ကောင်းချီးခံများ
Vol. 39 Ch. 534
ဝမ်ဝေ့က ရီထွေ့ကျစ်အကြောင်း တီးတိုးပြောသံများကို ကြားလိုက်ရသည်။ သူက တာအိုကလေးငယ် ဖြစ်၏။ သူက သတင်းအချက်အလက်ပိုမိုသိချင်သောကြောင့် ဘိုးဘေးဝမ်ဝူချန်အား အံ့ဖွယ်အသိစိတ်မှတဆင့် ဆက်သွယ်လိုက်သည်။
“ မင်းက အဲဒီကောင်းချီးခံ လူတွေနဲ့ပတ်သက်ပြီး သိချင်တာလား” ဝမ်ဝူချန်က အနည်းငယ် အားကျစွာဖြင့် ရေရွတ်လိုက်သည် “ မင်း သိတဲ့အတိုင်း ဧကရာဇ်၊ တာအို ဒါမှမဟုတ် ထာဝရ ကလေးငယ်တွေမှာ သူတို့ရဲ့ ပါရမီက အရမ်းကို ထူးချွန်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကြောင့် ကောင်းချီးခံလူတွေလို့ သတ်မှတ်ခံရတယ်။
ဧကရာဇ်ကလေးငယ်နဲ့ တာအိုကလေးငယ်က မွေးဖွားလာကတည်းက မသေမျိုးအဖြစ် မွေးဖွားလာကြတာ။ သူတို့က သက်တမ်းကို စိတ်ပူစရာ မလိုဘူး။ သူတို့မိဘတွေက သူတို့ကို စည်းမပိတ်သရွေ့ပေါ့။”
“ အဲဒါက အဓိပ္ပာယ်ရှိသား” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ သူတို့က မသေမျိုးသက်ရှိ သို့မဟုတ် အဆင့်မြင့်သက်ရှိများမှ မွေးဖွားလာသူများ ဖြစ်၏ “ အဲဒါဆို ထာဝရကလေးငယ်ကရော”
“ သူတို့က မသေမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က တစ်ယွမ်ခေတ်ကာလအထိ နေနိုင်ကြတယ်”
ဝမ်ဝေ့က အနည်းငယ် အံ့အားသင့်သွားသော်လည်း တစ်ယွမ်ခေတ်ကာလသည် ၁.၂၆၉ ထရီလီယံသန်းနှင့် ညီမျှကြောင်း စဉ်းစားမိသည့်အခါ ထိုထာဝရကလေးငယ်များသည် သက်တမ်းအကြောင်း ပူစရာမလိုသည့်အတွက် မသေမျိုးဟုသာ ယူဆလို့ရလေသည်။
“ အဲဒါဆိုတော့ ကျင့်ကြံရေး နည်းစနစ်တွေက အမြင့်ဆုံးပေးနိုင်တဲ့ တစ်ယွမ်ခေတ်ကာလလား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဟုတ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့အချက်ကို အာရုံစိုက်ထား”
“ ဘိုးဘေး ပြောတာမှန်ပါတယ်။ ဆက်ပြောပါဦး”
“ ဧကရာဇ်ကလေးငယ်တွေကို ဒိုင်မေးရှင်းအနိမ့်မှာ သူတို့ကို မွေးဖွားခံဧကရာဇ်လို့ခေါ်ပြီးတော့ သူတို့အားလုံးက တာအိုဘိုးဘေးရဲ့ စွမ်းအားနဲ့အတူ သွေးမျိုးဆက်စွမ်းရည် ရှိထားကြတယ်။ သူတို့ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ တစ်ကြိမ်တစ်ခါပဲ အသုံးပြုခွင့် ရှိတယ်”
“ အဲဒါဆို သူတို့သာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲမှာ အသုံးပြုသရွေ့ သူတို့က တာအိုကို သက်သေပြဖို့က အာမခံချက် ရထားသလိုပဲပေါ့”
“အတိအကျပဲ”
“ ကံကြမ္မာက တကယ်ကို မမျှတဘူးပဲ” ဝမ်ဝေ့က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
