← Chapters

နောက်တစ်ယောက်

Vol. 39 Ch. 535

နောက်တစ်ယောက်

Vol. 39 Ch. 535

“ သူက အချိန်အကြာကြီးနေထိုင်ခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီးဆိုတာ သိလား” မိန်းမိန်းက ပြောလိုက်သည်။

“ သူက ဧကရာဇ်ကလေးငယ်ပဲဆိုတော့ သက်တမ်းရှည်တာ ပုံမှန်ပါပဲ” လီကျွင်းက ပြန်ဖြေလိုက်၏။

“ အဲလိုမဟုတ်ဘူး။ အကြောင်းအရင်းတချို့ကြောင့် အဲဒီမကောင်းဆိုးဝါးက သူ့ဘာသာသူ ထပ်ခါထပ်ခါ ပြန်လည်ဝင်စားနေတာ။ ထပ်ခါထပ်ခါပဲ”

“ သူက ဘာလို့ အဲလိုလုပ်ရတာလဲ” လီကျွင်းက ဖြတ်မေးလိုက်သည်။

“ ကျွန်မလည်း မသိဘူး။ ကျွန်မတို့ သိတာက ပြန်လည်ဝင်စားလာတိုင်းမှာ ချူးလော့က ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မတိုင်ခင် ကောင်းကင်ရွေးချယ်ခံအားလုံးကို ပစ်မှတ်ထားတယ်။ သူက သူ့ဘာသာသူ တစ်ခါမှ ဝင်မပြိုင်ပေမဲ့ သူတို့အားလုံးကို အနိုင်ပိုင်းခဲ့တယ်”

“ မင်းတို့ဂိုဏ်းက မင်းကို ဒီလိုမကောင်းဆိုးဝါးကို နိုင်ဖို့ ဘယ်လိုများ မျှော်လင့်နေတာလဲ”

“ ကျွန်မ ပြောတာ ဟုတ်တယ်မလား။ ရှင်က ကျွန်မကို နားအလည်ဆုံးပဲ”

“ မင်း နိုင်မယ်ဆိုရင်တောင် သူ့မိဘတွေက ထွက်လာပြီး ပြဿနာမရှာနိုင်ဘူးလား” လီကျွင်းက ပြောလိုက်သည်။

“ ဟုတ်တာပေါ့။ ဒါပေမဲ့ သူ့မိဘတွေက တစ်ခါမှ ထွက်မလာဖူးဘူးဆိုတော့ ထွက်သွားတာကြာပြီ တူတယ်”

“ အဲလိုလား” လီကျွင်းက အသာပြန်ဖြေလိုက်သည်။

“ သူ့မိဘတစ်ယောက်ယောက်က ဧကရာဇ်တာအိုကမ္ဘာက ဖြစ်မှာပေါ့။ သူတို့အကြောင်းကိုရော သိထားသေးလား”

မိန်းမိန်းက အမူးလွန်ကာ အိပ်ပျော်သွားလေပြီ။ လီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူက ထိုစကားဝိုင်းကို ဆွဲခေါ်နိုင်မည့် သင့်တော်သည့် သေရည်ပမာဏကို မှန်းဆခဲ့သည်ဟု ထင်မိသော်လည်း သူမ၏ သောက်နိုင်စွမ်းကို အထင်ကြီးမိခဲ့သည်။

သူက ခေါင်းခါလိုက်ပြီးနောက် ထွက်လာခဲ့လိုက်၏။ ထိုမိန်းကလေး၏ ဝိညာဉ်ကို ရှာဖွေသည်မှာ အကျိုးမရှိမှန်း သိထားလေသည်။ ကျင့်ကြံသူတစ်ယောက်၏ အန္တရာယ်ခံစားနိုင်သည့် သဘာဝအလိုလိုသိစိတ်က သက်ဝင်လာကာ သူမအား နိုးထလာစေလိမ့်မည်။ ထို့ကြောင့် သူက ဝမ်ဝေ့ထံ သတင်းအချက်အလက်ပေးပို့ကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။

