← Chapters

အစဉ်အလာအတိုင်းမဟုတ်သော နည်းလမ်း

Vol. 39 Ch. 538

အစဉ်အလာအတိုင်းမဟုတ်သော နည်းလမ်း

Vol. 39 Ch. 538

ထောင်ထျဲ့က အဆုံးမဲ့လေဟာနယ်တစ်လျှောက်တွင် ထူးကဲသည့် မျိုးနွယ်တစ်ခုဖြစ်သည်မှာ သူတို့၏ မွေးဖွားပုံကြောင့် ဖြစ်၏။ ကမ္ဘာအများစုက သူတို့၏ ကနဦးပိုင်းအပြီးတွင် တူညီသည့် ဖွံ့ဖြိုးမှုလမ်းကို လျှောက်လှမ်းခဲ့ရသည်။ ထိုကမ္ဘာအနှံ့ အစီအစဉ်မကျသည့် ဟွင်သွမ်းချီများ ရှိနေပြီး သက်ရှိများ မမွေးဖွားနိုင်အောင် ပြုလုပ်ထားသည်။

နှစ်များစွာကြာမြင့်ပြီးသည့်နောက်တွင် ထိုအစီအစဉ် မကျသည့် ဟွင်သွမ်းချီများက အစီအစဉ်တကျ ဟွင်သွမ်းချီ ဖြစ်လာကာ ကောင်းကင်တာအိုက ပထမဦးဆုံး ပင်ကိုသက်ရှိကို ဖန်တီးခဲ့သည်။ တချို့အရာများက မွေးဖွားလာဖို့ ဟွင်သွမ်းချီ လိုအပ်သော်လည်း သူတို့ကိုမူ ပင်ကိုသက်ရှိအဖြစ် သတ်မှတ်ထားဆဲဖြစ်၏။

သို့သော် ထောင်ထျဲ့ကမူ ကွဲပြားလေသည်။ သူတို့က ထိုအစီအစဉ် မကျသည့် ဟွင်သွမ်းချီမှ တိုက်ရိုက်မွေးဖွားလာသည့် သက်ရှိများဖြစ်သောကြောင့် မူလဘူတ သက်ရှိဟု သတ်မှတ်နိုင်သည်။ အဆုံးမဲ့လေဟာနယ်အတွင်း မူလဘူတ သက်ရှိဟု သတ်မှတ်ထားနိုင်သည့် သက်ရှိများက လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရလေသည်။

သို့သော်လည်း သူတို့တွင် တူညီသည့်အရာ တစ်ခုရှိ၏။ သူတို့က အင်မတန် အားကောင်းကာ ထိန်းချုပ်၍ မရနိုင်ပေ။ သူတို့ကို ရူးသွပ်ခြင်း၊ ဖျက်ဆီးသည့် စိတ်ဆန္ဒဖြင့်သာ နေထိုင်ခြင်းဟူ၍သာ ဖော်ပြနိုင်သည်။

ရီထွေ့ကျစ် ဆင့်ခေါ်ထားသည့် ထောင်ထျဲ့က ပါးစပ်ဟကာ မီတာရာချီပတ်လည်အတွင်းရှိ လူအားလုံး၊ အရာအားလုံးကို စတင်ဝါးမျိုနေသည်။ အိမ်များ၊ လူများနှင့် ဝိညာဉ်စွမ်းအားများလည်း အပါအဝင် ဖြစ်၏။

အားအနည်းဆုံး ပါဝင်ယှဉ်ပြိုင်သူများ၊ သူတို့  ခေါ်ဆောင်လာသည့် ကူညီသူများနှင့် စစ်ဆေးမှုက ပေးထားသည့် အစေခံများက ထိုအရာများကို တောင့်မခံနိုင်ဘဲ ပါးစပ်အတွင်း သက်ဆင်းလိုက်ကြရသည်။