“ မင်းက ဘာတွေညည်းတွားနေတာတုန်း။ မင်းရဲ့ မွေးဖွားမှုက ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်းနဲ့ယှဉ်လိုက်ရင် ဘယ်လောက်မြင့်တယ်ဆိုတာ သိရဲ့လား”
ဝမ်ဝေ့က ထိုစကားကြောင့် အနည်းငယ် မျက်နှာပူသွားသည်။ သို့သော် သူက ထုတ်မပြပေ။ ထိုအစား သူက ဧကရာဇ်ကလေးငယ်နှင့် သူတို့၏ တည်ရှိမှုအကြောင်းကိုသာ တွေးနေမိ၏။
သူက အင်အားစုအများအပြားသည် ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမတိုင်ခင် သူတို့၏ သွေးစွမ်းအင်ကို ထုတ်သုံးဖို့ရာ ဖိအားပေးလိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ သူတို့၏ မိဘများက ရှိနေဆဲဖြစ်ကာ ဒိုင်မေးရှင်းအနိမ့်တွင် ပုန်းအောင်းနေသရွေ့ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို ထိုဧကရာဇ်ကလေးငယ်က ပုန်းအောင်းနေပြီး ကောင်းကင်အလိုဆန္ဒ တိုက်ပွဲမှသာ ပေါ်ထွက်လာကာ ကောင်းကင်အလိုဆန္ဒကို ရယူနိုင်သည်။ သူတို့က သူတို့၏ တာအိုနှလုံးသားကို ကျင့်ကြံဖို့လည်း လိုအပ်သည်။ မဟုတ်ပါက သူတို့သည် အတုအယောင် ဧကရာဇ်မျှသာ ဖြစ်လာလိမ့်မည်။
ဝမ်ဝေ့က မေးလိုက်၏ “ အဲဒါဆို တာအိုကလေးငယ်ကရော”
“ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ တာအိုအရင်းအမြစ်နဲ့ မွေးဖွားလာကြတာ။ သူတို့က လိုအပ်ချက်ပြည့်မှီတဲ့ ကျင့်စဉ်တစ်ခုကိုရောက်ပြီး သူတို့ရဲ့ ကိုယ်ပိုင်တာအိုကို နားလည်တာနဲ့ အဲဒီမျိုးစေ့က အသက်ဝင်လာလိမ့်မယ်။ အဲဒါဆိုရင် သူတို့က တာအိုဘိုးဘေး ဖြစ်လာကြလိမ့်မယ်”
“ တကယ်ကို မမျှတဘူးပဲ”
ဝမ်ဝူချန်က သူ့စကားအား လျစ်လျူရှုထားပြီး ပြန်ပြောလိုက်သည် “ မင်းလည်း သတိထားဦး။ တချို့တာအိုကလေးငယ်တွေက သူတို့ရဲ့ တာအိုမျိုးစေ့ကို စတေးပြီးတော့ ထာဝရအရှင် ပွင့်ချပ်တစ်လွှာကနေ နှစ်လွှာအဆင့် စွမ်းအားကို ယာယီရယူနိုင်ကြတယ်။ အဲလိုလုပ်ဖို့ လူတစ်သန်းမှာ တစ်ယောက်ဆိုပေမဲ့လည်း မင်း သတိထားတာ အကောင်းဆုံးပဲ”
“ အဲဒါဆိုတော့ အဲဒီတာအိုကလေးငယ်တွေက အလားအလာရှိတဲ့ ဧကရာဇ်တွေပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။
“ အဲလိုမျိုးပဲ”
ဝမ်ဝေ့က လူတချို့သည် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ တာအိုအရင်းအမြစ်မျိုးစေ့ကို လိုချင်ကြမည်မှန်း ခန့်မှန်းမိလိုက်၏။ သို့သော်လည်း သူတို့ မိဘများသာ ဒိုင်မေးရှင်းအနိမ့်တွင် နေထိုင်သရွေ့ ဘေးကင်းနေလိမ့်မည်။
“ အဲဒါဆို ထာဝရ ကလေးငယ်တွေကရော”
