တာအိုကလေး၏ ရန်စမှု
Vol. 39 Ch. 537
ဝမ်ဝေ့က ထိုလူအား ခြုံငုံကြည့်လိုက်ပြီးနောက် နှုတ်ခမ်းများက တွန့်ချိုးသွားသည်။ သူက ရီထွေ့ကျစ်ဆီမှ ထူးခြားသည့် အငွေ့အသက်ကို ခံစားမိနေ၏။ ထိုအရာက တားမြစ်ခံတစ်ယောက်၏ အငွေ့အသက် ဖြစ်သည်။
ထိုလူသည် တားမြစ်ခံတာအိုကို ကျင့်ကြံသော်လည်း စမ်းသပ်မှုကို မအောင်မြင်သေးကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။
ငါက သူ့စစ်ဆေးမှုများလား…
ဝမ်ဝေ့က တွေးလိုက်မိသည်။ ဝမ်ဝေ့က မိုးမြေ၏ လိုအပ်ချက်ကို အလျင်အမြန် တွက်ချက်ကြည့်လိုက်၏။ သူက ရီထွေ့ကျစ်၏ စစ်ဆေးမှု မဟုတ်သော်လည်း တစ်စုံတစ်ယောက်က ထိုစစ်ဆေးမှုအတွင်း ရှိနေလေသည်။ ထိုအရာက သူ ဖြစ်နိုင်သလို တခြားကောင်းကင်ရွေးချယ်ခံလည်း ဖြစ်နေနိုင်သည်။
သို့သော်လည်း အားလုံး၏ အင်အားနှင့် အလားအလာကို စဉ်းစားကြည့်ပါက သူ သို့မဟုတ် ချူးလော့သာ ဖြစ်နေနိုင်သည်။ ဝမ်ဝေ့၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားပြီး ရီထွေ့ကျစ်အား ဖျောင်းဖျဖို့ရာ တွေးလိုက်မိသည်။ သူက ကောင်းကင်တာအို၏ နယ်ရုပ်တစ်ရုပ် မဖြစ်လိုပေ။
တိုက်ပွဲမှ ထွက်ပြေးသည့် သူ့ဂုဏ်သတင်းအတွက်မူ သူက ဂရုမစိုက်ပေ။ စစ်ဆေးမှု၏ စည်းမျဉ်းများက ထွက်ပြေးဖို့ တားမြစ်ထားသော်လည်း ထိုသို့အပြုအမူကို အပြင်းအထန် ကန့်ကွက်သည့် စည်းမျဉ်းမျိုးတော့ မရှိပေ။
ဧရာမလူကြီးနှစ်ယောက် ထိပ်တိုက်တွေ့နေစဉ် ရှုရှစ်ဘက်မှ အခြေအနေက ရုတ်ချည်းပြောင်းလဲသွားသည်။ သူမရှေ့တွင် တစ်စုံတစ်ယောက်ပေါ်ထွက်လာကာ သူမအား စိန်ခေါ်ဖို့ ကြိုးစားနေ၏။
“ ရှစ်ချီအန်း ငါ့တိုက်ပွဲအပြီးမှာ ထပ်ပြီးတော့ စိန်လာခေါ်တာ မရှက်ဘူးလား” ရှုရှစ်က ပြောလိုက်သည်။
“ ဒီစစ်ဆေးမှုရဲ့ စည်းမျဉ်းတွေက ကောင်းကင်အလိုဆန္ဒတိုက်ပွဲနဲ့ အတူတူဆိုတာ သိသင့်တယ်။ ဘာမဆိုဖြစ်လာနိုင်တာပဲ။ ပြီးတော့ နင်က မောနေပြီလား”
“ ထာဝရကလေးငယ်ဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်မှာလဲ”
“ ဂုဏ်ပုဒ်လား။ အဲဒါက စားလို့ ရလို့လား။ အဲဒါက ငါ့ကို အားကောင်းအောင် လုပ်ပေးနိုင်လို့လား”
