အသက်ရှင်တာလား
Vol. 39 Ch. 539
ရီထွေ့ကျစ်က သူ့နယ်မြေမှ ထွက်လာပြီး တစ်ဖက်လူဆီ ပြေးသွားလိုက်သည်။ သူက အထဲတွင် မဟုတ်တော့သော်လည်း ပိုင်နက်က သူ့အင်အားကို တိုးမြှင့်ပေးထားဆဲဖြစ်ကာ တစ်ဖက်လူအပေါ် ဖိနှိပ်ထားနိုင်စွမ်း၏ သက်ရောက်မှုသာ ပျောက်ဆုံးသွားခြင်း ဖြစ်၏။ ထို့နောက် ကျားနက်၏ မျက်ဝန်းက ရုတ်ချည်းဆိုသလို အနီရောင်တောက်လာသည်။
သွေးမျိုးဆက်စွမ်းရည် အဝိစီငရဲ
ထို့နောက် ဝမ်ဝေ့က သူ့ဝိညာဉ်အပေါ် ဖိနှိပ်ထားသည့် နတ်ဆိုးများစွာ၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက တိတ်တဆိတ် ခေါင်းခါလိုက်၏။ သူနှင့် တိုက်ခိုက်သည့် လူအများစုက သူ့ဝိညာဉ်၏ မူမမှန်မှုကို မြင်တွေ့ပြီးသည့်နောက်တွင် ထိုနယ်ပယ်၌ မတိုက်ခိုက်ဖို့ရာ ဉာဏ်ကောင်းကြလေသည်။
သို့သော် ထိုခေါင်းမာသည့် နတ်ဆိုးက တိုက်ပွဲမှ ဘာမှသင်ယူခဲ့သည့်ဟန်မပေါ်ပေ။ ဝမ်ဝေ့က အေးစက်စက် သရော်လိုက်ပြီး သူ့ အသိစိတ်ပင်လယ်မှ စွမ်းအားတစ်ခုက ထိုပုံရိပ်ယောင်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
တစ်ချိန်တည်းဆိုသလို ရီထွေ့ကျစ်ကမူ သူ့တိုက်ကွက်ကျရှံးမှု၏ တန်ပြန်သက်ရောက်မှုကြောင့် သူ့ မျက်ဝန်းမှ သွေးများစီးကျလာသည်။
“ ဒီပွဲကို အဆုံးသတ်လိုက်ကြတာပေါ့” ဝမ်ဝေ့က မူလအဆီအနှစ်ဖြင့် ပြုလုပ်ထားသည့် လှံတစ်ချောင်းကို ဖွဲ့စည်းလိုက်သည်။
ဝုန်း
သူက အံ့မခန်းစွမ်းအားဖြင့် ပစ်ခွင်းလိုက်သည့်အခါ လေဟုန်ပင် ထိုးဖောက်သွားသည်။ ကောင်းကင်ရှိ တိမ်တိုက်များက ပြန့်ကျဲသွားကာ လှံကမူ ကာလံဒေသံ ကွေးညွှတ်သွားသည့်အလား အရိပ်သာ ချန်ထားခဲ့ပြီး ဦးတည်ချက်သို့ ရောက်ရှိသွားသည်။
ရီထွေ့ကျစ်၏ မျက်ဆံက သေခြင်းတရား အလျင်အမြန် ချဉ်းကပ်လာသည်ကို ခံစားကာ တုန်တုန်ယင်ယင် ဖြစ်လာသည်။ အရာအားလုံးက အနှေးကွက်ဖြင့် စတင်ပေါ်ထွက်လာပြီး သူက လှံ၏ လမ်းကြောင်းအသေးစိတ်ကို မြင်တွေ့နေရသည်။ သို့သော်လည်း ကံဆိုးသည်က သူ့ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ပေ။
လှုပ်စမ်း ဒါက အဆုံးသတ် မဟုတ်ဘူး
ထိုအရာက အကျိုးမရှိပေ။ သူ့စိတ်က တုံ့ပြန်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က မတုံ့ပြန်နိုင်ပေ။ လှံက သူ့ခန္ဓာကိုယ်ကို တစ်မီတာအလိုတွင် သေဆုံးမှုအပေါ် အကြောက်တရားက သူ့အား လွှမ်းခြုံသွားလေသည်။ ထို့နောက် ရီထွေ့ကျစ်က အသံတစ်သံကို ကြားလိုက်ရ၏။
မင်းက ဒီလိုလူသားတစ်ယောက်ကို ရှုံးမှာလား။ မင်းရဲ့ မာနက ဘယ်မှာလဲ…
