စည်းမျဉ်းများ
Vol. 39 Ch. 533
ဝမ်ဝေ့က သူ တစ်ခုခုမေ့နေသည်ဟု ခံစားမိပြီး ပြန်တွေးနေဆဲတွင် အခန်းရှေ့တွင် အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ ထို့နောက် မျက်နှာဖုံး ဝတ်ဆင်ထားသည့် ထူးဆန်းသည့် အမျိုးသမီးတစ်ဦး ထွက်ပေါ်လာ၏။
သူမက အရှင်စိတ်ဝိညာဉ်နှင့် တူညီသော မျက်နှာဖုံးမျိုး ရှိကာ တစ်ဖက်က တုံးအအ ပြုံးနေပြီး တစ်ဖက်ကမူ ဉာဏ်များသည့် အပြုံးမျိုး ရှိနသည်။ အရှင်စိတ်ဝိညာဉ်နှင့် မတူဘဲ ထိုအမျိုးသမီးက အောက်ပိုင်းခန္ဓာကိုယ် ရှိထားသော်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ ဖောက်မြင်လုနီးပါး ဖြစ်နေသည်။
သူမက ပါးစပ်ဟကာ စကားပြောလိုက်သည့်အချိန် အမျိုးသားအသံ ထွက်လာ၏ “ အဆုံးမဲ့လေဟာနယ်က ကောင်းကင်ရွေးချယ်ခံ ရောင်းရင်းတို့ ကြိုဆိုပါတယ်”
မည်သူကမှ သူမ၏ အသံနှင့် ရုပ်ရည်ကြား ကွဲလွဲမှုကို ဂရုမစိုက်ကြပေ။ ကျင့်ကြံရေးလောကက ထူးဆန်းသည့်အရာများနှင့် ပြည့်နှက်နေသည် မဟုတ်ပါလော။
“ အားလုံးအတွက် လွယ်ကူသွားအောင် ငါ့ကို အရှင်စိတ်ဝိညာဉ်လို့ ခေါ်လို့ရတယ်။ ငါက ဒီစစ်ဆေးမှုကို ကြီးကြပ်မဲ့သူပဲ။ အခု မင်းတို့တွေ ညစာမစားခင် ဒီအမွေအနှစ်ရဲ့ စည်းမျဉ်းတွေအကြောင်းကို ပြောပြမယ်။
စစ်ဆေးခံရမဲ့ အမျိုးအစား ၈ မျိုး ရှိတယ်။ ခန္ဓာကိုယ်၊ ဝိညာဉ်၊ စွမ်းအားထိန်းချုပ်မှု၊ နားလည်နိုင်စွမ်း၊ တာအိုနှလုံးသား၊ စိတ်စွမ်းအား၊ တိုက်ပွဲခွန်အားနဲ့ နောက်ဆုံးစမ်းသပ်မှုကတော့ အရေးကြီးတယ်လို့ပဲ ပြောနိုင်တယ်”
အရှင်စိတ်ဝိညာဉ်က အားလုံးကို နားလည်ဖို့ အချိန်ပေးလိုက်သည်။
“ အဲဒီအမျိုးအစားတွေအပေါ်မှာ မူတည်ပြီးတော့ မင်းတို့တွေက အဆင့်သတ်မှတ်ပေးမဲ့ အမှတ်တွေကို ရမယ်။ မှတ်ထားရမှာက နောက်ဆုံးစစ်ဆေးမှုက အရေးကြီးပြီးတော့ အမှတ်အများကြီး တန်တယ်။ အဲဒါက ဒီအမွေအနှစ် စစ်ဆေးမှုရဲ့ အဓိကအချက်ကို ဆုံးဖြတ်ပေးနိုင်တယ်။ နောက်ထပ် မေးစရာရှိသေးလား”
“ ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းက ဆန့်ကျင်ကျမ်းဆိုတာ ဟုတ်လား” တစ်ယောက်က မေးလိုက်သည်။
“ ဟုတ်တယ်။ ဒီဟာကို အိမ်ပြန်ယူသွားတဲ့သူတွေက မင်းတို့ရဲ့ အင်အားစုအတွက် ကြီးကြီးမားမား အကျိုးပြုနိုင်မှာပဲ”
