ ဖြစ်သည်။ တစ်လ ကုန်ဆုံးသွားကာ အမာရွတ်များစွာ ရရှိပြီးနောက် သူက ထိုလေပြင်းမှာ အားနည်း သွားသောကြောင့် မိုဝူကျီ၏ အမြန်နှုန်းမှာ အတော်လေး မြန်ဆန်နေပေသည်။ ရက်အချို့ ကြာပြီးနောက် မိုဝူကျီ၏ စိတ်စွမ်းအားမှာ အလုပ် ပြန်လုပ်လာနိုင်သလို တစ်ကိုယ်လုံးမှာလည်း ပေါ့ပါးလာကာ အားတစ်ခုက သူ့အား သယ်ဆောင် သွားတော့သည်။

ဒါက အာကာသ အစီအရင်ဂိတ်တံခါးပဲ ...

ကျန်းရှင်း လောကတိုင်တွင် အာကာသ အစီအရင်ဂိတ်တံခါး ရှိနေသောကြောင့် မိုဝူကျီက ထိုသို့မျိုး အစီအရင်မျိုးနှင့် ရင်းနှီးလှပေသည်။ သူက သူ့တစ်ကိုယ်လုံးကို ထိုအားဆွဲခေါ်သွားတာကို ခွင့်ပြုလိုက်သည်။

ခဏတာ မူးဝေပြီးနောက် မိုဝူကျီက ကုန်းမြေတစ်ခုပေါ် ဆင်းသက် လိုက်ရသည်။

အာကာသထဲ မဟုတ်ဘူးလား ...

မိုဝူကျီက စိတ်စွမ်းအား အသုံးပြု၍ စစ်ဆေးကြည့် လိုက်သော်လည်း အဆုံးမဲ့ကုန်းမြေသာ တွေ့လိုက်ရသည်။ ထိုမြေနက်ရောင်မှာ အင်မတန် ထူးဆန်းနေသောကြောင့် သူ့စိတ်စွမ်းအား အောက်တွင် အစိမ်းနှင့် တူသည့်အရာ ပိစိလေးပင် မတွေ့မိပေ။

သူက တစ်ခါမျှလည်း မကြားဖူးပေ။ ခဏတာ တွေဝေနေပြီးနောက် မိုဝူကျီက ဦးတည်ချက် တစ်ခု ရွေးချယ်၍ ဆက်သွားဖို့သာ ဆုံးဖြတ်လိုက်သည်။ သူက အာကာသ အစီအရင် ဂိတ်တံခါးမှာ ကြုံရာကျပန်း ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူက မူလနေရာ၌ စောင့်နေလျှင်ပင် သူက လော့ချွမ်းဟယ်နှင့် အခြားလူများကို မြင်တွေ့နိုင်မည် မဟုတ်ပေ။ သို့သော်လည်း မိုဝူကျီက ဤနေရာတွင် သိပ်သည်းနေသော ဝိညာဉ်စွမ်းအားများ ရှိနေ၍ စိတ်မပျက်ပေ။

ဤနေရာရှိ ဝိညာဉ် စွမ်းအားများမှာ ကျန်းရှင်းရှိ ဝိညာဉ်စွမ်းအားများထက် ပို၍ အဆင့်မြင့်သော်လည်း ဤနေရာမှာ အင်မော်တယ်လော ကတော့ မဖြစ်နိုင်ကြောင်း မိုဝူကျီ ခန့်မှန်းမိလိုက်သည်။ အကြောင်းမှာ သူ လခြမ်းကွေး အင်မော်တယ် နန်းတော်မှ ရလာသည့် စိတ်စွမ်းအင် ကျောက်တုံးအချောများက ဤထက် ပိုအဆင့်မြင့်ပေသည်။

အကယ်၍ ဤနေရာမှာ အင်မော်တယ်လောက အစစ်အမှန် ဖြစ်ပါက ဝိညာဉ်စွမ်းအားများမှာ ကျောက်တုံး အချောများထက် မနိမ့်ကျလောက်ပေ။

နေ့တစ်ဝက်တာ သွားလာပြီးနောက် မိုဝူကျီက လူနှစ်ယောက်ကို မြင်လိုက်ရသည်။ မိုဝူကျီက မြန်မြန်သွား၍ သူတို့ဘေး ရောက်သည့်အခါ လက်နှစ်ဖက် ယှက်လျက်  “ဒီက တာအိုရောင်းရင်း နှစ်ယောက်ကို နှုတ်ဆက်ပါတယ် ...”