သူ့ဝိညာဉ်အတွင်းမှ ဒေါသတကြီး အော်ဟစ်နေသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ထို့နောက် ရီထွေ့ကျစ်၏ အရှိန်အဝါက ချက်ချင်းဆိုသလို တိုးမြင့်သွားကာ ပိုမိုမြင့်မြတ်လာပြီး မသေမျိုး တစ်ယောက်နှင့် တူလာသည်။ ထို့နောက် နောက်ဆုံးသော စက္ကန့်ပိုင်းလေးတွင် သူက သူ့လူသားအသွင်ကို ပြောင်းကာ လှံကို ရှောင်ရှားလိုက်သည်။
မဖြစ်နိုင်တာ…
ဝမ်ဝေ့က မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိသည်။
“ မင်းကို ကျေးဇူးတင်ရမှာပဲ” ရီထွေ့ကျစ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“ မင်းက တာအိုအရင်းအမြစ် မျိုးစေ့ကို ထိန်းချုပ်နိုင်သွားပြီပေါ့”
“ အမှန်ပဲ။ မင်း ပြောသလိုပေါ့။ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းကြားက သိမ်မွေ့တဲ့ စွမ်းအားရှိတယ်ဆိုတာပဲ” ရီထွေ့ကျစ်က လက်သီးဆုပ်ကာ ပြောလိုက်သည်။
ထိုမျိုးစေ့ကို ထိန်းချုပ်ပြီးသည့်နောက်တွင် သူက မသေမျိုး အငွေ့အသက်ကို ထုတ်ဖော်လိုက်သည့်အတွက် သူ့အင်အားက သိသိသာသာတိုးမြင့်သွားသည်။
“ ဒီလိုဆိုရင် ဒီအဓိပ္ပာယ်မရှိတဲ့ တိုက်ကွက်ကို အဆုံးသတ်ကြတာပေါ့” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။
“ မင်းက အခုကြောက်နေပြီမလား”
“ ကြောက်ရမှာလား။ မင်းက ငါ့ပြိုင်ဘက် ဖြစ်ပြီလို့ ထင်နေတာလား။ မင်းသာ အဲဒီမျိုးစေ့ကို မစတေးဘူးဆိုရင်ပေါ့”
ရီထွေ့ကျစ်က သူ့အား သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်လိုက်သည်။
“ တကယ်ကြီးလား။ မင်းက တာအိုကို သက်သေပြမဲ့အခွင့်အရေးကို စွန့်ပစ်တော့မှာလား။ ဒီလိုမာနအတွက်လေ”
“ ငါ့ကို ဘယ်သူမှ မစော်ကားနိုင်စေရဘူး။ အထူးသဖြင့် လူသားတစ်ယောက်ပေါ့”
ဘန်း
သူ့ခန္ဓာကိုယ်မှ မြို့တစ်ခုလုံးကို တုန်ခါသွားစေသည့် ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။
တိုက်ပွဲကို ကြည့်နေသည့် ကောင်းကင်ရွေးချယ်ခံအားလုံးက ထိုကြောက်မက်ဖွယ်အငွေ့အသက်ကြောင့် ဒူးထောက်လိုက်ရသည်။ ချူးလော့ကမူ ခြွင်းချက် ဖြစ်၏။
မသေမျိုးကိုပင် ဘယ်သောအခါမှ ဦးမညွှတ်ဖူးကြသည့် ထိုမောက်မာနေသည့် ပါရမီရှင်များက ခုခံဖို့ ကြိုးစားကြသော်လည်း အသုံးမဝင်ပေ။ သူတို့၏ မာနကို ထိန်းထားနိုင်မည့် စွမ်းအားမရှိပေ။
ရီထွေ့ကျစ်က လက်ဝှေ့လိုက်ပြီး ကျားနက်လက်ဝါးကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်မှ ဆင်းသက်လာကာ နတ်ဘုရားက သေမျိုးများကို အပြစ်ပေးသကဲ့သို့ ဖြစ်၏။
