ကံကြမ္မာနန်းဆောင်
Vol. 38 Ch. 530
ဝမ်ဝေ့က ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံရေးနည်းစနစ်ကို နားလည်လိုသည့်အတွက် ချက်ချင်း ထွက်မသွားသေးပေ။
ပထမအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း ဖြစ်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းနှင့် သန့်စင်ခြင်းများ ပါဝင်သည်။ ထူးခြားသည့်အချက်မှာ သူတို့က သူတို့၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ဆက်တိုက်ပြန်လည်တည်ဆောက်ခြင်း ဖြစ်၏။ နိဗာန ကျင့်စဉ်တချို့နှင့် တူညီလေသည်။
စွမ်းအင်ပင်လယ်အဆင့်ကမူ အံ့ဖွယ်ပင်လယ်အဆင့်နှင့် တူညီပြီး စွမ်းအားများကို စုစည်းပြီး ဖွဲ့စည်းခြင်း ဖြစ်၏။ အဓိက ကွာခြားချက်မှာ ထိုနည်းစနစ်တွင် ကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်အုတ်မြစ်ဟု ခေါ်သည့် အရာကို ဖန်တီးရပြီး စိတ်ဝိညာဉ်အုတ်မြစ် ကိုးခု ရှိလေသည်။
ဝိညာဉ်အဆင့်က တတိယအဆင့် ဖြစ်၏။ နာမည်အတိုင်း ထိုအရာက ဝိညာဉ်နှင့် ဆက်နွယ်နေသည်။ သို့သော်လည်း ဧကရာဇ်တာအိုကမ္ဘာက ထိုအဆင့်သို့ ရောက်ရှိမည့်နည်းလမ်းက ပုံမှန်နှင့် ကွဲပြားနေသည်။ ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးပြီး ဝိညာဉ်ဖွဲ့စည်းဖို့ရာ ပြင်းထန်သည့် စိတ်ခံစားချက်အမျိုးမျိုးကို အသုံးပြုခြင်း၊ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒမြောက်များစွာကို တွေ့ကြုံခံစားရမည်။
ကြည့်ရတာ ယုံကြည်မှုစွမ်းအားနဲ့ တူနေပေမဲ့ အပြည့်အဝတော့ မတူဘူး…
ဝမ်ဝေ့က ဆက်ဖတ်ကြည့်လိုက်သည်။
လေးဆင့်မြောက်ကမူ တာအိုထုတ်ဖော်ခြင်းအဆင့် ဖြစ်ပြီး ထိုကျင့်ကြံရေးနည်းစနစ်၏ အရေးကြီးဆုံးအချက်လည်း ဖြစ်ပေသည်။ ထိုအဆင့်၏ အဓိကရည်ရွယ်ချက်မှာ ကျင့်ကြံသူများအား သူတို့၏ ကိုယ်ပိုင်တာအို သို့မဟုတ် ကိုယ်ပိုင်လမ်းစဉ်ကို ထုတ်ဖော်ကြေညာခြင်း ဖြစ်ပြီး အံ့ဖွယ်ခန္ဓာကိုယ်အဆင့်ရှိ ကျင့်ကြံသူများ လုပ်သည့် နည်းလမ်းနှင့် တူညီလေသည်။