“ ထင်ထားတဲ့အတိုင်း သူက တိထျန်းနဲ့ တူနေတာပဲ”

“ ဟုတ်တယ်။ သူက ဧကရာဇ်ကလေးငယ်ဆိုတော့ ပိုပြီးတော့ အားကောင်းတဲ့ပုံပဲ”

“ အဲလိုဖြစ်နိုင်တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။ သူ့အလိုလိုသိစိတ်ကမူ သူတို့နှစ်ဦးလုံးက အကြိမ်ကြိမ်အခါခါ ပြန်လည်ဝင်စားခဲ့ပြီး တူညီသည့် အုတ်မြစ်ရှိနေလျှင်ပင် တိထျန်းက ချူးလော့ထက် ပိုမိုအားကောင်းနေကြောင်း ပြောပြနေ၏။

သဘောတရားအရ ထိုအရာက အဓိပ္ပာယ်ရှိပေသည်။ ပြန်လည်ဝင်စားမှု တစ်ခုချင်းစီတွင် သူတို့၏ လေ့ကျင့်မှုအနေအထား သို့မဟုတ် စည်းမျဉ်းနားလည်နိုင်စွမ်းက ကွဲပြားနိုင်၏။ အကယ်၍ ချူးလော့နှင့် တိထျန်းတို့က ကိုးဘဝနေထိုင်ခဲ့ပြီး တစ်ဘဝချင်းစီ၏ စွမ်းအားကို စုပ်ယူခဲ့လျှင် သူတို့၏ စွမ်းအားက ကွဲပြားနေဦးမည်သာ ဖြစ်၏။

“ ကိစ္စတွေက ငါ့အတွက်တော့ မကောင်းဘူးပဲ” ဝမ်ဝေ့က မျက်လုံးမှိတ်ကာ သူ့လူဝင်စားများအား စစ်ဆေးကြည့်လိုက်သည်။ သူတို့ထဲမှ နှစ်ယောက်က ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ကာ သူတို့၏ ရည်မှန်းချက်ကို ပြည့်မှီသွားပြီ ဖြစ်၏။ သို့သော် ထိုလူနှစ်ယောက်က သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်မှုအား မပြီးဆုံးသေးပေ။

သူက ထိုလူဝင်စားနှစ်ယောက်၏ စွမ်းအားကို ငှားယူနိုင်၏။ သို့သော်လည်း ထိုအရာက ပွင့်ချပ်တစ်လွှာ ထာဝရအရှင်တစ်ယောက်၏ စွမ်းအားကို ရရှိဖို့ မလုံလောက်သေးပေ။ သူ ခန့်မှန်းထားသည်မှာ လူဝင်စားကိုးယောက်လုံး၏ စွမ်းအားက သူ့အား တာအိုဘိုးဘေး စွမ်းအားကိုသာ ချီးမြှင့်နိုင်လိမ့်မည်။

ပထမဦးစွာ သူက ကာလံဒေသံလူဝင်စားကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူက အချိန်မြစ်ကြောင်းအထဲရှိ ပလ္လင်ပေါ်တွင် ထိုင်နေလေ၏။ ကမ္ဘာ၏ ဟာကွက်ကို အသုံးပြုကာ သူက အပြိုင်အချိန်စီးကြောင်းများကို ဖြတ်၍ စတင်လေ့လာနေသည်။

