ပထမနှင့် ဒုတိယ
Vol. 38 Ch. 529
တံစဉ်ကိုင်ဆောင်ထားသည့် လူငယ်လယ်သမားတစ်ဦးက အဝေးတစ်နေရာအား လှမ်းကြည့်နေရင်း အံ့အားသင့်သည့် အမူအရာမျိုး ဖြစ်နေလေသည်။ စက္ကန့်ပိုင်းကြာပြီးသည့်နောက်တွင် သူက ရေရွတ်လိုက်၏ “ စကားပြောခန်းလား … ဟား…ဟား…ဟား…”
“ ရှောင်လီ ဘာဖြစ်နေတာလဲ” သူ့နားရှိ လူအိုကြီးတစ်ယောက်က မေးလိုက်သည်။
“ သူဆင်းရဲ … ငါ့ကို စကားမပြောနဲ့။ ငါက ကောင်းကင်ကို အုပ်ချုပ်ဖို့ ကံပါလာတဲ့သူပဲ”
လူအိုကြီးက သူ့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။ ဤသည်က ရှောင်လီ ထိုသို့ အကျိုးအကြောင်းမရှိသည့် စကားများ ပြောသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ထိုစဉ် ရှောင်လီက တခြားသူ၏ တုံ့ပြန်မှုကို စိတ်ထဲမထားပေ။ ဤတစ်ခါက အမှန်ဖြစ်ကြောင်း သူသာလျှင် သိထားလေ၏။
ထို့ကြောင့် သူက ပစ္စည်းများကို သိမ်းကာ အိမ်ငယ်လေးဆီ ပြန်လာလိုက်သည်။ သူက လက်ရှိသတင်းအချက်အလက်များစွာ ရရှိလိုက်၍ ထိုအရာကို နားလည်ဖို့ အချိန်လိုအပ်နေ၏။
အရူးဘုရင် “ အသစ်ရောက်လာတာလား။ မင်းကိုယ်မင်း မိတ်ဆက်ပါဦး”
ပညာရှင် “ ငါတို့တွေမှာ အဖွဲ့ဝင်အသစ် ရောက်လာမယ်လို့ ထင်မထားမိဘူး”
သမားတော် “ တာအိုရောင်းရင်းကို ကြိုဆိုပါတယ်”
နတ်ဘုရားဖြစ်ချင်သူ “ ငါက ကြီးမြတ်တဲ့အရာတွေအတွက် ကံကြမ္မာဖန်လာတယ်ဆိုတာကို သိတယ်။ ဒီနတ်ဘုရားကို ကိုးကွယ်ဖို့ မင်းတို့ကို အခွင့်အရေးပေးမယ်”
အရူးဘုရင် “ …”
ပညာရှင် “…”
သမားတော် “…”
လုပ်ကြံသတ်ဖြတ်သူ “ အရူးလား”
သားသတ်သမား “ နာမည်ကို ကြည့်လိုက်လေ။”
နတ်ဘုရားဖြစ်ချင်သူ “ ကံကြမ္မာအရှင်က ဘယ်မှာလဲ။ ဒီနတ်ဘုရားဆီ ကျင့်စဉ်လာပေးလှည့်”
အားလုံးက ထိုစကားကို မြင်ကာ ကြောက်ကြောက်လန့်လန့် ဖြစ်သွားကြသည်။ သူတို့ဘာမှမလုပ်နိုင်ခင် သူတို့ဘာသာသူတို့ ပထမဆုံးရောက်ရှိခဲ့သည့် ခန်းမဆောင်အတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
ဝမ်ဝေ့က လူငယ်လယ်သမားအား ဘာမှမပြောဘဲ ကြည့်လိုက်သည်။ ထိုစဉ် နတ်ဘုရားဖြစ်ချင်သူက သူ့ဝိညာဉ်သည် အကြည့်တစ်ချက်တည်းဖြင့် ဖြည်းဖြည်းချင်း ကျုံ့သွားသလို ခံစားလိုက်မိ၏။ သူ့ဝိညာဉ်မှပင် ချွေးများစီးကျလာသလို ခံစားမိလိုက်သည်။
