← Chapters

ရှုရှစ်နှင့် လူရိုင်းမောင်နှမ ပြိုင်ပွဲ

Vol. 39 Ch. 536

ရှုရှစ်နှင့် လူရိုင်းမောင်နှမ ပြိုင်ပွဲ

Vol. 39 Ch. 536

ဝမ်ဝေ့က သူ့ဆီရောက်လာသည့် လီကျွင်းအား ကြည့်လိုက်သည်။ ထိုသူက ဆိုးဆိုးရွားရွားသွင်ပြင် ဖြစ်နေလေ၏။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သွေးများ ရှိနေလေသည်။ သူ့ဘယ်ဖက်လက်မောင်းတွင် ခရမ်းရောင်အစက်အပြောက်များ ရှိသည့်အတွက် တစ်ယောက်ယောက်က သူ့အား အဆိပ်ခတ်ထားမှန်း ပြနေ၏။

“ မင်းက ဘယ်လိုလုပ် ဒီလိုအခြေအနေဖြစ်လာတာလဲ”

“ ဟား…ဟား…ဒီပြိုင်ပွဲဝင်တွေက တော်တော်လေးကို ရူးသွပ်တာပဲ။ သူတို့က လမ်းမှာ ပိတ်သမျှလူအားလုံးကို သတ်ဖို့ ဘာမဆိုလုပ်ကြတာ” လီကျွင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။

ထိုအရူးက သူ့ဘာသာသူ သဘောကျနေကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ဝေ့က လျစ်လျူရှုထားပြီး ရှုရှစ်၏ တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်သည်။ လူရိုင်းခေါင်းဆောင် နှစ်ယောက်ဖြစ်သည့် ထိုလွေ့နှင့် ခူထူလွန်တို့က သူမရှေ့တွင် ရပ်နေကြသည်။ သူတို့က အားပြင်းပြင်း အရှိန်အဝါမျိုး ထုတ်လွှတ်ထားကြ၏။

“ ငါက မင်းတို့အလွယ်တကူ ညှစ်လို့ရမဲ့ တည်သီးမှည့်များ ထင်နေလား။” ရှုရှစ်က ပြောလိုက်ပြီး စွမ်းအားအပြည့်၊ မြင့်မြတ်မှု ပါဝင်နေသည့် အငွေ့အသက်ကို ထုတ်လွှတ်လိုက်သည်။

“ အဲလို ငါတို့ထင်တာပေါ့” ခူထူလွန်က ပြောလိုက်သည် “ မောင်လေး”

သူတို့နှစ်ယောက်လုံးက သူမဆီ ပြေးဝင်လာကြသည်။ ထိုလွေ့က သူမအား လက်သီးဖြင့်ထိုးစဉ် သူ့အစ်မကမူ နံရိုးအား ခြေထောက်ဖြင့် ကန်လာသည်။ သူတို့အတွက် ကံဆိုးသွားသည်က ရှုရှစ်၏ ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့အသက် ထွက်ပေါ်လာကာ သူတို့၏ တိုက်ကွက်များအား ခုခံကာ သူတို့အား လွင့်စင်သွားစေ၏။

သူတို့က မျက်မှောင်ကြုတ်လိုက်ကြပြီး ထိုအငွေ့အသက်သည် ထိတွေ့မိသည့် သူတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ထိခိုက်သွားသည်ကို သတိထားမိလိုက်ကြသည်။ ဒဏ်ရာက မပြင်းထန်ဘဲ ချက်ချင်းဆိုသလို ပြန်ကောင်းသွားသော်လည်း ထိုအရာက မူမမှန်ပေ။

မောင်နှမနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ အကြည့်မှတဆင့် ဆက်သွယ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းဆိုသလို သူတို့က တစ်ဖန်တိုက်ခိုက်လာကြပြန်၏။ ဤတစ်ကြိမ် သူတို့က ခန္ဓာကိုယ်၏ သွေးစွမ်းအားအား လှုပ်ရှားကာ သူတို့ဘာသာသူတို့ ကာကွယ်ထားကြသည်။