ထိုလူဝင်စားက သူသာ ကွဲပြားသည့် ဆုံးဖြတ်ချက်မျိုး ချလိုက်လျှင် သူ့အပြုအမူ၏ အကျိုးဆက်အနေဖြင့် ရလဒ်က ကွဲပြားမှုအမျိုးမျိုးကို တွေ့ကြုံခံစားနေသည်။ ထို့အပြင် သူက ကွဲပြားသည့် အချိန်စီးကြောင်းမှ ဗဟုသုတများစွာကို ပင်မထံ ပြန်လည်ယူဆောင်လာခဲ့သည်။ ဝမ်ဝေ့က ထိုအတွေ့အကြုံများနှင့် စည်းမျဉ်းနားလည်မှုတို့ကို အာရုံခံမိသည်။ ကာလံဒေသံအပေါ် သူ့နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့က သိသိသာသာတိုးမြင့်လာ၏။ ထို့အပြင် ထိုလူဝင်စားက အထွတ်အထိပ်နယ်ပယ်အဆင့်တွင် မှတ်ဉာဏ်များ ပြန်လည်ရရှိလာပြီဖြစ်၍ သူက ဝမ်ဝေ့ ကိုယ်တိုင်ဖန်တီးထားသည့် ကျင့်စဉ်အမျိုးမျိုးကို ဖန်တီးလာနိုင်ခဲ့သည်။

“ ပင်မခန္ဓာ ငါတို့တွေ ဘယ်အချိန်ပေါင်းစပ်မှာလဲ”

“ တခြားသူတွေက အဆင်သင့် မဖြစ်သေးဘူး။ ငါတို့တွေ ထပ်စောင့်ဖို့ လိုသေးတယ်”

“ မင်း သိတဲ့အတိုင်း ငါ့မှတ်ဉာဏ်တွေ ပိတ်ခံထားရတော့ ငါ ခံစားခဲ့ရသမျှအားလုံးကို မင်းအပေါ် အပြစ်ဖို့နေတုန်းပဲ”

ဝမ်ဝေ့၏ ပုံရိပ်ယောင်က ပုခုံးတွန့်ကာ “ မင်းသာ မခံစားရဘူးဆိုရင် ငါက ငါ့စိတ်အခြေအနေနဲ့ တာအိုနှလုံးသားကို ဘယ်လိုလုပ် လေ့ကျင့်ပေးနိုင်ပါ့မလဲ”

ကာလံဒေသံလူဝင်စားက နှုတ်ခမ်းတွန့်ချိုးကာ ပင်မခန္ဓာကိုယ်အား လျစ်လျူရှုထားလိုက်သည်။ သူက မည်မျှအရှက်မဲ့သည်ကို ခဏတာ မေ့လျော့သွားခဲ့သည်။

ထိုစဉ် ဝမ်ဝေ့က ပြုံးလိုက်ပြီး ဝိညာဉ်ကွန်ယက်ဖြင့် တခြားကမ္ဘာသို့ ပုံရိပ်ယောင် ပို့ဆောင်လိုက်သည်။

ထိုပုံရိပ်ယောင်ပေါ်ထွက်လာသည်နှင့် သူက မျက်လုံးပိတ်ကာ တစ်စုံတစ်ခုကို ခံစားလိုက်သည်။

“ ထင်ထားတဲ့အတိုင်း အချိန်မြစ်ကြောင်း ဟာကွက်မရှိဘဲ ငါက အပြိုင်အချိန်စီးကြောင်းဆီ မသွားနိုင်ဘူးပဲ။ ငါက တချို့တလေကို ဖန်တီးလို့ ရပေမဲ့ ရုပ်ပိုင်းဆိုင်ရာတော့ သွားလာလို့ရမှာ မဟုတ်ဘူး။ ဝမ်ဝေ့က အသင်္ချေအင်ပါယာကမ္ဘာအသိုက်အဝန်းအပါအဝင် ကမ္ဘာတချို့ဆီသွားကာ သူ့ကောက်ချက်ချမှု မှန်လားဟု စစ်ဆေးကြည့်လိုက်သည်။

နောက်ဆုံးအနေဖြင့် သူက ဒုတိယနှင့် လက်ရှိ အားအကောင်းဆုံး လူဝင်စား လွတ်လပ်ခွင့်လူဝင်စားကို စစ်ဆေးကြည့်လိုက်သည်။ ထိုလူဝင်စားက အင်အားတစ်ခုရလာသည်နှင့် ဝမ်ဝေ့က သူ့အား တခြားသူများကဲ့သို့ မဟာကမ္ဘာတွင် ချထားခဲ့သည်။