ဝုန်း
ထိုလက်ဝါး ကျဆင်းသည့်နေရာက ကွဲထွက်သွားပြီး အရာအားလုံး၊ စွမ်းအား၊ စည်းမျဉ်းများနှင့် ထိုစစ်ဆေးမှုမျိုးအထက်ရှိ သဘောတရားများကိုပင် ဖျက်ဆီးပစ်နိုင်သည့် တုန်ခါလှိုင်းကြီး ထွက်ပေါ်လာသည်။
ဒါက မသေမျိုးရဲ့ စွမ်းအားလား…
မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ရှစ်ချီအန်းက တွေးလိုက်မိသည်။
ငါ ဒီစွမ်းအားကို ရယူရမယ်…
သူမက ဒုတိယနေရာမှ လက်ရွေးစင်သည် ဤသို့သော ပြိုင်ဘက်မျိုးနှင့် တွေ့ဆုံမိသည်မှာ နှမြောစရာကောင်းလှသည်ဟု ခံစားမိနေသည်။ မဟုတ်ပါက ပြသထားသည့် အင်အားချင်းအပေါ် မူတည်၍ သူသည် အားကောင်းသည့် ဧကရာဇ်တစ်ယောက် ဖြစ်လာနိုင်သည်။
လူများစွာက သူမလိုမျိုး အတူတူခံစားမိနေကြ၏။ ကောင်းကင်ရွေးချယ်ခံများက ဝမ်ဝေ့သည် မည်မျှကံဆိုးကြောင်း ပြောဆိုနေကြသည်။ တစ်ချိန်တည်းဆိုသလို သူတို့က ရီထွေ့ကျစ်တွင် ထိုစွမ်းအားမျိုးကို နောက်ထပ် မရှိနိုင်တော့သည့်အတွက် ဝမ်းသာနေ၏။
ယခု သူတို့အတွက် စိတ်ပူစရာ လိုအပ်သည်က ပထမနေရာမှ လက်ရွေးစင်သာ ဖြစ်၏။ သူတို့က သူသည် ဤသို့သော အမွေအနှစ်မျိုးကို ရရှိဖို့ရာ သူ့အနာဂတ်ကို ဖျက်ဆီးပစ်ဖို့ရာ တုံးအအ မလုပ်ဖို့ရာသာ မျှော်လင့်ထားကြသည်။
ထိုပေါက်ကွဲရာ ဖြစ်ပေါ်သွားသည့်နေရာတွင် တိမ်မဲများ ထွက်ပေါ်လာ၏။ အားလုံးက ထိုတိုက်ပွဲကို ကြည့်နေကြသည်။
လေထဲတွင် ဆိုးဆိုးရွားရွား ဒဏ်ရာရနေသည့် လူတစ်ဦး ထွက်ပေါ်လာ၏။
သူ၏ ဘယ်ဖက်လက်နှင့် ညာဖက်မျက်ဆံတို့က ပျောက်ဆုံးနေပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် မီးလောင်ကျွမ်းရာများ ရှိနေသည်။ ထို့အပြင် သူက သူ့အတွင်းအင်္ဂါများနှင့် ရွှေရောင် ကျောရိုးကို မြင်နိုင်သည့် အပေါက်ကြီးတစ်ခု ဖြစ်နေလေ၏။
ဝမ်ဝေ့က ရီထွေ့ကျစ်အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်စဉ် အားလုံးက သူ့ခန္ဓာကိုယ်မှ ထွက်နေသည့် ဒေါသတရားကို ခံစားမိလိုက်ကြသည်။ တချို့လူများက သူသည် ရီထွေ့ကျစ်နှင့်ပင် ယှဉ်နိုင်လောက်သည့် ဖိအားမျိုး ထုတ်လွှတ်လာသည်ဟု ခံစားမိလိုက်ကြ၏။
“ မဖြစ်နိုင်ဘူး။ မင်းက ဒီလိုပွင့်ချပ်တစ်လွှာ ထာဝရအရှင်ရဲ့ စွမ်းအားအပြည့် တိုက်ကွက်မှာ ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲ”
ဝမ်ဝေ့ကသာ ဤတိုက်ကွက်တွင် အသက်ရှင်ဖို့ မည်မျှကြိုးပမ်းခဲ့ရသည်ကို သူသာလျှင် သိလိမ့်မည်။ သူက ထိုတိုက်ကွက်ကို တားဆီးခြင်းမရှိသလို စွမ်းအားကို လျှော့ချခြင်းလည်း မရှိပေ။ သူက အသက်ရှင်ဖို့ရာသာ အာရုံစိုက်ထားလိုက်သည်။