သို့သော်လည်း တာအိုထုတ်ဖော်ခြင်းအဆင့်က လိုအပ်ချက်များ ပိုမိုတင်းကြပ်လေ၏။ နမူနာအားဖြင့် ဧကရာဇ်တာအိုကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံအားလုံးကို အလွှာနိမ့်သို့ ပို့ဆောင်ကာ သူတို့၏ နောက်ခံကို မှတ်ဉာဏ်စည်းပိတ်လိုက်ပြီး စမ်းသပ်ချက်မျိုးစုံကို ဖြတ်ကျော်ရမည် ဖြစ်၏။ အကယ်၍ သူတို့က တာအိုထုတ်ဖော်ခြင်းအဆင့် အထွတ်အထိပ်သို့ မရောက်ရှိခဲ့လျှင် မှတ်ဉာဏ်များကို ပြန်မရနိုင်ပေ။
ဝမ်ဝေ့က ထိုအဆင့်ကို ဖတ်ကြည့်လေလေ သူက ခေါင်းခါမိလေလေ ဖြစ်၏။ ထိုတိုတောင်းလှသည့်အဆင့်အတွင်း ကိစ္စများစွာ ဖြစ်ပျက်သွားသည်။
တာအိုထုတ်ဖော်ခြင်းအဆင့်ကို လေးဆင့် ခွဲခြားထားပြီး ပုစ္ဆာ ၃၃ ခုအဆင့်၊ ပုစ္ဆာ ၆၆ ခုအဆင့်၊ ပုစ္ဆာ ၉၉ ခုအဆင့်နှင့် ပုစ္ဆာတစ်ရာအဆင့် ဟူ၍ ဖြစ်သည်။ ထိုအဆင့်များကို ဖြတ်ကျော်ဖို့ ကျင့်ကြံသူများက မိုးမြေရှိ စည်းမျဉ်းနှင့် ဆန်းကြယ်မှုများကို လေ့လာကြရသည်။ နားလည်ဖို့ မဟုတ်ဘဲ လေ့လာဖို့သာ ဖြစ်၏။
ရှေးဟောင်းဝိဇ္ဇာများ၏ ကျမ်းများ၊ ပညာရှိများ၏ မှတ်ချက်များနှင့် အားကောင်းသည့် ကျင့်ကြံသူများ၏ ကျမ်းများကို လေ့လာခြင်းဖြင့် ထိုကျင့်ကြံသူများသည် ကမ္ဘာနှင့် စည်းမျဉ်းအလုပ်လုပ်ပုံကို နားလည်နိုင်ကြသည်။
အသင်္ချေအင်ပါယာကမ္ဘာတွင် ကောင်းကင်ရွေးချယ်ခံများက တူညီသည့် အရာကို ဖြတ်ကျော်ရသော်လည်း သူတို့ ကလေးဘဝကတည်းက သူတို့အတွက် အုတ်မြစ်ချထားပြီးသား ဖြစ်၏။ သို့သော်လည်း ဧကရာဇ်တာအို ကမ္ဘာကမူ သူတို့၏ ကျင့်စဉ်ထဲ ထိုလမ်းစဉ်ကို ထည့်သွင်းထားသည်။
ပထမအဆင့် (ပုစ္ဆာ ၃၃ခု) ကျင့်ကြံသူများက ခန္ဓာကိုယ်အကြောင်းကို စည်းမျဉ်း တောင့်ခံနိုင်လောက်အောင်အဆင့်အထိ လေ့လာရမည်။ ဒုတိယအဆင့်တွင် (ပုစ္ဆာ ၆၆ခု) သူတို့က စည်းမျဉ်းကို လူတစ်ယောက်ချင်းစီ၏ ပါရမီပေါ် မူတည်၍ အင်အားနှင့် အရည်အသွေးကို တောင့်ခံနိုင်ဖို့ ဝိညာဉ်အကြောင်းကို နားလည်ရမည်။
တတိယအဆင့် (ပုစ္ဆာ ၉၉ ခု) အထဲတွင် ကမ္ဘာဦးစိတ်ဝိညာဉ် သို့မဟုတ် အစစ်အမှန် ဝိညာဉ်နှင့်တူသည့် ဝိညာဉ်ကို စည်းမျဉ်းဝိညာဉ်အဖြစ် ပြောင်းလဲရမည်။
နောက်ဆုံးအဆင့် (မှတ်ဉာဏ်ကို ပြန်လည်ရရှိနိုင်သည့်အဆင့်) တွင်မူ အထက်အလွှာရှိ ပါရမီရှင်များက သူတို့ခန္ဓာကိုယ်ထဲမှ ယခင်စွမ်းအားများကို မြင့်မားသည့် အဆင့်သို့ ပြောင်းလဲနိုင်သည်။