“ သူတို့အတွက်ကတော့ သူတို့ရဲ့ စွမ်းရည်က ကောင်းကင်အလိုဆန္ဒရဲ့ ကံနဲ့ ချုပ်နှောင်ထားခြင်း မခံရဘူး။ အဲဒါကြောင့် သူတို့က မဟာဧကရာဇ်က သူတို့အတွက် ကံကြမ္မာ ဆေးကြောပေးဖို့ မဟာဧကရာဇ်တစ်ပါးမလိုဘဲ မျိုးဆက်တိုင်းမှာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်”
“ သူတို့ရဲ့ ရှည်ကြာတဲ့ သက်တမ်းနဲ့ဆိုရင် အဲဒါက ဖြစ်နိုင်ချေများသားပဲ … ကျွန်တော် ရုတ်တရက် သိချင်လာမိတယ်။ ကျွန်တော်တို့ဂိုဏ်းမှာရော အဲလိုကောင်းချီးခံလူမျိုး ရှိလား”
“ ရှိတာပေါ့။ ငရဲအကဲဖြတ်ဧကရာဇ်က တာအိုကလေးငယ်ပဲ။ ငါတို့ဆီမှာ မိခင်ဝမ်းထဲမှာ ရှိနေတဲ့ ထာဝရကလေးငယ် တစ်ယောက်လည်း ရှိသေးတယ်။ တကယ်လို့ မင်း ရောက်မလာခဲ့ဘူးဆိုရင် သူက ဧကရာဇ်ကိုးပါးကျိန်စာကို ဖြေဖျောက်မဲ့ ငါတို့ရဲ့ ဖြေရှင်းချက်ပဲ”
ငရဲအကဲဖြတ်ဧကရာဇ်သည် ဝမ်မျိုးနွယ်၏ လေးယောက်မြောက် ဧကရာဇ်ဖြစ်ကာ ဂိုဏ်း၏ ၇ယောက်မြောက် မဟာဧကရာဇ် ဖြစ်၏။ သူက မိစ္ဆာခေတ်ကာလတွင် နေထိုင်ခဲ့ပြီး အကဲဖြတ်တာအိုကို ကျင့်ကြံခဲ့ပြီး မိစ္ဆာမျိုးနွယ်ကို သူတို့၏ အပြစ်ကြွေးကြောင့် ထိထိရောက်ရောက် သုတ်သင်နိုင်ခဲ့၏။
ဝမ်ဝေ့က ဂိုဏ်း၏ ဧကရာဇ်အများစုသည် မိစ္ဆာခေတ်ကာလအတွင်း ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဧကရာဇ်ချီယွမ်နှင့် ဓားဧကရီတို့က ရှေးဟောင်းဧကရာဇ်ခေတ်ကာလမှ ဖြစ်ကြသည်။
တတိယဧကရာဇ်ဖြစ်သည့် ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်က ယုံကြည်မှုခေတ်ကာလမှ ဖြစ်သည်။ ၄ယောက်မြောက် ဧကရာဇ် လိပ်ခွံ၊ ၅ယောက်မြောက် ဧကရာဇ် တိုက်ပွဲရူး၊ ၆ယောက်မြောက်ဧကရာဇ် အထွေထွေသောင်းပြောင်း၊ ၇ယောက်မြောက် ငရဲအကဲဖြတ်ဧကရာဇ်နှင့် ၈ယောက်မြောက်တို့က အရိပ်အုပ်ချုပ်သူ ဧကရာဇ်တို့ ဖြစ်ကြသည်။ ၄ယောက်မြောက်မှ ၈ယောက်မြောက်အထိ သူတို့အားလုံးက မိစ္ဆာခေတ်ကာလအတွင်း ပေါ်ထွက်လာသူများဖြစ်ကာ ခေတ်တစ်ခု၏ စိတ်ဝိညာဉ်ရလဒ်ကို ဖြစ်စေသည့် လူများလည်း ဖြစ်သည်။
သက်တံဧကရာဇ်က ၉ယောက်မြောက် ဖြစ်ပြီး သူမက အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလအစောပိုင်းတွင် ပေါ်ထွက်ခဲ့ပြီး ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က မြင့်တက်နေသည့် ကာလလည်း ဖြစ်သည်။ ထိုစဉ်အခါက ခေတ်တစ်ခု၏ စိတ်ဝိညာဉ်သည် သူတို့ထံ ကူးပြောင်းလွှဲအပ်လိုက်ရပြီ ဖြစ်၏။