“ မင်းရဲ့ တည်ရှိမှုကို အတွေးတစ်ချက်နဲ့ ဖျက်ဆီးပစ်နိုင်တယ်။ မင်း ဒီမိုးမြေကြားမှာ တည်ရှိတာကို နောင်တရသွားအောင် လုပ်ပေးနိုင်တယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည် “ မင်း သိပြီလား”
နတ်ဘုရားဖြစ်ချင်သူက ခက်ခက်ခဲခဲဖြင့် ခေါင်းညိတ်လိုက်သည်။
“ မင်း နားလည်ရင် ပြီးတာပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည် “ မင်းဆီမှာ ရည်မှန်းချက်တွေ၊ အိပ်မက်တွေ၊ လိုအင်ဆန္ဒတွေ ရှိတာ ပြဿနာ မရှိဘူး။ ဒီနေရာမှာ ရောက်လာတဲ့ အကြောင်းအရင်းကလည်း အဲဒါကြောင့်ပဲ။ ဒါပေမဲ့ မင်း ကန့်သတ်ချက်ကို သိသင့်တယ်”
“ ကျွန်တော် … တော် … ပြောခဲ့မိတာအတွက် တောင်းပန်ပါတယ်”
“ ကောင်းပြီ။ မင်း အားနည်းနေတုန်းမှာ မင်းရဲ့ အပြုအမူတွေနဲ့ စကားတွေကို သေချာသတိထား”
နတ်ဘုရားဖြစ်ချင်သူက လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူက ပေးချင်သည့် စကား၏ ဆိုလိုရင်း နားလည်လိုက်၏။
သူက အားနည်းလွန်းနေသည်။
“ မင်းရဲ့ ကျင့်စဉ်အတွက် ဘာလိုချင်လဲ”
“ ကျွန်တော်ငယ်စဉ်ကတည်းက အမျိုးသမီး၊ အမျိုးသား၊ တော်ဝင်၊ ဘုရင်အစရှိတဲ့ လူတွေအားလုံးရဲ့ ကိုးကွယ်မှုကို ခံချင်တယ်။ အဲဒါက ကျွန်တော် လိုချင်တာပဲ”
“ ဒီလိုဆိုရင် အုပ်ချုပ်သူ နတ်ဘုရားလမ်းစဉ်က သင့်တော်တယ်။ မင်းက ကံကြမ္မာတိုင်းပြည်ကို တည်ဆောက်ပြီးတော့ ကံကောင်းမှုနဲ့ ယုံကြည်မှုတွေကို စုစည်းလို့ရတယ်။ မင်းက အသင်္ချေမျိုးနွယ်နဲ့ ကမ္ဘာတွေအများကြီးကို အုပ်စိုးနိုင်ပြီးတော့ သူတို့ရဲ့ ကိုးကွယ်မှုကို ရယူနိုင်တယ်။ ဒါပေမဲ့ သတိထားရမှာက မင်းရဲ့ အင်အားက ယုံကြည်မှုစွမ်းအားနဲ့ တိုးမြင့်လာနိုင်တယ်။ ဒါပေမဲ့ မင်းကို ကန့်သတ်ထားလိမ့်မယ်။ တကယ်လို့ မင်းရဲ့ ကိုးကွယ်သူတွေကို ဆုံးရှုံးသွားမယ်ဆိုရင် မင်းရဲ့ အင်အားကို ဆုံးရှုံးသွားမှာပဲ။ လက်ခံနိုင်ရဲ့လား”
“ ဟုတ်ကဲ့” နတ်ဘုရားဖြစ်ချင်သူက ချက်ချင်း ပြန်ပြောလိုက်သည်။
“ ကောင်းပြီ။ မင်းရဲ့ ကံကြွေးက ၁၄.၇ သန်းပဲ”