ရှုရှစ်က ထိုလူနှစ်ယောက်နှင့် တိုက်ခိုက်ပြီး စွမ်းရည်များအား မထုတ်ဖော်ချင်ပေ။ သူမက ပါးစပ်ဟကာ လှပသည့် သံစဉ်တစ်ပုဒ်ကို ဆိုလိုက်၏။

ထိုလွေ့နှင့် ခူထူလွန်တို့၏ နားမှ သွေးများ စီးကျလာသည်။ ရှုရှစ်၏  အသံလှိုင်းသည် သူတို့၏ နားစည်များကို ဖျက်ဆီးပစ်လိုက်ပြီး ဦးနှောက်အား ချက်ချင်းတိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

နာကျင်မှု ပြင်းထန်နေသော်လည်း ထိုလွေ့က ၁.၅ မီတာရှည်လျားသည့် ဧရာမ လေးကို ဆင့်ခေါ်လိုက်သည်။ သူက ကြိုးကို ဆွဲလိုက်သည့်အချိန် ကြွက်သားများက ထင်းထွက်လာသည့်အတွက် မည်မျှအားကောင်းကြောင်း ပြသနေသည်။

မြားက အလင်းအရှိန်အဆများစွာဖြင့် ထွက်သွားပြီး ရှုရှစ်၏ လည်ပင်းဆီ ဦးတည်နေသည်။

သူမက ကောင်းကင်အထက် ပျံသန်းလိုက်ပြီး သီဆိုမှုကို မရပ်တန့်ဘဲ ရှောင်ရှားလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ မြားက သူမနောက်ကိုသာ ဆက်လိုက်နေလေ၏။ ထို့ကြောင့် သူမက နေရာများစွာ ပြောင်းလိုက်ရသော်လည်း အသုံးမဝင်ပေ။

အဆုံးသတ်တွင် သူမက မြားကို ရိုက်ချလိုက်သည်။ ထိုစဉ် ခူထူလွန်က ထိုမြား၏ နေရာတွင် ပေါ်ထွက်လာပြီး အနက်ရောင် ပုဆိန်ကိုကိုင်ဆောင်ကာ ခုတ်ချလိုက်သည်။

ဝုန်း

ရှုရှစ်က မြေပေါ်သို့ ပြုတ်ကျသွားသည့်အတွက် မြို့ထဲရှိ အိမ်များစွာ ပျက်စီးသွားသည်။ သို့သော်လည်း သူမ၏ လှပသော အသားအရည်ထက်တွင် ခြစ်ရာတစ်ခုပင်မရှိဘဲ အားလုံးရှေ့ ပေါ်ထွက်လာ၏။

သူမက ခေါင်းမော့ကာ ထိုလူနှစ်ဦးအား ကြည့်လိုက်သည်။ ထို့နောက် သူမ၏ ပတ်ဝန်းကျင်က ဝေဝါးသွားပြီး အချိန်က နှေးကွေးသွားသလိုမျိုး ဖြစ်၏။ ထို့နောက် သူမက ခူထူလွန်အနားတွင် ပေါ်ထွက်လာကာ ထိုးချလိုက်သည်။

သို့သော်လည်း လူရိုင်းက အချိန်မီ တုံ့ပြန်လိုက်ပြီး ပျောက်ကွယ်သွား၏။

အရိပ်အစားထိုး အဲဒါဆိုတော့ သူမရဲ့ အဓိကတာအိုက အရိပ်လား…

ရှုရှစ်က တွေးလိုက်မိသည်။ သူမက တစ်ဖက်လူ ပျောက်ကွယ်သွားသော်လည်း သူမ၏ အပြုအမူကို ရပ်တန့်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခု ဖြစ်ပျက်လာ၏။ ခူထူလွန် ရပ်နေသည့်နေရာက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကာ သူမက ရှုရှစ်၏ လက်သီးချက်ရှေ့တွင် ပြန်လည်ပေါ်ထွက်လာသည်။