ဒီလူက ငါ့ထက်တောင် အားကောင်းနေပြီ…

ဝမ်ဝေ့က ထိုသူ၏ စွမ်းအားကို ခံစားမိလိုက်သည့်အခါ တွေးလိုက်မိသည်။ ထိုသူက သူ့ဆုံမှတ် ၁၉၆၂ခု အတွင်း တွင်းနက်ကြီးများ ဖွဲ့စည်းထားကာ လက်ရှိ လူလုပ်အရာများကိုလည်း ဖွဲ့စည်းထားနိုင်လေသည်။

“ မင်းရဲ့တာဝန်က ဘယ်လိုလဲ”

“ ငါ ထင်ထားတာထက် ပိုခက်နေတယ်။” လူဝင်စားက အချိန်မြစ်ကြောင်းပေါ်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေသည့် လူဝင်စားက ပြန်ဖြေလိုက်သည် “ ငါက ဒီကမ္ဘာမှာ ကံကြမ္မာမြစ်ကြောင်းရဲ့ လွှမ်းမိုးမှုကို ဖယ်ရှားဖို့ အများကြီး ကြိုးစားကြည့်ပြီးတော့ ဒီလူတွေကို လွတ်လပ်ခွင့်ပေးဖို့ ကြံစည်ထားပေမဲ့ အောင်မြင်လာဖို့ နီးကပ်လာတိုင်း ပင်မအချိန်မြစ်ကြောင်းက ဝင်ရောက်စွက်ဖက်ပြီး တားဆီးနေတယ်”

ထိုအရာကို ကြားပြီး မျက်မှောင်ကြုတ်လိုက်သည် “ အဲဒါဆို အဆင့်နိမ့်ကမ္ဘာက စရင်ရောဘယ်လိုလဲ။ မင်းက ပိုကောင်းတာက သေမျိုးကမ္ဘာကို ရှာလိုက်တာက အကောင်းဆုံးပဲ။ သူတို့ရဲ့အချိန် မြစ်ကြောင်းက ပိုပြီးတော့ အားနည်းလောက်တယ်”

သေမျိုးကမ္ဘာက ဝိညာဉ်စွမ်းအား မရှိသည့်ကမ္ဘာများ ဖြစ်သောကြောင့် ထိုလူများအတွက် ကျင့်ကြံနိုင်သည့် စွမ်းအင်မရှိပေ။ ‌သေမျိုးများနှင့် သာမန်လူများသာ နေထိုင်ကြပြီး သေမျိုးကမ္ဘာအများစုက အကြောင်းအရင်းတချို့ကြောင့် ဖျက်ဆီးခံလိုက်ရသည့် အလွှာနိမ့်ကမ္ဘာ၏ ရလဒ်လည်း ဖြစ်သည်။ သူတို့က ကျိုးပဲ့လွယ်ပြီး အချိန်မရွေး ပျက်သုဉ်းသွားနိုင်သည်။

“ မင်းက လူလွှတ်ပြီးတော့ ရှာပြီးပြီ ထင်နေတာ။ ဒါပေမဲ့ မင်းရဲ့ ဂမ္ဘီရအစွမ်း မရှိဘဲနဲ့ အဆုံးမဲ့လေဟာနယ်အတွင်း ကမ္ဘာတွေရှာဖို့ မလွယ်ဘူး”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဝိညာဉ်ကွန်ယက်နှင့် ဂမ္ဘီရအစွမ်းကို အသုံးပြုကာ လွတ်လပ်ခွင့်လူဝင်စားအတွက် သေမျိုးကမ္ဘာတချို့ကို ရှာပေးလိုက်သည်။ ထိုလူအား တည်နေရာပေးပြီးသည့်နောက်တွင် ပုံရိပ်ယောင်အား အဆုံးသတ်ကာ စစ်ဆေးမှုနေရာသို့ ပြန်လာခဲ့လိုက်၏။