အခန်းအတွင်း အငွေ့အသက်က ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကြပြီး အားလုံးက အာရုံစိုက်ထားကြသည်။
“ စီနီယာကုရွှမ်းက အသင်္ချေအင်ပါယာကမ္ဘာကဆိုတော့ မျက်နှာမလိုက်ဘူးလား” နောက်တစ်ယောက်က ဝမ်ဝေ့၏ စားပွဲထံ ကြည့်ကာ ပြောလိုက်၏။
“ တကယ်လို့ ပြဿနာရှိရင် အရှင်က အသင်္ချေအင်ပါယာကမ္ဘာကနေပဲ သူ့အမွေအနှစ်ဆက်ခံသူကို ရွေးချယ်လိုက်မှာပေါ့” အရှင်စိတ်ဝိညာဉ်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။ ထိုလူများစွာက ထိုစကားကို သဘောတူကြပြီး တချို့ကမူ တွေးတောနေကြဆဲဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ အရှင်စိတ်ဝိညာဉ်က ထပ်ပြောလိုက်သည် “ နောက်ထပ် မေးစရာမရှိရင် အဓိကပွဲကို စလိုက်ရအောင်”
သူမက လက်ဝှေ့လိုက်သည့်အချိန် သူမ၏ အနောက်ဘက်၌ ရွှေရောင်ထိုင်ခုံ ၆လုံး ပါလာပြီး တစ်မှ ခြောက်အထိ စာကပ်ထားသည်။ ကုလားထိုင်တစ်ခုချင်းစီက အခြားထက် အနည်းငယ်မြင့်နေပြီး နံပါတ်တစ်ထိုင်ခုံက အမြင့်ဆုံး ဖြစ်၏။
“ ဒီစစ်ဆေးမှုရဲ့ တိုက်ပွဲသဘောတရားအရ ကိစ္စတွေက နည်းနည်းတော့ ကွဲပြားလိမ့်မယ်။ အရှင်က အမှတ်အသားပြား ရယူနိုင်တဲ့ လက်ရွေးစင် ယှဉ်ပြိုင်သူ ၆ယောက်ကို ရွေးချယ်ထားတယ်။ နောက်ဆုံးစစ်ဆေးမှုအပြီးမှာ အမှတ်အသားပြားက အမှတ်တွေအလိုက် လဲလှယ်နိုင်တယ်။ အဆင့်မြင့်လေလေ အမှတ်များများရလေလေဆိုတာကို မင်းတို့လည်း ခန့်မှန်းမိမှာပေါ့”
အားလုံးက စစ်ဆေးမှုစိတ်ဝိညာဉ်အား ကြည့်လိုက်ကြသည်။ သူတို့၏ ကမ္ဘာအသီးသီးတွင် ထိပ်တန်း ပါရမီရှင်များအနေဖြင့် သူတို့၏ စရိုက်အတွင်း ယှဉ်ပြိုင်လိုစိတ်က ကိန်းအောင်းနေသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့က အကောင်းဆုံးသာ ဖြစ်ချင်ကြ၏။
“ လိုက်နာရမဲ့ စည်းမျဉ်းတွေ ရှိတယ်” အရှင်စိတ်ဝိညာဉ်က ထိုလူများ၏ စိတ်ခံစားချက်ကို ဂရုမစိုက်ဘဲ ထပ်ပြောလိုက်သည် “ လက်ရွေးစင် မဟုတ်တဲ့ သူတွေက လက်ရွေးစင်တွေကို စိန်ခေါ်လို့ရတယ်။ ပြီးတော့ အမှတ်အသားပြားတွေကို ဘယ်နည်းလမ်းနဲ့ဖြစ်ဖြစ် အသုံးပြုလို့ရတယ်။