အချိန်နောက်ပြန်ဆုတ်ခြင်းလား…

သူမက ထိုလက်သီးချက် မခံယူခင် နောက်ဆုံးအတွေးသာ ဖြစ်၏။ သူမ၏ ခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျသွားသည်။ တစ်ချိန်တည်းဆိုသလို ထိုလွေ့၏ မြားက ရှုရှစ်၏ နှလုံးသားအား ထိုးစိုက်သွားသော်လည်း ဘာမှဖြစ်မလာခဲ့ပေ။

မြားက သူမ၏ အဝတ်ကို ထိဖို့ စက္ကန့်ပိုင်းလောက်အလိုတွင် ပျက်စီးကာ ပျောက်ကွယ်သွားလေသည်။ အကြောင်းမှာ ထိုလွေ့၏ စွမ်းအားနှင့် ပြုလုပ်ထား၍ ဖြစ်သည်။

“ အစ်မ ငါတို့တွေ တောင့်မခံနိုင်တော့ဘူး” ထိုလွေ့က ရုတ်တရက် အော်ပြောလိုက်သည့်အချိန် သူ့လက်မောင်းအထက်ရှိ တက်တူးများက လင်းလက်လာ၏။ ထို့နောက် နဂါးနှင့် တူသည့် သက်ရှိသတ္တဝါက သူ့နောက်တွင် ပေါ်ထွက်လာသည်။ ထိုအရာတွင် တောင်ပံတစ်စုံ၊ သမင်ဦးခေါင်းနှင့် မြွေအမြီးတို့ ရှိသည်။

ဖေးလျန်….

ပွဲကြည့်နေသူအားလုံးက တွေးလိုက်မိကြသည်။ နတ်ဆိုးမျိုးနွယ်အများစုက ပင်ကိုနတ်ဆိုးမှ ဖြစ်လာသည်မှာ အားလုံးသိကြသည့် ဗဟုသုတ ဖြစ်၏။ ထို့အပြင် ဘိုးဘေးနတ်ဆိုးဟု ခေါ်ဆိုနိုင်သည့် နတ်ဆိုးမျိုးနွယ် တစ်ခု ရှိလေသည်။ သူတို့က ပင်ကိုနတ်ဆိုးမှ ဖွဲ့စည်းခဲ့သည့် ပထမဆုံးနတ်ဆိုးမျိုးနွယ် ဖြစ်ပြီး ပင်ကို - ဟော်သဲ့ စစ်ပွဲအတွင်း အရေးပါခဲ့သည်။

လူများစွာက ထိုဘိုးဘေးနတ်ဆိုးများသည် ပင်ကိုနှင့် ပြီးပြည့်စုံသည့် ပေါင်းစပ်မှုဖြစ်ကြောင်း ယုံကြည်ထားကြသည်။ ထိုတိုက်ပွဲအတွင်း များစွာက ဟော်သဲ့မျိုးစိတ်ဘက်မှ နေရာယူခဲ့ပြီး ကောင်းကင်အလိုဆန္ဒကို ရယူပြီးသည့်နောက်တွင် အဓိကပြဿနာဖြစ်လာခဲ့သည်။

စစ်ပွဲထံ သူတို့၏ အကျိုးပြုမှုက ဟော်သဲ့မျိုးစိတ်ဖြစ်လာဖို့ သူတို့၏ သဘာဝကို စွန့်ပစ်ပြီး ပင်ကိုနတ်ဆိုးဖြစ်သည့် အဆင့်ကျနတ်ဆိုးနှင့် ယှဉ်နိုင်လေသည်။ အများစုက ကောင်းကင်အလိုဆန္ဒကမ္ဘာအတွင်း ကျူးကျော်ဝင်ရောက်ခဲ့ကြပြီး တာအိုကို သက်သေပြနိုင်သည့် ဟော်သဲ့မျိုးနွယ်များ ဖြစ်ကြသည်။ တချို့လူများကမူ ပင်ကိုသက်ရှိဖြစ်ခြင်း အနှောင်အဖွဲ့မှ လွတ်မြောက်ဖို့ရာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

နမူနာအားဖြင့် ခြေသုံးချောင်းရွှေကျီးသည် အဆင့်ကျနတ်ဆိုး ဖြစ်၏။ သို့သော်လည်း သူတို့က ထိုသို့ခေါ်ဆိုသည်ကို မကြိုက်ကြပေ။