နတ်ဘုရားဖြစ်ချင်သူရှေ့တွင် စာအုပ်တစ်အုပ် ပေါ်ထွက်လာ၏။ သူက လက်ခံလိုက်သည်။ ဝမ်ဝေ့က တခြားသူများအား ကြည့်လိုက်ပြီးနောက် ပျောက်ကွယ်သွားသည်။ အားလုံးက တိတ်ဆိတ်နေပြီး ထိုတုံးအအ အသစ်ရောက်လာသူကို ကြည့်လိုက်ကြ၏။
“ လုပ်ကြံသတ်ဖြတ်သူ … ငါ့ကို ကံအမှတ် နည်းနည်းချေးပေးလို့ရမလား။ ငါ့ကမ္ဘာက အားအကောင်းဆုံးဂိုဏ်းကို ဖျက်ဆီးပြီးတော့ သူတို့အရင်းအမြစ်ကို ယူချင်တယ်” အရူးဘုရင်က သူ့တွင် ဈေးအကြီးဆုံးကျင့်စဉ် ရှိထားသေးကြောင်း သိပြီးသည့်နောက် သက်ပြင်းချကာ တောင်းဆိုလိုက်၏။
“ ငါရောပဲ” သားသတ်သမားက ပြောလိုက်သည်။ သူက လူအများအပြားအစား တစ်ယောက်ချင်းစီ သတ်ရသည်ကို ပိုမိုသဘောကျ၏။ သူက ပစ်မှတ်၏ နာကျင်မှု၊ စိတ်ပျက်မှုတို့ကို မြင်ရတာကို သဘောကျလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက အားကောင်းလာဖို့အတွက် အရင်းအမြစ်များ လိုအပ်ကြောင်း နားလည်ထားသည်။
“ ကျုပ်ကိုလည်း ပေးဦး” ပညာရှင်က ပြောလိုက်သည် “ ကျုပ်ကမ္ဘာရဲ့ အားအကောင်းဆုံးတိုင်းပြည်က ကျုပ်လမ်းကို ပိတ်ပင်နေတယ်”
“ ပညာရှင် … မင်းရောပဲလား” သမားတော်က မေးလိုက်သည် “ မင်းက ဒီအဖွဲ့ထဲမှာ ကျင့်ဝတ်ရှိတဲ့သူထဲက တစ်ယောက်လို့ ထင်နေတာ”
“ ကျုပ်က ကျင့်ဝတ် ရှိပါတယ်။ ဒါပေမဲ့ မဟာစုတိုင်းပြည်က လူတွေကို ခွေးတွေထက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံနေတယ်။ ပြီးတော့ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ လူသားတွေကို နတ်ဆိုးမျိုးနွယ်ထိ ရောင်းတယ်ဆိုတဲ့ သတင်းလည်း ရထားတယ်။ သူတို့က အရမ်းကို လွန်လွန်းသွားပြီ”
လုပ်ကြံသတ်ဖြတ်သူက ပြုံးကာ ပြောလိုက်၏ “ ပြဿနာမရှိဘူး။ ရှင်တို့တွေ လိုအပ်တာကို ချေးပေးနိုင်တယ်။”
ထို့နောက် သူမက သမားတော်အား ကြည့်ကာ “ ရှင်ရော မလိုဘူးဆိုတာ သေချာရဲ့လား။ ရှင့်ကမ္ဘာမှာလည်း အားသုံးပြီး ဖြေရှင်းရမဲ့ ပြဿနာတချို့တော့ ရှိနေမှာ အသေအချာပဲ”