ရှုရှစ်က မျက်မှောင်ကြုတ်ကာ အရှက်မဲ့သည့် အမျိုးသမီးအား ကြည့်လိုက်သည်။ သူမ၏ စိတ်အတွင်း အတွေးများစွာ ဖြတ်ပြေးသွားပြီး အခြေအနေကို သုံးသပ်ကြည့်လိုက်၏။ ထို့နောက် သူမက တုံ့ဆိုင်းခြင်း မရှိဘဲ အမှတ်အသားပြားကို ယူကာ ရှစ်ချီအန်းဆီ ပစ်ပေးလိုက်သည်။
ထိုအပြုအမူက ရှစ်ချီအန်းအား အံ့အားသင့်သွားစေ၏။
ဤသည်က ရှုရှစ်၏ တွက်ချက်ထားသည့် လှုပ်ရှားမှုတစ်ခုသာ ဖြစ်၏။ ၆ယောက်မြောက် လက်ရွေးစင်နေရာက ထူးခြားလွန်းသည့်အတွက် လူများစွာက ထိုနေရာကို မျက်စိကျနေကြသည်။ သူမက ယုံကြည်ချက်ရှိသော်လည်း တခြားသော ပြိုင်ပွဲများကို မမြင်ခင် သူမ၏ အင်အားကို ဝှက်ထားလိုလေသည်။
ရှုရှစ်က ဤစစ်ဆေးမှုကို လက်လျှော့မည် မဟုတ်ပေ။ ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းက သူမအတွက် အဖိုးတန်လွန်းလှသည်။ သူမက ထိုနည်းစနစ်ကို ကျောင်းတော်အတွက် ယူဆောင်ပေးဖို့ရာ မဟုတ်ပေ။ သူမ၏ အစစ်အမှန် ရည်ရွယ်ချက်က ထိုနည်းစနစ်အား အသုံးပြုကာ ကောင်းကင်အား လှည့်စားပြီး သူမ၏ ယောက်ျားသည် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်ပြီး ထိုနည်းလမ်းဖြင့် အသက်ပြန်ရှင်အောင် လုပ်ဖို့ ဖြစ်၏။ အကယ်၍ ထိုသို့မဖြစ်နိုင်လျှင်ပင် အနည်းဆုံးတော့ ကောင်းကင်ဘုံကို သူက ကျရှုံးသွားသော်လည်း အသက်ရှင်သန်သည်ဟု လှည့်ဖျားဖို့ရာ ဖြစ်၏။
ရှုရှစ်က ထိုနည်းစနစ်သည် ဤသို့သော အရာမျိုးကို လုပ်ဆောင်နိုင်ပါ့မလား မသိပေ။ သို့သော်လည်း ဤသည်က သူ့ကို ပြန်လည်အသက်သွင်းနိုင်မည့် ပထမအခွင့်အရေး ဖြစ်သောကြောင့် သူမအနေနှင့် မည်သို့ပင် ကြိုးစားရစေကာမူ စမ်းကြည့်ချင်မိသည်။ ထို့ကြောင့် သူမက ရှစ်ချီအန်းအား နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် သူမ၏ စံအိမ်သို့ ပြန်ဝင်သွားကာ အစီအရင်များ အသက်သွင်းလိုက်သည်။ သူမက အမှတ်အသားပြားကို ပြန်လည်ယူရမည်။ ဖြစ်နိုင်လျှင် ပိုမိုမြင့်မားသည့်နေရာတစ်ခု ဖြစ်၏။
ရှုရှစ်၏ အပြုအမူက ရှစ်ချီအန်းနှင့် တခြားလူများကို အံ့အားသင့်သွားစေသည်။ သို့သော်လည်း ခေတ္တမျှ လေ့လာသုံးသပ်ပြီးသည့်နောက်တွင် လူများစွာက ထိုသည်က အဓိပ္ပာယ်ရှိသည့် အပြုအမူဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထိုစဉ် လက်ရွေးစင် အမှတ်အသားပြားများက အာလူးပူပူ တစ်လုံးမှလွဲ၍ ဘာမှမဟုတ်ပေ။