သူက ရုတ်ချည်းဆိုသလို ထိုလူဝင်စားနှစ်ယောက်၏ စွမ်းအားနှင့် အင်အားတို့ကို စုဆောင်းလိုက်သည်။ ဝမ်ဝေ့က ယခင်က ဤမျှ အားမကောင်းဖူးပေ။ လက်ရှိ သူက ယခင်သူကို ဆိုးဆိုးရွားရွား ရိုက်နှက်နိုင်လေပြီ။

သူက သက်ပြင်းချလိုက်ပြီးနောက် လူဝင်စား၏ စွမ်းအားကို ပြန်လည်ဖယ်ထုတ်လိုက်သည်။

ငါ့ဆီမှာ တစ်ခုတည်းသော အရေးသာချက်က အချိန်ပဲ။ စစ်ဆေးမှုက ကြာမြင့်လေလေ ငါ့လူဝင်စားတွေ ကြီးထွားဖို့အချိန် ပိုရလေလေပဲ

ထို့နောက် သူက တခြားသော လူဝင်စားများကို စစ်ဆေးကြည့်လိုက်သည်။ သူတို့အားလုံးက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ခါစဖြစ်ကာ သွေးကို လေ့ကျင့်နေဆဲ ဖြစ်၏။

“ နောက်ဆုံးလူဝင်စားအတွက် အရင်းအမြစ်တွေ လိုသေးတယ်” ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ထို့နောက် သူက ဂိုဏ်းချုပ်အမှတ်အသားပြားကို အသုံးပြုကာ မသေမျိုးပုဂ္ဂိုလ်တချို့အား သူ့လူဝင်စားများရှိသည့်နေရာတွင် အချိန်အစီအရင်များကို ထိန်းချုပ်ဖို့ အလုပ်ပေးခဲ့သည်။ ယခင်အချိန်သလင်းကျောက်နှင့် မသေမျိုးအဆင့်ပုဂ္ဂိုလ်များဖြင့် သူသည် လိုအပ်သည့်အချိန်ကို သိသိသာသာ လျှော့ချနိုင်လိမ့်မည်။

ထို့နောက် ဝမ်ဝေ့က ကျန်ရှိနေသည့် နေ့ရက်များအား စမ်းသပ်ရင်း ကုန်ဆုံးလေ့ရှိ၏။ သူက အိမ်၏ အစီအရင်အပေါ် တိုက်ခိုက်မှုများ သို့မဟုတ် သူ့အား မျှားခေါ်ကာ ဒေါသထွက်အောင် လုပ်နေသည့် ဆဲဆိုမှုများအားလုံးကို လျစ်လျူရှုထားသည်။ ထိုစဉ် လီကျွင်းကမူ မကြာခဏထွက်ကာ ထိုလူများနှင့် တိုက်ခိုက်၏။

တစ်ရက်တွင် သူက မနီးမဝေးမှ ပေါက်ကွဲမှုကြီးကို ခံစားမိသည့်အတွက် အပြင်ဘက်သို့ ထွက်လာခဲ့လိုက်သည်။

ရှုရှစ်လား…

သူက ဝေဟင်ရှိ တိုက်ခိုက်နေသည့်လူအား ကြည့်လိုက်ကာ တွေးလိုက်မိသည်။

………….

နတ်ဆိုးအထွတ်အထိပ် စံအိမ်

ရီထွေ့ကျစ်က သူ့ရှေ့တွင် ဒူးထောက်နေသည့် လူသားပုတ်သင်ညိုအား ကြည့်ကာ ကြောက်မက်ဖွယ် အငွေ့အသက်မျိုး ထုတ်လွှတ်နေလေ၏။

ရလဒ်က ဘယ်လိုလဲ

“ ကျွန်တော်တို့တွေ အသင်္ချေအင်ပါယာကမ္ဘာကို ဝင်ရောက်ဖို့ ကျရှုံးသွားပါတယ်”

“ ဘာလို့လဲ”