ထိုနှစ်ယောက် နောက်ကျောပေါ်ရှိ ခြင်းတောင်းတွင် မိုဝူကျီ မပြောပြတတ်သည့်  အနက်ရောင်တွင်းထွက် သတ္တုတချို့ ပါနေသောကြောင့် နည်းနည်း ထူးဆန်းနေသည်။

မိုဝူကျီ သတိပြုမိလိုက်သည်က သူတို့ကျင့်ကြံဆင့်မှာ တစ်မူထူးနေလေသည်။ သူတို့နှစ်ယောက်မှာ သူ့ထက် အားကောင်းကြောင်း သေချာနေသည်။ ထိုသူများက အနည်းဆုံးတော့  မြေကမ္ဘာအင်မော်တယ် ပြီးပြည့်စုံခြင်း အဆင့်တွင် ဖြစ်၏။

“လူသစ်လေးလား” အရပ်နည်းနည်း ရှည်သည့်သူက မိုဝူကျီကို ခြုံငုံကြည့်ပြီး မိုဝူကျီ လက်ကောက်ဝတ်ကို မရေမရာ ကြည့်ရင်း အသာပြောလိုက်သည်။

မိုဝူကျီက သူတို့ နှစ်ယောက်လုံးတွင် လက်ပတ်ကိုယ်စီ ရှိနေကြမှန်း တွေ့လိုက်ရသည်။

“ဟုတ်ကဲ့ ... ကျုပ် ဒီနေရာကို အာကာသ အစီအရင်ကနေ မတော်တဆ ရောက်လာမိတာပါ” မိုဝူကျီက ရိုးရိုးသားသား ဖြေလိုက်သည်။

“ဒီကနေ တန်းတန်း ဆက်သွား ... အဲဒီမှာ ဌာနတစ်ခု တွေ့လိမ့်မယ်။ အဲဒီမှာ အမှတ်အသား လက်ပတ် လုပ်လို့ ရတယ်” အရပ်နည်းနည်း ရှည်သည့်သူက တည်နေရာတစ်ခု လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

“အမှတ်အသား လက်ပတ်လား ... အဲဒီနေရာကို ဘယ်လိုလုပ် သိမှာလဲ။ ဒါက အင်မော်တယ် လောက မဟုတ်ဘူးလား” မိုဝူကျီက ထပ်စုံစမ်းလိုက်သည်။

မိုဝူကျီကို ဖြေလိုက်သည့်သူမှာ ခနဲ့ပြုံး ပြုံးလိုက်ရင်း သူ့မျက်ဝန်း၌မူ အထီးကျန်မှုအချို့ ဖြတ်ပြေး သွားလေသည်  “ဒီလိုနေရာကို အင်မော်တယ်လောက လိုမျိုး ဆက်ဆံရင်တောင် တကယ့်နာမည်အစစ်က အင်မော်တယ်တစ်ပိုင်း နယ်ပယ်တဲ့ ... ဒီနေရာမှာ တစ်ယောက်တည်း ဘယ်လိုမှ အသက်မရှင်နိုင်ဘူး။ အဲဒါကြောင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲကိုသွား ... တစ်ယောက်ယောက်က မင်းကို လာပူးပေါင်းဖို့ မေးရင် ငါတို့နဲ့ အတူတူ နေ့တိုင်း သတ္တုတူးဖို့ လာခဲ့ပေါ့ ...”

ထိုသို့ ပြောပြီးနောက် မြေကမ္ဘာ အင်မော်တယ် အဆင့် ကျင့်ကြံသူမှာ ဆက်မရှင်းပြတော့ဘဲ ရှေ့သာ ထွက်သွားတော့သည်။ နောက်ထပ် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူမှာ အစကတည်းမှ ဘာမျှ မပြောပေ။

အင်မော်တယ် တစ်ပိုင်း နယ်ပယ်တဲ့လား ...

