← Chapters

ကုန်သွယ်ရေးဗဟိုချက်

Vol. 38 Ch. 531

ကုန်သွယ်ရေးဗဟိုချက်

Vol. 38 Ch. 531

“ ညစ်ပတ်ပြီး အမွေးမရှိတဲ့ မျောက်တွေ” လူသားအသွင် တောခွေးက အဖွဲ့အုပ်စုတစ်ခုကို ကြည့်ရင်း ပြောလိုက်သည်။

သူက ဆက်မပြောခင် သူတို့ရှေ့ တံတွေးထွေးလိုက်ပြီး “ မင်းတို့လူသားတွေက ရွံစရာကောင်းတယ်။ ပြိုင်ပွဲမစခင် စစ်ဆေးမှုက တိုက်ခိုက်တာ ခွင့်ပြုမထားတာ မင်းတို့တွေ ကံကောင်းသွားတယ်မှတ်”

ထိုသို့ပြောပြီးသည့်နောက်တွင် တောခွေးက ဆက်လက်လျှောက်လှမ်းလာပြီး ငွေရောင်ဆံပင်ရှည်နှင့် ခပ်ချောချောအမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။

“ နောက်ထပ် ရွံစရာကောင်းတဲ့လူ… စက် … ”

သူ့စကားမဆုံးခင် အေးစက်စက်မျက်ဝန်းတစ်စုံက သူ့အား စိုက်ကြည့်နေသည်ကို ခံစားမိလိုက်၏။ သူ့ဝိညာဉ်အထိပင် အေးစက်စက်ဖြစ်ကာ ကြက်သီးတဖြန်းဖြန်း ထသွားလေသည်။ သူက အေးစက်စက် သရော်လိုက်ပြီးနောက် ထွက်သွားလေ၏။ တောခွေးက သိပ်မကြာခင် သူ့စံအိမ်သို့ ရောက်လာသည်။

“ ခေါင်းဆောင် … ကျွန်တော် လူသားတွေကို အရှက်ခွဲပစ်ခဲ့တယ်”

ကျောပေါ်တွင် အနီရောင် အမှတ်အသားရှိသည့် ကျားနက်ကြီးတစ်ကောင်က မျက်လုံးဖွင့်လာ၏။

“ မင်းက သူတို့ကို ဘယ်လိုခေါ်လိုက်တာလဲ”

“ သူတို့ကို ရွံစရာကောင်းပြီး အမွေးမရှိတဲ့ မျောက်တွေလို့ ခေါ်ပြီးတော့ တစ်နာရီလောက် အရှက်ခွဲခဲ့တယ်”

သူက ကြောက်ရွံ့သွားရသည့် လူသားအကြောင်းကိုမူ မေ့ထားလိုက်၏။

“ ကောင်းပြီ။ အဲဒါက မူလဟာတော့ မဟုတ်ပေမဲ့ မျောက်မျိုးနွယ်က ငါတို့ကို မျောက်မျိုးနွယ်က လူသားတွေကို သူတို့နဲ့ ပတ်သက်တဲ့ စကားမသုံးဖို့ ငါတို့အပေါ် ဖိအားပေးနေတာ။ ဘာပဲဖြစ်ဖြစ် မင်းက တာဝန်ကျေတယ်။ နတ်ဆိုးအထွတ်အထိပ် မဟာမိတ်ကနေ ရထားတဲ့ ငါ့စွမ်းအားနဲ့ မင်းကို အဖွဲ့အမှတ် တစ်ထောင်ပေးမယ်”

“ သခင်ရီကို ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တော့ သွေးမျိုးဆက်ဆေးလုံးကို လဲလှယ်ပြီးတော့ အဆင့်အတန်း မြှင့်လို့ ရပြီ”

တောခွေးက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူ့သွေးမျိုးဆက်သာ သိမ်မွေ့သွားသရွေ့ သူက မဟာမိတ်အတွင်း မြင့်မားသည့် အဆင့်အတန်း ရှိလာနိုင်သည်။ သူက သူ့ချစ်သူကို မတွေးဘဲ မနေနိုင်တော့ပေ။ သူတို့က ငယ်စဉ်ဘဝကတည်းက ချစ်ကြသော်လည်း အဆင့်အတန်း ကွာဟသည့်အပြင် မဟာမိတ်၏ စည်းမျဉ်းများကြောင့် သူမနှင့်အတူတူ ရှိမနေနိုင်ခဲ့ပေ။ သို့သော်လည်း သူ့အဆင့်အတန်း တိုးမြှင့်သွားသည်နှင့် ထိုအရာအားလုံးက ပြောင်းလဲသွားလိမ့်မည်။