ရန်စမှု နည်းနည်းလေးနဲ့ ဒီကောင့်က အားလုံးကို ဆန့်ကျင်လိုက်တာပဲ…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ပြိုင်ပွဲအတွင်း မြို့ထဲတွင် အလုပ်လုပ်နေသည့်သူများ သို့မဟုတ် အစေခံများကဲ့သို့ အပြစ်ကင်းစင်သည့်လူများ မပါဝင်ဖို့ရာ ထုတ်မပြောထားသည့် စည်းမျဉ်း ရှိလေသည်။

သို့သော် ရီထွေ့ကျစ်က ထိုအရာကို ဂရုမစိုက်ဘဲ စည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။ ထိုလူများတွင် သူတို့မျိုးနွယ် ပါဝင်သွားသည့် ကမ္ဘာမှလူများက သူ့အား ပြိုင်ပွဲအတွင်း သိသိသာသာ ပုန်ကန်ကြလိမ့်မည်။ ထိုတစ်ချက်တည်းဖြင့် သူက ဖယ်ကျဉ်ခံလိုက်ရလိမ့်မည်။

ဝမ်ဝေ့က ထောင်ထျဲ့အား တည်ငြိမ်စွာဖြင့် ကြည့်နေလေ၏။ သူက ထိုအရာသည် အမှန်တကယ် မဟုတ်မှန်းသိ၍ မကြောက်ပေ။ မဟုတ်ပါက သူသည် ထွက်ပြေးကာ ဘိုးဘေးအား လှမ်းခေါ်ပြီးလောက်လေပြီ။ သားရဲက ရီထွေ့ကျစ်ဆီမှ ဝါးမျိုခြင်းစွမ်းအား၏ ပုံသဏ္ဌာန်ပြတစ်ခုသာ ဖြစ်၏။

ရီထွေ့ကျစ်က အက်နေသည့် သူ့ဦးခေါင်းခွံအား ပြန်လည်ကုသလိုက်ပြီး အသက်ပြင်းပြင်းရှူပြီး စိတ်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တောင်တစ်လုံးအရွယ်အစားရှိသည့် ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဦးချိုနှစ်ခုနှင့် ကျောဘက်တွင် အနီရောင် အစင်းကြောင်းများ ပါဝင်နေသည်။ သူက ပျောက်ကွယ်သွားပြီးနောက် ဝမ်ဝေ့ရှေ့မှ ပြန်လည်ပေါ်ထွက်လာသည်။

သူ့နောက်တွင် ထောင်ထျဲ့က ပါးစပ်ဟကာ သူ့ရှေ့မှ အရာလေးကို ဝါးမျိုပစ်ချင်နေသည်။ ရီထွေ့ကျစ်က စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးသည့်နောက်တွင် ဤသည်က သူ့အတွက် အခွင့်အရေး ဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထိုလူသားကိုသာ ဝါးမျိုနိုင်သရွေ့ သူ့အင်အားက သိသိသာသာ တိုးမြင့်လာလိမ့်မည်။

ထိုစဉ် ဝမ်ဝေ့ကမူ တွေးတောဖို့ အချိန်များစွာ ရနေလေ၏။

မြေဆွဲအားဆိုတာကလည်း ဝါးမျိုခြင်းတာအိုရဲ့ အစိတ်အပိုင်းတစ်ခုပဲ… အဲဒါကြောင့် သူက ဒီစွမ်းအားကို အဆရာချီပြောင်းလဲပြီးတော့ ကူးသန်းသွားလာနိုင်တာပဲ…

ဒီလိုကောင်းကင်ရွေးချယ်ခံတွေက ဘာမှ ထည့်ပြောနေစရာ မလိုဘူး…

သူ့ခန္ဓာကိုယ်အထက် အလင်းအစက်အပြောက်များစွာ ထွက်ပေါ်လာသည်။ ထိုအရာက သူ့ဆုံမှတ်၏ ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ပြောင်းမှု ဖြစ်၏။ ထို့နောက် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရီထွေ့ကျစ်၏ စွမ်းအားကို ဖယ်ရှားကာ ကျားအား လက်သီးဖြင့် ပစ်ခွင်းလိုက်သည်။