မြေကမ္ဘာအင်မော်တယ် အဆင့် ကျင့်ကြံသူတွေက နေ့တိုင်း သတ္တုတူး နေရတာလား ...

မိုဝူကျီက ထိုကျင့်ကြံသူ နှစ်ယောက် ပုံရိပ်အသေးလေးဖြစ်ကာ ပျောက်ဆုံးသွားသည်အထိ ကယောင်ချောက်ချား ရပ်နေမိသည်။

ထိုလူနှစ်ယောက်မှ စကားများမှ သတ္တုတူးခြင်းမှာ သူတို့ကို အတင်းကြပ် ခိုင်းစေထားခြင်း မဟုတ်ဘဲ အင်မော်တယ်တစ်ပိုင်း နယ်ပယ်၏ စည်းမျဉ်း ဖြစ်နိုင်သည်။

မည်သို့ပင် ဖြစ်စေကာမူ သူက ရှေ့တွင် ရှိနေသည့်အရာကို သွားကြည့် ကြည့်ရမည်။

မိုဝူကျီက ထပ်မတွေးတော့ဘဲ စောစောမှ သူ့ကို လက်ညှိုးထိုးပြသည့် ဦးတည်ရာအတိုင်း ဦးတည် သွားလိုက်တော့သည်။ လေးနာရီအကြာတွင် မိုဝူကျီ၏ စိတ်စွမ်းအားမှာ အဆောက်အအုံကြီး တစ်ခုကို အာရုံခံမိလိုက်ပြီး လူများ ဝင်ချည်ထွက်ချည် အလုပ်ရှုပ် နေကြသည်။

“မိတ်ဆွေ မင်းက အသစ်လား ...” ခပ်ပုပု၊ ခပ်ဝဝ ကျင့်ကြံသူက မိုဝူကျီကို တားကာ လက်နှစ်ဖက် ယှက်လျက် အားတက်သရော မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ  “ဟုတ်ပါတယ် ကျုပ်က အသစ်ပါ ...”

“ကျုပ်နာမည်က ဟန်ရှင်း ...  ကျုပ်တို့ ကျောက်မဲ အဖွဲ့အစည်းကို လာဝင်ပါ့လား။ ကျုပ်တို့ ကျောက်မဲ အဖွဲ့အစည်းက အဖွဲ့ဝင်တွေကို ရက်ရက်ရောရော ဆုအချဆုံးပဲ ... ကျင့်ကြံဖို့အတွက် စိတ်စွမ်းအင် ကျောက်တုံးရှားမှာ မဟုတ်ဘူး။ ပြီးတော့ ဒီအင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲမှာ ကျုပ်တို့ ကျောက်မဲ အဖွဲ့အစည်းက ...”

“ခဏလေး နေပါဦး ...” မိုဝူကျီက ဟန်ရှင်းစကားကို အားနာစွာ ဖြတ်ပြော လိုက်ရသည်  “ညီအစ်ကိုဟန် ... ခင်ဗျားပြောနေတဲ့ ကျောက်မဲ အဖွဲ့အစည်းက အင်မော်တယ်တစ်ပိုင်း နယ်ပယ်ထဲက ဂိုဏ်းလား ...”

ဟန်ရှင်းက ပြန်မဖြေခင် တစ်ယောက်က ဝင်ပြောလိုက်သည်  “တာအိုရောင်းရင်း ... သူ့စကားတွေကို မယုံနဲ့။ တကယ်လို့ သူ့ကျောက်မဲ အဖွဲ့အစည်းကို ဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ကျုပ်ရဲ့ အင်မော်တယ် ဖွေရှာ အဖွဲ့အစည်းကိုရော စိတ်မဝင်စားဘူးလား ... ကျုပ်ရဲ့ အင်မော်တယ်ဖွေရှာ အဖွဲ့အစည်းက ...”