ထိုအရာများကို လုပ်ဆောင်နေရင်း ကျင့်ကြံသူများက နောက်အဆင့်သို့ တက်လှမ်းမည့် ဆုံးဖြတ်ချက်ကို လုံလောက်သေချာခိုင်မာစေရန် သူတို့၏ တာအို သို့မဟုတ် လမ်းစဉ်ကို ရှာဖွေရသည်။ ထိုသို့ မဟုတ်ပါက သူတို့သည် ထိုအဆင့်တွင် ရပ်တန့်နေလိမ့်မည်။
ငါ ဝိညာဉ်နဲ့ တာအိုထုတ်ဖော်ခြင်းအဆင့်ရဲ့ ရည်ရွယ်ချက်က စိတ်အခြေအနေ၊ စိတ်စွမ်းအားနဲ့ တာအိုနှလုံးသားကို လေ့ကျင့်ပေးဖို့ ဆိုတာကို နားလည်တယ်။ ဒါပေမဲ့ ဒီဟာက တစ်ခါတည်းနဲ့ ဖြစ်ပျက်တာတွေ အများကြီးပဲ…
ဝမ်ဝေ့က ဆက်ဖတ်ရင်း ပြောလိုက်သည်။
၅ ဆင့်မြောက်ကမူ စည်းမျဉ်းအဆင့်ဖြစ်ပြီး စည်းမျဉ်း ခံစားခြင်း၊ စည်းမျဉ်း မြင်ခြင်း၊ စည်းမျဉ်း ထိတွေ့ခြင်းနှင့် စည်းမျဉ်း နားလည်ခြင်းဟူ၍ လေးပိုင်း ပြန်ခွဲထားသည်။ ထိုအဆင့်များက စည်းမျဉ်းကို နားလည်ပြီး ထုတ်ဖော်နိုင်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် လမ်းညွှန် ဖြစ်၏။
ထိုအရာက ကျင့်ကြံရေးနည်းစနစ်များတွင် တွေ့ရှိရသည့် စည်းမျဉ်းပါဝင်နေသည့် အခြေခံအဆင့်လည်း ဖြစ်၏။ တစ်ခုတည်းသော မှတ်သားစရာကောင်းသည်က တချို့ကောင်းကင်ရွေးချယ်ခံများသည် သူတို့သာ လုံလုံလောက်လောက် အားကောင်းကာ ပါရမီရှိနေသရွေ့ ကောင်းကင်တာအိုဆီမှ စည်းမျဉ်းအဆီအနှစ်ဟုခေါ်သည့် အရာဖြင့် ချီးမြှင့်ပေးခံရခြင်း ဖြစ်၏။
စည်းမျဉ်းအဆီအနှစ်က သူတို့၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး စည်းမျဉ်းနားလည်ဖို့ အထောက်အကူဖြစ်ကာ ပိုမိုအားကောင်းလာစေသည်။
သူတို့၏ ပင်မစည်းမျဉ်း ၅၀ ရာခိုင်နှုန်းနှင့် အရန်စည်းမျဉ်း ၄၀ ရာခိုင်နှုန်းကို နားလည်ပြီးသည့်နောက်တွင် နောက်အဆင့်က စိတ်ဝိညာဉ်အုတ်မြစ်ကို ဗဟိုချက်အဖြစ် ဖွဲ့စည်းခြင်းဖြစ်ပြီး ထိုအဆင့်ကိုမူ စည်းမျဉ်းဗဟိုချက်ဟု ခေါ်သည်။ စည်းမျဉ်းဗဟိုချက်က စည်းမျဉ်းတစ်ခုအတွက် ဖန်တီးနိုင်သလို သို့မဟုတ် စည်းမျဉ်းအားလုံးအတွက်လည်း ဖန်တီးနိုင်သည်။
ဝမ်ဝေ့က ကံကြမ္မာအောက်မှ အခွဲအမျိုးမျိုးကို တစ်ခုတည်း ပေါင်းစပ်လိုက်သလိုမျိုး ဖြစ်၏။