သမားတော်က အတွေးနစ်မျှောသွားသည်။ သူ့ကမ္ဘာတွင် ပြဿနာတချို့ရှိနေသည်မှာ အမှန်ဖြစ်လေသည်။ သိုင်းပညာရှင်အဖွဲ့အစည်းသည် ချမ်းသာမှု၊ အာဏာနှင့် ဂုဏ်သတင်းအတွက် တိုက်ခိုက်နေခဲ့ကြသည်။ ရလဒ်အနေဖြင့် သာမန်လူများက နေ့စဉ်နေ့တိုင်း သေဆုံးနေကြရ၏။
အကြွင်းမဲ့အင်အားဖြင့်သာ သူက ဤတိုက်ပွဲကို တားဆီးနိုင်ပြီး ငြိမ်းချမ်းရေးကို ရယူနိုင်လိမ့်မည်။
“ ငါလည်း ချေးချင်တယ်”
သမားတော်က ပြောလိုက်သည့်အတွက် လုပ်ကြံသတ်ဖြတ်သူက ပြုံးကာ “ ကောင်းပြီ”
ထို့နောက် သူမက သူတို့အား ချေးပေးလိုက်သည်။ နတ်ဘုရားဖြစ်ချင်သူအတွက်မူ သူမက ဘာမှမမေးပေ။
နတ်ဘုရားဖြစ်ချင်သူက လူသစ်ဖြစ်ပြီး ကံကြမ္မာအရှင်ကို ရန်စခဲ့မိသည်။ ကံကြမ္မာအရှင်က သူ့အပြုအမူကို စိတ်ထဲမထားသော်လည်း သူက မည်မျှအသက်ရှင်နိုင်မည်ကို မသိရပေ။
ထိုစဉ် ဝမ်ဝေ့က သူတို့၏ ဆက်နွယ်မှုအကြောင်း ကြည့်နေလိုက်၏။ အပြန်အလှန်အနေဖြင့် ထိုလူများသည် စိတ်လွတ်လက်လွတ် သတ်ဖြတ်နေကြသည်။ ထင်ထားသည့်အတိုင်း သူတို့က ပင်ကိုဆေးပင်တချို့ ရယူနိုင်ခဲ့ကြသည်။ တစ်ယောက်ချင်းစီတွင် နှစ်မျိုးရှိထားပြီး အရူးဘုရင်တွင် စုစုပေါင်း လေးမျိုး ရှိထားလေသည်။
အဖွဲ့ဝင်တစ်ယောက်ချင်းစီက သူတို့တစ်ယောက်ချင်းစီ၏ ရတနာနှစ်ခုဖြင့် လဲလှယ်ထားကြပြီး တစ်ခုက သူတို့၏ အကြွေးကို ပေးဖို့ ဖြစ်ကာ ကျန်တစ်ခုကမူ သူတို့၏ ကျင့်ကြံရေးအတွက် ပေးချေကြသည်။
အရူးဘုရင်က ထိုကျန်ရှိနေသည့် ရတနာနှစ်ခုကို မလဲလှယ်သေးသည်မှာ နှမြောစရာကောင်းလှ၏။
“ အခု နောက်ဆုံးအရင်းအမြစ်ပဲ လိုတော့တယ်” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် ပင်ကိုရတနာများကို ထုတ်ယူလိုက်သည်။ သူက နောက်ဆုံးလူဝင်စားအတွက် ပင်ကိုရတနာဆယ်ခုကျော် လိုအပ်နေသေး၏။
မည်သို့ပင်ဆိုစေကာမူ သူက သူ့စီးပွားရေးကို ရပ်တန့်လိုက်မည် မဟုတ်ပေ။ ယခုတွင် သူက ပင်မခန္ဓာကိုယ်ကို ဟွင်သွမ်းအဆင့် ရတနာများဖြင့် လဲလှယ်ဖို့ရာ ရည်မှန်းချက်အသစ် ရှိထား၏။
ဝမ်ဝေ့က ထိုလူများ စကားပြောဆိုထားသည်ကို ကြည့်ရင်း ရေရွတ်လိုက်သည် “ အခု မင်းတို့အားလုံးက ချမ်းသာနေပြီဆိုတော့ ငါ့အပေါ် မမှီခိုဘဲ နေကြတော့မှာပဲ။ ဒီလိုက မဖြစ်နိုင်ဘူး”