“လီချင်ဖေး မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ငါ့ကျောက်မဲ အဖွဲ့အစည်းကို လူလယ်ကောင် လာရှုပ်တာလား” ဟန်ရှင်းက ဒေါသတကြီး အော်ပြောလိုက်သည်။

ဟန်ရှင်းခေါ်လိုက်သည့် လီချင်ဖေးဆိုသည့် သူမှာလည်း ခပ်ဝဝ ကျင့်ကြံသူ ဖြစ်ကာ ဟန်ရှင်းထက်ပင် ပိုဝနေသေး၏။ သူက ဟန်ရှင်းစကားများကို ကြားပြီးသောအခါ သူက အေးစက်စွာ ရယ်မောလိုက်ရင်း “ဟန်ရှင်း ...  မင်းရဲ့ ကျောက်မဲ အဖွဲ့အစည်းကို ရှုပ်တာ ဘယ်မျက်လုံးနဲ့များ ကြည့်လိုက်တာတုန်း။ ဒီတာအို ရောင်းရင်းလေးက အခုမှ ရောက်ခါစ ဘယ်အဖွဲ့မှ မဝင်သေးဘူး။ မင်းတို့ ကျောက်မဲ အဖွဲ့အစည်းပဲ သူ့ကို ဖိတ်ခွင့်ရှိတာလား ဟမ် ...  ဒီတာအို ရောင်းရင်းလေးက သူ့အတွက် အဆင်ပြေတဲ့ဆီ သွားလို့ ရတာပဲ ...”

“ဒီလိုဆိုမှတော့ ကျုပ်ရဲ့ အသက်ရှည်ဂိုဏ်းကလည်း ဒီနေရာမှာ အခြေအနေ အကောင်းဆုံးတွေ ပေးနိုင်ပါတယ်။ ဒီက တာအိုရောင်းရင်းသာ ကျုပ်ရဲ့ အသက်ရှည်ဂိုဏ်းကို ဝင်ရင်  ...” မိုဝူကျီက ကျောက်မဲ အဖွဲ့အစည်းနှင့် အင်မော်တယ်ဖွေရှာ အဖွဲ့အစည်းတို့မှာ ဘာဖြစ်ကြောင်း မရှင်းလင်းခင် နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ရောက်ရှိလာသည်။

“အဲဆို  ကျုပ်ရဲ့ ဓားအစွမ်း ကုန်းမြေပြန့်ကိုရော ဘာလို့ မဝင်နိုင်ရမှာလဲ ... ကျုပ်တို့က ဒီနေရာမှာ တရားအမျှတဆုံးပဲ။ ကျုပ်တို့ အဖွဲ့ဝင်တွေ အနိုင်ကျင့်ခံရတာကို လုံးဝ ခွင့်မလွှတ်ဘူး ... “

မိုဝူကျီက နောက်ဆုံးတွင် ရေးရေးလေး နားလည် သဘောပေါက်လာသည်။ ဤအင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် အဖွဲ့များစွာ ရှိပြီး ထိုအဖွဲ့များမှာ လူသစ်ခေါ်ယူနိုင်ရန် အတွက် အလွန် အလုပ်ရှုပ်နေကြပေသည်။

တစ်ချက်တည်းဖြင့် ကျင့်ကြံသူအများစုမှာ သူတို့ကျောနောက်တွင် ခြင်းတောင်းများ သယ်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ တချို့ ခြင်းတောင်းများမှာ ဗလာဖြစ်နေပြီး တချို့မှာ အနက်ရောင် သတ္တုတချို့ဖြင့် ပြည့်နေသည်။

“အားလုံး ငြင်းမနေကြနဲ့တော့။ ဒီတာအိုရောင်းရင်းလေးပဲ ရွေးချယ်ပါစေ” ဟန်ရှင်းက နည်းနည်း စိတ်ရှုပ်လာမိသည်။ ဤနေရာသို့ ရောက်လာသည့် အရေအတွက်မှာ နည်းပါး လာသောကြောင့် သူ တစ်ယောက် တွေ့လိုက်ချိန်တွင် အပြိုင်အဆိုင် များစွာနှင့် တွေ့နေရသည်။

“ဟုတ်တယ် ... ဒီတာအိုရောင်းရင်းလေးပဲ ဆုံးဖြတ်ခိုင်းတာပေါ့” လီချင်ဖေးက ဝင်ပြောလိုက်သည်။

မိုဝူကျီက လက်သီး ဆုပ်ထားလျက် နှုတ်ဆက်လိုက်သည်  “အားလုံးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် ဒီနေရာကို အာကာသ အစီအရင် ဂိတ်တံခါးကြောင့် မတော်တဆ ရောက် ...”