ဝုန်း

ပတ်ဝန်းကျင် အာကာပြင်တစ်ခုလုံးက လှိုင်းတွန့်များ ထသွားလေသည်။ သို့သော်လည်း ထိုတိုက်ကွက်က ရီထွေ့ကျစ်အပေါ် ထိခိုက်မှု မရှိပေ။ သူက တိုက်ကွက်နောက်မှ အင်အားကို ဝါးမျိုပစ်လိုက်၍ ဖြစ်သည်။

ထို့အပြင် ဝမ်ဝေ့၏ အာရုံက ထိုသူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် အားကောင်းလာကြောင်း ခံစားမိလိုက်၏။ ထိုအားကောင်းလာမှုကို ကောင်းမွန်စွာ ဝှက်ထားသော်လည်း သူက အာရုံခံမိသေးသည်။

အင်အားတိုးလာတာက အတော်လေးကို ကြီးမားတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။ ဝါးမျိုခြင်းစည်းမျဉ်းက အသုံးပြုသူ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးဖို့ရာ အရာအားလုံးကို ဝါးမျိုနိုင်သော်လည်း လူတစ်ယောက်ချင်းစီအပေါ် မူတည်၍ ကန့်သတ်ချက်ရှိလေသည်။ သူ့တွက်ချက်မှုအပေါ် မူတည်၍ ရီထွေ့ကျစ်၏ ကြီးထွားနှုန်းက သူ့ကန့်သတ်ချက်ကို ကျော်လွန်နေလေ၏။

သူက လက်သီးဖြင့် ထပ်မံထိုးခွင်းလိုက်သော်လည်း တူညီသည့် ရလဒ်သာ ဖြစ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူက တစ်စုံတစ်ခုကို သင်ယူခဲ့ရ၏။

သူ့ဝါးမျိုရေးတာအိုက ကြီးထွားရေးစည်းမျဉ်း ဒါမှမဟုတ် ဆင့်ကဲပြောင်းလဲရေးစည်းမျဉ်းတွေ ပါဝင်ပြီးတော့ သူ ဝါးမျိုသမျှအရာအားလုံးကို အကောင်းဆုံးအစာချေနို်ငအောင် လုပ်ပေးထားတယ်…

ဒါက ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ…

ရီထွေ့ကျစ်က သူ့ ထက်ရှသည့် လက်သည်းများကို မြှောက်ကာ ဝမ်ဝေ့၏ မျက်နှာထံ ရွယ်လိုက်သည်။

သခင်လေးရီ၏ အမူအရာက ရုတ်ချည်းဆိုသလို ပျက်ယွင်းသွားသည်။ ကြယ်တာရာကိုပင် အလွယ်တကူ ချိုးဖောက်နိုင်သည့် သူ့လက်သည်းချက်က တစ်ဖက်လူ၏ မျက်နှာနှင့် ထိတွေ့သွားမိသည်နှင့် ကျိုးသွားလေသည်။

ဝမ်ဝေ့က လက်မြှောက်ကာ သူ့အား တတိယအကြိမ် ထိုးခွင်းလိုက်၏။ ဤတစ်ကြိမ် သူက ကံကြမ္မာစွမ်းအားကို အသုံးပြုထားသည်။

ဝုန်း

ရီထွေ့ကျစ်က လွင့်စင်သွားလေ၏။

ဝမ်ဝေ့၏ လက်သီးချက်က သူ့အား ထိတွေ့မိသည့်အခါ ကံကြမ္မာစည်းမျဉ်းအား အသုံးပြုကာ တစ်ဖက်လူ၏ စုပ်ယူနိုင်စွမ်းအား၏ ကန့်သတ်ချက်ကို ဆုံးဖြတ်ခဲ့သည်။ ထိုလက်သီးချက် နောက်ကွယ်ရှိ ခွန်အားက ထိုကန့်သတ်ချက်ကို ကျော်လွန်သွားသည့်အခါ တိုက်ကွက်က အောင်မြင်သွားလေသည်။