တောခွေးက အတွေးနက်နေစဉ် လူသားအသွင် ယုန်တစ်ကောင်က အခန်းအတွင်း ဝင်ရောက်လာ၏။

“ သခင်လေးရီ ကျွန်တော် ဝတ္ထုတစ်ပုဒ် ရေးပြီးသွားပြီ”

“ အော … ကြည့်ရအောင်”

ဧရာမကျားကြီးက သူ့အံ့ဖွယ်အသိစိတ်ဖြင့် မိနစ်ပိုင်းကြာ ဖတ်ရှုလိုက်သည် “ မဆိုးဘူး။ ဒါက လူများစွာ ဖိနှိပ်နေတဲ့ ဝတ္ထုမျိုး ဖြစ်နေတယ်ဆိုပေမဲ့ မင်းက နတ်ဆိုးမျိုးနွယ်အပေါ် သူတို့ရဲ့ မကောင်းမှုတွေကို အလေးပေးထားတဲ့အတွက် ကောင်းကောင်းလုပ်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဉာဏ်ရည်နိမ့်ပြီး ကြမ်းတမ်းခက်ထန်တဲ့ သားရဲတွေအဖြစ် ပုံဖော်ထားတာကိုလည်း သဘောကျတယ်။ ပြီးတော့ ငတုံးမြည်းဆိုပြီးတော့ ပြောပြီးတော့ ငါတို့မျိုးနွယ်အပေါ် ဘာသာရေးအပေါ်ကနေ ဖိနှိပ်ထားတာလည်း ပါတယ်။ မဆိုးဘူး။ မဆိုးဘူး”

“ အဆုံးသတ်ကို မကြိုက်ဘူးလား”

“ အင်း လူသားတွေကို သုတ်သင်လိုက်တာက အကြံကောင်းဆိုပေမဲ့ ဒီဟာက မကြာခဏ တွေ့နေရတာ။ ဘာပဲဖြစ်ဖြစ် ဝတ္ထုကောင်းပဲ။ ငါ မင်းကို အဖွဲ့အမှတ် ၇၆၀၀ ပေးမယ်”

“ သခင်လေး ကျေးဇူးတင်ပါတယ်” လူသားအသွင်ယုန်က ပြောလိုက်သည်။ ထိုစဉ် တောခွေးက အနည်းငယ် အားကျနေမိ၏။ သူ့တွင် စားရေးသည့် ပါရမီ မရှိသည်မှာ နှမြောစရာ ကောင်းလှသည်။ ထို့ကြောင့် သူက လူသားများကို အရှက်ခွဲသည့် အဆင့်နိမ့် နည်းလမ်းဖြင့် အမှတ်များကိုသာ ရယူနိုင်သည်။

“ မင်းတို့ရဲ့ အမှတ်သားပြားပေး။ အမှတ်ပေါင်းထည့်ပေးမယ်”

နှစ်ယောက်သားက သူတို့၏ အမှတ်သားပြားကို ထုတ်လိုက်သည့်အခါ ကျားက သူ ကတိပေးထားသည့်အတိုင်း အမှတ်များကို ပေါင်းထည့်ပေးလိုက်သည်။ ထို့နောက် သူတို့အား အနီရောင် မျက်ဝန်းဖြင့် ကြည့်ကာ “ မင်းတို့က ဆောင်ပုဒ်ကို မှတ်မိကြသေးလား”

“ ငါတို့တွေက လူသားတွေကို သုတ်သင်ပြီးတော့ နတ်ဆိုးတွေရဲ့ စွမ်းအားကို အဆုံးမဲ့လေဟာနယ်ထဲ အုပ်ချုပ်လွှမ်းမိုးနိုင်တဲ့အထိ ဖြန့်ကျက်ရမယ်” ယုန်နှင့် မြေခွေးတို့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ကြသည်။

“ အဲဒါကို မမေ့နဲ့”

“ ကျွန်တော်တို့ မမေ့ပါဘူး”

“ ကောင်းပြီ။ မင်းတို့တွေ ထွက်သွားကြတော့”

ကျားက အဖွဲ့ထွက်သွားသည်ကို ကြည့်နေရင်း သူ့မျက်ဝန်းအထက် အန္တရာယ်များသည့် အကြည့်တစ်ချက်ဖြတ်ပြေးသွားသည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်၏။

………..