တခြားသော ပါဝင်ယှဉ်ပြိုင်သူများက လက်ရွေးစင်များကို တိုက်ခိုက်နိုင်သော်လည်း သူတို့ကမူ သူတို့၏ နေရာကို ကာကွယ်ထားရုံသာ တတ်နိုင်လေသည်။ ယခုအတွက် သူတို့က အားနည်းနေ၏။
ရှစ်ချီအန်းက သူမလက်ထဲမှ အမှတ်အသားပြားကို ကြည့်ကာ အကြည့်များက တောက်ပသွားသည်။ ရှုရှစ်ကဲ့သို့ သူမက သူမ၏ မိသားစု သို့မဟုတ် အင်အားစု ပါဝင်ပတ်သက်မှုကြောင့် နောက်ဆုံးကျမ်းကို ရယူလိုခြင်း မဟုတ်ပေ။ သူမက သူမသည် တာအိုအရင်းအမြစ်မျိုးစေ့ကို ထိန်းချုပ်နိုင်သည့် တာအိုကလေးငယ် သို့မဟုတ် ဧကရာဇ်ကလေးငယ်ဟု ကောင်းကင်အား လှည့်ဖျားနိုင်မည်လားဟု စမ်းသပ်ကြည့်ချင်၍ ဖြစ်သည်။
သဘောတရားအရ ထိုသို့သော ကောင်းကင်ဘုံ သွေဖယ်နေသည့် နည်းလမ်းမျိုးက မဖြစ်နိုင်ပေ။ သေမျိုးနှင့် မသေမျိုးကြားက ကွာဟချက်က သေမျိုးများအတွက် မည်မျှပင် ပါရမီထူးကဲစေကာမူ ကောင်းကင်ဘုံအား သူတို့သည် မသေမျိုးကလေးငယ် ဖြစ်သည်ဟု သို့မဟုတ် တခြားသော ကောင်းချီးခံ တစ်ယောက်ဖြစ်သည်ဟု လိမ်ညာဖို့ရာ မဖြစ်နိုင်လောက်ပေ။ အစစ်အမှန် ကောင်းကင်တာအိုက ထိုအရာများနှင့် ပတ်သက်၍ အမြဲတမ်း တင်းကြပ်လေ့ရှိ၏။
သို့သော်လည်း ကောင်းချီးခံ ၃ယောက်အနက် သူမက အောင်မြင်နိုင်ချေ ရှိကြောင်း ယုံကြည်ထားသည်။ သူမသည် အနည်းဆုံးတော့ တာအိုကို သက်သေပြပြီး မဟာဧကရာဇ်ဖြစ်ဖို့ရာ အာမခံနိုင်သည်။
ထိုအရာအားလုံးကို တွေးကြည့်ပြီးသည့်နောက်တွင် ရှစ်ချီအန်းက သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တစ်စုံတစ်ယောက်က စိန်ခေါ်လိုမည်လားကို ကြည့်လိုက်သည်။ သို့သော်လည်း မည်သူကမှ စိန်မခေါ်ကြပေ။ သူတို့က ဝမ်ဝေ့နှင့် ရီထွေ့ကျစ်တို့၏ တိုက်ပွဲအပေါ် အာရုံစိုက်ထားကြ၏။
ထိုတိုက်ပွဲအတွင်း ဝမ်ဝေ့က ဆုံးဖြတ်ချက်ချလိုက်သည်။ သူက နောက်ဆုံးလူဝင်စားအတွက် လိုအပ်သည့် အရင်းအမြစ်များကို စုဆောင်းနိုင်သည့် အမြန်ဆုံးနည်းလမ်းမှာ သခင်လေးရီဆီမှ ဖြစ်ကြောင်း အရိပ်အမြွက်ရရှိလိုက်၏။ ထို့ကြောင့် သူက ထိုဆွဲဆောင်မှုကို တောင့်ခံမထားတော့ပေ။
မည်သို့ပင်ဆိုစေကာမူ သူက သတိကြီးကြီးထားဖို့ လိုအပ်သေးသည်။