“ခဏ  မတော်တဆ ရောက်လာတာလား။ ခင်ဗျားက မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့် ရောက်လို့ ဟင်းလင်းပြင် ချိုးဖောက်လာခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျားက မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား” ဟန်ရှင်းက မိုဝူကျီ စကားကို ဖြတ်ပြောကာ တုန်လှုပ်တကြီး မေးလိုက်သည်။

မိုဝူကျီက ဟင်းလင်းပြင် ချိုးဖောက်သည့် အကြောင်း ကြားသည့်အခါ မှင်တက်မိ သွားသည်။ အကယ်၍ ဟင်းလင်းပြင်ကို ချိုးဖောက်လိုက်ခြင်းက ဤသို့မျိုး နေရာသို့ ရောက်လာရမည် ဆိုလျှင် သူ လုံးဝ ဟင်းလင်းပြင်ကို မချိုးဖောက်ချင်တော့ပေ။

မိုဝူကျီက တန်းဖြေလိုက်သည်  “မဟုတ်ပါဘူး။ ကျုပ်က အာကာသထဲ သွားလာနေရင်း အာကာသ အစီအရင် ဂိတ်တံခါးထဲ ဝင်မိပြီး ဒီနေရာ ‌ ရောက်လာတာပါ။ ကျုပ်က လောက အင်မော်တယ် အဆင့်ပဲ ရှိသေးတာပါ ...”

“...” မိုဝူကျီကို အတင်း လုခေါ်နေကြသည့် အားလုံးမှာ အချင်းချင်း မျက်စပစ်လိုက်ကြပြီး လီချင်ဖေးက အရင်ဦးစွာ ပြောလိုက်သည်  “ကျုပ်မှာ လုပ်စရာလေး ရှိနေသေးလို့ ခင်ဗျားတို့တွေ ဆက်လုပ်ပါ ...”

ထိုသို့ပြောပြီးနောက် လီချင်ဖေးက ထွက်သွားလေသည်။ မိုဝူကျီ၏ ကျင့်ကြံဆင့်ကြောင့် စိတ်ပျက်သွားသည်မှာ သိသာလှပေသည်။ ဤနေရာတွင် ထပ်အချိန်ဖြုန်းရန် စိတ်မဝင်စားတော့ပေ။

“ခင်ဗျားက လောက အင်မော်တယ်အဆင့် ကျင့်ကြံသူလား” ဟန်ရှင်းက မယုံကြည်နိုင်စွာ ထပ်မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြကာ “ဟုတ်ပါတယ်။ ကျုပ်က လောက အင်မော်တယ်အဆင့် ဆိုပေမဲ့ အလယ်အလတ် အဆင့်ရောက်နေပါပြီ။ နောင်နှစ် အနည်းငယ်အတွင်း မြေကမ္ဘာ အင်မော်တယ်အဆင့် တက်လှမ်းနိုင်မှာပါ ...”

မိုဝူကျီက ထိုလူများမှာ သူ့ကျင့်ကြံဆင့် သိပြီးနောက်  သူ့ကို စတင်၍  ရှောင်ခွာလာကြောင်း ခံစားမိလာသည်။ ထို့ကြောင့် သူ့ကိုယ်သူ ပရိုမိုရှင်းဆင်းသည့်အနေဖြင့် ထပ်ပြောလိုက်ရသည်။

“ကျုပ်လည်း အခုတော့ ခင်ဗျားကို မကူညီနိုင်သေးဘူး” ဟန်ရှင်းလည်း ခေါင်းခါရင်း ချက်ချင်း ထွက်သွားတော့သည်။

ဟန်ရှင်းနှင့် လီချင်ဖေးတို့ ထွက်သွားပြီးနောက် ဓားအစွမ်း ကုန်းမြေပြန့်မှ “မျှတ ပွင့်လင်းလှသည့်” ဟုဆိုသော လူမှာ အခြားသူများထက်ပင် မြန်ဆန်နေပေသည်။ မိုဝူကျီက အသက်ရှည်ဂိုဏ်းမှ နောက်ဆုံးလူကို ဆွဲထားလိုက်ပြီး  “ဒီက တာအိုရောင်းရင်း ခဏနေပါဦး ...”

***

All Chapters