တာအိုနယ်ရှင်ပဲ…

တိုက်ပွဲကို အဝေးတစ်နေရာမှ ကြည့်နေသည့် ချူးလော့က တွေးလိုက်မိသည်။ သူ့မျက်ဝန်းအထက် အားကျသည့် အမူအရာမျိုး ထွက်ပေါ်နေ၏။

ထိုစဉ် ရီထွေ့ကျစ်က မြေပြင်ပေါ်မှ အလျင်အမြန်ထကာ ပြန်လည်တိုက်ခိုက်လာသည်။

သွေးအံ့ဖွယ်စွမ်းရည် ငရဲဖိနှိပ်ခြင်း

သူက တစ်ဖက်လူရှေ့တွင် ပေါ်ထွက်လာကာ သူ့လက်သည်းချက်ဖြင့် ရိုက်ထုတ်လိုက်စဉ် တစ်ဖက်လူက လက်တစ်ဖက်ဖြင့် ကာဆီးထား၏။

ဝုန်း

ဝမ်ဝေ့၏ ခြေထောက်အောက်တွင် အက်ကြောင်းများ ပေါ်ထွက်လာသည်။ စက္ကန့်ပိုင်းအတွင်း ထိုအက်ကြောင်းက အရွယ်အစား ကျယ်ပြန့်လာသည်။

သူ့အရွယ်အစားနှင့် အလေးချိန်က အဆုံးမဲ့အထိ တိုးမြင့်နိုင်တာလား…

ဝမ်ဝေ့က ကျား၏ အလေးချိန်သည် တစ်စက္ကန့်တိုင်းစီနှင့်အမျှ ပိုမိုများပြားလာကြောင်း ခံစားမိလိုက်သည်။ သူ့တွက်ချက်မှုအပေါ် မူတည်၍ သူ့ခန္ဓာကိုယ်သည် မိနစ်ဝက်မျှပင် တောင်ခံနိုင်တော့မည် မဟုတ်ပေ။

ဝမ်ဝေ့၏ စိတ်ထဲ နာနိုစက္ကန့်ပိုင်းလေးအတွင်း အတွေးများစွာ ဖြတ်ပြေးသွား၏။ သူက ထိုအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းများစွာ ရှိလေသည်။ ကံကြမ္မာကို အသုံးပြုကာ အလေးချိန် တိုးမြင့်မှုအား ကန့်သတ်ခြင်း၊ အချိန်ကို အသုံးပြုကာ သူ တောင့်ခံနိုင်မည့် အလေးချိန်သို့ ပြန်လည်ပြောင်းခြင်း သို့မဟုတ် တစ်ဖက်လူအား ပိုမိုပေါ့ပါးလာစေရန် ယင်ယန်ကို အသုံးပြုခြင်းတို့ ဖြစ်သည်။

အဆုံးသတ်တွင်မူ သူက ထိုနည်းလမ်းကို မထုတ်ဖော်ဖို့သာ ရွေးချယ်လိုက်သည်။ သူက ထိုတိုက်ကွက်ကို တားဆီးဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရဟန်ဆောင်လိုက်သည်။

ရီထွေ့ကျစ်၏ အလေးချိန်က သူ့ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကို ရောက်ရှိတော့မည့် အခိုက်အတန့်တွင် သူက ဇူဇကာဝါးမျိုခြင်းစွမ်းအားကို အသက်သွင်း၍ ကျား၏ အလေးချိန်အားလုံးကို စုပ်ယူလိုက်ပြီး စွမ်းအားအဖြစ် ပြောင်းလဲကာ သူ့ဆုံမှတ်အတွင်းရှိ တွင်းနက်ကြီး ၅၀၀ကျော်၏ အရွယ်အစားကို တိုးမြှင့်နိုင်ခဲ့သည်။