ဒါပေမဲ့ လက်ရွေးစင်တွေက သူတို့ရဲ့ တစ်ဆင့် မြင့်တဲ့သူတွေကိုပဲ စိန်ခေါ်နိုင်တယ်။ အဲဒါကြောင့် ၆ နေရာက လူက ၅ နေရာကို စိန်ခေါ်နိုင်ပြီးတော့ ၅နေရာက ၄ နေရာမြောက်ကို စိန်ခေါ်နိုင်တယ်။ ပြီးတော့ လက်ရွေးစင်စိန်ခေါ်သူတွေက တခြားလက်ရွေးစင်ကို စိန်မခေါ်ခင် အမှတ်တွေ လိုအပ်တယ်”
အားလုံးက ထိုစည်းမျဉ်းကို နားလည်ကြသည်။ လက်ရွေးစင်များက တစ်ယောက်နှင့် တစ်ယောက် အလွယ်တကူ စိန်မခေါ်နိုင်ကြပေ။ သူတို့က စိန်မခေါ်ခင် ထိုစစ်ဆေးမှု ရှစ်ခုတွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်၏။ လက်ရွေးစင် မဟုတ်သည့် ပါဝင်ယှဉ်ပြိုင်သူများကမူ လက်ရွေးစင်များကို အမှတ်အသားပြားအတွက် တိုက်ခိုက်နိုင်ကြသည်။ အသုံးပြုမည့်နည်းလမ်းအား ကန့်သတ်ထားခြင်း မရှိပေ။
ဒါက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို စည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေ ထားပြီးတော့ လေ့ကျင့်ပေးလိုက်သလိုပဲ…
ဝမ်ဝေ့နှင့် လူများစွာက ထိုသို့ တွေးလိုက်မိကြသည်။
“ အခု လက်ရွေးစင် ၆ ယောက်ကို ရွေးချယ်မယ်” အရှင်စိတ်ဝိညာဉ်က ထူးထူးဆန်းဆန်း ပြုံးကာ ပြောလိုက်၏။
“ ၆နေရာမြောက်က အသင်္ချေအင်ပါယာကမ္ဘာက ရှုရှစ်၊ သူမရဲ့ ကမ္ဘာဦးဟွင်သွမ်းရုပ်ခန္ဓာက ဟွင်သွမ်းရုပ်ခန္ဓာ ၉ ခုကို ပေါင်းစပ်ထားတာဆိုတော့ အဆုံးမဲ့လေဟာနယ်အတွင်းမှာ တစ်ခါမှ မကြားဖူးတဲ့အရာပဲ”
အားလုံးက အသင်္ချေအင်ပါယာကမ္ဘာ၏ စားပွဲဝိုင်းသို့ လှမ်းကြည့်လိုက်ကြပြီး သူမကို ဖန်တီးစဉ်က ကောင်းကင်ဘုံက အချိန်များစွာ ယူထားသည်ဟု ထင်ရသည့် မိန်းမလှတစ်ဦးကို ကြည့်လိုက်ကြ၏။ ထိုစဉ် ရှုရှစ်က သူမက ၆ နေရာမြောက်တွင် ရှိကြောင်း ကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ သူမက ၆ နေရာမြောက် ထိုင်ခုံသို့သွားကာ ထိုင်လိုက်သည်။
အရှင်စိတ်ဝိညာဉ်က သူမအား ကြည့်ကာ တွေးလိုက်သည်။
သူမနဲ့ ဖုန်းဟွမ်ကြားမှာ ရွေးချယ်ဖို့ ခက်နေတာ။ ဒါပေမဲ့ ဖုန်းဟွမ်က သူ့အင်အားကို ဝှက်ထားဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ အဲဒါကြောင့် သူက ဒီနေရာကို ဆုံးရှုံးသွားတာပဲ…