သူက အချိန်စည်းမျဉ်းအား အသုံးပြုကာ သူ့ကိုယ်သူ မူလအခြေအနေသို့ ပြန်ပြောင်းလိုက်၏။ သူက တစ်ခုခုမှားယွင်းသွားခဲ့သည်ကို အာမခံရှိဖို့ရာ ကံကောင်းမှု ဖြစ်နိုင်ချေစက်ကွင်းကို ဖန်တီးလိုက်သည်။ ထိုတိုက်ကွက်က သူ့အတွက် အားအနည်းဆုံး တိုက်ကွက်သာ ဖြစ်လာစေလိမ့်မည်။
သူက သူ့ကံကြမ္မာကို မသေမျိုးအဆင့် ပုဂ္ဂိုလ်အောက် တိုက်ကွက်မှ အသက်ရှင်သန်သည့် လူတစ်ယောက်အဖြစ် ကောင်းချီးပေးလိုက်၏။ သူက ယင်ယန်စက်ဝန်းကို အသုံးပြုကာ စွမ်းအားဒိုင်းကာအဖြစ် သူ့ကိုယ်သူ ကာကွယ်ထားလိုက်သည်။
သူက သေခြင်းတရားနှင့် နီးကပ်လာသည့်အခါ သံသရာစည်းမျဉ်းကို အသုံးပြုပြီး သေဆုံးမှုအခြေအနေကို ရှင်သန်ခြင်းအခြေအနေအဖြစ် ပြောင်းလဲခဲ့သည်။ ထို့အပြင် သူက သူနှင့် နီးကပ်သည့် ဘိုးဘေးဝမ်ဝူချန်နှင့် ကံကြမ္မာဆက်နွယ်ကာ တိုက်ကွက်၏ ထိခိုက်မှုအများစုအား သူ့ဆီ လွှဲပြောင်းပေးခဲ့၏။
သို့သော်လည်း သူက သေလုနီးပါး ဖြစ်သွားခဲ့သည်။ အရှင်းဆုံးပြောရလျှင် သူသာ ဂိုဏ်း၏ မသေမျိုးအဆင့် ပုဂ္ဂိုလ်အား သူ့တတိယလူဝင်စားအတွက် ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်ဖို့ရာ မတောင်းဆိုခဲ့လျှင် သူ့အနေနှင့် သေသွားနိုင်ကြောင်း သိလိုက်သည်။
ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူလိုက်သည်။ ထိုတိုက်ကွက်က ထာဝရအရှင်၏ စွမ်းအား ရှိနေသော်လည်း သူ့ကုသနိုင်စွမ်းကို ဟန့်တားသည့် မသေမျိုးချီသည် မရှိပေ။
စက္ကန့်ပိုင်းအတွင်း သူက နဂိုအထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်ရှိသွား၏။ သူက သူ့အဝတ်အစားများမှ သင်္ကေတများကိုပင် ပြန်လည်ကောင်းမွန်လာဖို့အတွက် အသက်သွင်းလိုက်သည်။ ထို့နောက်က သူက ရီထွေ့ကျစ်ရှေ့တွင် ချက်ချင်းပေါ်ထွက်လာ၏။
ကျားနတ်ဆိုးက ထိုခဲဖြူရောင် မျက်ဝန်းအား ကြည့်ကာ သူ့သွေးမျိုးဆက်အတွင်း အကြောက်တရား ကိန်းအောင်းလာမိသည်။ လူသားများက အစာကွင်းဆက်၏ ထိပ်ဆုံးတွင် ရှိသည့်အခါက အကြောက်တရားလိုမျိုး ဖြစ်၏။ သူ့အလိုလိုသိစိတ်က ထွက်ပြေးဖို့ရာ ပြောနေလေသည်။ သို့သော်လည်း အာကာပြင်က သူ့အား ပိတ်ဆို့ထားသည့်အတွက် မလှုပ်ရှားနိုင်ပေ။
ဝမ်ဝေ့က အချိန်မဖြုန်းဘဲ ရီထွေ့ကျစ်၏ မျက်နှာအပေါ် လက်သီးချက်များ ပစ်ခွင်းလိုက်သည်။ သူက ထိုလူ့အပေါ် စက္ကန့်ပိုင်းအတွင်း လက်သီးချက် ထရီလီယံပေါင်းများစွာ ပါဝင်အောင် ထိုးနှက်နေ၏။
အား..