ဝမ်ဝေ့က စက္ကန့်ပိုင်းလေးအတွင်း နဂါးဆင် နှစ်သောင်းခွဲမှ ငါးသောင်းအထိ တိုးမြင့်လာခဲ့ကြောင်း ခံစားမိလိုက်သည်။ ယခုအခါ သူက အလယ်အလတ်ကမ္ဘာ သန်းငါးဆယ်ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်လေပြီ။ နှမြောစရာကောင်းလှသည်က သူသည် အစစ်အမှန်နယ်ပယ်တွင် ဒုတိယအလွှာတွင် ရှိနေဆဲသာ ဖြစ်၏။

တစ်ချိန်တည်းဆိုသလို ဝမ်ဝေ့က သူ တိုးမြှင့်လာသည့် စွမ်းအားကို အလျင်အမြန် ချိတ်ပိတ်လိုက်သည်။ အကြောင်းမှာ သူက ကောင်းမွန်စွာ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်၍ ဖြစ်သည်။

ထိုစဉ် ရီထွေ့ကျစ်က သူ့အင်အား ဝါးမျိုခံလိုက်ရသည့်အတွက် သူ့အမွေးအမျှင်များပင် ဖြူဖျော့သွားသည်။ ပို၍အရေးကြီးသည်က သူသည် ဝါးမျိုခြင်းတာအိုနှင့် ပတ်သက်ပြီး တစ်စုံတစ်ယောက်ထံ ရှုံးနိမ့်လိုက်ရ၍ အရှက်ခွဲခံလိုက်ရသလို ခံစားနေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူက အလျင်အမြန် တုံ့ပြန်လိုက်၏။ သူက လိုလိုမယ်မယ် သိမ်းထားသည့် စွမ်းအားကို သုံးကာ အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်လာပြီး တိုက်ခိုက်လာသည်။

သွေးမျိုးဆက်ပိုင်နက် ငရဲအရှင်

ဝမ်ဝေ့က သူ့ပတ်ဝန်းကျင်ရှိကမ္ဘာသည် ရုတ်ချည်းဆိုသလို ပြောင်းလဲသွားကြောင်း ခံစားမိလိုက်သည်။ သူက စစ်ဆေးမှုမြို့ရှိ ‌ဝေဟင်ထဲ မြောလွင့်နေခြင်း မဟုတ်တော့ပေ။ ယခုအခါ ချော်ရည်ကန်ထဲ ရောက်ရှိနေလေပြီ။ သူက တိုက်ခိုက်နေသည့် လေပြင်းများကိုလည်း ခံစားမိနေပြီး ထိုအရာထဲတွင် ဆိုးဆိုးဝါးဝါး အော်ဟစ်နေသည့် အသံများစွာ ပါဝင်နေ၏။ ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်က ထိုလေနှင့် အသံကြောင့် သက်ရောက်ခံရမည် ဖြစ်သော်လည်း သူကမူ ဂရုမစိုက်ပေ။

သူက ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းခြင်းနှင့် ဆိုးခြင်းဟု ရေးသားထားသည့် စက်ဝန်းတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာမှ ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားက ထွက်ပေါ်နေပြီး ထိတွေ့မိသည့် အရာအားလုံးကို ဝါးမျိုပစ်ဖို့ ကြိုးစားနေသည်။

သူ့ခန္ဓာကိုယ်ရှိ စည်းမျဉ်းက ရွေ့လျားဖို့ အင်မတန် ခက်ခဲလှ၏။ သူ့အံ့ဖွယ်ပင်လယ်ထဲရှိ မူလအဆီအနှစ်သည်လည်း အတူတူသာဖြစ်၏။ အကယ်၍ သူ့ဝိညာဉ် အရည်အသွေးကြောင့်သာ မဟုတ်လျှင် သူ့ဝိညာဉ်စွမ်းအားကိုပင် ခက်ခက်ခဲခဲ အသုံးပြုနေကြောင်း ခံစားမိလိမ့်မည်။