ထိုစဉ် ဝမ်ဝေ့က တောခွေး ထွက်သွားသည်ကို ကြည့်နေရင်း ရေရွတ်လိုက်သည် “ နတ်ဆိုးမျိုးနွယ်က ဒီလိုယုံကြည်ချက်ရှိနေတာမျိုးက မြင်ရတာ ရှားသား”

သူက ခေါင်းခါလိုက်ပြီးသည့်နောက်တွင် သူ့ဦးတည်ချက်သို့ ဦးတည်လိုက်သည်။ သိပ်မကြာခင် ကြယ်တာရာသားရဲကမ္ဘာ၏ လူများနေထိုင်ရာသို့ ရောက်ရှိသွား၏။ ထို့နောက် သူက အောင်မြင်နိုင်ချေအရှိဆုံးအိမ်ကို ခန့်မှန်းလိုက်ပြီး ထောင့်တစ်နေရာမှ လျှောက်လှမ်းလာလိုက်သည်။

သူက စံအိမ်ရှေ့ ရပ်နေပြီး ဘာမှမပြောသလို ဝင်လည်း မဝင်ပေ။ ပိုင်ရှင်က အစီအရင်မှတဆင့် သူ့တည်ရှိမှုကို ခံစားမိကြောင်း သိထားသည်။ သိပ်မကြာခင် ခက်ထန်သည့် အမူအရာရှိသည့် အမျိုးသမီးတစ်ဦး ထွက်လာ၏။

ထိုအမျိုးသမီးက လူသားနှင့် တူသော်လည်း ဝမ်ဝေ့၏ အစစ်အမှန် အမြင်စွမ်းရည်က သူမ၏ အနောက်ဘက်မှ ဧရာမ ပုံရိပ်ကြီးကို မြင်နေရသည်။ ထိုအရာက သူမ၏ တကယ့်ခန္ဓာကိုယ် ဖြစ်၏။

“ ရှင်က ဘယ်သူလဲ” သူမက တဲ့တိုးသာ မေးလိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက ဝမ်ဝေ့”

သူမက မျက်မှောင်ကြုတ်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူမက တံခါးကို ပြန်ဖွင့်လာကာ ဧည့်ခန်းသို့ လိုက်ခဲ့ဖို့ပြောလေသည်။

သိပ်မကြာခင် ဝမ်ဝေ့က အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ အဖန်ရည်စားပွဲရှေ့ထိုင်နေသည့် လူငယ်လေးတစ်ဦးကို မြင်လိုက်ရသည်။ သူ့သွင်ပြင်က တခြားကျင့်ကြံသူများ၏ ခန့်ညားကာ ချောမောသည့် သွင်ပြင်များနှင့် ယှဉ်လျှင် ပုံမှန်သာ ဖြစ်နေသော်လည်း သူ၏ ထူးခြားလှသည့် ဆွဲဆောင်မှုမှာ မျက်ဝန်း ဖြစ်၏။ သူက သူ့မျက်ဝန်းအတွင်း ကြယ်တာရာ ၈လုံး စက်ဝန်းသဏ္ဌာန် ဖွဲ့စည်းထားနိုင်သည်။

ဝမ်ဝေ့က ထိုအရာသည် ထူးကဲသည့် ရုပ်ခန္ဓာကြောင့် မဟုတ်သလို အမြင်ကျင့်စဉ်ကြောင့် မဟုတ်မှန်းသိလေ၏။ ထိုလူသည် အဆင့် ၈ ကြယ်တာရာသားရဲခန္ဓာ ရှိကြောင်း ပြသနေ၏။ သူ ကျင့်ကြံသည့် တစ်ဆင့်တိုင်းတွင် ခန္ဓာကိုယ်ကို အထွတ်အထိပ် ကျော်လွန်အောင် ကျင့်ကြံနိုင်ခဲ့သည်။ ထိုသို့သော စစ်မှန်သည့် ပါရမီရှင်မျိုးသာ ကြယ်တာရာသားရဲကမ္ဘာအတွင်း ရှေးဟောင်းကြယ်တာရာ သင်္ကေတကို ရှိနိုင်ကြသည်။