မြို့တစ်လျှောက်လုံး အော်သံများ ပြည့်နှက်နေပြီး အသံက အသတ်ခံရမည့် ဝက်တစ်ကောင်ထက်ပင် ဆိုးရွားနေသည်။
ထူးဆန်းသည်က ရီထွေ့ကျစ်၏ ခေါင်းသည် အကောင်းအတိုင်းရှိနေဆဲ ဖြစ်၏။ ဤသည် မတော်တဆ မဟုတ်ပေ။ ဝမ်ဝေ့က သူ့စွမ်းအားကို အသုံးပြုကာ ထိုလူက သူ့လက်သီးချက်များအား ခံနိုင်ရည်ရှိဖို့ တမင်ကြံရွယ်ထားကြခြင်း ဖြစ်၏။
ငါးမိနစ်ကြာ ဆက်တိုက်ရိုက်နှက်နေပြီးသည့်နောက်တွင် ကောင်းကင်ရွေးချယ်ခံများသည် နတ်ဆိုးအော်သံကိုပါ ကြားလိုက်ရသည်။
ဤသည်က နှလုံးချမ်းဖွယ်ကောင်းလှသည်။
ငါးမိနစ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက ပါးစပ်ဟကာ ရှူသွင်းလိုက်၏။ ရီထွေ့ကျစ်၏ ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်း ထွက်ပေါ်လာကာ သူ့ပါးစပ်အတွင်း ဝင်ရောက်သွားသည်။ သူက ထိုလူ၏ သက်တမ်းကို စုပ်ယူလိုက်ခြင်း ဖြစ်၏။
အခု ငါက မသေမျိုးသက်ရှိရဲ့ သက်တမ်းကို စုပ်ယူလိုက်ပြီဆိုရင် ဘာဖြစ်သွားမှာလဲ ကြည့်ကြတာပေါ့…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သိပ်မကြာခင် သူက အဖြေကို သိရှိသွား၏။ သူက တစ်ယွမ်ခေတ်ကာလသက်တမ်းကို စုပ်ယူနိုင်ခဲ့သောကြောင့် ၁.၂၆ ထရီလီယံသန်းကို ရရှိလိုက်သည်။
ထို့နောက် ရီထွေ့ကျစ်ကမူ မံမီတစ်ကောင်လိုမျိုး ခြောက်သွေ့သွားလေ၏။
သူက မသေမျိုးဆိုပေမဲ့ သူ့တာအိုအုတ်မြစ်က ပျက်စီးသွားပြီ…
ဝမ်ဝေ့က သူ့အား လေ့လာရင်း တွေးလိုက်မိသည်။ ယခု သူက မည်သို့လုပ်ရမည်ကို သိဖို့ လိုအပ်နေသည်။ ရီထွေ့ကျစ်က သေရမည်။ သို့သော် သူ့လက်ထဲတွင် သေဆုံး၍ မဖြစ်ပေ။
နတ်ဆိုးအထွတ်အထိပ်ကမ္ဘာက လူသားများ နေထိုင်သည့် ကမ္ဘာများအပေါ် လွှမ်းမိုးထားသည်။ ထို့ကြောင့် ရီထွေ့ကျစ်၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုပြီး စုဆောင်းထားသည့် သတင်းအချက်အလက်များအရ သူတို့သည် ထိုအခွင့်အရေးအား အသုံးချကာ အသင်္ချေအင်ပါယာကမ္ဘာကို ကျူးကျော်ကြလိမ့်မည်။
ကွဲပြားသည့် နတ်ဆိုးမျိုးနွယ်က တစ်ယောက်နှင့်တစ်ယောက်က တိုက်ခိုက်ကြသော်လည်း သူတို့က လူသားမျိုးနွယ်နှင့် ပတ်သက်လာသည့်အခါ အင်မတန် စည်းလုံးကြသည်။