“ ၅နေရာမြောက်က ကြယ်တာရာသားရဲကမ္ဘာက မူလိန်၊ ဒုတိယကောင်းကင်ရုပ်ခန္ဓာပိုင်ရှင် အကြမ်းခံပုဆိန် ရုပ်ခန္ဓာရှိထားပြီးတော့ နှစ်ရာချီမှာ အဆင့်မြင့်ဆုံး ရှေးဟောင်းကြယ်တာရာ သင်္ကေတကို လက်ခံရရှိခဲ့တဲ့ ပါရမီရှင်တစ်ယောက်”
မူလိန်က သူ့နေရာသို့ အေးအေးဆေးဆေး လျှောက်လှမ်းလာသော်လည်း လူများစွာကမူ လက်ရွေးစင်ရွေးချယ်သည့် လိုအပ်ချက်များကို သဘောပေါက်သွားသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။
“ ၄နေရာမြောက်က မသေမျိုးတက်လှမ်းခြင်းကမ္ဘာက ကျိလန်ဖန်း၊ သူက ဓားတစ်ချက်လို့ ဂုဏ်ပုဒ်ရထားတဲ့ အထွတ်အထိပ် ဓားသမားတစ်ယောက်ပဲ”
ဆံပင်ရှုပ်ပွကာ ခါးတွင် သေရည်အိုးချိတ်ထားသည့် လူငယ်လေးတစ်ဦးက ထွက်လာ၏။ ထို့နောက် ချက်ချင်းဆိုသလို အားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် သေရည်နံ့ပြင်းပြင်းကို ရှူရှိုက်မိလိုက်ကြသည်။
သူက သူ့နေရာသို့ လျှောက်လာပြီး ရေရွတ်လိုက်၏ “ ဒီထဲက လူတွေက ငါ့ဓားကို ဒုတိယအကြိမ် ဝှေ့ယမ်းနိုင်အောင် လုပ်နိုင်မဲ့သူတွေ ပါပါစေလို့ ဆုတောင်းတယ်။ အော် အရင်တုန်းက အချိန်တွေ ပြန်လွမ်းမိသား”
သူက တိုးလျသော်လည်း ကျင့်ကြံသူအားလုံးကမူ ကြားလိုက်ကြသည်။ ထို့ကြောင့် လူတချို့က သူ့အား သတ်ဖြတ်လိုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ မည်သို့ပင်ဆိုစေကာမူ ကျိလန်ဖန်းက ဂရုမစိုက်သည်လား၊ အမူးလွန်နေသည်လားတော့ မသိရပေ။
“ တတိယနေရာက ရှေးဦးနတ်ဆိုးကမ္ဘာက ယဲ့တာ့ဖူ၊ သူက မျက်လုံး သုံးလုံးမျောက်နဲ့ ကပ်ဘေးမျောက်တို့ရဲ့ သွေးမျိုးဆက်နှစ်ခုကို ရထားတဲ့ နတ်ဆိုးတစ်ကောင်ပဲ”
အနက်ရောင်နှင့် ရွှေရောင်ချပ်ဝတ်ကို ဆင်ထားသည့် မျောက်တစ်ကောင်က ပုခုံးပေါ်တွင် အနီရောင်တုတ်ကို ကိုင်ဆောင်ရင်း လူများကို ကြည့်လိုက်၏။
“ မင်းအဖေက တတိယအဆင့်တဲ့လား။ ဘယ်သူက ဒီမျောက်ရဲ့အပေါ်မှာ နေရဲလဲ ကြည့်ကြသေးတာပေါ့။ ဘာဖြစ်ဖြစ် သူတို့က ငါ့တုတ်ချောင်းကို မြည်းစမ်းသွားစေရမယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက လေထဲသို့ ခုန်ကာ ကျွမ်းထိုးလိုက်ပြီး ထိုင်ခုံပေါ် ရောက်ရှိလာ၏။