“ ဒီလူတွေက ကျွန်တော်တို့ သမိုင်းကြောင်းမှာ နှစ်ယောက်ပဲ ရှိတယ်ဆိုတော့ တော်တော်လေးကို ရှားပါးတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“ မင်း အသင်္ချေကမ္ဘာမှာ ပေါ်ထွက်လာတဲ့သူတွေအားလုံးကို ရေကြည့်မယ်ဆိုရင်တောင် ဆယ်ယောက်တော့ရှိပေမဲ့ အယောက်နှစ်ဆယ်တောင် ပြည့်မှာ မဟုတ်ဘူး”
“ အဲဒီလူတွေက အံ့ဖွယ်မျိုးနွယ်လိုမျိုး သွေးမျိုးဆက် ကန့်သတ်ချက်တွေဘာတွေ မရှိကြဘူးလား”
“ မရှိဘူး။ အနှစ်ချုပ်ပြောရရင် သူတို့မိဘတွေရဲ့ တာအိုကသူတို့ရဲ့ သွေးမျိုးဆက်ထဲမှာ အပ်နှင်းထားသလို ဖြစ်ပြီးတော့ ကောင်းကင်ရုပ်ခန္ဓာရှိတဲ့ လူတွေနဲ့ စည်းမျဉ်းအပိုင်းအစနဲ့ တူညီတယ်။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်တာအိုကို နားလည်ဖို့ အသုံးပြုနိုင်သလို သွေးမျိုးဆက် စွမ်းရည်အဖြစ် ရိုးရိုးရှင်းရှင်း အသုံးပြုနိုင်တယ်”
ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး တစ်စုံတစ်ခုကို မေးဖို့ ပြင်လိုက်သည်။ သူက ထိုကောင်းချီးခံ ကလေးငယ်များသည် သူ့အား အားကျလာအောင် လုပ်သည့်အချက်ကို စဉ်းစားမိပြီးနောက်
“ ကုန်သွယ်ရေးဗဟိုချက် စုံစမ်းစစ်ဆေးတာရော ဘယ်လိုနေလဲ”
“ အရိပ်(၂)ဆီက သတင်းတော့ ရထားတယ်။ ငါတို့တွေ ကောင်းကင်ရွေးချယ်ခံတွေရှိတဲ့ ကမ္ဘာတချို့ကို စတင်စုံစမ်းနေပြီ။ ဒါပေမဲ့ ဖြည်းဖြည်းပဲ လုပ်ဆောင်ပေးလိမ့်မယ်”
ယခုစကားဝိုင်းတွင် ထည့်ပြောသည့် အရိပ် (၂)က ဝမ်ဝေ့အနားတွင် ရှိသည့် လူမဟုတ်ဘဲ သက်တံဧကရာဇ်က သခင်၏ အရိပ်နည်းစနစ်ကို အသုံးပြုကာ လေ့ကျင့်ပျိုးထောင်ပေးထားသည့် အရိပ် ဖြစ်သည်။ ဝမ်ဝေ့က သက်တံဧကရာဇ်သည် ဆန့်ကျင်လူသားနှစ်ယောက်ကို ကိုယ်တိုင်မွေးထုတ်ပေးခဲ့သည့် တစ်ဦးတည်းသော ဧကရာဇ် ဖြစ်ကြောင်း သိထားလေသည်။ အရိပ်(၂)နှင့် သက်တံ(၁)တို့ ဖြစ်ကြသည်။
“ ကောင်းပြီ” ဝမ်ဝေ့က ပြောလိုက်ပြီး စကားဝိုင်းကို အဆုံးသတ်လိုက်သည်။
ထို့နောက် သူက ကျင်းဝူဟွားအား ကြည့်ကာ သေရည် ဆက်လက် သောက်သုံးလိုက်သည်။ ဧကရာဇ်ကလေးငယ်၏ စွမ်းအင်နှင့် ယှဉ်လိုက်ပါက ဧကရာဇ်သွေးမျိုးဆက်သည် အတော်လေးကို ပုံမှန် ဖြစ်၏။
ဧကရာဇ်သွေးမျိုးဆက်သည် သာမန်လူများထက် ရှည်ကြာသည့် သက်တမ်းမျိုးရှိကာ ပါရမီ မြင့်မားပြီး အံ့ဖွယ်စွမ်းအင်တချို့ ရှိထားသော်လည်း ဧကရာဇ်ကလေးငယ် သို့မဟုတ် တာအိုကလေးငယ်နှင့် မယှဉ်နိုင်ပေ။
သူတို့၏ မိဘတစ်ပါးက သေမျိုးဖြစ်နေသည့်အတွက် သူတို့၏ စွမ်းရည်က သိသိသာသာ လျော့ကျသွား၏။
ညစာစားပွဲအတွင်း အရပ်ရှည်ရှည် အဖွဲ့က ဝမ်ဝေ့က စူးစူးစိုက်စိုက် ကြည့်နေလေသည်။ သူတို့ထဲက အပုဆုံးက ၂.၅ မီတာဖြစ်ပြီး အရှည်ဆုံးက ၃.၂ မီတာရှိ၏။