အသင်္ချေအင်ပါယာကမ္ဘာက အလွှာကျူးကျော်မှုများကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ ဝမ်ဝေ့ စိုးရိမ်သည်က နတ်ဆိုးအထွတ်အထိပ်ကမ္ဘာသည် ထိုအကြောင်းချက်အားအသုံးပြုကာ တာအိုအခွင့်အလမ်းဂိုဏ်း နောက်လိုက်မည်ကို ဖြစ်၏။
အသင်္ချေအင်ပါယာကမ္ဘာ၏ အနေအထားအရ တခြားဂိုဏ်းများသည် သူတို့၏ စည်းလုံးမှုကို စွန့်ပယ်ကာ ကျူးကျော်မှုအား ခွင့်ပြုကြလိမ့်မည်။ ထိုအရာက တာအိုအခွင့်အလမ်းဂိုဏ်းကို အားလျော့စေဖို့ရာသာ ဖြစ်၏။ ဝမ်ဝေ့ကမူ ထိုသို့ဖြစ်ခွင့်မပေးနိုင်ပေ။
တစ်ချိန်တည်းဆိုသလို သူ့ဒေါသကို ဖြေဖျောက်ရမည်။ ထို့ကြောင့် ရီထွေ့ကျစ်က သေဖို့ လိုသော်လည်း သူ့လက်ထဲတွင်တော့ မဟုတ်ပေ။ သူက ထိုလူ၏ ဝိညာဉ်အမှတ်အသားကို ပုံပွားလိုက်ပြီး လေ့လာပြီးသည့်နောက်တွင် သူ့ဝိညာဉ်ကွန်ယက်သည် တခြားကမ္ဘာ့အသိုက်အဝန်းနှင့် ဆက်နွယ်သွားကြောင်း တွေ့ရှိလိုက်ရသည်။
သူသာ နတ်ဆိုးအထွတ်အထိပ် ကမ္ဘာ့အသိုက်အဝန်းကို ဝင်ရောက်နိုင်သရွေ့ သူက ရီထွေ့ကျစ်၏ သေခြင်းတရားကို စီမံနိုင်လေပြီ။
ထိုအတွေးများက စက္ကန့်ပိုင်းလေးအတွင်း ဖြတ်ပြေးသွားပြီး သူက ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူက ကျားနတ်ဆိုး၏ ခန္ဓာကိုယ်အား အမှိုက်အိတ် ပစ်ချလိုက်သကဲ့သို့ လွှင့်ပစ်လိုက်သည်။
ထို့နောက် လူလတ်အရွယ် အမျိုးသားက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာပြီး သခင်လေးရီအား ဖမ်းလိုက်၏။ သူက ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည့်အခါ သူသည် အုတ်မြစ်သာ ပျက်စီးသွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၍ စိတ်အေးသွားသည်။
ထို့နောက် သူက ဝမ်ဝေ့အား ကြည့်လိုက်၏။ သူ့သွေးတစ်စက်ချင်းစီက ထိုကောင်လေးအား သူ့သားကို လုပ်ခဲ့သည့်ကိစ္စအတွက် သတ်ပစ်ချင်နေလေသည်။ သို့သော်လည်း သူက အမှောင်ထဲမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် သူ့ဆီ ကျရောက်နေကြောင်း ခံစားမိလိုက်သည်။ အကယ်၍ သူသာ မှားယွင်းသည့် အပြုအမူ လုပ်မိသွားပါက သူသည် ချက်ချင်းသုတ်သင်ခံရမည်ဖြစ်ကြောင်း သိလိုက်၏။
လူလတ်အရွယ် အမျိုးသားက သက်ပြင်းချလိုက်ပြီး သူက ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံ မဟုတ်သည့် အားနည်းချက်ကိုသာ ညည်းတွားနိုင်သည်။ ထို့နောက် သူက စကားတစ်ခွန်းမှ မပြောဘဲ ပျောက်ကွယ်သွားလေ၏။
***