ခူထူလွန် ဆင်းသက်ရာတွင် ဧရာမဝံပုလွေ၊ အနက်ရောင်အမွေးအမျှင်နှင့် မြွေမြီးရှိသည့် ဧရာမဝံပုလွေကြီးတစ်ကောင် ထွက်ပေါ်လာ၏။ ထိုဝံပုလွေ၏ အမွေးများက အရိပ်ဖြင့် တည်ဆောက်ထားဟန်ပေါ်သည်။

အရိပ်မြွေဝံပုလွေ နောက်ထပ် ဘိုးဘေးနတ်ဆိုးပဲ…

ခူထူလွန်က ကောင်းကင်အထက် ပျံသန်းသွားပြီး သူမ၏ တက်တူးများက လင်းလက်တောက်ပနေသည်။ သူမ၏ ဦးခေါင်းကလည်း အကောင်းအတိုင်း ဖြစ်၏။ အရိပ်မြွေဝံပုလွေက သူမ၏ ရင်ဘတ်အထက် ပုံရိပ်သင်္ကေတအဖြစ် ပြောင်းလဲသွားသည်။ ရုတ်ချည်းဆိုသလို နှစ်ဦး၏ အရှိန်အဝါက တိုးမြင့်လာ၏။

လေနတ်ဘုရား မြားချက်

ကမ္ဘာများစွာတွင် ဖေးလျန်ကို လေနတ်ဘုရားဟု ခေါ်ဆိုသည့် မျိုးနွယ်များ ရှိခဲ့သည်။ ယနေ့တွင် ထိုလွေ့က ထိုအကြောင်းအရင်းကို ပြသလေ၏။ မြားထောင်ချီက ရှုရှစ်အပေါ် အလင်း၏ အဆရာချီ အမြန်နှုန်းဖြင့် ကျဆင်းလာသည်။

ထို့အပြင် သူတို့က သူမရှေ့ ရောက်သည့်အခါ စွမ်းအင်၊ ဓာတ်ကိုပင် ဖျက်ဆီးပစ်နိုင်သည့် ဧရာမ လေဆင်နှာမောင်းအဖြစ် ပြောင်းလဲသွားသည်။ မည်သို့ပင်ဆိုစေကာမူ သူမက သူမခင်ပွန်း၏ ကမ္ဘာဦးဟွင်သွမ်း ပညာရပ်များအပေါ် ယုံကြည်ချက်အပြည့်အဝ ရှိသည့်အတွက် တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေသည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ကို ထုတ်ဖော်မပြသလိုသောကြောင့် လက်သာ ဝှေ့ယမ်းလိုက်သည်။

ထို့နောက် အားလုံးက ရပ်တန့်သွားလေသည်။ သူမက သူတို့အား နဂိုအခြေအနေသို့ ပြန်လည်ပြောင်းလိုက်သကဲ့သို့ဖြစ်၏။

ရှုရှစ်က သူမ၏ ဝိညာဉ်ကို တိုက်ခိုက်လာသည်ကို ခံစားမိ၍ ခန္ဓာကိုယ်ခုခံရေးကို လျစ်လျူရှုထားမိလိုက်သည်။ သူမ၏ အသိစိတ်ပင်လယ်အတွင်း လက်တံမြောက်များစွာ ထွက်ပေါ်လာပြီး သူမ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေလေ၏။

ဝိညာဉ်ကနေ ဖန်တီးထားတဲ့ အရိပ်ကို ထိန်းချုပ်တာလား…။ ဒါက တကယ်ကို ထူးခြားတဲ့ အရိပ်စည်းမျဉ်းပဲ။ ငါ တစ်ဖက်လူကို လျှော့မတွက်သင့်ဘူး…”

သူမ၏ အသိစိတ်ပင်လယ်အတွင်း အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ထိုအရိပ်အားလုံးကို သုတ်သင်ပစ်လိုက်သော်လည်း အသုံးမဝင်ပေ။ ထိုအပြုအမူက မျက်စိတစ်မှိတ်အတွင်းသာ ကုန်ဆုံးသွားသော်လည်း ထိုလူရိုင်းမောင်နှမအတွက် ပြန်လည်တိုက်ခိုက်ဖို့ အချိန်လုံလောက်နေ၏။