သွေးမျိုးဆက်နဲ့ စည်းမျဉ်းကို ပေါင်းစပ်ထားတဲ့ ပိုင်နက်လား…

ဝမ်ဝေ့က လူသားအသွင်ယူထားသည့် ရီထွေ့ကျစ်ရှိရာ အဝေးတစ်နေရာကို လှမ်းကြည့်ရင်း တွေးလိုက်မိသည်။ ထိုသူ့ရှေ့အထက်တွင် စာအုပ်နှင့် စုတ်တံတစ်ချောင်း မြောလွင့်နေ၏။

ရီထွေ့ကျစ်က အချိန်မဖြုန်းဘဲ နွားရိုင်းဦးခေါင်းနှင့် မြင်းမျက်နှာရှိသည့် သတ္တဝါများနှင့် ဖွဲ့စည်းထားသည့် တပ်ကို အမိန့်ပေးကာ တစ်ဖက်လူအား တိုက်ခိုက်လိုက်သည်။ သူ့ပိုင်နက်ထဲတွင် ထိုသတ္တဝါများက အဆုံးမဲ့ဖြစ်ပြီး သူသာ တစ်ဖက်လူကို ပင်ပန်းအောင်လုပ်နိုင်သရွေ့ ဝါးမျိုနိုင်လိမ့်မည်။

ဝမ်ဝေ့က အခြေအနေကို အလျင်အမြန် အကဲဖြတ်ကာ လွှမ်းမိုးမှုကောင်းသည့် ခွန်အားဖြင့် ပိုင်နက်အား ချိုးဖျက်ခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံးက သူ့အား ရင်ဆိုင်လာသည်။ သို့သော်လည်း သူက ထိုအရာကို ချိုးဖျက်ဖို့ရာအတွက် ပိုင်နက်၏ စွမ်းအားကို အသုံးပြုမည်ဖြစ်ကြောင်း ဂမ္ဘီရသဲလွန်စ ရရှိလိုက်သည့်အခါ ရပ်တန့်လိုက်သည်။ ထိုသဲလွန်စများသည် သူ့ကံကောင်းမှုနှင့် ကံကြမ္မာစည်းမျဉ်း၏ သရုပ်ဖော်မှုဖြစ်ကြောင်း သိထား၏။ သူတို့က သူ့အတွက် အကျိုးရှိသည့် အရာများကို လုပ်ဖို့ အကြံပြုပေးလိမ့်မည်။

ထို့ကြောင့် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အား လွတ်လပ်ခွင့် လူဝင်စား၏ ပိုင်နက်မှ စွမ်းအားအနည်းငယ်ဖြင့် ရစ်ပတ်လိုက်ပြီး ပိုင်နက်၏ ချုပ်နှောင်မှုမှ ထွက်လာခဲ့သည်။ ထိုနည်းလမ်းမှ သူသည် ရီထွေ့ကျစ်၏ သွေးမျိုးဆက်ပိုင်နက်မှ အလျင်အမြန် လွတ်မြောက်လာ၏။

ချူးလော့သည် ထိုနည်းလမ်းကို မြင်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

“ အစဉ်အလာမဟုတ်တဲ့ နဝမအဆုံးစွန် အုတ်မြစ်လား” သူက ရေရွတ်လိုက်သည်။ ရုတ်ချည်းဆိုသလို ဒုတိယနေရာက လက်ရွေးစင်သည် သူ့အတွက် မျက်စိကန့်လန်စရာ ဖြစ်လာသည်။ သူ့ရှုံးနိမ့်မှုကြီးနှစ်ခုကို အမှတ်ရလိုက်၍ ဖြစ်သည်။

သူ့မိဘများက နဝမအဆုံးစွန် အုတ်မြစ်အကြောင်း အသိပေးခဲ့ပြီး သူ့အား ထိုခက်ခဲသည့် လမ်းစဉ်ကို လျှောက်ဖို့ရာ အားပေးခဲ့သည်။ သူတို့က ပထမဦးစွာ အချိန် လိုအပ်မှု နည်းပါးသည့် အစဉ်အလာအတိုင်း မဟုတ်သည့်နည်းလမ်းကို အသုံးပြုဖို့ တိုက်တွန်းခဲ့၏။ သူတို့က ထိုနည်းလမ်းကို အသုံးပြုဖို့ လိုအပ်ချက် သုံးခုကို ထုတ်ပြောခဲ့သည်။