သူက မူလငါးယောက်၏ ကံကြမ္မာကြိုးမျှင်နှင့် ကံဆက်နွယ်မှု အဖြစ်အပျက်များကို ဖတ်ရှုလိုက်ပြီး အခက်အခဲများ ထားရှိကာ သူ့စွမ်းအားအပေါ် ဆက်လက်မှီခိုနေအောင် ပြုလုပ်လိုက်သည်။
သူက အရူးဘုရင်၏ ကျန်ရှိနေသည့် ပင်ကိုရတနာနှစ်ခုကို လိုချင်သည့်အတွက် သူ့အတွက် တမင် အချိန်ပေးလိုက်သည်။ နတ်ဘုရားဖြစ်ချင်သူအတွက်မူ သူက အစောပိုင်းဖွံ့ဖြိုးရေးအဆင့်သာ ရှိသေးသည့်အတွက် သူ့အတွက် ခက်ခဲအောင် လုပ်ဖို့ မလိုသေးပေ။ အနည်းဆုံးတော့ ယခုတွင် ဖြစ်၏။
နောက်ဆုံးတွင် ဝမ်ဝေ့က ပင်ကိုရတနာများ ခိုးယူနိုင်သည့် ကမ္ဘာများကို ရှာဖွေနေသည့် သူ့ ရုပ်သေးရုပ်အပေါ် အာရုံစိုက်ထားလိုက်သည်။ ကံဆိုးစွာဖြင့် သူက တစ်ခုမှ မတွေ့ရသေးပေ။ ဝမ်ဝေ့အနေနှင့် ထိုအရာကို မအံ့ဩမိပေ။
အကယ်၍ လူ ၆ ယောက်၏ ကမ္ဘာက သိုင်းပညာအထွတ်အထိပ်ကမ္ဘာ အသိုက်အဝန်းတွင် ပင်ကိုရတနာရှိနေသည့် တစ်ခုတည်းသော နေရာဖြစ်နေမည်ဆိုလျှင်ပင် အံ့ဩစရာမရှိပေ။ အနည်းဆုံးတော့ အလွှာနိမ့်တွင် ဖြစ်၏။
နမူနာအားဖြင့် ဝမ်ဝေ့သည် အသင်္ချေအင်ပါယာကမ္ဘာ အသိုက်အဝန်း၏ အလွှာနိမ့်တွင် နှစ်များစွာ ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ခဲ့ရပေ။
ထို့အပြင် သူက အရင်းအမြစ်များကို မြန်မြန်ဆန်ဆန် စုစည်းနိုင်သည့် အကြောင်းအရင်းက တာအိုနယ်ရှင်၏ ကံကောင်းမှုကို သူ့နည်းဗျူဟာဆန်ဆန် စိတ်ဖြင့် ပေါင်းစပ်ထား၍ ဖြစ်ကြောင်း သိထားသည်။
ယခုမှစ၍ ကိစ္စများက ပိုမိုအားစိုက်ထုတ်ရတော့မည်။
………………………
အမှတ်အသားပြားမှတဆင့် ဝမ်ဝေ့သည် ပြိုင်ပွဲဝင်အားလုံး နောက်တစ်ပတ်တွင် ညစာစားပွဲ ကျင်းပမည့်အကြောင်းကို သတင်းရရှိလိုက်သည်။ ထို့ကြောင့် သူက အရိပ်(၂)မှတဆင့် သတင်းအချက်အလက်များကို အလျင်အမြန် စုဆောင်းလိုလေ၏။ ထင်ထားသည့်အတိုင်း သတင်းအချက်အလက်က များများစားစား မရှိပေ။
အကြောင်းမှာ တချို့ကမ္ဘာ့အသိုက်အဝန်းများက သူတို့လိုမျိုး တူညီသည့် နည်းလမ်းကို အသုံးပြုထား၍ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူက အရေးပါသည့် အချက်အလက်တချို့ကို စုစည်းနိုင်ခဲ့သည်။