သူ့အမြင်စွမ်းရည်ဖြင့် သူ့မွေးရပ်မြေမှ နယ်မြေတစ်ခုလောက် ကြီးသည့် ဧရာမ ပုံရိပ်ကြီးကို မြင်လိုက်ရသည်။ အကယ်၍ ထိုလူကို သေသေချာချာ တိုင်းတာကြည့်ပါက ထိုလူ၏ တကယ့်ခန္ဓာကိုယ်သည် အာကာသဟင်းလင်းပြင်ရှိစု ကြယ်အစုအဝေး ငါးခုလောက် ကြီးမားလိမ့်မည်။

“ တာအိုရောင်းရင်း ကျုပ်က ကြယ်တာရာသားရဲကမ္ဘာက ကြယ်တာရာသခင်တောင်ရဲ့ မူလိန်ပါ”” ထိုစကားများ ပြောလိုက်သည်နှင့် ဝမ်ဝေ့က ထိုလူ၏ နဖူးအထက် တိုင်လုံး ၇ခုကို မြင်လိုက်ရပြီး တစ်ခုကမူ ကြယ်တစ်ပွင့် ရှိနေလေသည်။

ဝမ်ဝေ့က သူ့နဖူးအထက် တိုင်လုံးကိုးခုပုံစံဖြင့် ပြန်လည် အရိုအသေပေးလိုက်သည်။ နှစ်ခုကမူ ကြယ်တာရာများ ရှိနေလေ၏။

“ ကျုပ်က ဝမ်ဝေ့ပါ။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ တာအို…”

“ တာအိုအခွင့်အလမ်းဂိုဏ်း”

“ ခင်ဗျား ကျုပ်တို့အကြောင်း ကြားဖူးတာလား”

“ ဒါပေါ့။ ထာဝရဧကရာဇ်နှစ်ယောက်ရှိတဲ့ အင်အားစု နှစ်ခုပဲ ရှိတယ်။ ကျန်တဲ့တစ်ခုက လွန်ခဲ့တဲ့နှစ်များစွာက ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားတယ်။ ကျန်တဲ့သူတွေက သူတို့ ဖျက်ဆီးခံရပြီလို့ ထင်နေကြတာလေ။ အဲဒါကြောင့် ခင်ဗျားတို့ဂိုဏ်းက နည်းနည်းတော့ နာမည်ကြီးတယ်”

“ အော် ကျုပ် သိပြီ” ဝမ်ဝေ့က မူလိန်ရှေ့တွင် ဝင်ထိုင်လိုက်သည်။

“ ဘာကြောင့်များ လာရောက်လဲဆိုတာကို မေးလို့ရမလား” မူလိန်က ဖြစ်နိုင်ချေတချို့ကို တွက်ချက်ထားသော်လည်း မေးလိုက်မိသည်။

“ ကျုပ် တဲ့တိုးပဲပြောပါမယ်။ ကျုပ် အသင်္ချေအင်ပါယာကမ္ဘာက ကြယ်တာရာသားရဲကမ္ဘာနဲ့ စီးပွားတွဲလုပ်ချင်တယ်။ ကျုပ်တို့ အင်အားစုနှစ်ခုကြားက ပေါင်းစည်းမှုအနေနဲ့ပေါ့”

မူလိန်က အဖန်ရည်သောက်လိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကို စဉ်းစားနေမိသည်။ ထိုအရာက သူ တွေးမိထားသည့် ဖြစ်နိုင်ချေတစ်ခု ဖြစ်နေသည်။

“ ကျုပ်တို့ ကြယ်တာရာသားရဲကမ္ဘာက အလဲအလှယ်လုပ်ဖို့ အင်အားကြီး အဖွဲ့အစည်းတွေကို အမြဲတမ်း ကြိုဆိုနေပါတယ်။ ခင်ဗျားတို့လည်း ကြိုဆိုတာထက် ပိုပါတယ်”