“ သခင်လေးထိုလွေ့ … ဒီလူနဲ့ ပတ်သက်ပြီးတော့ ဘာလို့ ထိန်းချုပ်မရတဲ့ အမုန်းတရားမျိုး ခံစားမိနေပါလိမ့်”
သခင်လေးထိုလွေ့က အရပ်အရှည်ဆုံးလူ ဖြစ်၏။ သူက တိရစ္ဆာန်သားရေဖြင့် လုပ်ထားသည့် အဝတ်ကို ဝတ်ဆင်ထားကာ ထိုအဝတ်တွင် အင်္ကျီလက်မရှိဘဲ လက်မောင်းရှိ ကြွက်သားများကို ပြသနေပြီး အသားအရည်က အနည်းငယ် နီညိုရောင်သန်းကာ တက်တူးများအပြည့် ဖြစ်နေသည်။
သူက သူ့အင်္ကျီ၊ ဘောင်းဘီရှည်၊ ဖိနပ်ရှည်နှင့် ညာဘက်တွင် ခြင်္သေ့ဖြူခေါင်းကြီးကို အလှဆင်သည့်အနေဖြင့် တင်ထားသည်။
သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည် “ အဲဒါက သူ့သွေးမျိုးဆက်အတွင်း ခိုအောင်းနေတဲ့ အငွေ့အသက်တစ်ခုပဲ။ ကြည့်ရတာ သူ့ဘိုးဘေးတွေက ငါတို့ရဲ့ လူရိုင်းမျိုးနွယ်အပေါ် တစ်ခုခု ကျူးလွန်ခဲ့တဲ့ပုံပဲ”
ထိုလွေ့က ထိုလူ့နောက်မှ လူအား ကြည့်ကာ “ အစ်မ ငါတို့ ဘာလုပ်ကြမလဲ”
သူ့နောက်တွင် ထိုင်နေသည့်သူက ထိုသို့အတူတူ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ဖြစ်၏။ သူမက အင်္ကျီလက် မပါသည့် အဝတ်ကို ဝတ်ဆင်ထားပြီး ကောက်ကြောင်းများကို ပြသနေသည်။ သူမက အောက်ပိုင်း အဝတ်တိုကို ပတ်ထားပြီး ပြီးပြည့်စုံသည့် ကြွက်သားနှင့် ရှည်လျားသည့် ခြေထောက်များက အမျိုးသားများလို ကြွက်သားပြိုင်းပြိုင်းဖြစ်မနေဘဲ ကြည့်ကောင်းလွန်းသည်။
သူမက သူမ၏ ဆံပင်အထက် ပုတီးစေ့များရှိပြီး လက်မောင်းတွင် သူ့မောင်ကဲ့သို့ တက်တူးများ ရှိ၏။ ယေဘုယျအားဖြင့် သူမသည် အရိုင်းဆန်ဆန် အလှတရားမျိုးရှိသည်။
“ သူက ငါ့ယောက်ျားအဖြစ် လက်ခံမယ်ထင်လား” ခူထုလွန်က မေးလိုက်သည်။
“ အလေးအနက်ပြောစမ်းပါ”
“ ငါ ပြောနေတာပဲ။ ငါက ငါ့အင်အားကို ခံနိုင်တဲ့သူကိုပဲ လက်ထပ်မှာဆိုတာကိုလည်း သိတယ်။ သူက ငါ ရှာနေတဲ့သူ ဖြစ်နေနိုင်တယ်”
“ တကယ်လို့ အားကောင်းတဲ့သူ ရှာမယ်ဆိုရင် ဘာလို့ ချူးလော့ကို မရွေးတာလဲ။ သူက ဒီမှာ အားအကောင်းဆုံးပဲလေ”
“ သူလား။ သူက ငါ့အကြိုက် မဟုတ်ဘူး”
“ ကောင်းပြီ။ အလေးအနက်ပြော။ ဒီလိုမုန်းတီးနေတာကို ဘယ်လိုလုပ်သင့်တုန်း။ သူ့ကို တိုက်ခိုက်သင့်လား”
“ တိုက်ခိုက်မယ်။ ဒါပေမဲ့ ဒီလို ရူးကြောင်ကြောင် အမုန်းတရားမျိုးကြောင့် မဟုတ်ဘူး။ အသင်္ချေအင်ပါယာကမ္ဘာက လူရိုင်းမျိုးနွယ် ဖြစ်ခဲ့တဲ့ ကိစ္စက ငါတို့ရဲ့ ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာနဲ့ မဆိုင်ဘူး” သူမက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဒီလိုဆိုရင် ညစာစားပွဲပြီးတာနဲ့ တိုက်ခိုက်ကြမလား”