“ အကြောင်းအရင်းတချို့ကြောင့် အင်အားစုတွေ ပူးပေါင်းပြီး ကျွန်တော်တို့လို ပြင်ပက လွှမ်းမိုးမှုတွေ အလွယ်တကူ ဝင်ရောက်မလာအောင် တားဆီးထားတဲ့ပုံပဲ”

ရီထွေ့ကျစ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် နက်နက်နဲနဲ စဉ်းစားလိုက်သည်။ သူက ကောင်းကင်ဝါးမျိုခြင်းဧကရာဇ်၏ ဖန်ဆင်းမှုရလဒ်နှင့် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

အသင်္ချေအင်ပါယာကမ္ဘာမှလူတွေက ယခု သတိကြီးကြီးထားနေပြီပဲ…

သူက တွေးလိုက်မိသည်။

“ နောက်ထပ် ကျူးကျော်ဖို့ နည်းလမ်းရှိသေးလား”

“ ရှိပါတယ်။ ဒါပေမဲ့ အချိန်တော့ လိုအပ်လိမ့်မယ်”

“ မင်းတို့ ဘယ်လောက်ကြာမှာလဲ”

“ ကျွန်တော်တို့ ခန့်မှန်းထားသလောက်တော့ အနည်းဆုံး ၆လ ကြာမြင့်လိမ့်မယ်”

“ အဲဒါက ကြာလွန်းတယ်” ရီထွေ့ကျစ်က ကြာကြာ မစောင့်ဆိုင်းလိုပေ။ သူက ဧကရာဇ်ကလေးငယ်လောက် မကောင်းသည့်အချက်ကို လက်ခံနိုင်ရုံမျှဖြစ်သော်လည်း တခြားတစ်ယောက်က ဒုတိယနေရာ ရရှိသွားသည့်အချက်ကို ဘယ်တော့မှ လက်မခံနိုင်ပေ။

“ သခင်လေး ကျွန်တော်တစ်ခုလောက် ပြောလို့ရမလား”

“ ပြော”

“ အရှင်စိတ်ဝိညာဉ်က သခင်လေးကို ဝမ်ဝေ့ကို ပစ်မှတ်ထားစေချင်တာက သိသာနေတာပဲ” ရီထွေ့ကျစ်က ထိုအရာကို သိလေသည်။ သူ့ပါရမီဖြင့် သူက လက်ရွေးစင် ပါဝင်ယှဉ်ပြိုင်သူ မည်သို့မဖြစ်ဘဲ နေမည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူမနားက လူသားတစ်ယောက်ဆီမှ ထိုသို့ လုပ်ရပ်မျိုးကို လက်မခံနိုင်ပေ။

“ အသင်္ချေအင်ပါယာကမ္ဘာမှာ နတ်ဆိုးမျိုးနွယ်တွေ ရှိတယ်မလား”

“ ဟုတ် ရှိဖို့ များပါတယ်”

“ ဒီလိုဆိုရင် ငါ့အဖေဆီကနေ သွေးမျိုးဆက်ကြေးမုံကို ငှားခဲ့။ ငါက အဲဒီက နတ်ဆိုးမျိုးနွယ်တွေနဲ့ ဆက်နွယ်ပြီးတော့ သတင်းအချက်အလက် ရယူရမယ်”

“ သခင်လေး အမိန့်အတိုင်းပါပဲ” ပုတ်သင်ညိုထွက်သွားပြီးနောက် နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကျောဘက်တွင် တိရစ္ဆာန်များနှင့် ပုံဖော်ထားသည့် သွေးကြေးမုံ တစ်ချပ်ကိုင်ဆောင်ရင်း ပြန်ရောက်လာသည်။

“ မင်းထွက်သွားလို့ရပြီ”

သခင်လေး အဆင့်အတန်းနဲ့ဆိုရင်တောင် နတ်ဆိုးအထွတ်အထိပ် မဟာမိတ်က ဒီလိုဟွင်သွမ်း အဆင့်မြင့်ရတနာကို စောင့်ကြည့်တာ မရှိဘဲ သုံးခွင့်မပေးဘူးဆိုတာကို သိမှာပါ”