ဝမ်ဝေ့က ထိုစိတ်ဝိညာဉ်အုတ်မြစ်အဆင့်သည် ထိုအဆင့်ကျင့်ကြံသူများအား စည်းမျဉ်းသဟဇာတ ဖြစ်မှုကြောင့် တိုက်ပွဲစွမ်းအား ချီးမြှင့်ပေးထားသည်ကို သဘောပေါက်သွားသည်။ ထိုကျင့်ကြံသူများက သူတို့၏ ခန္ဓာကိုယ်အတွင်း ဗဟိုချက်အများကြီး ရှိနေနိုင်သလို တစ်ခုနှင့်တစ်ခု သို့မဟုတ် မိုးမြေ၏ စည်းမျဉ်းများနှင့် သူတို့၏ စွမ်းအားကို တစ်ခုနှင့်တစ်ခု သဟဇာတဖြစ်ခြင်း သို့မဟုတ် မိုးမြေ၏ စည်းမျဉ်းများကို သဟဇာတဖြစ်ခြင်းဖြင့် အသုံးပြုနိုင်သည်။ ထို့နောက် ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံသူများက သူတို့၏ တိုက်ခိုက်ရေးနည်းလမ်းများတွင် အတော်လေး စွယ်စုံအသုံးပြုနိုင်လေသည်။
၇ ဆင့်မြောက်ကမူ ပိုင်နက်အဆင့်ဖြစ်ပြီး စည်းမျဉ်းဗဟိုချက်များက ပိုင်နက်မျိုးစေ့အဖြစ် ဖွဲ့စည်းသွားလိမ့်မည်။ အသင်္ချေအင်ပါယာကမ္ဘာကဲ့သို့ ကျင့်ကြံသူများက သူတို့၏ ပိုင်နက်ကို ချဲ့ထွင်ဖို့နှင့် ထိန်းချုပ်ဖို့အပေါ် အာရုံစိုက်ထားကြသည်။
၈ ဆင့်မြောက်ကမူ လူဝင်စားအဆင့် ဖြစ်၏။ နက်နက်နဲနဲနားလည်ခြင်းဖြင့် ပိုင်နက်အဆင့်သည် ထိုနယ်ပယ်၏ ပထမအဆင့် စည်းမျဉ်းသစ်သီးအဖြစ် ပြောင်းလဲသွားလိမ့်မည်။ ဒုတိယအဆင့်တွင်မူ သူတို့က ရင့်မှည့်လာကာ သူတို့၏ ကိုယ်ပွား လူဝင်စားပုံစံ ဖြစ်လာလိမ့်မည်။
ကျင့်ကြံသူများက ထိုအဆင့်တွင် စည်းမျဉ်းများကို လှုံ့ဆော်ဖို့ မလိုအပ်တော့ဘဲ လူဝင်စားက သူတို့အတွက် လုပ်ပေးလိမ့်မည်။
၉ ဆင့်မြောက်ကမူ အစစ်အမှန်ကိုယ်အဆင့် ဖြစ်၏။ ကျင့်ကြံသူများက သူတို့၏ လူဝင်စားနှင့် ပေါင်းစပ်ကာ သူတို့၏ စည်းမျဉ်းထိန်းချုပ်နိုင်စွမ်းကို နောက်တစ်ဆင့်သို့ တိုးမြှင့်ကြရမည်။
ကျင့်ကြံဆင့် တစ်ခုချင်းစီတွင် ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်အုတ်မြစ်ကို စုစုပေါင်း ၉ ခုအဖြစ် ဖွဲ့စည်းရသည်။ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ဖို့ရာ သူတို့က ထိုစိတ်ဝိညာဉ်အုတ်မြစ် ၉ ခုလုံးကို ပေါင်းစပ်ပြီး ဧကရာဇ်တာအို အုတ်မြစ်အဖြစ် ပြောင်းလဲရမည်။