အာကာပြင် လေမြားချက်

ထိုလွေ့၏ မြားက ကာလံဒေသံနှင့် ပေါင်းစပ်သွားသလိုမျိုး တစ်ဖက်လူဆီ ပြေးဝင်လာသည်။ ထိုမြား ဖန်တီးသည့် လှိုင်းတွန့်များက အာကာပြင်ကိုယ်တိုင် လုပ်ထားသလိုမျိုး ဖြစ်၏။

အရိပ် အကျဉ်းထောင်

အမဲရောင်အမိုးခုံး တစ်ခုက ရှုရှစ်အား ထွက်မရအောင် လွှမ်းခြုံသွားသော်လည်း မြားများကမူ အလွယ်တကူ ထိုးဖောက်လာနိုင်၏။ မည်သို့ပင်ဆိုစေကာမူ သူမက တည်တည်ငြိမ်ငြိမ်သာ ကျန်ရှိနေဆဲဖြစ်၏။ မောင်နှမနှစ်ယောက်က ထိုမြားချက်က သူမအား မထိမှန်ခင် ဆိုးဆိုးဝါးဝါးအန္တရာယ်ကို ခံစားမိလိုက်သော်လည်း သူတို့အတွက် တုံ့ပြန်ဖို့ နောက်ကျသွားခဲ့လေပြီ။ သူတို့က သူတို့ကိုယ်သူတို့ အနက်ရောင်အမိုးခုံးအတွင်း ရောက်ရှိနေပြီး ထိုလူ၏ မြားများဖြင့် ရင်ဆိုင်နေရသည်။ ထိုစဉ် တစ်ဖက်လူကမူ အပြင်ဘက်မှ ဖြစ်၏။

အနက်ရောင်အမိုးခုံးက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားပြီး မောင်နှမနှစ်ယောက်က ကောင်းကင်မှ ပြုတ်ကျလာသည်။ သူတို့၏ ခန္ဓာကိုယ်က ဒဏ်ရာရသွားသလို ဝိညာဉ်ပင် ဒဏ်ရာရသွားသည်။ အားလုံးက သူတို့သည် ပြန်မထနိုင်တော့မှန်း သိလိုက်သည်။

“ သူမက ဘာလုပ်လိုက်တာလဲ” လီကျွင်းက မေးလိုက်သည် “ သူမဆီက အချိန်စွမ်းအားကို ခံစားမိလိုက်ပေမဲ့ သူမရဲ့ အပြုအမူကိုတော့ မခန့်မှန်းမိလိုက်ဘူး”

“ အချိန်အပေးအယူပဲ။ သူမက အာကာသနေရာတစ်ခုရဖို့ အချိန်ကို လဲလှယ်လိုက်တယ်။ မင်းရဲ့ တုံ့ပြန်နှုန်းနဲ့ဆိုရင် ဒီအပြုအမူအတွက် ကျဆုံးသွားမှာ မဟုတ်ဘူး။ မောင်နှမနှစ်ယောက်က သူမကို လျှော့တွက်လွန်းတယ်”

“ ကျွန်တော် သိပြီ။ အစ်ကိုကြီးရော ဒီလိုလုပ်နိုင်လား”

“ ဒါပေါ့။ ငါက ဒီထက်တောင် ပိုလုပ်နိုင်သေးတယ်” ဝမ်ဝေ့က လိမ်ညာနေခြင်း မဟုတ်ပေ။ သူ အာကာပြင်၊ အချိန်၊ ကံကြမ္မာနှင့် အရိပ်ကိုပင် ထိုသို့သက်ရောက်သည့် အပြုအမူမျိုး ဖြစ်အောင် အသုံးပြုနိုင်လေသည်။

“ တိုက်ပွဲမှာ ကျွန်တော် သူမကို နိုင်မယ်လို့ ထင်လား”

“ အရှင်းဆုံးပြောရရင် ငါလည်း မသိဘူး။ သူမက တော်တော်များများကို ဝှက်ထားတယ်”