နမူနာအားဖြင့် ဤစစ်ဆေးမှုတွင်ပါဝင်သည့် ကမ္ဘာ့အသိုက်အဝန်း ၁၂ ခု ရှိလေသည်။ ထိုကမ္ဘာ့အသိုက်အဝန်း ၁၂ ခုအနက် ဝမ်ဝေ့က နှစ်ခုကို အာရုံစိုက်ထားလိုက်၏။ ထိုနှစ်ခုမှာ ကြယ်တာရာသားရဲ ကမ္ဘာ့အသိုက်အဝန်းနှင့် ဧကရာဇ်တာအို ကမ္ဘာ့အသိုက်အဝန်းဟူ၍ ဖြစ်သည်။
ကြယ်တာရာသားရဲ ကမ္ဘာ့အသိုက်အဝန်းသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် ထာဝရဧကရာဇ်အရေအတွက် ၈ယောက်နှင့် တူညီနေသည့် ကမ္ဘာတစ်ခု ဖြစ်သည်။ ထို့အပြင် အဆုံးမဲ့လေဟာနယ် တစ်ခုလုံးတွင် သူတို့၏ ကျင့်ကြံရေးနည်းစနစ်သည် အကြီးဆုံးတိုက်ခိုက်ရည် စွမ်းအားရှိကြောင်း အသိအမှတ်ပြုထားကြ၏။ သူတို့၏ ဧကရာဇ်တစ်ပိုင်းအဆင့်က ထိုနည်းစနစ်ကြောင့် နှစ်၅ထောင်မျှသာ နေထိုင်နိုင်သည်မှာ နှမြောစရာကောင်းလှသည်။
ဧကရာဇ်တာအိုကမ္ဘာအတွက်မူ သူတို့က ထာဝရဧကရာဇ်ဆယ်ပါးနှင့် ပထမနေရာ ယူထားသည့်သူများ ဖြစ်၏။ ဝမ်ဝေ့က ထိုအဆင့်ဇယားကို အလေးအနက် မထားသည်မှာ အသင်္ချေအင်ပါယာကမ္ဘာက ပထမနေရာ ရယူဖူးသော်လည်း ထာဝရဧကရာဇ်အများအပြား သေဆုံးခဲ့သည့်အပြင် တားမြစ်နယ်မြေအတွင်း ပုန်းအောင်းနေသည့် သူများကို ထည့်မရေတွက်၍ ဖြစ်ကြောင်း သိထားသည်။
အရိပ်(၂)က ထိုကမ္ဘာအသိုက်အဝန်းများဆီမှ ကျင့်စဉ်များ၏ အခြေခံအချက်အလက်တချို့ကို ရယူလာနိုင်သောကြောင့် ဝမ်ဝေ့က သူတို့ကို ပိုမိုသိချင်လာမိသည်။
ကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်စဉ်သည် အတော်လေး အခြေခံဆန်လှသည်။ ထိုအရာကို အဆင့် ၉ ဆင့် ခွဲခြားထားပြီး ပထမအဆင့်က အဆင့်တစ် ကြယ်တာရာသားရဲခန္ဓာကိုယ် ဖွဲ့စည်းဖို့ဖြစ်ပြီး ၅မီတာမှ မီတာ တစ်ရာအထိ ရှိတတ်ကြသည်။ ကျင့်ကြံသူက အဆင့်မြင့်လာတိုင်း ခန္ဓာကိုယ်အရွယ်အစားက အာကာသဟင်းလင်းပြင်ရှိ ကြယ်စုလောက် ကြီးမားလာလိမ့်မည်။
နည်းစနစ်တစ်ခုလုံးတွင် ခန္ဓာကိုယ်ကြီးထွားခြင်းသာ ပါဝင်၏။ အားကောင်းသည့် တိုက်ခိုက်စွမ်းရည် ရှိလာသေးသည်မှာ ထိုခန္ဓာကိုယ်များကို ဖွဲ့စည်းသည့် ဖြစ်စဉ်တွင် ဖြစ်၏။
ကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်ကြံသူများက မိုးမြေရှိ မည်သည့်အရာမဆိုအသုံးပြုကာ သူတို့၏ အဆင့်ကို မြှင့်တင်နိုင်ကြသည်။