သူက ရီထွေ့ကျစ်ဆီမှ ထွက်နေသည့် သတ်ဖြတ်ငွေ့များကို ကြည့်ကာ ဝမ်ဝေ့က အညောင်းအညာဖြေလိုက်သည်။ သူ့အနေနှင့် ယခုလိုအခွင့်အရေးမရသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်၏။ အထူးသဖြင့် စစ်ဆေးမှု၏ နေရာသည် သူတို့၏ စွမ်းအားကို ခံနိုင်ရည်ရှိလောက်အောင် အားဖြည့်ပေးထားသည့်အခါတွင် ဖြစ်၏။
မဟုတ်ပါက ရှုရှစ်၏ ယခင်တိုက်ကွက်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိုးဆိုးဝါးဝါးပျက်စီးသွားစေလိမ့်မည်။
“ မင်းလိုမျိုး ယုံကြည်ချက်ပြည့်ဝနေတဲ့ လူသားတွေကို မြင်ရတာ အမုန်းတီးဆုံးပဲ။ တခြားကမ္ဘာမှာ မင်းတို့လူသားမျိုးနွယ်က ဘယ်လောက်အားကောင်းလဲဆိုတာကို တွေးကြည့်ရုံနဲ့ကို ရွံမိတယ်။”
ဝမ်ဝေ့က ထိုလူအား တည်တည်ငြိမ်ငြိမ်သာ ကြည့်လိုက်သည်။ သဘောတရားအရ သူသည် တစ်ဖက်လူ၏ စိတ်အခြေအနေ၊ သမိုင်းကြောင်းနှင့် နောက်ခံတို့ကို နားလည်ဖို့ ကြိုးစားကြည့်လိမ့်မည်။ သို့သော် ဤတစ်ကြိမ်တွင် သူက ဂရုမစိုက်ပေ။
“ မင်းဘာသာ ငါ့ကို ဘယ်လိုကြည့်ကြည့် ဂရုမစိုက်ဘူး” ဝမ်ဝေ့က ပြောလိုက်သည် “ အဲဒါဆိုတော့ မင်းရဲ့ မျက်လုံးကနေ စလိုက်ရအောင်”
ရီထွေ့ကျစ်က မတုံ့ပြန်နိုင်ခင် သူ့ရှေ့တွင် ရုတ်ချည်းပေါ်ထွက်လာသည်။ ထို့နောက် သူ့မျက်အိမ်အတွင်းမှ မျက်ဆံကို ကလော်ထုတ်လိုက်၏။
သခင်လေးရီက ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်ပြီး နေထိုင်လာသည့် သက်တမ်းတစ်လျှောက်တွင် ဤသို့နာကျင်မှုမျိုးကို မခံစားဖူးပေ။ သူက မည်မျှတောင့်ခံနိုင်မည်နည်း။ ထို့အပြင် ဝမ်ဝေ့က နာကျင်မှုပင်ကိုစွမ်းရည်ကို အချိန်အတော်ကြာ အသုံးမပြုထားသော်လည်း ဆက်တိုက်လေ့ကျင့်ပေးခဲ့သည်။ ထို့ကြောင့် သူက သူ့ တိုက်ကွက်မှ ရရှိသွားသည့် နာကျင်မှုကို အဆသန်းချီ တိုးမြှင့်နိုင်သည်။
ဝမ်ဝေ့က ထိုလူ၏ မျက်လုံးပြန်ထွက်လာသည်ကို ကြည့်နေပြီး ရီထွေ့ကျစ်အား ခေါင်းမှကိုင်ဆွဲကာ ကောင်းကင်သို့ ပျံသန်းသွားလိုက်သည်။ သူ ပျံသန်းရာ လမ်းစဉ်အတွင်း အပြာရောင်ကြယ်သန်းချီ ထွက်ပေါ်လာ၏။