လူများစွာက သူ့အား လေးလေးနက်နက် ကြည့်နေကြသည်။ မျက်လုံးသုံးလုံးမျောက်နှင့် ကပ်ဘေးမျောက်တို့က သူတို့၏ တိုက်ခိုက်စွမ်းအားကြောင့် လူသိများသည့် ပင်ကိုနတ်ဆိုးများ ဖြစ်၏။ ယခင်ထိုခေတ်ကာလတုန်းက တချို့ကမ္ဘာအသိုက်အဝန်းများသည် နဂါးနှင့် ဇာမဏီအစား သူတို့က ပင်ကိုနတ်ဆိုး၏ ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။
ယခုက ထိုသွေးမျိုးဆက်နှစ်ခုလုံး ရှိသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရပြီဖြစ်ကာ သူက တတိယအဆင့်သာ ရှိနေလေ၏။ အားလုံးက သူ့အထက်တွင် မည်သူရှိမည်မှန်း သိချင်ကြသည်။
“ ဒုတိယနေရာက အသင်္ချေအင်ပါယာကမ္ဘာက ဝမ်ဝေ့၊ သူကိုယ်တိုင် ဖန်တီးထားတဲ့ ကံကြမ္မာရုပ်သေးရုပ် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ပြီးတော့ ကောင်းကင်တာအိုက အသိအမှတ်ပြုခဲ့ရတယ်။ ပြီးတော့ သူက ခွန်အားအစစ်အမှန်တာအိုရဲ့ ဒုတိယအလွှာကို ရောက်နေပြီ”
ဝမ်ဝေ့က ထိုရလဒ်ကို မျှော်လင့်ထားပြီးသားပုံစံဖြင့် သူ့နေရာသို့ သွားလိုက်သည်။ သူက နေရာတွင် ထိုင်လိုက်ပြီးနောက် သူ့အား ခက်ထန်စွာ ကြည့်နေသည့် မျောက်အား ပြန်ကြည့်လိုက်၏။ ခဏအကြာတွင် သူက ထိုမျောက်သည် စွန်းဝူခုံး၏ ကိုယ်ပွားလားဟုပင် တွေးမိသွားလေသည်။
မူလိန်က သူ၏ စီးပွားရေးတွဲဖက်သည် ဤမျှအားကောင်းလိမ့်မည်ဟု ထင်မထားမိသည့်အတွက် အနည်းငယ် အံ့အားသင့်သွားမိသည်။ သူကလည်း ခွန်အားအစစ်အမှန် တာအိုကျင့်ကြံသူဖြစ်ပြီး ပထမအလွှာသို့ ဝင်ရောက်ခါစဖြစ်ကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေဆဲ ဖြစ်၏။ ထို့ကြောင့် သူနှင့် မျိုးဆက်တူအတွင်းက တစ်ယောက်ယောက်သည် ဒုတိယအလွှာအတွင်း ရောက်ရှိနေကြောင်း တွေ့ရသည့်အခါ အနည်းငယ် အံ့အားသင့်သွားပြီး တိုက်ခိုက်လိုစိတ် ကြီးလှသည်။ သူက ကွာဟချက် ရှိနေသော်လည်း ရှုံးနိမ့်လိမ့်မည်ဟု မထင်ပေ။
ခွန်အားအစစ်အမှန်တာအိုက ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာ ဆုံးဖြတ်ပေးပြီး စွမ်းအား၊ စည်းမျဉ်း၊ မန္တန်နှင့် တိုက်ပွဲဉာဏ်ရည်တို့ကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ သူက တစ်ယောက်ယောက်ထံ ရှုံးနိမ့်လိမ့်မည်ဟု မထင်ပေ။