ဝမ်ဝေ့က လူရိုင်းမောင်နှမအား ကြည့်လိုက်သည့်အခါ ခူထူလွန်၏ မျက်နှာအထက် မလိုလားမှုကို မြင်နိုင်လေသည်။ သူမက သူမ၏ စွမ်းအားအပြည့်ကို ထုတ်မသုံးခဲ့ရသည့်အတွက် နောင်တရနေဟန်ပေါ်၏။

သူမက လက်စားချေဖို့ အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်…

ဝမ်ဝေ့အတွက်မူ အသင်္ချေအင်ပါယာကမ္ဘာ၏ လူများက တိုက်ခိုက်လေလေ သူတို့၏ သတင်းအချက်အလက်ကို ပိုမိုစုဆောင်းနိုင်လေလေဖြစ်၏။ သူက ယှဉ်ပြိုင်သူအများစုကို ခြိမ်းခြောက်မှုအဖြစ် မမှတ်ယူထားသော်လည်း နောက်ဆုံးတိုက်ပွဲမတိုင်ခင် သတိလျှော့ချ၍ မဖြစ်ပေ။

ဒဏ်ရာရနေသည့် မောင်နှမနှစ်ယောက်ကို ကြည့်ကာ အားနည်းနေသည့် အချက်ကို အခွင့်ကောင်းယူပြီး ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုပြီး သတင်းအချက်အလက် စုဆောင်းလိုက်သည်။

“ ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”

“ တစ်ခုခု တွေ့ခဲ့လို့လား”

“ ဟုတ်တယ်။ ကျဆုံးသွားတဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ စိတ်ဝိညာဉ်တွေ မွေးဖွားလာတဲ့ ထူးခြားတဲ့ ဒိုင်မေးရှင်း တစ်ခုပဲ။ သူတို့ရဲ့ ခန္ဓာကိုယ်ကို သေချာတဲ့ အဆင့်တစ်ခုအထိ လေ့ကျင့်ပြီးချိန် အဲဒီကမ္ဘာရဲ့ ကျင့်ကြံသူတွေက ရှေးဟောင်းစိတ်ဝိညာဉ်နယ်ပယ်ကို ဖြတ်ကျော်ပြီးတော့ သူတို့ကို စည်းမျဉ်းနားလည်နိုင်အောင် ကူညီပေးနိုင်တဲ့ စိတ်ဝိညာဉ်ကို နာခံလာအောင် လုပ်ရမယ်”

“ တကယ်ကို ထူးခြားတာပဲ။ စိတ်ဝိညာဉ်အဆင့်ကရော”

“ ကြည့်ရတာတော့ စိတ်ဝိညာဉ်ဖြစ်လာတဲ့ ပင်ကိုနတ်ဘုရားနဲ့ ဧကရာဇ်တွေတောင် ပါတယ်။ ဒါပေမဲ့ လူတချို့ကပဲ အဲဒါကို ရယူနိုင်တယ်”

“ အဲဒါက အတော်လေးကို စွမ်းအား မကြီးလွန်းဘူးလား”

“ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိမှာ သေချာတယ်။ ပြီးတော့ မဟာဧကရာဇ်တွေက အဲဒီနည်းလမ်းကို သုံးပြီးတော့ သူတို့ဘာသာသူတို့ ပြန်လည်ရှင်သန်အောင် လုပ်လို့ရတယ်လေ”

“ အဲလိုတော့ အဓိပ္ပာယ် ရှိသားပဲ”

ထို့နောက် နှစ်ဦးသားက တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်၍ တည်နေရာတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။

“ အဲဒါဆိုတော့ သခင်လေးရီ ခင်ဗျားက ထပ်မစောင့်နိုင်တော့ဘူးပဲ”

“ ငါက မင်းတို့လူသားကို ဘာလို့စောင့်ဖို့ လိုမှာလဲ”

“ အဲလိုပြောပေမဲ့ ဒီလိုမလုပ်ခင် တစ်ပတ် စောင့်ဆိုင်းခဲ့တာပဲ မဟုတ်ဘူးလား” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြောလိုက်သည်။

***

All Chapters