ဝမ်ဝေ့က သူ့ဆုံမှတ်အတွင်းရှိ ကြယ်တာရာအဆီအနှစ်ကို အသုံးပြုပြီး နှလုံးသားရှိ ဟွင်သွမ်းမီးတောက်ဖြင့် ရောနှောကာ ဟွင်သွမ်းကြယ်တာရာအဖြစ် ဖွဲ့စည်းလိုက်သည်။ ထို့နောက် သူက ပျံသန်းသွားရင်း ရီထွေ့ကျစ်အား ပထမတစ်ခုဆီ တိုက်လွှတ်လိုက်သည်။ ဟွင်သွမ်းမီးတောက်က သူ့ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းများကို လောင်ကျွမ်းပစ်နေပြီး ဝိညာဉ်ကိုပင် သက်ညှာမပေးသည့်အတွက် ကျားနတ်ဆိုးက ဆိုးဆိုးရွားရွားအော်ဟစ်နေကြ၏။
သို့သော် ထိုအရာက အဆုံးသတ်မဟုတ်သေးပေ။ ဝမ်ဝေ့က သူ့အား ခိုင်ခိုင်မာမာဆွဲကိုင်ထားပြီး တစ်လက်မမှ လှုပ်မရအောင် ကိုင်ထားပြီး ကြယ်တာရာရာချီဆီ ဖြတ်ပြေးခဲ့သည်။
“ တော်တော့” ရီထွေ့ကျစ်က အော်ပြောလိုက်ပြီး သူ့အသံလှိုင်းက ဝမ်ဝေ့အား တွန်းလွှတ်လိုက်သည်။ တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်မှ ယင်အငွေ့အသက် ထွက်ပေါ်လာပြီး အပြာရောင်ကြယ်က အနက်ရောင်ရေခဲအဖြစ် ပျက်သုဉ်းသွားသည်။
ရီထွေ့ကျစ်က တစ်ဖက်လူအား ဒေါသတကြီးဖြင့် ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အငွေ့အသက်က သူ့ဘေးနားရှိ အာကာပြင်ဖြင့် အနည်းငယ်ပေါင်းစပ်သွားသလိုမျိုး ဖြစ်၏။ ထိုစဉ် သူက ခန္ဓာကိုယ်တစ်ပိုင်းသာ ကျန်ရှိတော့ပြီး ကျန်သည့်အပိုင်းကမူ ပြာအဖြစ် လောင်ကျွမ်းသွားလေပြီ။
သခင်လေးရီက ပါးစပ်ဟကာ ဟွင်သွမ်းကြယ်တာရာငါးခုကို ဝါးမျိုပစ်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်သွား၏။
မရဏနတ်ဘုရား၏ အကဲဖြတ်ချက်
အနီရောင်အသားအရည်၊ မုတ်ဆိတ်ရှည်ရှိကာ အနက်ရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားပြီး ဘုရင်နှင့် သေခြင်းတရားဟု စာလုံးပါဝင်နေသည့် ခေါင်းဆောင်းကို ဝတ်ဆင်ထားသည့် တစ္ဆေတစ်ကောင်ပုံရိပ် ပေါ်ထွက်လာသည်။ ထိုတစ္ဆေက စာအုပ်နှင့် စုတ်တံကို ကိုင်ကာ ဝမ်ဝေ့အား စိုက်ကြည့်လိုက်ပြီး စာရွက်ကိုလှန်ကာ သူ့နာမည်အား ရေးချလိုက်၏။
သွေးမျိုးဆက် အံ့ဖွယ်စွမ်းရည်လား…
ဝမ်ဝေ့က ထိုနည်းစနစ်သည် စည်းမျဉ်းနားလည်မှုမှ ဖြစ်လာရမည့်အစား ရီထွေ့ကျစ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည့်အတွက် တွေးလိုက်မိသည်။
ကောင်းကင်မှ အဖြူရောင်အလင်းတန်းကျဆင်းလာပြီး ဝမ်ဝေ့အား လွှမ်းခြုံသွားသည်။ သို့သော် အားလုံးကို အံ့အားသင့်သွားစေသည်က ဘာမှဖြစ်ပျက်မလာခဲ့ပေ။