သူတို့၏ ကျင့်ကြံရေး နည်းစနစ်ကြောင့် ကြယ်တာရာသားရဲကမ္ဘာ၏ ကျင့်ကြံသူများအတွက် အရင်းအမြစ်က အရာအားလုံး ဖြစ်၏။ သူတို့က သူတို့၏ အင်အားတိုးမြှင့်ပေးနိုင်ဖို့ ဘာမဆို ဝါးမျိုနိုင်ကြသည်။

“ ခင်ဗျားတို့ရဲ့ စွမ်းအား ငွေကြေးကို ကြည့်လို့ရမလား” မူလိန်က မေးလိုက်သည်။

ဝမ်ဝေ့က သူ့အား မူလကျောက်တုံးနှင့် မူလအရင်းအမြစ်ကို ပေးလိုက်၏။

မူလိန်က ပါးစပ်ဖွင့်ကာ ထိုကျောက်တုံးများကို ဝါးမျိုလိုက်သည်။ သူက တစ်ခါမှ မခံစားဖူးသည့် အလွန်မြင့်မားသည့် စွမ်းရည်ကို ခံစားမိလိုက်၍ အကြည့်များက လင်းလက်တောက်ပသွားသည်။

“ ခင်ဗျားတို့ဆီမှာ အသက်ရှည် အရင်းအမြစ်တချို့ရော ရှိလား”

ဝမ်ဝေ့က သူ့အား ဆေးလုံးတစ်လုံး ပေးလိုက်သည်။ သူက ထိုအရာကို မဝါးမျိုသေးဘဲ ခဏတာ အနံ့ခံကြည့်လိုက်၏။

“ ဒီဆေးလုံးက ကျုပ်သက်တမ်းကို အနည်းဆုံး နှစ်ငါးသောင်း တိုးမြှင့်ပေးလိမ့်မယ်။ မဆိုးဘူးပဲ”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး နှုတ်ခမ်းများက တွန့်ချိုးသွားလေသည်။ ထိုအရာက သူကိုယ်တိုင် ဖော်စပ်ထားသော ပြီးပြည့်စုံသည့် အရည်အသွေးရှိသည့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးဖြစ်၏။ သဘောတရားအရ ထိုဆေးလုံးသည် လူတစ်ယောက်၏ သက်တမ်းကို နှစ်တစ်သန်း ပို၍ တိုးမြှင့်ပေးနိုင်သည်။ သို့သော် ထိုလူက နှစ်ငါးသောင်းသာ တိုးမြှင့်ပေးနိုင်သည်ဟု ပြောနေလေ၏။

ဒီကြယ်တာရာသားရဲ့ခန္ဓာကိုယ်က အတော်လေး အကုန်အကျများတာပဲ…

“ ဒီဟာနှစ်ခုနဲ့ဆိုရင် ကျုပ်တို့ရဲ့ ဈေးကွက်မှာ နေရာနည်းနည်းတော့ ယူနိုင်မှာပါ။ ခင်ဗျားက ကျုပ်တို့ကြားမှာ အလဲအလှယ် လုပ်ချင်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် ကုန်သွယ်ရေးဗဟိုချက်မှာ စာရင်းသွင်းချင်လား”

“ ကုန်သွယ်ရေး ဗဟိုချက်လား။ အဲဒါက ဘာများလဲ”

မူလိန်က သူ့အား ထူးထူးဆန်းဆန်း ကြည့်လာကာ “ ခင်ဗျားက ကုန်သွယ်ရေးဗဟိုချက်အကြောင်း မသိဘဲနဲ့ အတော်လေးကို သီးသန့် ဖြစ်လွန်းတာပဲ”

“ ကျုပ်တို့က ကပ်ဘေးတချို့ ကြုံပြီးတဲ့နောက်မှာ ကိုယ့်ဘာသာကို သိုသိုသိပ်သိပ်နဲ့ပဲ နေလာတာ ကြာပြီဆိုတော့လေ”

“ အော် ကျုပ် သိပြီ။ ကုန်သွယ်ရေး ဗဟိုချက်ဆိုတာက ကြယ်တာရာသားရဲကမ္ဘာက တခြားကမ္ဘာ့အသိုက်အဝန်းတွေနဲ့ အရင်းအမြစ်တွေ လဲလှယ်ဖို့ ဖန်တီးထားတဲ့ နေရာတစ်ခုပဲ။ မဟာဗုဒ္ဓကပ်ဘေးမတိုင်ခင် အသင်္ချေအင်ပါယာကမ္ဘာကလည်း အားကောင်းတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တာပေါ့”