အရှင်စိတ်ဝိညာဉ်က ထိုလူများသည် ကိုယ်ပိုင်ကောင်းကင် ရုပ်ခန္ဓာကို မည်သို့ရယူနိုင်ခဲ့ကြောင်း ဆွေးနွေးနေကြစဉ် နောက်ဆုံးလက်ရွေးစင်ကို ထုတ်ဖော်လိုက်၏။
“ ဧကရာဇ်တာအိုကမ္ဘာက ချူးလော့။ မဟာဧကရာဇ်နှစ်ပါးကို မိဘအနေနဲ့ မွေးဖွားလာတဲ့ ဧကရာဇ်ကလေးငယ်။ သူ့အကြောင်း ဒါပဲ ပြောစရာရှိတယ်”
ချူးလော့က တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာကာ သူ့နေရာတွင် ဝင်ထိုင်လိုက်၏။ သူက တခြားသူများ၏ စကားပြောဆိုမှုများအား စိတ်ထဲမထားပေ။ သူက မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိသော်လည်း သူ့ခန္ဓာကိုယ်မှ မောက်မာကာ ဂုဏ်ယူနေသည့် အငွေ့အသက်မျိုး ထုတ်ဖော်နေသည်။
ဧကရာဇ်သွေးမျိုးဆက်က အလွန်ရှားပါးလှသောကြောင့် မသေမျိုးသက်ရှိ တစ်ယောက်အနေဖြင့် သေမျိုးတစ်ယောက်ကို ဖန်တီးဖို့ရာ အလွန်ခက်ခဲလှသည်။ တစ်ချိန်တည်းဆိုသလို မသေမျိုးအဆင့် နှစ်ယောက်က မျိုးဆက်မွေးဖွားဖို့ရာ အဆထောင်ချီထက် မပိုလျှင်ပင် ထိုမျှခက်ခဲလေသည်။ အထူးသဖြင့် ကမ္ဘာ၏ အလုပ်လုပ်ပုံနှင့် ဒိုင်မေးရှင်းအနိမ့်တွင် ဖြစ်၏။
ထို့ကြောင့် ချူးလော့ကို ဖန်တီးဖို့ရာအတွက် သူ့မိဘများသည် ကွဲပြားသည် ကမ္ဘာ့အသိုက်အဝန်းမှ ဖြစ်ကာ ချစ်ကျွမ်းဝင်သွားကြပြီး သူ့အား ရရှိလာခြင်းသာဖြစ်လိမ့်မည်။
“ လက်ရွေးစင်တွေကို သူတို့ရဲ့ ပါရမီနဲ့ မြင့်တက်လာစဉ်အတွင်း အလားအလာတွေအပေါ်မှာ မူတည်ပြီးတော့ ခွဲခြားထားတယ်။ လူတော်တော်များများက သူတို့ရဲ့အင်အားကို ဖုံးကွယ်ထားတုန်းဆိုတော့ ငါတို့ရဲ့ ဆုံးဖြတ်ချက်က မှားသွားနိုင်တယ်ဆိုတာကို အသိအမှတ်ပြုတယ်။ အဲဒါကြောင့် မင်းတို့တွေက တစ်ယောက်ချင်းစီကို စိန်ခေါ်နိုင်ပြီးတော့ အမှတ်အသားပြားကို ရယူနိုင်တယ်”
ပါဝင်ယှဉ်ပြိုင်သူများက အရှင်စိတ်ဝိညာဉ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်ကြသည်။ နမူနာအားဖြင့် ကမ္ဘာဦးဟွင်သွမ်း ရုပ်ခန္ဓာသည် အလားအလာအားဖြင့် မြင့်မားသော်လည်း ထိုအရာပေါ်ထွက်လာစဉ်ကတည်းက သတင်းအချက်အလက် သို့မဟုတ် အကြောင်းအရာ မရှိသည့်အတွက် အဆင့်အနိမ့်ဆုံး ဖြစ်နေခြင်း ဖြစ်၏။
သို့သော်လည်း လူတော်တော်များများက အရှင်စိတ်ဝိညာဉ်သည် ထိုစကားများအား သူတို့၏ တာဝန်ယူမှုအား ဖယ်ရှားကာ သူတို့အချင်းချင်း တိုက်ခိုက်ဖို့ရာ လှုံ့ဆော်ပေးလိုက်ခြင်းဖြစ်သည်။