“ ငါ့ရဲ့ ကံအပေါ် မူတည်ပြီးတော့ ငါ့အပြစ်ကြွေးကို အကဲဖြတ်ဖို့ ကြိုးစားတယ်ပေါ့။ ညစာစားပွဲတုန်းက ဖြစ်ခဲ့တဲ့အရာကို ကောင်းကောင်းသိသင့်တယ် မဟုတ်ဘူးလား” ဝမ်ဝေ့က ခေါင်းခါရင်း ပြောလိုက်သည်။ သူက လက်ဝှေ့လိုက်သည့်အချိန် စာရွက်နှင့် စုတ်တံအား ဆွဲဖြဲပစ်သည့် ဧရာမလက်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ထို့နောက် လက်ကြီးက ထိုစာအုပ်အတွင်း နာမည်တစ်ခုကို ရေးချလိုက်သည်။ ရီထွေ့ကျစ်က ရုတ်ချည်းဆိုသလို အမူအရာပျက်ယွင်းသွားကာ သူ့သွေးမျိုးဆက်စွမ်းရည်ကို ပြန်ရုတ်သိမ်းဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် သူက အနည်းငယ်နောက်ကျသွား၏။ ထို့ကြောင့် သူက တန်ပြန်သက်ရောက်မှုကို ခံစားလိုက်ရကာ သွေးအန်သွားပြီး အသားအရည်က ဖြူဖျော့သွားသည်။
ဝမ်ဝေ့က သူ့ရှေ့တွင် ပေါ်ထွက်လာပြီး မျက်နှာအား ဖြတ်ကန်ကာ မြေပေါ်သို့ ပြုတ်ကျသွားစေသည်။
“ မင်းကို ပြောရဦးမယ်။ မင်းက လူတွေတက်နင်းချင်တဲ့ မျက်နှာမျိုး ရှိတာပဲ”
အရာအားလုံးက ခဏကြာတိတ်ဆိတ်သွားပြီးနောက် မြို့တစ်လျှောက် ရယ်သံများထွက်ပေါ်လာသည်။ အထူးသဖြင့် ကြည့်ရှုနေသည့် ပွဲကြည့်ပရိသတ်များထဲ အထူးသဖြင့် လူသားများက ထိုအရာကိုကြားပြီး မရယ်ဘဲ မနေနိုင်ပေ။
ထိုနတ်ဆိုးအထွတ်အထိပ်ကမ္ဘာမှ နတ်ဆိုးများသည် လူသားများအား ဆက်ဆံပုံကို မည်သူကမှ သဘောမကျပေ။ သူတို့က လူသားများအား ဖိနှိပ်ကာ သုတ်သင်မည့် အတွေးအခေါ်မျိုးကို ကိုင်ဆောင်ထားကြ၏။
ထို့ကြောင့် ရီထွေ့ကျစ်အား ထိုသို့ ဆိုးဆိုးရွားရွား ဆက်ဆံခံရသည်ကို မြင်သည့်အခါ ပျော်ရွှင်နေကြသည်။
“ သောက်” ရီထွေ့ကျစ်က အော်ဟစ်လိုက်ပြီး သူခံစားခဲ့ရသည့် နာကျင်မှုများအား ဖိနှိပ်ကာ အမုန်းတရားအဖြစ် ပြောင်းလဲလိုက်သည်။
သူ့အနောက်ဘက်တွင် ရုပ်ဆိုးဆိုးသတ္တဝါတစ်ကောင် ရုတ်ချည်းပေါ်ထွက်လာ၏။ ထိုအရာတွင် ခေါင်းတစ်လုံးနှင့် အနီရောင်မျက်ဝန်းများ ရှိကာ ကြေးခွံနှင့်တူသည့် အရာများလည်း ရှိသည်။ ထိုသက်ရှိက ဆင်ကို ဝါးမျိုသည့် မြွေပါးစပ်ထက်ပင် ကျယ်လောင်စွာ ဟလိုက်ပြီး ထုတ်ပြနေသည်။ ထိုအစွယ်များက ထောင်ချီရှိနေသည်။
အားလုံး၏ စိတ်ထဲတွင် နာမည်တစ်ခု ပေါ်ထွက်လာ၏။
ထောင်ထျဲ့ …
***