ဝမ်ဝေ့က ထိုသတင်းအချက်အလက်မြောက်များစွာကို တွေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ပထမဦးစွာ ထိုကပ်ဘေးသည် အကြွင်းမဲ့စတင်ခြင်း ဧကရာဇ်၏ ဗုဒ္ဓဘာသာကို ရှင်းထုတ်လိုက်သည့် ဖြစ်စဉ်ကို ဆိုလိုခြင်း ဖြစ်၏။

ဒုတိယပိုင်းအနေဖြင့် သူက ထိုကုန်သွယ်ရေးဗဟိုချက်နှင့် ပတ်သက်ပြီး တွေးလိုက်မိသည်။ သူ့အစီအစဉ်တစ်ခုက ကမ္ဘာ့အသိုက်အဝန်းများ၊ ကောင်းကင်အလိုဆန္ဒကမ္ဘာနှင့် သူတို့၏ အလွှာနိမ့်ကို ဆက်သွယ်ကာ အရင်းအမြစ်များ၊ အတွေးအခေါ်များနှင့် ယဉ်ကျေးမှုကို လဲလှယ်ဖို့ ဖြစ်သည်။

သူက သူ အောင်မြင်သည်နှင့် ကုသိုလ်အမြောက်အများ စုဆောင်းမိလိမ့်မည်ကို သိသော်လည်း ယခုအခါ ထိုအရာသည် တည်ရှိပြီးကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုဗဟိုချက်ကို ထိန်းချုပ်ပစ်ခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းကို ပြုလုပ်ရလိမ့်မည်။

“ အဲဒီကုန်သွယ်ရေး ဗဟိုချက်က အဖွဲ့အစည်းဘယ်လောက်နဲ့ ဆက်နွယ်နေတာလဲ”

“ ကျုပ် မှတ်မိတာသာ မှန်မယ်ဆိုရင် ၁၅၀ လောက်တော့ ရှိမယ်” မူလိန်က ပြန်ဖြေလိုက်သည်။

ထိုအရာက ဝမ်ဝေ့အား စိတ်အေးသွားမိစေ၏။ သူက ကမ္ဘာ့အသိုက်အဝန်း ၃ထောင် ရှိထားကြောင်း သိထားလေသည်။ အကယ်၍ ဗဟိုချက်ကို ထိုကမ္ဘာအားလုံးဆီ ဖြန့်ကျက်ထားနိုင်သရွေ့ သူသည် ကုသိုလ်အမြောက်အများ ရရှိဆဲ ဖြစ်လိမ့်မည်။

“ ဗဟိုချက်က အလွှာနိမ့်နဲ့ရော ဆက်သွယ်ထားလား”

“ ဒါပေါ့” မူလိန်က ပြန်ဖြေလိုက်သည့်အတွက် ဝမ်ဝေ့က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက အလွှာနိမ့်မှ လူများအား လိမ်လည်ဖို့ အတွေးကို အသုံးမပြုခဲ့သည်မှာ ကံကောင်းသွားလေသည်။

ထို့နောက် နှစ်ဦးသားက စကားပြောကာ ပူးပေါင်းမှုအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ဝမ်ဝေ့က ကြယ်တာရာသခင်တောင်နှင့်သာ အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ထားပြီး ကုန်သွယ်ရေးဗဟိုချက်တွင် ပါဝင်ဖို့ အနည်းငယ် စောင့်ဆိုင်းချင်သေး၏။ ထို့နောက် သူတို့က သဘောတူညီချက်ကို လက်မှတ်ထိုးလိုက်ကြသည်။

မူလိန်က ဝမ်ဝေ့ ထွက်သွားသည်ကို ကြည့်နေရင်း ရေရွတ်လိုက်မိ၏ “ အဲဒါဆိုတော့ ကောလဟာလတွေက အမှန်ဖြစ်နေတာပဲ” အသင်္ချေအင်ပါယာကမ္ဘာက   ပြန်လည်ထွက်ပေါ်လာတော့မှာပဲ”

***

All Chapters