ပထဦးစွာ ဝိညာဉ်သည် လုံလောက်သည့် အရည်အသွေး ရှိရမည်။ ဧကရာဇ်ကလေးငယ်အနေဖြင့် သူ့မိဘ၏ အရင်းအမြစ်များနှင့် သူသည် ထိုလိုအပ်ချက်ကို ပြည့်မှီခဲ့၏။

ဒုတိယလိုအပ်ချက်ကမူ တုယီနယ်ပယ်သို့ ဝင်ရောက်ဖို့ရာ ဖြစ်သည်။ ထိုလျှို့ဝှက်ကျင့်ကြံဆင့်အကြောင်း သင်ယူပြီးသည့်နောက်တွင် သူက ရောက်ရှိဖို့နည်းလမ်းကို ဖန်တီးနိုင်ခဲ့ပြီး သူ့မိဘများ၏ ကာကွယ်မှုဖြင့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက ကိစ္စကြီး မဟုတ်ပေ။

သူ ကျရှုံးခဲ့ရသည့်အရာက တတိယလိုအပ်ချက်ဖြစ်ကာ သူ့တည်ရှိမှုအကြောင်း နားလည်ဖို့ရာ မဖြစ်နိုင်ခဲ့ပေ။ သူက ထာဝရဧကရာဇ်ဖြစ်လာဖို့ အဆင့်အထိ မလိုအပ်သော်လည်း တခြားကိုယ်ပွားများနှင့် ပေါင်းစပ်သည့်အခါ လုံလောက်ဖို့ရာအတွက် လိုအပ်ပေသည်။ ထိုအခါမှ ပြဿနာ၊ တန်ပြန်သက်ရောက်မှု သို့မဟုတ် အင်အားဆုံးရှုံးမှု ဖြစ်လာမည် မဟုတ်ပေ။

ကံဆိုးစွာဖြင့် သူ့အဖေဖြစ်သည့် အတုအယောင် ထာဝရဧကရာဇ်က တည်ရှိမှုအကြောင်း ပို့ချပြီးသည့်နောက်တွင်ပင် သူက ဘာမှနားမလည်ခဲ့ပေ။ သူ့မိဘများက တည်ရှိမှုအကြောင်း နားလည်သည်မှာ ရှားပါးကြောင်း သိထားသည့်အတွက် သူ့ကို အပြစ်မတင်ပေ။

ထိုလိုအပ်ချက်များကို ပြည့်မှီဖို့အတွက် ကံကောင်းမှု သို့မဟုတ် ပြီးပြည့်စုံသည့် ပတ်ဝန်းကျင်လည်း လိုအပ်၏။ မည်သို့ပင်ဆိုစေကာမူ ချူးလော့က သူအကြိမ်များစွာ ကျရှုံးပြီးသည့်နောက်တွင် သူ့မိဘများ၏ မျက်ဝန်းအထက် စိတ်ပျက်မှုအရိပ်အယောင်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။

ထို့ကြောင့် သူက အစဉ်အလာ နည်းလမ်းကိုသာ အသုံးပြုခဲ့ရပြီး သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြန်လည်ဝင်စားရင်း သူ့အင်အား၊ သွေးမျိုးဆက်၊ နားလည်နိုင်စွမ်း အစရှိသဖြင့် ပါဝင်သည့် ထူးကဲသည့် တာအိုအမွေအနှစ် မျိုးစေ့ကို ဖွဲ့စည်းခဲ့သည်။ ထို့နောက် သူ့ဘဝဆက်တိုင်းတွင် ထိုအရာကို ပြန်လည်စုပ်ယူခဲ့၏။

***

All Chapters