ရီထွေ့ကျစ်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ဘာမှဆက်မပြောပေ။ သူက ခန္ဓာကိုယ်မှ သွေးတစ်စက်ချကာ ကြေးမုံအား အသက်သွင်းလိုက်၏။ ထို့နောက် အသင်္ချေအင်ပါယာကမ္ဘာ၏ တည်နေရာအား ထည့်သွင်းလိုက်သည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကြေးမုံအထက် မျက်နှာတစ်ခု ပေါ်ထွက်လာသည်။

“ ခင်ဗျားက ဘယ်သူလဲ။ ကျုပ်တို့မျိုးနွယ်ရဲ့ အစီအရင်ကို ဖြတ်ပြီး ဘယ်လိုဆက်သွယ်နိုင်တာလဲ”

ရီထွေ့ကျစ်က အချိန်မဖြုန်းဘဲ သွေးမျိုးဆက် အရှိန်အဝါကို ထုတ်လွှတ်ကာ တစ်ဖက်မှ လူဆီပို့ဆောင်လိုက်သည်။

“ ဒီလိုသန့်စင်မြင့်မြတ်တဲ့ သွေးမျိုးဆက်ပဲ။ ကျုပ်က ကျားနက်မျိုးနွယ်စုရဲ့  ခေါင်းဆောင်ပဲ။ အရှင်က ဘယ်သူများလဲ”

“ ငါက ငရဲကျားမျိုးနွယ်ရဲ့ နောက်တက်မဲ့ ခေါင်းဆောင် ရီထွေ့ကျစ်ပဲ။ မင်းဆီက သတင်းအချက်အလက်တွေ လိုတယ်”

ထို့နောက် နှစ်ဦးသားက နာရီဝက်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဆက်နွယ်မှုကို ဖြတ်တောက်လိုက်သည်။ သို့သော်လည်း ရီထွေ့ကျစ်က မပျော်ရွှင်ပေ။ သူက လိုအပ်သည့် သတင်းအချက်အလက်များကို စုဆောင်းနိုင်လိုက်သော်လည်း အသင်္ချေအင်ပါယာကမ္ဘာ၏ နတ်ဆိုးမျိုးနွယ်နှင့် ဆက်သွယ်မှု တည်ဆောက်ဖို့ရာ ကျရှုံးခဲ့သည်။

သူက ထိုအရာအား ထုတ်ပြောလိုက်သည့်အခါ ထိုသူ၏မျက်ဝန်းအထက် အကြောက်တရားကို မြင်လိုက်မိသည်။

“ လူသားတွေကို ကြောက်နေတာပဲ။ တကယ်ကို ရွံဖို့ကောင်းတယ်”

ထိုသို့ပြောဆိုဆက်ဆံရုံမျှဖြင့် သူသည် အသင်္ချေအင်ပါယာကမ္ဘာ၏ နတ်ဆိုးမျိုးနွယ်၏ ဖိနှိပ်ခံဘဝများကို ကောက်ချက်ချလိုက်နိုင်သည်။

“ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါက မဟာမိတ်အတွက် အချိန်ရထားတယ်။ ဒီဝမ်ဝေ့အတွက်ကို သူက အားကောင်းနေတယ်ဆိုရင်တောင် ငါ့အတွက် ပင်ပန်းလောက်အောင် ဖြစ်မှာ မဟုတ်ဘူး”

ရုတ်ချည်းဆိုသလို ရီထွေ့ကျစ်က တစ်စုံတစ်ခုကို ခံစားမိ၍ စံအိမ်မှ ထွက်လာလိုက်သည်။

“ အသင်္ချေအင်ပါယာကမ္ဘာက တစ်ယောက်က လူရိုင်းမျိုးနွယ်နဲ့ တိုက်ခိုက်နေတာလား။ အတော်လေးကို ပျော်ဖို့ကောင်းမဲ့ပုံပဲ”

***

All Chapters