ထိုပေါင်းစပ်ရေးအတွင်း ကျင့်ကြံသူများက သူတို့၏ ဘဝတွင် တွေ့ကြုံခဲ့ရသည့် အရာအားလုံးကို ပြန်လည်တွေ့ကြုံရပြီး သူတို့၏ စိတ်အခြေအနေနှင့် တာအိုနှလုံးသားကို သိမ်မွေ့သွားစေလိမ့်မည်။ ထို့အပြင် ထိုပေါင်းစပ်နေစဉ်အတွင်း ဧကရာဇ်တာအိုကမ္ဘာ၏ ကျင့်ကြံသူများက တာအိုအပေါ် သူတို့၏ နားလည်နိုင်စွမ်းကို တိုးမြှင့်နိုင်ကြသည်။
အရိပ်(၂)၏ ကောလဟာလများအရ ထိုတိုးမြှင့်မှုသည် ကောင်းကင်အလိုဆန္ဒကို ရယူပြီးနောက် မဟာတာအိုအရင်းအမြစ်ကို နားလည်နေစဉ်အတွင်း တချို့ကျင့်ကြံသူများထဲ ကျန်ရှိနေသည်ဟု ပြောကြသည်။ သို့သော် သက်သေတော့ မရှိပေ။
ကိစ္စတစ်ခုလုံးကို ဖတ်ရှုပြီးသည့်နောက်တွင် ဝမ်ဝေ့က မူလနည်းစနစ်နှင့် စိတ်ဝိညာဉ်နည်းစနစ်တို့ကို နှိုင်းယှဉ်မိသွားသည်။ အဓိကကွာခြားချက်က သူတို့၏ နည်းစနစ်နှစ်ခုက စည်းမျဉ်း ချဉ်းကပ်ပုံပေါ်တွင် ဖြစ်၏။
မူလနည်းစနစ်က စည်းမျဉ်းအပေါ် နက်နဲသော နားလည်မှုအပေါ် အာရုံစိုက်ထားပြီး စိတ်ဝိညာဉ်အုတ်မြစ် နည်းစနစ်ကမူ စည်းမျဉ်းထိန်းချုပ်ရေးအပေါ် အာရုံစိုက်ထားလေသည်။ နမူနာအားဖြင့် တာအိုထုတ်ဖော်ကြေညာခြင်းအဆင့်တွင် ဖန်တီးထားသည့် မြင့်မားသော စွမ်းအားသည် နောက်အဆင့်တွင် စည်းမျဉ်းနားလည်မှုနှင့် ပေါင်းစပ်သွားသည်။
ထိုအရာက မူလအဆီအနှစ်အတွက် မဟုတ်ပေ။ ထိုအရာက ကျင့်ကြံသူများအတွက် စည်းမျဉ်းကို အသုံးပြုဖို့ အားကောင်းသည့် အရင်းအမြစ်အနေဖြင့်သာ အသုံးပြုနိုင်သည်။ ထိုစဉ် ဧကရာဇ်တာအိုကမ္ဘာ ကျင့်ကြံသူများက သူတို့၏ စွမ်းအားကို စည်းမျဉ်းနှင့် ပေါင်းစပ်ပြီး ပိုမိုထိန်းချုပ်နိုင်ကြသည်။ သူတို့၏ ဝိညာဉ်၊ စိတ်ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စွမ်းအားကိုပင် စည်းမျဉ်းကို ထိန်းချုပ်ဖို့ အသုံးပြုနိုင်ကြသည်။
ထိုနည်းလမ်း၏ ဆိုးကွက်က ထိုကျင့်ကြံသူများသာ တစ်စုံတစ်ခု ဖြစ်ပွားသွားခဲ့လျှင် သူတို့၏ စည်းမျဉ်း ထိန်းချုပ်နိုင်စွမ်းက လျော့ကျသွားလိမ့်မည်။ သူတို့၏ စည်းမျဉ်းသာ တစ်ခုခုမှားယွင်းသွားပါက သူတို့သည် အသုံးမဝင်လုနီးပါး ဖြစ်သွားလိမ့်မည်။