သူတို့ ရှာတွေ့သမျှက သူတို့၏ ခန္ဓာကိုယ်အရွယ်အစားကို တိုးမြှင့်လာဖို့ စုပ်ယူနိုင်ကြ၏။ ထို့ကြောင့် သူတို့ကို တိုက်ခိုက်ခြင်းက ခန္ဓာကိုယ်ကျွမ်းကျင်သူ၊ စွမ်းအင်ထိန်းချုပ်ရေး ပညာရှင်နှင့် ဝိညာဉ်ပညာရှိကို တိုက်ခိုက်ရသည်နှင့် တူညီနေလိမ့်မည်။
ထို့အပြင် ထိုကမ္ဘာ၏ မရပ်မနား တိုက်ပွဲများကြောင့် အရင်းအမြစ်တစ်ခုချင်းစီက အဖိုးတန်လှ၏။ ကြယ်တာရာသားရဲကမ္ဘာ ကျင့်ကြံသူတိုင်းက အရူးလို တိုက်ခိုက်ကြရသည်။ မဟုတ်ပါက သူတို့အနေနှင့် ကျင့်ကြံဖို့ အရင်းအမြစ် မရနိုင်ပေ။
ဒီလိုတိုတောင်းတဲ့ သက်တမ်းနဲ့ဆိုရင် သူတို့ရဲ့ ကောင်းကင်အလိုဆန္ဒ တိုက်ပွဲက ဘယ်လိုများ လုပ်ဆောင်နေပါလိမ့်…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူက သတင်းအချက်အလက်များတွင် ထိုအကြောင်းအရင်းကို ရှာဖွေလိုက်၏။
ထိုသတင်းမှ ဝမ်ဝေ့သည် ကြယ်တာရာသားရဲ ကျင့်ကြံသူများသည် တခြားကမ္ဘာ့အသိုက်အဝန်းမှ သူတို့ကောင်းကင်အလိုဆန္ဒတိုက်ပွဲအထိ အသက်ရှည်နိုင်ဖို့အတွက် အရင်းအမြစ်များကို လဲလှယ်ကြသည်ဟု သိလိုက်ရသည်။ ထိုသို့မဟုတ်ပါက သူတို့သည် သူတို့သက်တမ်း မကုန်ဆုံးခင် သူတို့ဘာသာသူတို့ စည်းပိတ်လိုက်ကြ၏။ ရလဒ်အနေဖြင့် ကြယ်တာရာသားရဲ ကမ္ဘာသည် မသေမျိုးအခြေခံ ကမ္ဘာ့အသိုက်အဝန်းများကို အလွန်ရင်းနှီးကြသည်။ အကြောင်းမှာ သူတို့တွင် အသက်ရှည်မှုနှင့် ပတ်သက်နေသည့် အရင်းအမြစ်များစွာ ရှိနေ၍ ဖြစ်သည်။
ထိုအကြောင်းကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့၏ အကြည့်များက တောက်ပသွားပြီး စီးပွားရေး အခွင့်အလမ်းတစ်ခုကို တွေးလာမိ၏။ ကြယ်တာရာသားရဲကမ္ဘာက တခြားကမ္ဘာ့အသိုက်အဝန်းနှင့် ဆက်နွယ်မှု ရှိကောင်းရှိနိုင်သော်လည်း အလွှာနိမ့်တွင် မည်သို့ဖြစ်မည်နည်း။ သူက မဟာကမ္ဘာနှင့် အလယ်အလတ်ကမ္ဘာများတွင် ဆက်နွယ်ဖို့ အခွင့်အရေးရှိမည်ဟု မထင်မိပေ။ သူက ထိုသူများကို ပစ်မှတ်ထားချင်မိ၏။
ထို့ကြောင့် သူက သတင်းအချက်အလက် ပိုရဖို့အတွက် ကြယ်တာရာသားရဲကမ္ဘာမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်သည်။
***