“ ဘယ်ဟုတ်မလဲ။ ငါတို့တွေ သူ ဘယ်လောက် စွမ်းဆောင်ရည်ရှိတယ်ဆိုတာကို ကြည့်ပြီးတော့ သူ့ သတင်းအချက်အလက်တွေ တတ်နိုင်သမျှ စုဆောင်းရဦးမယ်။ ပြီးတော့ ငါတို့တွေ ၆ နေရာမြောက်ကို အရင်ယူတာ အကောင်းဆုံးပဲ”
“ ကောင်းပြီ”
ညစာစားပွဲက နောက်ထပ်တစ်နာရီကြာ ဆက်လက် ကျင်းပနေခဲ့သည်။ ထို့နောက် အားလုံးက သတိကြီးကြီးဖြင့် လာကြသည်။ အထူးသဖြင့် လက်ရွေးစင်များ ဖြစ်၏။
ဝမ်ဝေ့နှင့် တခြားသူများက အခမ်းအနားမှ ထွက်လာပြီး လမ်းခွဲကာ အိမ်ပြန်လာကြသည်။
ဝမ်ဝေ့က သူ့စံအိမ်သို့ လျှောက်လှမ်းလာစဉ်အတွင်း ပင်ကိုဒိုင်းကာကို မီတာဒါဇင်ချီ ချဲ့ထွင်ထားခဲ့သည်။ ဤနည်းဖြင့် သူ့အား တိုက်ခိုက်လာသည့် လူတော်တော်များများက အသုံးမဝင်ခဲ့ပေ။ သို့သော်လည်း တိုက်ခိုက်သူ နည်းပါးသည့်အတွက် အနည်းငယ် အံ့အားသင့်မိ၏။
သို့သော်လည်း သူက အကြမ်းဖျင်းကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် အားလုံးက အဓိပ္ပာယ်ရှိနေသည်။ လက်ရှိကောင်းကင်ရွေးချယ်ခံအားလုံးက သူတို့ကမ္ဘာ၏ အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်၏။ ထို့ကြောင့် ထိုလူများက အရှင်စိတ်ဝိညာဉ်၏ လှုံ့ဆော်မှုကြောင့် အလျင်စလို ဆုံးဖြတ်ကြမည် မဟုတ်ပေ။ သူတို့က စိတ်တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့၏ သတင်းအချက်အလက်များကို အရင် စုဆောင်းကြလိမ့်မည်။
…………………………
လီကျွင်းက ညစာစားပွဲမှ မနီးမဝေးရှိ စားသောက်ဆိုင်တစ်ခုအတွင်း မိန်းမလှတစ်ဦးနှင့် ထိုင်နေသည်။
“ မိန်းမိန်း … ထပ်သောက်ပါဦး။ ဒီနေ့ ငါတို့တွေ ပျော်ကြတာပေါ့”
“ ရှောင်ကျွင်း ရှင်က ကျွန်မကို အကောင်းဆုံး ဆက်ဆံပေးတယ်” မိန်းမလှလေးက နောက်ထပ် တစ်ပန်းကန် ထပ်သောက်ရင်း ပြောလိုက်သည်။
“ ရှင် သိတဲ့အတိုင်း ကျွန်မက ဒီမျိုးဆက်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို အနိုင်ရရှိနိုင်ခြေ မရှိဘူးဆိုတာကို သိရတာနဲ့ ဂိုဏ်းကနေ ဖိအားအများကြီး ပေးခံနေရတာ။ ကျွန်မတို့တွေ တစ်ယောက်မှ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
“ ဘယ်လိုဖြစ်ပြီးတော့လဲ။” လီကျွင်းက သူမအား သေရည် ထည့်ပေးရင်း မေးလိုက်သည်။ ထိုအရာက သူ စောင့်ဆိုင်းနေသည့် အချိန်ကာလ ဖြစ်၏။
“ အဲဒီမကောင်းဆိုးဝါး ချူးလော့ပေါ့” သူမက ထပ်မပြောခင် ထပ်မံ သောက်သုံးလိုက်ပြန်သည်။ သူမ၏ မျက်နှာက အနီရောင် သန်းနေလေ၏။
“ သူက …”
***