အကယ်၍ မူလနည်းစနစ် ကျင့်ကြံသူ၏ စွမ်းအင်တွင် တစ်စုံတစ်ခု မှားယွင်းသွားပါက သူတို့သည် စည်းမျဉ်းကို အသုံးပြုကာ တိုက်ခိုက်နိုင်သေး၏။ အကယ်၍ သူတို့၏ စည်းမျဉ်းသာ တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင် သူတို့က စွမ်းအားဖြင့် တိုက်ခိုက်နိုင်သေးသည်။
ထို့အပြင် တာအိုထုတ်ဖော်ကြေညာခြင်းအဆင့် လုပ်ဆောင်ပုံအရ သူတို့သည် ကျင့်ကြံသူများအား သူတို့အဆင့်တွင် ထာဝရရပ်တန့်နေစေနိုင်သည်။ ဆိုလိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာက ဧကရာဇ်တာအိုကမ္ဘာထက် များပြားသည့် အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေလိမ့်မည်။ သို့သော်လည်း သူတို့က အရည်အသွေး မြင့်မားသည့် ကျင့်ကြံသူများ ရှိသည်။
အကယ်၍ ဝမ်ဝေ့သည် မည်သည့်နည်းစနစ်က ပိုကောင်းလဲဟု ရွေးချယ်ရလျှင် သူက စိတ်ဝိညာဉ်အုတ်မြစ် နည်းစနစ် ဖြစ်လိမ့်မည်ဟု ဝန်ခံရပေမည်။ ထိုအရာက ဟာကွက်တချို့ရှိနေသော်လည်း မဟာတာအိုအရင်းအမြစ်ကို နားလည်မှုအပေါ် တိုးမြှင့်နိုင်မှုနှင့် ပတ်သက်လာသည့်အခါတွင် အားကောင်းလှသည်။
သူက သမိုင်းကြောင်းတစ်လျှောက် အသင်္ချေအင်ပါယာကမ္ဘာထက် ပထမတန်းစားနှင့် ဒုတိယတန်းစား မဟာဧကရာဇ်အများအပြား မွေးထုတ်ပေးလိမ့်မည်ဟု မြင်နေမိသည်။
သူတို့က ထာဝရဧကရာဇ် မရှိသည့်အချက်တွင်မူ ကံကောင်းမှုနှင့်သာ သက်ဆိုင်နေလိမ့်မည်။ အသင်္ချေအင်ပါယာကမ္ဘာက ခေတ်အပြောင်းအလဲ ကပ်ဘေးများစွာ ဖြတ်ကျော်ခဲ့ရသည့်အတွက် ပါရမီရှင်များစွာ မြင့်တက်ကာ ထွက်ပေါ်လာသည်။ သို့သော် ထိုတိုးတက်မှုက တာအိုဆန္ဒနှင့် တည်ရှိမှုကို နားလည်မှုအပေါ် သက်ရောက်မှု မရှိပေ။
ကျင့်ကြံရေးနည်းစနစ်ကို လေ့လာပြီးသည့်နောက်တွင် ဝမ်ဝေ့က အတွေးများစွာ ရှိလာ၏။ ပထမဦးစွာ သူက စိတ်ဝိညာဉ်အုတ်မြစ်နှင့် သူ့လူဝင်စားကို ဖန်တီးဖို့ ဖြစ်သည်။
သူက ထိုအရာကို ကံကြမ္မာနန်းဆောင်ဟု ခေါ်ဆိုမည်။ သူ့ရည်ရွယ်ချက်က သူတို့ပေါင်းစပ်သည့်အခါ ကံကြမ္မာတာအိုအပေါ် ထိန်းချုပ်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ရန် ဖြစ်၏။
ဒါက ရွှေရောင်စည်းမျဉ်း သစ်ပင်ကို ရောက်နိုင်မဲ့ နည်းလမ်းပဲ…