“ သတ်ဖြတ်ဖို့ရာအတွက် စည်းမျဉ်းတွေ ရှိသေးလား”
အားလုံးက ပြောလိုက်သည့်သူကို ကြည့်လိုက်သည့်အခါ နတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှ ရီထွေ့ကျစ်ဖြစ်ကာ သခင်လေးရီဟု ခေါ်ဆိုသူလည်း ဖြစ်သည်။ သူက သူ၏ ကျားမျက်ဝန်းမှလွဲ၍ သာမန်လူတစ်ယောက်နှင့် တူသည်။ သူ့ခန္ဓာကိုယ်မှ ဒေါသကြီးသည့် အငွေ့အသက်မျိုး ထွက်ပေါ်နေ၏။
လူတချို့က သူ့ဒေါသအကြောင်းအရင်းအား သိကြလေသည်။ သူတို့၏ သတင်းအချက်အလက်အရ သခင်လေးရီသည် တာအိုဘိုးဘေးနှစ်ယောက်မှ မွေးဖွားလာသည့် တာအိုကလေးငယ်ဖြစ်ကာ လက်ရွေးစင်အဖြစ် ရွေးချယ်မခံရသည်ကို မပျော်ရွှင်မှန်း သိသာလှသည်။
“ ပါဝင်ယှဉ်ပြိုင်သူကြားက ပဋိပက္ခတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ မင်းတို့အသက်က မင်းတို့လက်ထဲမှာပဲ” အရှင်စိတ်ဝိညာဉ်က ပြောလိုက်သည်။
“ ကောင်းပြီ” သခင်လေးရီက လက်ရွေးစင်များအား ကြည့်ကာ ပြောလိုက်၏။ သူက လူသားများအပေါ် အာရုံစိုက်ထားလိုက်ပြီး ထိုသူများအပေါ် အမုန်းတရားနှင့် ရွံရှာမှုကို ဖုန်းကွယ်ထားခြင်း မရှိပေ။ ထို့နောက် သူ့အကြည့်က ဝမ်ဝေ့အပေါ် ကျရောက်လာပြီး နှာခေါင်းရှုံ့လိုက်သည်။
ဝမ်ဝေ့၏ ဒုတိယနေရာ ရောက်ရှိခြင်းအပေါ် မပျော်ရွှင်သည်မှာ သခင်လေးရီ တစ်ဦးတည်း မဟုတ်ပေ။ ထာဝရအရှင်နှစ်ယောက်မှ မွေးဖွားလာသည့် ထာဝရကလေးငယ် ရှစ်ချီအန်းကလည်း သူမက ဒုတိယနေရာနှင့် ထိုက်တန်မိသည်ဟု ခံစားမိနေသည်။ သူမက မွန်မြတ်သော ကံကို စားသုံးသည့် အလင်းမျိုးနွယ်စုဝင် ဖြစ်သည်။
ထို့နောက် လူရိုင်းမျိုးနွယ်၏ အဖွဲ့က ဝမ်ဝေ့အပေါ် ထိန်းမနိုင်သိမ်းမနိုင် အမုန်းတရားမျိုး ခံစားနေကြသော်လည်း အကြောင်းအရင်းကိုမူ မသိရပေ။ ဗုဒ္ဓဘာသာကပ်ဘေးအပြီးတွင် ပျက်သုန်းသွားပြီဟု ယုံကြည်ခဲ့ကြသည့် နတ်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက်ပင် ဤစစ်ဆေးမှုထဲ ပေါ်ထွက်လာခဲ့သည်။
ဝမ်ဝေ့က ထိုအကြည့်များကို ခံစားမိသည့်အခါ ပြုံးလိုက်၏။
ကိစ္စတွေက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းလာပြီပဲ…
***