ဝမ်ဝေ့က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။ ထိုအရာကို ပြီးမြောက်ဖို့ရာ သူက စိတ်ဝိညာဉ်အုတ်မြစ်ကိုယ်၏ သဘောတရားမှ လူဝင်စားကိုယ်အကြောင်းကို သင်ယူဖို့လိုသည်။ ထို့နောက် ပြန်လည်ဖန်တီးဖို့ လို၏။
သူ့စိတ်အတွင်း ထိုအရာများကို မည်သို့ပြီးမြောက်အောင် လုပ်ဖို့ရာ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက အစွမ်းထိန်းချုပ်ရေး ပညာရပ်ကို စည်းမျဉ်းနှင့် ပတ်သက်သည့်အခါ မြင့်မားသည့် နောက်တစ်ဆင့်သို့ တိုးတက်လိုသည်။ သူ ရင်ဆိုင်နေရသည့် တစ်ခုတည်းသော ပြဿနာက သူ့တွင် ဧကရာဇ်တာအိုကမ္ဘာမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်စဉ်ရှိထားခြင်း ဖြစ်၏။ အနည်းဆုံးတော့ သူ့အစီအစဉ်မစခင် ဧကရာဇ်ကျမ်းတစ်ခုတော့ လိုအပ်လိမ့်မည်။
“ နောက်တစ်ခုက မူလနည်းစနစ်ကို ကောင်းမွန်အောင် လုပ်ဖို့ပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူက ထိုသို့လုပ်ဆောင်ဖို့ ကြံရွယ်ထားသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။
အကြောင်းအရင်းကမူ သူ့မွေးရပ်မြေထက် တခြားနည်းစနစ်က ပိုမိုကောင်းနေသည်ကို သင်ယူမိ၍ မဟုတ်ပေ။
သူ့အစီအစဉ်အရ အသင်္ချေအင်ပါယာကမ္ဘာ၏ ပတ်ဝန်းကျင်က ရှေးခေတ်အချိန်လိုမျိုး ပြန်ပြောင်းလဲသွားလိမ့်မည်။ ဆိုလိုသည်မှာ ရှေးဟောင်းမျိုးနွယ်နှင့် သူတို့၏ ကျင့်ကြံရေး နည်းစနစ်က ပြန်လည်ဖွံ့ဖြိုးလာလိမ့်မည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့က မူလနည်းစနစ်သည် ပင်ကိုချီနှင့် ဟွင်သွမ်းချီဖြင့် ပါဝင်နေသည့် ပတ်ဝန်းကျင်မျိုးရှိသည့် ရှေးဟောင်းကျင့်စဉ်နှင့် မယှဉ်နိုင်ကြောင်း အသိအမှတ်ပြု၏။ ထို့ကြောင့် သူက ကျင့်ကြံသူအများစုသည် ဘာမှမဖြစ်ပါက ထိုနည်းစနစ်သို့ ပြောင်းလဲလိမ့်မည်ဖြစ်ကာ သူတို့တာအိုအခွင့်အလမ်းဂိုဏ်း၏ ကံကောင်းမှုအုတ်မြစ်ကို ဖျက်ဆီးပစ်သလို ဖြစ်လိမ့်မည်။
ဝမ်ဝေ့က ထိုသို့ဖြစ်နိုင်ခွင့် မပြုနိုင်ပေ။ ထို့ကြောင့် သူက မူလနည်းစနစ်ကို အကောင်းဆုံး ပြန်လည်ပြုပြင်လို၏။ ယခု ထိုအမွေအနှစ် စစ်ဆေးမှုဖြင့် သူက အဆုံးမဲ့လေဟာနယ်အတွင်းမှ အကောင်းဆုံး ကျင့်ကြံရေးနည်းစနစ်တချို့ကို ရယူကာ သင်ယူရမည်။
***